သုခကမ္ဘာက ရှီဟောင် - Chapter - 523 တော်ဝင်အင်ပါယာနန်းတော်
လျှောက်လမ်းတစ်ခုလုံးကို မီးတောက်တွေနဲ့ လွှမ်းခြုံထုဆစ်ထားခဲ့သည်။ သွေးနီရောင်ရောင်စုံအလင်းတွေကလည်း တဖျတ်ဖျတ်တောက်ပနေခဲ့သည်။ ရှီဟောင်နဲ့ဟောင်လင်းအာတို့က ဂရုစိုက်မနေပဲ ခုန်ချလိုက်ကြသည်။
ပွက်ပွက်ဆူနေတဲ့မီးတောင်ချော်ရည်တွေက ပွက်လာကြ၏။ ရေနွေးငွေ့နံ့က မြင့်တက်လာခဲ့ကာ ကြီးမားလှတဲ့ နန်းတော်ကြီးတစ်ခုကို တွေ့ရသည်။ သွေးနီရောင်သင်္ကေတတွေက တဖျတ်ဖျတ်လက်နေသောကြောင့် အထွတ်အမြတ်ကောင်းကင်နန်းတော်တစ်ခုလိုထင်ရစေသည်။ ထိုအရာက ရှေးဟောင်းနတ်လောကတွင် တည်ရှိနေသလိုလည်း ထင်မြင်ရစေ၏။
ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး ရှီဟောင်အများကြီး တွေးမနေဖြစ်ပေ။ သူက မျက်လုံးကိုသာ မှိတ်လိုက်ကာ သေသေချာချာစဉ်းစားတော့သည်။ ဒါက အမှန်တကယ်ကို ခမ်းနားကာ နတ်နန်းတော်တစ်ခု ဖြစ်ပုံရလေသည်။ ဒီနေရာကအကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။
ဟောင်လင်းအာကလည်း ဒီမြင်ကွင်းကြောင့် မှင်သက်နေရသည်။ သူမရဲ့ တဖျတ်ဖျတ်တောက်ပနေတဲ့ မျက်နှာဖြူဖြူလေးတွင် စိတ်လှုပ်ရှားမှုတို့ ထွက်ပေါ်နေခဲ့၏။ သူမက အော်ဟစ်ကခုန်မိသေးသည်။ မီးကလန်ရဲ့ စွမ်းအားအကြီးဆုံး ပုံရိပ်တစ်ခုက ဒီနေရာရဲ့ ခမ်းနားကြီးကျယ်မှုကို မူတည်ပြီး ကြီးမြတ်လာခဲ့ခြင်းဖြစ်ပေသည်။
“ ဖက်တီး .. စိတ်ငြိမ်ငြိမ်ထား .. ပြီးတော့ သေချာလေ့လာလျှောက်အော်မနေနဲ့ .. ”
ရှီဟောင်က သူမကို သတိပေးလိုက်သည်။ တကယ့်တကယ်တမ်းတော့ ဒီနေရာက သူ့ကိုလည်း စိတ်လှုပ်ရှားစေပေသည်။ သို့သော် သူက ဒါမျိုးကို ကျင့်သားရနေပြီမို့လို့ စိတ်ကိုတည်ငြိမ်အောင်ထိန်းနိုင်စွမ်းရှိခဲ့ပေသည်။
ဟောင်လင်းအာက သူနဲ့ ငြင်းခုံမနေတော့ပေ။
အဲ့ဒီအစားသူမရဲ့ မျက်လုံးတွေက တဖျတ်ဖျတ်ခတ်နေကာ ပတ်ပတ်လည်ကို လျှောက်ကြည့်နေခဲ့သည်။ သူမရဲ့ပုံပန်းသွင်ပြင်က တကယ်ကို စိတ်လှုပ်ရှားရသည်။
“ငါတို့ တကယ်ကံကောင်းတာပဲ .. ငါသေချာပေါက် ဒီနေရာရဲ့ ဘုရင်မဖြစ်လာရမယ် .. ”
“ ဟေး .. အိပ်ယာနိုးတော့ .. အိပ်ယာနိုးတော့ .. ကောင်းကင်က မမှောင်သေးဘူး .. မင်းက အိပ်မက်တောင် မက်နေပြီလား .. ”
ရှီဟောင်ကလည်း လက်ကလေးကို ဆန့်ထုတ်ရင်း သူမရဲ့ မျက်နှာရှေ့မှာ ရမ်းပြကာ သူမအား အသိမဲ့နေတဲ့ဟန်ပြုလေသည်။
ဟောင်လင်းအာ သူ့လက်ကို လှမ်းဆွဲကာ ကိုက်ချလိုက်တော့သည်။ နတ်ဆိုးကောင်လေးရဲ့လက်က အနီရောင်လေးကြောင့် တစ်ချက်ခံလိုက်ရပြီးသားဖြစ်သည်။ ထို့ကြောင့် ကိုက်လိုက်တာနဲ့အသားကုန်နာကျင်သွားရတော့သည်။ ထိုအခါ ချက်ချင်းပင် ငယ်သံပါအောင် အော်ဟစ်သည်။
“ လွှတ်ပေးပါ .. လွှတ်ပေးပါ .. မဟုတ်ရင်တော့ ငါမင်းရဲ့သွားတွေကို ချိုးပစ်ရတော့မယ်နော် .. ”
“ ငါက ဒီနေရာကို ရောက်နေတာက အိပ်မက်ဟုတ်မဟုတ် သိချင်ရုံပါ .. ”
ဟောင်လင်းအာ ရယ်လိုက်သည်။ အတိတ်တွင် မီးကလန်သားတွေအားလုံးက တော်ဝင်အင်ပါယာရဲ့နန်းတော်ထဲကို ဝင်ရောက်နိုင်ခဲ့ကြသည်။ တကယ်ကို မီးအင်ပါယာ သို့မဟုတ် အစွမ်းထက်ဆုံး ကျွမ်းကျင်ပညာရှင်ကြီးတွေ ဖြစ်လာခဲ့ကြပေသည်။ ထိုထဲတွင်ဘာမှ မဖြစ်ခဲ့တဲ့သူက ဘယ်သူမှ မရှိခဲ့ပေ။
“ ဒါဆိုလည်း ကိုယ့်လက်ကို ကိုက်ပါလား ..”
ရှီဟောင် စိတ်ပျက်စွာပြောလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေရ၏။ လှုပ်ရှားမှုတစ်ခုကတောင်မှ သူ့ကို နာကျင်စေနိုင်သည်။
“ အခြားသူတွေကို ကိုက်တာ .. ဘယ်လောက်နာလည်းဆိုတာကို နင်ကိုယ်တိုင်သိအောင်လို့ ငါက ကိုက်ပေးတာလေ .. သူ့အလှည့်ကျတော့ အရူးလိုမျိုး အော်နေတယ် .. ”
ဟောင်လင်းအာ ထိုသို့ပြောလိုက်သည်။ ထို့နောက် သူ့လက်ကို ပြန်ပုတ်ထုတ်ကာ ကြီးမားကာ ခမ်းနားလှတဲ့ နန်းတော်ကိုသာ ကြည့်လိုက်တော့၏။
ရှီဟောင်လည်း တိတ်ဆိတ်သွားသည်။ သူလည်း ဒီနေရာကို ရောက်လာတယ်ဆိုတာကို မယုံကြည်နိုင်သေးပေ။ သို့သော် ထိုသို့ မှင်သက်နေချိန် မရှိသည်မို့လို့ အလောတကြီးမပြင်ဆင်ခင် သေချာလေ့လာအာရုံစိုက်သင့်သည်။
သူတို့က အဖိုးတန်သိုင်းတွေကို အသက်သွင်းလိုက်ကာ ရှေ့သို့ ပျံသန်းသွားလိုက်သည်။ လက်ရှိတွင် မြေအောက်ထပ်ကို ရောက်နေပုံရ၏။ မီးတောင်ချော်ရည် ပင်လယ်ကြီးက သူတို့ရှိရာနေရာကို ဝန်းရံထားခဲ့သည်။ သွေးနီရောင်အလင်းတွေကလည်း အဆုံးသတ်တော့မည့်ဟန်ပင်မရချေ။
ထိုသို့ရာတွင် သူတို့ကို အံ့အားသင့်စေသည်က သူတို့ဘယ်လောက်ပဲ နီးကပ်အောင်သွားသွား ဝေးကွာတဲ့ နေရာတစ်ခုက သူတို့ကြားရှိနေဆဲဆိုတာကိုသာ ဖြစ်သည်။ သူတို့နဲ့ ခမ်းနားတဲ့ နန်းတော်ကြား တစ်ခုခုက ခြားနားထားပုံရပြီး ထိုနေရာကို မရောက်နိုင်ပဲ ဖြစ်နေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ .. ” ရှီဟောင် စိတ်ပျက်သွားရသည်။ သူ အခြေအနေကို သေချာလေ့လာပြီးသည့်နောက် ဒီကြားထဲမှာ ဝင်္ကပါကြီးတစ်ခုရှိနေတယ်ဆိုတာကို သိလိုက်ရတော့သည်။ ဒီနေရာတစ်ခုလုံးကို ပင်လယ်ကြီးနဲ့ လွှမ်းခြုံထားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ဒီဝင်္ကပါကို ဖြတ်သွားနိုင်မည့်ဟန် မရပေ။
“ င့ါအဖေပြောခဲ့တဲ့အတိုင်းဆိုရင် ကြီးမားတဲ့အလားအလာမရှိဘူးဆိုရင် တော်ဝင်အင်ပါယာထဲ ဝင်လို့မရဘူးတဲ့ .. ”
ဟောင်လင်းအာက ပြောသည်။သူမရဲ့အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး အမူအရာက အလေးအနက်ဖြစ်လာ၏။
“ ဒါဆို ငါတို့အဲ့ဒီကြီးမားတဲ့အလားအလာဆိုတာကို ဘယ်လိုခေါ်တယ်လို့ ထင်လဲ .. ” ရှီဟောင်မေးလိုက်သည်။
ဟောင်လင်းအာလည်း မျက်မှောင်ကြုတ်လိုက်သည်။
“မြင့်မြတ်တဲ့တောင်ဝင်အင်ပါယာရဲ့ အသိအမှတ်ပြုခံရတာကို ပြောတာထင်တယ် .. ကောလဟာလတွေအရ ယန်ငါးတွေပေါ်လာတဲ့နေရာဟာ ရွှေရောင်တံတားတစ်စင်း သူတို့က တည်တောက်နိုင်တယ်တဲ့ .. အဲ့ဒီသူတွေမှပဲ နန်းတော်ကို ရောက်နိုင်တယ်လို့ ပြောကြတယ် .. ”
ရှီဟောင်လည်း ထိုစကားကို ကြားလိုက်ရော သူ့ရဲ့အမူအရာက ခါးသက်သွားတော့သည်။ သူ ကိုယ့်လျှာကို ပြန်ကိုက်မိမလိုပင်ဖြစ်သွား၏။
* ဒီဗဟုသုတဆိုတာက လုံးဝ မဖြစ်နိုင်တာပဲ…။ *
ယန်ငါးတွေက သူ့ကို သေအောင်မုန်းနေမှာ သေချာတယ်။ ဘယ်လိုလုပ် သူ့အတွက် ရွှေရောင်တံတားဆောက်ခိုင်းလို့ ရပါ့မလဲ။
ဘိုးဘွားပိုင်နယ်မြေအတွင်းတွင် ယန်ငါးတွေကို အများဆုံးစားခဲ့တဲ့သူက သူသာဖြစ်သည်။ ဘယ်သူကမှ သူ့လောက်များများစားနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူက ဒီယန်ငါးတွေကိုတစ်ချိန်လုံး ဖမ်းဖို့လုပ်နေခဲ့သေးသည်။ ထိုငါးတွေကလည်းသူ့ကို ခါးသီးစွာ မုန်းတီးနေမှာသေချာသည်။
တော်ဝင်အင်ပါယာနန်းတော်ရဲ့အသိအမှတ်ပြုမှုကိုတောင် မရပါက သူအထဲကို ဝင်နိုင်လိမ့်မည်မဟုတ်သလို အကျိုးကျေးဇူးတွေလည်း ရနိုင်လိမ့်မည်မဟုတ်ပေ။
“ငါ တချို့ကို အရင်စားပြီးတော့မှ သူတို့ကို တံတားဆောက်ခိုင်းလိုက်သင့်လား .. ” ဒီလိုကံတရားအပြောင်းအလဲက ဖြစ်လာလိမ့်မယ်လို့ ရှီဟောင် လုံးဝ မထင်ထားပါပေ။ သူက ငါးစာချပြီးငါးမျှားခဲ့သည်။ သို့သော် သူက တစ်ဖန် အရိုက်ခံရပြန်၏။ မျှော်လင့်ထားသလိုပင် ဒီနေရာမှ အချိန်အကြာကြီးစောင့်နေတာတောင်မှ ဘာရွှေရောင်အလင်းမှုန်မှ မမြင်ရပေ။
ရှီဟောင် သူ့ကိုယ်သူ ပုန်းကွယ်လိုက်ပြီး ဟောင်လင်းအာကိုသာ ရှေ့သွားခိုင်းလိုက်သည်။ ငါးရောက်တဲ့အခါမှာ သူ့ကိုသာ မတွေ့ဘူးဆိုရင် သူတို့က သေချာပေါက် တံတားဆောက်ပေးလောက်သည်။
ဟုန်းခနဲမြည်သံနဲ့အတူ မီးတောင်ချော်ရည်တွေက ပွက်ပွက်ဆူလာခဲ့သည်။ သွေးနီရောင်ရောင်စုံအလင်းတွေက ထိုးထွက်လာခဲ့ကာ လှိုင်းတွေဖြစ်လာ၏။ မိုးခြိမ်းသံတို့ထွက်လာခဲ့ပြီး မြေပြင်က တသိမ့်သိမ့်တုန်လာသည်။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ စွမ်းအားက ထွက်ပေါ်လာတော့သည်။
“မင်းက တော်ဝင်အင်ပါယာနန်းတော်ထဲ ဝင်ချင်တာလား .. အိပ်မက်သာ မက်နေလိုက် .. ” ယန်ငါးအုပ်ထွက်လာတာနဲ့ သူတို့က စွမ်းအားကြီးမားလှတဲ့ အလားအလာတို့ကို ထုတ်ဖော်လိုက်သည်။
သူတို့က အတူပူးပေါင်းသွားကာ ရွှေရောင်တံတားတစ်စင်းကို တော်ဝင်အင်ပါယာနဲ့ ချိတ်ဆက်ပြီး တည်ဆောက်လိုက်သည်။ ထိုအရာက မျက်စိကျိန်းမတတ်တောက်ပနေကာ အလွန်အမင်းမှော်ဆန်သည်။
ရှင်းလင်းစွာပင် ထိုတံတားက ရှီဟောင့်ကို မနာလိုဖြစ်စေသည်။ သူ တကယ်ကို ဆိုးရွားစွာ ဒေါသထွက်လာရ၏။
“ ခဏနေ ငါ မင်းတို့ကို စားပစ်မှာကွ .. ”
ရွှေရောင်အလင်းတွေ တဖျတ်ဖျတ်လက်လာပြန်သည်။ ယန်ငါးတွေပျောက်ကွယ်သွားပြီး ချော်ရည်ထဲ ဝင်သွားခဲ့သည်။ ရှုပ်ထွေးလှတဲ့နတ်အလင်းတွေကလည်း ပြန့်ကျဲသွားခဲ့သည်။ သူ့ကို တကယ်ကို နှိပ်စက်နေခဲ့သည်။
ဟောင်လင်းအာ သက်ပြင်းချလိုက်သည်။ မီးအင်ပါယာ ပြောခဲ့တာက ရွှေရောင်တံတားကို ဖြတ်သန်းဖို့အသုံးပြုနိုင်တယ်လို့သာ။ သို့သော် ရှီဟောင်က ဒီငါးတွေကို အနှောက်အယှက်ပေးထားလိမ့်မယ်လို့ သူမ မထင်ထားပေ။
“ အခြားနည်းရှိပါသေးတယ် .. နင့်ကိုယ်နင် သက်တန့်ရောင်တံတားအဖြစ်ပြောင်းပြီး အခြားတစ်ဖက်ကို ကူးဖို့ပဲ .. ဒါပေမယ့် အဲ့ဒါက အရမ်းခက်တယ် .. ကောလဟာလတွေအရဆိုရင်တော့ အထက်တန်းလွှာဘုရင်တွေတောင်မှ ပြီးပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘူး .. ” ဟောင်လင်းအာက မျက်မှောင်ကြုတ်လိုက်သည်။ သူရဲ့ မျက်နှာမှာ စိုးရိမ်မှုတွေပြည့်နေ၏။
“ဒါဆိုလည်း ငါတို့ ကြိုးစားကြည့်ရမှာပဲလေ .. မဖြစ်နိုင်ဘူးဆိုတော့ မရှိပါဘူး .. ကိုယ့်ရဲ့ ကိုယ်ပိုင်အားကို သုံးပြီးတော့ လုပ်ကြည့်ကြတာပေါ့ .. ”
ရှီဟောင့်ရဲ့အကြည့်တွေက တောက်ပလာခဲ့သည်။
လေထဲတွင် သင်္ကေတအချို့ပေါ်လာခဲ့လေသည်။ အနီးကပ်ကြည့်မယ်ဆိုပါက ထိုသင်္ကေတတွေက ကြယ်ကြီးတွေဖြစ်ကြသည်။ တစ်ခုစီတိုင်းက မတူကွဲပြားတဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားမှန်း သိသာနိုင်ပေသည်။ သက်တန့်ရောင်တံတားဆိုတာက ကျင့်ကြံသူကိုယ်တိုင် ကြီးမားလှတဲ့ ကောင်းကင်ခန္ဓာတွေနဲ့ ချိတ်ဆက်ပြီး ထိုကဲ့သို့ တံတားအဖြစ် ဆောက်တည်ရခြင်းဖြစ်ပေသည်။ ချိတ်ဆက်ပြီးသွားတာနဲ့ရောင်စုံအရောင် နတ်တံတားကြီးက တော်ဝင်အင်ပါယာနန်းတော်နဲ့အလိုအလျောက်တွယ်ဆက်သွားမှာဖြစ်ပေသည်။
ဒီနေရာတွင် အံ့အားသင့်ဖွယ်ကောင်းလွန်းလှတဲ့ ဥပဒေသလည်း ရှိနေသေး၏။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပျံသန်းသွားရင်တောင်မှ ဦးတည်ရာကိုရောက်လိမ့်မည် မဟုတ်ပေ။
ရှီဟောင်ကလည်း ဒီအကြောင်းအရာတွေကို နားလည်သည်မို့လို့ အဖိုးတန်လက်နက်တွေအားလုံးကို လေထဲမှာ လွင့်တက်စေခဲ့ပြီး တံတားဆောက်ဖို့ကို ကြိုးစားတော့သည်။
အဆုံးတွင်တော့ သူ့ရဲ့လက်နက်တွေက စုပေါင်းသွားခဲ့သည်။ မရေအတွက်နိုင်တဲ့ ပြောင်းလဲမှုတွေကို ဆက်တိုက်ထုတ်လိုက်သည်။ သူ့ရဲ့ကိုယ်အတွင်းတွင် သင်္ကေတတွေက တစ်ဖန်ပြီတစ်ဖန်ပြောင်းလဲနေသည်။ ရွှေရောင်ခေါင်းလောင်းတွေက တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူတို့တွေက အတူတကွ ချိတ်ဆက်ကာ ကောင်းကင်ပြာက ကြီးမားလှသည့် ကြယ်ကြီးတွေကို လှည့်ပတ်နေခဲ့သည်။
လောကထဲတွင်တော့ တာအိုခေါင်းလောင်းတွေက နေရာအနှံ့ရှိနေခဲ့သည်။ နားကွဲမတတ်ဆူညံစူးရှတဲ့အသံတို့ကို ထုတ်ဖော်နေခဲ့လေသည်။
ထိုသို့ဖြင့် နတ်အလင်းတွေက သူ့ကိုယ်ထဲမှ ထိုးထွက်လာခဲ့ပြန်ကာ အရာအားလုံးက သေးငယ်လှတဲ့ ဒယ်စောက်အိုးတွေ အဖြစ်ပြောင်းလဲသွားခဲ့သည်။
ရိုးရှင်းကာ လွှမ်းမိုးနိုင်စွမ်းပြည့်ဝလွန်းတဲ့ အရှိန်အဝါက ထွက်ပေါ်လာခဲ့ပြန်သည်။ သိပ်မကြာခင်အချိန်မှာပင် အလင်းအားလုံး ပျံသန်းထွက်သွား၏။ သေးငယ်လှတဲ့ ဒယ်စောက်အိုးတွေအားလုံးက သူတို့ကိုယ်သူတို့ သင်္ကေတတွေနဲ့ သိပ်သည်းစွာ ဝန်းရံထားခဲ့ပြီး ကြယ်ကြီးတွေကို လှည့်ပတ်နေခဲ့ပြန်သည်။
“ နင် .. နင်အောင်မြင်တော့မှာပဲ .. ဒီနတ်တံတားတွေကို တည်ဆောက်ဖို့ အရောင်နှစ်ရောင်တောင် နင်ရနေပြီ .. ” ဟောင်လင်းအာက အမှန်ကို အံ့အားသင့်နေရသည်။
ရှီဟောင်က တည်ငြိမ်နေဆဲဖြစ်ကာ ဘာမှမပြောပေ။ အဲ့ဒီအစား သူက တကယ့်အစစ်အမှန်အဓိပ္ပါယ်ကို နားလည်နေပေသည်။ အလင်းတွေက ဒယ်စောက်အိုးတွေအဖြစ်ပြောင်းလဲသွားတဲ့အခါ ဒယ်စောက်အိုးတွေ၊ မီးပြင်းဖိုတွေက အခြားသူလေ့လာထားတဲ့ အရာဝတ္ထုတွေအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် သူ့ကိုယ်သူ ဝိဉာဉ်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ချိုးဖျက်တက်ပြီး သက်တန့်ရောင်တံတားတွေကို တည်ဆောက်ဖို့ပြင်တော့သည်။ ထိုဟာက တကယ်ကို ထူးခြားလွန်းတဲ့နည်းလမ်းတစ်ခုဖြစ်ပေ၏။
ထိုသို့ဖြင့် မီးအင်ပါယာစကားတွေကို သူသတိရလိုက်သည်။ ထိုအချိန်က မီးအင်ပါယာက သူ့ကို ကံကောင်းမှုတွေဖြစ်ပြီး ဒီလိုအရာတွေကို နားလည်ထားသင့်ကြောင်း ပြောကာ အကြံဉာဏ်ပေးခဲ့ပေသည်။
ပုံမှန်အချိန်မျိုးမှာဆိုရင် စိတ်အာရုံထွင်းထုခြင်းအဆင့်က တောင့်တင်းခိုင်မာ အခြေတည်ခိုင်မြဲဖို့အတွက် အခက်ခဲဆုံးဖြစ်သည်။ နောက်ပိုင်းကျင့်ကြံခြင်းအဆင့်တွေကတော့ ဘုရင်အဆင့်ပုံရိပ်တွေတောင်မှ နားလည်လွယ်နိုင်စွမ်းရှိပြီး အလွန်အမင်းရှားပါးလှတဲ့ ခက်ခဲတဲ့အဆင့်တွေတော့ မဟုတ်တော့ပေ။
“ရှေးခေတ်အချိန်တည်းက အခုအချိန်ထိ တော်ဝင်အင်ပါယာကို ငယ်ငယ်ရွယ်ရွယ်နဲ့ သက်တန့်ရောင်တံတားတည်ဆောက်ပြီးတော့ သွားနိုင်ခဲ့တာ တစ်ယောက်ပဲရှိတယ် .. နင်လည်းပဲ အဲ့လိုလုပ်နိုင်တော့မယ်ထင်တယ် .. နင်က သူ့ထက်တောင် ငယ်နေသေးတယ် .. ” ဟောင်လင်းအာရဲ့ လှပတဲ့ မျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။
နားလည်ထားဖို့လိုတာက ထိုကဲ့သို့လုပ်နိုင်စွမ်းရှိခဲ့တဲ့သူက တကယ်ကို ရှေးဟောင်းခေတ်က အင်အားကြီးမားဆုံးဖြစ်တည်မှုတစ်ခုဖြစ်ခဲ့သည်ပင်…။
“ ငါက ဘယ်သူမို့လို့လဲ .. အခမ်းနားဆုံးနဲ့ လောကကိုတောင် တုန်လှုပ်နိုင်စွမ်းရှိတဲ့ ပြိုင်ဘက်ကင်းတဲ့ လူပဲလေ .. ကောင်းကင်အောက်မှာ ငါက စွမ်းအားအကြီးဆုံးပဲ .. ”
ရှီဟောင်က ထိုသို့ပြောလိုက်သည်။
ထိုအခိုက်သင်္ကေတတွေက တဖျတ်ဖျတ်လက်လာခဲ့သည်။ သက်တန့်ရောင်တံတားက ပြီးပြည့်စုံသွားသည်။
ကောင်းကင်ထဲတွင် ကြယ်ကြီးတွေက လှုပ်ရှားနေသလို အလွန်အမင်းတောက်ပအလင်းဖြာနေခဲ့သည်။ ရှီဟောင်က ဖြေးညှင်းစွာနဲ့ လမ်းလျှောက်သွားတဲ့အခါမှာ နဂါးတစ်ကောင် သို့မဟုတ် ကျားတစ်ကောင်ရွေ့လျားနေသလိုပင် ထင်ရစေသည်။
ဟောင်လင်းအာကလည်း နောက်က လိုက်သည်။ ဒီကောင့်မှာ တကယ် ပါးစပ်ကြီးရှိတာပဲလို့ ပြောချင်ပေမယ့် စိတ်ထဲမှာတော့ အမှန်ပင် အံ့အားသင့်နေရခြင်းဖြစ်ပေသည်။ သေချာတွေးတောကြည့်မယ်ဆိုပါက ဒီကောင်က တကယ့်ကို ရှေးခေတ်အချိန်ကတည်းက ရှားပါးလှတဲ့ပါရမီရှင်ဖြစ်တယ်ဆိုတာကိုတော့ သူမ လက်ခံရပေမည်။
ချော်ရည်တွေထဲတွင် ရွှေရောင်အလင်းတွေတောက်ပလာခဲ့သည်။ သောင်းပေါင်းများစွာသော ယန်ငါးတွေပေါ်လာခဲ့၏။ ထိုနေရာတွင်ပင် ပြည့်ဖုံးသွားခဲ့ကာ ရွှေရောင်အလင်းတွေနဲ့ တောက်ပနေတော့သည်။ သက်တန့်ရောင်တံတားကို ကြည့်ရင်း သူတို့လည်း အံ့အားသင့်နေရပေ၏။
“ ဒီကောင်က တော်တော်စွမ်းအားကြီးတာပဲ .. အနာဂတ်မှာတော့ ဒီထက်ပိုပြီး စွမ်းအားကြီးလာလိမ့်အုံးမယ် .. ပြဿနာထပ်မရှာဖို့ပဲ မျှော်လင့်ရမှာပေါ့ .. ” အဆုံးမှာတော့ ရွှေရောင်ယန်ငါးကြီးက လှုပ်ရှားခြင်းမရှိပဲနဲ့ နောက်ကနေသာ တိတ်တဆိတ်လိုက်သွားတော့သည်။
ဘေးကနေသွားတဲ့ သူတို့ရဲ့လမ်းကြောင်းက ချောမွေ့ပေသည်။ သက်တန့်ရောင်တံတားကို အခြားတစ်ဖက်နဲ့ ဆက်သွယ်ထားခဲ့ကာ ကောင်းကင်ရေမြောင်းကလည်း ဘေးတွင်ရှိနေခဲ့သည်ပင်။ ခြေလှမ်းအနည်းငယ်သွားပြီးသည့်နောက် မရောက်နိုင်တော့ဘူးထင်ခဲ့တဲ့ အကွာအဝေးက တိုသွားတာကို သူတို့သိလိုက်ရကာ ချက်ချင်းပင် နန်းတော်ရှေ့သို့ ရောက်သွားတော့သည်။
မြူထုက ဝေ့ဝဲနေခဲ့ကာ သွေးနီရောင်သင်္ကေတတွေက တဖျတ်ဖျတ်လက်နေခဲ့သည်။ ကြီးမားလှတဲ့ နန်းတော်ကြီးက ချော်ရည်ပင်လယ်ထဲမှ ရေထဲမှာမျောနေသလိုမျိုး မြုပ်ချည်ပေါ်ချည်ဖြစ်နေ၏။ ဒီနေရာက တကယ်ကို မှော်ဆန်ပေသည်။
ရှီဟောင်နဲ့ဟောင်လင်းအာတို့က ရှေးဟောင်လှေကားတွေပေါ်သို့ ဆင်းသက်လိုက်သည်။ သူတို့ရဲ့အောက်တွင်တော့ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ပူပြင်းတဲ့ ချော်ရည်တွေ ရှိနေ၏။ ကြီးမားတဲ့ ဂိတ်ပေါက်ကြီးဟာ သူတို့ရဲ့လမ်းကြောင်းကို ပိတ်ထားခဲ့သည်။
အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် တစ်ချက်တွန်းလိုက်ရုံနဲ့ ရှေးဟောင်းတံခါးကြီးက ပွင့်သွားခဲ့သည်။ သူတို့ကို လွယ်လွယ်ကူကူဝင်ခွင့်ပြုလိမ့်မည်လို့ မထင်ထားပါပေ။
သူ စွမ်းအားအချို့သုံးရတယ်လို့ ထင်ထားခဲ့ပေမယ့် အခုလောက်လွယ်နေလိမ့်မယ်လို့ တကယ်မယုံကြည်ခဲ့ပေ။ မြူထုတွေက အတွင်းပိုင်းတွင်တော့ ပြည့်သိပ်နေခဲ့ပြီး နတ်လောကကို ရောက်သွားသလိုထင်ရစေသည်။ အခြားအဆုံးတစ်ဖက်ကိုတကယ်ကို မမြင်လောက်အောင် မြူတွေက ပြည့်နေပါ၏။
“ဂရုစိုက် .. အထဲကို အရမ်းမဝင်နဲ့ .. ” ဟောင်လင်းအာက လေးနက်တဲ့အမူအရာဖြစ်သွားသည်။ သူမရဲ့ ရှည်လျားသွယ်လျတဲ့ ပုံရိပ်က လှပစွာနဲ့ ရှီဟောင့်အနားသို့လာကာ တားလိုက်သည်။ သူမက သူ့ကို သတိပေးကာ အန္တရာယ်ရှိနေပုံရတာကို သိစေ၏။ သံသယရှိစရာမလိုအောင်ကိုပင် ဒီနေရာကိုအစစ်အမှန်နားလည်သည့်သူတွေသာ လျှို့ဝှက်ချက်ကို သိပေလိမ့်မည်။ သူမက မီးအင်ပါယာပြောပြလိုက်သည့် အချက်အလက်တွေအရသာ သိခြင်းဖြစ်၏။
ဒီတံခါးတွေက သာမန်မဟုတ်ပေ။ သို့သော် အထဲကို ခြေတစ်လှမ်းဝင်လိုက်ပြီဆိုတာနဲ့ တကယ်ကိုပြောင်းလဲသွားတော့မှာဖြစ်သည်။ မီးကလန်သားတွေ ဒီနေရာကို လာခဲ့တုန်းက ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ တစ်စုံတစ်ရာနဲ့ ကြုံခဲ့ရတယ်လို့ ဆိုကြသည်။
ဒီနေရာက အခွင့်အလမ်းကြီးကြီးမားမားရှိနိုင်သလို သေဆုံးနိုင်ခြေလည်း အမြင့်ဆုံးဖြစ်သည်။
“စစ်မှန်တဲ့ မီးစွမ်းအင်လှိုင်းတွေက နေရာအနှံ့ထွက်ပေါ်နေတယ် .. တစ်စုံတစ်ယောက်ရဲ့သွေးကြောတွေကသာ သန်မာမနေဘူးဆိုရင် သေချာပေါက် ပြာဖြစ်သွားမှာပဲ .. ”
ဟောင်းလင်အာက အလေးအနက်အသံနဲ့ပြောသည်။ သူမ ဘယ်တုန်းကမှ အခုလောက်အထိ အလေးအနက် မဖြစ်ဘူးပေ။ တစ်ချိန်တည်းမှာပင် တစ်ခုခုရှုံးသွားသလို ခံစားလိုက်ရသည်။ သူမက သေချာမသိလိုက်မိပဲ ခြေတစ်လှမ်းတောင် ဝင်လိုက်မိပြီမဟုတ်လား။
ထိုစကားကိုကြားတော့ သူကလည်း ဂရုတစိုက်နဲ့ တွေးတောလိုက်သည်။
“ မင်း အရင်ဝင်ပါ .. မင်းရဲ့အဖေက မင်းကိုအရမ်းချစ်တယ်ဆိုတာကို ငါသိတယ် .. ပြီးတော့ မင်းရဲ့ပါရမီကိုလည်း သူသိမှာပဲလေ .. ဒီတော့ မင်း အရင်ဝင်သင့်တယ် .. ”
“နင်ကတော့ ငါ့ကို စိတ်သက်သာရာရအောင် တစ်ခုခုပြောမလားလို့ ထင်နေတာ .. အခုတော့ ငါ့ကို အရင်ဝင်ခိုင်းတယ်ပေါ့ .. ဒီခြေတစ်လှမ်းက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တယ်လေ .. နင်တကယ်ကို … ” ဟောင်လင်းအာ ဒေါသထွက်သွားသည်။
သူမနောက်ပြန်လှည့်ကြည့်တဲ့အခါမှာ နှင်းလိုဖြူဖွေးတဲ့ မျက်နှာလေးမှာ မီးရည်ကြည်တွေ တဖျတ်ဖျတ်လက်နေပြီး ငိုမဲ့မဲ့ဖြစ်နေတာကို တွေ့ရသည်။ သူမက ရှီဟောင့်ကို နက်ရှိုင်းစွာကြည့်ရင်း လှည့်ထွက်သွားလိုက်၏။ နောက်ကို ပြန်မကြည့်တော့ပဲ ဝင်သွားလိုက်တော့သည်။
ချိကနဲအသံနဲ့အတူ မီးတောက်တွေက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ဝင်ပေါက်ကို မီးတောက်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး ချက်ချင်းပင် သူမရဲ့လှပတဲ့ ပုံရိပ်ကို မြုပ်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် မြောက်မြားလှစွာသော သင်္ကေတွေ ပေါ်လာခဲ့သည်။ ထိုနန်းတော်ဟောခန်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ထိုအချိန်တွင် စစ်မှန်တဲ့မီးတောက်တွေက ထွက်ပေါ်နေခဲ့ပြီဖြစ်သလို နှင်းလိုဖြူဖွေးတဲ့ကိုယ်လုံးလေးလည်း ထွက်ပေါ်လာခဲ့သည်။ ဟောင်လင်းအာ လုံခြုံသည်။ သို့သော် သူမရဲ့အဝတ်တွေကတော့ ပြာဖြစ်သွားခဲ့ပြီဖြစ်ကာ သွေးနီရောင်အမှတ်တွေက မျက်ခုံးကြားထဲမှ မြင်ရသည်။ သူမကို အစောင့်အရှောက်ငှက်အငယ်စားလေးလို့ပင် ထင်ရစေသည်။ ထိုနေရာမှ ရောင်စုံအလင်းတွေ တောက်ပနေရင်း။
သူမက ပျော်ရွှင်စိတ်လှုပ်ရှားစွာဆိုသည်။
“ငါအထွတ်အမြတ်တံတားကို ဖြတ်နိုင်ခဲ့ပြီ .. ငါ့ရဲ့သွေးမျိုးဆက်က ပြန်နိုးထလာပြီ .. ”
ရှီဟောင်သက်ပြင်းချလိုက်သည်။ တော်ဝင်အင်ပါယာနန်းတော်က တကယ်ကို မီးကလန်သားတွေအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်ပေသည်။ သူ့ရဲ့အမြင်အရ သူတို့သာ သာမန်လူသားမျိုးနွယ်တွေဆိုရင် သူတို့ကိုယ်ထဲတွင် ဒီအထွတ်အမြတ်ငှက်ရဲ့ သွေးမျိုးဆက်ရှိနေပေလိမ့်မည်။
ဟောင်လင်းအာက ဥပမာပင်ဖြစ်၏။ သူမရဲ့ပုံပန်းသွင်ပြင်ကလည်း ထူးခြားသလို မီးအင်ပါယာကလည်း ချစ်မြတ်နိုးခြင်းခံရသည်။ ရလဒ်ကြောင့် နှစ်ခြင်းမင်္ဂလာပြုတဲ့အခါမှာ ထိုသွေးစွမ်းအင်က နိုးထခဲ့တာ ဖြစ်ပေလိမ့်မည်။
ထိုဟာက မီးနိုင်ငံက ရှေးခေတ်ပုဂ္ဂိုလ်တွေထားခဲ့တဲ့ အောင်မြင်မှုတွေထဲက တစ်ခုဖြစ်သည်။
လက်ရှိတွင် ဟောင်လင်းအာက တကယ်ကို ပျော်ရွှင်နေခဲ့သည်။ သူမရဲ့အနာဂတ်တွင်တော့ ကောင်းကင်ကိုတောင်မှ ထိုးတက်နိုင်တော့မယ်လို့ ခံစားနေရ၏။
သူမ ကခုန်နေတာ နတ်သမီးလေးနဲ့တူပြီး လောင်ကျွမ်းသွားတဲ့အဝတ်တွေကိုတော့ သတိမပြုမိပေ။ လက်ရှိတွင်သူမရဲ့ ပြီးပြည့်စုံကာ ရှည်လျားသွယ်လျတဲ့ ပုံရိပ်လေးက အထင်းသားဖြစ်နေတော့သည်။ ပြစ်မျိုးမှည့်မထင် ဖြူဖွေးကာ တောက်ပနေတဲ့ကိုယ်လုံးလေးက နတ်ဘုရားမဆန်လှသည်။
ဟောင်လင်းအာရဲ့လှပတဲ့ဆံပင်တွေက တဖျတ်ဖျတ်လွင့်နေခဲ့ပြီး မျက်လုံးတွေကတော့ တက်ကြွမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ ကျောက်စိမ်းလိုမျိုး သွားဖြူဖြူလေးက ပေါ်နေခဲ့သည်။
“ နတ်ဆိုးကောင်စုတ် .. နင်ရဲ့ မျက်လုံးတွေက မီးအပေါ်မှာပဲ ရှိနေသင့်တာ မဟုတ်လား .. ” ဟောင်လင်းအာက သူ့ကို စူးစိုက်ကြည့်ရင်း စိတ်ရှုပ်သလိုပြောသည်။
“နင်တကယ်ပဲ မီးလောင်ခံလိုက်ရတာပဲ .. ” ရှီဟောင်ရယ်သည်။
“အဲ့ဒါ ဘယ်လိုအကြည့်လဲ .. နင် အခြားသူတွေကို ဘယ်လိုကြည့်ရမလဲဆိုတာကို သေချာမသိဘူးလား .. ” ဟောင်လင်းအာက နားမလည်သေးပေ။ သူမက အခြေအနေကို မေ့လျော့နေကာ ပျော်ရွှင်မှုပဲသိနေခဲ့သည်။ ထို့ကြောင့်အဝတ်တွေပြာကျသွားတာကို မသိလိုက်ပေ။
“ လှပတဲ့ ဖက်တီးကတော့ တကယ်ကို ပျော်ရွှင်နေပုံပဲ .. ” ရှီဟောင် ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ့ရဲ့ ကြီးမားတဲ့မျက်လုံးကြီးတွေက မျက်တောင်တောင်မခတ်ပဲ ကြည့်နေခဲ့၏။ ထိုထဲမှ အလင်းရောင်တွေက ထွက်ပေါ်နေခဲ့သည်။ သူ့ရဲ့အကြည့်တွေက ဝံပုလွေတစ်ကောင်နဲ့တောင် တူနေသည်။
“ ငါအောင်မြင်သွားပြီလေ .. ” ဟောင်လင်းအာက ပြုံးသည်။ ထို့နောက် တစ်ပတ်လှည့်ကာ ခုန်လိုက်သေး၏။ သူမကိုယ်မှ အလင်းရောင်တွေပဲ ထွက်လာတော့မတတ်ပဲထင်ရသည်။
“ လာ .. နင်လည်း ဒီသေရေးရှင်ရေးကို ကြံ့ကြံ့ခံဖြတ်ကျော်ပြီးတော့ အောင်မြင်သွားလို့ရှိရင် ငါကလည်း ချီးကျူးမယ်လေ .. မြန်မြန်ဝင်လာခဲ့ .. ”
“ ကောင်းပြီ .. ငါတို့ပြီးရင်တော့ အချင်းချင်းဖက်ပြီး ဂုဏ်ပြုကြတာပေါ့ .. ”
ရှီဟောင်ရယ်ရင်း ပြောလိုက်သည်။