သုခကမ္ဘာက ရှီဟောင် - Chapter - 529 နတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့နံရံ
နံရံက သူ့အတွက်တော့ အလွန်မြင့်မားကာ ခမ်းနားနေခဲ့သည်။ သူက တော်ဝင်အင်ပါယာရဲ့နန်းတော်ထဲမှာရော ရှိနေရဲ့လားဆိုတာကိုတောင် မသိတော့သလိုမျိုး ရုတ်တရုတ်ကြီးခံစားလာရလေ၏။ ရှီဟောင် ရုတ်တရက် သူ တောင်စွန်းတစ်ခုကို ရောက်သွားသလိုပင် ခံစားလိုက်ရသည်။
တည်ဆောက်ပုံတစ်ခုလုံးက မီးခိုးရောင်သန်းနေကာ အရောင်က လျော့ကျခြင်းပင် မရှိသေးချေ။ သို့သော် ရှေးဆန်တဲ့ ခံစားချက်ကို ပေးနေလေ၏။ ကျောက်တုံးဂိတ်တံခါးက အလွန်အမင်းအတတ်စွမ်းအင် ကြွယ်ဝနေသလိုမျိုး ခံစားရကာ စိတ်ဝိဉာဉ်တောင် ပိုင်ဆိုင်ထားသလိုထင်ရလေသည်။
ရှီဟောင် ထိုနေရာတွင် အတန်ကြာနေကာ လေ့လာနေခဲ့သည်။ ကျောက်တုံးဂိတ်ရဲ့နောက်ဘက်တွင် ဘာရှိမလဲဆိုတာကို သူသေချာမသိနိုင်ပေ။ သားရဲတွေရဲ့ ဟိန်းဟောက်သံကိုလည်းသူကြားရသလို အနည်မထိုင်နိုင်တဲ့ခံစားချက်မျိုးကို လည်းရပေ၏။ နံရံဘယ်လောက်မြင့်သလဲသိနိုင်အောင် လေထဲကို ခုန်တက်လိုက်သည်။
အဆုံးတွင်တော့ ကြီးမားလှတဲ့ စာတန်းကို တွေ့လိုက်ရ၏။
* နတ်ဘုရားနဲ့ နတ်ဆိုးတို့ရဲ့ မြို့ရိုး။ *
ထိုဟာက သူ့ကို မှင်သက်စေသည်။ ထိုနာမည်က သာမန်မဖြစ်နိုင်ပေ။
* ဒါက ဘယ်လိုနေရာမျိုးလဲ။ *
ရှီဟောင် ပြန်ဆင်းလိုက်ကာ ကျောက်တုံးဂိတ်ကို တစ်ခါပြီးတစ်ခါလေ့လာနေတော့သည်။ အားလုံးပေါင်း ကျောက်တုံးဂိတ်ပေါင်း တစ်ရာနဲ့ ရှစ်ခုရှိမှန်း သူသိလိုက်ရ၏။ အချို့ကတော့ ထူးခြားပုံရကာ နဂါးနဲ့ သွေးနီရောင်ငှက်ပုံတွေ ထွင်းထုထားတာကို တွေ့ရသည်။ ဂိတ်အများစုကို တင်းကြပ်စွာ ပိတ်ထားရာ ပုံရိပ်တွေက ထွက်နေသယောင်ထင်ရလေသည်။ သူတောင်မှ ဖွင့်ဖို့မလုပ်နိုင်ပေ။
“ဒီသတ္တဝါတွေအားလုံးက အရမ်းစွမ်းအားကြီးတယ် .. ဒါပေမယ့် အစစ်အမှန်သတ္တဝါတွေမဟုတ်ဘူး .. ဒါပေမယ့် ဘာလို့လမ်းကို ပိတ်ထားတာလဲ .. ”
ရှီဟောင်က နောက်ပြန်လျှောက်လိုက်၊ ရှေ့လျှောက်လိုက်လုပ်နေသည်။ ထိုနေရာကို လေ့လာနေခဲ့သည်။ အလွန်အန္တရာယ်များလွန်းလို့ သူ မလှုပ်ရှားရဲပေ။
ထို့နောက် ပြန်လည်မွေးဖွားခြင်းရေကန်ကို ပြန်သွားလိုက်ကာ တစ်ချက်ကြည့်လိုက်သည်။ ဟောင်လင်းအာက ပိုးအိမ်ထဲမှ ထွက်မလာသေးပေ။ ကောင်းကင်ပစ်ချက်ကျောက်တုံးကလည်း သူခိုးရန်မှ ကာကွယ်ဖို့ စမ်းရေတွေကိုသာ အလောတကြီးသောက်သုံးနေခဲ့လေသည်။
သူ့ခန္ဓာကိုယ်ရဲ့အခြေအနေကို ရှီဟောင်လေ့လာလိုက်ကာ နတ်ဘုရားတို့နဲ့ နတ်ဆိုးတို့ရဲ့ မြို့ရိုးဆီသို့ ပြန်လာလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့စွမ်းအင်တွေကို ထုတ်ဖော်လေရင်းတွန်းဖွင့်ဖို့ ကြိုးစားလိုက်၏။ ထိုသို့လုပ်လိုက်တဲ့အခါ ပျက်သုဉ်ခြင်းနယ်မြေက ပျက်စီးယိုယွင်းတော့မလို ခံစားချက်မျိုးက ရုတ်ချည်းဝင်ရောက်လာခဲ့သည်။ သူရှေးခေတ်ကို ပြန်ရောက်သွားမလို ခံစားလိုက်ရ၏။
သူ့ရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းတက်လိုက်သည်။ သူ့နောက်ဘက်တွင်ကျန်ရစ်ခဲ့သည့် ကျောက်တုံးဂိတ်က ချက်ချင်း ပိတ်သွားပြန်ကာ ကျယ်လောင်တဲ့အသံကို မြည်ဟီးလေ၏။ ရုတ်တရက် သူ တစ်ဖက်သို့ ရောက်သွားခြင်းဖြစ်ပေသည်။
ရှီဟောင် အလွန်အမင်းအံ့အားသင့်သွားရတော့၏။ သူက ကြီးမားလှတဲ့ တိုက်ပွဲနယ်မြေကို ရောက်သွားသလို ခံစားလိုက်ရသည်။ တိုက်ပွဲစင်မြင့်ကြီးကိုလည်းတွေ့လိုက်ရ၏။ ထိုအရာက မဲနက်နေလေပြီး လက်ရှိပုံပန်းသွင်ပြင်က သွေးတို့နဲ့ခြောက်ကပ်နေပုံရလေ၏။
တိုက်ပွဲစင်မြင့်က ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ခံစားချက်ကို ပေးသည်။ လောကကြီးတစ်ခုလုံးက ရှေးခေတ်ကို ပြန်ရောက်သွားကာ သူက ပျက်သုဉ်းခြင်းနယ်မြေထဲဝင်ရောက်လာတဲ့ ကြောက်မက်ဖွယ်သားရဲကြီးတွေနဲ့ အမှန်တကယ်ရင်ဆိုင်ရတော့မလို ခံစားလာရစေသည်။
လက်ရှိတွင် ရှီဟောင်က တော်တော်များများကိုနားလည်သဘောပေါက်နေခဲ့ပြီ။ သို့သော် မီးကလန်ရဲ့တော်ဝင်အင်ပါယာက အခုလိုမျိုးအရာကိုချန်ရစ်ထားခဲ့မယ်လို့ မထင်ထားခဲ့ပေ။
တိုက်ပွဲကွင်းပြင်ထဲတွင် ကြီးမားလှတဲ့ ကျောက်တုံးကြီးတစ်ခုရှိကာ စာသားအချို့ရေးထားတာကို တွေ့လိုက်ရသည်။ ထိုစာသားတွေက ကြောက်မက်ဖွယ်ကောင်းကာ တစ်စုံတစ်ရာကို မှတ်တမ်းတင်ထားပုံရ၏။
“နတ်ဘုရားတို့နဲ့ နတ်ဆိုးတို့ရဲ့ မြို့ရိုး၊ ရှေးခေတ်တွင် သွန်းလုပ်သည်”
ထိုစကားတွေက ဓါးတွေနဲ့တူသည်။ သူကအေးစက်တဲ့ခံစားချက်တွေကိုပေးနေ၏။ ဘာကိုဆိုလိုတာလဲ။
အောက်ခြေတွင်လည်း စာသားအနည်းငယ်ရှိနေသေးသည်။ သို့သော် အပေါ်စာသားတွေနဲ့ဆက်စပ်နေပုံမရပေ။ ဘာကြောင့် စင်မြင့်ရှိနေတယ်ဆိုတာကိုလည်း မရှင်းပြထားပေ။ သို့သော် ကြောက်မက်ဖွယ်ကောင်းနေတာတော့ သေချာပေ၏။
“တစ်ရာ့နဲ့ရှစ်ခုသော စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်ပြီး အားလုံးအောင်မြင်မှုရရှိမှသာ လမ်းကြောင်းပေါ်လာပါလိမ့်မယ် .. ”
ထိုစာသားတွေထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပါဝင်နေခဲ့သည်။
ရှီဟောင် စိတ်ရှုပ်သွားရ၏။ ဘာလမ်းကြောင်းလဲ။ တော်ဝင်အင်ပါယာနန်းတော်က ထိုအရာနဲ့ မသက်ဆိုင်သလို ခံစားလာရသည်။
“ဒီမြို့ရိုးက ငှက်နီလေးရဲ့ ဘိုးဘေး ဒါမှမဟုတ် မီးနတ်ဘုရားကလန်ရဲ့ တော်ဝင်အင်ပါယာက သူတို့လူတွေ ဒီထဲဝင်ရောက်မလာစေဖို့ တားမြစ်ထားတဲ့အရာများလား .. ”
ထိုနေရာက တကယ်ကို ထူးဆန်းနေခဲ့သည်။
ရှီဟောင် သံသယတွေဝင်လာခဲ့ရ၏။ ထိုနေရာတစ်ခုလုံးက မြူထုတွေနဲ့ဖုံးလွှမ်းနေခဲ့ပြန်ကာ ကြီးမားလှတဲ့ လျှို့ဝှက်ချက်ကြီးက ဒီနေရာတစ်ခုလုံးရဲ့နောက်ဘက်တွင် ရှိနေသလို ခံစားလာရစေသည်။ သူဘာဆက်လုပ်သင့်လဲဆိုတာကိုပင် မသေချာတော့။ သူ ကူကယ်ရာမဲ့စွာသာ ရယ်လိုက်မိတော့သည်။ ဝင်ပြီးပြီဖြစ်လို့ ရှေ့ဆက်သွားဖို့သာ ရှိတော့၏။ အခုအချိန်မှာ ဘာလို့ တုံ့ဆိုင်းနေတောမှာလဲ။ ဒီတော့ ရှီဟောင် ရှေ့ဆက်သွားလိုက်သည်။ အနက်ရောင်တိုက်ပွဲစင်မြင်ပေါ်သို့ သူတက်လိုက်၏။ သူခြေချမိလိုက်တာနဲ့ ချက်ချင်းပင် ကြောက်မက်ဖွယ်သားရဲတွေရဲ့ ဟိန်းဟောက်သံတွေကို ကြားလိုက်ရသည်။ သူ ပျက်သုဉ်းခြင်းနယ်မြေတွင် ရပ်နေသလို ခံစားလိုက်ရ၏။
ပျက်သုဉ်းခြင်းနယ်မြေက အရမ်းကို ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ အနက်ရောင်စင်မြင့်က အလွန်အမင်း ကြီးမားသလို သားရဲတွေကလည်း အပြည့်ဖြစ်နေခဲ့သည်။
” အာ ဝူး။ ”
ကြောက်မက်ဖွယ်သားရဲတစ်ကောင်က ပြေးထွက်လာခဲ့သည်။ တစ်ကောင်လုံးက အလွန်အမင်းကြီးမားကာ မီးတောက်တွေက ဝန်းရံထားသောကြောင့် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေ၏။ နှင်းလိုဖြူဖွေးတဲ့အစွယ်တွေက ရုန့်ရင်းကြမ်းတမ်းစွာဖြင့် ကုတ်ဆွဲနေလေပြီ။
ရှီဟောင်က နောက်ဆုတ်မနေဘဲ ကြီးမားလှတဲ့ ခွန်အားတို့နဲ့အတူ လက်သီးတစ်ချက်ကို ပစ်တင်လိုက်လေသည်။ လေထုတောင်မှ တုန်ခါသွားရ၏။ ကြောက်မက်ဖွယ်သားရဲကြီးက နှင်းလိုဖြူဖွေးနေတဲ့ ဝံပုလွေကြီးဖြစ်ကာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ မီးတောက်သင်္ကေတတွေကလည်းဝန်းရံနေသည်။ စစ်မှန်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပုံရ၏။ သူက ကိုယ်ကို မြှောက်ကာ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
ရှီဟောင်ရဲ့ ကြောက်မက်ဖွယ်စွမ်းအားက လက်သီးနဲ့ပေါင်းစပ်ထားသည်။ လေထုကိုတောင်မှ ဖိနှိမ့်နိုင်စွမ်းရှိလောက်အောင် ပြင်းထန်ပေသည်။ သို့သော် ထိုသို့ စွမ်းအားကြီးမားလေသည်မို့ စင်မြင့်တောင် တုန်ခါနေရ၏။
“စိတ်ဝင်စားစရာပဲ .. ”
ကြောက်မက်ဖွယ်သားရဲက သူ့တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လေတော့ သူ အမှန်ပင် အံ့အားသင့်သွားရသည်။ ထို့အပြင် သူဟာ ပြင်းထန်တဲ့စွမ်းအားတွေကို ထုတ်ဖော်ထားတာတောင်မှ စင်မြင့်က ခံနိုင်နေပုံရပေသည်။
အောင်း .. ။
ထိုအခိုက်အခြားသားရဲတွေရဲ့ ဟိန်းဟောက်သံက ထွက်ပေါ်လာပြန်သည်။ သူက တစ်ဖက်ဝံပုလွေကို အသာစီးယူခွင့်မပေးနိုင်တော့ချေ။ ကြောက်မားတဲ့ တောင်ကြီးတစ်တောင်လို စွမ်းအားတွေကို ထုတ်ဖော်လိုက်ပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ထိုဝံပုလွေက မရှောင်နိုင်တော့ပေ။ အက်ကွဲထွက်ကာ ပျောက်ကွယ်သွားရလေ၏။ တစ်ကောင်ပျောက်ကွယ်သွားတာနဲ့နောက်တစ်ကောင်က ပေါ်လာခဲ့သည်။ မျက်လုံးနှစ်စုံက အလင်းရောင်တွေနဲ့တောက်လောင်ကျွမ်းရင်း အရင်ပေါ်လာလေသည်။ မြူထုတွေနဲ့ ဝန်းရံထားသေးကာ ရှီဟောင့်ဆီသို့ ပြေးဝင်လာ၏။
ထိုသားရဲတစ်ကိုယ်လုံးက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေနဲ့ သယ်ဆောင်ထားလေသည်။ မတိုင်မီက ဝံပုလွေထက်တောင်မှ ပိုဆိုးနေလောက်သေးသည်။ ထိုသားရဲကတော့ ကျားဖြစ်ကာ သူ့အား ရုန့်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်လေ၏။
ထိုသို့ဖြင့် ရှီဟောင်က ကျားတွေ၊ ဦးချိုပါ နဂါးတွေ စသည်ဖြင့် သတ္တဝါပေါင်းများစွာနဲ့ တစ်ကောင်ပြီးတစ်ကောင်ရင်ဆိုင်ရပေသည်။ ထိုသတ္တဝါတိုင်းကလည်း အလွန်အမင်းစွမ်းအားကြီးမားကြကာ သာမန်နဲ့အလွန်ကို ကွဲပြားခြားနားပေ၏။ ရှီဟောင်တောင်မှ မှင်သက်ရတဲ့အထိ ကြောက်မက်ဖွယ်သားရဲတွေရဲ့ အရေအတွက်က များပြားလွန်းနေသည်။
ထိုသို့ဖြင့် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာလေရင်း တစ်ရာဝန်းကျင်ဖြစ်လာသည်။ သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားနေရင်တောင်မှ ကိုင်တွယ်သတ်ဖြတ်ဖို့က ပြဿနာမရှိသေးပေ။ သို့ရာတွင် သားရဲတွေက ထိုသို့ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာနေရင်း ရာဂဏန်းဖြစ်လာတဲ့အချိန်တွင်တော့ ကြောက်မက်ဖွယ်သင်္ကေတတွေနဲ့ ဝန်းရံခံရကာ ဖိအားဖြစ်လာတော့သည်။
စစ်မှန်တဲ့အကြောက်တရားနဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေကို ထိုသားရဲတွေက ထုတ်ဖော်ကာ တိုက်ခိုက်နိုင်စွမ်းရှိနေပေ၏။ ထပ်ပေါင်းပြောရလျှင် ထိုဟာက သားရဲအုပ်လိုက် ရင်ဆိုင်နေရခြင်းဖြစ်သည်။ လှုပ်ရှားမှုတွေက စည်းချက်ကျသလို တိုက်ပွဲဝင်္ကပါကိုတောင်မှ သူတို့ရဲ့ခန္ဓာကိုယ်နဲ့ ဖော်ဆောင်နိုင်စွမ်းရှိနေသေးပုံရသည်။ သူတို့က အခုလိုမျိုး အတူတကွ တိုက်ခိုက်နေတဲ့အခါ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသွားတော့၏။
သို့ရာတွင် အန္တရာယ်များလေလေ သူက ပိုတည်ငြိမ်လေလေဖြစ်သည်။
* ကြောက်မက်ဖွယ်သားရဲတစ်ရာကျော်နေတော့ရော ဘာဖြစ်လဲ .. ။ သူ မြောက်ပင်လယ်မှာတုန်းက သားရဲပေါင်းများစွာကို သတ်ဖြတ်ခဲ့သေးတာပဲ .. ။ *
ဟုန်း။
ရှီဟောင်က နောက်ဆုတ်မနေတော့ဘဲ စစ်မှန်တဲ့ရှေးဟောင်းမှတ်တမ်းရဲ့သင်္ကေတတွေကိုအသုံးပြုလိုက်ကာ တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။ သူ့ရဲ့လက်သီးက ရိုက်ချက်တွေထွက်ပေါ်တဲ့အခါ ထောင်သောင်းများစွာသော သားရဲတွေရောက်လာရင်တောင်မှ တစ်ချိန်တည်းမှာဟိန်းဟောက်၊ ဖြိုဖျက်ကာ သေဆုံးကြရမှာဖြစ်သည်။
မရေမတွက်နိုင်တဲ့အရေအတွက်တွေက တစ်အုပ်ပြီးတစ်အုပ် ထွက်ပေါ်နေခဲ့ပြီး တစ်အုပ်ပြီးတစ်အုပ် သေဆုံးနေကြရသည်။ နတ်အလင်းတွေကလည်း ထိုနေရာတွင် လွှမ်းခြုံနေလေ၏။ တဖောင်းဖောင်းအသံတွေက မြည်ဟီးနေပြီး တိုက်ပွဲဝင်္ကပါထဲကို ဝင်ရောက်သွားကြလေသည်။ ကျယ်ပြောလှတဲ့ပင်လယ်ပြင်ကို ဓါးနဲ့ လှီးဖြတ်နေရသလိုတောင် ခံစားလာရ၏။
ရိုက်ချက်စွမ်းအင်တွေအားလုံးက အလွန်အမင်းကြီးမားပြင်းထန်ကာ သားရဲတွေကို သတ်ဖြတ်ရင်း လမ်းကြောင်းဖောက်ကာ ရှေ့ဆက်သည်။ သူတို့ရဲ့ စည်းချက်ကျနေတဲ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းကာ ရှီဟောင်က သူ့လမ်းကြောင်းကို နောက်မဆုတ်ဘဲ ရှေ့ဆက်သွားနေခဲ့သည်။
ဘုန်း .. ။
သူ့ရဲ့ခြေက ချလိုက်တဲ့အခါ လေထုတောင်မှ တုန်ယင်ရသည်။ ကြောက်မက်ဖွယ်ပုံသဏ္ဍာန်ရှိတဲ့ ဝံပုလွေကြီးက သွေးနီရောင်အလင်းတွေနဲ့ လွှမ်းခြုံနေလေရင်း စွမ်းအားအလုံးတွေကို လွှတ်ထုတ်လာသည်။ ထိုအရာက အလွန်အမင်းပြင်းထန်ကာ နက်နဲသိုင်းစစ်သည်အဆင့် နှောင်းပိုင်းအဆင့်ကိုတောင် ရောက်ရှိနေပုံရသည်။ သို့သော် ရှီဟောင့်ကို တားဆီးဖို့မတတ်နိုင်ခဲ့ပေ။
ဒီတစ်ကြိမ်တွင် ရှီဟောင်က တိုက်ခိုက်မှုကို ရှောင်မနေတော့ပေ။ အကြောင်းကတော့ သားရဲတွေများပြားလွန်းနေလို့ ရှောင်ဖို့နေရာမရှိတော့တာလဲဖြစ်ပေသည်။ ဖောင်းခနဲမြည်သံနဲ့အတူ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့သွားလေ၏။ ဟိန်းဟောက်သံလည်းထွက်လာသလို လေထဲကစွမ်းအင်တွေက ပေါက်ကွဲထွက်တော့သည်။
“သင်္ကေတ တာအိုအနေနဲ့ ဖန်ဆင်းထားတဲ့ အရာတွေလား .. ”
ရှီဟောင် မှင်သက်သွားရတော့၏။ ဒီနေရာရဲ့ တကယ့်မူလပုံစံက ရွှေရောင်စာရွက်တစ်ရွက်ဖြစ်ကာ မီးတောက်တွေနဲ့ လောင်ကျွမ်းနေတာကို အခြေတည်ထားခဲ့ ပေသည်။ ထိုအရာက အခုတော့ ပြာအဖြစ်ပြောင်းသွားလေ၏။
ရှီဟောင်လည်း ဘာတွေဖြစ်ပျက်သွားသလဲဆိုတာကို နားမလည်တော့ပေ။ အရာအားလုံးက ရုတ်တရက်ကြီးဖြစ်သွားခြင်းဖြစ်ပေ၏။
* ဒါက ဘာသိုင်းများလဲ .. ။ အံ့အားသင့်ဖို့ကောင်းလိုက်ကာ သာမန်သားရဲသင်္ကေတသိုင်းတွေတော့ မဟုတ်တာသေချာတယ် .. ။ ဒါက အရမ်းလည်းစွမ်းအားကြီးတယ် .. ။ အပြင်လောကမှာသာ ထွက်ပေါ်လာမယ်ဆိုရင် သေချာပေါက် နက်နဲသိုင်းစစ်သည်အဆင့်တစ်ယောက်လောက် စွမ်းအားရှိမှာသေချာတယ် .. ။ *
ထိုကဲ့သို့သော အရာကို စာရွက်လေးတစ်ရွက်နဲ့ ဖွဲ့စည်းထားလိမ့်မယ်လို့ ဘယ်သူကမှ ထင်လိမ့်မည်မဟုတ်ပေ။ ဒါက အရမ်းကို ထူးဆန်းလွန်းနေပါ၏။
ရှီဟောင်က သူ့ရဲ့လမ်းကြောင်းကို ဆက်ဖောက်ရင်း ဝင်္ကပါထဲကို ဝင်တိုးသွားနေခဲ့သည်။ သူက ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကို လွှတ်ထုတ်နေခဲ့ကာ တစ်ကောင်ပြီးတစ်ကောင်ကို သတ်ဖြတ်နေခဲ့သည်။ တဖောင်းဖောင်းအသံတွေက မြည်ဟီးနေပြန်ရာ ရှေးခေတ်တိုက်ပွဲနယ်မြေထဲ သူရောက်ရှိနေခဲ့သည်။ နောက်ဆုတ်လို့ မရနိုင်တော့ပေ။ ထူးဆန်းတဲ့ အခြေအနေမို့ သူ သွားနေလေရင်းခံစားချက်တွေ မကောင်းနိုင်တော့ပေ။
သိပ်မကြာခင်အချိန်မှာပင် အခြေအနေက ပိုမိုသာ ကြောက်မက်ဖွယ်ကောင်းလာ၏။ ကြောက်မက်ဖွယ်သားရဲတိုင်းက အဝါရောင်စာရွက်တွေနဲ့ လုပ်ထားခြင်းဖြစ်ပေသည်။ သူတို့အသက်ခံရတိုင်း လေထဲတွင်ပင် ပြာအဖြစ်ပြောင်းသွားသည်။
* ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းလိုက်တဲ့သိုင်းလဲ .. ။ *
ဖန်တီးခဲ့တဲ့သူက အမှန်ပင် ကောင်းကင်ကိုတောင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရင်ဆိုင်အန်တုနိုင်စွမ်းရှိတဲ့သူဖြစ်တယ်ဆိုတာကို ရှီဟောင် နားလည်လိုက်ရသည်။ ရှီဟောင်ကလည်း မရပ်တန့်ခဲ့ပေ။ သူက ခွန်ပန်ရဲ့အသိုက်တွင်တောင်မှ အသက်ရှင်လျက်ပြန်လာနိုင်ခဲ့သည်။ သူက တကယ့်သတ်ဖြတ်သူတစ်ယောက်ဖြစ်သည်။ ရန်သူနဲ့အချိန်တိုင်းတိုက်ခိုက်ကာ အနိုင်ရမယ့်သူသာဖြစ်ပေ၏။
နောက်ဆုံးတွင်တော့ ကြောက်မက်ဖွယ်သားရဲတွေရဲ့ အရေအတွက်တစ်ရာကျော်လုံးက အသက်ခံလိုက်ရသည်။ အားလုံးက မြေကြီးတွင် ပြာတွေဖြစ်နေကုန်ကြ၏။ အဖိုးတန်သိုင်းတွေ အမျိုးမျိုးနဲ့ ခုခံကြပေမယ့် ဘယ်အရာကမှ ရှီဟောင့်ကို အန္တရာယ်မပြုနိုင်ခဲ့ပေ။ သို့ရာတွင် သူ့ရဲ့အောင်နိုင်မှုကို အောင်ပွဲမခံနိုင်ပါပေ။ အကြောင်းကတော့ သူတိုက်ခိုက်နေခဲ့တာက စာရွက်တွေဖြစ်နေသောကြောင့်ပေ။
အဟောင် အ ဝူး။
ရုတ်တရက် ဟိန်းဟောက်သံက စင်မြင့်ပေါ်က ထွက်ပေါ်လာပြန်သည်။ ကြောက်မက်ဖွယ်မျက်လုံးတွေကိုပိုင်ဆိုင်ထားတဲ့ သတ္တဝါကြီးတစ်ကောင်ပေါ်လာ၏။
ရှီဟောင် အသင့်အနေအထားဖြစ်သွားသည်။ သူ့ပုံစံက အလေးအနက်ဖြစ်သွားလေ၏။ သူက လက်ရှိတွင် အလွန်အမင်းစွမ်းအားကြီးနေပေမယ့် သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတစ်ကောင် ကိုတော့ သတိလက်လွတ် မပြုမူရဲပေ။ အထူးသဖြင့် ဒီလိုနေရာမျိုးတွင်ဖြစ်ပေသည်။ သူအလေးအနက်ရင်ဆိုင်ဖို့ လိုအပ်ပါ၏။
ထိုအရာကတော့ ကြောက်မက်ဖွယ်ကောင်းလှသည့် ခရမ်းရောင်မျောက်ဝံကြီးဖြစ်ကာ ခေါင်းဖြူဖြူကြီးနဲ့ ခြေဗလာကို ပိုင်ဆိုင်ထားသည်။ အရွယ်အစားက တောင်ကုန်းသေးတစ်ခုလောက်ရှိလေကာ ဆယ်ကျန်းလောက်မြင့်ပေ၏။
ခြေလှမ်း လှမ်းတိုင်းလှမ်းတိုင်းမှာ စင်မြင့်ကြီးတစ်ခုလုံးက အဆက်မပြတ်တုန်ခါနေတော့သည်။ ကြီးမားများပြားတဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေကလည်း လွှတ်ထုတ်နေပေ၏။
ကျူးယန် ဒါက ရှေးဟောင်းကျူးယန်ပဲ။
အလွန်အမင်းရိုင်းစိုင်းပြီး သတ်ဖြတ်ခြင်းမှာ ဆရာကျတဲ့သတ္တဝါတစ်ကောင်၊ အလွန်အမင်းကို ရှားပါးပြီး ဘယ်တုန်းကမှ တွေ့မယ်လို့ မမျှော်လင့်ထားဖူးတဲ့ သတ္တဝါတစ်ကောင်ဖြစ်နေခဲ့သည်။ ထိုသတ္တဝါတစ်ကောင်က အမွှေးလုံးလေးနဲ့ ကွာခြားသည်။ အမွှေးလုံးလေးရဲ့သွေးမျိုးဆက်က တိကျသေချာပေမယ့် ခေါင်းတွင် ဦးချိုလည်းရှိကာ အရွယ်လည်းမရောက်သေးပေ။
သို့သော် ကျူးယန်ကတော့…။
ဝေါင်း။
ကျူးယန်က အော်ဟစ်ဟိန်းဟောက်လိုက်ရာ လျင်မြန်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှတဲ့ ပုံပန်းသဏ္ဍာန်အဖြစ် ပြေးလာခဲ့သည်။
သူ့ထံမှ ထွက်လာနေတဲ့အရှိန်အဝါတွေက အားလှိုင်းတွေနဲ့ပြည့်နှက်နေခဲ့သည်။ ကောင်းကင်ကိုတောင်မှ လွှမ်းခြုံသွားမလိုထင်ရစေ၏။
* ကြောက်ဖို့ကောင်းလိုက်တာ .. ။ ဒါက စာရွက်နဲ့ဖန်ဆင်းထားတာရော ဟုတ်ရဲ့လား .. ။ *
ထိုကဲ့သို့သော တိုက်ချက်မျိုးကို တားဆီးဖို့ မဖြစ်နိုင်တော့ပေ။ သာမန်သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါဆိုရင်တောင်မှ ရင်ဆိုင်ရဲလိမ့်မည်မဟုတ်ပေ။ ရှီဟောင်က အနည်းငယ်အသင့်အနေအထားနဲ့ရှေ့တက်လိုက်သည်။ ရှေးဟောင်းကျူးယန်က အစွမ်းထက်ဆုံးသတ္တဝါတွေထဲက တစ်ကောင်အဖြစ် လူသိများပေသည်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအင်က ကြောက်မက်ဖွယ်ကောင်းလောက်တဲ့အဆင့်ရှိကာ ပြိုင်ဘက်ကင်းတဲ့တည်ရှိမှုမျိုးဖြစ်ပေ၏။
ဟုန်း။
ရှီဟောင်ကလည်း ခုန်တက်လိုက်ကာ လက်သီးကိုမြှောက်ရင်း မိတ်ဆက်လိုက်သည်။ သူကတစ်ဖက်ရဲ့တိုက်ခိုက်မှုကို မရှောင်ဘဲ တိုက်ရိုက်ရင်ဆိုင်လိုက်ခြင်းဖြစ်ပါ၏။ ရလဒ်အနေနဲ့တော့ မြေငလျင်လှုပ်လာကာ ကြီးမားလှတဲ့အနက်ရောင်တိုက်ပွဲစင်မြင့်ကြီးက တုန်ခါလာတော့သည်။ ပေါက်ကွဲမှုလည်းဖြစ်ပျက်လာသလို ကောင်းကင်တစ်ခုလုံးတောင်မှ တုန်ခါရလေ၏။
တစ်ခုကကြီးပြီး တစ်ခုက သေးသည်။ ပုံရိပ်နှစ်ခုက လေထဲတွင်ထိပ်တိုက်တွေ့ကာ တိုက်ခိုက်နေကြလေ၏။ မြင်ကွင်းက မှင်သက်စရာပါပေ။
လက်သီးနှစ်ချက်ကြားတွင် လျှပ်စီးတွေ လက်လာခဲ့သည်။ သောင်းကျော်သော ရွှေရောင်မြွေတွေက ကခုန်ကူးနေသလိုမျိုး အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာလေ၏။
ရှီဟောင် ပြုတ်ကျတဲ့အခါ ကျူးယန်ကလည်း လိုက်ဆင်းသက်လာသည်။ သို့ရာတွင်သူတို့ခြေလှမ်းသုံးလှမ်းက လှေကားနဲ့တိုက်မိသလိုမျိုး တဒိုင်းဒိုင်းမြည်သံတွေ ထွက်ပေါ်နေလေ၏။ စင်မြင့်က ဘယ်ညာခါရမ်းလာတော့သည်။
ရှီဟောင်က အခွင့်ကောင်းရသွားရင်တောင်မှ သူက တုန်လှုပ်နေသေးသည်။ ကျူးယန်က အလွန်အမင်းစွမ်းအားကြီးနေသေး၏။ သူ့ရဲ့ခွန်အားပြည့်တိုက်ခိုက်မှုနဲ့တောင်မှ အက်ကွဲမသွားခဲ့ပေ။ သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတစ်ကောင်သာဆိုရင်တော့ သူ့ကို ရင်ဆိုင်နိုင်စွမ်းမရှိခဲ့တာတောင်မှ ကျူးယန်က ရင်ဆိုင်နိုင်စွမ်းရှိနေခဲ့သည်ပေ။
“ဘယ်လိုဟာလဲ .. မင်း ကျူးယန်နဲ့ တကယ်ရင်ဆိုင်နေတာလား .. ”
ထိုအချိန်တွင်တော့ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးပေါ်လာခဲ့သည်။ သူက တုန်တုန်ယင်ယင်နဲ့ပျံသန်းလာလေ၏။
“မင်း သူ့ကို သိလို့လား .. ”
ရှီဟောင်က လှည့်မကြည့်ဘဲမေးလိုက်သည်။
“အတိတ်တုန်းက အဲ့ဒီကျူးယန် အနောက်ပိုင်းကလန်ကို တကယ်ပဲ တော်တော်လေး ဒုက္ခပေးပြီး တိုက်ခိုက်သေးတယ် .. သူက ထာဝရအသက်ရှင်တယ်လို့ ကျော်ကြားတဲ့ ဒဏ္ဏာရီထဲက ဆရာသခင်ကိုတောင်မှ တံခါးပိတ်ကျင့်နေတာကနေ ထွက်လာစေခဲ့သေးတယ် .. နောက်တော့ အသက်ခံလိုက်ရတယ်လို့ ကြားတာပဲ .. ” ကောင်းကင်ပစ်ချက်ကျောက်တုံးက ထိုသို့ပြောသည်။
ရှီဟောင့်ရဲ့အမူအရာက ထူးဆန်းသွားလေ၏။ ကျောက်တုံးကရူးတယ်လို့ထင်ရပေမယ့် သူ့ရဲ့စကားတွေအရ တော်တော်များများကို သိနေပုံရသည်။
“ခုနစ်ဆယ့်နှစ်မျိုးသော ပြောင်းလဲခြင်းတွေကို ကျူးယန်က လုပ်နိုင်တယ် .. သူ့ရဲ့ခန္ဓာကိုယ်သန့်စင်တဲ့စွမ်းအင်တွေက လောကကိုတောင် တုန်လှုပ်စေနိုင်စွမ်းရှိတယ် .. ရှေးခေတ်အချိန်တုန်းကဆိုရင် သူက နတ်ဘုရားနဲ့နတ်ဆိုးတွေကိုတောင်မှ စုတ်ဖြဲပြီး ကောင်းကင်ကျွမ်းကျင်ပညာရှင်တွေကိုတောင်မှ စားစရာအဖြစ်စားခဲ့တာ .. ”
ကောင်းကင်ပစ်ချက်ကျောက်တုံးက ထိုသို့ပြောလိုက်သေးသည်။
သူ့ရဲ့အမြင်တွင် ရှီဟောင်က ကျူးယန်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွင် ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီး အဝေးကြီး အဝေးကြီးလိုသေးတယ်လို့ ဆိုလိုနေတာပေ။ အနောက်ပိုင်းကလန်ရဲ့ မပျောက်ပျက်နိုင်တဲ့ ဗာဂျရာ ခန္ဓာကိုယ်တောင်မှ ကျူးယန်ကို ဘာမှ မလုပ်နိုင်ခဲ့ဘူးမဟုတ်လား။
“တကယ်ပဲ ဒီလိုနေရာက ဘယ်လိုနေရာမျိုးလဲ .. မင်းသိလား .. ဒီနေရာက တော်ဝင်အင်ပါယာနန်းတော်နဲ့ မပတ်သက်ဘူးလို့ ငါခံစားနေရတယ် .. ”
ရှီဟောင်က ကောင်းကင်ပစ်ချက်ကျောက်တုံးလေးကို မေးလိုက်သည်။
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက တုံ့ဆိုင်းသွားပြီးမှသာ ပြောလာ၏။
“တကယ်တော့ မင်း သာယာတဲ့ အံ့အားသင့်မှုမျိုးကို ကြုံတွေ့နေရတာပဲ .. ပုံမှန်အတိုင်းပြောရရင် ဒီလိုနံရံမျိုးက ဒီလောကထဲမှာ ပေါ်မလာသင့်ဘူး .. ကျူးယန်ကိုသာ အရင်ဆုံးနိုင်အောင်တိုက်လိုက်ပါ .. ပြီးရင် ငါပြောပြမယ် .. ”