သုခကမ္ဘာက ရှီဟောင် - Chapter - 530 လျှို့ဝှက်ဆန်းကြယ်မှု အထွတ်အထိပ်
ထိုရှေးဟောင်းမျောက်ဝံကြီးက အရှေ့ကို ထိုးတက်လာခဲ့သည်။ သူ့ရဲ့လက်သည်းတွေနဲ့ လက်သီးတွေကို ကုတ်ဆွဲဖို့ပြင်သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ရွှေရောင်အလင်းတွေက ထွက်ပေါ်လာလေ၏။ အလင်းတိုင်တစ်တိုင်က ရိုက်ချခံလိုက်ရသလိုမျိုး ရုန့်ရင်းကြမ်းတမ်းလှကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှတဲ့ အရှိန်အဝါတွေက ထွက်ပေါ်လာလေတော့သည်။
ရှီဟောင်ကလည်း ထိုတိုက်ခိုက်ချက်ကို ခြေလှမ်းတစ်ဝက်လောက်ပင် မဆုတ်ရဘဲ တိုက်ရိုက်ရင်ဆိုင်သည်။ သူက သူ့ရဲ့လက်သီးကို စွမ်းအားတွေနဲ့ထိုးထည့်ကာ တောက်ပလာစေသည်။ ကြောက်မက်ဖွယ်လေပြင်းတို့နဲ့အတူ ရှေ့သို့ ခုန်တက်လိုက်ခြင်း ဖြစ်ပေ၏။
နက်မှောင်နေသည့် တိုက်ပွဲစင်မြင့်တစ်ခုလုံးက တုန်ခါလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ပြင်ဆင်တော့သည်။
သူတို့နှစ်ယောက်လုံးက အရွယ်အစားအလွန်ကို ကွာခြားပေသည်။ သို့သော် သူတို့ထိပ်တိုက်တွေ့တဲ့အခါတွင်တော့ ကောင်းကင်နဲ့မြေကြီးက ပြိုကျပျက်စီးကာ အက်ကွဲထွက်ရသည်။ သို့သော် နှစ်ယောက်လုံးက စွမ်းအားချင်းညီနေကြကာ ဘယ်ဘက်ကမှ နောက်မဆုတ်ရပြန်ပေ။
ဟုန်းခနဲမြည်သံနဲ့အတူ လက်သီးနှစ်ခု ထိပ်တိုက်တွေ့သွားပြန်၏။ အမျိုးမျိုးသော နတ်စွမ်းအင်အလင်းတွေက ထွက်ပေါ်လာခဲ့ပြန်သည်။ အုတ်အော်သောင်းနင်းဖြစ်နေတဲ့လျှပ်စီးတွေကလည်း မိုးရေတိမ်တွေနဲ့အတူ ပါလာခဲ့လေသည်။ အလင်းက သူ့ဘာသာ ရပ်တည်နေတဲ့ အာကာသကိုတောင်မှ ဆုတ်ဖြဲလေပြီး အနက်ရောင်စင်မြင့်တစ်ခုလုံးကို ဝန်းရံလာစေခဲ့သည်။
နှစ်ဖက်လုံးက တစ်ချိန်တည်းမှာရုန့်ရင်းကြမ်းတမ်းလှကာ ရိုင်းစိုင်းကြမ်းတမ်းမှုက အချိုးညီနေသလားပင် ထင်ရစေသလို ဖျက်ဆီးခြင်းအားကလည်း အံ့သြလောက်စရာအဆင့်ထိကို ရောက်နေကြ၏။ ထိုဟာက ထူးခြားသည့် နေရာတစ်ခုသာဟုတ်မနေပါက တောင်တွေ၊ မြစ်တွေက ဒီကပ်ဘေးကြောင့် ပျက်စီးပြိုကွဲရမှာ သေချာပေသည်။
လျှပ်စီးတွေက ထိုးထွက်လာသလို မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံတွေကိုလည်း ကြားလာရသည်။ နှစ်ဖက်လုံးက ကောင်းကင်နတ်ဘုရားတို့ကြားက တိုက်ပွဲတစ်ခုလိုမျိုး ပြင်းထန်စွာ တိုက်ခိုက်နေခဲ့သည်။ တိမ်နက်တွေက လွင့်လာပြန်ကာ နတ်အလင်းတွေက အရပ်မျက်နှာတိုင်းသို့ ထိုးထွက်ကုန်၏။
နှစ်ဖက်လုံးက ထက်ရှစွာအချင်းချင်းစူးစိုက်ကြည့်နေကြရင်း တစ်လက်မလေးတောင်မှ အကြောမပေးလေဘဲ ပြင်းထန်စွာတိုက်ခိုက်လေသည်။ သူတို့ဆီမှ ထွက်ပေါ်နေတဲ့အားလှိုင်းတွေဟာ တုန်ခါနေတဲ့လောကတစ်ခုကို ဖြစ်ပျက်လာစေလေသည်။
ရှီဟောင်က ကျူးယန်ကို ခြေလှမ်းတွေနောက်ဆုတ်အောင်လုပ်နိုင်လာခဲ့သည်။ ကျူးယန်ရဲ့ခြေထောက်တွေတောင်မှ တုန်ယင်နေတာကို သူခံစားမိလာရ၏။ ထိုအရာက မယုံနိုင်ဖွယ်ကောင်းလွန်းလှပေသည်။ သတ္တဝါဆိုတာက ခန္ဓာကိုယ်သန့်စင်သိုင်းတွင် အကျော်ကြားဆုံးသော သူရယ်လို့ ရှေးခေတ်ကတည်းက ကျော်ကြားလှတဲ့ သတ္တဝါကြီးဖြစ်ပေသည်။
သို့သော် ဒီလူသားကောင်လေးကို ယှဉ်နိုင်ပုံမရပေ။ စင်မြင့်ရဲ့မြင်ကွင်းက ပြောင်းလဲသွားခဲ့ကာ မျောက်ဝံပျောက်သွားသည်။ ထို့နောက် ရှီဟောင်ပေါ်လာ၏။
မှန်သည်။ ရှီဟောင်ဖြစ်နေ၏။ လက်ရှိတွင် ရှီဟောင်က နှစ်ယောက်ဖြစ်နေခဲ့ပြီ။ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက ပါးစပ်အဟောင်းသားဖြစ်ရင်းပြောလိုက်သည်။
“ ဆိုးလိုက်တာ .. ဒါ တကယ်တော့ မဟုတ်ဘူးမလား .. သူတို့က မင်းနဲ့ပုံတူတစ်ယောက်ကို လွှတ်လိုက်တာပဲ .. ဟုတ်တယ်မလား .. ” ရှီဟောင်လည်း မျက်စိပြူးကျယ်နေခဲ့သည်။ ဒီပုံတူက အရမ်းကို တူလွန်းနေ၏။ တစ်ဖက်သူက သူလှုပ်ရှားတဲ့အတိုင်း လိုက်ပါလှုပ်ရှားတတ်တာကတော့ တော်တော်လေး ဆိုးရွားနေပေသည်။ ထို့အပြင် ပုံပန်းသွင်ပြင်သာ တူသည်မဟုတ်ဘဲ အမူအရာနဲ့ စိတ်ဝိဉာဉ်ကပါ တူသလိုဖြစ်နေလေ၏။
“ သောက်ရူးမျောက် .. မင်း ငါ့ကို တုပရဲတယ်ပေါ့ .. မင်း တုပထားတာက အပြည့်အစုံမဟုတ်ဘူးဆိုတာကို ငါသက်သေပြမယ် .. ”
ရှီဟောင်အော်ဟစ်လိုက်သည်။ ထိုအရာဟာ မတိုင်မီက မျောက်ဝံမှ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း သူ သိနေပါ၏။ သူ ပါးစပ်ဖွင့်လိုက်ကာ မဆုံးနိုင်တဲ့လျှပ်စီးအလင်းတွေကို လွှတ်ထုတ်လေသည်။ သင်္ကေတတွေက တွဲလျက်ပါလာလေ၏။
ထပ်ပေါင်းပြောရပါလျှင် သူ့ရဲ့လက်နှစ်ဖက်ကပါ ရှေ့ကို တိုးတက်ကာ ဖိအားပေးသည့် ပုံသဏ္ဍာန်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ရှန်းနီက ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံနဲ့တင် ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲပစ်လေတော့သည်။ သူက တစ်ယောက်တည်းလို့ထင်ရပေမယ့် တစ်ကြိမ်တည်းမှာပဲ နောက်ထပ် ဆယ်ယောက်က ချက်ချင်းပေါ်လာခဲ့သည်။ သူတို့ရဲ့ခန္ဓာကိုယ်တွေက ခရမ်းရောင်နဲ့ရွှေရောင်အလင်းတွေ တဖျတ်ဖျတ်လက်လာခဲ့ကာ တစ်ယောက်တိုင်းတစ်ယောက်တိုင်းကလည်း တောင်တစ်လုံးအရွယ်ပမာဏရှိပေသည်။ ထို့သို့ဖြင့် ကျူးယန်ကို ဝန်းရံလိုက်၏။
ရှန်းနီနဲ့ သင်္ကေတတွေတောက်ပနေတဲ့ ရှီဟောင်တို့ဟာ အလေးအနက်အမူအရာတွေနဲ့ဖြစ်သည်။ လျှပ်စီးတွေက ကျယ်ပြန့်လာကာ လျှပ်စီးပင်လယ်ကြီးက ဆင်းသက်လာသလိုဖြစ်လာလေ၏။ ထိုနောက် ထိုခရမ်းရောင်မှောက်ဝံကို ဖိနှိမ့်ဖို့ပြင်တော့သည်။
ဟောင်း။ ရှီဟောင်ကလည်း ကျူးယန်ရဲ့ ဟိန်းဟောက်သံကို ကူးယူပြီးထိုအတိုင်း ဟိန်းဟောက်လိုက်သည်။ ထိုဟာက မျောက်ဝံကိုဒေါသထွက်သွားစေပါ၏။
ရှန်းနီဆိုတာကလည်း အလင်းရောင်တွေနဲ့တောက်ပလာခဲ့သည်။ လျှပ်စီးပင်လယ်ထဲမှာ ကူးခတ်လေရင်း လျှပ်စီးနတ်ဘုရားတစ်ပါးအလား မော်ကြွားဝင့်ဝါစွာနဲ့ ကျူးယန်ကို ငုံ့ကြည့်နေခဲ့သည်။
“ဒီသတ္တဝါက ရင်ဆိုင်ဖို့ မလွယ်ဘူး .. ”
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက ခပ်တိုးတိုးရေရွတ်သည်။
ရှီဟောင်ကလည်း ထိုမျောက်ဝံက ဒီလောက်အထိ ဒုက္ခများလိမ့်မယ်လို့ မထင်ထားခဲ့ပါပေ။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားကာ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးကို ကောက်ကိုင်လိုက်သည်။ ချက်ချင်းပင် ငယ်သံပါတဲ့အော်သံက ထွက်လာခဲ့သည်။
“အား .. ကောင်စုတ် .. မင်း ဘာလုပ်နေတာလဲ .. ”
စမ်းသပ်ကြည့်ခြင်းသာဖြစ်၏။ လျှပ်စီးပင်လယ်ကို ဖြတ်သန်းသွားလေရင်း မျောက်ရဲ့နဖူးပြင်တွင် ပြီးပြည့်စုံစွာဖြင့် ကျယ်လောင်တဲ့အသံနဲ့ ကောင်းကင်ပစ်ချက်ကျောက်တုံးက ထိမှန်သွားခဲ့ပေသည်။ သတ္တုနဲ့ထိလိုက်ရသလိုမျိုး မီးပွားတွေကနေရာအနှံ့ထွက်လာနေခဲ့သည်။ ငယ်သံပါအောင်အော်သံနဲ့ ကြမ်းတမ်းတဲ့အော်ဟစ်သံက တစ်ကြိမ်တည်းထွက်လာခဲ့တော့သည်။ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက နောက်ကို လှိမ့်လာပြန်ကာ မျောက်ဝံကတော့ ဒေါသတကြီးဟိန်းဟောက်လာသည်။
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက မတိုင်မီက အိပ်ငိုက်လုလုအနေအထားနဲ့ ရှိနေခဲ့ခြင်းပါပေ။ သို့သော် လက်ရှိအချိန်တွင်တော့ အပြည့်အဝနိုးသွားခဲ့ပြီဖြစ်သလို မယုံနိုင်စရာကောင်းလွန်းလှတဲ့ စွမ်းအင်တွေနဲ့ ကိုယ့်ကိုယ်ကိုသန့်စင်ထားခဲ့တာလေးမို့ ကောင်းကင်နဲ့မြေကြီးကိုတောင်မှ အံ့သြဖွယ်ကောင်းလွန်းတဲ့ လက်နက်တစ်ခုဖြစ်နေခဲ့ပြီ။
ထို့ကြောင့် ထိုလက်နက်နဲ့ အပစ်ခံရတဲ့အခါမှာတော့ တစ်ဖက်က ဘယ်လောက်ပင် ကြမ်းတမ်းခက်ထန်နေပါစေ သေချာပေါက် ပျက်စီးရတော့မည် ဖြစ်သည်။
ခရမ်းရောင်မျောက်ဝံရဲ့နဖူးက အက်ကွဲမထွက်သွားပေ။ သို့သော် သူ့ရဲ့ခန္ဓာကိုယ်ကတော့ အနည်းငယ် တုန်ခါနေလေ၏။ သူ့ကြည့်ရတာ မူးဝေနေပုံရသည်။ ရှီဟောင်က အလောတကြီးပြေးသွားပြီး လက်ဝါးရိုက်ချက်နဲ့ ရိုက်ချလိုက်သည်။ မျောက်ဝံက တုန်ခါသွားခဲ့ကာ ဒေါသတကြီးဟိန်းဟောက်ပြန်၏။ သူ့ရဲ့လက်တွေနဲ့ခြေတွေက လှုပ်ရှားလာကာ ခုခံဖို့ ပြင်တော့သည်။
ရွှားခနဲမြည်သံနဲ့အတူ ရှီဟောင်က ဘေးကို ခုန်ရှောင်လိုက်သည်။ လျှပ်စီးတွေက ထိုးတက်လာပြန်သည်။ သူ့ရဲ့ညာခြေတွင် စုစည်းလာပြီး သူက ခွန်ပန်ရဲ့စွမ်းအားကို ထုတ်သုံးလိုက်တော့သည်။ သူ့ရဲ့ညာခြေက ထောင်သောင်းကျော်သော အလင်းတန်းတွေ ထွက်ပေါ်လာကာ မျက်စိကျိန်းမတတ်တောက်ပလာလေ၏။
အလင်းတွေက ကျူးယန်ရဲ့ မျက်လုံးထဲကို ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ပြင်းထန်တဲ့ စိတ်ဝိဉာဉ်တိုက်ခိုက်မှုကိုခံရကာ တိုက်ရိုက်ပင် ရင်မဆိုင်ရဲအောင်ဖြစ်ရလေသည်။ ခြေအောက်တွင်တော့ ရွှေရောင်တိမ်တစ်စင်းက ထွက်ပေါ်လာပြီး သူ့အား ကောင်းကင်သို့ သယ်ဆောင်ပေး၏။
ရှီဟောင်လည်း ထိုဟာကို မြင်လိုက်ရော ချက်ချင်းပင် ခုန်တက်လိုက်ကာ လက်တစ်ဖက်ကို မြှောက်လေရင်း လက်သီးနဲ့ကောင်းကင်ကို ရုန့်ရင်းကြမ်းတမ်းစွာ ထိုးခွဲလိုက်တော့သည်။
ရွှေရောင်တိုင်က အလွန်အမင်းထူးခြားဆန်းကြယ်ကာ အက်ကွဲသွားခြင်းမျိုး မရှိပါပေ။ ကျူးယန်က ပိုလို့သာ ဒေါသထွက်လာရသည်။ သူက သူ့ရဲ့ခြေထောက်ကြီးနဲ့ ချက်ချင်းပင် ရှီဟောင့်ရဲ့ခေါင်းကို တက်နင်းဖို့ ပြင်လိုက်သည်။
“ရိုင်းလိုက်တာ .. ”
ရှီဟောင့် မျက်လုံးထဲမှ အလင်းတွေ ထွက်လာသည်။ သူ့ရဲ့လက်ဝါးအလယ်မှ အလင်းတွေနဲ့တောက်ပလာပြန်ကာ ရှေးဟောင်းသင်္ကေတက တဖျတ်ဖျတ်လက်လာလေ၏။ ငါးနက်တစ်ကောင်က အနက်ရောင်အလင်းတွေနဲ့ ဝန်းရံနေပြီး လစွမ်းအင်တွေကို လွှတ်ထုတ်လာသည်။
ဘုန်းခနဲမြည်သံနဲ့အတူ သူက တောင် တစ်တောင်တောင် အက်ကွဲသွားလောက်သည့် ကျယ်လောင်လွန်းတဲ့အသံကို ထုတ်ဖော်လိုက်ရင်း နတ်မျောက်ဝံရဲ့ခြေထောက်ကို ဖမ်းဆုပ်လိုက်တော့သည်။ ထို့နောက် သူက တစ်ပတ်လည်လိုက်ကာ စင်မြင့်ပေါ်သို့ ရိုက်ချ၏။
ဟုန်း .. ။
စင်မြင့်ကြီးက တုန်ခါလာသည်။ မျောက်ဝံက ဘယ်ကို ရိုက်ချခံရလိုက်၊ ညာကို ရိုက်ချခံရလိုက်နဲ့ဖြစ်နေခဲ့သည်။ သူနဲ့ရိုက်ချခံရသည့်မြေပြင်နေရာတွင် အက်ကွဲရာကြီး ပေါ်လာနေတော့သည်။ အပိုင်းအကျိုးအပြတ်တွေကလည်း နေရာအနှံ့ရှိနေလေ၏။
စင်မြင့်ကြီး တစ်ခုလုံးက ဖျက်ဆီးခံရတော့မတတ် ဖြစ်လာနေသည်။ မြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှပသည်။
ထိုအရာက ထိုတိုက်ပွဲရဲ့ အဆုံးမဟုတ်သေးပေ။ သို့သော် အလွန်အမင်းပြင်းထန်နေပြီဖြစ်၏။ လက်ရှိအချိန်တွင် နောက်ဆုံးရှီဟောင့်ရဲ့တိုက်ခိုက်ချက်က ဘယ်လောက်ပြင်းထန်လဲဆိုတာကို သိသာလာစေခဲ့သည်။ များပြားလှတဲ့အလင်းတွေက ကျူးယန်ရဲ့ မျက်လုံးထဲလက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ သူတကယ် ဒဏ်ရာရသွားပြီဖြစ်၏။ သူက ချက်ချင်းပင် တိုးတက်လာပြန်ကာ ရှီဟောင့်ကို လှမ်းဆွဲရင်း သူနဲ့အတူသေတဲ့အထိ တိုက်ခိုက်ဖို့ ခေါ်သွားချင်ပုံရပေသည်။ သူ့ရဲ့ခွန်အားက အလွန်အမင်းထူးခြားဆန်းကြယ်ကာ တောင်ထိပ်တွေကို ပြိုကျစေနိုင်စွမ်းရှိသလို ရေကန်ကြီးတွေကိုတောင်မှ သွန်ပစ်နိုင်စွမ်းရှိပုံရပေသည်။
ရှီဟောင့်လက်ဖဝါးရဲ့အလယ်က ထပ်မံပြီး အလင်းရောင်တွေနဲ့ တောက်ပလာပြန်သည်။ ရွှေရောင်ဖမ်းငှက်က သူ့ရဲ့လက်ဝါးတွေနဲ့လက်ညှိုးတွေနဲ့ အလင်းတန်းတွေနဲ့တွယ်ဆက်လေရင်း နိုးထလာခဲ့သည်။ သူက ချက်ချင်းပင် တိုက်ခိုက်လိုက်ပြန်၏။
ဟုန်းခနဲမြည်သံနဲ့အတူ နှစ်ယောက်လုံးက ထိပ်တိုက်တွေ့ဆုံပြန်သည်။ ဒီတစ်ကြိမ်တွင် ကောင်းကင်က ပြိုကျကာ မြေကြီးက အက်ကွဲထွက်သည်။ မြင်ကွင်းက အလွန်အမင်း ပြင်းထန်ကြောက်မက်ဖွယ်ကောင်းနေလေ၏။ ခွန်ပန်က တောင်ပံတွေကို ဖြန့်ကျက်ကာ လောကတစ်ခုလုံး ဖျက်ဆီးခံရသလို ထင်ရစေသည်။
ထိုကဲ့သို့ပြင်းထန်တဲ့ စွမ်းအင်အမျိုးအစားက လှိမ့်ထွက်လာတဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးက အကြီးအကျယ် ဖျက်ဆီးခံရတော့မလို ဖြစ်လာလေတော့သည်။ ကျူးယန်က အသံနိမ့်နိမ့်နဲ့ ဟိန်းဟောက်လိုက်သည်။ သူ့ရဲ့လက်ဝါးနဲ့ လက်ချောင်းတွေက ကျိုးပဲ့သွားပြီး သွေးတို့လည်းအန်ထုတ်လိုက်ရသည်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီရဲနေခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိသာလာစေခဲ့သည်။
ချိ။
ထို့နောက် သူက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ သိပ်မကြာခင်အချိန်မှာပင် ခန္ဓာကိုယ်က မှေးမှိန်သွားခဲ့လေတော့သည်။ ခွန်ပန်ဟာလည်း ရှီဟောင့်ဆီသို့ပျံသွားလေ၏။
သံသယဝင်စရာမလိုလောက်အောင်ကိုပင် ထိုသတ္တဝါက ခုနစ်ဆယ့်နှစ်မျိုးသော ပြောင်းလဲခြင်းဆိုသည့် အဖိုးတန်သိုင်းကို သိထားလေသည်။ ထိုမျောက်ရဲ့ ကြောက်မက်ဖွယ် ကောင်းလွန်းတဲ့ ပင်ကိုယ်သဘာဝအရ တစ်ဖက်သူရဲ့ ဉာဏ်အလင်းပွင့်မှု၊ ထိုးထွင်းသိမြင်နိုင်စွမ်းတွေကိုပါ ခိုးယူနိုင်စွမ်းရှိပေသည်။ လက်ရှိတွင် ထိုမျောက်က ရှီဟောင့်ဆီက အကျိုးအမြတ်မယူသွားဘူးဆိုပေမယ့် သူ့ဆီက စွမ်းအားမျိုးနဲ့ ယာယီတိုက်ခိုက်ဖို့တော့ အသုံးပြုခဲ့သေးသည်မဟုတ်လား။
ဘုန်း။
ကျန်ရှိတဲ့စင်မြင့်ဟာ တုန်ခါသွားပြီး အက်ကွဲသွားလေရင်း အပိုင်းပိုင်းအစစ ဖြစ်ကုန်လေသည်။ အပိုင်းအစတွေက နေရာအနှံ့ပျံ့နှံ့ကုန်လေ၏။ တိမ်နက်တွေကလည်း ပျောက်ကွယ်သွားခဲ့သည်။
ရှီဟောင်က နှာခေါင်းရှုံ့လိုက်လေရင်း ဖိအားထဲမှ တိုးဝင်လာနေတဲ့ တစ်စုံတစ်ရာကို ခံစားမိကာ တိုက်ခိုက်ခဲ့သည်။ အရိုက်ခံရပြီးတဲ့နောက် ထိုပြန်ပေါ်လာတဲ့ ကျူးယန်ဆိုတာဟာ ခွန်ပန်ရဲ့အဖိုးတန်သိုင်းနဲ့လွင့်ပြန်ထွက်ရလေတော့သည်။ ထိုအရာက ပုံသဏ္ဍာန် မရှိလေတော့ဘဲ နတ်စွမ်းအင်အနေနဲ့သာ ကျန်ရှိနေလေပြီး ထိုစွမ်းအင်ကိုသာ အသုံးပြုရင်း ရှီဟောင့်ကို ဒုက္ခပေးနေခြင်းဖြစ်ပေ၏။
“သေစမ်း .. ကျူးယန်က နတ်ဘုရားတွေကိုတောင်မှ ဆုတ်ဖြဲနိုင်ပြီး နတ်ဆိုးတွေကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုတာက ဟာသတော့မဟုတ်ဘူးထင်တယ် .. အခုကြည့်ပါအုံး .. ဒီလောက်တောင်မှ အသက်ပြင်းနေသေးတယ် .. ”
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက အလန့်တကြားထအော်သည်။ ရှီဟောင် ဘယ်လောက် စွမ်းအားကြီးလဲဆိုတာနဲ့ ပတ်သက်ပြီး သူလည်းမှင်သက်နေရပေသည်။ ဒီလိုသတ္တဝါမျိုး ကျူးယန်ကိုတောင်မှ ရှီဟောင်က ရင်ဆိုင်ရဲနေပေ၏။ အဆုံးတွင်တော့ ကျူးယန်က ရှီဟောင် သတ်တာကိုခံလိုက်ရတော့သည်။ ယခုအခါမှသာ တိုက်ပွဲက အမှန်တကယ်ပြီးသွားလေ၏။
သေသွားတဲ့အခါမှာ ထိုကျူးယန်ဟာ စာရွက်အပိုင်းအစတစ်ခုဖြစ်တဲ့ တာအိုသင်္ကေတတစ်ခုအဖြစ်ပြောင်းသွားလေတော့သည်။ ရွှေရောင်အလင်းတွေလက်လာခဲ့ကာ သွေးနီရောင်ရောင်စုံအလင်းတွေကလည်း ကခုန်နေလေရင်း အရင်စာရွက်တွေထက် ပိုစွမ်းအားကြီးမည့် အရိပ်အယောင်ထွက်ပေါ်နေလေတော့သည်။ ဖူးခနဲမြည်သံနဲ့အတူ မီးလောင်ပြာကျသွားလေ၏။
“ကျူးယန်ဆိုတာက ရှေးခေတ်ကတည်းက ကြောက်မက်ဖွယ်အကောင်းဆုံးသတ္တဝါကြီး ဆယ်ကောင်ထဲက တစ်ကောင်အပါအဝင်ဖြစ်တဲ့ မျိုးစိတ်ပဲ .. သူက တကယ်တမ်းတော့ သင်္ကေတ စာရွက်လေးတွေနဲ့လုပ်ထားတာဖြစ်နေတယ် .. ပြီးတော့ သူ လုပ်နိုင်တဲ့စွမ်းအင်တွေအရ တကယ့်ကို ဖန်တီးခဲ့တဲ့သူက အရမ်းကြောက်ဖို့ကောင်းမှာသေချာတယ် .. ”
ရှီဟောင် သက်ပြင်းချမိသည်။ ကျူးယန်ကို ရင်ဆိုင်ပြီးမှသာ သူဝင်ခဲ့တဲ့ ဂိတ်တံခါးအပေါ်တွင် ထွင်းထုထားခဲ့သည့်သတ္တဝါတွေဟာ အထဲတွင် ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်အကောင်းဆုံးသတ္တဝါဖြစ်ကြောင်း နားလည်မိလာရတော့သည်။
“ငါ တစ်ချက်လောက်တော့ ထပ်သွားကြည့်သင့်တယ် .. အဆိုးဆုံးအနေနဲ့ နောက်တစ်ကြိမ်တိုက်ခိုက်ရုံပေါ့ .. ”
အပြင်ကို ပြန်လည်ထွက်လာပြီးတဲ့ ရှီဟောင်က ထိုသို့တွေးလိုက်ပြန်ကာ နောက်ထပ်လူသားသဏ္ဍာန် သတ္တဝါတစ်ကောင်ရှိတဲ့ ဂိတ်ပေါက်ကို ကြည့်လိုက်ခဲ့သည်။ တိုက်ပွဲပြီးဆုံးသွားတာနဲ့ လူက အပြင်ကို အလိုလိုရောက်တာကတော့ ထူးဆန်းနေပေသည်။ သူက ကောင်းကင်ပစ်ချက်ကျောက်တုံးလေးကို ကောက်ကိုင်လိုက်ကာ တံခါးကို တွန်းဖွင့်လိုက်ခဲ့သည်။
ရှေးဟောင်းဆန်တဲ့လောကတစ်ခုဆီသို့ ရောက်သွားသလိုမျိုး ခံစားချက်က တစ်ဖန်ဝင်ရောက်လာပြန်တော့သည်။ အတွင်းပိုင်းက အလွန်အမင်းငြိမ်းချမ်းနေလေသည်။ သူတို့ရောက်ရှိလာတာက ရှေးဟောင်းလောကကိုတောင်မှ တည်ငြိမ်အေးချမ်းမှုပျက်ပြားသွားစေသလို ဖြစ်သွား၏။
အထဲတွင်တော့ တိုက်ပွဲစင်မြင့်တစ်ခုရှိနေသေးသည်။ သို့သော် ထိုတိုက်ပွဲစင်မြင့်က သွေးတွေနဲ့စိုရွဲနေတဲ့ အနက်ရောင်ဖြစ်နေခဲ့သည်။ သို့သော် မည်သည့် ကြောက်မက်ဖွယ်သားရဲတွေကိုမှ မတွေ့ရပေ။ လက်ရှိအချိန်က အလွန်အမင်းငြိမ်းချမ်းနေပုံရပေ၏။
“အထဲမှာ တစ်ခုခုရှိတယ် .. ”
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက တုန်တုန်ယင်ယင်နဲ့ပြောသည်။
ရှီဟောင်လည်း အသင့်အနေအထားဖြစ်သွားလေ၏။ သူဟာ ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်သည်။ သို့သော် ရင်းနှီးကျွမ်းဝင်တဲ့အရာလေးကို တွေ့လိုက်ရလေ၏။
ထိုအရာမျိုးကို သူမြောက်ပင်လယ်တွင် တွေ့ခဲ့ဖူးသည်။ ထိုအခိုက် ထိုအရာက လွင့်မြောလာနေပေသည်။ တကယ်တော့ ထိုအရာဆိုတာက လက်ဝါးအရွယ်အစားလေးသာရှိတဲ့ အနက်ရောင် စက္ကူလှေလေးသာဖြစ်သည်။