သုခကမ္ဘာက ရှီဟောင် - Chapter - 536
“ယိ .. မင်းက ငါ့ကို ပြောနေတာလား .. ”
ရှေ့ဆုံးမှာရှိနေတဲ့လူငယ်က အတော်အံ့အားသင့်သွားပုံရသည်။ ပုံမှန်အားဖြင့် သူ့ကို စိန်ခေါ်ရဲမယ်လို့လည်း မထင်ထားခဲ့ပေ။ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်သာရှိသေးတဲ့ ထိုလူငယ်လေးက အတော်လေးကို ရိုင်းစိုင်းကြမ်းတမ်းပုံရသည်။ သူက တောင့်တင်းသန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိ၏။ သူ့ရဲ့ခေါင်းတွင်တော့ ထူထဲတဲ့ဆံပင်တွေက ကျောပြင်တစ်လျှောက် ဖြာဆင်းကျနေခဲ့သည်။ သူ့ရဲ့လက်ထဲက ကြီးမားလှတဲ့ လေးကြီးကို ဆွဲဖို့အတွက် ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို လိုအပ်မယ်ဆိုတာကတော့ သိသာနေပေ၏။
“ဟုတ်တယ် .. မင်းပဲ .. ”
ရှီဟောင့်ရဲ့အကြည့်က အေးစက်နေခဲ့သည်။
“င့ါကို ဒီလိုပြောရဲခဲ့တဲ့လူတွေအားလုံး သေခဲ့ကြတယ် .. ဒီနှစ်တွေထဲမှာ ဒီလိုစကားတွေ မကြားခဲ့ရတာတောင် တော်တော်ကြာခဲ့ပြီဟ .. အခုမှ ပြန်ကြားတော့ နည်းနည်း ကို့ရို့ကားယားနိုင်နေတယ် .. ”
ထိုလူငယ်က ရယ်ရင်းပြောနေခဲ့သည်။သူက ပြုံးလိုက်တဲ့အခါ သွားဖြူဖြူလေးတွေ ထွက်လာ၏။ ထိုလူငယ်ကြည့်ရတာ အတော်လေး နှစ်လိုဖွယ်ကောင်းမွန်နေသည်။
“မင်းက ပျက်သုဉ်းခြင်းနယ်မြေက သူ ထင်တယ် .. ဒါပေမယ့်မင်းမှာ သူနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိလို့လား .. ”
ထိုလူငယ်ဘေးက လူတွေက ပြောလာကြသည်။
ငှက်ကြီးက ကျန်းပေါင်းများစွာရှည်သည်။ သူ့ရဲ့ခန္ဓာကိုယ်က တဖျတ်ဖျတ်လက်နေခဲ့သည်။ ရင်ဘတ်တွင်တော့ သွေးတို့က အိုင်ထွန်းထွက်နေခဲ့သည်။ တိမ်တွေထဲမှ ပြုတ်ကျလာခဲ့လေကာ ပျက်သုဉ်းခြင်းနယ်မြေရဲ့ တောင်တန်းတစ်လျှောက်ပြုတ်ကျလေတော့၏။ သူ့ရဲ့မျက်လုံးတွေက နီရဲနေခဲ့ကာ သွေးလွှမ်းနေခဲ့လေ၏။ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်က ထိုနေရာတစ်ခုလုံးကို ဝုန်းဒိုင်းကျဲသွားလောက်အောင် တုန်ခါသွားစေခဲ့သည်။
ရှီဟောင့်ရဲ့စိတ်က ဒေါသတွေနဲ့ပြည့်နှက်နေခဲ့၏။ သူက နဂိုကတည်းက ပြိုင်ဘက်ကင်းလူသားတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူ့ထက်ပို၍ ပြိုင်ဘက်ကင်းကာ မောက်မာတဲ့လူတွေကို တွေ့လာရတဲ့အခါတွင်တော့ သူ ဒေါသထွက်ခဲ့ရပေပြီ။ ငှက်တစ်ကောင်ကိုစီးရင်း သူ့ဘာသာ အသာလေး ခရီးသွားနေခဲ့သည်ကို အခြားသူတွေက တမင်သက်သက်ရန်လာစတာကိုတော့ သူက သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။
“မင်းတို့အားလုံးက ကလန်တစ်ခုတည်းကထင်တယ် .. ”
ရှီဟောင်က အေးစက်စွာမေးလိုက်သည်။
ထိုလူတွေကလည်း ကြမ်းတမ်းရိုင်းစိုင်းစွာပြန်ပြောကြ၏။ သူတို့က ရှီဟောင့်ကို လုံးဝ ဂရုစိုက်ပုံမရပေ။
“ငါတို့ အဲ့ဒီငှက်ကို အစာအတွက် အမဲလိုက်တာလေ .. မင်းကြည့်ရတာလဲ ဒီငှက်ကို သနားနေတဲ့ပုံပဲ .. ဒါမှမဟုတ် မင်းက ငါတို့အစာဖြစ်ပေးလည်း ရတယ်နော် ..”
ထိုလူငယ်က တမင်သက်သက်ဟန်လုပ်ရင်းပြောလိုက်သည်။
ဝမ်း။
ရှီဟောင် လှုပ်ရှားလိုက်တော့၏။ သူ့ရဲ့လက်ဝါးက ကောင်းကင်ပေါ်မှ အုပ်မိုးကျလာခဲ့၏။ နေရာတိုင်းတွင်ရှိသည့် ကျောက်တုံးတွေအားလုံးကို အပိုင်းပိုင်းအစစဖြစ်စေကာ လွင့်ထွက်ကုန် စေတော့သည်။ ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေအားလုံးက ကြက်တောင်နဲ့ ရိုက်ခံရသလိုမျိုး ဟိုမှ ဒီမှ ပြန့်လွင့်နေတော့၏။
“အကန့်အသတ်ကို မသိတဲ့လူတွေက တကယ်ကို မောက်မာရဲကြတာပဲ .. ”
ထိုထဲက လူငယ်တစ်ယောက်က သနားနေဟန်ဖြင့် အေးစက်စွာရယ်ရင်းပြောနေတော့သည်။ ထို့နောက် သူက ဟိန်းဟောက်လိုက်ပြန်ကာ လေထုထဲကို ခုန်တက်လေရင်း ပြင်းထန်ကာစွမ်းအားကြီးမားလှတဲ့ ပင်ကိုယ်သဘာဝကို ထုတ်ဖော်ကာ အဖိုးတန်သိုင်းတွေကို အသက်သွင်းလေတော့သည်။
မျက်တောင်တစ်ခတ်အချိန်အတွင်းတွင်ပင် ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေအားလုံးက ကောင်းကင်မှာ ပြန်လည်လွင့်ပျံနေလေကာ ပြာအဖြစ်ပြောင်းသွားခဲ့ရသည်။ ထို့နောက် ထိုပြာမှုန့်တွေက ကြမ်းပြင်ပေါ်သို့ ဖြေးညှင်းစွာ ကျဆင်းလာခဲ့လေသည်။ ရှီဟောင့်ရဲ့ လက်တစ်ဝိုက်တွင် မြူထုတွေက ဝန်းရံလာ၏။
“မင်းရဲ့လက်မောင်းကို ထားခဲ့ .. ပြီးတော့ သွားတော့ .. ”
ထိုလူက အမိန့်ပေးလိုက်သည်။ ထိုအရာက တစ်ဖက်သူတွေက ဒုတိယအကြိမ် မောက်မာစွာပြောလာခြင်းဖြစ်လေသည်။ သူဘယ်နည်းနဲ့မှာ သသည်းမခံနိုင်တော့ပေ။
ချိ။
အဖြူရောင်မီးခိုးငွေ့လှိုင်းတွေက လေထဲမှာ ပြင်းထန်စွာ တရှိန်ထိုးထွက်လာခဲ့သည်။ ရှီဟောင့်ရဲ့လက်မောင်းကို ဝန်းရံလာခဲ့သည်။ ထိုမြူထုတွေ မြင့်တက်လာအောင် တစ်စုံတစ်ရာက ဖန်တီးနေပုံရ၏။
“ငါ မင်းကို သင်ခန်းစာပေးမယ် .. မင်းက ပျက်သုဉ်းခြင်းနယ်မြေက လူငယ်လေးတစ်ယောက်ပါပဲ .. အပြင်ဘက်က အကြောင်းတွေကို သေချာတောင် နားလည်မယ့်မပေါ်ဘူး .. ဒီတော့ ကောင်းကောင်းမွန်မွန်နဲ့ ငါတို့ဆီကိုလာပြီး အသနားခံလိုက် .. ဒါဆိုရင်လွှတ်ပေးမယ် .. မဟုတ်ရင်တော့ ငါတို့ကို ရန်စရဲတဲ့အတွက် လက်တစ်ဖက်ကိုဖြတ်ပြီး ငါတို့ စားဖို့သောက်ဖို့ ပြင်ဆင်ပေးရလိမ့်မယ် .. ”
တစ်ဖက်က လူငယ်က လက်ပိုက်ရင်း မောက်မာတဲ့အမူအရာနဲ့ပြောလာသည်။
“ယိ .. တစ်ခုခုတော့ မှားနေသလိုပဲ .. ”
ထိုအခိုက် သူက တစ်စုံတစ်ရာမကောင်းတော့သလို ခံစားလိုက်ရသည်။ ချက်ချင်းပင် နောက်ဆုတ်လိုက်ခဲ့၏။ အခြားသူတွေကလည်း အံ့သြနေကြသည်။ ထို့ကြောင့် သူတို့လည်း အလျင်အမြန်နောက်ဆုတ်လိုက်ကြသည်။
ရှီဟောင့်ရဲ့လက်မောင်းက လှုပ်ရှားလို့မရအောင် စွမ်းအားတွေနဲ့ ဝန်းရံခံခဲ့ရပေမယ့် ခန္ဓာကတော့ ဖောက်ထွင်းမြင်ရမတတ်ကြည်လင်ကာ အလင်းရောင်တွေ တောက်ပလာခဲ့သည်။ အမှန်တကယ်ပင် လက်မောင်းကို ဖျက်ဆီးမခံလိုက်ရပေ။ သူက အသာအယာ အင်္ကျီလက်အိုးလေးကို လွှဲရမ်းကာ စွမ်းအားတွေအားလုံးကို ဖယ်သိမ်းလိုက်၏။
သူ့ရဲ့အဝတ်အစားတွေ ကိုယ်တိုင်ကိုက အဖိုးတန်လက်နက်တွေ ဖြစ်နေသလား မပြောတတ်ချေ။ သူ့ရဲ့ခန္ဓာကိုယ်ကို ထိုအဝတ်အစားတွေကပင် တင်းကြပ်စွာ ကာကွယ်ထားခဲ့တာကြောင့် ဘယ်လိုစွမ်းအားမျိုးကမှ ဖောက်ဝင်မသွားနိုင်ခဲ့ချေ။
ရှီဟောင့်ရဲ့လက်ဝါးကြီးက ထပ်မံ၍အောက်သို့ ကျဆင်းလာခဲ့ကာ ရိုက်ချလိုက်လေတော့သည်။ သင်္ကေတတွေအားလုံးက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ထွန်းလင်းတောက်ပနေပြီး အရှိန်အဝါကတော့ မယုံနိုင်ဖွယ်ဖြစ်နေခဲ့သည်။ သူ အလွန်အမင်းဒေါသထွက်နေခဲ့ပါပြီ။ ထို့ကြောင့် ပြန်ထိန်းမနေတော့ပေ။ သို့ရာတွင် သူကမည်သည့်အဖိုးတန်သိုင်းကိုမှ အသုံးမပြုခဲ့ဘဲ သူ့ရဲ့ကိုယ်ပိုင်အသားမှ ခွန်အားကိုသာ ထုတ်သုံးလိုက်ခြင်းဖြစ်ပေသည်။ ထိုသည်ကတင် အလွန်အမင်းအံ့အားသင့်ဖွယ်ကောင်းနေခဲ့သည်။
“ဒါက အနောက်ပိုင်းကလန်ရဲ့ဗာဂျရာခန္ဓာကိုယ်သိုင်းလား .. ”
ထိုအဖွဲ့ထဲက လူတွေကထိုလက်ဝါးကြီးကိုကြည့်နေကာ မှင်သက်အံ့သြကာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
“ရပ်စမ်း .. ”
ထိုလူငယ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူက ချက်ချင်းပင် အကာအကွယ်လွှာကို သူ့ရှေ့တွင် ကာကာ ဖန်တီးလိုက်လေသည်။ ရိုးရှင်းစွာ ခမ်းနားလှတဲ့ ထိုအကာအကွယ်လွှာက တစ်လက်မသာကျယ်သည်။
ချက်ချင်းပင် မျက်စိကျိန်းမတတ်တောက်ပတဲ့အလင်းရောင်တွေက ထိုအရာက ထွက်လာ၏။ ထိုအကာအကွယ်လွှာလေးက ချက်ချင်းပင် တဖြည်းဖြည်းကြီးမားလာခဲ့ပြီး သူ့ရှေ့တစ်ခုလုံးကို ပိတ်လှောင်ပြီးသားဖြစ်သွားခဲ့သည်။ ပုံသဏ္ဍာန်အမျိုးမျိုးက တောက်ပလာသည်။ သင်္ကေတတွေကလည်း ထိုအကာအကွယ်တွင်သိပ်သည်းစွာ ပါဝင်နေခဲ့လေကာ ခမ်းနားပြင်းထန်တဲ့အရှိန်အဝါတို့ကို ထုတ်ဖော်နေခဲ့သည်။ ထိုအရာက မူလသင်္ကေတ အရိုးစာသားတွေနဲ့ ထွင်းထုထားပုံရသည်။ ရှင်းလင်းစွာပင် တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒါက သာမန်မဟုတ်မှန်း သိနိုင်ပေ၏။
ရှီဟောင့်ရဲ့လက်ဝါးကထပ်မံကျဆင်းလာခဲ့သည်။ ထို့နောက် ထိုအဖိုးတန်လက်နက်ကို ရိုက်ချလိုက်တော့၏။ ချက်ချင်းပင် မဆုံးနိုင်တဲ့အလင်းတွေက ထိုးထွက်လာခဲ့ပြန်ရာ နတ်အလင်းတွေနဲ့ ပေါင်းစပ်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ အပင်တိုင်းက ပြာအဖြစ်ပြောင်းသွားလေကာ ကျောက်တုံးတွေကတော့ အမှုန့်ဖြစ်ရသည်။
“ဖွင့်စမ်း .. ”
ထိုလူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ့ရဲ့အဖိုးတန်သိုင်းကို အသက်သွင်းလိုက်ရင်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပြင်လိုက်တော့သည်။ သို့ရာတွင် ရှီဟောင့်ရဲ့လက်ဝါးက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့၏။ ထပ်မံဆင်းသက်လာတဲ့အခါမှာ အကာအကွယ်လွှာကလည်း အသံတကျီကျီမြည်ကာ ပျက်စီးရလေသည်။
“ဘာ .. ”
လူငယ်တွေ အားလုံး အလန့်တကြားဖြစ်သွားလေ၏။ သူတို့ရဲ့မျက်နှာတွင်တော့ မယုံနိုင်သလိုဖြစ်နေကြပုံပေါ်လေသည်။ အကာအကွယ်လွှာက အစွမ်းထက်ဆုံးအရိုးနဲ့ သန့်စင်ထားခြင်းဖြစ်ကာ သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတစ်ကောင်သေရာမှ ရရှိခဲ့ခြင်းဖြစ်ပေသည်။ ထိုအရာက အလွန်အမင်းသန်မာလှကာ စွမ်းအားကြီးမားလွန်းလှပေ၏။ လူငယ်မျိုးဆက်တွေတောင်မှ ထိုအရာမျိုးကိုပိုင်ဆိုင်ထားသူက လက်ချိုးရေလို့ပင် ရနိုင်စွမ်းရှိလောက်ပေသည်။
ရှီဟောင်က ထိုအကာအကွယ်လွှာက ပုံမှန်မဟုတ်မှန်း သူသိသည်။ သူက အားအများကြီးစိုက်ထုတ်လိုက်တဲ့အတွက် နောင်တတောင် ရမိသွား၏။ ထို့ကြောင့် သူ ပြန်လည်ရယူလို့ ရလိမ့်မည်လည်း မထင်ပေ။
လက်ရှိတွင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က အလွန်အမင်းခွန်အားကြီးနေခဲ့ပါပြီ။ ဦးချိုပါနဂါးနဲ့ ကျူးကျန်းလိုသတ္တဝါတောင်မှ သူ့ကို ရင်ဆိုင်နိုင်စွမ်း မရှိနိုင်လောက်ကြတော့ပေ။ သူက သန့်စင်တဲ့သွေးမျိုးးဆက် သတ္တဝါတွေကိုတောင်မှ ခွန်အားချည်းသက်သက်သုံးပြီး ဖမ်းဆီးနိုင်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဒီအကာအကွယ်လွှာလောက်က သူ့ကိုမတားဆီးနိုင်ပေ။
ဖောင်း .. ။
သူက ထပ်မံနောက်တစ်ချက်ရိုက်ချလိုက်ပြန်သည်။ ဒီတစ်ခါတွင်တော့ ထိုအရိုးကအမှန်တကယ်ကို အပိုင်းပိုင်းအစစဖြစ်ရလေတော့သည်။ သူ့ရဲ့လက်ဝါးရိုက်ချက်က အလွန်အမင်းအားပြင်းကာ လျင်မြန်လွန်းလှသည်။
လူငယ်တွေအားလုံးက အလန့်တကြားဖြစ်နေကြကာ မှင်သက်နေချိန်တွင် သူတို့ရဲ့အကာအကွယ်လွှာဆိုတာက ပျက်စီးသွားခဲ့ပြီဖြစ်၏။ နောက်မှသာ ထိုလူငယ်တို့က သတိဝင်လာကြကာ အဖိုးတန်သိုင်းတွေကို ထုတ်သုံးကြသည်။သူက ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လက်ဝါးနဲ့လက်ချောင်းတွေကို လျင်မြန်စွာ လှုပ်ခါပြီး ကိုယ့်ကိုယ်ကို အလျင်အမြန်ကာကွယ်ဖို့ပြင်ဆင်လိုက်လေ၏။
တစ်ချိန်တည်းတွင်ပင် ထိုကြီးမားတဲ့လေးကြီးကို ကိုင်ဆောင်ထားတဲ့ လူငယ်က လှုပ်ရှားလိုက်သည်။ သူက လေးကြိုးကိုဆွဲကာ မြှားကိုပစ်သည်။ မြှားမှာ ထွက်ပေါ်နေတဲ့ အရှိန်အဝါနဲ့စွမ်းအင်တွေက မယုံနိုင်ဖွယ်ကောင်းလွန်းလှပေ၏။ အေးစိမ့်ဖွယ်လေပြင်းတွေက ကြောက်လန့်စွာတိုက်ခိုက်လာခဲ့သည်။ ကျောက်တုံးတွေအားလုံးကို ထိုးဖောက်သွားလေရင်း ရှီဟောင့်ရဲ့လက်ဝါးဆီသို့ ချိန်ရွယ်လာလေတော့သည်။ မြှားရဲ့စွမ်းအားက အံ့သြဖွယ်ကောင်းလောက်ပေ၏။ လေပြင်းက အလွန်အမင်းမြင့်တက်လာခဲ့ကာ ထိုနေရာတစ်ခုလုံးက အက်ကွဲသွားတော့မလိုမျိုး ထင်ရလာသည်။
ရှီဟောင့်ရဲ့လက်ဝါးနဲ့ တစ်ဖက်စွမ်းအင်တို့က ထိပ်တိုက်တွေ့သွားခဲ့သည်။ ပြင်းထန်တဲ့ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့၏။ အရာအားလုံးက ပြိုကျပျက်စီးသွားတော့မလိုမျိုး ထင်ရလေသည်။ ဖုန်တွေ၊ သဲတွေက နေရာအနှံ့ပျံ့လွင့်သွားလေ၏။
အစိမ်းရောင်မြှားက မျက်စိကျိန်းမတတ်အလင်းရောင်တွေနဲ့ တောက်ပနေခဲ့ပေမယ့် နတ်စွမ်းအင်တွေနဲ့ ထိတွေ့သွားတဲ့အခါမှာတော့ မောပန်းသွားသလိုမျိုး အားလျော့သွားရသည်။
ထိုအခိုက် ရှီဟောင့်ရဲ့လက်ဝါးကလည်း တစ်ခဏဆိုရုံမျှ ရပ်တန့်သွားခဲ့လေသည်။ ထို့နောက် ထပ်မံရိုက်ချလာပြန်၏။
ဖုန်း။
သူက လူငယ်ကို ရိုက်ချလိုက်သည်။ ထိုထဲတွင် မြှားနဲ့ထိတွေ့ပြီးကျန်ရှိနေသည့် အားလေးဆယ် ဒါမှမဟုတ် ငါးဆယ်ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးပေသည်။ သို့သော် ထိုအားနဲ့တင် လူငယ် ထိန်းမချုပ်နိုင်တဲ့အခြေအနေကို ရောက်ရှိနေပေ၏။
ဝုန်းဒိုင်းကျဲတဲ့အသံအနဲ့အတူ ထိုလူငယ်ရဲ့လက်မောင်းကာက ပျက်စီးသွားရသည်။ ပြင်းထန်တဲ့ စွမ်းအားတွေက တဖျတ်ဖျတ်လက်လေရင်း ပတ်ဝန်းကျင်အနှံ့ဆက်လက် ပျံ့နှံ့သွားလေတော့၏။ ထိုလူငယ်သွေးအန်ရကာ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိ်ုက်ရသည်။
ထိုဟာက ရိုက်ချက်တစ်ချက်တည်းဖြစ်ပေမယ့် လူတိုင်းအမြင်ကို ကြီးမားစွာပြောင်းလဲနိုင်စေခဲ့သည်။ သူတို့က တကယ်ပြဿနာနဲ့ ကြုံရပြီဆိုတာကို နားလည်လိုက်ကြ၏။ သာမန်လူငယ်လေးလို့ ထင်ထားတဲ့တစ်ဖက်သူက သူတို့အားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ တကယ့် ကျွမ်းကျင်ပညာရှင်ဖြစ်နေခဲ့သည်။
“မင်းတို့လို လက်ဝါးရိုက်ချက် တစ်ချက်တောင်မခံနိုင်တဲ့သူမျိုးက ငါ့ကိုအထင်သေးရဲတယ်လား .. ”
ရှီဟောင်က နှာခေါင်းရှုံ့လိုက်သည်။
ဒဏ်ရာရနေတဲ့လူငယ်ရဲ့ မျက်နှာက ပိုလို့သာပြာနှမ်းသွားခဲ့ကာ ဒေါသတကြီးဖြစ်သွားပြီး သွေးအန်လိုက်ရပြန်၏။ ရှီဟောင့်ရဲ့စကားတွေကို သူမငြင်းနိုင်ခဲ့ပေ။ မှားတာက သူသာဖြစ်၏။
“မင်းက မကျော်ကြားတဲ့နယ်မြေတစ်ခုက ကောင်တစ်ကောင်ပါပဲ .. အခုလိုမျိုးစွမ်းအားရှိတော့ရော ဘာဖြစ်လဲ .. ”ထိုထဲက တစ်ယောက်က ပြောလိုက်သေးသည်။
ရှီဟောင် တကယ်ကို ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ သူက လက်ပိုက်ထားကာ မောက်မာစွာနဲ့ အထင်တသေးရှုတ်ချသလိုကြည့်လိုက်သည်။
“အရူး .. မင်းက ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေကြီးက ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို မသိတဲ့ အရူး .. မင်းလိုလူမျိုးတွေက ဘာမှတောင် မသိလိုက်ဘဲ အသတ်ခံရင်း သေသွားရမယ့်လူမျိုးတွေ .. ဒီစွမ်းအားအဆင့်လောက်နဲ့ အသက်ချမ်းသာရာပေးဖို့ ဆုတောင်းနေသင့်တာမဟုတ်ဘူးလား .. ငါက အခုရွာကို ငါ့ဘာသာငါ ပြန်မလို့ .. ဒါကို မင်းတို့က အခုလိုမျိုး နှောက်ယှက်ရဲတယ်ပေါ့ .. ကံကောင်းတာက ငါက ရွာကို ယူသွားဖို့ လက်ဆောင်တွေ လိုနေတာ .. မင်းတို့ရှိမှတော့ အဆင်ပြေသွားပြီပေါ့ .. ”
“ပါးစပ်ပိတ်စမ်း .. ”
ထိုထဲကတစ်ယောက် အော်ဟစ်လိုက်ပြန်သည်။
“ပိတ်ထားစမ်း .. ”
ထိုလူငယ်ကို နောက်ထပ်လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။ လေသံနဲ့ လွှမ်းမိုးနိုင်စွမ်းအပြည့်နဲ့ဖြစ်၏။ ရှီဟောင့်ကိုရန်စလို့ မသင့်မှန်း သူတို့သိသည်။အခြေအနေဆိုးရွားပါက သူတို့ တကယ်ကို လက်ဆောင်အဖြစ် ယူသွားခံရလောက်သည်။
“ကြည့်ရတာ ငါတို့တွေ နားလည်မှုလွဲနေတာဖြစ်မယ် .. မင်းကတကယ်ပဲ စွမ်းအားနည်းနည်းရှိပါတယ် .. မင်းကို စွမ်းအားကြီးတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ် ငါတို့သတ်မှတ်လို့ရပါတယ် .. ဒီလိုလုပ်ပါလား .. ငါတို့ငှက်ကင်စားတဲ့အခါကျရင် ငါတို့ အတူတူပူးပေါင်းပြီးတော့ လုပ်ဆောင်ကြရင်ရော ဘယ်လိုလဲ .. ”
ထိုထဲက လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူက ထိုသို့သာပြောနေပေမယ့် လေသံကတော့ လုံးဝ မနိမ့်ပေ။
“မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ .. ငါက မင်းတို့စားဖို့အတွက် ဒီငှက်ကို ယူလာပေးတယ်လို့များ ထင်နေတာလား .. ငါက ဒါကို စားရဖို့အတွက် မင်းတို့ရဲ့မျက်နှာသာပေးတာကို ခံယူရအုံးမယ်လို့ ဆိုလိုနေတာလား .. ကိုယ့်ကိုယ်ကို ဘာများထင်နေကြတာလဲ .. ”
ရှီဟောင်က ထိုသို့ပြောလိုက်သည်။ ထို့နောက်
“ဒီနေရာကသာ ထွက်သွားစမ်း .. ”
ဟုန်း။
သူက ထပ်မံလှုပ်ရှားလိုက်ပြန်ကာ ခွန်ပန်ရဲ့ခွန်အားကို အသက်သွင်းလိုက်ပြန်တော့သည်။ မျက်စိကျိန်းမတတ်အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ပေသည်။ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ကြီးမားလှတဲ့အနက်ရောင်ငါးကြီးတစ်ကောင်က ထိုးထွက်လာခဲ့ကာ ထိုလူတွေအားလုံးကို ဝါးစားဖို့ပြင်၏။
“ သတ် .. ”
ဦးဆောင်လာတဲ့လူငယ်က အခုအချိန်ထိ မလှုပ်ရှားရသေးပေမယ့် လက်ရှိအချိန်တွင်တော့ သူကကြောက်လန့်တကြားဖြစ်နေခဲ့ပြီး အလျင်အမြန်လှုပ်ရှားရင်း ထွက်ပြေးဖို့ ပြင်တော့သည်။ ပြင်းထန်ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ထွက်လာခဲ့ကာ အနက်ရောင်ရေလှိုင်းတွေက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံကာသိမ်းပိုက်လိုက်တော့၏။လူခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်လောက်က လွင့်ပျံထွက်ကုန်ကာ သွေးတွေ ပန်းထုတ်လိုက်ရလေတော့သည်။ အချို့သူတွေကတော့ နောက်ပြန်လွင့်ထွက်ကုန်ရ၏။
“မင်းတို့အားလုံးနောက်ဆုတ်ကြစမ်း .. ငါ ဒီကောင့်ကို ရင်ဆိုင်မယ် .. ”
ခေါင်းဆောင်လူငယ်က အော်လိုက်သည်။
သူက ကြီးမားလှတဲ့လေးကြီးကို ကိုင်လိုက်ကာ ရှီဟောင့်ဆီသို့ ပစ်ဖို့ ချိန်ရွယ်လိုက်လေတော့သည်။ အစိမ်းရောင်မြှားတွေက အလွန်အမင်းတောက်ပကာ စွမ်းအားကြီးမားပုံရလေ၏။ သို့သော် ရှီဟောင်ကတော့ အသာအယာရှောင်နိုင်စွမ်းရှိနေခဲ့ပေသည်။
“ခေါင်းဆောင် .. ခေါင်းဆောင်ကနောက်ဆုံးတော့သူ့ရဲ့ ပြိုင်ဘက်ကောင်းကို တွေ့သွားခဲ့ပြီထင်တယ် .. ကြောက်ဖို့ကောင်းလိုက်တာ .. ဒီလူငယ်မှာ ဘယ်လိုမျိုး နောက်ခံရှိနေလို့ ဒီလိုမျိုးစွမ်းအားတွေကို ပိုင်ဆိုင်ထားတာလဲ .. ငါတော့ ခံစားချက်တွေ မကောင်းတော့ဘူး .. ”
ထိုလူငယ်ရဲ့နောက်ရှိ လူငယ်အုပ်ထဲမှ တစ်ယောက်က ပြောသည်။ ထို့နောက် ကောင်းကင်မှ နဂါးအော်သံလိုမျိုး ကြားလိုက်ကြရသည်။ ထိုလူငယ်က သူ့ရဲ့မူလပုံသဏ္ဍာန်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။ ဝေဝါးနေတဲ့ မြူထုတွေအားလုံးက ဝေ့ဝဲနေခဲ့သည်။ ပြင်းထန်တဲ့တိုက်ခိုက်ရေးစွမ်းအားတို့ကို မြှင့်တင်လေရင်း ရှီဟောင့်ဆီသို့ တိုက်ခိုက်ဖို့ ပြင်နေလေတော့သည်။
မြင်ကွင်းက အလွန်အမင်းမှင်သက်ဖွယ်ကောင်းနေတော့၏။ မီးခိုးရောင်ရေနဂါးကြီးက ရစ်ခွေနေခဲ့ကာ သူ့ရဲ့ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးကတော့ ထိုလူငယ်ကိုညှစ်ပြီး ဆုတ်ဖြဲဖို့ ပြင်နေလေတော့သည်။ သူတို့နှစ်ယောက်က ထိပ်တိုက်တွေ့ကာနပန်းလုံးသလိုမျိုး အသားကုန်တိုက်ခိုက်နေကြတော့သည်။
“မကောင်းတော့ဘူး .. ခေါင်းဆောင် တိုက်ခိုက်ခံနေရပြီ .. ”
ထိုလူအုပ်ထဲက လူငယ်တွေရဲ့အမူအရာက ပြောင်းလဲသွားခဲ့လေတော့သည်။ သူတို့လည်း ကြောက်လန့်တကြားဖြစ်သွားကြတော့၏။
ဟုန်း။
ကောင်းကင်တွင် မျက်စိကျိန်းမတတ်တောက်ပတဲ့ မိုးအလင်းရောင်တွေ ရွာကျလာခဲ့သည်။ ရေနဂါးကြီးက သွေးတွေ အန်ထုတ်လိုက်ရလေသည်။ သူ့ရဲ့သွေးလွှမ်းတဲ့ခန္ဓာကိုယ်က တွန့်လိမ်နေတော့၏။ ကောင်းကင်ရှိတိမ်လွှာတွေက အက်ကွဲထွက်သွားရပြီ။ မြင်ကွင်းက မှင်သက်ဖွယ်ကောင်းနေခဲ့သည်။ ပျက်သုဉ်းခြင်းနယ်မြေသို့လာတဲ့ခရီးစဉ်မှာပင် ထိုရေနဂါးက ပြိုင်ဘက်ကောင်းကို တွေ့လိုက်ခဲ့ရကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီဖြစ်ပေသည်။
တကယ်တမ်းတော့ ရှီဟောင်ကိုယ်တိုင်လည်း ထိုရေနဂါးရဲ့စွမ်းအားကို အံ့အားသင့်နေရပေသည်။ သူတို့ တိုက်ကွက်ပေါင်းရာကျော်ကို တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့ တိုက်ကွက်တွေကို ထိုရေနဂါးက အမှန်တကယ်လက်ခံနိုင်ခဲ့သည်။ မီးခိုးရောင်ရေနဂါးကအလွန်အမင်း ခွန်းအားကြီးမားလှသည်။ ရှားပါးလှတဲ့ ပြိုင်ဘက်ကောင်းအဖြစ်သတ်မှတ်နိုင်ပေ၏။
ဖူး။
နောက်ဆုံးမှာတော့ ရေနဂါးခမျာ သွေးတွေ ထပ်မံအန်ထုတ်လိုက်ရပြန်သည်။ ရှီဟောင်နဲ့ရိုက်ချက်နဲ့ သူက လွင့်ထွက်သွားကာ တောင်တစ်လုံးသို့ ပြုတ်ကျရင်း ထိုတောင်တွင်ပင် နဂါးရာကြီး ထင်သွားစေလေတော့သည်။
ကျန်ရှိနေတဲ့လူငယ်တွေအားလုံးက အလန့်တကြားဖြစ်နေကြသည်။ ကိုယ့်အသက်ကို မကယ်နိုင်တော့သလိုဖြစ်နေကြလေ၏။
“ဝူး .. ဒီတစ်ကြိမ်မှာ ငါကျောက်တုံးရွာကို လက်ဆောင်ကောင်းတွေ ပြန်ယူသွားနိုင်ပြီ .. ”
ရှီဟောင်က ထိုသို့တွေးလိုက်သည်။ သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါဖြစ်တဲ့ မီးခိုးရောင်ရေနဂါးကတော့ အကောင်းဆုံးလက်ဆောင်ပင်ဖြစ်၏။
တစ်ချိန်တည်းတွင်ပင် တောင်တန်းတွေရဲ့ နက်ရှိုင်းလှတဲ့အပိုင်းတွင်တော့ ကျောက်တုံးကြီးတစ်တုံးပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မျက်လုံးဖွင့်လိုက်သည်။ ချက်ချင်းပင် သူက ကျောက်တုံးကြီးပေါ်မှ ခုန်ထွက်လိုက်သည်။ သူဟာ မီးတွေလောင်ကျွမ်းရင်း ကောင်းကင်ပေါ်သို့ ထိုးတက်လာလေ၏။
သူက မီးတွေနဲ့တောက်လောင်နေတဲ့ နတ်ဘုရားတစ်ပါးအလား ထင်ရပေသည်။ သူ့ရဲ့ပုံရိပ်က အလွန်အမင်းထူးခြားထက်မြက်နေပုံရကာ မျက်ဝန်းတွေထဲမှ မီးတွေပင် တောက်လောင်နေလေ၏။ သူ့ပုံစံက မျက်စိကျိန်းမတတ်မီးတွေနဲ့ တောက်လောင်နေလေရင်း သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါ့ရဲ့နောက်လိုက်တစ်ယောက် အသတ်ခံလိုက်ရပြီ .. ”
အသတ်ခံလိုက်ရတဲ့ ရေနဂါးဆိုတာက အလွန်အမင်းအစွမ်းထက်တဲ့ သန့်စင်တဲ့ သွေးမျိုးဆက်သတ္တဝါတစ်ကောင်ရဲ့ နောက်လိုက်ဖြစ်သည်။
ထိုအကြောင်းကိုသာ အခြားသူတွေ သိသွားပါက မှင်သက်သွားရလောက်၏။