သုခကမ္ဘာက ရှီဟောင် - Chapter - 545 နတ်မျက်လုံးရဲ့ စွမ်းအား
အနက်ရောင်အလင်းကြောင့် ပတ်၀န်းကျင်နယ်မြေတစ်ခုလုံး ပြင်းထန်စွာ လောင်ကျွမ်းလာလေတော့သည်။
ထိုဟာက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ။
ရှီရီ့မျက်လုံးများမှ မီးလျှံတွေ ထွက်လာနေသည်။ လူအုပ်က ထိုမြင်ကွင်းကိုမြင်တဲ့အခါ စိုးရိမ်လာကြသည်။ သူတို့ရဲ့တစ်ကိုယ်လုံး အေးစက်သွားရ၏။
ဤသည်မှာ တပည့်နှစ်ဦး တစ်ဦးချင်းသည် မိမိ၏သဘာဝစွမ်းအားကို ပထမဆုံးအကြိမ်ဖော်ပြခြင်းဖြစ်သည်။ ထိုဟာက တကယ်ကြောက်စရာဖြစ်ခဲ့သည်။
ရှီဟောင်က ထွက်ပြေးရတော့သည်။မတိုင်မီက အခြေအနေက ပြောင်းပြန်ဖြစ်သွား၏။ သူ့နောက်သို့အနက်ရောင်အလင်းတွေက တောက်လျှောက်လိုက်ပါလာခဲ့တော့သည်။
“ ထိတ်လန့်စရာပဲ .. !”
လူအုပ်က ဆွံ့အနေရပြီ။ကောင်းကင် တိုက်ပွဲနယ်မြေတောင် မတည်မငြိမ်ဖြစ်လာကာ ပျက်ဆီးရမတတ် ဖြစ်ရသည်။
နှစ်ဘက်က လူခွဲလိုက်ကြသည်။ပေါက်ကွဲသံကြောင့် မြင်ကွင်းက ပိတ်သွားခဲ့သည်။ ထိုနှစ်ယောက်လုံးက ရှေးခေတ်မှ အကျော်အမော်တို့နဲ့တောင် ယှဉ်နိုင်စွမ်းရှိသူဖြစ်သည်။
စစ်မြေပြင်ဟာ တိတ်ဆိတ်နေသည်။ ယခင်ကစိတ်အားထက်သန်စွာဆွေးနွေးနေသောလူများသည် ယခုတိတ်ဆိတ်စွာနေခဲ့ကြပြီး အားလုံးသည်တိတ်ဆိတ်စွာစောင့်ကြည့်နေကြသည်။
နောက်ထပ် တစ်ကြိမ် တိုက်ခိုက်သည့်အခါ ပိုလို့သာ ပြင်းထန်နိုင်ရာ အားလုံးက စိတ်၀င်တစား ဖြစ်နေကြတော့သည်။
ရှီရီရဲ့ညာမျက်လုံးက ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။ လူတိုင်း စိုးထိတ်သွားကြ၏။ ထိုအခိုက် သူ့ရဲ့ ဘယ်မျက်လုံးက တဖန် လင်းလက်တောက်ပလာလေတော့သည်။ လူတိုင်း အသက်ရှုဖို့ကိုပင် အောင့်ထားမိလိုက်ကြတော့သည်။ထိုနေရာမှ ငွေရောင်သန်းကာ ဖြူစင်တောက်ပသော အလင်းတို့က ရေကဲ့သို့ စီးထွက်လာလေတော့သည်။ သူ့ရဲ့ ပတ်၀န်းကျင်ဟာ တောက်ပလာခဲ့ပြီး သူ့အား ထည်ဝါလာစေပါ၏။
သူရှိရာ ၀န်းကျင်က ပြောင်းလဲသွားသလိုမျိုး လောကရဲ့ဖြစ်တည်ရာ အစနယ်မြေအချိန်သို့ ပြန်ရောက်သွားသလားပင် ထင်ရတော့သည်။ အားလှိုင်းတွေက နေရာအနှံ့ ပြန့်လို့နေသည်။ ထိုအချိန်တွင် လူတိုင်းက တုန်လှုပ်ဖွယ် အမှန်တရားကို သိလိုက်ရတော့သည်။ ရှီရီရဲ့ရင်ဘတ်ရှိ ဒဏ်ရာမှ အလင်းရောင်တွေ ထွက်လာခဲ့သည်။ နတ်ဘုရားကဲ့သို့သော အမြန်နှုန်းဖြင့် ကုသလေတော့သည်။ ထိုရင်ဘတ်နေရာမှ တဘုန်းဘုန်းမြည်သံတွေ ထွက်နေသည်။ သူ့ရဲ့အရိုးတို့က တဖန် မွေးဖွားလာလေသလား ထင်ရလေတော့သည်။
“ ဘာ .. ကျိုးသွားတဲ့ အရိုးတွေကို ချေဖျက်ပြီး ပြန် ပေါက်စေတာလား .. ၊ ဒါ ဘယ်လို နတ်မျက်လုံးသိုင်းလဲ .. ၊ နတ်မျက်လုံးတွေက မသေမျိုး ခန္ဓာကိုယ်ကို ပေးအပ်နိုင်တာလား .. ရှီရီ့မြှ မသေမျိုး ခန္ဓာရှိတာလား .. ဒါဆို သူက တိုက်ပွဲမှာ ဘယ်တော့မှ မရှုံးနိုင်တော့ဘူးပေါ့ .. ”
လူတိုင်း ဆွံ့အနေကြရသည်။
ရှီဟောင်က အခွင့်ကောင်းချောင်းပြီးတ ိုက်ခိုက်တာမျိုး မလုပ်ပေ။ အဲ့ဒီအစား သူက ခပ်အေးအေးသာ စောင့်ပေးနေခဲ့၏။ သို့သော် တကယ်တမ်းတော့ သူက ရှီရီရဲ့ သဘာ၀စွမ်းအားတွေကို စုပေါင်းပြီး အသားကုန် တိုက်ခိုက်နိုင်မည့် အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပေသည်။ ထိုအချိန်တွင်ပင် ရှီရီရဲ့ မျက်လုံးက သက်သာလာခဲ့ပြီး အားလုံး ပြန်ကောင်းသွားခဲ့တော့သည်။
“ ဟား .. ဟား .. ဒါပေါ့ .. ရီအာက ပြိုင်ဘက်ကင်းပဲ .. ရီအာပဲ နိုင်မှာ .. ”
ရွှေရောင် ပင့်ကူကြီးက ၀မ်းသာအားရ ရယ်နေ၏။
အခြားတစ်ဘက်တွင် အဘွားရှီဟွားကလည်း တုန်လှုပ်နေခဲ့သည်။ နှစ်ဘက်လုံးက ကြောက်မက်ဖွယ် ကောင်းလှရာ ရှီရီ တကယ်ပဲ အနိုင်ရတော့မလားက မသေချာသေးပေ။ နတ်သမီးယွီချန်းသည်လည်း တုန်လှုပ်နေခဲ့ပေသည်။ သို့သော်တခဏအကြာတွင် ပြန်တည်ငြိမ်သွားတော့၏။
“ ကောင်းပြီ .. ညီလေးရေ .. မင်းက ဘာကို စောင့်ပေးနေတာလဲကွ .. အခွင့်အရေးကို မယူတတ်တာလား .. ၊ လာလေကွာ .. ”
ရှီရီက ပြောလိုက်သည်။ သူကား အလွန်ကို တည်ငြိမ်နေ၏။ သူက ဒဏ်ရာ သက်သာခါစဖြစ်ပေမယ့် တည်ငြိမ်လွန်းနေပြီး ကြောက်လန့်ခဲ့မိပုံ မရခဲ့ပေ။ အရာအားလုံးက သူ့ရဲ့အစီအစဉ်အတိုင်း ဖြစ်လာတယ်လို့ ထင်လာရစေ၏။
“ မင်း သင်ပေးတာခံဖို့ ငါက လိုအပ်လို့လား .. ၊ မင်းကို ဒဏ်ရာရအောင် ငါ လုပ်နိုင်ခဲ့ပြီးသားနော် .. ”
ရှီရီရဲ့ကိုယ်ကို အလင်းတွေ ပေါက်ကွဲကာ ဖုံးလွှမ်းလာခဲ့တာကို ရှီဟောင် မြင်နေရပေမယ့် သူကလည်း တည်ငြိမ်နေပြန်ပေသည်။
“ညီလေးရ .. ငါ့ရဲ့ နတ်မျက်လုံးကိုသာ သုံးလိုက်ရင် မင်း ငါ့ကို နာကျင်အောင် ထပ်လုပ်နိုင်ပါဦးမလား .. ၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ အကိုအနေနဲ့ မင်းကို ဂုဏ်ယူပါတယ် .. ။ ဒီလိုဆိုရင်ရော ငါ မျက်လုံးမှိတ်ပြီး တိုက်ခိုက်ပေးရမလား .. ။”
ရှီရီအသံက တည်ငြိမ်နေပေမယ့် လှောင်သလိုပါပေ။
ထိုစကားသံက လူအုပ်ကို ဆူညံ ပွက်လောရိုက်သွားစေသည်။ သူက မျက်လုံးတောင် ပိတ်ပြီး တိုက်ခိုက်မတဲ့လား။
“ မင်း မျက်လုံးဖွင့်ထားမှ မင်းကန်းသွားတာကို သေချာသိနိုင်မှာပေါ့ .. ”
ရှီဟောင်ရဲ့ လေသံက မောက်မာလွန်းနေခဲ့သည်။ သို့တိုင် သူက ဘယ်လိုပြိုင်ဘက်မျိုးနဲ့ တွေ့နေလဲဆိုတာကိုတော့ သေချာသိနေပါ၏။
“ ငါ့ညီရေ .. ဒါဆိုလည်း မင်းရဲ့ ရာအားလုံးကို ထုတ်ပြီး ငါ့ကို တိုက်ခိုက်လိုက်ပါတော့ .. မဟုတ်ရင် မင်းမှာ အခွင့်အရေးမရှိတော့ဘဲ နေလိမ့်မယ် .. ”
ထိုသို့ပြောပြီးသည်နှင့် ရှီရဲ့မျက်လုံးတွေမှ နေရောင်ခြည်တန်းလို စူးရှ လင်းလက်သည့် အလင်းရောင်တို့ထိုးထွက်လာခဲ့သည်။စိုက်ကြည့်မိပါက မိမိမျက်လုံးပင် ကန်းသွားတော့မတတ် ခံစားလာရစေ၏။
“ သတ် .. ”
ရှီဟောင်က ထိုစကားကိုသာ ဆိုလိုက်သည်။ သူ့ကိုယ်ကို စွမ်းအင် အဆီအနှစ်တို့ဖြင့် တောက်လောင်လာစေသည်။ ကောင်းကင်သို့ ထပ်မံခုန်တက်ပြီး ှရီရဲနဲ့ ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။မြင်ကွင်းကို မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းတို့ဖြင့် ဖုံးလွှမ်းထားပေရာ သေချာ မမြင်ရနိုင်တော့ပေ။ သို့သော်အလင်းရောင်တွေ မှိန်ကျာလာသည့်နောက် နှစ်ဘက်လုံးနောက်ဆုတ်လိုက်ရသည်။ နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်နေရမှန်း အားလုံး မြင်လိုက်ကြရတော့သည်။
ချုံး…..
ရှီရီရဲ့ မျက်လုံးက တောက်ပလာကာ သတ္ထုသံတွေပင် ထွက်လာခဲ့တော့သည်။ သူ့မျက်လုံးတွေက ရွှေရောင်နေနှစ်စင်း ဖြစ်လာ၏။ ချက်ချင်းပင် အားလုံးရဲ့ အမြင်အာရုံက ေ၀၀ါးလာကာ မျက်ရည်ပူတွေကျလာတော့သည်။ သူ့ကိုကြည့်ရဖို့ပင် ခက်ခဲလာ၏။ သူ့ရဲ့ဖိအားက ပတ်၀န်းကျင်ကို ဖြန့်ကျက်ထားသည်။
ရှီဟောင် တုန်လှုပ်လာပေမယ့် ကြောက်ရသည်အထိတော့ မဟုတ်ပါပေ။ တဖက်ရဲ့ဖိအားက သူ့အပေါ် ထူးဆန်းစွာ သက်ရောက်နေခဲ့သည်။ တစ်ဖက် နေအလင်းရောင်တွေအောက်တွင် သူ့ကိုယ်က ဘာကိုမှ ဖုံးကွယ်လို့ မရနို်င်သလို ဖြစ်လာခဲ့တော့သည်။.
၀ုန်း ..
ရှီဟောင်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲလာခဲ့သည်။ သူ့ရဲ့အရိုးအဆစ်တွေက လှုပ်ရှားခဲ့ကာ နဂါးအော်ငိုသံနဲ့ ကျား ဟိန်းသံတွေကို ထုတ်လွှတ်လာခဲ့သည်။ သူ့လက်မောင်းတွင် ခရမ်းရောင် သင်္ကေတတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ထိုလက်က ခရမ်းရောင် လျှပ်စီးတို့ဖြင့် တောက်လောင်လာခဲ့တော့သည်။ ထို့နောက် ကြယ်ဆယ်လုံးက ထွက်ပေါ်လာလေတော့၏။ ထိုသို့ဖြင့် ထူးဆန်းလွန်းသည့် မြင်ကွင်းက ဖြစ်ပေါ်လာခဲ့သည်။
“ အဲ့ဒါ ဘာသိုင်းများလဲ .. ”
လူတိုင်းက ထိုစကားကိုသာ ရေရွတ်နိုင်တော့သည်။ ရှီဟောင်က လောကသစ်တစ်ခုကို ဖန်တီးနေသလိုပါပဲ။ကြယ်ဆယ်လုံးမှ အလင်းရောင်တွေ ထိုးတက်နေခဲ့သလို လောကရဲ့အစသို့ နောက်ထပ် တဖန် ပြန်ရောက်သွားကြရတော့သည်။ ရှီဟောင်ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်းလွန်းသဖြင့် ဘာသိုင်းကို ထုတ်သုံးနေမှန်း မည်သူမှ မပြောနိုင်ဘဲ ရှိနေတော့သည်။ ထို့အပြင် သူ့ရဲ့ လှုပ်ရှားမှုအလိုက် လျှပ်စီးတွေလက်ကာ မိုးခြိမ်းသံတွေကလည်းထ ွက်ပေါ်လာနေတော့သည်။
ရှီဟောင်က လက်ဝါးဖြန့်ထုတ်ကာ ှရီရီ့ပါးကို ရိုက်မည်ပြင်သည်။ ထိုဟာက ရှန်းနီရဲ့အဖိုးတန်သိုင်းကိုသာ ထုတ်သုံးခြင်းဖြစ်၏။
လျှပ်စီးကြယ်တွေက လျှပ်စီးတွေလက်ရင်း တောက်လောင်လာနေခဲ့ကာ သူ့လက်ရှိ စွမ်းအားက အလွန်အမင်း ထိုးတက်နေလေတော့သည်။ ဒါက ရှန်းနီရဲ့အဖိုးတန်သိုင်းဖြစ်သလို မျိုးဆက်တွေသာ ဆက်ခံနိုင်လောက်သည့် သိုင်းမျိုးလည်းဖြစ်ပေသည်။ သို့တိုင် သူက သင်ယူနိုင်ခဲ့၏။ သူကိုယ်တိုင်က ရှန်းနီတစ်ကောင် လူသားသဏ္ဍာန်ယူထားသလားဟုပင် ထင်ရလာလေတော့သည်။ ထိုမြင်ကွင်းက အမှန်တကယ်ကို တုန်လှုပ်ဖွယ်ဖြစ်နေခဲ့လေသည်။
ရွှား….။
ရှီရီက ခန္ဓာကိုယ်ကို တိမ်းကာ ရှောင်သည်။ ထိုသို့ရှောင်သည်ကိုက ရွှေရောင် ရောင်စဉ်တန်းနဲ့ ဖြာထွက်နေစေသေးသည်။ သူဟာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရား သားတော်အလား ထင်ရပြီး ပေါက်ကွဲမှုတွေဒဏ်က သူ့ထံ မသက်ရောက်ခဲ့ပေ။
သူ့အ၀တ်တို့တွင် ဖုန်တစ်စပင် ရှိမနေလေခဲ့။
ရှီဟောင်ရဲ့ လက်ဝါးစွမ်းအင်တို့က မြေပြင်ကို ထိခတ်ကာ ထိုအားကြောင့် ကောင်းကင်ဘုံ တိုက်ပွဲနယ်မြေက ပျက်ဆီးတော့ မတတ် ရမ်းခါလာခဲ့ရပေသည်။ လူတိုင်း အလွန်အမင်း တုန်လှုပ်လာခဲ့ကြသည်။ သံတမန်ရဲ့ မျက်နှာပင် ပြောင်းလဲလာခဲ့သည်။
“ ဒီလူသားနှစ်ယောက်က တကယ့် ရှားပါးတဲ့ ပါရမီကို ပိုင်ထားကြတာပဲ .. ။ သူတို့က ကောင်းကင်ဘုံ တိုက်ပွဲနယ်မြေကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိတယ် .. ”
“ ညီငယ်လေး .. မင်းရဲ့ ဒီလောက်စွမ်းအားက မလုံလောက်သေးဘူးနော် .. မင်းရဲ့ မြန်နှုန်းကသ ိပ်နှေးနေတယ် .. ။ ဒီအကိုက သိပ် စိတ်မကျေနပ်ဘူး .. ”
ရှီရီက ခနဲ့သည်။
တဖန် နှစ်ဘက်လုံးက လေထဲ ခုန်တက်ပြန်ကာ ကြောက်မက်ဖွယ် တိုက်ပွဲက ဆက်လက် ဖြစ်ပွားလေတော့သည်။