သုခကမ္ဘာက ရှီဟောင် - Chapter- 553 နတ်မီးတောက်တွေ ကြားက အမျိုးသား
တိုက်ပွဲနယ်မြေရဲ.အပြင်ဘက်တွင် များပြားလှသည့် မီးခိုးရောင် မြူထုတွေ နဲ.သာ ပြည့်နှက်နေခဲ.သည်။ လေထု အပူချိန်က အလွန်အမင်းကို ကျဆင်းနေခဲ.ကာ ဖိအားကလည်း ပြင်းထန် နေခဲ.ရင်း သာမန်မဟုတ်သည့် အခြေအနေ ဖြစ်နေခဲ.၏။ အချိန်မရွေး တိုက်ပွဲက ဖြစ်ပွားလာတော.မလို ဖြစ်လာခဲ.၏။
ရှီဟောင် ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိ နေခဲ့၏။ သူ.ရဲ. ဝင်သက် ထွက်သက်ကလည်း မတည်မငြိမ် ဖြစ်နေခဲ.ပေသည်။ သူက လင်ထဲတွင် ကြေးနီရောင် စာအုပ် ၏ အပိုင်းအစ သုံးခုကို ကိုင်ထားခဲ့ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါ ပေါင်းများစွာကို ခံစားနေခဲ.ရပေသည်။ သူ.ရဲ. လက်ရှိ အခြေအနေ နဲ.တောင်မှ သူ က တိုက်ပွဲကို ပြင်ဆင်ထားခဲ.၏။
“ကျောက်တုံးကလန်က ညီအကို ၂ယောက်ရဲ.တိုက်ပွဲကတော. တကယ် အံ့သြစရာပါပဲ ၊ ဒီလို တိုက်ပွဲမျိုးကို ရှေးခေတ် အချိန်တုန်းက တောင်မှ မရှိခဲ.ဘူးဖူး ထင်တယ် ၊ နောင်နှစ် ရာပေါင်း များစွာ ကြာရင်တောင်မှ အားလုံးက အံ့သြနေရဦးမှာ အသေအချာပဲ ၊ ကြည့်ရတာ ဒီလူအိုကြီး ရဲ. စိတ်ကိုတော. ကျေနပ်သွားစေတာပါပဲ ၊ ငါ နှစ်ပေါင်းများစွာ ရှင်သန်ခဲ.တာ ဒီလို ပွဲ ကြီးပွဲကောင်း ကို မြင်တွေ. ရစေတယ်”
တိတ်ဆိတ်နေတဲ. ဝန်းကျင် လေထုကို တစ်စုံတစ်ယောက်က ဖြိုခွဲလိုက်သည်။
လူငယ် ၂ယောက် ရဲ. နာမည်တွေက သမိုင်းထဲသို. မှတ်တမ်းတင် ခံ လိုက်ရမှာ သေချာနေပေ၏ ။ ရှီရီက တိုက်ပွဲ၌ သတ်ဖြတ် ခံလိုက်ရပေ၏ ။ သူ.ရဲ. အောင်မြင်မှုက မထင်ရှားခဲ.ပေမယ်. တောက်ပကာ အံ့သြဖွယ်ကောင်းလွန်းတဲ. စွမ်းအားတွေကို တော. အားလုံး မျက်မြင်တွေ.ခဲ.ရပေသည်။
ညီငယ်လေး အတွက်ကတော. သက်ရှိ ထင်ရှား ရှိနေသေးသည့် ဒဏ္ဍာရီလာ နတ်ဘုရား တစ်ပါးအလား ဖြစ်တော.မည် ဖြစ်သည် ။ အနည်းဆုံးတော့ သူက လူတိုင်း၏ အရှေ.တွင် ရပ်နေ နိုင်စွမ်း ရှိနေသေး၏။ ပျက်သုန်းခြင်နယ်မြေ တစ်ခွင်တွင်တော. သူက ပြိုင်ဘက်ကင်း တဲ.စွမ်းရည်ကို ဖော်ထုတ်ပြသနိုင်တော.မည် ဖြစ်ပေသည်။
“ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရတဲ. ကောင်လေး အတွက်တော. ငါတော်တော်လေးကို နှမြော မိတယ် .. ၊ ဒီ ကျောက်တုံးကလန်က ညီငယ်လေးက ပျက်သုန်းခြင်နယ်မြေ တစ်ခုလုံးကို အပေါ်စီးကနေ ငုံ့ကြည့်နိုင်စွမ်း ရှိသွားပြီ .. ။
ဒါပေမယ့် သူ.ကို ကြီးပြင်းလာခွင်.တော. ပြုလို.တော မဖြစ်ဘူး .. “
တချို.လူတွေက လူအုပ် ထဲမှ နေ၍ တိုက်ပွဲကို သုံးသပ်ရင်း ပြင်းထန်နေတဲ. အခြေအနေကို ထင်မြင်ချက်တွေ ပေးနေသေးပေသည်။
“ရှေးခေတ် အချိန်တုန်း ကတောင်မှ လူအနည်းငယ် လောက်ကသာ ကောင်းကင် တိုက်ပွဲနယ်မြေ မှာ တိုက်ခိုက်ခွင့်ရခဲ. ကြပါတယ်၊ ပြီးတော. အခုလိုမျိုး အောင်မြင် မှုတွေ ရခဲ.ကြတာပဲ“
နောက်ထပ် လူတစ်ယောက် ကလည်း မှတ်ချက် ပေးပြန်သည်။ တဖြည်းဖြည်း နဲ. လေထုအခြေအနေက တင်းမာသထက် တင်းမာ သည့် အခြေအနေ သို. ဦးတည် နေတော.သည်။
ရှီဟောင်က တိတ်ဆိတ်စွာ မတ်တပ်ရပ်နေခဲ. ရာက သူ ကိုယ်သူ အချိန်တိုင်း ကုသရန် ပြင်ဆင်နေလေတော.သည်။ နတ်စွမ်းအင်တွေက သူ.ရဲ. ခန္ဓာကိုယ်ထဲရှိ နေရာတိုင်းတွင် ရှိ နေခဲ.သည်။ သူရဲ. ခန္ဓာကိုယ်က မီးပြင်းဖို အသေးစား တစ်ခုအလား ပြောင်းလဲ သွားပြီး စွမ်းအင် မြစ်တစ်ခုပြီး တစ်ခုဖြင့် လှည့်ပတ် ဝန်ရံနေတော.သည်။ လက်ရှိတွင် သူ.ရဲ.ခန္ဓာကိုယ် တစ်ခုလုံး က အလွန်အမင်းတောက်ပနေခဲ.၏။
သူက ထာဝရ နတ်မီးပြင်းဖို တစ်ခုအလား ထင်ရလေတော.ကာ မျက်စိကြိမ်းမတက် တောက်ပ လွန်းသည့် ရွှေရောင်အလင်း ကို ထုတ်လွှတ်နေတော.သည်။ ထိုအလင်းရောင်တွေက နတ်စွမ်းအင် တွေ ဖြစ်၏။ လူသားခန္ဓာကိုယ်မှ တက်နိုင်သည့် အကန့်အသတ် ထက် သာလွန်သည့်အနေအထားထိ ထုတ်ဖော်နိုင်စွမ်း ရှိနေပေသည်။
သူက ဘယ်လို အခြေအနေမှာ ရှိနေပါစေ လက်ရှိ အခြေအနေတွင် ရန်သူပေါင်း များစွာနှင့် ရင်ဆိုင် ရနိုင်သည်မို. သူ.ကိုယ်သူ သာ အားကိုးရနိုင်ပါသည်။ အခြားလူတွေ အပေါ် ယုံကြည်ရန်ကတော. မဖြစ်နိုင်ပါချေ။
“ဟုန်း…”
ရုတ်တရက် နတ်မီးတောက်တွေက တောက်ပ လာခဲ.၏။ ကောင်းကင်ကို ဖြတ်သန်းရင်း ကောင်းကင်ဘုံ အထိ ထိုးတက်သွားတော.မလား ထင်ရပေသည်။ ကောင်းကင် တစ်ခွင်လုံးက တောက်ပ လာခဲ့ပြီး ခမ်းနားသည့် အလင်းရောင်တို.ကို ထုတ်ဖော်ပေးလာခဲ.သည်။ နေ၊ လ နဲ.ကြယ် တွေတောင်မှ မှေးမှိန်ဖြော.တော့ သွားရ၏။
ဒါက ဘာလဲ ။
လူတိုင်းက သံသယ ဝင်လာကြရသည်။ စွမ်းအားကြီးမားလှကာ ပြင်းထန်ကြောက်မက်ဖွယ် ကောင်းလွန်းသည့် အလင်းရောင်တွေ မဟုတ် လား… လူတိုင်းရဲ. ဆံပင်မွေးတွေတောင်မှ ထောင် ထ,တော. မတက် ကြောက်လန့်သွားရသည်။ သူတို.ရဲ. ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီ သွားကြရ၏။
“ဒါက ဒီနှစ်တွေမှာ လွှမ်းမိုး နိုင်စွမ်း အပြင်းထန်ဆုံးလို. ခေါ်နေကြတဲ. နတ်ဘုရားအဆင့် မဟုတ်လား ၊ ဒါမျိုးက နတ်ဘုရားအဆင်. စွမ်းအား ပါ ၊ကြည့်ရတာ ဒါက စွမ်းအား အမြင့်ဆုံး ထုတ်ထားတောင် မဟုတ်လောက်သေးဘူး ၊
ဒါပေမယ်. ဒီလောက် စွမ်းအား နဲ.တင် ရှီဟောင် ကို တိုက်ခိုက်ဖို. လုံလောက်နေပြီ ထင်တယ်”
လူအုပ်ထဲမှ တစ်ယောက်က အရင်ဆုံး ထင်မြင်ချက်ကို ပြောပြလိုက်ခဲ.သည်။
“ဒီလူက ဘယ်သူလဲ ။”
ပြင်းထန်သည့်စွမ်အား တွေက သူရပ်နေသည့် အနားသို. ပေါင်းစပ်ထွန်းတောက် လာနေခဲ့၏။ အနားရှိ လူတိုင်းကို သေလုအောင် ခြောက်လန့် ထားသည့် စိတ်ကို ဖြစ်လာစေခဲ.သည်။ ထိုကဲ.သို.သော သူမျိုးက ရှေးခေတ်မှာ တောင်မှ စွမ်းအားအကြီးဆုံး ကြောက်မက်ဖွယ် သားရဲ တွေ ကို ရင်ဆိုင်နိုင်တဲ. သူတွေတွင်သာ ရှိတက်လေ၏။
ထိုသည်ကို ကြားကြသည်. လူတိုင်း ကောင်းကင် တိုက်ပွဲ နယ်မြေအတွင်းက ရှီဟောင် အနားတွင် ပေါ်လာသည်. လူတစ်ယောက်ကို တွေ.လိုက် ကြရတော.သည်။ သူတို.အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြရ၏။ မဆုံး နိုင်တဲ. နတ်မီးတောက် တွေက ထိုလူအား ဝန်ရံနေခဲ.ကာ စက်ဝိုင်းတစ်ခုလိုမျိုး သူ.ကိုယ်အား လှည့်ပတ် ဝန်းရံ နေခဲ.လေသည်။ ထိုလူက ချက်ချင်း လက်ကို ဆန်.ထုတ်လိုက်သည်။ ထိုလက်က ရှီဟောင် ရှိရာ နေရာသို. ဦးတည်လာ၏။ ထိုလက်က ရွှေရောင်တုတ်ချောင်း ကြီးအလား ထင်ရစေပြီး ရန်သူအားလုံးကို သိမ်ကြုံး ခုတ်ပိုင်း ပစ်တော.မည်လို. ထင်မြင်လာရ၏။
ထိုလက်မှ ထွက်သည့် ဖိအား အရှိန်အဝါ က အလွန်အမင်းကို လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းလှသည်။ လူတိုင်းအား ထိတ်လန့်တကြား ဖြစ်စေလေတော.၏။ ထိုဟာက အလွန်အမင်းကို လွှမ်းမိုး နိုင်စွမ်း ပြင်းထန်လွန်းလှသလို ကြည့်ရှု သူတွေကိုတောင်မှ ခန္ဓာကိုယ် တွေ အက်ကွဲထွက်တော.မတက် ထင်ရစေ၏။
ရှီဟောင် တောင် မျက်မှောင် ကြုံလိုက်မိသည်။ တစ်ဖက်ရဲ. လက်ကို ကြည့်ရင်း သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ သူကတော. လက်ဝါးဖြစ်ကာ ခပ်မြန်မြန် လည်ပတ်နေခဲ.သည်။ ကြေးနီရောင် မီးပြင်းဖို တစ်ခုကို လက်ပေါ်တွင် ပေါ်လာစေလိုက်သည်။ ထိုအရာကို မျက်စိကြိမ်းမတက် တောက်ပသည့် သင်္ကေတ တို.ဖြင့် တဖျတ်ဖျတ် လတ်နေခဲ့ပြီး ရန်သူအားလုံးကို သန်.စင်နိုင်စွမ်း ရှိပုံရပေသည်။
မြင်ကွင်းက အားလုံးကို လေအေးတွေ ရှရှိူက်မိတော.မတက် ဖြစ်လာစေ၏။ နောက်ထပ် တိုက်ပွဲ ကြီးကတော. ဖြစ်လာပေတော.မည်။ ရှီဟောင်က အဆိုးဝါးဆုံး အခြေအနေ တွင် ရှီနေခဲ.သလို တစ်ဖက် ပြိုင်ဘက်က ရှီရီထက် မြင့်တဲ.အခြေအနေတွင် ရှိနေခဲ.သည်။ တိုက်ပွဲကတော. ထိတ်လန့်ဖွယ်ကောင်းနေပေ၏။
“ဟုန်း….”
ဖိအားတွေက မဆုံးနိုင်တဲ. ပင်လယ်ပြင်လိုမျိုး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ.ပြန်သည်။ ကောင်းကင် တိုက်ပွဲ နယ်မြေတစ်ခုလုံး တုန်ခါလာခဲ.ကာ ငလျင်လှုပ်သည့်အလား ထင်ရလာစေ၏ ။ ကောင်းကင်မှ အားလှိုင်းတွေကြောင့် ကျောက်တုံးကြီးတွေက ပြုတ်ကျတော.မလို ခုန်လှုပ်လာခဲ.ပေသည်။ သို.ရာတွင် ၂ယောက်ရဲ. လက်နှစ်ဖက် မဆုံ တွေ.ခင်မှာပင် လျို.ဝှက် ဆန်းကြယ်တဲ. အမျိုးသား က သူ.ရဲ.လက်ကို ဘေးသို. ရှောင်လိုက်သည်။ သူ.ရဲ.မျက်လုံးကတော. နတ်အလင်းတွေ ထွက်နေ၏ ။ ထိုဟာက ကြောက်ရွံ.လို. လုပ်သည် ထက် ပျော်စရာကို ရှာ တွေ.ခြင်သည့် ဟန်ဖြင့် တူနေပေသည်။ သူက တစ်ဖက်လူ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေချိန်တွင် မတိုက်ခိုက်ခြင်ပေ။ သူ.တွင် အလွန်အမင်း ဂုဏ်မောက်မာသည့် အကျင့်ရှိသည်။ ထို့ကြောင်.သူက ခေါင်းညိတ်ရင်းသာ ပြောလိုက်၏ ။
“မဆိုးပါဘူး…”
ဘာကို ဆိုလိုတာလဲ ၊ ဘယ်သူက မှ နားမလည်နိုင်ကြပေ။
“မင်းငါ.နောက်လိုက် လုပ်မလား”
တစ်ဖတ်သူက ထိုစကားတို.ကိုသာ ပြောလာခဲ.သည်။ ၄င်းက အလွန်အမင်းကို ရိုင်းစိုင်းသည့် ဟန်နဲ.တူသည်။ အကြောင်းက သားကောင်ကို ချောင်ပိတ် ရင်း ပျော်ရွင်မှုကို ရှာနေသလိုမျိုး ဖြစ်နေခဲ.ပေသည်။
လူတိုင်းကတော. အံ့သြ ကြရပေသည်။ အထူးသဖြင့် အစွမ်းထက်ဆုံး ကျွမ်းကျင် ပညာရှင် တွေ ဖြစ်ပေ၏။ သူတို. ခပ်ငြိမ်ငြိမ် မထိုင်နိုင်ကြပေ။ ရှီဟောင်၏ ခန္ဓာကိုယ် တွင် ကြေးနီရောင် အပိုင်းအစ ရှစ်ခု ရှိနေခဲ.သည်။ ၄င်းက နတ်ရတနာလို. ခေါ်ဆိုထိုက်သည့် အဆင့်သို. ရောက်နေခဲ.ပြီ ဖြစ်၏။ နောက်ထပ် ၃ပိုင်း ရသည့်အခါ ရှေးဟောင်း အစွမ်းထက်ဆုံး သိုင်းကျမ်းကို ရရှိတော.မည် ဖြစ်ပေသည်။ ဒီလို အချိန် မျိုးမှာ အခြားသူကို လက်ဦးသွားမှာမျိုးကို ဘယ်သူကမှ ခွင့်မပြုနိုင်ချေ။
“ဒါက ဘာလဲ ။ ငါက ဘာလို. မင်းရဲ. နောက်လိုက် လုပ်ရမှာလဲ”
ရှီဟောင်က စိတ်ဆိုးစွာ မေးလိုက်၏ ။
“ငါ.ရဲ.နောက်လိုက်လုပ် ဒါဆိုရင် ကျယ်ပြန်.တဲ.ကောင်းကင်ကြီးကို မင်းမြင်နိုင်လာလိမ့်မယ် “
ထိုအမျိုးသားက ထိုသို.သာ ပြောလေသည်။ တစ်ချိန်တည်း တွင်ပင် ပြင်းထန်လှသည့် အားလှိုင်းတွေက အရပ်မျက်နှာ တိုင်ူသို. ပျံ.နှံ.သွားလေခဲ.သည်။
ထိုအခု လူသား ပုံရိပ်တစ်ခု ပေါ်လာ လေတော.သည်။ သို.သော် သွေးစွမ်းအင်တွေနဲ. နတ်စွမ်းအင် တို. ပေါင်းစပ်ကာ ဖြစ်တည် နေတဲ. ထို လူ၏ အရှိန်အဝါ က မိစ္ဆာနတ်ဘုရား တစ်ပါး အလား ထင်ရစေတော.သည်။ လူတိုင်း က ကြီးစွာသော ဖိအားတို.ကို ခံစားလိုက်ကြရ၏။ ကျောက်တုံး ညီအကို တို.၏ တိုက်ပွဲက ပြီးဆုံးသည့်အချိန်တွင် ထိုလူက ရုတ်တရက် ပေါ်လာခဲ့ပြီး ထိုစကားတို.ကို ပြောလာခဲ.သည်။ သိသာစွာပင် ၄င်းက ရုတ်တရက် ဆန်လွန်းနေခဲ.၏။ တိုက်ဆိုင်မှုတော. ဖြစ်ဟန် မတူပေ။
ရှီဟောင်၏ မျက်နှာကတော. အေးစက် ခက်ထန်သွား ခဲ.သည်။ သူက တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ.သည် မဟုတ်လား။
“ဒီဘဝမှာ ငါစိတ်ဝင်စားတာ အကြောင်း နှစ်ခုပဲ ရှိတယ်၊
တစ်ခုက လောကရဲ. ပြိုင်ဘက်ကင်း အလှလေးတွေ ကို စုဆောင်းရတာ ပဲ ၊ နောက်တစ်ခုကတော. လောက က လူတွေ လူသိများ ထင်ရှားတဲ. အဖိုးတန် သိုင်းတွေကို စုဆောင်းရတာပဲ “
နတ်မီးတောက် တွေနဲ. တောက်လောင် နေခဲ.တဲ. ထိုလူက ထိုသို.သာ ပြောလာခဲ.သည်။ သူက အရာအားလုံး ကို အထင်တသေး ငုံ့ကြည့်နိုင်စွမ်း ရှိနေပုံရ၏။
ဘာကြောင့်ရယ်မသိ ရှီဟောင် တုန်ရီလာခဲ.ရသည်။ တစ်ဖက်လူ ရဲ. မျက်ဝန်း တွေကတောက်လောင်နေ ခဲ.သည်။ သူ.အား စူးစိုက်ကြည့်နေသည်မှာ ရတနာတစ်စုံကို တွေ.နေရသည့်အလားပါပဲ ။ တစ်ဖက်သူက ကြေးနီရောင် အဖိုးတန် စာအုပ် နဲ. ခွန်ပန် အဖိုးတန် သိုင်းကို စိတ်ဝင် စားနေကြောင်း သူ သိလိုက်ရလေတော.သည်။