သုခကမ္ဘာက ရှီဟောင် - Chapter - 556 သူတော်စင်ဓား
ရှီဟောင်က သူ့နူတ်ခမ်းထောင့်က သွေးတွေကို သုတ်လိုက်ရင်း သူတော်စင် လက်နက် ပေါ်တွင် ရပ်နေခဲ့သည်။ ဒါက အတုအယောင် မဟုတ်ပေ။ သူက သူ့ရဲ့ ပြိုင်ဘက်တွေကို အပြတ်မဖြတ် နိုင်တာမဟုတ်လေပဲ သူ့ရဲ့ ဒဏ်ရာတွေက သာ များပြားနေခဲ့ခြင်း ဖြစ်သည်။
သူနဲ့ ရှီရီ နဲ့တိုက်ပွဲက ကိုယ်တွင်း အစိတ်အပိုင်းအားလုံးနီးပါး ပျက်ဆီးတော့မတက် ဖြစ်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့ခြင်း ဖြစ်ပေသည်။ နတ်မျက်လုံး ကို ပိုင်ဆိုင် ထားတဲ့ သူတိုင်းက တစ်ကယ် ကိုပင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။ ထိုသူ နဲ့ တိုက်ခိုက် ခဲ့တဲ့ သူ့ရဲ့ တိုက်ပွဲ က ရှီဟောင် နိုင်ခဲ့ပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တာတော့ အမှန်ဖြစ်သည်။
ထိုဒဏ်ရာတွေ က သူ့ရဲ့ပြိုင်ဘက်တွေကို တိုက်ခိုက် ဖို့ လုံလောက် နိုင်ပေမယ့် အပြတ်ရှင်း နိုင်ဖို့ အထိတော့ မဖြစ်နိုင်သေးပေ။ စွမ်းအား တွေများစွာ ထပ်ထုတ်သည့် အခိုက် သူ့ရဲ့ ဒဏ်ရာတွေက ပိုလို့သာ များပြားလာပေသည်။ သူ့ရဲ့ ရင်ဘတ်တွင် ပွင့်ထွက်နေသည့် အပေါက်ကြီး တစ်ပေါက် က ရှိနေသေးသည်။ သူ့ရဲ့ အရိုးတွေကလည်း ထိုနေရာ တစ်ဝှိက်တွင် ကျိုးပဲ့ နေခဲ့ပေ၏။
နတ်ဘုရား အရိုးက ပြန်လည်မွေးဖွားလာ တဲ့အခါ သူ့ရဲ့ ပြိုင်ဘက်ကို သတ်ဖြတ်သည့်အချိန် တွင် ကူညီပေးခဲ့သည်။ သို့ရာတွင် သူ့ရဲ့ ခန္ဓာကိုယ် ကိုလည်း ထိခိုက်စေခဲ့၏။ စစ်မှန်သည့် အရိုးက ကြီးထွား လာခြင်း မရှိသေးပေ။ သူလည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးချေ။ ထို့ကြောင့် အခုလို မျိုး ကြောက်မက်ဖွယ် ရလာဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရှီဟောင် မျက်မှောင်ကျုံ့ နေခဲ့၏။ သူ တစ်ကယ့်လောက ကို သွားချင်တယ် ဆိုလျှင်သေချာပေါက် ဒီလူတွေ ထံမှ အရင် လွတ်မြောက် ဖို့ လိုသည်။ ဒီလူအုပ်ကို ဖြတ်သွားဖို့ကတော့ ခက်ခဲ နေသေးသည်။
သူ့ရဲ့ လမ်းကြောင်း တစ်လျှောက် တွင် အသင့်ပြင်ထားခဲ့သည့် လူများကို သူ ခံစားမိလိုက်သည်။ ထို လူများထဲတွင် အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင် များလည်း ပါဝင်ခဲ့ကာ တစ်ဖွဲ့တည်း မဟုတ်ခဲ့ပေ။ သေချာပေါက် သူဒီနေရာကနေ ထွက်သွားမည် ဆိုလျှင် သွေးလွှမ်းတိုက်ပွဲ များကို ဆင်နွဲရမှာ အသေအချာပင် ။
ရွှေရောင် ပင့်ကူ ကြီး ကို သတ်ဖြတ်ပြီးသည့်နောက် သူ့ရဲ့ ကိုယ်ထဲတွင် စီးဆင်းနေသည့် ပင်လယ်တမျှ များပြားသည့် နတ်စွမ်းအင် တို့ကို ခံစားနေရသည်။ ထိုစွမ်းအင် တို့က သူ့ရဲ့ ခန္ဓာကိုယ် ကို အလွန်လျင်မြန်သော နူန်းဖြင့်ကုသပေးနေခဲ့ သည်။ နတ်မျက်လုံး နှစ်သွယ်၏ ပြန်လည် ကုစားခြင်းနည်းက ကောင်းကင် ကိုတောင် အန်တု နိုင်လောက်ဖွယ် မကောင်းသော်လည်း အလွန့်မြင့်မားတဲ့ ကုသနိုင်စွမ်း တော့ ဖြစ်နေသည်။ သူကသာ အလျင်အမြန် သက်သာချင်သည် ဆိုပါက အသားတွေကို အရင်ဆုံး ပျောက်ကင်းအောင် လုပ်ရမည့်အပြင် အချိန်ကလည်း လိုအပ်နေသေးသည်။ သူ့ရဲ့ ကိုယ်ပိုင် အခြေခံ အုတ်မြစ် စွမ်းအားနဲ့ နှေးကွေးစွာသာ ဒဏ်ရာ တွေကို ဖာထေးရမှာ ဖြစ်ပေသည်။ သို့မှသာ သူ့ရဲ့ အကောင်းဆုံး အခြေအနေကို ပြန်လည်း ရောင်ရှိနိုင်မှာ ဖြစ်ပေ၏။
ကောင်းကင် တွင် တိုက်ပွဲ တစ်ပွဲ က ဖြစ်နေဆဲပင်။ နတ်သမီး ရွှီချန်း နဲ့ မီးတောက် တွေဝန်းရံနေသည့် ထိုအမျိုးသား တို့က ကြောက်မက်ဖွယ် ကောင်းသည့် ဖျက်ဆီးအားတို့ ကို ထုတ်ဖော် ထားခဲ့သည်။ သူတို့က ဒီနေရာအား ကြိမ်ဖန်များစွာ ဖျက်ဆီး နေခဲ့လေ၏။ ထိုနယ်မြေရဲ့ လောက ၏ စည်းမျဉ်း နိယာမ တွေကိုတောင်မှ ဖျက်ဆီး နိုင်စွမ်း ရှိနေပုံရပေသည်။
သံတမာန်က မျက်နှာ အမူအရာ က ပြောင်းလဲ နေခဲ့သည်။ ဒါက ကွက်လပ် နတ်ဘုရား နယ်မြေကိုတောင် အန္တရယ် ဖြစ်စေနိုင် ၏။ ဒီအဆင့် တွေ ရှိသည့် သဘာဝရဲ့ နိယာမ စွမ်းအားတွေက မဆိုင်သလို ဖြစ်လာခဲ့သည်။
အတိတ်တွင် ကျောက်တုံး ညီအကိုနှစ်ယောက် က ဖျက်ဆီးခြင်း စွမ်အားတွေ ကို ထုတ်ဖော် ခဲ့လေရာ ထိုသူတို့ကို ကောင်းကင် တိုက်ပွဲ နယ်မြေတွင် တိုက်ခိုက် ရန်အတွက် ကန့်သတ် ခဲ့ရသည်။
လက်ရှိတွင် တော့ သံတမာန်က ထို သူတို့ကို ရပ်စေခြင်ရင်တောင်မှ သူကိုယ့်သူ ပြန်ထိန်းဖို့ လိုအပ်နေပေသေးသည်။ အကြောင်း ကတော့ လက်ရှိ သူတို့ ရှိနေသည်က ကောင်းကင်တိုက်ပွဲ နယ်မြေလို ဖြစ်နေသောကြောင့် ဖြစ်သည်။ ကောင်းကင်တိုက်ပွဲ နယ်မြေ ပျက်ဆီးမည်ဖြစ်၍ အခြား နောက်ထပ်နေရာ ရွှေ.လို အဆင်မပြေနိုင်ပေ။ အောင်နိုင်သူ မကြာမီ ထွက်လာဖို့ မျှော်လင့်နေမိသည်။
သိပ်မကြာခင် အချိန်တွင်ပဲ ကြောက်လန့် မှု အနည်းငယ် ကို သူခံစား ရလာလေတော့သည်။ ကျောက်တုံး ညီအကို က အမှန်တကယ် ကို အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ အလားတူပင် ထိုနှစ်ယောက် လည်း ထိုသို့ ဖြစ်နေခဲ့၏။ ထိုနှစ်ယောက် ၏ တိုက်ပွဲ က အသက်ရှုသံ မရပ်နိုင်လောက်အောင် မှင်သက် ဖွာ် ဖြစ်နေခဲ့ပေသည်။ ရှေးခေတ် တွင် အောင်နိုင်မှု သရဖူ ဆောင်းနိုင် ခဲ့သူတွေ တောင်မှ အခုလောက် ထိ လုပ်ဆောင်နိုင်မည် မထင်ပေ။
ရှီဟောင်က ရှန်းနီ အဖိုးတန် မှန်ပေါ်တွင် ရပ်နေခဲ့ရင်း ဖြည့်ညှင်းစွာ လှုပ်ရှား လိုက်သည်။ သူက ဂရုတစို က်နဲ့ ထွက်ခွာရာ လမ်းကြောင်း ကိုမြင်သည်။
ချိ..
လူအုပ်ထဲမှ အစိမ်းရောင် အလင်းမျှင် တစ်ခု ထွက်လာ ခဲ့ကာ ကြီးမား လှသည့် သက်ေတ ကြီးက ဆင်းသက်လာခဲ့သည်။ သိပ်သည်းလှကာ ဝေ.ဝါးနေသည့် အလင်းတို့ကို လွင့်ထုတ်နေရင်း ပြင်းထန် တဲ့ဖိအားကို ထုတ်ဖော်လာခဲ့၏။
ရှီဟောင် သက်ပြင်း ချလိုက်ရသည်။ ထို အစိမ်းရောင် အလင်းတွေက တဟုန်းဟုန်း မြည်သံတွေ နဲ့အတူ ရှီဟောင် ပုံရိပ် ကိုးခုကို ပေါ်ထွက်လာ စေခဲ့သည်။
ခြိမ်း ခနဲ မြည်သံနဲ့အတူ မိုးကြိုးပစ်သံတွေကို ကြားလိုက်ရကာ လှောင်ချိုင့်လို အရာမျိုးကို ဖန်ဆင်းလေတော့သည်။ ထို လှောင် ချိုင့် ကို မကြာခင်က ထွက်ပေါ်လာခဲ့သည့် တဖျက်ဖျက် လက် နေတဲ့ ပုံရိပ်ကိုးခုက အားဖြည့်ကာ ဖန်ဆင်း ခဲ့ခြင်းဖြစ်ပါသည်။
ကံဆိုးတာကတော့ လက်ရှိတွင် လူပေါင်းများစွာ ရှိနေခဲ့ကာ ဘယ်သူက ထို အဖိုးတန့် သိုင်းကို ထုတ်ဖော် လိုက်တယ်ဆိုတာ မသိနိုင်ပေ။ ကျွမ်းကျင်ပညာရှင် ဆိုတာကတော့ သေချာနေသလို ထိုကဲ့သို့သော စွမ်းရည် မျိုးကို သာမန်လူများ အနေဖြင့် မဖမ်းဆုပ်နိုင်ပေ။
ရှီဟောင်က လက်ဝါးကို ဖြန့်လိုက်သည်။ ကြယ်တွေက လက်ဝါးရဲ့ အလယ်တွင် တခါပြီး တစ်ခု ပေါ်လာခဲ့ကာ စကြာဝဠာကြီး တစ်ခုကို ဖန်ဆင်းတော့မည် အလား ထင်ရပေသည်။ စက်ဝိုင်းခြမ်းလိုမျိုး လခြမ်းကွေးမှ အလင်းတွေ ထွက်နေခဲ့၏။ မျက်စိကျိန်းမတက်တောက်ပ နေသော အလင်းရောင် တို့ကို ထုတ်ဖော် ရင်း အံ့အားသင့်ဖွယ် မြင်ကွင်း ကို မြင်ရလေတော့သည်။
သူ့ရဲ့လက်ကို ပြန်လှန်လိုက်သည့်နောက် လောကတခုလုံးက လှုပ်ခါသွားခဲ့ကာ တစ်ဖက်ရှိ ပုံရိပ် ကိုးခုကို လွှမ်းခြုံ သွားလေတော့သည်။ စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့တကဒ့ အခါ `ဟုန်း´ခနဲ မြည်သံ နဲ့ အတူ လျှပ်စီး တွေ လက်ခနဲ ဖြစ်ကာ မိုးခြိမ်းသံ က ခြိမ်း ခနဲမြည်ရင်း ကောင်းကင်က လှုပ်ခါ သွားခဲ့ရသည်။ ကြယ်တွေ အားလုံးက လျှပ်စီး တွေနဲ့ ချိတ် ဆက် သွားသည် နဲ. ထင်ရပေသည်။ ထို စွမ်းအင် တွေကတစ်ဖက်ရှိ ပုံရိပ် ကိုးခုကို ဖျက်ဆီး မည် ပြင်တော့၏။ ထို့အပြင် စတင် ထွက်ပေါ်ခဲ.သည် သက်ေတကလည်း တိုက်ခိုက်ချက်က
“ခင်ဗျား လှုပ်ရှားချင်ရင် ဘာလို့ အပြင်ကို ထွက်လာပြီး မတိုက်လဲ .. ၊ အခုလိုမျိုး ချောင်းတိုက်နေရတာလား .. ”
ရှီဟောင်က နှာခေါင်းရှုံလိုက်သည်။ အစိမ်းရောင် သင်္ကေတ က သူ့ရဲ့လက်ထဲတွင် ရောက်နေခံပြီ ဖြစ်ကာ တဖျက်ဖျက် လက်နေခဲ့သည်။
လူတိုင်း မှင်သက်သွားကြရ၏။ ရှီဟောင် ဘယ်လို သိုင်းပညာ ကို ထုတ်သုံး လိုက်မှန်း ဘယ်သူမှ မသိလိုက်ကြပေ။ ဒီကလေးက တစ်ကယ့်ကို ပြိုင်ဘက်ကင်း တည်ရှိမှု မျိုးကို ပိုင်ဆိုင် ထားလေသည်။ တစ်ဖက်လူရဲ့ သင်္ကေတ ကိုတောင်မှ အလွယ်တကူ ယူနိုင်ခဲ့မယ်။
လူတိုင်း စိတ်ထဲမှာ သက်ပြင်း ချနေခဲ့သည်။ သူတို့တွေ မလှုပ်ရှားမိခင် သေချာ တွေးတောဖို့ လိုအပ်ပုံ ရပေသည်။
ရှီဟောင် ကသူ့ရဲ့ ပြိုင်ဘက် ပုန်းနေတာကို ဂရုမစိုက် ပေ။ သူ့အတွက်အရေးကြီးဆုံး ကတော့ ခပ်မြန်မြန် ထွက်သွားစေလိုသည်။ သို့ရာတွင် သူ့ရဲ့ လမ်းကြောင်း ကတော့ အမှန်တကယ် ကိုပင် အန္တရယ် များမှာတော့ သေချာနေခဲ့သည်။ သူ နည်းနည်းလေး လှုပ်ရှား လိုက်တာနဲ့ အဖိုးတန် လက်နက်တွေက တစ်ခုပြီး တစ်ခု ထွက် လာကာ သူအားတိုက်ခိုက် မည် ကြံနေကြသည်။
ရုတ်တရက် ရှေးဟောင်း ရွှေရောင် ပုံရိပ် ၆ခု ဝန်းရံထားသည့် သားရဲ သားရေတစ်ခု ထွက်ပေါ်လာသည် ။ တခြိမ်းခြိမ်း မည်သံတွေ နဲ့ အတူ မျက်စိ ကျိန်းမတက် တောက်ပသည့် အလင်း ထွက်ပေါ်လာခဲ့သည်။ ထိုသားရဲ သားရေ အရောင်က ထိုင်းမှိုင်း သလို ထင်ရပေမယ့် အပေါ်ဖက် တွေကတော့ အလွန်တောက်ပနေခဲ့ပြီး ရှေးဟောင်း ပုံရိပ် ၆ခု ရှိနေခဲ့ပေသည်။ ထိုအရာတွေ အားလုံး က နေအသေးစား အလားထင်ရကာ ပွင့်ထွက်နေခဲ့၏။ ဓားသံတွေကလည်း ဆူညံ့စွာ ထွက်ပေါ်နေခဲ့လေသည်။
“သူတော်စင် ရဲ့ ဓားစွမ်းအားပဲ .. “
တစ်စုံတစ်ယောက်က အလန့်တကြား အော်လိုက်တဲ့ အခါ မှာတော့ လူတိုင်း ရဲ့ အမူအရာကလည်း လိုက်ပါ ပြောင်းလဲရသည်။
ထိုသားရဲ သားရေ အပိုင်းအစ က ရှေးဟောင်း သူတော်စင် တစ်ပါး ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။ ဓားစွမ်းအင် တွေက ထိုအပေါ်တွင် ရွေးထုထားပုံရကာ များစွာသော စွမ်းအားတို့ကို ထုတ်ဖော်နိုင်စွမ်း ရပေသည်။ တစ်ချိန်တည်း မှာပင် တားမြစ်သတ်ဖြတ်ခြင်း လက်နက် ဖြစ်နေခဲ့ပေ၏။
ထိုသားရဲသားရေ ကို မျိုးဆက် အဆက်ဆက် ကျန်ရစ်ခဲ့ ခြင်းဖြစ်ကာ ပင်ကိုယ်အားဖြင့် ကြောက်မက်ဖွယ် ဓားစွမ်းအင် တို့ကို လေ့လာပြီး ထိုက်တန်သူတွေသာ ပိုင်ဆိုင်တတ်ကြပေသည်။ လေ့လာသုံးသပ်ချက်တွေအရ သူတို့ကို တိုးတက်အောင် လုပ်ချင်ပါက သူတော်စင်ရဲ့ တာအို သိုင်းပညာကို တက်အောင် လုပ်ရမည် ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် ထိုသည်က အဖိုးတန်လက်နက် လည်း ဖြစ်နေခဲ့ပေ၏။ ရန်သူနဲ့ ရင်ဆိုင် ရာတွင် အသုံးပြု နိုင်သလို သူတော်စင်ဓား ရဲ့ စွမ်းအား ကိုလည်း ထုတ်ဖော် နိုင်စွမ်းရှိလေသည်။ သိသာစွာပင် ထိုတားမြစ် အဖိုးတန် လက်နက် က ပြင်းထန်တဲ့ ဖျက်ဆီးအားတွေကိုလည်း ထုတ်ဖော်နိုင်လေသည်။
သို့ရာတွင် ထိုသည်က တိုက်ခိုက်ရေး လက်နက်တစ်ခု အဖြစ် အသုံးပြု လိုက်တဲ့အခါ ဓားစွမ်းအင် တွေ က မိမိ၏ စွမ်းအင် ပေါင်းများစွာကို စုပ်ယူမည် ဖြစ်ပြီး တန်ပြန်သက်ရောက်မှုကိုလည်း ခံရနိုင်ပေသည်။ သို့သော် ထိုသည် ကလည်း ထိုဓားအပေါ် နားလည် သဘောပေါက်မှု အပေါ် မူတည်နေပြန်၏။
ဘယ်သူကမှ ရုတ်တရက် လူတစ်ယောက်က သူတော်စင်ဓား စွမ်းအင် ထုတ်ဖော်ကာ ရှေးဟောင်းသားရဲသားရေ ကို ဆွဲ ထုတ် လိုက်မယ်လို့ မထင်ထားကြပေ။ ဒါက တကယ်ကို လွမ်းမိုးနိုင်စွမ်း ကြီးမားလွန်းတဲ့ စွမ်းအား ကို ထုတ်ဖော် ပြသလိုက်ခြင်းဖြစ်သည်။ ထိုသားရဲ သားရေက သာမန် သားရဲ လက်နက် မဟုတ်ပေ။ ရှေးဟောင်းသူတော်စင် ထံမှ ရိုတ်ချက် တစ်ချက်နဲ့ ညီမျှပေသည်။
ပင်ကိုယ်အားဖြင့် ရှီဟောင်က ကွက်လပ်နတ်ဘုရား နယ်မြေက သာမာန် အရာတွေကို မကြောက်လန့်ပေ။ သူက ဒီနေရာတွင် ပြိုင်ဘက်ကင်း ပေ၏။ သို့သော် လက်ရှိ တွင် သူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေခဲ့ လေတော့ အခြေအနေ က ကွဲ ပြား သွားနိုင်သည်။
ရှေးဟောင်း သူတော်စင် တွေက တောင်တွေကို ရွှေ.ကာ၊ ပင်လယ်တွေကိုတောင်မှ ခမ်းခြောက်အောင် လုပ်နိုင် သည်အထိ အစွမ်းကြီးလှသည်။ ထိုသူတို့က အကန့်အသတ် ကိုတောင်မှ ကျော်ဖြတ်နိုင်စွမ်း ရှိကြကာ သူတော်စင် တွေရဲ့ ကူညီဖေးမ မှုတွေဖြင့် သိပ်ကို ထင်ရှား ကျော်ကြားသူများ ရှိကြပေသည်။ သားရဲ သားရေ ပေါ်ကို သက်ေတ တွေ ထွင်းထု ထားခဲ့ကာ ပုံရိပ် ၆ခုက ဂါထာ တစ်ပုဒ် ကို ရွတ်ဆို နေပေသည်။
သိပ်မကြာခင် အချိန်တွင် ပင် ဆုဒြာရဲ့ ရွတ်ဆိုမှုကို ကြားလိုက်ရကာ မျက်စိ ကျိန်းမတက် တောက်ပသည့် ဓားအလင်းက ခုတ်ချလိုက်လေတော့သည်။ လူတိုင်း ကြက်သီးမွေးညှင်းတွေ ထကုန်၏။ ထိုခုတ်ချက်က မယုံနိုင်လောက်အောင် ရှေးဟောင်း စွမ်းအင် တွေကို သယ်ဆောင်ထားခဲ့သည်။ ထိုစွမ်းအားက မဟာမူလဖြစ်တည်မှု တစ်ယောက်တောင် မထုတ်ဖော်နိုင်သည့် စွမ်းအားတို့ကို သယ်ဆောင်ထားပေသည်။
ဓားကလေထဲတွင် လှုက်ရမ်းနေခဲ့ကာ လောက တစ်ခုလုံး မှာ ရောင်ဝါကင်းမဲ့ ရလေသည်။ နေ နဲ့လ က မှေးမှိန်ကာ နတ်ဘုရား နှင့် နတ်ဆိုး တို့ အော်မြည်သံက ပဲ့တင်ထပ်တော့သည်။
ရှီဟောင်က လက်တစ်ဖက်မြှောက် ကာ သွေးနီရောင် မီးတောက် တွေကို တိုးမြှင့် လာစေလိုက်သည်။ ရှေးဟောင်း သွေးနီရောင်နတ်ငှက် ရဲ့ လေးရောင်ခြယ် အကာအကွယ် က အသက်ဝင်လာကာ သူ့ တစ်ကိုယ်လုံး အား တင်းကြပ်စွာ ကာကွယ်လိုက်တော့သည်။ လောက တစ်ခုလုံးက တုန်ခါ ကာ တခြိမ်းခြိမ်း ဖြစ်လာခဲ့သည်။
ထိုအရာက သူတော်စင် တွေကြားက တိုက်ပွဲ နဲ့ပင် တူလာသည်။ အဆင့်က နိမ့်နေတယ် ထင်ရပေမယ့် စွမ်းအား ကတော့ ကြောက်မက်ဖွယ် ရာ ဖြစ်ပေသည်။
“သေချာပေါက် တစ်ကယ် ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်လာတော့မှာဘဲ .. “
လူအုပ်ရဲ့ အမူအရာကတော့ အလေးအနက် ဖြစ်လာခဲ့သည်။
ထို ရိုက်ချက် နောက်တွင် ရှီဟောင်ရဲ့ ခန္ဓာကိုယ်က တုန်ယင် သွားတာကို အားလုံးက မြင်ကြရပေသည်။ သူ့ရဲ့ ဒဏ်ရာတွေမှ သွေးတွေ စိမ့်ထွက်လာခဲ့ကာ အနီရောင် အရည်လိုမျိုး သွေးရည်ကြည်ကလည်း သူ့ရဲ့ နူတ်ခမ်းထောင့်မှ ကျဆင်းလာ လေတော့သည်။ မြင်ကွင်း က အလွန်ပင် တုန်လှုပ် ဖွယ်ကောင်းလှပေ၏။
“သူ့ရဲ့ ခန္ဓာကိုယ် က ပျောက်ကင်းသွားပြီ ထင်နေတာ၊ ကြည့်ရတာက တော့ ဒဏ်ရာ တော်တော် ပြင်းနေသေးတဲ့ ပုံပဲ .. နောက်ထပ် တစ်ပွဲ ထပ်တိုက်မယ် ဆိုရင်တော့ သူမလွယ် လောက်တော့ဘူး .. “
“ဟူး .. သူ့ရဲ့ ဒဏ်ရာအပေါ် အခွင့်ကောင်း ယူပြီး လှုပ်ရှားချင်တဲ့ သူတွေ အများကြီး ပဲ .. ၊ အားလုံး က သူသေမှာကို စောင့်နေကြတယ် .. ”
“ဒီသားရဲ သားရေက ပုံမှန် မဟုတ်တဲ့ ပစ္စည်း ပဲ .. ၊ အဲ့ဒီထဲမှာ ရှိတဲ့ ဓားသိစိတ် စွမ်းအား တွေက တကယ်အဆင့်မြင့်တယ် .. “
ကောင်းကင် ရဲ့အထက်တွင် နတ်သမီး ယွီချန်းက အံ့အားသင့်တဲ့ အမူအရာ ဖြစ်နေခဲ့သည်။
” ယွီချန်း .. မင်း တို့ရဲ့ လက်ထဲမှာ ထာဝရဓား ရှိနေတယ်နော် .. ၊ ဒါတောင်မှ တခြားဓားရဲ့ စွမ်းအား ကို ဂရုစိုက်နေသေးတာလား .. “
နတ်မီးတောက် တွေနဲ့ တောက်လောင် နေတဲ့ လူ က ပြောလိုက်သည်။ သူ့ရဲ့ မျက်လုံးထဲ တွင် စိတ်ဝင်စား တဲ့ အမူအရာတွေ ပေါ်လာ၏။ သူကလည်း ထိုသားရဲ သားရေက မရိုးရှင်းမှန်း သိလေသည်။
ရှီဟောင်က မျက်လုံးတွေ မှိတ် လိုက်တော့သည်။ သူ့ရဲ့လက်က သားရဲ သားရေ ကို ခပ်မြန်မြန် ဆုပ်ကိုင် လိုက်၏။ အမှောင်ထဲက လူက ပြန်မဆွဲ လာခဲ့ပေ။ သားရဲ သားရေ မြောက်တက် သွားခဲ့ကာ ရှေးဟောင်း ရွှေရောင် ပုံရိပ် ၆ခုကလည်း နတ်အလင်း တွေနဲ့ တောက်ပ လာခဲ့ကြသည်။ ထို့နောက် ပေါင်းစပ် သွားခဲ့ကာ သင်္ကေတ တစ်ခုတည်း ဖြစ် လာခဲ့၏။
ဒီတစ်ကြိမ် တွင် မည်သည့် ဓားမှ ထွက်မလာ ခဲ့သလို သင်္ကေတတွေ ပြန့်ကျဲလာခဲ့ လေတော့သည်။ တာအို စစ်သန်း တစ်သန်း လောက် အတူတကွ ချီတက်လာသလိုမျိုး ရှီဟောင် ရဲ့ တည်နေရာသို့ ရောက်လာလေတော့သည်။ ထို့နောက် သူ့အား သားရဲ သားရေ ထဲ ဆွဲခေါ်နေခဲ့၏။
“ကြောက်ဖို့ကောင်းလိုက်တာ ၊ ဒီ သူတော်စင်ရဲ့ ရှေးဟောင်းဓား က တော်တော် စွမ်းအား ကြီးတာပဲ၊ ဘယ်လိုလူက များ ဒီလို သားရဲ သားရေကို ချန်ထားခဲ့ရတာလဲ မသိပါဘူး ၊ နတ်စွမ်းအင် မျိုးကို တောင်မှ အသာအယာ ထုတ်နိုင်စွမ်း ရှိတဲ့ပုံပဲ ”
လူတိုင်း က အံ့အားသင့်ကြပေသည်။
ထို သားရေ က ဓားစွမ်းအင် တို့ကို ထုတ်ဖော် နေနိုင်ခဲ့၏။ သူတော်စင် တစ်ပါး က ချန်ရစ်ခဲ့ရုံတင်မက ဘဲ စွမ်းအား ကြီးလှတဲ့ အဖိုးတန်လက်နက် လည်းဖြစ်ပေသည်။ ထိုခေတ် အခါက အလွန်ကျော်ကြားမှာ သေချာပေသည်။ ထိုအချိန်တွင် သိပ်သည်းလှတဲ့ သက်ေတ တွေ အားလုံးက ရှီဟောင် ရဲ့ ကိုယ်ကို ဝန်းရံ နေခဲ့ပြီး သားရဲ သားရေ အတွင်းသို့ ဆွဲသွင်းနေခဲ့သည်။
အမှောင်ထဲရှိ ပုံရိပ်၏ လွှမ်းမိုးနိုင်စွမ်း ကတော့ သာမာန်မဟုတ်ပေ။ သူကလည်း တုန့်ဆိုင်ူမနေဘဲ ချက်ချင်း သူတော်စင် လက်နက် ကို ထုတ်သုံးလိုက်တော့သည် မဟုတ်လား။ သူက ရှီဟောင်ကို ဖိအားပေးကာ ခွန်ပန် ရဲ့ သိုင်းကို လိုချင်နေသလို ၊ ကြေးနီရောင် အဖိုးတန် စာအုပ် ကိုလည်း သိမ်းဆည်းချင်နေတာ ဖြစ်နိုင်လေသည်။
ရှီဟောင်က သာ အထွဋ်အထိပ် အခြေအနေတွင် ရှိနေပါက သေချာပေါက် ထောင်ချောက်မိလိမ့် မည် မဟုတ်ပေ။ သို့ရာတွင် သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပေသည်။ ရှေးဟောင်း ဓားရဲ့ စွမ်းအင် နဲ့ အဖိုးတန် သားရဲ စွမ်းအင် တို့ ပေါင်းစပ် လိုက်တဲ့ အခါ သူ့အနေနဲ့ အခွင့်ကောင်း မရတော့သလို ဖြစ်လာ၏။
ဟုန်း ခနဲ မြည်သံ နဲ့အတူ ရှီဟောင် က သားရဲသားရေ အရှေ့သို့ ဆွဲခေါ်ခံလိုက်ရသည်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်နေ ခဲ့ကာ သားရဲသားရေ ထဲသို့ စုပ်ယူ ခံရလေတော့၏။
“သားရဲသားရေ ထဲမှာ လောကတစ်ခု ရှိနေတာပဲ ၊”
အန္တရယ် နဲ့ နီးကပ် လာသည့်အခါ ပြင်းထန် တဲ့ ဝိဥာဉ် စွမ်းအင် တွေကို ရှီဟောင် အာရုံ ခံလိုက်မိလေသည်။
ထိုသည်က သာမန် မဟုတ်ရုံတင် မကသေး သူ့အား ချိတ်ပိတ် ထားနိုင်စွမ်း လည်း ရှိပေသည်။
ရှီဟောင်က ကောင်းကင်တွင်းနက် ဆယ်ခု ကို ထုတ်ဖော်လိုက်ကာ စွမ်းအား လှိုင်းတို့ကို လွှတ်ထုတ် လိုက်လေသည်။ သို့ရာတွင် ကြောက်မက်ဖွယ် ကောင်းသည့် ဓားကြီးတွေက ဆင်းသက်လာတာ ကို သူ ရှာတွေ့လိုက်ရ၏။ အလွန်ကို ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ဖြစ်နေခဲ့ပေသည်။
ဒါက ရှီရီ နဲ့ တိုက်ခိုက် ခဲ့တာထက် ပြင်းထန်တဲ့ပုံ ရပေ၏။ ရှေးဟောင်း ဖြစ်တည်မှု တစ်ခုက ဆင်းသက်လာသလားပင် ထင်ရလေတော့သည်။
ဒင် ..
ရှီဟောင် ကြုံးဝါး လိုက်လေရင်း သူ့ ဝန်းကျင် တွင် ရှိသည့် အာကာသ ပြင်ကျယ်ကို ချိတ်ပိတ် လိုက်၏။ ထိုသတ်ဖြတ်ခြင်း စွမ်းအင် အရှိန်အဝါ တွေကို ခုခံလိုက်ပေသည်။ သူ ချက်ချင်းပင် သွေးတွေ အန်ထုတ်လိုက် ရ၏။ ဒီ တိုက်ခိုက်မှု ကို ရင်မဆိုင်နိုင်တာ ထက် သူ့ ခန္ဓာကိုယ် ရဲ့ အခြေအနေ အတော်ကို ဆိုးဝါးနေတာ ကြောင့်ဖြစ်သည်။
တစ်ချိန်တည်း တွင်ပင် သားရဲသားရေ ရဲ့ အလယ်ဟာ တောက်ပလာလေတော့သည်။ အထဲ တွင် ရှိသည့် လျို့ဝှက်လောက က သူ့အား ချက်ချင်း ပင် ဆုပ်ယူခဲ့၏။
လောကထဲသို့ သူဖမ်းခေါ် ခံလိုက်ရကာ ပုံရိပ် အချို့က တလက် လက် တောက်ပ သွားခဲ့သည်။ ထို ပုံရိပ် ၆ခုတွင် ၂ခု ကို သူသေချာ တွေ့မြင်လိုက်ရ၏။ ထိုသည်ကတော့ ခြောက် နဲ့ တာအို တွေသာဖြစ်သည်။
“ဘာကြီး တွေလဲ .. “
ရှီဟောင် ကြောက်လန့်လာခဲ့သလို အမူအရာလည်း ပြောင်းလဲ လာခဲ့၏။ အမှန်တကယ် ကိုပင် အံ့အားသင့်ဖွယ် သားရေထဲသို့ သူရောက်သွားပုံရ၏။ ထိုတစ်ခဏ တွင် အပြည့်အဝ ထုတ်သုံးလိုက်ကာ အရာရာကို ချိတ်ပိတ်လိုက်တော့၏။ တစ်ချိန်တည်းတွင်ပင် သူက ခွန်ပန်ရဲ့ သိုင်းကို လှည့်ပတ်ထားခဲ့ကာ ဟုန်း ခနဲ မြည်သံနဲ့အတူ ထိုနေရာက ဖောက်ထွက်ရန် ပြင်နေတော့သည်။
ရှီရီနဲ့ တိုက်ပွဲ တွင် သူ မရှုံးခဲ့ပေ။ သို့သေည် ဒီလို အခြေအနေ ဖြသ်လာခဲ့၏။ သူ. လက်ကို ဆန့်ထုတ်ကာ သားရဲသားရေ မှ ဖိနှိပ်လာသည့် ဓားစွမ်းအင် တွေ အားလုံးကို ချိုးဖြတ်ဟန် ပြင်လေတော့၏။
“ခဏနပေါဦး ၊ဒီ သားရဲသားရေ က ငါနဲ့ ကံကြမ္မာ တူနတောများလား “
ကောင်းကင်တွင် လျို့ဝှက် ဆန်းကြယ် တဲ့ အမျိုးသား ရဲ့ အသံက ထွက်လာခဲ့လေသည်။ နတ်သမီး ယွှီချန်းက မျက်မှောင်ကျုံ့ နေခဲ့၏။ ထိုလူရဲ့ အမူအရာက ဘာမှ ဖတ်လို့မရပေမယ့် ခံစားချက်က တော့ ထူးဆန်းကာ ရှုပ်ထွေးနေခဲ့ပုံ ရကြောင်းတော့ သိသာ ခဲ့ပေသည်။
သူ့တွင် သားရဲသားရေ တစ်ခု လစ်လပ် နေခဲ့သည်။ သူက အစွမ်းထက်ဆုံး ဖြစ်တည်မှု တစ်ခု ဖြစ်လေရာ ထို သားရဲသားရေ ကလည်း သူသာ ပိုင်သင့်လေသည်။ သူ့လက်ထဲတွင် ရောက်လာခဲသည် ဆိုပါက သူအသုံးပြုလိုက်တဲ့ အခါ အလွန်ကြောက်မက်ဖွယ် ကောင်းမှာ သေချာပေသည်။ ထိုသားရဲသားရေ ထဲတွင် ပုန်းကွယ်နေသည့် လျို့ဝှက် ဆန်းကြယ်မှု တွေ ရှိနေနိုင်ပေသည်။ ထိုအရာ တွေက ရှီဟောင် ကိုတောင် ဖမ်းသွားခဲ့သေး၏။
“အမျိုးသမီး နဲ့ အမျိုးသား တို့ သူက သွေးတွေ အဆက်မပြတ် အန်နေသည့် အဆင့်ကို ရောက်နေပြီ။ ဒါပေမယ့် သားရဲသားရေ က သူ့ကို စုပ်ယူခဲ့တယ် .. ကျုပ်တို့သာ အခု မလှုပ်ရှားရင် နောက်ကျ သွားလေတော့မယ်။ ကျုပ်တို့ ဘာလို့ စောင့်နေကြဦးမှာလည်း .. “
တစ်စုံတစ်ယောက်က အော်လိုက်သည်။ အလင်းရောင် တွေ လွင့်ထွက်လာခဲ့ပြီး အကျွမ်းကျင်ဆုံး ပညာရှင် တွေ အားလုံးက ထုတ်လွှတ် လာကြလေတော့၏။ သို့ရာတွင် ဘယ်သူ့ရဲ့ အမှန်တကယ် ခန္ဓာကိုယ် ပေါ် မလာခဲ့ပေ။ အားလုံးက ရှီဟောင်ကို လျို့ဝှက် စွာ တိုက်ခိုက်နေပေ၏။ ရှီဟောင် မသေမချင်း မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်တာကြောင့် အားလုံးက စိုးရိမ်နေကြ၏။
သူတို့က အသက်အရွယ်လည်း ကြီးပြင်းနေပြီ ဖြစ်ကာ အတွေ့အကြုံ လည်း အတော် ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အန္တရယ် ကို ရှောင်ရှား နိုင်ဖို့ကတော့ ပုံမှန် သာဖြစ်သည်။
ရုတ်တရက် ရှီဟောင်က သူ့ရဲ့ နားတွေ တဖြည်းဖြည်း လုပ်တာကို ခံစားလိုက်ရသည်။ သူ့ရဲ့ စိတ်က ဗလာ ဖြစ်သွားခဲ့ကာ ၊ စိတ်ဝိဥာဉ် ကို နှစ်ပိုင်း ပိုင်းခံ လိုက်ရလု နီးပါးဖြစ်သွားခဲ့လေ၏။ ထိုအခိုက် သူ့ရဲ့ ကောင်းကင် တွင်းနက် ဆယ်ခု လုံးက ပွင့် သွားရုံတင်မကဘဲ အသားကောင်းကင် တွင်းနက် ကပါ သူ့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ် ရန် တောက်ပ လာပေ၏။ အရာအာလုံးက ပေါင်းစပ် ကာ နတ် စက်ကွင်း တစ်ခု ဖြစ်လာခဲ့၏။
တစ်ချိန်တည်း တွင်ပင် အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင် ရှစ်ယောက် ထံမှ လာသည့် အလင်းတွေ အားလုံးက သူ့နားရောက်လာတော့ကာ ထို နတ်စက်ကွင်းကို ဖျက်ဆီး ရင်း ပျောက်ကွယ် ရန် ကြိုစား လာခဲ့၏။
ရှီဟောင် ရဲ့ ခန္ဓာကိုယ် က ပြင်းထန်စွာ တုန်ခါ လာခဲ့ကာ သူ့ရဲ့ ပါးစပ် မှ သွေးတွေ အန်ထွက် လာလေသည်။ သူ့ရဲ့ အကြည့်တွေကတော့ အေးစိမ့်နေခဲ့ကာ ထိုတိုက်ခိုက်မှုတွေကို သူက တင်းမာသွာရင်ဆိုင် နေခဲ့၏။ သူရှီရီ နဲ့ တိုက်ခိုက် ခဲ့ချိန်က ဘယ်သူကမှ ထိုသို့ မလုပ်ရဲခဲ့ပေ။
သိသာစွာပင် စွမ်းအား ကသာ အရာအားလုံး ဖြစ်ပေသည်။ သူ့ကို တိုက်ခိုက် နေသည့် လူတွေကို မသိနိုင်သလို ၊ အားလုံးကလည်း အရပ်မျက်နှာ ပေါင်းစုံမှ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ရှီဟောင်က တော့ တစ်နေရာ ထဲကိုသာ ကြည့်နေခဲ့၏။
ထို့နောက် သူက အရာအားလုံး ကို ရင်ဆိုင်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ သူ့ရဲ့ ခန္ဓာကိုယ် က မြှောက်တက် လာခဲ့ကာ ရွှေရောင် နတ်သဏ္ဍန်တွေအားလုံးက ခန္ဓာကိုယ် ပေါ် တွင် စီတန်းစွာ ပေါ်လာခဲ့ပေတော့သည်။ ထို့နောက် အနက်ရောင် အလင်းတန်း တဖျက်ဖျက် လက်လာခဲ့ပေ၏။ သူက လူသား ခွန်ပန် သဏ္ဍန်ပြောင်းလဲ လိုက်လေတော့၏။
ဟုန်း .. ။
ပြင်းထန်လွန်းလှသည့် စွမ်းအား တွေက တရှိန်ထိုး ပေါက်ထွက်လာခဲ့၏။ ရှီဟောင် က ကောင်းကင် နယ်မြေတစ်ခုလုံး ကို အပြေးအလွား သွားနေခဲ့၏။ သူက တစ်နေရာ တည်းကိုသာ ကြည့်နေခဲ့၏။ လူတွေကတော့ မှင်သတ်နေကြသည်။ သူတို့ ချက်ချင်း နောက်ဆုတ်လိုက်ကြရ၏။ အဖွားရှီဝါး ရဲ့ မျက်နှာ က မကျေမနပ် မသာမယာ ဖြစ်သွားခဲ့၏။ သူမက မလှုပ်ရှား ခဲ့ပေ။ သူမက မြင်ကွင်း ကို အပြင်ကသာ အမြဲတမ်း စောင့်ကြည့်နေပုံရ၏။ ထိုလူငယ်က သူမ ရှိရာ နေရာကို ပြေးလာတာကို မြင်တော့ သူမ ဘာမှ မပြောခဲ့ခြင်း ဖြစ်ပေ၏။
“ရိုင်းလိုက်တာ.. ၊ နင့်ကိုယ်နင် ဘာလုပ်နေတယ် ထင်နေတာလဲ ”
သူမက ကျယ်လောင်စွာ အော်လိုက်ကာ ခန္ဓာကိုယ် ကို အသာအယာ တွန့်ကာ ရှောင်ရှားလိုက်သည်။
သို့ရာတွင် ထိုသို့ လှုပ်လိုက်သည့်အခါ ရှီဟောင် ရဲ့ စွမ်းအားတွေ အောက်တွင် အားလှိုင်းတွေ က ပျက်ပြယ် သွားခဲ့ရ၏။ တစ်ဖက် ရဲ့ ဖျက်ဆီး အားတွေက ပိုလို့ပင် ပြင်းထန်လာခဲ့ပေသည်။ သူက သူမရဲ့ ခန္ဓာကိုယ် ကို ရိုက်ချလိုက်ကာ သူမ အား လွင့်ထွက်သွားစေခဲ့၏။
ရှီဟောင် ရဲ့ အစစ်အမှန် ခန္ဓာကိုယ် နဲ့ သူမ ကို တိုက်ခိုက် ခဲ့ခြင်း မဟုတ်တာတောင်မှ ပြင်းထန်တဲ့ လေပြင်းတွေနဲ့အတူ ရွှေရောင် အလင်းတွေက ထိုးထွက်လာခဲ့၏။ လက်ကြီး တစ်ဘက် ဖြစ်တည် လာခဲ့လေတော့သည်။ `တဖန်းဖန်း´မြည်သံ နဲ့အတူ သူမရဲ့ မျက်နှာ သို့ သူက တိုက်ရိုက် ရိုက်ချ လိုက်လေတော့၏။
ထိုဟာက ခွန်ပန်ရဲ့ သိုင်း နဲ့ တိုက်ခိုက် နေခြင်း ဖြစ်သည်။ ထိုအဖွားအိုကြီး အဖို့ မိုးကုက်စက်ဝိုင်း တည့်တည့် တန်းနေအောင် လွင့်ပျံ ထွက်သွားရလေတော့သည်။ သူမရဲ့ သွားအချို့ ကျိုးသွားခဲ့ကာ သွေးတွေ တဟွတ်ဟွတ် အန်ထုတ်နေရသည်။
သူမ မျက်နှာ တွင်တော့ အံ့အားသင့် မှုတွေ ဒေါသ ဖြစ်မှုတွေနဲ့ အနိုင်ကျင့် ခံရမှုတို့က ထင်ဟပ်နေခဲ့သည်။