သုခကမ္ဘာက ရှီဟောင် - Chapter - 560 နတ်နန်း ကလန်ကို လုံးဝ မကြောက် ရွံ့သော
အဖွား ရှီဟွား ရဲ့ ပါးစပ်တစ်ခုလုံး သွေးတို့ စိုရွဲ နေခဲ့သည်။ သူမက သံသယ ဝင်နေပုံ မရပေ။ သူမကို ဘယ်သူကမှ အခုလို အနိုင်မကျင့်ရဲခဲ့ကြပေ။ သူမရဲ့ ပါးစပ်က လူပေါင်းများစွာ ရှေ့တွင် တစ်ကြိမ်ပြီး တစ်ကြိမ် အရိုက်ခံ နေရပေသည်။
နားလည်ထားဖို့က သူမက နတ်နန်း ကလန်မှ လာခြင်း ဖြစ်သည်။ နတ်နန်းကလန် ဆိုတာနဲ့ လူတိုင်းက ဘယ်လောက် အစွမ်းထက် နေပါစေ တော် ရုံတန်ရုံ ရန်မစ ရဲကြ ပေ။ သူမက အဆင့်မြင့်သည့် ရာထူး ကိုလည်း ပိုင်ဆိုင် ထားခဲ့သူဖြစ်ပေသည်။
“မျိုးမစစ်လေး..နင်”
အဖွားရှီဟွား က သူ့ကိုကြည့်ကာ ဒေါသထွက်သွားခဲ့သည်။ သူမက တခဏတော့ ကြက်သေသေ နေမိခဲ့ပေမယ့် အသိပြန်ဝင်လာခဲ့ကာ အော်ဟစ်လိုက်တော့၏။
ရှီဟောင်က ပြန်ပြောမနေခဲ့ပေ။ သူက လက်သာ မြှောက်လိုက်ကာ သူမကို ထပ်ရိုက်လုက်၏။ စကားပြောဆိုခြင်းထက် ထိရောက်စွာ လုပ်ဆောင်လိုက်သည်။ ထို တဖြန်းဖြန်း ရိုက်သံက လူတိုင်းရဲ့ နားထဲ ဟိန်းထွက် နေခဲ့သည်။
တဖြန်းဖြန်း အသံတွေက ဆက်တိုက်ထွက်ကာ လေထဲသို့ ပျံ့လွင်နေသည်။ ထိုအသံ များကား ပါးရိုက်သံပင် ဖြစ်သည်။ လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ ထိုမြင်ကွင်းကို မယုံနိုင် သလို ကြည့်နေကြ ပေတော့သည်။
” ဟာ .. “
နောက်ဆုံး ရိုက်ချက်က မျက်နှာပေါ် ကျရောက် သွားသည့်အခါ ထို အဘွားအို ကြီး မျက်နှာပြင် တစ်ခုလုံးက လိန်တွန့် သွားသလိုမျိုး ဖြစ်သွားသည်။ သူမရဲ့ မျက်လုံးတွေက မီးတောက်သလို တောက်လောင်နေပြီး နူတ်ခမ်း ကတော့ အက်ရာလို တောင် ဖြစ် နေ၏။ သူမ ၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးပေသည်။ လူတိုင်း တိတ်ဆိတ် သွားမိသည်။ သူတို့ရဲ့ နှလုံးသားတွေက တော့တုန်ခါ နေကြပြီး သူတို့ တစ်စုံတစ်ရာ ကိုပြောခြင်ပေမယ့် ပြောစရာစကား ရှာမရပေ။
သေချာပေါက် ကိစ္စကြီးဖြစ်တော့မည်ဆိုတာ သေချာပေ၏။ ဒီနေ့ကတော့ ကိစ္စ ပေါင်း များစွာ အဆက်မပြတ် ဖြစ်နေခဲ့လသည်။ သူတို့ အနေနဲ့ အံ့အားသင့်ကာ ပါးစပ်တောင် ပြန်ပိတ်ချိန် မရှိတော့ပေ။ နတ်နန်းကလန်က အခုလို အနိုင်ကျင့်ခံလိုက်ရသည်။ ထိုအရာက လူအများ အရှေ့တွင် အရှက်ခွဲခြင်း ဖြစ်ပေ၏။
“မိတ်ဆွေလေး တောင်းပန်လိုက်ပါ မင်း အချိန် ရှိပါသေးတယ်။ နတ်နန်းကလန်က တာအို မိတ်ဆွေ ရှီဟွားနဲ့ မတိဆွေ ဖွဲ့ဖို့ ပြန်တောင်းပန်လိုက်ပါ “
အကြီးအကဲ တစ်ယောက်က ပြေလည်ရာ ပြေလည်ကြောင်း ပြောပေးသည်။ ထို အကြီးအကဲ က အတော် သဘောထား ပြည့်ဝ ပုံရ၏။
ရှီဟောင်က တော့ အေးစက်စွာ သာ ကြည့်နေခဲ့၏။ နတ်နန်းကလန် ရဲ့ အင်အားက ကျယ်ပြန့် ကြီးမားကာ ပျက်သုန်းခြင်နယ်မြေ တစ်ခုလုံး ကို အပေါ်စီးကနေ ငုံကြည့်နေနိုင်စွမ်းရှိပေ၏။
“ထွက်သွားစမ်းပါ “
ရှီဟောင်က ထို စကား နှစ်ခွန်းကို သာ ပြောလေ၏။ တစ်ကယ်တမ်းတော့ ထိုသူက ရှီဟောင် ကို ဖြောင်းဖျ သလိုဖြင့် မျက်နှာကောင်း ဝင်ယူခြင်း ဖြစ်ပေ၏။ သူက အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင် အချို့ကို သတ်ဖြတ်ပြီး ပြီ ဖြစ်၍ နောက်ထပ် တစ်ယောက် နှစ်ယောက် လောက်ကို ထပ်ရန်စ မိတာလောက်တော့ စိုးရိမ်စရာ မရှိတော့ပေ။
အဖွား ရှီဟွား နဲ့ အခြား သူတွေ အားလုံးက သူ့အား စူးရဲစွာ ကြည့်နေကြသည်။ သူလွတ်မှာ မဟုတ်မှတော့ မျကနှသာ ရအောင် လုပ်မနေတော့ပါပေ။
ထို အကြီးအကဲ ရဲ့ မျက်နှာ က ဖြူဖျော့ သွားတော့သည်။ သူ အသက်ရှု ရပ်မလိုပင် ဖြစ်သွားသည်။ လည်ပင်တစ်နေရာတွင် အလုံးကြီး တစ်သွားခဲ့သလို ဖြစ်သွားကာ မျက်ဝန်းထဲတွင် မီးတောက်များ တောင်လောင်နေသလို တောက်ပနေသော်လည်း နောက်ဆုတ်ဖို့သာ ရွေး ချယ်လိုက်သည်။
သူအလကားနေရင်း ဒီနေရာမှာ အရင်မသေခြင် သေးပေ။
နတ်နန်းကလန်ကို ကူညီနေတဲ့ အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင် ပေါင်း များစွာ ရှိသည်။ဘအခု ကူညီခဲ့ဖူးပါက သူတို့ အကြွေးတစ်ခု တင်သလို ဖြစ်ကာ နောင်တွင်ဆုလာဒ် တစ်ခု ပြန်ရနိုင်ပေသည်။ ဒါ့အပြင် ရှီဟောင်နဲ့လည်း အသေတိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ နဂိုကတည်းက ရန်စခဲ့သူတွေကတော့ အသေ တိုက်ခိုက် ရမှ ဖြစ်တော်မယ် ဆိုပေမယ့် ထိုသို့ ဘယ်သူမှ မလုပ်ခဲ့ ကြပေ။ ရှီဟောင်က တစ်ကယ် ပြိုင်ဘက်ကင်း လှပေသည်။
“ငါ့ကို လွတ်စမ်း”
အဖွားရှီဟွား က အော်လိုက်သည်။ သူမက ထိုသို့ တခါမှ မရှုံးဘူးပေ။ မမျှော်လင့်ထားတဲ့ အတွေ့အကြုံ က တစ်ကယ်ကို ဆိုးဝါးလွန်းလှပေသည်။
“အဖွားကြီး ခင်ဗျားက ကျုပ်ကို သတ်ခြင်နေတာပဲ မဟုတ်ဘူးလား၊ ခင်ဗျားက အခု ဘာ့လို့ လွတ်ခိုင်းနေတာလဲ ၊ရူးနေလား”
ရှီဟောင်က အေးစက်စွာ ပြောလိုက်သည်။
သူက မုန်းတီးစွာ နဲ့ ထုတ်ဖော် လိုက်ကာ လက်ကို ထပ်မြှောက်၍ အဖွားကြီး ရဲ့ လည်ပင်းကို ချိုးကာ သတ်တော့မလိုပြင်လိုက်လေ၏။
“ကောင်စုတ်လေး ငါ့ကိုလွတ်စမ်း ၊
ဒါဆိုရင် ငါဘာမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်”
အဖွားရှီဟွား က အသံ နိမ့်ကာ တိုးတိုးပြောလိုက်လေသည်။ အသံက ခြင်တစ်ကောင်ရဲ့ အော်သံလောက်တောင်မှ မကျယ်ပေ။ သူမက တစ်ကယ်ကို ဆိုးဝါး တဲ့အခြေအနေကို ရောက် နေသည်။
“ဘာပြောလိုက်တာလဲ အဖွားကြီး ၊ ငါမကြားရဘူး”
ရှီဟောင်က ကျယ်လောင်စွာ ပြန်မေးသည်။
“နင်”
အဖွားကြီးရဲ့ မျက်လုံးထဲ ကြောက်မက်ဖွယ် အရပ်အယောင်များပေါ်လာ ခဲ့သည်။ သူမတစ်ကယ်ကို အနိုင်ကျင့်ခံနေရ၏။ ကွက်လပ် နတ်ဘုရား နယ်မြေတွင် မဟုတ်ရင်တောင်မှ လူအုပ် က ရှိနေသေးရာ သူမ ဘယ်လိုများ နိမ့်ချ စကားပြောရဲ ရမှာလဲ။
“အဖွားကြီး ခင်ဗျား ဘာလိုချင်တာလဲ ၊
ကျိန်စာတွေ ဘာတွေ နဲ့ ကျုပ်ကို တိုက်ခိုက်ခဲ့တာတောင်မှ ခင်ဗျားက ဘာမှ မဖြစ်သလို သဘော ထားပေးမယ်ဆိုရင်၊ ကျုပ်ကရော ဘယ်လို ထားပေးရမလဲ?၊
ခင်ဗျား ကိုယ် ခင်ဗျားရော ဘယ်လို ထင်နေတာလဲ အဖွားကြီး ရဲ့?၊ နတ်နန်းကလန် ကရော ဘာကြီးမို့လို့လဲ? ခင်ဗျားက အဲ့ဒီ ကလန်က လာတော့ရော ဘာဖြစ်လဲ ၊ ကျုပ် ကို ရန်စပြီးမှတော့ ဘာကြီး ဖြစ်နေနေ အလွတ်မပေးတက်ဘူး သတ်မှာဘဲ”
[ဘာမှ မစိုးရိမ် နဲ့ သေမှာ : ) …]
ရှီဟောင်က ထိုသို့ပြောလိုက်သံက မတိုးလှ သဖြင့် လူတိုင်း ကြားမိကြသည်။ လူတိုင်း ရဲ့ အမူအရာ က ဆိုးရွား စွာ ပျက်ကုန်သည်။ ဒီလူငယ်က မောက်မာ လွန်းသည်။ အခုလိုမျိုး တောင်မှ တရားဝင် အော်ပြော နိုင်ခဲ့သေး၏။ သူက ရန်စခံရမှာ၊ နတ်နန်းကလန် ရဲ့ အာဏာ နဲ့ ဖိနှိပ် ခံရမှာ ၊ ရှင်းပစ် ခံရမှာကို မကြောက်လန့်သည် လော။
“ဟား .. ဟား .. “
ကောင်းကင် မှ ရယ်သံ ထွက်လာသည်။ မီးတောက် တွေနဲ့ လောင်ကျွမ်းနေသော အမျိုးသား က အလွန်စွမ်းအား ကြီးလှသည်။ နတ်သမီး ရွှီချန်း နဲ့ တိုက်ခိုက် နေတာတောင်မှ ပွဲကို အသာအယာကြည့်နိုင်ပေသည်။ အဖြစ်အပျက် များကိုကြည့်ကာ ပြုံး၍ပြောသည်။
“ကောင်းလိုက်တာ .. ဒါမျိုးပဲ ဖြစ်နေရမယ် .. ၊
အဲ့ဒီ အဖွားကြီးက တစ်ကယ် အရိုက်ခံရဖို့ ထိုက်တန်တယ်။ သူမရဲ့ လျှာပါ ဖြတ်ပစ် လိုက်ရင် အကောင်းဆုံးပဲ”
နတ်သမီး ရွှီချန်း က သက်ပြင်း ချနေခဲ့၏။ သူမက အဘွား ရှီဟွား ကို ကြည့်ကာ စိတ်ပျက်နေခဲ့သည်။ အဖွား ရှီဟွား ကို လွန်လွန် ကျူးကျုး မလုပ်ဖို့ သူမ မှာထားပေ မယ့် ထိုသို့ မပြုမှုဘဲ နတ်နန်းကလန်က ဆိုတိုင်း လွန်လွန်ကဲကဲ ပြုမှုချင်နေပေ၏။
မီးတောက်တွေ နဲ့ အမျိုးသားက ပြောသည်။
“ရွှီချန်း .. မင်းရဲ့ အစေခံကိုကြည့်ပါဦး .. ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ။ နတ်နန်းကလန်က ဒီလို လူမျိုးတွေ လွတ်ပြီး မင်းကို တမင် စောင့်ရှောက် ခိုင်းတာ ဖြစ်ရမယ်။ အရင်အတိတ်ဟောင်းက နတ်နန်းကလန် ရဲ့ အောင်မြင်မှုတွေက တောက်ပခဲ့ပေမယ့် အချိန်တွေက လွန်ခဲ့ပါပြီကွာ၊ မင်း ဘာလို့ ငါနဲ့ မလိုက်ခဲ့တာလဲ၊ ငါမင်းကို မျှမျှတတ ဆက်ဆံမှာကို၊ ငါတို့ အတူတူ ကျင့်ကြံ ကြမယ်ဆိုရင် သေချာပေါက် ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်း တဲ့ စုံတွဲ ဖြစ်လာမှာသေချာတယ်”
သူ့ရဲ့ အပြုအမူ က တိုက်ရိုက်ဆန်ကာ တည့်တိုးသမား ဖြစ်ပုံရသည်။ ဒီနေ့ တွင် သူက ရှီဟောင် ဘယ်လောက် မောက်မာသလဲ ဆိုတာကို မြင်ခဲ့ရသလို သူက ဘယ်လောက် အစွမ်းထက် တယ်ဆိုတာ လဲ ပြသခဲ့ပေသည်။ ထို့အပြင် ရှီဟောင်လို လူမျိုးကိုတောင် သူ့ နောက်လိုက် အဖြစ် ထားချင်ကာ၊ နတ်သမီး ရွှီချန်း ကိုလည်း ပေါ်တင် တောင်းဆိုရဲသေးသည်။ ဒါက အံ့အားသင့်ဖွယ် ကောင်းပေသည်။ ထိုသို့ အံ့အားသင့်ဖွယ် ကောင်းအောင် ထိုသူက လုပ်ဆောင် နိုင်စွမ်း ရှိသယောင် ထင်ရပေသည်။ သူက နတ်နန်းကလန်က နတ်သမီး ကိုတောင် သူ့ရဲ့ကိုယ်ပိုင် ဇနီးမယား ဖြစ်စေချင်နေသည် မဟုတ်ပါလား။
အဖွား ရှီဟွား က တိုးတိုးလေး ရေရွတ်၏။
“ငါ့ကို လွတ်စမ်း ၊ နင့်ရဲ့ ဒေါသကို တခဏ လောက် သိမ်းထားလိုက်စမ်းပါ၊ နတ်နန်းကလန်ရဲ့ အဓိက အာဏာရှိတဲ့ လူတွေသာ ပျက်သုန်းခြင်းနယ်မြေ ထဲ ဝင်လာကြရင် ငါ့ကလန် ကို ရန်စတဲ့ ရလာဒ်ကို ခံကြရလိမ့်မယ်။ နင့်ရဲ့ ကလန်ကလည်း အမြစ်ဖြတ် ခံရမှာ ဘဲ၊ နင် နားလည်လား”
ဖြန်း …။
ဒီတစ်ကြိမ် တွင် ရှီဟောင်ရဲ့ ရိုက်ချက်က မိုပိုမို ပြင်းထန်လာခဲ့သည်။ ကျဆင်းလာသည့်အခိုက် သူမရဲ့ လက်မောင်းတွေက ပြတ်ထွက် သွားခဲ့ကာ သွေးမြူတွေက လိမ့်ထွက်လာတော့သည်။
“အဖွားကြီး .. ခင်ဗျားက ရန်စ မှတော့ ၊ ငါ ရှီဟောင်ကလည်း ခွင့်လွတ်ပေးဖို့ ဘယ်ဖြစ်မလဲ။ ဟား .. ဟား .. ။
ငါ့ရဲ့ ကလန်သားတွေ နဲ့ ငါ့ရဲ့မိသားစုကို အခုချိန် ထိ ဘယ်သူကမှ ရန်မစရဲသေးဘူး။ တစ်ကယ်လို့ ခင်ဗျားကသာ ရိုင်းရိုင်းစိုင်းစိုင်း မုန်းတီး လို့ လုပ်ခဲ့ရင်လည်း ကျုပ်က ခင်ဗျား ဆီလာပြီး ရှင်းပေးမယ်။ ဒီစကားကို မှတ်ထားနော်”
ရှီဟောင်ရဲ့ အသံက အေးစက်လွန်းကာ သတ်ဖြတ်ခြင်း အရှိန်အဝါ တွေက အပြည့်ပါနေခဲ့သည်။ သူ့ရဲ့ ချစ်စဖွယ် မျက်နှာလေးနဲ့ စကားလုံး များက လိုက်ဖက်ခြင်း တော့ မရှိပေ။ သန့်စင်တဲ့ သွေးမျိုးဆက် သတ္တဝါ တွေတောင်မှ မတုန့်ဆိုင်းဘဲ သတ်ဖြတ်ရဲရာ ဒီ အဖွားအို အစေခံ လောက်ကတော့ စာဖွဲ့မည် မဟုတ်ပေ”
ဒီ အစေခံ အဖွားအို က နတ်နန်းကလန်က ဖြစ်ပေမယ့် နယ်မြေပေါင်းများစွာက ကြားထဲတွင် ရှိနေသေးသည်။ သူတို့က သူ့ကို ဒီလို လွယ်လွယ် အနိုင်ကျင့် နိုင်ခွင့်တော့ မရှိပါပေ။ သဘာဝကျကျ တွေးမယ်ဆိုပါက သူ့ရဲ့ နှလုံးသားထဲက ဒီလို အနိုင်ကျင့် တာကို သဘောမကျပါ။
အဖွားရှီဟွား မျက်နှာ က နာကျင်မှုကြောင့် ရှုံ့တွ နေပြီး သူမ လက်မောင်း တစ်ဖက် ကို ဆုံးရှုံး လိုက်ရသည်။ ထိုသည်က ပြင်းထန်တဲ့ နာကျင်မှု ကို ဖြစ်ပေါ်စေလေ၏။ သူမ၏ ခန္ဓာကိုယ် နဲ့ စိတ်ဝိညာဉ် တောင်မှ ထက်ရှတဲ့ အားလှိုင်းနဲ့ တိုက်ခိုက်ခံရကာ ဖျက်ဆီး ခံရမလို ဖြစ်လာရသည်။
အနိုင်ကျင့် အရှက်ခွဲခံရတာနဲ့ နာကျင် မှုတွေကို တပြိုင်နက်တည်း ရောထွေးနေခဲ့ကာ တွင်းကြီး ကြီး ရှာပြီး ပုန်းကွယ်နေချင်၏။ ဒါက အလွန်ရှက်ရွံ့ဖွယ် ကောင်းလှပေသည်။ သူမ အလွန်နောင်တ ရနေခဲ့ကာ ရူးသွပ်တော့မလို ဖြစ်နေပေ၏။ သူမသာ အသက်ရှင်မယ် ဆိုရင် သေချာပေါက် တစ်ကယ့် လောက တွင် ရှီဟောင် ကို သတ်ဖြတ်ပစ်ရပေမည်။
ဘာကောငးကင်ကို လွှမ်းခြုံ နေတဲ့အင်အားလဲ ?။
ဘာ ပါရမီ လဲ .. ? အလကား .. ။ ဒီကောင်ကိုသာ အရွယ်မရောက်ခင် သတ်ပစ် လိုက်မယ်ဆိုရင် ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူး။
ဖူး..
ကံဆိုး စွာနဲ့ သူမက ရှီဟောင် လက်ထဲတွင် ကျရောက်နေရသည်။ သူမက သေလုနီးပါး အထိတော့ နှိပ်စက်ခံရမှာ သေချာပေ၏။ ငွေရောင် အလင်းက လက်လာကာ သူ့လက် တစ်ဖက်လည်း ပြုတ်ထွက် သွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။
“မကောင်းဆိုးဝါး ကောင်”
အဖွားရှီဟွား က ထိုသို့ အော်လိုက်သည်။ နာကျင်မှု ကို သူမ မတောင့်ခံနိုင်တော့ပေ။ သူမ သေလုနီးပါး နှိပ်စက် ခံနေရသည် မဟုတ်ပါလား။
“ယုတ်မာတဿ့ အဖွားကြီး .. ခင်များ ပါးစပ်ကို အခု ချက်ချင်း ပိတ်ထားလိုက်စမ်းပါ၊ မဟုတ်ရင် အခု ချက်ချင်း သေသွား မယ် ၊ ဒီ ဖိုးဖိုးက ခင်ဗျားက လူတစ်ယောက်က ဘယ်လို ပြုမူ ရမလဲ ဆိုတာ သင်ပေးဦးမယ်လေ .. ။”
ရှီဟောင်က နည်းနည်းလေးတောင် မသနားဘဲ ရက်စက်စွာ ပြောလိုက်သည်။
ဟား ..
ဒီတစ်ကြိမ် လက်ဝါး ရိုက်ချက် ကျဆင်းလာတဲ့အခါ အဖွားအိုကြီး ရဲ့ မေးစေ့က ကွဲ ထွက်သွားရသည်။ ပြင်းထန် လှတဲ့ နာကျင်မှု ကြောင့် ငယ်သံ ပါအောင် အော်ကာ သူမ ပြင်းပြင်းထန်ထန် ရုန်းကန်တော့သည်။
“တာအို မိတ်ဆွေ လေး .. ဒီတစ်ချိန်တော့ မင်းသူ့ကို ငဲ့ညှာ လိုက်ပါကွာ”
နောက်ထပ် အစွမ်းထက် ကျွမ်းကျင်ပညာရှင် တစ်ယောက်က ပြောလာသည်။ သူ့ အသံက သနားဖွယ်ပင် ကောင်းနေသေး၏။ သူတို့က အခြေအနေကို ရှင်းရှင်း လင်းလင်း သိသည်။ ရှီဟောင်က ခွန်ပန် ရဲ့ အဖိုးတန် သိုင်းကို ထုတ်သုံးလိုက်ကတည်းက သူတို့ ရှုံးနိမ့်သွားခဲ့ရသည်။ သူက လူအနည်းငယ်ကိုတောင် သတ်နိုင်စွမ်း ရှိ၏။ အဖွားရှီဟွား ကို ဖမ်းတာကတော့ အသာအယာ ဖြစ်သွားခဲ့သည်။
“ခင်ဗျား တို့ အားလုံး ရှုံးသွားပြီလေ ၊
ဘာလဲ .. ကျုပ်က ခင်ဗျားတို့အားလုံးကို တသ်ယောက်ချင်း လိုက်သတ်စေချင်တာလား”
ရှီဟောင် ရဲ့ အသံက အေးစက်စွာ ရန်စ သည့် လေသံ အပြည့်ပါနေခဲ့သည်။
ကျယ်လောင်တဲ့ တကျွတ်ကျွတ် မည်သံ နဲ့အတူ အဖွားအို ရဲ့ ခြေထောက်တွေက ဆုတ်ဖြဲ ခံရပေသည်။ နားကွဲ မတက် ဆူညံ စူးရှတဲ့ အရိုး အက်ကွဲသံတွေက မြည်ဟိန်းနေခဲ့၏။ ကျင့်ကြံသူ တိုင်း အော်ဂလီ ဆန်ခဲ့ကာ တုန်တုန်ရီရီ ဖြစ်လာရပေသည်။ ခမ်းနားကာ ဂုဏ်သရေရှိပြီး မြင့်မြတ်လှတဲ့ နတ်နန်း ကလန်ရဲ့ အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင် တစ်ယောက်က လူတိုင်း ရဲ့ ရှေ့တွင် ထိုသို့ နှိပ်စက် ခံနေရတာက တစ်ကယ်ကို ဆိုးဝါးပေသည်။ ထိုသူ သေမှာ သေချာပေသည်။ အပြင်လောကတွင် မသေတာတောင်မှ ဒီလောကထဲတွင် တော့ သေခြင်းတရား တံခါးဝ သို့ ရောက်နေပြီ ဖြစ်သည်။
“နင် ဒီအတိုင်း ဆက်လုပ်နေမယ် ဆိုရင် ၊နင့်မှာ ဘယ်လိုပဲ နောက်ခံ ရှိရှိ နင့်ရဲ့ ပါရမီက ဘယ်လောက်မြင့်မြင့် အနာဂတ် ထိတောင် အသက်ရှင် မှာမဟုတ်ဘူး၊ နင်သေမှာပဲ ..”
အဖွားအိုကြီး ရဲ့ အသံက အလွန်မင်း ခက်ထန် ကြမ်းတမ်း လွန်းလှသည်။
“ငါကလည်း ဒီလို သေခြင်းတရား နဲ့ အလဲအလှယ် လုပ်ရတာ သိပ်ကြိုက်တာ၊ “
ရှီဟောင်က အေးစက်စွာ ရယ်နေခဲ့သည်။
“ကောင်းတယ် .. ကောင်းတယ် .. ကောင်းတယ် .. နင် အနာဂတ်မှာ သေချာပေါက် နောင်တရလိမ့်မယ်၊ နင့်ကလန်သားတွေ ၊ နင့်မိသားစုတွေ နဲ့ နင်နဲ့ ပတ်သတ်သမျှ လူတိုင်း အရှင်းပစ်ခံရလိမ့်မယ် .. “
သူမ အတွက် အသက်ရှင်ဖို့ရာ မျှော်လင့်ချက် မရှိတော့ပါပေ။
ဒီလောကကြီးထဲတွင် ကျောက်တုံး ရွာက သူ့နှလုံးသား ထဲတွင် အရေးအကြီးဆုံး နေရာဖြစ်ပေသည်။ ဒီလူတွေကို ဘယ်လို ရန်စ တာမျိုးကိုမှ သူ လက်မခံပါပေ။
လက်ဝါးရိုက်ချက်က ဆင်းသက်လာခဲ့ပြီး အဖွားရှီဟွား ရဲ့ ခန္ဓာကိုယ် က အက်ကွဲလာခဲ့သည်။ ရှင်းလင်းစွာပင် သူမရဲ့ ခန္ဓာကိုယ် က ဖျက်ဆီးခံရမည့် အဆုံးစွန်သော အခြေအနေ ရောက်နေခဲ့ကာ အလန့်တကြား အော်ဟစ်လိုက်တော့သည်။ ထိုတခဏ တွင် သူမရဲ့ စစ်မှန်တဲ့ စိတ်ဝိညာဉ် ကို ဖျက်ဆီး ဖို့ ပြင်လေတော့၏။
“နင် ငါ့ကို မသတ်နိုင်ပါဘူး”
ဒီတစ်ကြိမ် တွင်တော့ သူမတစ်ကယ်ကို နောင်တ ရနေခဲ့ပေသည်။ သူမ ဘာလို့ အခုလို ကပ်ဘေး ဆိုက်ရတာလဲ။ သူမ ရှီဟောင်ကို ရန်မစသင့်ပေ။ နတ်သမီး ရွှီချန်း ရဲ့ စကားကို နားထောင်ခဲ့မယ်ဆိုရင် –
သူမ လက်ရှိ လောကရှိ စစ်မှန် စိတ်ဝိညာဉ် ကို ဖျက်ဆီး ကာ သေဆုံး သွားရမည် ဆိုပါက ပြင်ပလောကထဲတွင်တော့ အသက်ရှင်သေးပေသည်။ ဒါ့ကြောင့် သူမ ဒီလို လုပ်ခြင်း ဖြစ်ပေ၏။
“ငါက မသတ်နိုင်ဘူး .. ဟုတ်လား”
ရှီဟောင်ရဲ့ ပြန်ဖြေသံကတော့ တိုက်ရိုက် ဖျက်ဆီး ခံရသည်။ သူမက ရန်သူ ဖြစ်မှတော့ သူကလည်း ငဲ့ညာ နေစရာမရှိပါပေ။ ဒီ အဖွားကြီး က သူ့ကို နက်ရှိုင်းစွာ မုန်းတီး နေခဲ့သည်။ သူက ဘယ်လို လွတ်ပေးရမှာလဲ။ သေချာပေါက် သတ်ရမှာပေါ.။
“ရွှီချန်း . ကိုယ့်ကိုယ်ဘဲ စိုးရိမ် ပါ၊ ငါသာ မင်းကို ဖမ်းမိသွားရင် ငါ့ရဲ့ မိန်းမ လုပ်ဖို့ ခေါ်သွားတော့ မှာနော် .. ဒါ့ကြောင့် ကိုယ့်ကိုယ်ဘဲ အရင်စဉ်းစား”
နတ်မီးတောက် တွေနဲ့ လွှမ်းခြုံ ထားသော အမျိုးသား က ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။ သူက အလွန်အမင်း ကို ပြိုင်ဘက် ကင်းရကာ သူ့ရဲ့ စွမ်းရည်တွေက လည်း ကြောက်စရာ ကောင်းသည့် ပဆင့်ထိ ရောက်နေခဲ့သည်။ သို့သော် အနည်းငယ်သာ ထုတ်ဖော် သုံးထားခဲ့ပုံသာ ရသေးသည်။
ဖူး …
၊ နောက်တစ်ကြိမ် ရှီဟောင် ရဲ့ လက်ဝါး ဆင်းသက်လာချိန် အဖွားရှီဟွား ရဲ့ ခန္ဓာကိုယ် က အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ကာ အသားအပိုင်းအစ တွေ အဖြစ် ပြောင်းကုန်သည်။
အလင်းရောင် စက်ကွင်းက သူမ ကိုယ်ကို ဝန်းရံ ထားခဲ့ကာ သူမရဲ့ စိတ်ဝိညာဉ် ကိုကာကွယ် ထားခဲ့သည်။ တစ်ကယ်လောကသို့ ပြန်လည် ရောက်ရှိ နိုင်မလား ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ပျံသန်း ရင် ပြင်ဆင်လေတော့၏။
ရှီဟောင် က အသာအယာ ထိုနားသို့သွားကာ စိတ်ဝိညာဉ် ကို ဖမ်းယူလိုက်သည်။ ဖောက်ခွဲခွင့်လည်းပေသလို ၊ ပြင်ပလောက တွင် အသက်ရှင် ခွင့်လည်း ပေးမည် မဟုတ်ချေ။ တစ်ချိန်ထဲတွင်ပင် ဝိဥာဉ် ဖိနှိပ်ခြင်းစေတီ က ထွက်ပေါ် လာခဲ့ကာ သူမရဲ့ စိတ်ဝိညာဉ် ကို သန့်စင်လေတော့သည်။
“အား .. မဟုတ်ဘူး .. “
အဖွားအိုက ကျယ်လောင်စွာ အော်လိုက်သည်။ သူမရဲ့ စိတ်ဝိညာဉ် ကတော့ နှိပ်စက်ခံရပြီး ပျက်ဆီး ပျောက်ကွယ် သွားရလေတော့သည်။
စိတ်ဝိညာဉ် ဖိနှိပ်ခြင်း စေတီက ငြင်သာစွာ နဲ့ လှုက်ရမ်းနေခဲ့ကာ သူမရဲ့ စစ်မှန်တဲ့စိတ်ဝိညာဉ် ကို သန့်စင် လိုက်ကာ ပြာအဖြစ်ပြောင်းသွားစေခဲ့သည်။ ကျန်တဲ့ အပိုင်းအစ တွေကတော့ ကောင်းကင်မှ သူ.ဘာသာ ဆက်ပြုတ်ကျ လေတော့၏။
လူတိုင်းကတော့ သံသယဝင်လာသည်။ နတ်နန်းကလန် ရဲ့ အစွမ်းထက်ဆုံး ကျွမ်းကျင်ပညာရှင် တစ်ယောက်က. ဒီလို နဲ့သေ သွားခဲ့ပြီလား။ သူတို့ကတော့ တကယ့်ကို ပွဲ ကြီးပွဲကောင်း ဖြစ်တော့မယ်လို ထင်နေခဲ့ကြသည်။ သို့သော် ဒီအတိုင်း ပြီးသွားခဲ့သည်။ ထိုအရာက တစ်ဖက် သတ်ဆန်လွန်းနေခဲ့သည်။
လူတိုင်း ရှီဟောင်ကိုသာ ကြည့်လိုက်မိသည်။ သူတို့ရဲ့ အမြင်မှ ကွဲ ပြားခြားနား သွားကြပြီ ဖြစ်သည်။ ဒီလူငယ်က တစ်ကယ့်ကို လွှမ်းမိုး နိုင်စွမ်းကြီးမားလွန်းသည်။ သူ့ကို ရန်စ လိုက်တာနဲ့ သူက တုံ့ဆိုင်း မနေဘဲ ပြန်တုန့်ပြန်မှာ ဖြစ်၏။ သူက အဆုံးစွန်သော နည်းလမ်းကို အသုံးပြုမှာဖြစ်၏။ သူက အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင် တောင်မှ မျက်တောင် မခတ်ဘဲ သတ်ရဲပေသည်။
လက်ရှိတွင် ကျွမ်းကျင်ပညာရှင် တွေက ရှီဟောင်ကို အဆင့်တူ အဖြစ် သတ်မှတ်ကာ ဒီ လူငယ်ကို ရန်သွားစပါက ကပ်ဘေးကြီးကို ယူဆောင်လာသလို ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ကွက်လပ်နတ်ဘုရား နယ်မြေတွင် ဖြစ်ပေသည်။ သူ့ရဲ့ ပင်ကို သဘာဝ ကိုက ရိုင်းစိုင်း ကြမ်းတမ်းသည်။ သူ ကြီးပြင်းလာရင် ပိုဆိုးမှာတော့ သေချာပေသည်။ ထို့ကြောင့် သူ့ကို ဘယ်သူမှ ရန်မစ ခြင်ပေ။
“မင်း အဖွားရှီဟွား ကို သတ်လိုက်တယ် ၊ နတ်နန်းကလန် တစ်ခုလုံး ကို ရန်စလိုက်တာပဲ၊ အနာဂတ်မှာ မင်းနေစရာ နေရာမရှိတော့ဘူး”
အကြီးအကဲ ကျုံး က အော်သည်။
“ငါသူ့ကို သတ်ချင်လို့ သတ်လိုက်တာလေ၊ ခင်ဗျားကရော ဘယ်လောက် အစွမ်းထက် တဲ့ ကျွမ်းကျင်ပညာရှင် မို့လို့လဲ ၊
အင်း .. မင်း မကျေနပ် ဘူးဆိုရင်လဲ ငါဆီလာပြီး အသေခံလို့ရတယ်နော် ၊ ပျက်သုန်းခြင်းနယ်မြေ ကို နတ်နန်းကလန်က ပိုင်တာမှ မဟုတ်တာ၊ အနာဂတ်ကျရင် ငါတို့ ပျက်သုန်းခြင်းနယ်မြေ က သတ္တဝါ တိုင်း စည်းမျဉ်းကို လိုက်နာရလိမ့်မယ်၊ မဟုတ်ရင့ ငါက လိုက်နာအောင် လုပ်ပေးရလိမ့်မယ်၊ “
ထိုစကားက နိုင်လိုမင်းထက် ရှိလွန်းကာ အမိန့်သံပေါက်ကာ အာဏာရှင် သဖွယ် ပြုမူ ပြောဆိုနေလေသည်။
“ပြောရဲလိုက်တာ .. ဒီနေ့ ကစပြီး မင်းအတွက် သွားစရာနေရာ မရှိတော့ဘူး ၊ နတ်နန်းကလန် က အမိန့်ထုတ်လိုက်တာနဲ့ မင်းဘယ်လို ရှင်သန် ရတော့မလဲ ၊ “
လူအများအပြားက ရှီဟောင် စကားကို ကြွားဝါလွန်းတယ်ဟု ဝိုင်းပြောကြလေသည်။ သူတို့က နတ်နန်းကလန်ကို သာ မျက်နှာ လုပ်ချင်နေကြသည်။ ရှီဟောင် ရယ်လိုက်သည်။ သူ့ဟန်က ဂရုစိုက်သည့်ပုံ လုံးဝမပေါ်ပေ။
နောက်ထပ် ရှင်းလင်း လှတဲ့ လေသံက ပေါ်လာလေသည်။ လှပ သည့် ပုံရိပ်တစ်ခုက ဆင်းသက်လာခဲ့သည်။ သူမ အသားအရေ က နှင်းလို ဖြူစွတ်နေခဲ့ကာ ၊ဆံပင် တွေကတော့ နက်မှောင် နေခဲ့၏။ သူမ၏ မျက်လုံး တွေက မှော်ဆန်လွန်းလှ၍ တောက်ပနေခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးကိုက အံအားသင့်ဖွယ် ကောင်းပေသည်။
သူမက ကျော့ရှင်း တည်ငြိမ်လွန်းလှတဲ့ အရှိန်အဝါ ကို ပိုင်ဆိုင် ထားခဲ့ကာ တကယ့်ကို လှပလွန်းလှတဲ့ သူဖြစ်ပေသည်။ သူမရဲ့ ပုံပန်းသွင်ပြင်လေးနဲ့တင် လူပေါင်းများစွာ ဆွဲဆောင် ခံ ရနိုင်ပေသည်။ သိသာစွာပင် သူမက စုန်းမ ဖြစ်ပေသည်။ သူမရဲ့ အသံက အလွန်အမင်း သာယာလှကာ နားထောင်သူကို စိတ်ကြေနပ် နိုင်စေပေသည်။
“နတ်နန်းကလန်က ကောင်းကင် တစ်ခုလုံး ကို အုပ်ကိုင် ထားနိုင်သလို သူတို့တွေ ပြောနေကြတာပဲ။ တစ်ကယ်လို့ အဲ့လိုသာ အုပ်ကိုင် ထားနိုင်မယ်ဆိုရင် ငါတို့တွေ နေစရာ ရှိတော့မှာကို မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် .. မောင်ငယ်လေး .. ငါ့ရဲ့ ကောင်းကင်ခစားခြင်းကလန်က မောင်ငယ်လေး ကို အမြဲတမ်း ဧည့်သည်တော် အနေနဲ့ ဖိတ်ခေါ်ထားလို့ရတယ်နော်”
အတွဲ – ၂၈ ပြီး၏။