သုခကမ္ဘာက ရှီဟောင် - Chapter - 566 လျိုဝှက်ဆန်းကြယ်တဲ့အမျိုးသမီး
မိစ္ဆာဝိညာဉ်ရေကန်ရဲ့ ကောင်းကင်အထက်တွင် ကျယ်လောင်တဲ့ ဟိန်းဟောက်သံတို့ ပဲ့တင်ထပ်နေခဲ့သည်။ တောင်အသေးစား တစ်လုံးစာလောက်ကြီးသည့် ပင့်ကူကြီးတွေက သတ်ဖြတ်ခံနေရ၏။ ရန်သူတွေက ထိုနေ့တွင်ရုတ်တရက် ရောက်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားလိမ့်မည်မဟုတ်ပေ။
ရှေးဟောင်းအထွတ်မြတ်ကလန် တစ်ခုက သူတို့ရဲ့ ပိုင်နက်နယ်မြေမှာပင် သတ်ဖြတ်ခံနေရကာ ကပ်ဘေးကြရောက်လိမ့်မည်လို့ ဘယ်သူကမှ ထင်ထားလိမ့်မည်မဟုတ်ပါပေ။
“လမ်းပိတ်လာတဲ့လူတိုင်းကို သတ်ကြစမ်း၊ ငါတို့ရဲ့ကံကြမ္မာက အခုလိုဖြစ်လာပြီဘဲ။နတ်မျက်လုံးနှစ်သွယ်နဲ့ နတ်ဘုရားအရိုးကို ပိုင်ဆိုင်ထားတဲ့သူရဲ့ အလောင်းက ငါတို့လက်ထဲရှိနေတာကိုး”
အထွတ်အမြတ်နယ်မြေတွင် ကျယ်လောင်တဲ့အသံတို့ ထွက်နေလေတော့သည်။ ထိုသို့ပြောလိုက်သည့် သူက အစွမ်းထက် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။ အသံက မိုးခြိမ်းသံလို့ထင်ရလေကာ လူတိုင်း၏စိတ်ကို တုန်ခါစေနိုင်လေ၏။
ကွက်လပ်နတ်ဘုရားနယ်မြေရဲ့ တိုက်ပွဲပြီးသည့်နောက် လူတိုင်းက ထိုကျောက်တုံးညီအစ်ကိုက ဘယ်လောက်တောင်စွမ်းအားကြီးသလဲဆိုတာကို သိသွားကြသည်။သူတို့ရဲ့ခန္ဓာကိုယ်ပေါ်က ကောင်းကင်ဘုံရဲ့ လက်ဆောင်တွေဖြစ်ကြကာ ကျွမ်းကျင်ပညာရှင် လူအိုကြီးတွေရော ၊ လူငယ်တွေကိုပါ လှုပ်ခါနိုင်စွမ်းရှိပေခဲ့သည်။ကျောက်တုံးညီအစ်ကိုရဲ့ အငယ်လေးက မွန်းစတားဆန်လွန်းလှကာ အနာဂတ်က အကန့်အသတ်မရှိနိုင်တော့ပေ။ သူနှင့်ယှဉ်နိုင်စွမ်း ရှိတဲ့သူကတော့ လူနည်းစုလောက်သာဖြစ်လောက်ပေ၏။
လက်ရှိတွင် ထိုတိုက်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။ ကျောက်တုံးညီအစ်ကိုကြားက တိုက်ပွဲက အဆုံးသတ်သွားသည့်အခါ လူတိုင်းက ရှုံးနိမ့်သွားသူ၏ အလောင်းကိုခိုးယူရန် ကြိုးစားကြတော့မည် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ မိစ္ဆာပင့်ကူတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေ အမျိုးမျိုးသော ကန့်သတ်နယ်မြေတွေ ရှိကြကာ အစွမ်းထက်ကျွမ်းကျင်ပညာရှင်တွေက လာရောက်သည့်အခါ သူတို့သည်လည်း ဆုံးရှုံးမှုခံရသည်သာ ဖြစ်သည်။ သို့သော် များစွာသောသူတို့တစ်ရှိန်ထိုးဝင်နေသည့် အချိန်တွင်တော့ အခြေအနေကတစ်မျိုး ပြောင်းလဲသွားနိုင်ပေ၏။
ဟုန်း….
ကောင်းကင်နယ်မြေကြီးက အမျိုးမျိုးသော မှော်လက်နက်တွေ လွင့်ပျံထွက်နေခဲ့သည်။ ပြင်းထန်လှသည့် ဖိအားတွေက ထွက်ပေါ်နေခဲ့သည်။ များစွာသောသမိုင်းဝင်နယ်မြေတို့က ဖောက်ခွဲဖျက်ဆီးခံနေရ၏။ထိုနေရာတစ်ခုလုံး ဖယ်ရှားခံရတော့မလို အပျက်စီးပုံ စ,ဖြစ်လာနေခဲ့သည်။
တောင်ဂိတ်က ဖျက်ဆီးခံရပြီးသည်မှာ ကြာညောင်းခဲ့လေပြီ။ အနည်းငယ်သော ကျွမ်းကျင်ပညာရှင်အချို့တောင်မှ သတ်ဖြတ်ခံရပြီးဖြစ်ပေသည်။ များစွာသော ပင့်ကူကြီးတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့သွေးတို့က နေရာအနှံ့ပြန့် ကျဲနေခဲ့၏။ သို့ရာတွင် မိစ္ဆာပင့်ကူတွေရဲ့ စွမ်းအားအစစ်အမှန်က ထွက်မလာခဲ့သေးပါပေ။ ဒါက သူတို့ရဲ့ဘိုးဘွားပိုင်နယ်မြေ ဖြစ်သည်။ သူတို့ရဲ့ ဘိုးဘွားပိုင်ဝင်္ဂပါ ခင်းကျင်းထားသည့်နေရာ ဖြစ်၏။ ထိုဘိုးဘွားပိုင်ဝင်္ကပါက အသက်သွင်းနိုင်သည် နှင့် များစွာသောပျက်စီးဆုံးရှုံးမှုတို့က အလှည့်အပြောင်းဖြစ်သွားခဲကာ ရန်သူတွေဘက်ကသာ အထိနာရလေတော့သည်။
“မုန်းစရာကောင်းလိုက်တာ”
မိစ္ဆာဝိညာဉ်ရေကန်က အရှင်တစ်ပါးဖြစ်တဲ့ အကြီးအကဲ တစ်ယောက်က ထိုနေရာတွင်တာအိုပညာကို နှစ်ပေါင်းများစွာလေ့လာ ဆန်းစစ်နေခဲ့ခြင်း ဖြစ်ပေသည်။သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နက်ရှိုင်းနေကာ မြင့်မားလွန်းလှ၏။ သူက ရှီရီကို သိုင်းပညာပေါင်းများစွာ သင်ပေးခဲ့ပေသည်။ ရှီရီရဲ့အလားအလာကိုလည်း သူအလွန်ခန့်မှန်းထားခဲ့ပေ၏။ ထို့အပြင် ရှီရီရဲ့အချို့သော သူပင် မသိသည့်သိုင်းပညာတွေကို ဆန်းစစ်လေ့လာရန်အလို့ငှာ သူကထိုအလောင်းကို ယူလာခဲ့ခြင်းဖြစ်ပေသည်။ သို့ရာတွင် အခုလိုမျိုးလူအများကြီးရောက်လာပြီး အလောင်းကိုလုကြမယ်လို့တော့ သူ မထင်ထားခဲ့ပါပေ။
ရှီရီကို ဆုံးရှုံးလိုက်ရတာက အခုလိုမျိုးရလဒ်ကို ဖြစ်လာစေလိမ့်မယ်လို့ သူ လုံးဝထင်မထားမိခဲ့ပေ။
နတ်မျက်လုံးနှစ်သွယ်ကို ပိုင်ဆိုင်သည့်လူ၏ ခန္ဓာကိုယ်ကိုက သဘာဝကပေးတဲ့ အခွင့်ထူးကြီးဖြစ်ပေသည်။ ထိုခန္ဓာကိုယ်ကို သူတို့ရဲ့စိတ်ဝိညာဉ်ထဲ ပေါင်းစပ်ကာ ခန္ဓာအသစ်တစ်ခုအဖြစ် ပြန်လည်ရှင်သန်အောင် လုပ်နိုင်သလို သူတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းအတွက် မယုံနိုင်တဲ့အဆင့်ထိရောက်ရန် ဝါးမျိုနိုင်ပေသည်။ထို့ကြောင့် ထိုသို့အခွင့်ထူးကြီးရှိနေသည့် ထိုခန္ဓာကိုယ်ကို ဘယ်သူကမှ အလွယ်တကူ အပျက်အစီးခံလိမ့်မည်မဟုတ်သလို အဆုံးရှုံးခံလိမ့်မည်လည်းမဟုတ်ပေ။ မည်သို့ပင်ဆိုစေ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အလဲအလှယ်လုပ်လိုက်ရုံနဲ့ အန္တရာယ်က ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပေ။
မိစ္ဆာဝိညာဉ်ရေကန်ရဲ့အရှင်က ရှီရီကိုပျိုးထောင် ပေးချင်ခဲ့သည်။ သို့သော် အခုလိုအခြေအနေ ကြုံလာရသည့်အချိန်တွင်တော့ ဒီပြိုင်ဘက်ကင်းတဲ့ခန္ဓာကိုယ်ကို အခိုးခံလိမ့်မည်မဟုတ်ပေ။ လက်ရှိအချိန်တွင်တော့ များစွာသောကျွမ်းကျင်ပညာရှင်တို့က အပြင်ဘက်တွင် စိတ်ဆန္ဒအပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့ကြပေ၏။
“သူတို့အားလုံးက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဘာအသက်ဘေးမှ မကြုံဘဲ ရှင်သန်ခဲ့တဲ့မြေခွေးအို ကြီးတွေဘဲ။ သူတို့ရဲ့လမ်းတစ်လျှောက်က အရာရာတိုင်းက ဖျက်ဆီးခံရတယ်။သူတို့ကဒီနေ့ ဒီကိုလာပြီး ဒီအလောင်းကိုခိုးဖို့ ကြိုးစားနေကြတယ်။ အရေးကြီးဆုံးကိစ္စက ကွက်လပ်နတ်ဘုရားနယ်မြေတုန်းက တိုက်ပွဲပဲ။ သူတို့အားလုံးက နတ်မျက်လုံးနှစ်သွယ်နဲ့အတူ နတ်ဘုရားအရိုးကို ပိုင်ထားတယ်ဆိုတာကို အားလုံးသိနေကြတယ်။ပြီးတော့ အဲ့ဒီစွမ်းအားက အရမ်းမြင့်မားတယ်ဆိုတာကိုလည်း သိနေကြတော့ အခြေအနေက ပိုခက်ခဲသွားနိုင်တယ်။”
ပင့်ကူကြီးတစ်ကောင်က ပြောလာသည်။ထိုပင့်ကူက သူ့ဘေးဘက်တွင်ရှိနေခဲ့၏။မိစ္ဆာဝိညာဉ်ရေကန်က တကယ်ကို ကပ်ဘေးဆိုက် သလိုဖြစ်နေခဲ့သည်။ မဟာဝင်္ကပါကို ခင်းကျင်းထားလို့သာမဟုတ်ရင် သူတို့ရဲ့ အခြေအနေက အတော်ဆိုးရွားနေနိုင်၏။ လက်ရှိအချိန်တွင် ထိုပတ်ဝန်းကျင်တစ်ခုလုံးကို ထူထဲသည့်မြူတို့က ဖုံးလွှမ်းထားခဲ့ကာ အဖိုးတန်လှသည့်စွမ်းအင်တွေနဲ့ မြောက်များလှစွာ သောသင်္ကေတတို့က ဝန်းရံနေခဲ့သည်။ သို့သော် ထိုနေရာက ဖျက်ဆီးခံရမလို ဖြစ်နေခဲ့ပြီ ဖြစ်၏။ အချို့သော ကျွမ်းကျင်ပညာရှင်တို့တောင်မှ အထဲကိုဖောက်ဝင်လာနေခဲ့သည်။သူတို့က မဟာဝင်္ကပါတွေကို တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် ဖျက်ဆီးနေခဲ့၏။
“သတ်စမ်း”
သွေးတွေဖုံးလွှမ်းထားခဲ့သည့် လေထုထဲတွင် အော်ဟစ်သံတွေနဲ့အတူ ပုံရိပ်အချို့က ထွက်လာခဲ့လေသည်။အဖိုးတန်သိုင်းတွေက ကောင်းကင်တွင် မျက်စိကျိန်းမတက် တောက်ပနေခဲ့၏။
ဟုန်း…
မြင့်မားလှသည့် ကောင်းကင်ကြီး၏အထက်တွင် ပင့်ကူကြီးတစ်ကောင်ပေါ်လာခဲ့သည်။ ဖျက်ဖျက်လပ်ကာ ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေသည့် သူ့အရောင်က နေ၊လနဲ့ကြယ်တို့ကိုတောင်မှ မှေးမှိန်စေနိုင်သည်။ သူက ဆူညံလှသည့်အသံတွေနဲ့အတူ သူ့ရှေ့ရှိအစွမ်းထက်ဆုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ယှဉ်လျက်သန့်စင် လိုက်လေတော့သည်။
“ဆိုးလိုက်တာ ဒီဝင်္ကပါ က နတ်ဘုရားတစ်ပါး ချန်ရစ်ခဲ့တဲ့အရာဘဲဖြစ်မယ်။ဒါကြောင့် ငါတို့ကိုတောင်သန့်စင်ဖို့ လုပ်နေသေးတယ်။”
လူတစ်ယောက်ကအော်သည်။ သူတို့၏ လမ်းတစ်လျောက်ရှိ အရာတိုင်းကို ဖျက်ဆီးကာ ရှေ့ဆက်တိုးနိုင် နေခဲ့ပေမယ့် ထောင့်တိုင်းနေရာတိုင်းက အန္တရာယ်တွေနဲ့ပြည့်နေခဲ့ပေသည်။မည်သို့ပင်ဆိုစေ ဒီနေရာကလည်း မိစ္ဆာပင့်ကူတို့ရဲ့ အထွဋ်မြတ်နယ်မြေ ဖြစ်နေခဲ့သည်ပေ။ ဝင်္ကပါ တွေရဲ့အထက်တွင် ဝင်္ဂပါတွေရှိနေခဲ့ကာ အဆင့်ဆင့်တိုင်း နေရာတိုင်းတွင် ဝင်္ကပါတို့ပြည့် နေခဲ့ခြင်းဖြစ်ပေကာ နေရာတိုင်းက အန္တရာယ်ပြည့်နက်နေခဲ့ပေ၏။ ထိုဝင်္ကပါ တွေရဲ့ အပြင်တွင်လည်း ထူထဲလှသည့် သင်္ကေတ တို့ကရှိနေခဲ့သည်။ ထိုအရာတွေရဲ့ဖျက်ဆီးအားက အတော်လေးကိုများပြားပေ၏။
အတိတ်တွင် သူတော်စင်တွေနဲ့နတ်ဘုရားတို့က ဒီနေရာတွင် စစ်ပွဲဖြစ်ခဲ့ကြသည်။ သို့သော် ထိုသို့ကပ်ဘေးတွေ ဆိုက်ခဲ့တာတောင်မှ ဒီနေရာကမပျက်ဆီးခဲ့ပါပေ။ ထို့ကြောင့် ဒီနေရာကို တကယ့်အထွဋ်အမြတ်နယ်မြေလို့ ခေါ်ဆိုရမည်ဖြစ်ပေ၏။ဝင်္ကပါတွေက နှစ်တွေကြာ လာခဲ့လို့ ဖျက်ဆီးစုတ်ဖြဲခံရရင်တောင်မှ ရှေးခေတ်အင်အားကတော့မပျက်သေးပါပေ။ထို့ကြောင့် မိစ္ဆာဝိညာဉ်ရေကန်ကြီးကိုတော့ ဖျက်ဆီးဖို့ရာက မဖြစ်နိုင်ပေ။
“ပင့်ကူအိုကြီး ခင်ဗျားလုပ်ရဲတယ်”
ပင့်ကူမျှင်ဖြင့် ဝန်းရံထားခံရသည့် အစွမ်းထက် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကြောက်မက်ဖွယ်အလင်းတွေကို လွှတ်ထုတ် လိုက်လေသည်။ သူကနတ်ဘုရားဖျက်ဆီး ပင့်ကူမျှင်ဖြင့် ဖမ်းထားခြင်းခံရခြင်းဖြစ်ပေသည်။သူမည်သို့ပင်ကြိုးစားစေကာမူ မလွတ်မြောက်နိုင်တော့လေဘဲ သန့်စင်ခံရတော့ လေ၏။သူရဲ့ ခန္ဓာကိုယ်က လောင်ကျွမ်းခံနေခဲ့သည်။
“ဒါက”
လူတိုင်းအသက်ပြင်းပြင်း ရှုလိုက်မိကြသည်။ အလွန်ကြောက်မက်ဖွယ် ကောင်းလှပေ၏။ အစွမ်းထက်ဆုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်က အခုလိုသေဆုံးခဲ့ရသည်။
ဖူး…….
ကြောက်မက်ဖွယ်အလင်းတွေ ထိုးတက်လာခဲ့ကာ ထိုနေရာတစ်ခုလုံးက ပြင်းထန်လှသည့် ဖိအားအောက် ရောက်သွားလေတော့သည်။စစ်မှန်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ပေါက်ကွဲသွားခဲ့ကာ သာမန်မဟုတ်သည့် ကြောက်မက်ဖွယ်အလင်းတို့ဖြင့် ဆက်လက် လောင်ကျွမ်းခံရ၏။ ထိုပုံရိပ်သေဆုံးသွားတာက ထိုနေရာတစ်ခုလုံးအား တိတ်ဆိတ်သွားစေခဲ့သည်။များစွာသောသူတို့က ကြောက်လန့်မှု ကိုစတင်ခံစားလာရ၏။ မိစ္ဆာဝိညာဉ်ရေကန်က လွယ်ကူတဲ့နေရာ တစ်ခုတော့ မဟုတ်ပေ။တစ်စုံတစ်ယောက်က သတိလက်လွတ်ဖြစ်သွားပါက ချက်ခြင်းသေဆုံးနိုင်ပေသည်။
“ခန္ဓာကိုယ်ကို ငါတို့လက် အပ်လိုက်စမ်း”
တစ်စုံတစ်ယောက်က အော်လိုက်သည်။
စွမ်းအားကြီးတဲ့ကျင့်ကြံသူတစ်ယောက် သေဆုံးသွားတာတောင်မှ လူသားတွေရဲ့လောဘကြောင့် ထိုသူတို့ကနောက်မဆုတ်ကြပေ။ အဲ့ဒီအစား ပိုလို့သာ ရူးသွပ်သွားခဲ့ကြ၏။ အချိန်တိုင်း အချိန်တိုင်း သွေးတို့က လေထဲပြည့်နေခဲ့သည်။မိစ္ဆာဝိညာဉ်ရေကန်က ပျက်စီးဆုံးရှူံးမှုများလာ၏။
ထိုနေရာသို့ရောက်လာကြသည့် အစွမ်းထက် ပညာရှင်တွေရဲ့ ပမာဏက နည်းကြသလို အားလုံးကလည်း မြင့်မားသည့် စွမ်းအားကို ပိုင်ဆိုင်ထားလို့သာ ရောက်လာခဲ့ခြင်းဖြစ်ပေသည်။ထိုနေရာတစ်ခုလုံးက သွေးမိုးရွာသွန်းနေခဲ့သလို ဖြစ်နေခဲ့ကာ အထွဋ်မြတ်နယ်မြေတွင် ပျက်ဆီးဆုံးရှုးမှုတွေပြည့်လာခဲ့လေသည်။ဒီအတိုင်းသာ ဆက်ဖြစ်နေပါက သူတို့အားလုံး ရှင်းပစ်ခံရနိုင်လောက်၏။
သူတို့က ရှေးခေတ်ကတည်းကတည်ရှိခဲ့သည့် ရှေးဟောင်းကလန်ကြီး တစ်ခုဖြစ်ပေမယ့် ရှေးခေတ်လောက် အထိတော့ စွမ်းအားကြီးမနေကြတော့ပေ။ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့အခါ စွမ်းအားကြီး သူတို့ကလည်း သေဆုံးကြရသည်မဟုတ်လား။
” ဖူး .. ဖူး .. ”
ကောင်းကင်တွင်ခေါင်းတစ်လုံးပြတ်သွားခဲ့ကာ သွေးတွေကဖွာကတည်း ဖြစ်သွားခဲ့သည်။မိစ္ဆာဝိညာဉ်ရေကန်က သွေးတို့ဖြင့်နီရဲလာခဲ့၏။ သူတို့ရဲ့ တပည့်ဂိုဏ်းသားတွေက ဆိုးရွားတဲ့ပုံစံနဲ့ သတ်ဖြတ်ခံနေရသည်။ထိုအဖြစ်အပျက်အရ သေဆုံးမှုက မြင့်သထက်မြင့်လာနေခဲ့၏။
အမျိုးမျိုးသော ကန့်သတ်ဝင်္ကပါတွေက ပေါ်ထွက်နေခဲ့ရာ အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင် တွေကလည်း သေဆုံးရသည်။တိုက်ပွဲက မည်သူအောင်နိုင်မလဲဆိုတာကို သိရရန် ခက်ခဲလာခဲ့၏။ များစွာသောသူတို့က နီရဲတဲ့မျက်ဝန်းတွေ စိတ်ဆန္ဒတွေ ပြည့်စွာဖြင့် ရှေ့တက်နေခဲ့ကြသည်။သူတို့က ရူးသွပ်နေကြရာ အကြောက်အလန့်မရှိကြတော့ပေ။
ပင့်ကူမျှင်တွေက အရာအားလုံးကို ဖုံးလွှမ်းထားခဲ့သည်။အစွမ်းထက်လှဆုံး ပြင်းထန်သည့် သင်္ကေတတွေက ထိုအရာတွေကို ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပေရာ ကျန်အလင်းတန်းပြည့်နေခဲ့သလိုမျိုး ပျိုးပျိုးပျက်ပျက် လက်နေသည့် ပင့်ကူမျှင်တို့က ထိုနေရာအပြည့် ပြည့်နေခဲ့ခြင်းဖြစ်ပေ၏။ ကောင်းကင်အောက်တွင် အရာအားလုံးက ပင့်ကူနယ်မြေ တစ်ခုလိုမျိုး ဖုံးလွှမ်းထားခဲ့သည်။ထိုသို့ဖြင့် အရပ်မျက်နှာ အနှံ့ဖိအား ပေးထားခဲ့လေ၏။
တိုက်ပွဲက ပြင်းထန်သထက် ပြင်းထန်လာခဲ့သည်။ မြေပြင်တစ်ခုလုံး သွေးတို့ဖြင့် ဖုံးလွှမ်းနေခဲ့၏။ အလောင်းတွေကလည်း နေရာအနှံ့ ရှိနေခဲ့ပေသည်။
ဟုန်း…
လေထဲတွင် တည်ရှိသည့် ရှေးဟောင်းနန်းတော်တစ်ခုက ပေါက်ကွဲထွက်သွားကာ စွမ်းအားကြီးလှသည့် ကျွမ်းကျင်ပညာရှင်တို့က ထိုအထွဋ်အမြတ်နယ်မြေရဲ့ တကယ့်အချက်အချာကြသည့် နေရာကို ဖျက်ဆီးလိုက်ခြင်းပါပေ။
မိစ္ဆာဝိညာဉ်ရေကန်ရဲ့ အရေးကြီးဆုံးနေရာဖြစ်တဲ့ နေရာကတော့ ကောင်းကင်အထက်ဖြစ်သည်။ထိုနေရာတွင် ခမ်းနားလွန်းလှသည့် ဗဟိုနန်းတော်ကြီး ရှိနေခဲပေသည်။ ထိုနေရာတွင် ရှီရီ ရဲ့ခန္ဓာကိုယ်ရှိနေခဲ့ပေ၏။
“မကောင်းတော့ဘူး။ အဲ့ဒီ မိန်းမကြီးက ဘယ်သူကြီးလဲ။”
တစ်စုံတစ်ယောက်က အလန့်တကြား အော်လိုက်သည်။
တိုက်ပွဲနယ်မြေထဲတွင် အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့သည်။ သူမက ဝင်္ကပါတွေထဲကို အသာအရာဖြတ်သန်း လျှောက်သွားနေခဲ့၏။သူမရဲ့ ခြေလှမ်းတိုင်း ကျန်း ထောင်ကျော် ရောက်လေကာ သွေးလွှမ်းနေသည့် ရှေးဟောင်းနယ်မြေရဲ့ အကန့်အသတ်နယ်မြေသို့ ချက်ချင်း ရောက်သွားလေတော့၏။
“အဲ့ဒါ ဘယ်သူလဲ။”
ကျွမ်းကျင်ပညာရှင် တွေတောင်မှ အလန့်တကြားဖြစ်ကာ လှည့်ကြည့်ရပေသည်။ သူတို့ကို ရန်စခံရနိုင်သည့် အခြေအနေကို ခံစားလိုက်မိခဲ့၏။ သို့ရာတွင် ထိုအမျိုးသမီးက အလွန်ကြည့်ကောင်းသည်။သူမရဲ့ ခြေလှမ်းအောက်ရှိ မြေပြင်ကတုန်ခါနေခဲ့ရကာ ဖျက်ခနဲ အလင်းလက်သွားသည့်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုတိုင်းကို ရှောင်းရှားပြီးသား ဖြစ်သွားတတ်သည်ပင် မည်သည့်အဖိုးတန်သိုင်းပညာမှ သူမအားမထိခဲ့ပေ။
လူတိုင်း၏စိတ်ဝိညာဉ်တွေက တုန်တုန်ရီရီ ဖြစ်သွားကြသည်။ ထိုအမျိုးသမီးက အလွန်စွမ်းအားကြီး လှကာ သာမန်မဟုတ်မှန်း သေချာနေပေ၏။သူမကသာ ဆန္ဒရှိရင် ဒီနေရာတွင် ဘယ်သူကမှ သူမပြိုင်ဘက်မဖြစ်လောက်သည့် အဆင့်ဖြစ်လောက်ပေသည်။
သူမရဲ့ခန္ဓာကိုယ် တစ်ခုလုံးအား အပြာအရောင် ဝတ်စုံဖြင့် ဖုံးလွှမ်းထားခဲ့ကာ ရှည်လျားလှသည့် အင်္ကျီလက်တွေကလည်း အရောင်တွေလက်နေခဲ့သည်။သူမရဲ့ လှပလှတဲ့ ပုံရိပ်လေးကို လျိုဝှက်စန်းကျယ်လှသည့် အရှိန်အဝါက ဖုံးလွှမ်းထားခဲ့သည်။အနီးကပ် လေ့လာရမည်ဆိုပါက သူမရဲ့ အဝတ်အစားတွေက အလွန်ခေတ်ဟောင်းဆန် နေတာကို တွေ့ရသည်။ရှေးခေတ်ပုံစံ ဝတ်ဆင်ထားခြင်းဖြစ်ပေ၏။ထိုကဲ့သို့သော ဝတ်စားဆင်ရင်မှုမျိုးက လက်ရှိခေတ် အခြေအနေတွင် မြင်ရခဲပေသည်။
သူမရဲ့ရှည်လျားလှတဲ့ ဆံပင်တို့က တောက်ပလှတဲ့ ဖြူဖျော့သည့် မျက်နှာလေးကို ဖုံးကာဖြာကျနေသည်။ ထို့ကြောင့် သူမလက်ရှိတွင် ဘယ်လိုမျက်နှာအမူအရာ ရှိနေလည်းဆိုတာကို သိရရန် ခက်ခဲပေ၏။သို့ရာတွင် မျက်နှာလေးရဲ့တစ်ဝက်လောက်က ပေါ်နေခဲ့သည်ဖြစ်ရာ လူတိုင်းကလေးစားစွာဖြင့် အော်မိမတပ် ဖြစ်ရလေတော့သည်။
အကြောင်းကတော့ ထိုမျက်နှာလေးက စိတ်ကူးယဉ် ဆန်လွန်းလှသည့် အိမ်မက်မျက်နှာလေး ဖြစ်နေသောကြောင့် ဖြစ်ပေသည်။ သေသေချာချာ မမြင်ရတာတောင်မှ ဘယ်လောက် အံအားသင့်ဖွင့် ကောင်းလှလဲဆိုတာကို စိတ်ကူးယဉ်ကြည့် နိုင်ပေ၏။ထိုကဲ့သို့သော မျက်နှာမျိုးကို နတ်သမီးရွှီချန်းနဲ့စုန်းမ တို့လောက်ကသာ ယှဉ်နိုင်လောက်ပေသည်။
လေတွေတိုက်လို့ သူမဆံပင်တို့လွင့်သည့်အခါ ဆွဲဆောင်မှုရှိလွန်းသည့် အကြည့်တို့က သူမမျက်ဝန်းမှ ဖြာကျသည်။ ထိုမျက်ဝန်းမှ ရေငွေ့တွေ ထွက်လာ သလိုမျိုး အချိန်တိုင်းတွင် များစွာသောသူတို့အား တုန်တုန်ရီရီရေဖြစ်နိုင်စေအထိ လမ်းရှဲပေးကြရပေ၏။
သူမကရှေ့ဆက်လျှောက်သည်။ခြေလှမ်းတွေက မမြန်ပေမယ့် ခြေလှမ်းတိုင်းက ကျန်း ထောင်ကျော် လှမ်းနေခဲ့ လေ တော့ တိုက်ပွဲနယ်မြေတစ်ခုလုံးက သူမရဲ့ခြေလှမ်းချက်တွေအောက် ရောက်နေခဲ့သလို ခံစားရလေသည်။
“ဒါက မြေတုန်ခါသိုင်းဘဲ ရှေးခေတ်တုန်းက အရမ်းကျော်ကြားခဲ့တဲ့ နတ်သိုင်းတစ်ခုပေါ့”
တစ်စုံတစ်ယောက်က မျက်လုံးတွေမှေးကျဉ်းကာ ပြောလိုက်သည်။
ထိုစကားကိုကြားသည့် ကျွမ်းကျင်ပညာရှင်တွေက တုန်တုန်ရီရီ ဖြစ်သွားကြသည်။ ထိုသိုင်းအကြောင်း သိတဲ့သူတွေကနည်းပါးပေကာ ထိုသို့သိသည့်လူတိုင်းကလည်း သာမန်မဟုတ်ကြပေ။
နားလည်ထားရမည်က အဖိုးတန်သိုင်းတွေတွင် သူ့အကန့်အသတ်အထိသာ စွမ်းအားကိုထုတ်ဖော်နိုင်စွမ်းရှိသည်။သို့သော် ထိုသို့တစ်ကြိမ် ထုတ်ဖော်ပြီးတိုင်း မယုံနိုင်စရာစွမ်းအားတွေကို ထွက်လာစေမည်ဖြစ်ကာ တန်ကြေးပေးဆပ် ရတာမျိုးလည်း ရှိပေသည်။ လောကရဲ့ အမြန်ဆန်ဆုံးသိုင်းကို ခွန်ပန်ရဲ့ အဖိုးတန်သိုင်းလို့ သိထားကြသည်။သို့သော် ထိုသိုင်းကလည်း ပေးဆပ်မှုမျိုးလုပ်ရလောက်ပေ၏။
ဟုန်း……
တစ်နေရာသို့ ကြီးမားသည့် သင်္ကေတကြီးတစ်ခု ဆင်းသက်လာခဲ့သည်။ ထိုအရာက ခမ်းနားလှတဲ့ သက်တန့်အရောင်ဖြစ်ကာ သင်္ကေတထောင်ပေါင်းများစွာ တစ်ကြိမ်တည်း ပြုံရောက်လာခဲ့သလိုမျိုး ဆင်းသက်လာခြင်းဖြစ်ပေသည်။ထိုအဖိုးတန်သင်္ကေတက နတ်တောင်တစ်လုံးစာ လောက်ကြီးသည်။ ကောင်းကင်ကို တောင် မှ ဖုံးလွှမ်းသွားခဲ့ကာ ထိုအမျိုးသမီးဆီသို့ ဖိအားပေးရန် ဝင်သွားခဲ့လေ၏။
“မြေဖိနှိပ်ခြင်းသင်္ကေတ”
တစ်စုံတစ်ယောက်က အလန့်တကြားထအော်သည်။
ထိုသည်က အဖိုးတန်လက်နက်ကြီး ဖြစ်ပေ၏။ အဖိုးတန်သင်္ကေတ တွေထဲကမှ တကယ့်ကိုအဖိုးတန်ဖြစ်သည့် သင်္ကေတလက်နက် ဖြစ်ပေသည်။ ရှေးခေတ်အချိန်အတောအတွင်းတွင် ကောင်းကင်လွှမ်းခြုံခြင်းသင်္ကေတ၊ မြေဖိနှိပ်ခြင်းသင်္ကေတနဲ့ အခြားသင်္ကေတတွေက အလွန်ကျော်ကြားခဲ့ပေ၏။
သို့ရာတွင် ခေတ်အဆက်ဆက် ကြာညောင်းခဲ့သည့်အချိန်တွင် တော်တော်များများက ပျောက်ကွယ်သွားခဲ့ပေသည်။သို့သော် သူမက ထိုကဲ့သို့သော သင်္ကေတမျိုးနဲ့ ရင်ဆိုင်ရတာတောင်မှ လက်တစ်ဖက်ကိုသာဖွင့်သည်။သူမ၏ လက်ဖဝါးမှ သင်္ကေတတစ်ခု ထွက်လာခဲ့လေ၏။ ထိုအရာက တိုက်ရိုက်ပင် တောင်ကြီးလောက်ကြီးမားသည့်သင်္ကေတထံသို့ ဝင်သွားကာ ဖောက်ခွဲ ပစ်လိုက်လေတော့သည်။
ဟုန်းခနဲ မြည်သံနဲ့အတူ သက်တန့်ရောင်တောင်ကြီးက လွင့်ပျံထွက်သွားခဲ့သည်။ခမ်းနားလှတဲ့အလင်းတန်းက ကောင်းကင်တွင်ဖြာကျနေခဲ့ပေ၏။
“ရှေးဟောင်းဖိနှိပ်ခြင်း သင်္ကေတတောင်မှ မလုံလောက်ဘူးလား။ အဲ့လိုသင်္ကေတတောင်မှ အဝေးကိုပစ်ထုတ်ခံ လိုက်ရတာပေါ့ ဒီအမျိုးသမီးက တကယ်စွမ်းအား ကြီးတာဘဲ။ သူမမှာ ဘယ်လိုနောက်ခံများ ရှိနေတာလဲ။”
များစွာသောသူတို့က မျက်မှောင်တွေကျူံ့ကာ အလန့်တကြား ထခုန်ကြတော့လေသည်။သူမနောက် ဂရုတစိုက်လိုက်ရန် ဆုံးဖြတ်လိုက်တော့၏။
“သူမဘဲ”
မိစ္ဆာဝိညာဉ်ရေကန်က ပင့်ကူအိုကြီးက တုန်တုန်ရီရီဖြစ်သွားခဲ့ကာ ထိုအမျိုးသမီးကို မှတ်မိသွားတော့သည်။
ရှီရီ က ရှေးဟောင်းအထွတ်အမြတ်ခြံဝင်းမှ လွတ်မြောက်လာသည့်အချိန်တွင် ရွှေရောင်ပင့်ကူကြီးဖြစ်သည့် အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်တစ်ယောက်က လျိုဝှက်ဆန်းကျယ်တဲ့ အမျိုးသမီးက သူ့နောက်မှလိုက်ထွက်ခဲ့ကြောင်းပြောခဲ့သည်။သို့သော် သူမကိုတော့ သေချာမြင်ခဲ့ရခြင်း မဟုတ်ပါပေ။
ရွှေရောင်ပင့်ကူကြီးတောင်မှ သေချာမကြည့်နိုင်လိုက်သည့် အချိန်တွင် ထိုအမျိုးသမီးက ထွက်သွားခဲ့ခြင်းဖြစ်ပေ၏။သူမ ဘယ်ကို ထွက်သွားမှန်းတောင် သူ မသိလိုက်ခဲ့ပေ။ ထို့ကြောင့် ထိုမိစ္ဆာပင့်ကူက ပြန်ရောက်သည့် အချိန်တွင် အရှင်အား ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအား ပြောပြခဲ့သည်။ မိစ္ဆာဝိညာဉ်ရေကန်မှ အရှင်က လက်ရှိအခြေအနေကို မြင်တဲ့အခါ သူလည်း မှင်သက်ခဲ့ရပေ၏။ထိုအမျိုးသမီးက အဲ့ဒီတစ်ယောက်ဖြစ်မှန်း သူသိလိုက်ပေသည်။ သူမရဲ့စွမ်းအားက အံအားသင့်ဖွယ်ကောင်းလှ၏။ သူမရဲ့စွမ်းအား ဘယ်လောက်အထိ နက်ရှိုင်းနေပြီမှန်း မသိနိုင်ပေ။
ဟုန်း…
နတ်ဝင်္ကပါက ဆင်းသက်လာခဲ့သည်။ များစွာသော ဖျက်ဆီးခြင်းစွမ်းအားတို့ကို ထုတ်ဖော်ကာ အလွန်စွမ်းအားကြီးလှသည့် ပင့်ကူကြီးတစ်ကောင်ပေါ်လာခဲ့၏။ထိုပင်ကူကြီးက လူပေါင်းမြောက်များစွာအား ခက်ခဲအောင်လုပ်နိုင်စွမ်းရှိသည်။သို့သော် ထိုအမျိုးသမီးရဲ့ ပုံရိပ်က ရွှေ့လွယ်ပြောင်းလွယ်သည့် အရာတစ်ခုလိုမျိုး ဖြတ်ခနဲပျောက်သွားခဲ့ကာ ပင်ကူအိမ်တွေကြားက ဖောက်ထွက်လိုက်လေ၏။
ဝင်္ကပါ မှ သင်္ကေတနဲ့ သဏ္ဌာန်တို့က နူးညံ့လှသည့် အလင်းရောင်တို့ကြောင့်နောက်ပြန်ကန်ထွက်ရကာ ရှုံ့တွလာခဲ့ရ၏။
ထိုအမျိုးသမီးက ကောင်းကင်ထဲတွင်ရှိနေခဲ့သည့် ခမ်းနားလှသည့် နန်းတော်သို့ခြေတစ်လှမ်းတည်းဖြင့် ဆင်းသက်လာခဲ့သည်။