သုခကမ္ဘာက ရှီဟောင် - Chapter - 569 မြက်တစ်ပင်က ကြယ်တွေကိုတောင် ပိုင်းဖြတ်နိုင်တယ်
သူက ပျက်သုန်းခြင်းနယ်မြေတွင် လွန်ခဲ့တဲ့ နှစ်အနည်းငယ် ခန့်ကမှ စတင်ကျင့်ကြံခဲ့ခြင်းဖြစ်၏။ လက်ရှိအချိန် တွင်တော့ သူ့ရဲ့လမ်းကြောင်းက စတင်ခဲ့ ပြီ ဖြစ်သည်။
မိုးမခနတ်ဘုရားရဲ့ တက်ကြွကာ စိမ်းလန်းနေသည့် သစ်ကိုင်းတို့နဲ့ သစ်ရွက်တို့ကအလွန်အမင်းကိုတောက်ပနေခဲ့သည်။ ယခင်ကလိုမိုးကြိုး ပြစ် ခံရလို့ မဲနက်နေတာ မျိုးမရှိနေတော့ပါပေ။ ရှစ်ဆယ့်တစ်ကိုင်းသော သစ်ကိုင်းတို့က ကောင်းကင်မှ ဖြာကျနေလေပြီ။ မူလသင်္ကတတို့ ပြည့်နေသည့် လေထုကို ဖြစ်ပေစေသည်။ မြင်ကွင်းက အလွန် လျှို့ဝှက်ဆန်းကြယ် နေလေတော့၏။
“မိုမခနတ်ဘုရား အဲ့တာက ဘယ်အချိန်စမှာလဲ”
ရှီဟောင်မေးလိုက်သည်။
“အချိန်မရွေးဖြစ်နိုင်တယ် တစ်နှစ်ကျော်လောက်ကြာမှ ဖြစ်တာမျိုးလဲ ဖြစ်နိုင်တာပဲ”
မိုးမခနတ်ဘုရားက တည်ငြိမ်သည့်ဟန်ဖြင့် ပြောသွားခဲ့သည်။ ကြီးမားလှသည့်သစ်ပင်ကြီးက အစိမ်းရောင်အလင်းရောင်တွေတောက်ပနေကာ အသက်စွမ်းအင်ပြည့်နှက်နေခဲ့၏။ ရောင်စုံအလင်းတို့ကလဲ တက်ကြွစွာဖြင့် တောက်ပ နေခဲ့သေးသည်။
ရှီဟောင် လေအေးတွေ ရှုရှိုက်လိုက်မိသည်။ မတိုင်မှီက ပျက်သုန်းခြင်းနယ်မြေအုတ်အော်သောင်းနင်း ဖြစ် မယ်ဆိုသည့်ကိစ္စက ဝေးကွာလွန်း သေးသည်လို့ သူထင်နေခဲ့သည်။ သို့သော်လက်ရှိတွင်တော့ ရုတ်တရက်ကြီး ထိုအချိန်သို့ ရောက်ရှိလာနေခဲ့၏။ ဒါကဘာမှ မပြင်ဆင်ထားမိသည့် သူ့အတွက် တအံ့တဩဖြစ် စေသည်။ ထိုသို့ ဖြစ်လာသည့်အခါ သေဆုံးခြင်းတွေက များစွာ ကပ်ပါလာမည်ဖြစ်သည်။
ရှီဟောင် တစ်ခဏလောက် တိတ်ဆိတ်သွားပြီးမှ မိုးမခနတ်ဘုရားရဲ့ လမ်းညွှန်မှုကို မေးမြန်းလိုက်လေတော့သည်။ သူတို့နှစ်ယောက် အချိန်အတန်ကြာ စကားပြောနေတော့၏။
ရှီဟောင်က သူ့ရဲ့ကိုယ်ပိုင်ခွန်အားတို့တက်လာစေရန် ပြန်လည်စတင် ကျင့်ကြံလေတော့သည်။ သူ့ရဲ့အနည်းငယ်သော အဖိုးတန်သိုင်းတွေကို အထွတ်အထိပ် အဆင့် ရောက်အောင် တိုးမြှင့်ရန် သူဆုံးဖြတ်လိုက် လေကာ သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းသစ်တွေကို ဆက်လက်ဖွင့်ရန် ဆုံးဖြတ်လိုက်လေတော့၏။
ရှီဟောင်က မိုးမခသစ်ပင်၏အောက်တွင် ထိုင်နေခဲ့ရင်း တာအိုသဘောတရားကို ဆက်လက် ဆင်ခြင်သုံးသပ်နေခဲ့သည်။ ဝေဝါးသည့် မြူထုကသူ့ကိုယ်ကို ဖြာကျနေခဲ့၏။သူက သားရဲ သားရေ အပိုင်းအစကိုလေ့လာနေကာ အကျိုးအမြတ် ကြီးကြီးမားမားရနေခဲ့ပြီ ဖြစ်သလို ထိုအကျိုးအမြတ်တွေကို ပိုမိုသာနားလည် သဘောပေါက်နိုင်ရန် ဆက်လက်ဆင်ခြင် သုံးသပ်နေတော့သည်။ အထဲတွင်ပါဝင်သည့် ဓားအရှိန်အဝါက သူ့ရဲ့သိစိတ်ပင်လယ်ထဲ စတင်ဝင်ရောက်လာခဲ့၏။
“ဘယ်လောက်ပြင်းထန်တဲ့ ဓားအရှိန်အဝါလဲ”
ရှီဟောင်က ထိုသားရဲသားရေထဲတွင်ရှိသည့် လောကငယ်လေးတစ်ခုကို ယခုအချိန်ထိ မဖွင့်နိုင်သေးပါပေ။ သူ အတန်ငယ် တည်ငြိမ်သွားပီးသည့်နောက်မှ ထိုသူတော်စင်ဓား စိတ်ဆန္ဒကို တစ်ဆင့်ခြင်း စတင်ဆင်ခြင်တော့သည်။ ထိုဓားစိတ်ဆန္ဒက ကျင့်ကြံခြင်းအဆင့် တူသူတွေကိုတောင်မှ ထိခိုက်အောင် လုပ်နိုင်သည်ကို အံ့ဩစရာမရှိတော့ပေ။ သူ့ကိုတောင် ထိုသို့လုပ်နိုင်ခဲ့သည် မဟုတ်လား။ ထိုဓားစိတ်ဆန္ဒကို ဖန်တီးခဲ့သည့်သူက အလွန်အစွမ်းထက်ကာ ရှေးခေတ်တွင် တကယ်ကျော်ကြားသည့် သူ ဖြစ်လောက် ပေသည်။ ထိုသူ၏နတ်စွမ်းအင်က လောကကိုတောင် တုန်ခါပေနိုင်စွမ်း ရှိလောက်ပေ၏။ ဓားစိတ်ဆန္ဒက အလွန်ကို မြင့်မားသည့် အဆင့်တစ်ခုအထိ စွမ်းအားတွေကိုထုတ်ဖော်နိုင်စွမ်းရှိ နေခဲ့သည်။
ရှီဟောင် နားလည်လာလေလေ သူရဲ့အံ့ဩမှုကများပြား လာလေလေဖြစ်သည်။ သူပိုမိုလဲ ကြောက်လန့်လာမိ၏။
ထိုလောကဖြစ်တည်မှု၏ စွမ်းအားတွေကို တစ်စွန်းတစ်စ မြင်နိုင်လာသလိုပါပေ။ တစ်ဖက်လူက အံ့ဩဖွယ်ကောင်း လောက်သည့် ဖြစ်တည်မှုဖြစ်လောက်ပေ၏။
“ဒါတကယ်ပဲ ဘယ်လိုဓားသိုင်းမျိုးများလဲ”
ရှီဟောင် တုန်လှုပ်နေခဲ့ရသည်။ ထိုသားရဲသားရေကို ဆုံးရှုံးခဲ့သည့် အစွမ်းထက် ကျွမ်းကျင် ပညာရှင်ကတော့ အတော်ကိုနောင်တရနေလောက်ပေ၏ ။ ထိုပစ္စည်းကရှေးခေတ် အချိန်တုန်းကတောင်မှ အတော်အစွမ်းထက်တဲ့ ပစ္စည်းမျိုဖြစ်လောက်ပေသည်။ သူဒါကို နားလည်သွား ပေတော့ ပိုမိုသာ စိတ်အား ထက်သန် လာခဲ့တော့ကာ သူ့ရဲ့စိတ်ကို ထိုထဲတွင် သာနစ်မြုပ် ထားလိုက်လေတော့၏။ ကောင်းကင်နယ်မြေကြီးကထွက်ပေါ်လာခဲ့ကာ ဝေဝါးသည့် မြူထုက သူ့ကို လွှမ်းခြုံ သွားခဲ့သည်။ထို သားရဲ့သရေကိုလဲ လွှမ်းခြူံထားခဲ့၏။
ရှင်းလင်းစွာပင် ထိုထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လောကတစ်ခုကို သယ်ဆောင်ထားနိုင်ခဲ့သည်။ ကောင်းကင်နယ်မြေကြီးက သူတို့ကိုယ်တိုင် ပိုင်ခြားထား နိုင်သလိုမျိူး သိစိတ်စွမ်းအားနဲ့ ဝေဝါးတဲ့ မြင်ကွင်းထဲမှာ ထိုသို့ ပုံပေါ်နေခဲ့တော့သည်။
ထိုသို့ဖြင့် ထူထဲလှသည့် ဓားစိတ်ဆန္ဒတို့က မြေမျက်ပြင်ပေါ်မ ထိုးထွက်လာခဲ့ကာ တိမ်တွေထဲဝင်သည်။ ထိုးနောက် ကောင်းကင်ကိုပိုင်းဖြတ်ကာ ထိုးဖောက်၏။
ကောင်းကင်က ထိုဓားစွမ်းအင်နှင့် ချိတ်ဆက်သွားမိခဲ့ကာ အုတ်အော်သောင်းနှင်ဖြစ်ပေါ်လာလေတော့သည်။
“စွမ်းအားကြိးလိုက်တာ ဒီစွမ်းအင်က ကောင်းကင် နယ်မြေကြီးကိုတောင် ထိုးဖောက်နိုင်သေးတာပဲ ဒါက အထွတ်အထိပ်အဆင့် စွမ်းအင်လို့တောင် ပြောလို့ရလောက်တယ်။ ဒါသာလူတစ်ယောက်ရဲ့အပ်ါကျရောက်သွားခဲ့ရင် ဘယ်လောက်တောင် အန္တရာယ်ကြီးလိမ့်မလဲ။
စွမ်းအားကတော့ တကယ့်ကိုအတောမတတ်နိုင်အောင်ပဲ ” ရှီဟောင်ရေရွတ်နေခဲ့သည်။”
အခြားအရာတွေကို ထည့်မတွေးရင်တောင်မှ ထို သားရဲသရေက ကွက်လပ်နတ်ဘုရားမြေ၏ တိုက်ပွဲတွင် အတော်လေး လုပ်နိုင်စွမ်းရှိခဲ့သည်။ သူဒါကိုရခဲ့တာက အတော်ကို ကံကောင်းတယ် လို့ဆိုရမည်။ဒိပစ္စည်းက သူမျှော်လင့်ထား တာထက်တောင် ကျော်လွန်နေပေသည်။ ဒါကရှားပါးလွန်းလှသည့် သတ်ဖြတ်ခြင်းသိုင်းတစ်ခုလို့တောင် ထင်စရာရှိပေ၏။
ရှီဟောင်က သူ ဒါကိုလေ့လာလေလေ သူပိုပီးနားလည်လာလေကာ ပိုမိုသာကြောက်လန့် လာရလေတော့သည်။ သူကအားလုံးကို နားလည်သဘောပေါက်ခြင်းပေမဲ့ ထိုသို့လုပ်နိုင်စွမ်းမရှိပဲ တစ်ဆင့်ခြင်းသာ သွားနေရ လေသည်။ ထိုအဖိုးတန်သိုင်းကို အမျိုးမျိုး သော မိသားစုတွေရဲ့ တိုက်ခိုက်ရေးသိုင်းတို့မှ ခွဲထွက်လာသလားလို့တောင် သူထင်မြင်မိလာရသည်။ထိုသိုင်းတွေအားလုံးက အတူတကွပေါင်းစပ်ကာထွက်လာပီး တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်သိုင်းတစ်ခု အဖြစ် ပြန်လည်ဖန်တီးယူခဲ့သလား မသိနိုင်ပါပေ။
“ဓားဝင်္ကပါ”
သူ့ရဲ့နားလည် သဘောပေါက်မှုက ထိုအဆင့်ထိ ရောက်သွားသောအခါ ရှီဟောင်မင်သက်ရပေသည်။ ဒါက တကယ့်ကို ပုံရိပ်ကြီး သူတစ်ယောက် ဖန်တီးခဲ့သည့် ဓားဝင်္ကပါ ဖြစ်လောက် ပေ၏။ မတူညီသော အဖိုးတန်သိုင်းတွေရဲ့ ခြေရာလက်ရာတွေကို ဖမ်းဆုပ်မိကာ ကြောက်မက်ဖွယ်အကောင်းဆုံး သင်္ကတတွေက ထိုထဲတွင်ပြည့်နှက် ပေါင်းစပ်နေတာကို သူသိခဲ့ရသည်။
“ဒီဓားအရှိန်အဝါ အပေါ်ငါနားလည် သဘောပေါက်တာက အဆုံးသတ်သွားပြီ။ ဒါပေမဲ့ငါထင်ထားတာထက်ကို စွမ်းအားကြိး နေသေးတယ်”
အုတ်မြစ်ချခြင်း အဆင့်သို့ သူလက်ရှိတွင်ရောက်နေခဲ့ ပြီဖြစ်ကာ သူ့ကိုတွင် ကိုယ်ပိုင်သင်္ကတတွေကို ထည့်သွင်းကာ ဝင်္ကပါတည်ဆောက် ရမည် ဖြစ်သည်။ ဒါကတကယ့်ကို အဆင့်မြင့်လွန်းသည့် ရွှေးချယ်မှုဖြစ်ကာ ရှုပ်ထွေးလှပေသည်။ သူ့ကိုယ်ကိုသာ ကောင်းကင်တွင်းနက် တစ်ခုဖြစ်နေခဲ့ကာ သူထွင်းထုသည့် သင်္ကတတွေကလဲ တကယ့် အဆင့်မြင့်မားရပေမည်။ သူကဓားအရှိန်အဝါကို ပေါင်းထည့်ရန် အသုံးပြုလိုက်ပေ၏။
ရှီဟောင်က သူ့ကိုယ်သူ လေ့လာဆန်းစစ်ရင်းနဲ့သာ အချိန်ကြာနေခဲ့သည်။ ဆယ်ရက်ကြာသွားပီးသည့်နောက် သူ့ရဲ့နားလည်သဘောပေါက်မှုက အဆင့်တက်သွားပြန်ကာ ဓားစွမ်းအင်အရှိန်အဝါက ပြောင်းလဲသွားခဲ့ ပြန်တော့သည်။ သင်္ကတအသစ်တွေနဲ့ စွမ်းအင်အရှိန်အဝါ အသစ် တွေလိုမျိုးပေါ်ထွက်လာခဲ့သည်။ ထိုအရာက ဝေဝါးလှသည့် လောကတစ်ခုဖြစ်ကာ အရာအားလုံးမှ ခွဲထွက်နေသယောင် ထင်ရပေသည်။ မြူထုက ပြည့်နှက်နေခဲ့သလို ကောင်းကင်နဲ့မြေပြင် ကြားတွင် ကြယ်တွေက အနှံ့တည်ရှိနေသလိုပါပေ။ ထပ်ပေါင်းဆိုရပါက ကောင်းကင်တွင် နေတစ်လုံးတောင်မ ရှိနေခဲ့သေးပေ၏။
မြေပြင်မှ ဝေဝါးလှသည့် သင်္ကတတွေနဲ့အတူ မြက်တစ်ပင်ပေါက်နေတာကို မြင်ရသည်။ ကောင်းကင်ကို ဓားစွမ်းအင်အရှိန်အဝါကထိုးခွဲကာ ထွက်ပေါ်နေခဲ့သလို နေလနဲ့ကြယ် တို့ကိုလဲ ပိုင်းဖြတ်နိုင်တော့သလိုပါပဲ။
“ဒါက….”
ရှီဟောင် မှင်သက်နေခဲ့သည်။ သူ့ရဲ့မျက်လုံးတွေကို မှေးကျင်းလိုက်ခဲ့သည်။ ထိုမျက်လုံးတို့မှ အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ကာ အရာအားလုံးကိုလေ့လာနေခံ့၏။
ဓားစွမ်းအင်က ကောင်းကင်တွင် ပြည့်နှက်နေသည့်အခါ ကြယ်ကြတွေက တုန်ခါလာခဲ့သည်။ ဓားစွမ်းအင်အရှိန်အဝါ ဖြတ်သန်းသွာသည့် နေရာတိုင်းက ပြိုကျပျက်စီး ပေါက်ကွဲကုန်ရ၏။
သိပ်မကြာခင် အချိန်တွင်ပင် ဓားစွမ်းအင်အရှိန်အဝါက ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ မြေပြင်ရှိ မြက်တစ်ပင်က တစ်ချက်ထဲနဲ့ ကောင်းကင်ရှိကြယ်ကြီးကို ထိုးဖောက်သွားခဲ့ကာ ပိုင်းဖြတ် လိုက်ခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကတတို့က ကောင်းကင်တွင် ဖြာကျလာလေ၏။
“ဒါအထွတ်အထိပ် အဆင့်စွမ်းအားတွေပဲ ဒါမှ မဟုတ် မှတ်တမ်းထဲမှာပဲ ရှိတဲ့ ထူးဆန်းတဲ့နယ်မြေတစ်ခုများလား”
ရှီဟောင် တွေးတောနေခဲ့သည်။ သူ့ရဲ့စိတ်က အတော်လေးကို တုန်လုပ်နေခဲ့၏။ နောက်ဆုံးတော့ ဓားစွမ်းအင် အရှိန်အဝါတွေ ပျောက်ကွယ်သွားခဲ့ကာ ကောင်းကင်နှင့်မြေကြီး ကအက်ကွဲသွားခဲ့သည်။ မြူတွေက အလယ်တွင်ပြည့်သွားခဲ့၏။ သားရဲသားရေကလဲ မှေးမှိန်သွားခဲ့သည်။ သင်္ကတတွေအားလုံးက ပေါင်းစပ်သွားခဲ့ကာ မြက်တစ်ပင်သာ ပြန်ဖြစ်နေခဲ့၏။ အရာအားလုံး ပျောက်ကွယ်သွားပေမယ့် ထိုမြက်ကတော့ ကျန်နေသေးပေ၏။ သင်္ကတတွေက ထိုမြက် မှ တလက်လက် တောက်ပနေခဲ့သည်။ ထို့နောက် တဖြည်းဖြည်း ခြင်းမှိန်သွားပြန်၏။
“ဒါက မြက်ပင်လေးတစ်ပင်ပဲလေ ဒါပေမဲ့ ဒီထဲမှာပါတဲ့ သက်ဖြတ်ခြင်းအရှိန်အဝါတွေကတော့ အရမ်းပြင်းတယ်”
ရှီဟောင် တွေးနေခဲ့သည်။
နောက်ဆုံးတော့ သူသေချာထပ်မံ ဆန်းစစ်ရန် ဆုံးဖြတ်လိုက်လေ တော့သည်။ သူက ထိုမြက်ပေါ်တွင် စာသားတွေကိုမြင်ရသည်။ သူ ချက်ခြင်းပင် တုန်လှုပ် သွားရပေတော့၏။ ရှေးဟောင်းဓားစွမ်းအင် သခင်က တကယ်တော့ မြက်တစ်ပင်သာဖြစ်နေခဲ့သည်။ ရှီဟောင် တိတ်ဆိတ်သွားခဲ့ရသည်။ သူကမလှုပ်မရှားပဲ-
“ဒီမြက်တစ်ပင်က နေလနဲ့ကြယ်တွေကိုတောင် ပိုင်းဖြတ်နိုင်တယ်”
ထိုအခိုက် သူဟာ ထိုင်နေခဲ့သည်။ သူ့ရဲ့စိတ်ကို ပြင်းထန်သည့် ရိုက်နှက်ခြင်းကြီး ကြုံတွေ့သွားသလိုပါပေ။
ထို ရှေးခေတ်ဖြစ်တည်မှုက မမျှော်လင့်ထားစွာပင် မြက်တစ်ပင်ဖြစ်နေခဲ့၏။ ထိုမြက်၏ တာအိုအပေါ် နားလည်သဘောပေါက်မှုက မယုံနိုင်စရာအဆင့်အထိရောက်ခဲ့သည်။ ရှီဟောင်က ညဏ်အလင်းပွင့်မှု ရသွားခဲ့ကာ ချက်ခြင်းပင်ဈာန်ဝင်စားခြင်း စိတ်အခြေအနေသို့ ရောက်သွားခဲ့ပေ တော့သည်။
သူက ထိုနေရာတွင် ထိုအတိုင်းသာထိုင်နေခဲ့သည်။ ရွံ့အရုပ်အလား တစ်စက်ကလေးမှ မလှုပ်ရှားခဲ့ပါပေ။ ကျောက်တုန်းရွာက လူတိုင်းက ထိုမြင်ကွင်းကို မြင်ရပေမယ့် ဘယ်သူမှ သူ့ထံသွားပီး နှောက်ယှက်တာမျိုး မလုပ်ကြပါပေ။ သူတို့အားလုံးကသူကျင့်ကြံနေမှန်း သိကြသည်။ သူ့ရဲ့ကိုယ်ပိုင်တာအိုကို နားလည် ဆင်ခြင်နေမှန်းသိကြပေ၏။
ထိုသို့ဖြင့် တစ်လကုန်ဆုံး လုနီးပါးဖြစ် လာခဲ့သည်။ ရှီဟောင်ကနောက်ဆုံးတော့ ထရပ်ကာဖြေးငြင်းစွာ လမ်းလျှောက်၏။ သူ့ရဲ့ကောင်းကင် တွင်းနက် ဆယ်ခုလုံးက ထွက်ပေါ်လာခဲ့ကာ ရောင်စုံအလင်း တွေ တလက်လက်တောက်ပ လာနေခဲ့သည်။ ထို့နောက်ဝေဝါးကာ ခမ်းနားသည့်အလင်းရောင် တို့ကို ထုတ်ဖော်ပြန်၏။
ကောင်းကင်တွင်းနက် တစ်ခုစီတိုင်းတွင် သိပ်သည်းလှသည့် သင်္ကတတို့က ဖုံးလွှမ်းနေသည်။ ထို့အပြင် ထိုထဲတွင် မြက်တစ်ပင်ကလွှင့်မျှော နေသည့် အလားထင်ရပြန်၏။ ကောင်းကင်တွင်းနက် တွေထဲတွင် စိတ်ဝိဥာဉ်တွေ သန့်စင် ထည့်သွင်းထားတာ မျိုးရှိပေကာ လက်ရှိအချိန်တွင်တော့ တွင်းနက်တစ်ခုတွင် မြက်တစ်ပင်ရှိနေခဲ့ပြီ ဖြစ်၏။
ထပ်ပေါင်း ဆိုရပါက သူ့ရဲ့ ကိုယ်တွင်းဝင်္ကပါကို သူက စတင်ထွင်းထုနေခဲ့ပီဖြစ်သည်။ သင်္ကတတွေနဲ့ ဓားစွမ်းအင်အရှိန်အဝါ တွေက နေလနှင့် ကြယ်တို့ကိုတောင် ပိုင်းဖြတ်နိုင်စွမ်းရှိသည်။ အစိမ်းရောင်သစ်ရွက်တို့က သူ့ရဲ့အသွေးအသားတွေနဲ့ တွဲဆက်နေကာ ထွက်ပေါ်လာခဲ့၏။ နောက်ဆုံးတွင် ဓားဝင်္ကပါက စတင်တုန်ခါလာခဲ့ကာ အလင်းရောင် တဖျပ်ဖျပ် ပေးလာခဲ့သည်။ ရောင်စုံအလင်းတို့က ရှီဟောင် ဝင်သက်ထွက်သက်တိုင်း ထွက်ပေါ်နေခဲ့ကာ ထိုအလင်းရောင်တို့က သူ့ရဲ့သွေးတို့ထံမှ ဆီးစင်းနေခဲ့ပေသည်။
ရှီဟောင် အတော်လေး ကျေနပ်နေခဲ့၏။ အုတ်မြစ်ချခြင်း အဆင့်တွင် ကျင့်ကြံရသည့်အခါ တစ်စုံတစ်ယောက်ရဲ့ ကိုယ်ပိုင်သင်္ကတတို့နဲ့ ဝင်္ကပါတို့ကို ထွင်းထုရန်လိုအပ်လာသည်။ လက်ရှိ အချိန်တွင် သူကရှေးဟောင်း သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခုကို ပေါင်းစည်းနိုင်ခဲ့သည်။ သူ့ရဲ့ခွန်အားက ပြင်းထန်စွာ တိုးတက်လာခဲ့တာ သေချာနေတော့၏။ သူ့ရဲ့ယခုကဲ့သို့သော မြင့်မားလှသည့် ကျင့်ကြံခြင်းစွမ်းအင်အရှိန်နဲ့ သာဆိုပါက သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းက ပိုမိုသာ ရှည်လျား တောက်ပလာခဲ့တော့ပေမည်။
ရှီဟောင်က ထိုသတ်ဖြတ်ခြင်းအရှိန်အဝါကို ဖမ်းဆုပ်မိပြီးသည့်နောက် ပိုမိုသာ ဆန်းသစ်လေ့လာခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘောပေါက် လာခဲ့ရလေတော့သည်။ မြက်ပင်ရဲ့ မူလသင်္ကတကိုတောင်မှ မယုံနိုင်စရာ စွမ်းအားကြီးတယ် ဆိုတာကို သူသိခဲ့သလို ဆင်ခြင်သုံးသပ် လေ့လာမိခဲ့လေသည်။
“သန့်စင်တဲ့ သွေးမျိုးဆက် သတ္တဝါတွေ ရဲ့အမွေခံစွမ်းအားက တောင်မှ ဒီအဆင့်ထိရောက်မယ် မထင်ဘူး။ ဒီစွမ်းအားနဲ့သာဆိုရင် အံဒီကောင်တွေကိုတောင်မှ အသာလေးသတ်ဖြတ်နိုင်စွမ်းရှိလိမ့်မယ်”
သေးငယ်လှတဲ့ လောကကို တစ်ဖန်ဖွင့်လှစ်ရန် ရှီဟောင်ကြိုးစားလိုက်သည်။တဟုန်းဟုန်း မြည်သံနှင့်အတူ အက်ရာတစ်ခုထွက်ပေါ်လာခဲ့၏။ အထဲတွင်တော့ ဝေဝါးလှသည့် လောကတစ်ခုရှိနေခဲ့ကာ တာအိုခြောက်ခုဆိုတဲ့ စကားနှစ်လုံးကို သူထပ်မြင်ရပြန်၏။ ကံဆိုးသည်ကတော့ သူတကယ် ဖွင့်လှစ်နိုင်ခြင်းမရှိ သေးပြန်ပေ။
“မိုးမခနတ်ဘုရား ဒါကဘာပါလဲ”
ရှီဟောင်က လမ်းညွှန်ချက်တောင်းခံလိုက်သည်။သစ်ပင်၏အောက်တွင် တာအိုကိုနားလည်ဆင်ခြင်လေလို့ သူနားမလည်သည်တို့ကို မိုးမခနတ်ဘုရားအား သူအချိန်မရွေး မေးမြန်းနိုင်စွမ်း ရှိပေသည်။
“ဒီသားရဲသရေအပိုင်းအစကို ပစ္စည်းတွေသိုလောင်တဲ့ပုံစံမျိုး အသုံးပြုလို့ရတယ်။မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင်မြင့်မားလာခဲ့ရင် မင်းကိုယ်တိုင် ဖွင့်နိုင်ပါလိမ့်မယ်”
မိုးမခနတ်ဘုရားက ပြန်ဖြေသည်။
ရှီဟောင်တွေးတောလိုက်၏။ ထိုမြက်ပင်ရဲ့သိုင်း ကို ဒီသားရဲသားရေရဲ့ထိပ်ဆုံးတွင် မှတ်တမ်းတင်ထားခဲ့သည်။ သေးငယ်သည့်လောကတွင် အခြားထူးဆန်းသည့် အရာတို့ ရှိနေဦးမည်မှာ သေချာနေပေ၏။
ရှီဟောင်ဆက်လက် ကျင့်ကြံတော့သည်။ နောက်ထပ် တစ်လသာ အချိန်ကိုယူကာ သူ့တွက်ရှိသည့် အရာအားလုံးကို သူကအဆင့်မြင့်မား အောင်လုပ်နိုင်ခဲ့၏။ နောက်ဆုံးတော့ သူထရပ်လိုက်သည်။ ထိုအချိန်တွင် မိုးမခနတ်ဘုရာပြောသည်။ သိုင်းပညာတစ်ခုက သူ့ကိုဖိနှိပ်ခြင်တယ်ဆိုပါက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ထိုအရာကိုဖောက်ထွက် အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူသိလိုက်သည်။ မိုးမခနတ်ဘုရားက သူ့ရဲ့ကိုယ်ပိုင် လမ်းကြောင်းအကြောင်း ဘာမှမမေးခဲ့သလို သူကလဲ ဘာမပြန်မမေးခဲ့ပေ။
အချိန်တွေက ကုန်ဆုံးနေခဲ့သည်။ ရှီဟောင်က ၁၅နှစ်ပင်ပြည့်လာခဲ့၏။ သူက ရွာတွင် နောက်ထပ်နှစ်ဝက်မျှ ထပ်မံလေ့ကျင့်ခဲ့ခြင်းဖြစ်ပေသည်။ ထို့နောက် ဟိုနားဒီနားလမ်းဆက်လျှောက်၏။ ဒီလိုနဲ့သူက ပြန်လေ့ကျင့်ပြန်ကာ အချိန်တွေက ထိုသို့သာ ပြန်ကုန်ဆုံးနေခဲ့ခြင်းဖြစ်ပေသည်။
ကျင့်ကြံရာတွင် မေးမြန်းသည့် နှလုံးသားကို ပိုင်ဆိုင်ထားရန်ဘလိုအပ်ပေသည်။ နောက်မှာက လောဘကြီးပြီး အလောတကြီး နိုင်တာမျိုးတွေက ကျင့်ကြံခြင်းအရှိန်ကို နှေးစေနိုင်ပေသည်။ ဒါကတာအိုရဲ့ သဘာဝသဘောတရား ပင်ဖြစ်ပေသည်။ များစွာသောသူတို့က ဒါကိုနားလည်ကြပေမယ့် သူတို့ရဲ့စိတ်ကိုတော့ ထိန်းချုပ်လို့မတက်နိုင်ဖြစကြသည်။
“ငါအပြင်ဘက်ကိုများသွားသင့်ပြီ လား”
ရှီဟောင်စိုးရိမ်လာခဲ့သည်။ ထိုနယ်မြေက အုတ်အော်သောင်းနင်း ဖြစ်လာတော့မည်ဆိုပါက သူသာထွက်သွားခဲ့ရင် မမျှော်လင့်ထားတဲ့ကိစ္စတွေ ကြုံလာနိုင်ပေသည်။
“သွားပါ အပြင်ဘက်နယ်မြေက သတ္တဝါ တွေ အထဲရောက်နေကြတယ် ။ တစ်ချက်သွားကြည့်ပေါ့ ပြီးရင်သူတို့ဆီက အကျိုးအမြတ် ရအောင်လုပ်လာခဲ့”
မိုးမခနတ်ဘုရားကပြောသည်။ အန္တရာယ်တွေမကြုံရစေရန် မိုးမခ သစ်ကိုင်းတစ်ခုကို ရှီဟောင်နဲ့ထည့်ပေး လိုက်မည်ဖြစ်သည်။ သို့သော်ထိုသစ်ကိုင်းကို ရွာတွင်သာ ထည့်ထားလိုက်သည်။ အတိတ်တွင် သူမြောက်ပင်လယ် သို့ထွက်ခဲ့သည့်အချိန်တုန်းက မိုးမခနတ်ဘုရားက ထိုသစ်ကိုင်းကိုပေးသည်။ အစိမ်းရင့်ရောင်ကျောက်စိမ်းသစ်ကိုင်းက သူ့ဘေးတွင်တစ်ချိန်လုံးရှိခဲ့ပေမဲ့ သူကတစ်ခါမှ အသုံးမပြုခဲ့ပေ။
ရှီဟောင်ကျောက်တုံးရွာ ကထွက်ခွာသွားခဲ့သည်။ ဒီတစ်ကြိမ်တွင်သူက ငှက်နီကြီးကို ခေါ်သွားခဲ့၏။ သူက ငှက်နီလေးဆီကရခဲ့သည့် သွေးနီရောင်အမွှေးအတောင် တစ်ခုကို ကျောက်တုံးရွာတွင်ပြန်ပေးခဲ့သည်။
“မင်းတကယ် အလင်းငှက်ဖြစ်နေတာပဲ မင်းကလန်ရဲ့ အစောင့်အရှောက် ဝိညဏ်က ဘယ်သူမို့လို့လဲ ၊ သူကပဲစေ့လုံးအရွယ်လောက်ပဲရှိသေးတာဆို ဒါတောင်ငါ့ကိုသယ်ပေးနိုင်တယ်တဲ့လား”
လမ်းတစ်လျှောက်တွင် ငှက်နီလေးက ဆူဆူညံညံနှင့် လျှောက်မေးလာနေခဲ့သည်။ တကယ်တမ်း သူကအလွန်စိတ်လှုပ်ရှား နေခြင်းဖြစ်ပေ၏။ သွေးနီရောင်နတ်ငှက်ရဲ့ဆက်ခံသူက သေချာပေါက်သူ့ကိုသာ တပည့်အဖြစ် လက်ခံမယ်ဆိုပါက ဒါသူရဲ့ကံကောင်းခြင်းပင်ဖြစ်ပေသည်။
“ကောင်စုတ် မင်းဘာလုပ်မလို့ပဲ”
လမ်းတစ်ဝက်တွင် ငှက်နီကြီးအလန့်တကြားအော်ဟစ်လိုက်ရပေ၏။ ရှီဟောင်က ထူးဆန်းသည့် အနက်ရောင်ဆေးတစ်မျိုးနဲ့ သူ့ကိုယ်ပေါ် လိမ်းခြယ်ပေးလိုက်ကာ သူ့တစ်ကိုယ်လုံးအား မဲနက်သွားစေခဲ့၏။ သွေးနီရောင် တောက်ပသော ရောင်စုံအလင်းတွေက မှေးမှိန်သွားခဲ့သည်။ သူကမျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ပဲ ကျီးကန်းကြီး ဖြစ်လို့သွားပေ၏။ ရှီဟောင်က ထိုအတိုင်းပျက်သုန်းခြင်းနယ်မြေကို ဖြတ်သန်းကာသွားသည့် အချိန်တွင် သတ္တဝါတိုင်းက အလန့်တကြားအော်ကြသည်။
“ကံဆိုးလိုက်တာ ကျီးကန်းဝိဉာဏ်ကြီးကို ငါတွေ့လိုက်ရတယ်”
” ကြည့်ပါဦး .. ဆိုးရွားလှတဲ့ အရောင်ကြီး သူ့ကိုဘယ်လိုကြည့်ကြည့် .. သေမင်းရဲ့ သံတမာန်တော်လို့ထင်ကြမှာပဲ”
ငှက်နီကြီးရဲ့နှာခေါင်းက နီရဲနေခဲ့ကာ ဒေါသတကြီး ဖြစ်နေခဲ့ပေသည်။ သူက ရှီဟောင့်ကို ကျောပေါ်တင်ရင်း တောင်တန်းတစ်လျှောက်သွားနေခဲ့ရကာ အားလုံးရဲ့အလှောင်အပြောင်ကို ခံနေခဲ့ရ၏။ ထို့နောက်သူတို့က မြို့တွေရွာတွေကိုလဲ ဖြတ်သန်းခဲ့ရသေးသည်။ တစ်လလောက်ကြာပြီး နောက် ငှက်နီကြီးက ရှီဟောင့်ကိုခေါ်ရင်း မီးနိုင်ငံရဲ့ အင်ပါယာမြို့တော် သို့ရောက်သွားခဲ့သည်။ သူတို့က တစ်ချိန်လုံးပျံသန်း နေခဲ့ကြသည်။
သို့သော် တစ်လတောင်သွား လာခဲ့ရသည်မို့ အကွာအဝေးကို သိနိုင်ပေ၏။ သူတို့ကမြို့နဲ့အတော် လှမ်းသည့်နေရာတွင် ဆင်းလိုက်ကြသည်။ ငှက်နီကြီးက သူ့ရဲ့ ပုံစံကိုသေးလိုက်ကာ ရှီဟောင့်ပုခုံးပေါ်နားသည်။
ငှက်နီကြီးရဲ့ကိုယ်က မဲနက်လေခဲ့လေကာ ရှိဟောင်က သူ့ရဲ့ပုံပန်းသွင်ပြင်ကိုလဲ ပြောင်းလိုက်သည်။ ကွက်လပ်နတ်ဘုရားနယ်မြေရဲ့တိုက်ပွဲက တစ်လောကလုံးကို လှုပ်ခါစေနိုင်ခဲ့ကာ သူ့နာမည်ကအတော်ကျော်ကြားနေလောက်ပေသည်။
သူကအစွမ်းထက် ကျွမ်းကျင်ပညာရှင်တွေကိုလဲ သတ်ဖြတ်ခဲ့သေးသည်။ သူသာမြို့တော်ကို ဒိအတိုင်းဝင်သွားပါက တစ်စုံတစ်ယောက်က သူ့အားရှာတွေ့သွားသည့်အခါ ကိစ္စတွေကဆိုးရွားလာနိုင်ပေ၏။အနည်းဆုံး သူ့ကိုလူတွေ ဝိုင်းတာမျိုး ဖြစ်လောက်ပေသည်။
“အမွှေလုံးလေးရဲ့ အဖိုးတန်သိုင်းက သိပ်မဆိုးဘူး”
ရှီဟောင်က မြိုးထဲအသာဝင်သွားခဲ့သည်။စစ်ဗိုလ်ချုပ်က မြို့ဂိတ်ကိုစောင့်ရှောင့်နေခဲ့ကာ သူ့အားတစ်ချက်ကြည့်၏။သို့သော် သူ့အပေါ်သူတို့မျက်လုံးက မကြာရှည်လိုက်ပါပေ။
ခုနစ်ဆယ့်နှစ်မျိုးသော ပြောင်းလဲခြင်းသိုင်းကို အမွှေးလုံးလေး သင်ပေးခဲ့ခြင်းဖြစ်၏။ ထိုသည်ကအသုံးဝင်ပေသည်။
မဆုံးနိုင်တဲ့မြင်းတွေနဲ့ လှည်းတွေပြည့်နေသည့် အဓိကလမ်းမကြီးထဲတွင် လူတွေကနေရာအနှံ့ရှိနေခဲ့သည်။ ဆိုင်တွေကလဲ လမ်းဘေးဘက်တွင်ပြည့်နေခဲ့ကာ လေလံအိမ်ရဲ့အော်ဟစ်ခေါ်သံတွေကိုလဲ ကြားနေခဲ့ရပေသည်။ ထိုနေရာကအတော်လေး ကိုသက်ဝင်နေခဲ့၏။
ငြိမ်းချမ်းလှသည့် ကျောက်တုံးရွာနှင့်ရှင်ပါက ဒီနေရာနှင့်အတော်လေး ကိုကွာခြားနေခဲ့ပေသည်။ သူလောကအသစ် တစ်ခုရောက်သွားသလိုပင် ခံစားလိုက်ရပေ၏ မင်းနိုင်ငံရဲ့မျိုးတော်က အလွန်ကြီးကာ ပျက်သုန်းခြင်းနယ်မြေရဲ့ အဓိကမျိုးကြီးတွေထဲက တစ်ခုအပါအဝင်လဲဖြစ်ပေသည်။အမျိုးမျိုးသော သတ္တဝါတို့ကို မြင်နိုင်နေသလို ရှီဟောင်က အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေကို မ ကြာခဏတွေ့နေရလို့ အံ့ဩနေခဲ့ရသေးပေသည်။ ဒါ့အပြင်ထိုသူတို့က အလွန်ပင်ငယ်ရွယ်ကြကာ အမျိုးမျိုးသော မျိုးစိတ်တို့မှ ဖြစ်ကြပေ၏။
“အဲ့ဒါဘယ်လို မျိုးစိတ် များလဲ ငါတစ်ခါမှ မမြင်ဘူးဘူး”
ငှက်နီကြီးရဲ့ မျက်လုံးတွေက ရှီဟောင့် ပုခုံးပေါ်နားရင် ကျဉ်းမြောင်းနေခဲ့သည်။သူက အဖြူရောင်တောင်ပံ တွေကျောပေါ်တွင်ပါသည့် မိန်းကလေးတစ်ချို့ကို ကြည့်နေခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက တလက်လက် တောက်ပနေခဲ့၏။ ရှီဟောင်လဲမှင်သက်နေရသည်။ သူတို့ကအတော်ထူးခြားသည့်ပုံစံဖြစ်သည်။ တောင်ပံတွေက သာမာန်မျိုးစိတ်ရဲ့ တောင်ပံတွေနဲ့မတူညီခဲ့ပေ။ ခေါင်းအထက်ထိ တောင်မြင့်နေခဲ့သေးကာ အလွန်ပင် လှပ လှပေ၏။
အခြားအဖွဲ့တွေကလဲ သူတို့သတိမပြုမိခဲ့သေးသည့် မျိုးစိတ်တွေ ဖြစ်နေကြသေးသည်။သေချာပေါက် အပြင်ဘက်နယ်မြေက အစွမ်းထက်ကျွမ်းကျင် ပညာရှင်တွေ ဖြစ် လောက်ပေ၏။
“ကျောက်တုံးညီအစ်ကိုရဲ့တိုက်ပွဲက တစ်လောကလုံးပျံ့ နှံ့နေကြတယ်။ အပြင်ဘက်နယ်မြေက ကျင့်ကြံသူတွေက ဒီအကြောင်းအရာ ကိုကြားတော့ လူငယ်ပညာရှင်တွေက စိတ်ဝင်စားပြီး ဒီကိုလာကြတာပဲ”
တစ်စုံတစ်ယောက်က ပြောသည်။
အပြင်ဘက်လောကရှိ ကလန်ကြီးတွေက ပျက်သုန်းခြင်းနယ်မြေထဲကို စစ်ချီရန်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ကြသည်။
“ဒီနှစ်တိုက်ပွဲမှ ကျောက်တုံးကလန်ကညီငယ်လေးက လောကတစ်ခုလုံးကိုအပေါ်စီး ကနေ ကြည့်နေနိုင်စွမ်းရှိသွားတယ်လေ။အပြင်ဘက် လောက ,က သူတွေက ဒီရလဒ်ကို လက်မခံနိုင်ပဲ ဝင် ရောက်လာကြတော့တာပဲ”
ရှီဟောင်က ကောလဟာလပေါင်းများစွာကို ကြားခဲ့ရသည်။ လူအချို့က မီးကလန်က မင်းသမီးနဲ့ရင်းနှီးခဲ့တဲ့ သူဖြစ် မှန်းသိသွားကြသည်။ သူက ကိုယ်ပိုင်လမ်းကိုလျှောက်ခြင်သည့် သူတွေလို့ လူငယ်ပညာရှင်တွေကထင်ကြ၏။ နတ်မျက်လုံးနှစ်သွယ်က ရှေးဟောင်းလောက ကိုလှုပ်ခါနိုင်စွမ်းရှိခဲ့သည်။ သို့သော် အသတ်ခံခဲ့ရ၏။ ထို့ကြောင့် အခြေအနေက ထိုမျှထိပြင်းထန်သွားခဲ့ခြင်းဖြစ်ပေသည်။
“ရှီဟောင်မှာ တကယ့် တကယ် အရမ်းစွမ်းအားကြီးတယ်ဆိုတာကို ငါလက်မခံနိုင်ဘူး”
အပြင်ဖက်လောကက သတ္တဝါတစ်ချို့ကအတူ လမ်းလျှောက်နေရင်း ဆွေးနွေးနေကြသည်။ သူတို့က အတော်လေးမောက်မာပုံရ၏။
“ကျောက်တုံးညီ အကိုကတကယ်စွမ်းအားကြီးတယ်ပေါ့၊ ဟုတ်လား သူတို့ဘယ်လောက် တောက်ပမလဲဆိုတာကို ငါကိုယ်တိုင်မြင်ခြင်သေးပါရဲ့”
လှပ လှတဲ့ မိန်းကလေးတစ်ယောက်ကလဲ ခပ်မာမာဆိုသည်။ သူမကအလွန်ပဲတောက်ပနေခဲ့ကာ အခြားသူတွေမျက်လုံးကသူမကို တည့်တည့်ကြည့်ဖို့ အရမ်းခက်ခဲနိုင်ပေ၏။ သူမရဲ့ဘေးတွင်လဲ ကျွမ်းကျင်ပညာရှင်အချို့က ရှိနေခဲ့သေးသည်။
“အဲ့ဒီတစ်ယောက်က လျှို့ဝှက်ဆန်းကြယ်နယ်မြေက အလှနတ်သမီးဆယ်ယောက်ထဲက တစ်ယောက်ပဲ”
အဝေးရှိတစ်စုံတစ်ယောက်က သူမအားငေးကြည့်ရင်း အော်သည်။
“ကျောက်တုံးညီအစ်ကိုတွေက ဒီလောက်အံ့ဩဖို့ကောင်းတာပဲလား ဒါပေမယ့် သူတို့က ငါ့လောက်တော့ ခမ်းနားကြီးကျယ်မယ် မထင်ဘူး ငါသူနဲ့တောင်တွေ့ချင်နေသေးတယ်”
အခြားအဖွဲ့ကလဲ လျှောက်လာခဲ့ကြသေးသည်။