သုခကမ္ဘာက ရှီဟောင် - Chapter - 577 ငှက်နှင့် သားရဲတို့၏ မဟာ စွမ်းအားများ
ခြင်္သေ့သည် ထိုစကားတို့အား ကြားသည့်အခါ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ရွေရောင်အလင်းတို့ ထွန်းလင်းလာ၏။ တစ်ဖက်သူသည် အလွန် မောက်မာ လွန်းလှသည်။ ထိုသူတို့သည် သူတို့၏ စိတ်ဆန္ဒ ကိုတောင်မှ ဖွင့်ဟကာ ပြောရဲ ကြသည်။ ထိုစကားတို့သည် မုန်းတီး မှုတွေအား သယ်ဆောင်လာပေ၏။
လူတိုင်းသည်လည်း လှည့်ကာ မည်သူက ထို ရိုင်းစိုင်းသည့် စကားတို့အား ပြောလိုက်ကြောင်း လှည့်ကြည့် လိုက်ကြသည်။ ထိုကဲ့သို့သော စုဝေးပွဲမျိုးတွင် လှုပ်ရှားရဲသော သူမျိုးမှာ အမှန်တကယ်စွမ်းအား ကြီးသူတို့သာ ဖြစ်လောက်ပေသည်။ မဟုတ်ပါက လှုပ်ရှားရဲကြလိမ့်မည် မထင်ပေ။
အနက်ရောင် မြူထုတို့ လေထု ထဲ ပြည့်နှက် နေခဲ့၏။ လူငယ်အချို့ သည် ထိုနေရာတွင် စုဝေးနေကြသည်။ အာလုံးသည် အနက်ရောင် သံချပ်ကာ ဝတ်စုံတွေအား ဝတ်ဆင်ထား ကြသည်။ သူတို့၏ ကိုယ်သည် အနက်ရောင် အလင်းတို့ ဖြင့် ပြည့်နှက်နေခဲ့ကာ အရှိန်အဝါ ပြင်းထန် လွန်းသည့် ခံစားချက်ကို ပေးနေလေ၏။ လူအနည်းငယ် သာလျှင် ထိုသူတို့ အား မှတ်မိလိုက်ကြသည်။ တစ်ဖက်သူတို့သည် အနက်ရောင် ငှက်သားရဲ မျိုးစိတ်မှ ကျင့်ကြံသူ တွေ ဖြစ်ကြသည်။ ထိုသူတို့ သည် ရေနဂါးနယ်မြေ မှ လာ၏။ သူတို့သည် အပြင်ဘက် နယ်မြေမှ လာသော ကျွမ်းကျင်ပညာရှင် တွေထဲက ဖြစ်လေသည်။ လွန်ခဲ့သည့် ရက် အနည်းငယ်ခန့်က ထိုအဖွဲ့သည် ခမ်းနားလှသည့် နန်းတော် တစ်နေရာတွင် လူငယ်တစ်ယောက်၏ ဖိနှိပ် ပညာပေးခြင်းကို ခံခဲ့ရသည်။ ထိုသူတို့သည် လက်စားချေ ရန် ရောက်လာခြင်း ဖြစ်လောက်ပေ၏။
သူတို့အား ရိုက်နှက်ကာ အနိုင်ယူသွားသည့် လူငယ်မှာ ကျောက်တုံးညီငယ်လေး ဖြစ်ကြောင်းသိနေကြသည်။ ထို့ကြောင့် ခေါင်းကိုးလုံး ခြင်္သေ့အား သူတို့၏ စီးတော် သတ္တဝါ လုပ်ပြီး လက်စားချေရန် ဖြစ်ပေသည်။
“မင်းတို့ ကိုယ် မင်းတို့ ဘယ်သူများ ထင်နေကြတာလဲ”
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ခေါင်းကိုးလုံး ခြင်္သေ့ သည်လည်း စွမ်းအားကြီး သည့် ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။ သူ့ထံမှ ထွက်ပေါ် နေသည့် ရွှေရောင်အလင်းတို့သည် အလွန်အမင်း ခမ်းနား လွန်းလှပေသည်။
အနက်ရောင်တိမ်တို့သည် ထိုပါရမီရှင် တိူ့အား ဝန်းရံ ထားခဲ့၏။ သက်လတ်ပိုင်းလူ နှစ်ယောက်သည် ထိုအထဲမှ ထွက်လာခဲ့ကာ သူတို့၏ လူသားသဏ္ဍန် ပုံစံအား မြင်သာထင်သာ ရှိစေလေသည်။ ထိုသူတို့သည် ခေါင်းကိုးလုံး ခြင်္သေ့အား အေးစက်စွာ ကြည့်၏။
လူတိုင်း မှင်သက် သွားကြ၏။ ထို တိမ်နက်မျိုးစိတ်သည် အလွန် ရိုင်းလွန်းလှသည်။ သူတို့သည် စွမ်းအား ကြီးလွန်းကြကာ ရေနဂါး နယ်မြေတွင် အလွန်ကျော်ကြားပေ၏။ သူတို့သည် ပျက်သုန်းခြင်းနယ်မြေသို့ ရောက်ရှိနေတာတောင်မှ သူတို့ လွှမ်းမိုးနိုင်စွမ်းကြီးလှကာ မောက်မာလွန်းသည့် စရိုက်အား မလျှော့ကြသေးချေ။
“မင်းက စွမ်းအား ကြီးတယ်ဆိုပေမယ့် လည်း အဆုံးမှာတော့ စီးတော်သတ္တဝါပဲ ဖြစ်ရမယ့်ကောင်ပဲ”
တိမ်နက် မျိုးစိတ် ထဲမှ လူတစ်ယောက်က ဆိုသည်။ သူတို့သည် ခေါင်းကိုးလုံး ခြင်္သေ့အား နည်းငယ်မျှ ရိုသေမှု မပြကြချေ။ ထိုသည်က ဆိုးရွား လွန်းသည့် အပြုအမူ ဖြစ်၏။ သူတို့ လက်ရှိနေရာသို့ ရောက်လာရသည့် အကြောင်းပြချက် က လွန်ခဲ့သည့် ရက်အနည်းငယ် မှ ကိစ္စ ကြောင့် ဖြစ်သည်။ သူတို့တွေသည် ထိုငှက်၏ အနိုင်ကျင့်ခြင်း ကို ခံခဲ့ရသည်။ ထို့နောက် ထိုငှက်၏ သခင်ရဲ့ အနိုင်ကျင့် ခြင်းကိုပါ ထပ်မံ ခံခဲ့ရ၏။ လက်ရှိ အချိန်တွင် သူတို့ မျိုးနွယ် ကလန်မှ ကျွမ်းကျင်ပညာရှင် တွေ ရောက်လာကြပြီဖြစ်ရာ သူတို့သည် လည်း မျက်နှာသာရရန် ပြန်တိုက်ခိုက် ရတော့ပေမည်။
“မင်းတို့သေချင်ရင် ရှေ့တက်လာခဲ့လေ ”
ရွှေရောင် ခြင်္သေ့ကြီး ရဲ့ အသံသည် အလွန်အမင်း တင်စီးလွန်း လှကာ အမိန့်သံ ဆန်သည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် သူသည်လည်း အတိတ်မှ ညင်သာ မှုတို့ မရှိတော့ချေ။ သူသည် သူတို့ မျိုးစိတ်၏ အောင်နိုင်သူ ဖြစ်လာခဲ့၏။
ဟုန်းခနဲ မြည်သံနဲ့အတူ လေပြင်းတွေက တိုက်ခတ် လာခဲ့ကာ အရာရာဟာ ပျံ့လွင် ကုန်သည်။ ထိုနေရာသည် မည်းမှောင်သည့် တိမ်တို့ အုံ့ဆိုင်း လာခဲ့ကာ နတ်ဆိုးတိမ်တို့ ပြည့်နှက်သွားလေတော့၏ ထို့နောက် ပိန်းပိတ်အောင် မှောင်လွန်း လှသည့် မီးခိုးတွေ လည်း မြင့်တက်လာခဲ့သည်။
တိမ်နက်မျိုးစိတ် မှ ကျွမ်းကျင်ပညာရှင် တို့ ချက်ချင်း လှုပ်ရှား ကာ ရှေ့သို့ တက်လာကြသည်။ တိမ်နက်တို့သည် သင်္ကေတတွေ နှင့် ပြည့်နှက် နေခဲ့ကာ တစ်ခါတစ်ရံ လူသား ပုံရိပ်တွေက ထွက်ပေါ်လာသေးသည်။ ထိုပုံရိပ်တွေသည် လျို့ဝှက်ဆန်းကြယ် သည့် သင်္ကေတတို့မှ ပြောင်းလဲ ထားခြင်း ဖြစ်ပေ၏။
“ဟုန်း…”
အနက်ရောင်အလင်းတို့ ပျံ့ထွက်သွားခဲ့၏။ ခေါင်းကိုးလုံး ခြင်္သေ့ထံ သို့ တိုးဝင်သွားခဲ့သည်။ ပြင်းထန်လှသည့် ထိုဖိအား ထွက်ပေါ်လာသည့်အခါ ကြီးမားသည့် ကြယ်ကြီး တစ်စင်း အောင်သို့ ဆင်းသက်လာသလား ထင်ရပေတော့သည်။
ခေါင်းကိုးလုံး ခြင်္သေ့သည် နဂိုအတိုင်း ရှိနေခဲ့ကာ လှုပ်ရှားခြင်း မရှိသေးချေ။ သူ၏ အလယ်ရှိ ခေါင်းမှ ဟိန်းသံတို့ ပြုလိုက်သည်။ ချက်ချင်းပင် လောကတစ်ခုလုံးအား ထိုအသံဖြင့် ဆုတ်ဖြဲ နိုင်စွမ်း ရှိကြောင်း သိလိုက်ရတော့၏။ တစ္ဆေ ၊သရဲ တို့ ငိုကြွေးကာ နတ်ဘုရား တို့ ဟိန်းဟောက်သံက ရွှေရောင်အလင်းတွေ တောက်ပလာ၏။ ထိုနေရာ တစ်ခုလုံးအား လွှမ်းခြုံ သွားတော့သည်။ များစွာသော သူတို့သည် နားတွေကို အလန့်တကြား အုပ်ထားလိုက်ကြသည်။ ထို ခြင်္သေ့ဟိန်းသံသည် နတ်စွမ်းအင်တို့ ပါဝင် နေသဖြင့် သူတို့ တောင့်ခံနိုင်စွမ်း မရှိကြတော့ချေ။
ထိုအသံ အား အကန့်အသတ်ထိ ထုတ်ဖော်လိုက်လျှင် အရာအားလုံး ဖျက်ဆီးပစ်နိုင်စွမ်း ရှိလောက်သည်။ ထို ခြင်္သေ့ သည် ရန်သူ နဲ့ ရင်ဆိုင်သည့်အခါ ဟိန်းသံ တစ်ချက်နဲ့တင် အရာအားလုံး ဖောက်ခွဲနိုင်စွမ်း ရှိပုံရပေ၏။
လက်ရှိအချိန်တွင် ရွှေရောင်အလင်းတို့သည် သူ့ကိုယ်မှ အားလှိုင်းတွေ နဲ့ ထွက်လာသည်။ ထို့နောက် ပြင်းထန်သော အသံ ကြီးတွေ နဲ့အတူ ကောင်းကင် ထိ ထိုးတက်သွားလေ၏။ ထို ကြောက်မက်ဖွယ်ကောင်းလှသည့် အားလှိုင်းတွေ သည် တိမ်နက် တို့အား ဖျက်ဆီး သွားတော့သည်။
လူတိုင်း သံသယ ဝင်သွားသည်။ ထို ခေါင်းကိုးလုံး ခြင်္သေ့သည် အလွန်စွမ်းအား ကြီးလှသည်။ ဟိန်းသံ တစ်ချက်နဲ့ ပင် အရာအားလုံး အား ဖျက်ဆီး နိုင်ပုံရ၏။ အကြောင်းမူကား ရှေ့တွင် ရှိနေသည့် အနက်ရောင် အလင်းတို့ သည် အက်ကွဲ သွားကာ ကောင်းကင်ပင် တုန်ခါသွားသောကြောင့် ဖြစ်ပေသည်။ ထိုကဲ့သိုသော စွမ်းအင်သည် အလွန်စွမ်းအားကြီးလှတဲ့ အရှိန်အဝါ နဲ့ လိုက်ဖက်လွန်းလှသည်။
ရှီဟောင် သည်ပင် မည်သည့် ခံစားချက်မျှ မပြလေဘဲ ထိုနေရာတွင် အသာအယာ ရပ်နေနိုင်စွမ်းရှိသူ ဖြစ်သည်။ ကွဲကြေတောင်တန်း တစ်ရာတွင် သူသည် ခြင်္သေ့ ကြီးအား သိမ်းသွင်း ခဲ့သည်။ မရေမတွက် နိုင်သော နည်းလမ်းတို့ ဖြင့် သူတို့ တိုက်ခိုက် ခဲ့၏။ ထို့နောက် သူတို့ ရင်းနှီး ခဲ့ကြ၏။ နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက် သူတို့ ပြန်တွေ့ဆုံ ကြပြီ။ သိုသော် နှစ်ယောက်လုံး သည် အလွန်အမင်း စွမ်းအား ကြီးနေခဲ့ပြီ ဖြစ်၏။ မည်သူက ပိုသာကြောင်း ကို မူ မသိနိုင်သေးချေ။
အနက်ရောင် မြူတွေ ပျယ်လွင့်သွားသည့်အခါ လေထဲတွင် သွေးအလိမ်းလိမ်း ဖြစ်နေရာမှ ပြုတ်ကျ လာသည့် လူငယ်တစ်ယောက် အား မြင်လိုက်ကြသည်။ ထိုလူငယ်၏ မျက်နှာ သည် ဖြူဖျော့နေခဲ့ကာ ၊အဝတ်တွေ ဟာလည်း စုတ်ပြဲ နေခဲ့သည်။ သူ၏ အရေးပြားတွေပေါ် တွင် အက်ကွဲ ကာ သွေးတွေ က ပြည့်နှက်နေခဲ့သည်။ ထိုလူသည် ဒီနေရာ တွင်ပင် ပေါက်ကွဲ ထွက်တော့ မလား အခြေအနေ ဆိုးနေပေ၏။ ပြင်းထန်လွန်းသည့် ဒဏ်ရာတို့ကြောင့် ဆက်လက် တိုက်ခိုက် နိုင်စွမ်း မရှိတော့ချေ။
“အရမ်း စွမ်းအားကြီးတာပဲ ၊ဒါကတစ်ကယ်ဘဲ နတ်ဘုရားတွေတောင် စီးတော်သတ္တဝါ ဖြစ်စေခြင်တဲ့ မျိုးစိတ် ဆိုတာ မှန်ကန်နေတာပဲ။”
” ဒီ ရွှေရောင်ခြင်္သေ့ က ကောင်းကင် ကိုတောင် ဖျက်ဆီး နိုင်စွမ်း ရှိလောက်တယ်၊ သူ့ရဲ့ မျိုးစိတ် ခွန်အားက တစ်ကယ် အံ့သြဖို့ကောင်းတယ်၊ သူက သွေးမျိုးဆက် အစစ်ကို ဆက်ခံ ထားတာပဲ ကြည့်လေ၊ သူ့ရဲ့ မျိုးဆက်က ရွှေရောင်သွေးကို ပိုင်ဆိုင် ထားသေးတာ သူက ဒဏ္ဍာရီ တောင် ဝင်နိုင်တဲ့ နတ်သားရဲ မျိုးပဲ ”
များစွာ သော သူတို့သည် လေးစားစွာ သက်ပျင်းချမိသည်။ ထိုခြင်္သေ့သည် အလွန်စွမ်းအား ကြီးလှပေသည်။
တိမ်နက် မျိုးစိတ်မှ လူတို့၏ အမူအရာ သည် ဆိုးရွား သွားခဲ့သည်။ သူတို့ကို သူတိူ့ အရှက်ခွဲ မိပြန်ချေပြီ။ မူလက သူတို့၏ အင်အား ပြကာ မော်ကြွားလိုကြသည်။ သို့သော် ခြင်္သေ့ ၏ ဟိန်းသံတစ်ချက် ကိုပင် မခံနိုင်ခဲ့ကြချေ။ အနက်ရောင် တိမ်တွေ ထိုးထွက် လာပြန်ကာ လူငယ်တစ်ယောက် လျှောက်လာပြန်သည်။ ခရမ်းရောင် အလင်းတို့သည် ထိုလူငယ်၏မျက်လုံး ထဲ လက်နေခဲ့ကာ ထိုလူငယ် ၏ တစ်ကိုယ်လုံး အား ထူထဲ လှသည့် သံချပ်ကာ ဝတ်စုံ ဖြင့် ဖုံးကာထားသည်။ ထို သံချပ်ကာ တွေမှ လှပ လှသည့် အလင်းရောင် တို့လည်း ထုတ်နေခဲ့သေးသည်။ ထိုလူငယ် သည် ခြံဝင်းထဲသို့ ခြေတစ်လှမ်း ချင်း ဝင်လာခဲ့သည်။ ထိုအခါ ခြံဝင်းက အလိုလို တုန်ခါရ၏။
“အိုး…ဒါက တိမ်နက်မျိုးစိတ် ရဲ့ အစွမ်းထက်ဆုံး လူငယ် ပါရမီရှင် ပါလား၊ သူ လှုပ်ရှားတော့ မယ်ပေါ့”
လူတိုင်းလည်း ထိုလူငယ်အား ကြည့်လိုက်ကြတော့သည်။ ထိုလူငယ်သည် သူ၏ မျိုးဆက် တွင် ပြိုင်ဘက်ကင်း ပေသည်။ များစွာသော ကျွမ်းကျင် ပညာရှင်တို့ လက်ရှိနေရာတွင် ရောက်နေခဲ့ကြကာ အစွမ်းအစမရှိဘဲ မည်သူမှ လှုပ်ရှား ရဲကြမည် မဟုတ်ပေ။
သူ လျှောက်လှမ်းသည့် လမ်းတိုင်း ဟာ သူ၏ အရှိန်အဝါ အား ပိုမို ပြင်းထန် စေပေ၏။ သူသည် မိစ္ဆာနက်တောင်တန်း တစ်ခုအလား ထင်ရကာ လောကအား လှုပ်ခါစေ၏။
ရုတ်တရက် ထူးဆန်းသည့် အားလှိုင်း တစ်မျှင်က ထွက်လာခဲ့သည်။ ထိုအားလှိုင်းသည် သူ၏ပြင်းထန်သော အရှိန်အဝါ အားဖြိုခွဲ သွားခဲ့၏။ မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသော အစေခံအိုကြီး တစ်ယောက်က ဟောင်လင်းအာ၏ ဘေးမှ ထွက်လာခဲ့၏။ သူ၏ ပုံပန်း သွင်ပြင်သည် အတော် အသက်ကြီးနေကြောင်း သိသာသော်လည်း သူခြေချလိုက်သည့်အခါ အရာအားလုံး သည် လှုပ်ခါနေရာမှ ရပ်သွားလေတော့သည်။
“မီးနိုင်ငံရဲ့ မင်းသမီး…. မင်းသမီး က ဒီကိစ္စ ကို ဝင်ပါချင်နေတာလား”
ထို ပါရမီရှင် က အေးစက်စွာမေးသည်။ ထိုအစေခံ အိုကြီး လှုပ်ရှားရသည်မှာ ဟောင်လင်းအာ၏ အမိန့်ကြောင့်မှန်း သိသည်။
“ဒါက အားလုံး ရောက်နေတဲ့ စုဝေးပွဲ လေးပဲလေ၊မဆိုင်တဲ့ ကိစ္စတွေ မပါသင့်ဘူး”
ဟောင်လင်းအာ က တည်ငြိမ်စွာပြောသည်။
“ဒါက အဲ့လို စုဝေးပွဲ ဖြစ်နေရင်တောင်မှ တိုက်ခိုက် တာကတော့ ရှိနေမှာပဲလေ၊ ကျင့်ကြံသူ တွေ အနေ နဲ့ သတ္တိရှိရှိ တိုက်ခိုက် တာကတော့ အဖြစ်နိုင်ဆုံးပဲ၊ ပြီးတော့ စကားပြောနေတာထက် တိုက်ခိုက် တာက ပိုကောင်းတယ် ၊ စကား တစ်ခွန်း မှားသွား ရင် သေခြင်းရှင်ခြင်း တိုက်ပွဲ ကို ဦးဆောင်သွားနိုင်တာပဲလေ”
တိမ်နက်မျိုးစိတ် မှ ပါရမီရှင် ကပြောသည်။
“မင်းသမီး ကျေးဇူးပြုပြီး သူ့ကို ဆက်တိုက်ခွင့် ပေးလိုက်ပါ ၊ကျွန်တော် လူနည်းနည်း ထပ်သတ်ရလို့လည်း ပြသနာ မရှိနိုင်ပါဘူး၊ ”
ခေါင်းကိုးလုံး ခြင်္သေ့က ပြောသည်။ သူ၏ မျက်လုံး မှ ရွှေရောင် အလင်းတွေ လက်နေခဲ့၏။ သူ စကားတို့ သည် တည်ငြိမ်သည်။ သို့သော် မောက်မာလွန်းသည့် အရှိန်အဝါ အားသယ်ဆောင် ထားဆဲ ဖြစ်သည်။
ဟောင်လင်းအာ အနည်းငယ် တုံ့ဆိုင်း သွားပြီး မှသာ ခေါင်းငြိမ့်လိုက်တော့သည်။
“ကောင်းပြီ ဒီလိုဆိုမှတော့ နင်တို့ ဆက်တိုက်ကြပါ ”
ထိုနေရာတွင် များစွာသော ရှေးဟောင်း ဆေးပင်တို့လို ရတနာတွေ ရှိကြသည်။ ထို့ကြောင့် ထိုပစ္စည်းတွေအား ပျက်ဆီးသွားပါက လျော်ပေးရန် တက်နိုင်လိမ့်မည် မထင်ပေ။
“မြင့်တက်စမ်း..”
ထိုအခိုက် အကြီးအကဲ တစ်ယောက်က အော်ဟစ်လိုက်သည်။ မဟာ ဝင်္ကပါ တစ်ခုဟာ ခင်းကျင်းပြီးသား ဖြစ်သွားခဲ့ပြီး ကြီးမားလှသည့် စင်မြင့် ကြီးသည်။ ကောင်းကင် ပေါ်တွင် ပေါ်လာခဲ့သည်။
လူတိုင်း ဆွံအ သွားကြရသည်။ ထိုနေရာတွင် တိုက်ပွဲ စင်မြင့် တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။ ထိုတိုက်ပွဲ စင်မြင့်သည် လေထဲ တွင် လွင့်နေသလိုမျိုး အထိန်းအကွပ် မဲ့စွာဖြင့် တည်ရှိ နေခဲ့၏။ တိုင်းပြည်ရဲ့ အင်ပါယာ မိသားစုသာလျှင် ထိုကဲ့သို့ သော ခမ်းနားမှုများအား တက်နိုင်လောက်သည်။
ဟွားကနဲ မြည်သံ နဲ့ အတူ ရွှေရောင် ခြင်္သေ ကြီးသည် ရွှေရောင်အလင်းတန်း အဖြစ်ပြောင်းလဲ သွားကာ စင်ပေါ်သို့ ရောက်ခဲ့ပေသည်။ သူသည် မောက်မာစွာပင် ဦးစွာ ရပ်နေ၏။ ထို့နောက် မီးခိုးတွေ ထွက်လာခဲ့ကာ တိမ်နက်မျိုးစိတ်မှ လူငယ်သည်လည်း အနက်ရောင် အလင်းတွေ နဲ့အတူ စင်ပေါ်သို့ ရောက်သွားခဲ့သည်။
“မင်းက တစ်ကယ်ဘဲ အဲ့ဒီ ကျောက်တုံးကလန်က ညီငယ်လေး ရဲ့ သွေးသောက် ညီအစ်ကိုလား ၊ ဟမ့် ငါမင်းကို ငါ့ရဲ့ စီးတော် သားရဲ လုပ်နိုင်ခဲ့ရင် အဲ့ဒီကောင် ဘယ်လောက် ခံစားသွားရမလဲဆိုတာ တွေ့ရမှာပဲ”
ခေါင်းကိုးလုံး ခြင်္သေ့သည် အလွန်အမင်း အေးစက်နေခဲ့၏။ သူ မည်သည့်စကား မှ မဆိုပေ။ အဲ့ဒီ အစား စွမ်းအင်တွေသာထုတ်ဖော် လိုက်လေသည်။ ထို့နောက် တစ်ခွန်းသာ ပြောလိုက်၏။
“မင်းကိုယ်မင်း ရှီဟောင်ကို မင်းရဲ့ ရန်သူ အဖြစ် သတ်မှတ်အောင် လုပ်ပြီး ကိုယ့် ဒုက္ခ ကိုယ်ရှာနေတာပဲ”
“မင်း…”
ထို တိမ်နက်မျိုးစိတ် မှ လူ၏ မျက်နှာအမူအရာ ပျက်သွားရသည်။
“ဟုတ်တယ်။ ငါက ရှီဟောင်ရဲ့ သွေးသောက် ညီအစ်ကို ပဲ၊ ပြီးတော့ ငါ ကိုယ်တိုင်လည်း စွမ်းအား ကြီးတယ်၊ ဒါပေမယ့် မင်းတို့လို ကောင်စုတ်တွေ နဲ့တော့ ရင်ဆိုင်ဖို့ဆိုရင် ငါတစ်ယောက် နဲ့ လုံလောက်တယ်၊ သူ လာဖို့ မလိုဘူး ၊
တစ်ကယ်လို့ မင်းက အဲ့လို မထင်ဘူး ဆိုရင်လဲ၊ မင်းကိုယ်တိုင် ရှေ့တက်လာပြီး ဘယ်သူသေမလဲ ဆိုတာ ကြည့်လို့ရတယ်”
ရွှေရောင် ခြင်္သေ့က ထိုသို့ ဆိုလိုက်သည်။ လူတိုင်း ထိုစကားအား ကြားလိုက်သည့် အခါ စိတ်လှုပ်ရှား သွားကြရသည်။ ထိုရွှေရောင် ခြင်္သေ့ မည်မျှ စွမ်းအားကြီး ကြောင်း သူတို့ သိချင်နေခဲ့သည်။ ထို ခြင်္သေ့ သည် ထိုသို့ စွမ်းအားကြီး နေသည်တောင်မှ ရှီဟောင်အား ချီးမွှမ်းနေခဲ့သည်။
“ဟုတ်လား ၊ ဘယ် သတ္တဝါ မဆို ထွက်လာပြီးတိုက်ခိုက်ရဲတယ်ဆိုရင်တောင်မှ ၊ မင်းက လက်ခံနိုင်တယ်လို့ ဆိုသေးတာလား၊ ဟမ့်….. မင်းက ကိုယ့်အကန့်အသတ် ကို မသိဘူးပဲ”
ထိုအခါ အခြားသော သတ္တဝါ က ထွက်ပြောလာသည်။ ကျွမ်းကျင်ပညာရှင် တွေ အားလုံး လှည့်ကြည့် လိုက်သည့် အခါ တောင်ပံ တဖျက်ဖျက် ခတ် နေတဲ့ ငှက်တစ်ကောင်ကို မြင်ရသည်။ ထိုငှက်ရဲ့ တစ်ကိုယ်လုံး က မဲနက် နေခဲ့၏။ သူတို့ ကြည့်လိုက်သည့်အခါ ထိုငှက်ကြီးက ကျီးကန်း ကြီး နဲ့တူနေခဲ့သည်။ အလွန်လည်း မောက်မာကာ နတ်မျိုးစိတ် မှ ကျင့်ကြံသူ တွေအား ရှုံ့ချ သလို ကြည့်နေခဲ့၏။
“အဲ့ဒီ ငွက္ပဲလား…၊ ”
ထိုငှက်အား မှတ်မိတဲ့ သူတွေ၏ အမူအရာ မှာ ထူးဆန်းသလို ဖြစ်သွားတော့သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က ထိုငှက်သည် မီးတောက် မျိုးစိတ် နှင့်တိမ်နက် မျိုးစိတ်အား အလွန်ဒုက္ခပေးခဲ့သည်။ ပါးစပ်ကိုတောင်မှ သူ့အတောင်ကြီးတွေနဲ့ ရိုက်ကာ ကြီးကြီးကျယ်ကျယ် ပြောခဲ့သေးသည်။
ရွှေရောင် ခြင်္သေ့ သည် ထိုစကားအား ကြားသည့်အခါ အသံလာရာ ဘက်သို့ လှည့်ကြည့်ကာ ခေါင်းငြိမ့် လိုက်ဖြစ်သည်။ တစ်ဖက်လူ က တော်တော် စကားပြောကောင်းတဲ့ ကျီးကန်း ဖြစ်ကြောင်း သူ သတိထားလိုက်မိသည်။ အရှက်မရှိတဲ့ ငှက်နီ ကြီးနဲ့တောင် အတော် တူသေး၏။ ဟောင်လင်းအာ ၏ အမူအရာ သည်လည်း ပျော်ရွင် သည့်အမူအရာ ဖြစ်သွားခဲ့သည်။ သူမ ထိုကျီးကန်း အား မြင်သည်နှင့် ငှက်နီကြီး မှန်း သိလိုက်ကာ ရှီဟောင် ပါလာမည်မှန်း သိလိုက်သည်။ သူသည် အမှန်တစ်ကယ်ကို စံအိမ်ထဲ တွင် ရှိနေလောက်သည်။
“ငှက်စုတ် ငါမင်းကို သတ်ပြစ်မယ်”
ကောင်းကင် တွင် ဟိန်းဟောက်သံ တစ်ခု ထွက်လာခဲ့ကာ သွေးနီရောင် အလင်းတို့ ထွက်လာလေတော့သည်။ လူတိုင်း အလန့်တကြား ဖြစ်သွားကြသည်။ ထိုငှက်သည် ကျောက်တုံး ညီငယ်လေး မွေးမြူထားသည့် ငှက်နှင့်တူနေသည်ဟု တွေးနေကြသည်။ လူတိုင်း ပတ်ဝန်းကျင်ကို လှည့်ကာ ထိုညီငယ်အား ရှာကြသော်လည်း မည်သူမှ သူ့အား မမြင်ကြချေ။
” ဒီ အဘိုးက မင်းတို့ကို ကြောက်နေမယ်လို့ ထင်နေကြတာလား၊ ဟမ့် …. အဲ့ဒီ ခြင်္သေ့ကပြောသွား ခဲ့သလိုပဲ ၊သူတင် မကဘူး ငါလည်းမင်းတို့ အားလုံးကို ရင်ဆိုင်နိုင်စွမ်း ရှိတယ်”
ငှက်နီက မောက်မာသွာ ပြောလိုက်ပေသည်။ ခေါင်းအား အသားကုန် မော့ထား၏။
လူတိုင်း ထိုစကားအား ကြားသည့်အခါ ဆွံ့အ သွားကြသည်။ ထိုညီငယ်လေး ရောက်လာခြင်း ဖြစ်လောက်ပေသည်။ ထိုငှက်၏ လေသံအရ ထိုသို့ ပြောရဲဆိုရဲ ရှိနေသည်မှာ ထို ကျောက်တုံးညီငယ်လေး အတူရှိတက်သည့် ငှက်နီ၏ လေသံ နှင့် ဆင်နေခဲ့ပေသည်။
ထိုအခိုက် စင်မြင့်ပေါ်တွင် တိုက်ပွဲကြီးက ဖြစ်ပျက်လေတော့သည်။ ခေါင်းကိုးလုံး ခြင်္သေ့က တိမ်နက်မျိုးစိတ်မှ ပြိုင်ဘက်ကင်း လူငယ် ပါရမီရှင် နဲ့ ပြင်းထန်စွာ တိုက်ခိုက် နေခဲ့၏။ တိုက်ပွဲ သည် အလွန်ပြင်းထန်ကာ မဆုံးနိုင်တဲ့ သင်္ကေတတို့ဖြင့် ပြည့်နှက်နေကာ ကောင်းကင် အားလှုပ်ခါ နေတော့သည်။
လူတိုင်း ထိုတိုက်ပွဲအား မှင်သက်စွာ ကြည့်နေလိုက်ကြသည်။ အပြင်ဘက်နယ်မြေမှ ကလန်ကြီးတွေတောင်မှ စိတ်တုန်လှုပ်ကြရ၏။ ထို နှစ်ယောက်လုံးသည် အလွန်စွမ်းအား ကြီးသည့် ပါရမီရှင်တွေ ဖြစ်ကြသည်။ ထိုကဲ့သို့သောပွဲမျိုး အား တွေ့ရခဲပေ၏။
နှစ်ဖက်စလုံး သည် လက်ရည် တူနေကြကာ တိုက်ကွက်ပေါင်း ၁၀၀ ကျော်သည်အထိ အသာအစီး မရကြသေးချေ။ ရွှေရောင် အလင်းတို့သည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ဖုံးလွှမ်း ထားသည့်အပြင် အနက်ရောင် တိမ်တို့သည်လည်း ကောင်းကင် တစ်ခုလုံး အားဖုံးကွယ်ထားသည်။ တိုက်ပွဲ သည် အလွန်အမင်း ပြင်းထန်နေခဲ့၏။
ဟုန်းခနဲ မြည်သံနဲ့အတူ တိမ်နက် မျိုးစိတ်မှ ကျွမ်းကျင်ပညာရှင် ၏ခန္ဓာကိုယ် တစ်ခုလုံး သည် ရုတ်တရက် ပျောက်ကွယ် သွားသွားခဲ့ကာ တိမ်နက်တွေ အဖြသ် ပြောင်းလဲ သွားခဲ့၏။ ထို့နောက် လျှပ်စီး တွေ တလက်လက် ဖြစ်လာရင်း ပြင်းထန်သော အရှိန်အဝါ တို့နှင့် ပေါင်းစပ် သွားလေတော့သည်။ မယုံနိုင်စရာ ကြီးမားလှသည့် စွမ်းအား ပြည့်တိမ်ကြီး တစ်စင်း ဖြစ်လာခဲ့သည်။
ထိုမြင်ကွင်း အားမြင်သည့်အခါ ဒဏ္ဍာရီ တွင်မည့် တစ်စုံတစ်ရာ များ မြင်လိုက်ရ သလို ခံစားလိုက်ရ၏။ ထိုမျိုးစိတ်က အလွန်လျို့ဝှက် ဆန်းကြယ် သလို ကောင်းကင် ကိုတောင်လှုပ်ခါနိုင် စွမ်းရှိပေ၏။ထိုကဲ့သို့သော ကြီးမားလှသည့် တိမ်ကြီးအား ဖွဲ့စည်းပြီးနောက် ကောင်းကင် ဟာ သူကိုယ်တိုင် ဖြစ်သွားခဲ့သယောင် ထင်ရကာ ရန်သူအား အသာအယာ သတ်နိုင်စွမ်း ရှိသွားလေတော့သည်။
ထိုသည် သူတို့ ဘိုးဘေး မှ ယုံကြည်ချက် ရှိစွာ လက်ဆင့်ကမ်းခဲ့သည့် တိုက်ပွဲ နည်းစနစ် လည်း ဖြစ်ပေသည်။ ထိုတိုက်ပွဲ နည်းစနစ် ဖြင့် အနောက်ဘက် ကောင်းကင်ဘုံ ကလန် ၏ အဖိုးတန်အား တိုက်ခိုက်ခဲ့ဖူးသည်။ ကံဆိုးစွာပင် ထိုကလန်မှ လူအိုကြီး နဲ့ တိုက်ခိုက် ရင်း အဆုံးသတ်ခဲ့ရပေသည်။ သို့သော် ထိုတိမ်မှ စွမ်းအား တို့သည်မယုံနိုင်စရာ မြင့်မားလေသည်။
ရုတ်တရက် ထိုတိမ်ကြီးသည် ရုတ်တရက် တုန်ခါသွားခဲ့ကာ အနက်ရောင် ပင်လယ်ကြီး အဖြစ် ပြောင်းလဲ သွားပေ၏။ ထို့နောက် များပြားလှ သော လျှပ်စီးတန်းများ လွှတ်ထုတ်လာကာ လှည့်ပတ်စေ၏။ မိုးခြိမ်းသံ တွေ မြည်ဟီးလာခဲ့ကာ ထိုလျှပ်စီးတို့သည် ကောင်းကင် အနှံ့ ဖြန့်ကျက် သွားခဲ့၏။ မြင်ကွင်း သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။ လူတိုင်း သံသယ ဝင်လာကြသည်။ ထို ကလန်က ပါရမီရှင် ၏ စွမ်းအားမှာ မယုံနိုင်စရာ ကောင်းလှပေ၏။ ထိုကဲ့သို့သော သိုင်းမျိုး ပိုင်ဆိုင်ထားသည့် အတွက် သူနှင့် ရင်ဆိုင် နိုင်စွမ်း ရှိသူမှာ လက်ချိုးရေလို့ ရပေသည်။ ကောင်းကင်အား ဖျက်ဆီး နိုင်စွမ်း ရှိသည့် ထိုစွမ်းအား တို့သည် သာမန် လူသားတို့ တောင့ခံ န်ုင်သည့်အဆင့် ရှိမနေပေ။
ရွှေရောင် ခြင်္သေ့ ကြီးသည် စင်မြင့်ပေါ်တွင် အကြောက်အလန့်မဲ့ စွာ ရပ်နေခဲ့သည်။ သူ့တွင် ရှိသော ခေါင်းကိုးလုံး မှာ အလင်းရောင်တွေ တောက်ပ လာခဲ့ကာ ပါးစပ်ကြီး တွေအား ဖွင့်လိုက်၏။ ထို့နောက် တစ်ချိန်တည်း ဟိန်းဟောက် လိုက်ကြ၏။
ရွှေရောင် ခြင်္သေ့ ကြီးမှ ထွက်လာသည့် သင်္ကေတ တို့ မှာ လေထဲတွင် လွင့်မျောကာ ကခုန်သည်။ ထို့နောက် အလွန်အမင်း တောက်ပလာခဲ့ပြီး ပြင်းထန်လွန်းသည့် အရှိန်အဝါ အားလှိုင်း တို့ကို လွတ်ထုတ် လေတော့သည်။ နတ်ဘုရား ကိုးပါး သေမျိုးလောက သို့ အတူတကွ ဆင်းသက် လာသကဲ့သို့ အလား ပြင်းထန်သော ဖိအားတို့အား နောက်ထပ် ခံစားလိုက်ရသည်။
“သတ်စမ်း..”
ခေါင်းကိုးလုံး ခြင်္သေ့၏ အေးစက်သော အသံက ထို ခေါင်းကိုးလုံး မှ ထွက်လာ၏။ ကိုးခုသော သင်္ကေတ တို့သည် အတူတကွ ချိတ်ဆက် သွားခဲ့ကာ ရွှေရောင် စက်ဝိုင်း အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ထိုတိမ်နက် ဆီပြေးဝင်ကာ လမ်းတစ်လျှောက် ရှိ အရာအားလုံး အား ဖျက်စီး သွားလေတော့သည်။
မိုးခြိမ်းသံ တို့ ပျောက်ကွယ် သွားခဲ့ကာ လျှပ်စီး တို့လည်း လျော့ပါး သွားလေသည်။ သင်္ကေတ တွေက တဖျက်ဖျက် လက်ရင်း ထာဝရ သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခု အဖြစ် ပြောင်းလဲ သွားတော့လေသည်။ ထို့နောက် အရာအားလုံး ကို ဖိနှိပ်တော့၏။
တိမ်နက် မျိုးစိတ်မှ ပါရမီရှင် ၏ မူလ ခန္ဓာကိုယ် သည် ထွက်ပေါ်လာခဲ့သည်။ ထို ခန္ဓာကိုယ် တွင် သွေးလွှမ်းနေသည့် အပေါက် ဒဏ်ရာတွေ ရှိနေခဲ့၏။ ထို့နောက် ရုတ်တရက် ကျယ်လောင်သည့် အသံထွက်ပေါ်လာခဲ့ကာ သူ၏ ခန္ဓာကိုယ် သည် လေထဲတွင် ပေါက်ကွဲ သွားသည်။ ထိုသို့ ဖြင့် သေသွားခဲ့၏။
ရွှေရောင် ခြင်္သေ့သည် အေးစက်စွာ ဆိုလိုက်သည်။
“ဟမ့်… မင်းလို အမှိုက်ကောင်မျိုးက ငါ့သွေးသောက် ညီအစ်ကို ကို စိန်ခေါ်ချင်တယ် ဆိုရင် အရင်ဆုံး ငါတို့တွေ နဲ့ ရင်ဆိုင်သင့်တယ်၊ သူက ဘယ်လောက်တောင် စွမ်းအားကြီးပြီး၊ ဘယ်လောက်တောင် လုပ်နိုင်စွမ်း ရှိသလဲဆိုတာ မင်းတို့ မသိပါဘူး ၊ ဟမ့် .. ဒီလိုအမှိုက်တွေကများ တက်လာရဲသေးတယ်”
ထိုစကားတို့သည် အလွန်အမင်း မော်ကြွား လွန်းနေခဲ့သည်။ ကောလဟာလတွေအရ ထို ရွှေရောင် ခြင်္သေ့သည် ရှီဟောင်၏ စီးတော် သားရဲ ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ထို သူ့အား ကွဲကြေတောင်တန်း တစ်ရာ ထဲတွင် နေရာအနှံ့ ခေါ်ဆောင်သွားခဲ့ကာ အရာအားလုံး အား အတူတကွ သတ်ဖြတ်ကြကြောင်း ဆိုကြ၏။ သို့သော် ထိုအဖြစ်အပျက် သည် မှန်ကန် လောက်ပေ၏။ ထိုကဲ့သို့သော စီးတော်သားရဲ ဖြစ်ခဲ့ဖူးသည့် ရွှေရောင် ခြင်္သေ့သည် စွမ်းအား ကြီး မျိုးစိတ် တစ်ခုမှ စွမ်းအားကြီး ကျွမ်းကျင်ပညာရှင် ကို သတ်ဖြတ် နိုင်ခဲ့ပေသည်။
“ဒီ အဖိုးကလည်း မင်းနဲ့ သေတဲ့ အထိ တိုက်ခိုက် သွားချင်တယ် ။ ”
ထိုအခိုက် ထိုကျီးကန်း က အော်လိုက်ပေသည်။ ထိုအသံသည် မိုးခြိမ်းသံလို ပဲ့တင်ထပ်နေ၏။
ဒီနှစ်တွေတွင် ရွှေရောင်ခြင်္သေ့သည် အခွင့်အလမ်းပေါင်းများစွာ ရခဲ့ကာ အလွန်အမင်း အစွမ်းထက်လာခဲ့သည်။ ငှက်နီကြီးသည် အလွန်အမင်းအစွမ်းထက်လာခဲ့သော်လည်း လက်ရှိ အခြေအနေအရ တစ်ဖက်သူအား မယှဉ်နိုင်တော့ မယောင်ပင် ဖြစ်နေတော့သည်။ ငှက်နီကြီးသည် တောင်ပံအား တဖျက်ဖျက် ခတ်ကာ အနက်ရောင်အလင်းတွေ အား လွတ်ထုတ်သည်။ ကောင်းကင်က အလင်းရောင် က ကြောက်မက်ဖွယ်ကောင်း အောင် ဆင်းသက်လာကာ ခြင်္သေ့ ခါး အား ဖြတ်မည် ပြင်လိုက်၏။
ဖူး..ခနဲအသံ နဲ့အတူ သွေးတွေ လေပေါ် လွင့်သွားသည်။ မတိုင်ခင်က ရန်စခဲ့ဖူးသည့် ကြီးမားလှသည့် မီးတောက်သားရဲ ၏ ကိုယ်မှာ အလောင်းဖြစ်ပြီး ပြုတ်ကျ သွားခဲ့ရ၏။ အားလုံး မျှော်မှန်းထားသည် နဲ့ လွဲသွားခဲ့၍ လူတိုင်းဆွံ့အ သွားရ၏။ ငှက်နီ ကြီးဟာ ခြင်္သေ့ ကြီးအား တိုက်ခိုက်မည်ဟု အားလုံး ထင်နေကြခြင်း ဖြစ်ပေသည်။
“ဘာဖြစ်သွားတာလဲ ”
လူတိုင်း မှင်သက် နေကြသည်။ မည်သို့ ဖြစ်ပျက် သွားကြောင်း သူတို့ နားမလည်ကြပေ။
“ဒီ အဘိုး နဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် မင်းကအဝေးကြီး လိုနေသေးတယ်၊ ဟမ့် ငါ့ကိုများ ချောင်းတိုက်ချင်တယ် တဲ့ ၊ သေချင်နေတာပဲ ”
ငှက်နီကြီးက အော်လိုက်သည်။ သို့ရာတွင် သူ၏ စိတ်ထဲတွင်တော့ တိတ်တဆိတ် နှင့် ရှီဟောင်ထံမှ ဓားကျိုးနဲ့ ဆက်သွယ်နေပေသည်။ ထို ဓားကျိုးသည် နတ်နန်းကလန် မှ တစ္ဆေအဘိုးအိုမှ ရှီဟောင်အား ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် ရှီဟောင်အား အလိုလို ကာကွယ်နိုင်စွမ်း ရှိပေ၏။
မြင်ကွင်းသည် တိတ်ဆိတ် သွားခဲ့သည်။ ထိုနေရာတွင် ရှိနိုင်သည့် လူတိုင်း တုန်ယင် သွားကြ၏။ ရှီဟောင် ထွက်ပေါ် မလာသေးကြောင်း အားလုံးသိကြသည်။ ခေါင်းကိုးလုံး ခြင်္သေ့ နဲ့ ငှက်နီ သည် ရှီဟောင် နဲ့ ပတ်သတ်သူ တွေ ဖြစ်ကြသည်။ သို့သော် ထိုသူတွေ အန္တရယ် ရှိသည့်အခါ ရှီဟောင်သည် ထွက်ပေါ်ကာ သတ်ဖြတ်ရမည် ကတော့ ပုံမှန်သာ ဖြစ်သည်။ သို့သော် ထိုသို့ ဖြစ်လာသည့်အတွက် အားလုံး မှင်သက်ကြရသည်။ သူသည် ယခင်ထက် အလွန် စွမ်းအား ကြီးနေခဲ့ပြီ ဖြစ်သည်။ မိစ္ဆာ ငှက် နှင့် ကြောက်မက်ဖွယ် သားရဲတို့ တောင်မှ လက်ရှိနေရာတွင် ရှိနေခဲ့သူ အများအပြားကို ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့သည်။ ထို ကျောက်တုံးညီငယ်လေး သာ ထွက်ပေါ်လာလျှင် အရာအားလုံး ဟာ ပြောင်းပြန် လှန်သွားနိုင်သည်။
“ကောင်းတယ်..ကောင်းတယ်၊ ငါ့ ထာဝရတောင်က ဆက်ခံသူကို အဲ့ဒီ ကောင်စုတ်လေးက ဒဏ်ရာ ရအောင် လုပ်ခဲ့တာပဲ ဖြစ်ရမယ် .. သူ့ဘာသာ ဘယ်လို နောက်ခံပဲ ရှိနေ ရှိနေ ဒီနေ့ သေချာပေါက် အပြစ်ပေးခံရမယ်”
ထာဝရတောင်က အကြီးအကဲ တစ်ယောက်သည် အေးစိမ့်သည့် အကြည့်တို့အား ထုတ်လွတ်လာခဲ့လေသည်။ ထိုသူရဲ့ အရှိန်အဝါ သည် အလွန်အမင်း ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းလှသည့် ရှေးဟောင်း သားရဲ ကြီး တစ်ကောင်အလား ထင်ရစေ၏။