သုခကမ္ဘာက ရှီဟောင် - Chapter - 45 ဂျီးနီးယပ်စ်
Chapter – 45 ဂျီးနီးယပ်စ်
ရှီဟောင်ဟာ လက်မောင်းနှစ်ဖက်စလုံးကို သုံးပြီး 8000ဂျင်အလေးချိန်ရှိတဲ့ အိုးကြီးကို ချီမနိုင်ခဲ့ပါတယ်။ ကျောက်ခေတ်ကျေးရွာမှာ ကလေးတစ်ယောက်က ဒီလောက်အစွမ်းထက်မယ်လို့ မထင်ထားကြပါဘူး။ သူတို့တွေကို တအံ့တသြဖြစ်စေပြီး ပါးစပ်အဟောင်းသားနဲ့ ကြောက်ရွံ့သွားစေပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ ထူးဆန်းတဲ့အသံနဲ့ကြွေးကြော်လိုက်ကြပြီး ရှီဟောင်ကို လက်နှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကြပါတယ်။ သူ့ရဲ့ ပုံစံက မိသားစုနာမည်ကို ဂုဏ်တက်စေတယ်မလား…။
” ဟောင်အယ်…။ မင်း ဘာလုပ်နိုင်သေးလဲ..။”
အန်းမန်ရဲ့ အဖေဟာ ရှီဟောင်ကို ချုပ်ကိုင်ထားစဉ်အတွင်း မာမာထန်ထန် ပြောလိုက်ပါတယ်။
ကြံ့ခိုင်သန်မာတဲ့ ရွာသားတွေအားလုံးက ရှီဟောင်ကို ချုပ်ကိုင်ထားကြပါတယ်။ သူတို့တွေဟာ အတော်လေးကို အားကောင်းသန်မာကြပါတယ်။ ပြီးတော့ ကလေးအုပ်စုကလည်း ရုပ်ရုပ်သဲသဲဖြစ်ပြီး ရှီဟောင်ဆီကို ပြေးလာပါတယ်။ ကလေးအုပ်စု သူတို့ဆီကို ပြေးလာနေချိန်မှာပဲ ရွာသားတွေက ရှီဟောင်ကို ချုပ်ကိုင်ထားကြဆဲပါပဲ။
ရှီဟောင်ရဲ့ ခန္ဓာကိုယ်ဟာ အဆင်သင့်စွာပဲ အဖြူ ရောင်အလင်းတန်းတွေ တောင်ပလာပါတယ်။ သူ့ရဲ့ သွေးသန့်စင်ခြင်းခံထားရတဲ့ နတ်ဘုရားဆန်ဆန်ခန္ဓာကိုယ် နဲ့ မဲနက်ပျော့ပြောင်းလှတဲ့ ဆံပင်ရှည်တွေကလည်း ပခုံးပေါ်အထိ ဖုံးလွှမ်းနေပါတယ်။ သူ့ရဲ့ မျက်လုံးတွေက တောက်ပနေပါတယ်။ ဒါက သူ့ရဲ့ စွမ်းအားတွေက ပြည့်ဝနေပြီး စိတ်ဝိညာဉ်ကလည်း အရမ်းကြီးမားနေပုံရပါတယ်။
” မိုးကောင်းကင်က ငါတို့ကို အမှန်တကယ် ဒီလို ကလေးမျိုးကို ပေးတာပဲ..။ ငါတို့ အရှုံးမရှိနိုင်ဘူး..။”
အကြီးအကဲတစ်ချို့က စိတ်လှုပ်ရှားပြီး တုန်လှုပ်နေတာတောင် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးနေတုန်းပါပဲ။
“ကလေး..။ မင်း ဘယ်နေရာကနေ မသက်မသာခံစားနေရမျိုး ရှိနေလား..။”
ရှီယွိဖန်းက သွေးသန့်စင်ခြင်းရဲ့ တစ်ချို့ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိူ းတွေကို သိထားပါတယ်။
ရှီဟောင်ရဲ့ အသံလေးဟာ ငယ်ရွယ်ပျိုမျစ်နေပြီး စိတ်ရွှင်လန်းစွာ ပြန်ဖြေလိုက်ပါတယ်။
” ဟုတ်ကဲ့….။ ကျွန်တော် အဆင်ပြေပါတယ်..။ ပေါ့ပါးသွားသလိုတောင် ခံစားရပါတယ်..။”
ရွာအကြီးအကဲရှီယွီဖန်းလည်း အခုမှပဲ စိတ်လွှတ်ကိုယ်လွှတ် ရယ်နိင်ပါတော့တယ်။ သူဟာ ရှီဟောင်ကြောင့်ပဲ မျက်နှာပေါ်က အရေးအကြောင်းတွေ ပျောက်ကွယ်သွားပြီး ဆယ်နှစ်လောက် ပြန်ငယ်သွားသလို ပျော်ရွှင်တက်ကြွနေပါတယ်။
ရှီဟောင်ဟာ မိသားစုနာမည်ရေးထိုးထားတဲ့ အိုးကြီးကို ပြန်ချလိုက်တဲ့အခါမှာ မြေပြင်ပတ်ပတ်လည်ဟာ တုန်ခါအက်ကွဲသွားပါတယ်။ ရွာသားတွေဟာ သူတို့ရဲ့ မျက်လုံးတွေ ကျွတ်ထွက်သွားမတတ်အံ့သြတုန်လှုပ်သွားပါတယ်။
” အနာဂတ်မှာ မင်းတို့ရဲ့ လက်နက်တွေက ဟောင်အယ်ရဲ့ ခွန်အားတွေနဲ့ယှဉ်ရင် အမှိုက်သာသာပဲ ဖြစ်ကုန်လိမ့်မယ်..။
အကြီးအကဲတစ်ယောက်က အေးချမ်းစွာ ပြုံးလိုက်ပါတယ်။ သူဟာ အမျက်ဒေါသတွေကင်းစင်နေပြီး ပျော်ရွှင်နေတာကို စကားလုံးတွေနဲ့တောင် ဖော်ပြနိုင်စွမ်း မရှိတော့ပါဘူး။
” ဟေ့…။ ကလန်ရဲ့ အကြီးဆုံး နဲ့ အကောင်းဆုံး လေးကြီးကို ယူလာခဲ့ကြစမ်း..။ ဟောင်အယ်..။ လေးညို့တင်နိုင်မလားဆိုတာ ကြည့်ရမယ်…။ “
ရှီလင်းဟူက မျက်နှာပေါ်က အပြုံးများစွာနဲ့ ပြောဆိုလိုက်ပါတယ်။
မှန်ပါတယ်။
သည်ထူထဲပြီး ကြီးမားလေးလှတဲ့လေးကြီးက အဖိုးတန်ကြံ့ဦးချိုကနေ ဖြစ်တည်လာတဲ့ ဧရာမလေးကြီးဖြစ်ပါတယ်။ ရှီဟောင်ဟာ ချက်ချင်းပဲ လေးညို့ကို ဆွဲတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဧရာမလေးကြီးက သူ့ထက် ၂ဆလောက်ကြီးနေတာရယ်၊ လေးညို့ကို နောက်ပြန်ဆွဲတင်ချိန်မှာ သူ့ရဲ့ လက်ကတိုနေသေးတာကြောင့် အနောက်ကို ထပ်ပြီး ဆွဲတင်လို့မရတော့ပါဘူး။
” ကံကောင်းပြီး မင်းလက်က တိုနေသေးလိူ့ပေါ့ကွာ..။ ဒီလိုမှမဟုတ်ရင် မင်းလေးညို့တင်လိုက်တာနဲ့ ဒီအဘိုးလေးက လိုက်ဖမ်းထားရလိမ့်မယ်..။”
ရှီလင်းဟူက သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်ပြီး ပြောလိုက်တာကြောင့် ရွာသားတွေလည်း ရယ်လိုက်ကြပါတယ်။
ရွသားတွေ အားလုံးက တအူတုံဆင်း ညီအစ်ကိုမောင်နှမတွေလိုပါပဲ။ သူတို့ရဲ့ ခံစားချက်ဟာ သူတို့စိတ်ဓာတ်အရင်းအမြစ်အစစ်အမှန်ပါပဲ။ သူတို့ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အရာအားလုံးကို သူတို့မျက်နှာတွေပေါ်မှာ မြင်ရနိုင်ပါတယ်။ သူတို့အားလုံးက အတော်လေးအေးစက်စက်နိုင်ကြတယ်ဆိုပေမယ့် ပူနွေးတဲ့ခံစားချက်မျိုးကိုလည်း ပေးနိုင်ကြပါတယ်။
” ဟောင်အယ်..။ ကြီးကြီးရဲ့ အိမ်မှာ အကင်လာစားပါဦး…။”
” ဟောင်အော်…။ အခုနင့်အနေနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားသင့်ပြီနော်..။ အသက်လေးနှစ်တောင် ပြည့်တော့မယ်လေ..။ နင့်ဦးလေး လင်းဟူရဲ့ သမီးဆိုရင်ရော ဘယ်လိုထင်လဲ..။”
ရှီဟောင်ဟာ ဆွံ့အသွားခဲ့ပါတယ်။
” အာ…။ ကျွန်တော်က ကလေးပဲရှိသေးတာကို..။ အဲ့ဒီလိုမျိုးတွေကို စိတ်မ၀င်စားသေးပါဘူး..။ ဘာတွေ လာပြောနေကြမှန်းကို မသိတော့ဘူး..။”
…
ရွာသားတွေအားလုံးက အတော်ကြီးကို တက်ကြွနေကြပါတယ်။ ဤကဲ့သို့သောကလေးတစ်ယောက်ရှိနေတာဟာ သူကြီးပြင်းလာတာနဲ့အမျှ ကမ္ဘာကြီးကို ကိုင်လှုပ်နိင်မှာပါ။ သူက ဒီတောင်တန်းဒေသကို ကာကွယ်ဖို့နဲ့ သူရဲ့စွမ်းအားတွေ အထွတ်အထိပ်ကို ရောက်ဖို့အတွက်ကတော့ ကျောက်ခေတ်ရွာက ကူညီပေးပါလိမ့်မယ်။
” ဟောင်အယ်..။ မင်းရဲ့ သွေးသန့်စင်ခြင်းအောင်မြင်ပြီး ခွန်အားတွေအရမ်းကြီးလာပေမယ့် မင်း မာန်တက်နေလို့တော့ မရသေးဘူး..။ ဒီလောကထဲမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးကို ရှိနေတာလေ..။ အဲ့ဒီလူတွေက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်..။”
ရွာအကြီးအကဲ ရှီယွီဖန်းက အလေးအနက်ထားကာ သတိပေးလိုက်ပါတယ်။
” ကျွန်တော် သိပါပြီ..။ အဘိုးအကြီးအကဲ..။”
ရှီဟောင်က ခေါင်းညိတ်ပြလိုက်ပါတယ်။
ရှီယွီဖန်းက လုံး၀တိတ်ဆိတ်မနေခဲ့ဘဲ ရည်ရွယ်ချက်ရှိရှိ ပြောဆိုလိုက်ပြန်ပါတယ်။
” သူတို့တွေဟာ ရှေးကာလထဲက 108.000 ဂျင် အလေးချိန်ရှိတဲ့ လက်နက်တွေကို ကိုင်တွယ်သုံးစွဲခဲ့ကြတာလေ..။ သူတို့တွေက ဘာအဖိုးတန်နည်းစနစ်တွေကို မသုံးဘဲ သူတို့ရဲ့ ကိုယ်ခံအားသက်သက်နဲ့ပဲ ကိုင်တွယ်နိုင်တာ..။”
ကလေးအုပ်စုက ပါးစပ်အဟောင်းသားဖြစ်သွားပြီး လူကြီးတွေကတော့ ပိုပိုပြီးအံ့အားသင့်သွားခဲ့ကြပါတယ်။ ဒါက ရိုးရှင်းပေမယ့်လည်း ကြောက်စရာကောင်းပါတယ်။ ချီစွမ်းအင်တွေကို သုံးပြီး လက်နက်ကို ကိုင်ဆွဲတာထက် ပင်ကို ခွန်အားသက်သက်ကိုပဲသုံးကာ ကိုင်တွယ်တယ်ဆိုတာက အမှန်တကယ်တော့ အာ့ဒီနှစ်ခုလုံးဝြခားနားပါတယ်။ အမှန်တကယ်ပြောရရင် အဲ့ဒီလိုမျိုး လုပ်လာနိုင်အောင်ဆိုတာက ဘယ်လောက်တောင် ကြံ့ခိုင်သန်မာနေရမလဲ…။”
ဒီ့နောက်မှာတော့ ရွာသားတွေဟာ ရှီဟောင် ဘယ်လောက်အထိ မြင့်မြင့်ခုန်နိုင်သလဲဆိုတာကို ကြည့်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ကြောက်ရွံ့မှုကို ချက်ချင်းပဲ ခံစားလိုက်ရပါတယ်။ ရှီဟောင်ဟာ အတောင်ပံပါတဲ့အလား မီတာ ၃၀အထိ ခုန်တက်နိုင်ခဲ့ပြီး မြေပြင်ကို ဒုန်းခနဲမြည်အောင် ပြန်ကျဆင်းလာပါတယ်။ ဒါက သံမဏိလှံတံတစ်ချောင်းရဲ့ တဟုန်ထိုးနိုင်လှတဲ့ အစွမ်းလိုဖြစ်တာကြောင့် မြေပြင်အက်ကွဲသွားခဲ့ပါတယ်။
” ကျွန်တော် အခုချိန်ကစပြီး တောထဲအမဲလိုက်သွားတဲ့အခါ သူများတွေ ကာကွယ်ပေးဖို့ မလိုတော့ဘူး..။ ပြောရရင် ကျွန်တော်က အင်အားကြီးတဲ့ မှော်သားရဲတွေနဲ့ တန်းတူဖြစ်နေပြီ..။ အခုချိန်မှာ ကျွန်တော်ရဲ့ပြောင်းလဲမှုကို ခံစားနေမိပြီ..။”
ရှီဟောင်ရဲ့ ခန္ဓာကိုယ်ဟာ အလွန်အားကောင်းနေခဲ့ပါပြီ။ သူ့ရဲ့ကိုယ်တွင်းအင်္ဂါအဆင်းအရောင်တွေ နှင့်သူ့အရိုးတွေကလည်း ထွန်းလင်းနေခဲ့ပါသည်။ ပြတ်တောင်းပြတ်တောင်းဖြစ်နေခဲ့တဲ့ စွမ်းအင်သင်္ကေတွေကလည်း သူ့ရဲ့ ပကတိခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတဲ့အထိ သွေးသန့်စင်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ တကိုယ်လုံးဟာ နတ်ဘုရားတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေလို တောက်ပနေပြီလေ။
သူက နတ်ဘုရားတွေလို စွမ်းအားနဲ့တူတဲ့ အလင်းတန်းတွေရှိနေပေမယ့် လက်မပေါ်မှာ အလင်းတစ်စက်ရှိနေပါသေးတယ်။ ကောင်းကင်နဲ့မြေကြီးဆီကနေ အဆုံးမဲ့ စွမ်းအင်သင်္ကေတတွေကို ခံယူပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲကို ဆွဲသွင်းထားခဲ့ပါတယ်။
ဂီး…။ ဂီး… ။
သားရဲငှက်သုံးကောင်ဟာ ကျောက်ခေတ်ရွာသားတွေဆီကို ဦးတည်ပြီး သူတို့ရဲ့ လမ်းကြောင်းကို ဖောက်လိုက်ပါတယ်။ သူတို့ဟာ တောင်ပံတွေကို ဖြန့်ထားပြီး ခဏမှာပဲ သူတို့ရဲ့အကြေးခွံတွေကနေ အလင်းတွေထွက်ပေါ်လာပါတယ်။ သူတို့ မျက်လုံးတွေဟာ တောက်ပနေပြီး ကြည့်ရတာ သူတို့ရဲ့ ပါးစပ်ကိုဖွင့်ပြီး စကားပြောချင်ပုံရပါတယ်။ သူတို့ဟာ ထူးခြားတဲ့အစွမ်းသတ္တိတွေရှိသလို သူတို့ရဲ့ လမ်ကြောင်းကို သူတို့ဖောက်လိုက်ချိန်ှမှာလည်း ကလေးအုပ်စုက အလွယ်တကူတွန်းဖယ်ခံလိုက်ပါတယ်။
” အားဖုန်…။ ရှောင်းရောင်…။ ဇီယန်…။”
ရှီဟောင်က အော်ဟစ်လိုက်ပြီး တဟုန်ထိုးပြေးထွက်သွားပါတယ်။
*******