သုခကမ္ဘာက ရှီဟောင် - Chapter - 49 နာမည်ကြီး ပါရမီရှင်လား ကိုင်းကြီးကြီးမှာ သွားနားစမ်း
Chapter – 49 နာမည်ကြီး ပါရမီရှင်လား ကိုင်းကြီးကြီးမှာ သွားနားစမ်း
ကလေးတစ်ယောက်ချင်းစီရဲ့ အနာဂတ်အလားအလာက အရမ်းကို ကောင်းမွန်နေပြီး သူတို့ရဲ့ နောက်ကွယ်မှာလည်း ရှေးဟောင်းနတ်ဘုရားတစ်ပါးပါးရှိနေနိုင်ပါတယ်။ မကြာသေးခင်က သူဟာ ကလန်ထဲကနေ ရတနာကို ရှာဖွေဖို့ ထွက်လာခဲ့တာပါ။ သူတို့က ရှေးဟောင်းနတ်ဘုရားဆီကို ဦးတည်နေတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာမယ်လို့ မထင်ထားခဲ့မိပါဘူး.။
” သူက ချက်ချင်းပဲ မြေကြီးထဲကနေ ထွက်လာတာလေ…။ ငါတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်က ဘယ်သူ့ကိုမှ မသနားတတ်ဘူးထင်တယ်..။”
ဖီးဟိုက သနားစဖွယ်ပြောဆိုလိုက်ပါတယ်။
စွမ်းအားမြင့်ကျင့်ကြံသူအုပ်စုက ရင်သပ်ရှုမောသွားကြပါတယ်။ ဒီရွာက ဘယ်လိုတောင် ကြောက်စရာကောင်းရတာလဲ။ မှော်သားရဲအသားတွေဆိုတာ ညှီနံ့တော့နံသေးတာပဲလေ။
” သောက်ကလေးတွေ..။ စိတ်တိုစရာကောင်းလိုက်တာ .. ငါမင်းတို့ကို သတ်ဖို့ ရှာနေတယ်..။”
ဖုန်ကွမ်ရှန်က သူ့ကို လုံးလုံးဂရုမစိုက်တဲ့ ကလေးတွေကြောင့် စိတ်တိုလာခဲ့ပါတယ်။
“ဝိုး…။ , ဒါကတော့ ရက်စက်တာပဲပေါ့..။!”
” သူတို့နဲ့က အရမ်းဝေးနေတာလေ..။ ဘယ်လိုလုပ်ပြီး ငါတို့ပြောနေတာတွေကို ကြားသွားရတာလဲ..။ ဘယ်လိုတောင် နားထောင်နိုင်တာလဲ..။”
ဖီးဟိုက သံသယဖြစ်သွားပါတယ်။
” သူတို့က အရာရာကိုကြားနိုင်တယ်..။”
ခီဂျင် ဟာ ရယ်မောပြောဆိုလိုက်ပါတယ်။ သူမဟာ နှင်းဖွေးဖွေးတွေပေါ်မှာ ရပ်တန့်လို့နေပါတယ်။ သူမရဲ့ ဘေးမှာ ငယ်ရွယ်ပြီး ချောမောလှပတဲ့ မိန်းမလှလေးနှစ်ယောက်ရှိနေပါတယ်။ သူတို့က မတူညီတဲ့ ခါးစည်းကြိုးတွေကို ၀တ်ဆင်ထားပေမယ့်လည်း သူတို့ရဲ့ ၀တ်စုံတွေကတော့ အတူတူပါပဲ။ သူတို့ရဲ့ အသားအရေတွေက ကျောက်မျက်ရတနာတွေအလား ဖြူ စင်လှပါတယ်။ သူတို့ရဲ့ အထင်ရှားဆုံးသော အရာက ဝိုင်းစက်နေတဲ့ မျက်၀န်းတွေနဲ့ လောကကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အရမ်းလှပနေမယ်ဆိုတာပါပဲ။
” အရမ်းကို စိတ်၀င်စားစရာကောင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာဖြစ်မယ်..။”
” ဟုတ်မယ်..။ သူတို့ရဲ့ ရည်ရွယ်ချက်က ဖုန်ကွမ်ရှန် ..။ သူတို့ပြောတာကြားပြီး ရူးသွားအောင်လို့ ထင်တယ်..။”
မိန်းမလှလေးနှစ်ယောက်က မရပ်မနားရယ်မောလိုက်ကြပါတယ်။ သူတို့က ငယ်ရွယ်သေးပေမယ့် တောက်ပတဲ့ မျက်၀န်း..၊ ဖြောင့်စင်းတဲ့ နှာတံ..၊ ပုံပေါ်ရုပ်လုံးကြွနေပြီဖြစ်တဲ့ ခန္ဓာကိုယ်အဆစ်အပေါက်တွေနဲ့ ပြိုင်ဘက်ကင်းအောင် လှပလို့နေပါတယ်။
( လဲ့ကလန် = လျှပ်စီးကလန် )
လဲ့ကလန်နဲ့ ခရမ်းရောင်တောင်ကလန်တို့ရဲ့ အကြီးအကဲတွေက သူတို့ရဲ့ တိုက်ပွဲကို ရပ်ဖို့ပြောလိုက်ပါတယ်။ သူတို့တွေက ပုဂ္ဂိုလ်ရေးကိစ္စတွေကို ခဏဘေးဖယ်ထားပြီး ထူးဆန်းတဲ့ရွာမှာ ဘာတွေရှိနေလဲဆိုတာကို အတူတူ သွားကြည့်ချင်နေပါတယ်။ ဒါက အမှန်တကယ်ပဲ ရှေးခေတ်က အစွမ်းထက်လွန်းတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ လျှို့ဝှက်မိသားစုတစ်စုများ ဖြစ်နေနိုင်မလား..။
” ရိုင်းလိုက်တဲ့ သောက်ကလေးတွေ..။ မင်းတို့က ငါ့ကို ရယ်ရဲကြတယ်ပေါ့..။”
သူတို့ရဲ့ ရန်ပွဲကို ရပ်တန့်ပြီးတဲ့နောက်မှာတော့ ဖုန်ကွမ်ရှန်က သူ့ရဲ့လက်တွေကို ခါရမ်းလိုက်ပါတယ်။ ပြီးတော့ ငှက်ဆိုးတစ်ကောင်လိုပဲ ဖီဟိုတို့ကလေးအုပ်စုကို ဆုံးမချင်တာကြောင့် ရွာအ၀င်၀ကို ဦးတည်ပြီး မီတာနှစ်ဆယ်လောက် ခုန်ထွက်သွားပါတယ်။
ရွာအ၀င်၀မှာ ရှိနေတဲ့ ကျောက်အိမ်လေးထဲကနေ ရှီဟောင်က ပြေးထွက်လာပါတယ်။ သူက ပလုပ်ပလောင်းသံနဲ့ ပြောဆိုလိုက်ပါတယ်။
” ယ..။ ဘာဖြစ်နေကြတာတုန်း..။ ရွာထဲကို လူတွေအများကြီး ၀င်လာတာလား..။”
” ဝေ့..။ ဟောင်အယ်…။ မင်း အခုထက်ထိ နို့တွေ ခိုးသောက်နေတုန်းပဲလား..။ မင်း ရပ်လိုက်ပြီထင်နေတာ..။”
ကလေးအုပ်စုထဲက ပိုကြီးတဲ့တစ်ယောက်က ရှီဟောင်ရဲ့ နှုတ်ခမ်းထောင့်ကနေ နို့ရည်စက်တွေကို တွေ့လိုက်ရတာကြောင့် လှောင်ပြောင်လိုက်ပါတယ်။
” ပေါက်ကရတွေပါကွာ…။ ဘယ်သူပြောလဲ.. ငါနို့သောက်တယ်လို့..။ မင်း မျက်လုံးတွေ ပြဿ နာရှိနေတာ ဖြစ်မယ်…။”
ရှီဟောင်က သူ့ရဲ့နှုတ်ခမ်းတွေကို မြန်မြန်ဆန်ဆန်သုတ်ပစ်လိုက်ပါတယ်။ သူကတော့ သူ့ကို ရိုက်သတ်ပြီး အမှန်အတိုင်း၀န်ခံပါဆိုရင်တောင် ဖင်ပိတ်ငြင်းနေဦးမှာပါပဲ။ နောက်ပြီး သူ့နှုတ်ခမ်းကို သုတ်လိုက်လို့ နို့ပေသွားတဲ့ လက်ကို မသိမသာ နောက်ကျောကို ပစ်လိုက်ပြီး အင်္ကျီစနဲ့ ပွတ်လိုက်ပါတယ်။
” ဟာ … ။ ချစ်စရာကောင်းလိုက်တဲ့ ကလေးလေး…။”
နှင်းပွင့်တွေလို ဖြူ စင်သန့်ရှင်းနေတဲ့ မိန်းမလှလေးနှစ်ယောက်က မယုံနိုင်လောက်အောင် အ့ံ့သြသွားခဲ့ပါတယ်။ ရှီဟောင်ရဲ့ အသားအရေဟာ ကျောက်စိမ်းနှစ်လို တောက်ပပြီး ဆွဲဆောင်မှုရှိတာကြောင့် မိန်းမလှလေးနှစ်ယောက်က သူ့ကို မြင်မြင်ချင်းပဲ ပြုံးရွှင်သွားကြပါတယ်။
ဤအချိန်မှာပဲ ဖုန်ကွမ်ရှန်ဟာ သူတို့ဆီကို ေ ရာက်ရှိလာခဲ့ပါပြီ။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အမြန်နှုန်းနဲ့ ရွေ့လျားမှုကြောင့် လေတိုးသံ တဟူးဟူးဖြစ်ပေါ်နေပြီး ထိတ်လန့်စရာချီအစွမ်းသတ္တိတွေပါ၀င်နေပါတယ်။ သူဟာ တစ်ချိန်တည်းမှာပဲ ရှီဟောင်ရဲ့ ပါးကို ရိုက်ချဖို့ အားထုတ်လိုက်ပါတယ်။
ရှီဟောင်ဟာ မကောင်းတဲ့အော်ရာတွေကို အာရုံခံမိလိုက်တာကြောင့် သူ့ရဲ့မျက်လုံးရွဲကြီးတွေကို ဖွင့်ကြည့်လိုက်ပါတယ်။
” ယ …။ အစ်ကိုကြီး..။ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲဗျ..။”
အန်းမန် နဲ့ ဖီးဟိုတို့ကတော့ ဖုန်ကွမ်ရှန်ရဲ့ စွမ်းအားတွေဟာ ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို မြင်ထားခဲ့ကြပါတယ်။
ဖုန်ကွမ်ရှန်ဟာ လျှင်မြန်စွာပဲ ရှေ့ကိုရောက်လာချိန်မှာတော့ ရှီဟောင်ရဲ့ အော်ရာတွေဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ သူဟာ နီးကပ်လာတဲ့ ဖုန်ကွမ်ရှန်ကို အေးစက်စက်ကြည့်လိုက်ပြီး သူ့ရဲ့နူးညံ့လှတဲ့ လက်ကလေးနဲ့ မိုးကြိုးပစ်သလို ရိုက်ထုတ်လိုက်ပါတယ်။
” ဝုန်း..။!”
သဲမှုန်မြေမှုန်တွေဟာ တထောင်းထောင်းထသွားပြီး တောင်ကြီးတောင်ငယ်တွေ ခါရမ်းသွားကြပါပြီ။ ရှီဟောင်ကတော့ မလှုပ်မယှက်ရပ်နေတုန်းပါပဲ။ သူ့ကို လျှပ်စီးလျှပ်သလို တိုက်ခိုက်လာခဲ့တဲ့ ဖုန်ကွမ်ရှန်ကတော့ နောက်ကို ပြင်းထန်စွာ လွှင့်စင်သွားပါတယ်။ သူဟာ ရပ်တန့်ဖို့ကြိုးစားတဲ့ အနေနဲ့ မြေပြင်ကို ခြေချပြီး အားယူလိုက်တိုင်း မြေကမ္ဘာဟာ ကြောက်စရာကောင်းလောက်အောင် အက်ကွဲကုန်ပါတယ်။ ပြီးတော့ သူဟာ ဆယ်မီတာလောက်အထိ နောက်ဆုတ်သွားရပြီးမှ သူ့ရဲ့ အရှိန်ကို ရပ်တန့်လိုက်နိုင်ပါတယ်။
” ဝိုး…။ ဘယ်လောက်တောင် သန်မာပြီး အစွမ်းထက်တဲ့ ကလေးလဲ..။”
မိန်းမလှလေးနှစ်ယောက်ဟာ သူမတို့ရဲ့ မျက်လုံးတွေ ကျွတ်ကျသွားမတတ် အံ့သြသွားပါတယ်။ ပြီးတော့ ရှီဟောင်ရဲ့ ပါးပြင်ကို ချစ်စနိုးနဲ့ ဆွဲဆိတ်လိုက်ပါတယ်။
ရှီဟောင်ဟာ အကြီးအကျယ်ကို ရှက်သွားခဲ့ပါတယ်။ သူဟာ မျက်လုံးတောက်တောက်တွေကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်ပြီး ဖုန်ကွမ်ရှန်ကို ကြည့်လိုက်ပါတယ်။
” အစ်ကိုကြီး…။ ခင်ဗျားရဲ့ လုပ်ရပ်တွေက မှားယွင်းနေတာပဲ..။”
ရှီဟောင်က သူ့ရဲ့နှုတ်ခမ်းကို ကမန်းကတန်းသုတ်ထားတယ်ဆိုပေမယ့် နို့ရည်စက်တွေ နည်းနည်းတော့ ပေနေပါသေးတယ်။ သူက သူများတွေ ဘာပဲပြောပြော နို့သောက်တာကို တော့ မရပ်လိုက်ချင်ပါဘူး။ အဲ့ဒါက သူ့ကို အားရှိစေပြီး အသစ်အသစ်သော ခွန်အားတွေကို ရရှိစေပါတယ်။
မလှမ်းမကမ်း အနောက်ဘက်ကနေ လိုက်ပါလာခဲ့တဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေဟာ ကြက်သေသေသွားကြပါတယ်။
” ငလူးပဲဟ…။ ဘယ်လိုတွေတောင် င -ိုးကျရတာလဲ..။ အခုထိ နို့သောက်နေရတဲ့ ကလေးက နာမည်ကြီးပါရမီရှင် ဖုန်ကွမ်ရှန်ကို ရိုက်လွှတ်နိုင်တယ်ပေါ့…။ ငါတို့တွေ သရဲတစ္ဆေကို မြင်နေရတာလား..။”
ဒီကြောက်စရာကောင်းတဲ့ ရွာက ဘယ်တုန်းတည်းက ရှိနေခဲ့တာလဲ..။ စွမ်းအားကျင့်ကြံသူအုပ်စုက စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြပါတယ်။
လူတိုင်းက ကျောက်ရုပ်တွေလိုစကားမပြောနိုင်ကြတော့သလို ရိုးရှင်းစွာပဲ တုန်လှုပ်သွားခဲ့ပါတယ်။
” ဒါ က … ။ ”
ဖုန်ကွမ်ရှန်ဟာ ပေါ့ပေါ့တန်တန်သဘောထားပြီး တိုက်ခိုက်လိုက်ပေမယ့် ရှီဟောင်ရဲ့ ဆန့်ကျင်တိုက်ခိုက်မှုက သူ့ကို အကြီးအကျယ် တုန်ခါသွားစေပါတယ်။ သူဟာ သေလုမတတ်နာကျင်မှုကို ခံစားလိုက်ရပါတယ်။ သူက အခုထိ သူ့ကို နို့သောက်နေရဆဲ ကလေးတစ်ယောက်က မြေပေါ်ကို အမှောက်သိပ့်လိုက်နိုင်တယ်ဆိုတာကို ယုံကို မယုံနိုင်သေးပါဘူး။
လူအားလုံးဟာ အံ့အားသင့်ခဲ့ပါတယ်။ ဒါက တကယ်ပဲ တောင်တန်းဒေသထဲက ငမြောက်ငခြောက် ရွာလေးလား..။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ရှေးခေတ်က မြင့်မြတ်တဲ့ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ လျှို့ဝှက်ကလန်တစ်ခုပါပဲ။
လူတော်တော်များများက သူတို့ရဲ့ ကြောက်ရွံစိတ်ကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။ အခု သူတို့မြင်တွေ့နေရတဲ့အရာကသာ အစစ်အမှန်ဆိုရင် တောင်တန်းဒေသထဲမှာ ရှိနေတဲ့ လျှို့ဝှက်ကလန်ဟာ ကြောက်မက်ဖွယ်ရာ အရမ်းကို ကောင်းနေမှာပါ။ သူတို့က လူဦးရေအရမ်းကို နည်းပါးတယ်ဆိုပေမယ့်လည်း တစ်ယောက်ချင်းစီတိုင်းကတော့ ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူတွေဖြစ်ပါလိမ့်မယ်။
***