သုခကမ္ဘာက ရှီဟောင် - Chapter - 51 ......... တဲ့လား..။
Chapter – 51 ……… တဲ့လား..။
” ဒီအိုးကြီးက မင်းတို့တွေ ဘာလုပ်ကြတာလဲ..။ ကြည့်ရတာတော့ သာမန်ပါပဲ..။”
မဟာရေပေါ်နန်းတော်ကလန်ရဲ့ သက်လတ်ပိုင်းလူကြီး ဖုန်ကွမ်ချောင်က မေးလိုက်ပါတယ်။
” အိုး..။ ဒါလား..။ ကျွန်တော်တို့ရဲ့ အစွမ်းသတ္တိကို လေ့ကျင့်ပေးဖို့ ဒါကို သုံးတာလေ..။”
အန်းမန်က သူ့ခေါင်းထက် ပိုမြင့်နေတဲ့အိုးကြီးကိုချီမပြီး ပြန်ဖြေလိုက်ပါတယ်။
လူတိုင်းရဲ့ နှလုံးသားတွေ ခါရမ်းသွားပါတယ်။ အသက် ရှစ်နှစ် ကိုးနှစ်အရွယ်ကလေးတစ်ယောက်က ဒီလို ဂျင်တစ်ထောင်ရှိတဲ့အိုးကြီးကို အလွယ်တကူ ချီမသွားနိုင်ပါတယ်။ ဒါက အင်အားကြီးကလန်တွေထဲမှာဆိုရင် အံ့သြစရာမဟုတ်ပေမယ့် တောင်ပေါ်ဒေသရဲ့ ရွာလေးအတွက်တော့ မဖြစ်နိုင်သလောက်ပါပဲ။
ဒါ့အပြင် ကြည့်ရတာ ဒီမှာရှိတဲ့ ကလေးတွေဟာ ဘယ်သူမှတော့ ရိုးရှင်းပုံမရကြပါဘူး။
ပြီးတော့ ကျင့်ကြံသူတွေက နောက်တခါပြန်ပြီးတော့ သံသယ၀င်လာကြပြန်ပါတယ်။ ဒါက တကယ်ပဲ လျှို့ဝှက်မျိုးနွယ်စုတစ်စုစုများလား…?။ ဒီလောက်အထိတောင် လျှို့ဝှက်ဆန်းကြယ်နေကြလို့လေ..။
အန်းမန်ဟာ လက်ရှိမှာတော့ တစ်ထောင်ဂျင်ရှိတဲ့ ကြေးနီအိုးကြီးကို ချီမနိုင်ပြီး ရှန်းနီရဲ့ စစ်မှန်တဲ့ သွေးတွေနဲ့ သွေးသန့်စင်ခြင်းခံပြီးချိန်မှာ သူ့ရဲ့ခွန်အားတွေဟာ အဆင့်တစ်ဆင့်မြင့်တက်လာခဲ့ပါတယ်။ ဒါက သဘာ၀ကျကျပြောရရင် သူ့အတွက်အတော်လေးကို လွယ်ကူနေပုံရပါတယ်။
ဒါပေမဲ့ ကျင့်ကြံသူတွေကတော့ သည်ကလေးတွေအပေါ် အဲ့သည်လိုမျိုး မထင်ထားပါဘူး။ သူတို့ရဲ့ ကလန်တွေအတွင်းမှာတောင် ဂျီးနီးယက်စ်တွေဆိုတာ အဆင့်ကန့်သတ်ချက်တော့ ရှိပါတယ်။ လူတိုင်းက ဖုန်ကွမ်ရှန် နဲ့ ဇီရှန်ခန်းလို ဖြစ်နိုင်တာမှ မဟုတ်တာလေ။
ကလေးတွေအများစုထဲမှာတော့ အန်းမန်က တော်တော်ဝေးဝေးကို ရောက်ရှိလို့နေတာ ဖြစ်နိုင်ပါတယ်။ သည်လို ခွန်အားမျိုးတာက အသက် ရှစ်နှစ် ကိုးနှစ်အရွယ်မှာ အတော်လေး ထူးခြားပါတယ်။
” ဦးလေးကြီး..။ ခင်ဗျားက မိုးနဂါးကို စားဖို့ ဒါမှမဟုတ် သူ့ရဲ့ အစစ်အမှန်သွေးနဲ့ သွေးသန့်စင်ဖို့ ခေါ်လာတာလား..။”
အန်းမန်က အသေးအဖွားကိစ္စတစ်ခုအလား မေးမြန်းလိုက်ပါတယ်။
” ဟေ့ကောင်…။ မင်းက စကားမပြောဘဲ မနေနိုင်ဘူးလား..။ ဘာမှ သိတာလည်း မဟုတ်ဘဲနဲ့..။”
အန်းမန်ရဲ့ အဖေက သူ့ရဲ့ခေါင်းကို ခေါက်လိုက်ပါတယ်။
” ခွေးမသားလေး…။ သေချာမှတ်ထား..။ ရက်စက်ကြမ်းကြုတ်တဲ့ မိုးနဂါးဆိုတာ ယဉ်ပါးဖို့ အရမ်းခက်ခဲတာကွ..။ မင်းက သူတို့ကို စားဖို့သောက်ဖို့တောင် မကဘူး သွေးသန့်စင်ဖို့အတွက်တောင် စဉ်းစားနေသေးတယ်..။ အမှန်က ကလေးတွေ တစ်ကောင်ပြီးတစ်ကောင် မွေးခိုင်းရမှာဟ..။ အဲ့ဒါကမှ ရေရှည်စီမံကိန်းချတယ် .. ခေါ်တာ..။”
မဟာရေပေါ်နန်းတော်ကလန်က လူတွေဟာ စိတ်ဓာတ်ကျသွားပါတယ်။ သူတို့က ဒီကြမ်းကြမ်းတမ်းတမ်းလူကြီးက ထွက်ထွက်လာချင်း သူ့သားကို သင်ကြားပြသပေးမယ် ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်တာ တစ်ခုခုကို ပြောလိမ့်မယ်လို့ စဉ်းစားမိကြပါတယ်။ အဲ့ဒီအစား ရွာသားကြီးက ထွက်လာလာချင်းမှာပဲ သူ့သားထက်ဆိုးတဲ့ ရိုင်းရိုင်းစိုင်းစိုင်းစကားတွေကို ပြောနေပါသေးတယ်။
ပြီးတော့ ဒါက ၀က် ဒါမှမဟုတ် နွားလည်း မဟုတ်ဘူးလေ။ သူပြောသလိုမျိုး အစဉ်အဆက် မျိူးဖောက်နေလို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။ ဒါက အရမ်းကို သန်မာပြီး ဆိုးသွမ်းလွန်းတဲ့ သားရဲတစ်ကောင်ဖြစ်ပါတယ်။ သူတို့တွေဟာ ဒေါသဖြစ်လာရင် ကြောက်စရာကောင်းတဲ့ အဖျက်စွမ်းအားတွေကို ထုတ်နိုင်ပါတယ်။
သူတို့တွေဟာ အန်းမန်ကို ကြည့်နေရာကနေ အားလုံးပဲ အန်းမန်အဖေကို စုပေါင်းပြီး ဂရုတစိုက်လေ့လာကြည့်လိုက်ပါတယ်။ သူတို့ဟာ အသေအချာ ဂရုတစိုက်လေ့လာကြည့်လိုက်ပေမယ့်လည်း စွမ်းအင်အရင်းအမြစ်နဲ့တူတဲ့ ေုခရာလက်ရာတစ်ခုလေးတောင် ရှာဖွေမတွေ့ခဲ့ကြပါဘူး။ ဒါကြောင့် သူက သူ့ရဲ့ စွမ်းအားတွေကို လျှို့ဝှက်ထားတာလည်း ဖြစ်နိုင်ပါတယ်။
” သည်အိုးကြီးက နည်းနည်းတော့ ဆိုးသွမ်းတဲ့ အော်ရာတွေ အခြေခိုင်နေပြီ..။ အရမ်းကို ကြာရှည်လွန်းတဲ့အချိန်တွေထဲက ရှေးဟောင်းသားရဲမျိုးဆက်တွေရဲ့ အစစ်အမှန်သွေးကို ထည့်သွင်းလာပုံပဲ..။”
လဲ့ဟန်ရဲ့ လေးယောက်မြောက်သားဖြစ်တဲ့ နှစ်ဆယ့်နှစ်နှစ်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူက နာမည်ကတော့ ယွမ်ခန်းဖြစ်ပါတယ်။ သူ့ရဲ့ မျက်စံနက်နက်တွေဟာ လျှပ်စီးတွေ ထွက်နေသလို ထင်ရပြီး အရပ်ရှည်ရှည်နဲ့ ဖြောင့်မတ်စွာ ရပ်နေပါတယ်။ သူဟာ သူ့ရဲ့ အုပ်စုထဲကနေ ထွက်လားပြီး ဆေးအိုးကြီးရှေ့မှာ ရပ်လိုက်ပါတယ်။
ကျင့်ကြံသူအုပ်စုတစ်စုလုံးက သူတို့ရဲ့ မျက်လုံးတွေကို မှိတ်ထားလိုက်ပါပြီ။ သူတို့ဟာ သူတို့ပတ်၀န်းကျင်က ပြောင်းလဲနေတဲ့ အော်ရာတွေကို ခံစားထိတွေ့လိုက်ကြတာပါ။ ပြီးတော့ အထိတ်တလန့် သူတို့ မျက်လုံးတွေကို ဖွင့်လိုက်ပါတယ်။ ဒါက လုံး၀ကို မမျှော်လင့်ထားစရာကောင်းတဲ့ သေဆုံးသွားပြီဖြစ်တဲ့ သားရဲတွေရဲ့ ရှင်ဘုရင်သွေးနံ့ကို ရလိုက်တာပါ။
” ခင်ဗျား..။ ခင်ဗျားတို့တွေ…။ ရှေးဟောင်းသားရဲမျိုးဆက်နဲ့ မွမ်းမံခြင်းလုပ်ခဲ့တာလား…။”
ကျင့်ကြံသူတွေဟာ ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်မကြပါတယ်။ မဟာရေပေါ်နန်းတ်ာကလန်ရဲ့ ဖုန်ကွမ်ပေါင်ဟာ နောက်ဆုံးမှာ သူ့ပါးစပ်ကို ပိတ်နေလို့ မရတော့ပါဘူး။
” ချေးထုတ်ကောင်တွေ…။”
ကလေးဆန်တဲ့ အသံကလည်း ရုတ်တရက်ထွက်ပေါ်လာပြန်ပါတယ်။ ဖုန်ကွမ်ရှန်ဟာ နာကြည်းသွားဟန်နဲ့ နှာခေါင်းရှုတ်လိုက်ပါတယ်။
“ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်ရဲ့ အမျိုးအစားက ဘာလဲ?”
ပါရမီရှင် ဇီရှန်ခန်းက စပ်စပ်စုစုမေးမြန်းလိုက်ပါတယ်။
” ကြောက်စရာကောင်းအောင် သန်မာတဲ့ ရှန်းနီမှော်သားရဲကြီးလေ..။”
ကလေးတစ်ယောက်က အော်ပြီးဖြေလိုက်ပါတယ်။
” မင်း.. မင်းစကားမပြောဘဲ မနေနိုင်ဘူးလား..။”
သူ့ရဲ့ အဖေက ကလေးကို ဟန့်လိုက်ပေမယ့်လည်း အရမ်းကို နောက်ကျသွားပါပြီ။
သူတို့တွေဟာ ရွာအကြီးအကဲရဲ့ သတိပေးချက်ကို ပြန်သတိရလိုက်ကြပါတယ်။
” ဒါက ကြီးမားတဲ့ ဘေးအန္တရာယ်တွေကို ဖြစ်စေလိမ့်မယ်..။ ဒါ့ကြောင့် ရှေးဟောင်းသားရဲတွေနဲ့ ပတ်သတ်ပြီး စကားမဟမိစေနဲ့…။”
ကလေးလေးလည်း သူမှားသွားမှန်းသိလိုက်ပါတယ်။
” ကျွန်တော်မေ့သွားတယ်..။ ရွာအကြီးအကဲ က သေချာနှုတ်လုံဖို့ မှာထားကိုလေ..။”
သို့ပေမယ့် ကျင့်ကြံသူတွေရဲ့ နားထဲကို ရောက်သွားပြီပြီလေ။ သူတို့တွေက ရှန်းနီဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသဘောပေါက် နားလည်ပါတယ်။
” ငလူးတွေလိုပဲ ..။ ဒါက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ လျှို့ဝှက်ကလန်ဆိုတာ သေချာနေပါပြီ။ ဒီလူက သူ့ရဲ့ အစ်အမှန် ပုံရိပ်ကို မဖော်ပြချင်တာပဲ ဖြစ်ရမယ်..။”
အာ့ဒီလိုမှ မဟုတ်ရင် ဘယ်သူက ရှန်းနီမှော်သားရဲအသားကို စားမလဲ..။ အစစ်အမှန်သွေးတွေကို သူတို့ရဲ့ စွမ်းအားတိူးတက်လာဖို့ ဘယ်လိုလုပ်ပြီး သုံးနေမလဲ…။ သည်ရွာရဲ့ စွမ်းအားအကြီးမားဆုံး လူက အင်အားကြီးကလန်တွေကို မဆိုထားနဲ့..ကောင်းကင်နဲ့ မြေကြီးကိုတောင် ခွဲခြမ်းနိုင်စွမ်း ရှိချင်ရှိနေနိုင်ပါတယ်။ ဒါက ရှေးဟောင်းသားရဲမျိုးဆက်တွေနဲ့ တူနေပါလိမ့်မယ်။
” ခင်ဗျားတို့က ဘာဖြစ်လို့ ရှန်းနီအသားကို စားကြတာလဲ..။”
ဖုန်ကွမ်ပေါင် က သိချင်စိတ်ပြင်းပြစွာ ပြူ းပြဲမေးမြန်းလိုက်ပါတယ်။ အခုချိန်မှာ သူ့ရဲ့ ၀င့်ဝါမောက်ကြွားလှတဲ့ သဘောထားတွေပျောက်ဆုံးနေပြီး ကလေးတစ်ယောက်လို သိချင်စိတ်သာ များနေပါတယ်။
သူက မဟာရေပေါ်နန်းတော်ကလန်ကြီးရဲ့ အထင်ကရပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ရှန်းနီမှော်သားရဲဆိုတာ နှောက်ယှက်လို့ကောင်းတဲ့ သားရဲမဟုတ်ဘူးဆိုတာလည်း သိထားပါတယ်။ သူ့ရဲ့ အစစ်အမှန်သွေးတွေနဲ့ သွေးသန့်စင်ခံနိုင်တာကို ကြားဖူးသလို သူတို့ရဲ့ အသားကို မကြာခဏစားနိုင်တယ်လို့ ဆိုလိုတာမှ မဟုတ်တာလေ။
အင်အားကြီးကလန်တွေအတွက်တောင် ရှေးဟောင်းသားရဲမျိုးဆက်ဆိုတာ အရမ်းရှားပါးလို့ နေပါသေးတယ်။ အဲ့ဒီအတွက် သူတို့တွေက အသေးစိတ်ပြင်ဆင်ကြရပါတယ်။ သူတို့ရဲ့ သွေးနဲ့အရိုးတွေကို ဆေးပညာအတွက် ထည့်သုံးတာဆိုတာကတော့ အကြီးအကဲတွေရဲ့ စုံစမ်းခြင်းခံရနိုင်ပါတယ်။ အာ့ဒါကြောင့် ဘယ်လိုလုပ်ပြီး ရှေးဟောင်းသားရဲမျိုးဆက်တွေကို ပေါပေါလောလော စားသောက်နိုင်မှာလဲ..။
ကျင့်ကြံသူအုပ်စုတစ်စုလုံး လုံး၀ကိုပြောစရာစကားမရှိတော့ပါဘူး။ သူတို့က ရှန်းနီရဲ့အသားကို တိုက်ရိုက်ဘယ်သူမှ မစားရဲကြပါဘူး။ သူတို့ရဲ့ နောက်ခံအင်အားက ဘယ်လောက်ခိုင်မာနေမှာ မလို့တဲ့လဲ..။
ကျင့်ကြံသူတွေက အင်အားကြီးကလန်ကြီးတွေကနေ လာတဲ့သူတွေ ပီပီ အရာများကို သိထားပေမယ့် ဒီအချိန်မှာပဲ သူတို့ရောက်နေတဲ့နေရာကို သံသယဖြစ်စရာကောင်းကြောင်း ခံစားလိုက်ရပါတယ်။ ပြောရရင် လုံး၀ကို သေချာတာကတော့ ကြောက်စရာကောင်းလှတဲ့ မျိုးနွယ်စုတစ်စု တောင်တန်းဒေသထဲမှာ ရှိနေတယ်ဆိုတာကို အတည်ပြု နိုင်ခဲ့တာပါပဲ။
” ခင်ဗျားတို့ရဲ့ ရွာအကြီးအကဲက ဘယ်မှာပါလဲ..။ ကျုပ်တို့က သူ့ကို အရိုအသေပေးဖို့ လိုပါတယ်..။”
ခရမ်းရောင်တောင်ကလန်ရဲ့ လူကြီးနှစ်ယောက်ထဲက သားမွှေး၀တ်စုံ၀တ်ဆင်ထားပြီး ရွှေဦထုတ်ဆောင်းထားတဲ့ ဇီရှန်ရှို က ပြောလိုက်ပါတယ်။ သူ့ရဲ့ တကိုယ်လုံးကို ခရမ်းရောင်တိမ်တိုက်ရောင်တွေ ၀န်းရံနေပြီး သန်မာခံ့ညားတွေ အေ်ာရာတွေ ဖြာထွက်နေပါတယ်။ ဒါပေမယ့် သူဟာ ကျောက်ခေတ်ရွာမှာတော့ စိတ်ရှိတိုင်း ရမ်းကားတဲ့ အပြုအမူသေးသေးလေးကိုတောင် မလုပ်ရဲပါဘူး။
” ရွာအကြီးအကဲက အခန်းတံခါးပိတ် ကျင့်ကြံနေပါတယ်..။ သူ ထွက်လာနိုင်မှာ မဟုတ်ပါဘူး..။ ”
အန်းမန်က ပြောလိုက်ပါတယ်။
” ခွေးမသားလေး .. မင်းစကားမပြောဘဲ တကယ်ပဲ မနေနိုင်ဘူးလားကွ..။”
အန်းမန်ရဲ့ အဖေက သူ့သားကို ထိပ်ခေါက်လိုက်တဲ့ အသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။
အန်းမန်ကတော့ အခုလိုမျိုး ပြောလိုက်တဲ့အတွက် အပြစ်ရှိတယ်လို့ မခံစားရပါဘူး။ သူ့ကို သည်စကားမပြောဖို့အတွက် ရွာအကြီးအကဲက သတိပေးတာကို မခံထားရဘူးလေ။ ရွာအကြီးအကဲက ရှန်နီးရဲ့ အစစ်အမှန်သွေးတွေကို ဆေးဝါးအဖြစ်အသုံးချနိုင်တာကြောင့် သူ့ရဲ့ရောဂါပိုကောင်းလာသလို ခံစားနေရပါပြီ။ ဒါ့ကြောင့်ပဲ အမြစ်ပြတ်ကုသဖို့အတွက် အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။
ဇီရှန်ရှု ၊ ဖုန်ကွမ်ချောင် နဲ့ တခြားသူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပါတယ်။ သူတ်ို့တွေ ရှင်းရှင်လင်းလင်းကို သိသွားကြပါပြီ။ ရွာအကြီးအကဲက သေချာပေါက် ထူးခြားတဲ့ လူတစ်ယောက်ဖြစ်ရမယ်ဆိုတာကိုပါ။ ဒီလိုမျိုး အစွမ်းထက်ကျင့်ကြံသူတွေသာ သူတို့ကိုယ် သူတို့ အခန်းတံခါးပိတ်ပြီး ကျင့်စဉ်တွေ ကျင့်ကြံနိုင်တာပါ။
နောက်ဆုံးအနေနဲ့ ကျင့်ကြံသူအုပ်စုက မိုးမခပင်အိုကြီးဆီကို ပြန်ကြည့်လိုက်ကြပါတယ်။ သည်လိုမျိူ း လျှို့ဝှက်ဆန်းကြယ်တဲ့ ရွာနဲ့အတူ သည်နေရာမှာ အမြစ်တွယ်နေတဲ့ မိုးမခပင်အိုကြီးကလည်း ကျိန်းသေပေါက် ထူးခြားပါလိမ့်မယ်။
” ဒါနဲ့ ခင်ဗျားတို့ရဲ့ ဂါးဒီးယန်ဝိညာဉ်တော်ကိုရော ဘယ်လိုခေါ်ကြလဲ..။”
လဲ့ယွမ်ခန်းက ဂရုတစိုက်မေးလိုက်ပါတယ်။
” အိုး…။ ဂါးဒီးယန်းဝိညာဉ်တော်ကို ဘယ်လိုမှ မခေါ်ကြပါဘူး..။ မိုးမခနတ်ဘုရား လို့ပဲ ခေါ်ကြတာပဲ…။”
ဖီးဟို ၀င်ပြောလိုက်ပါတယ်။ မြေကမ္ဘာလောကမှာ ကလေးတွေရဲ့ စကားက အပြစ်ကင်းစင်ပြီး အစစ်အမှန်ဖြစ်တာလည်း သေချာတယ်လေ။
” ဘာ..။ မိုးမခ နတ်ဘုရား..?”
ကျင့်ကြံသူအုပ်စုဟာ အကုန်လုံးနီးပါး ထခုန်လိုက်ကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ အစွမ်းသတ္တိတွေကို ပြပြီး တခြားသော ကလန်တွေကို ဖိနှိပ့်ဖို့အတွက် ကြံစည်ထားကြပါတယ်။ လက်ရှိမှာတော့ အင်အားကြီးမားကြပီး နောက်ခံတော်၀င်နယ်မြေရှိတဲ့ ဇီရှန်ရှု တောင် ရင်ထိတ်သွားပါပြီ။
အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွာက ဂါးဒီးယန်းဝိညာဉ်တော်ဟာ မိုးမခ နတ်ဘုရားတဲ့ လား..။ ဒါက ကျင့်ကြံသူ အုပ်စု တစ်စုလုံးကို စကားမပြောနိုင်လောက်အောင် ဆွံ့အသွားစေပါတယ်။
***