သုခကမ္ဘာက ရှီဟောင် - Chapter - 60 အနိုင်ကျင့်ခံရခြင်း
Chapter – 60 အနိုင်ကျင့်ခံရခြင်း
လူတိုင်းက ဘယ်လိုတွေတောင် ဖြစ်သွားကြတာလဲ။ တချို့လူတွေကတော့ မသိမသာနှာခေါင်းရှုံ့လိုက်ပါတယ်။ ရှန်းနီရဲ့ ခြောက်သွေ့နေတဲ့ အရိုးဖြူကို ရယူချင်တဲ့ မျက်နှာကိာထောက်ပြီး အတုအယောင် ဖိတ်ခေါ်မှုတွေကို မလုပ်စေချင်ကြပါဘူး။ သူတို့တွေဟာ ဘာလို့ ကလးတစ်ယောက်ကို ခေါ်သွားချင်မှာလဲ…။ နောက်ပိုင်းဆိုရင် ဒါမှမဟုတ် မြန်မြန်ဆန်ဆန်ပဲ သူတို့တွေ ဒေါသဖြစ်လာချိန်မှာ ရှီဟောင်ကို သတ်ပစ်ကြမှာလေ။
ရှီဟောင်ကတော့ တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ ဇီရှန်ခန်းတို့သုံးယောက်ကို သူတို့ကလန်သားတွေက ပြန်ခေါ်ထားလိုက်ပါတယ်။ သူတို့တွေက ဆိုးဆိုးရွားရွားကို ထိခိုက်ထားကြသလို သွေးအလူးလူးနဲ့ ဖြစ်နေပါပြီ။ သူတို့တွေဟာ ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တာကြောင့် ရှက်လည်းရှက် ဒေါသလည်း ထွက်နေကြပါတယ်။
မဟာရေပေါ်နန်းတော်ကလန်ရဲ့ ကျင့်ကြံသူဟာ နှာခေါင်းရှုံံ့လိုက်ပြီး ပြောဆိုလိုက်ပါတယ်။
” ဘာဖြစ်လို့ သည်လောက်ဟန်တောင်နေကြတာလဲ..။ ငါတို့ မဟာရေပေါ်နန်းတော်ကလန်က ရှန်းနီရဲ့ ခြောက်သွေ့နေတဲ့ အရိုးကို ရယူချင်တယ်..။ အဲ့ဒီအတွက်လည်း သည်ရွာက အမြဲတမ်းဝှက်ထားလို့ ရမှာမဟူတ်ဘူး…။”
” အာ … အမှန်ပဲ..။ ရှန်းနီရဲ့ အရိုးကို ရွာလေးတရွာက ဘယ်မှာလာ ကာကွယ်ထားနိုင်မလဲ..။ ငါတို့က သာသာကြည်ကြည် ထွက်သွားရင်တောင် သည်ရွာက သုတ်သင်ရှင်းလင်းခံရတာလည်း ဖြစ်သွားနိုင်တယ်..။ ငါတို့က ဒီအခြေအနေမျိးကို ကာကွယ်ဖို့ ဆွေးနွေးသင့်တယ်..။”
” မှန်လိုက်လေခြင်း..။ ဒါက ဖြစ်သင့်တာပေါ့..။ အဲ့ဒါအပြင်ကို သားရဲငှက်ပေါက်သုံးကောင်ကလည်း ရွာသေးသေးလေးမှာ မထားသင့်ဘူး..။ သူတို့ကိုလည်း လွဲပြောင်းပေးလိုက်သင့်တယ်…။”
…
ကျင့်ကြံသူတော်တော်များများကလည်း ဆွေးနွေးဝိုင်းထဲကို ၀င်လာကြပါတယ်။ သူတို့တွေဟာ ကျောက်ခေတ်ရွာသားတွေရဲ့ စိတ်ဆန္ဒတွေကို လျစ်လျူ ရှုထားပြီး ဘာတစ်ခွန်းမှ ခွင့်ပြုချက်မရယူကြပါဘူး။ အရာအားလုံးကို သူတို့ ကျင့်ကြံသူတွေပဲ ထိန်းချုပ်ထားသယောင်ယောင် လုပ်ကြံပြောဆို ကိုင်တွယ်လို့နေပါတယ်။
ကျောက်ခေတ်ကျေးရွာက လူတွေကတော့ ကျင့်ကြံသူဆွေးနွေးဝိုင်းကြောင့် ဒေါသထွက်လာကြပါတယ်။ ဒါဟာ အရမ်းကို အလွန်အကျွံဖြစ်နေပါပြီ။ သူတို့တွေဟာ အားနည်းကြတယ်။ ဒီ့အတွက် သူတို့ကို ထည့်တွက်စရာမလိုဘူးဆိုတဲ့ သောက်ချိုးဟာ ချိုးနေကြတာလား။ ကျင့်ကြံသူတွေဟာ သူတို့ကို နှုတ်တခွန်း စာတကြောင်းလေးတောင်မှ ဖွင့်ဟမေးမြန်းခြင်း မရှိပါဘူး။ ဒါက တကယ့်ကို မထီမဲ့မြင်နိုင်ပြီး စော်ကားလွန်းအားကြီးတာပါပဲ။
” ဦးလေးကြီးတွေ..။ ရှန်းနီရဲ့ အဖိုးတန်အရိုးဆိုတာ ကျွန်တော်တို့ ပိုင်ပါတယ်..။ ကျွန်တော်တို့ရဲ့ သွေးနဲ့ချွေးနဲ့ ရင်းပြီးရထားတာကြောင့် ဘယ်သူ့ကိုမှ ပေးမှာမဟုတ်ပါဘူး..။ နောက်ပြီး အားဖုန်၊ ရှောင်းရောင် နဲ့ ဇီယန်တို့ဆိုတာကလည်း ကျွန်တော့်သူငယ်ချင်းတွေ ဖြစ်နေကြပြီ..။”
ရှီဟောင်ရဲ့ မျက်လုံးတွေက ကြည်လင်တောက်ပနေသလို သူ့စကားသံကလည်း ရှင်းရှင်းလင်းလင်းရှိလှပါတယ်။
ရှီဟောင်ဟာ သားရဲငှက်ပေါက်သုံးကောင်ပေါ်ကို သူ့ရဲ့လက်တွေတင်လိုက်ပါတယ်။ ပြီးတော့ သူတို့ကြားက ရင်းနှီးခင်မင်မှုကို ပြသတဲ့အနေနဲ့ ခေါင်းလေးတွေကို ပွတ်သပ်လိုက်ပါပြီ။
” မင်းသူတို့တွေ အသတ်ခံရတာ မမြင်ချင်ဘူးဆိုရင် ငါတို့ လက်ထဲကို အပ်လိုက်သင့်တယ်..။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပေါက်သုံးကောင်ပဲ ဖြစ်ဖြစ် ရှန်းနီရဲ့အဖိုးတန်အရိုးပဲ ဖြစ်ဖြစ် မင်းတို့ဆီမှာ ရှိနေအပ်တဲ့ အရာတွေမဟုတ်ဘူး..။”
ကလန်ကြီးတစ်ခုက ကျင့်ကြံသူတစ်ယောက်က ပြောလိုက်ပါတယ်။
” မင်းတော့လား..။ ခဏလောက်ကြာပြီးရင် ကျောက်ခေတ်ရွာဆိုတာ ရှိဦးမယ်ထင်နေတယ်ပေါ့..။ အာ့သည်အရာတွေက ပိုင်ရှင်တွေ ရှိနေပြီကွ..။”
တဖြည်းဖြည်းသက်သာလာတဲ့ သွေးအလူးလူးနဲ့ ဖုန်ကွန်ပေါင်ဟာ ဒေါသတကြီးပြောဆိုလိုက်ပါတယ်။
” မင်း … ဒီလောက်ဖြစ်နေတာတောင် ပြောရဲတယ်နော်..။”
ကောင်လေးတစ်ယောက်က ၀င်ရောင်ပြောဆိူလိုက်ပါတယ်။ သူဟာ ကျောက်ခေတ်ရွာသားတွေကြားထဲမှာ ရှိနေတာကြောင့် သူ့မျက်စိအောက်က အခြေအနေတွေကို ကောင်းကောင်းနားလည်ပါတယ်။
ဖုန်ကွန်ရှန်ပေါင်ရဲ့ ကိုယ်ထဲကနေ ဆိုးရွားတဲ့အော်ရာတွေ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။
( PS . ရှန် နဲ့ ပေါင် ဆိုပြီး တစ်လုံးချည်းရေးလိုက်မိတယ်။ အမှန်က ဖုန်ကွမ်ရှန်ပေါင် ပါ။ လူတစ်ယောက်တည်းပါပဲ။ )
ဖုန်ကွမ်ရှန်ပေါင်ဟာ လေထဲက မိုးနဂါးသားရဲကြီးပေါ်မှာ သူ့ရဲ့ဦးလေးဆီကို လှမ်းကြည့်လိုက်ပါတယ်။
” ဦးလေးချောင်..။ နှုတ်ခမ်းထောင့်မှာ နို့ပေနေတဲ့ ကလေးတွေက အရမ်းတွေကို ရိုင်းလွန်းနေတယ်..။ အဆိုးဆုံးက ဟိုကောင်ပဲ …။ သူ့ရဲ့ ခေါင်းကို ဖြတ်ပြီး အသက်ရှူ ရပ်အောင် လုပ်ပေးပါ..။ ပြီးရင် ကျွန်တော့်ဆီကို ယူလာပေး..။”
” ဂူး …။ ”
မသံမကွဲဟိန်းဟောက်သံကြီးတစ်ချက် ပေါ်ထွက်လာပါတယ်။ ကျောက်ခေတ်ရွာက ကလေးတွေဟာ သူတို့ခေါင်းထက်က အစစ်အမှန် မိုးနဂါးသားရဲကြီးကို ငေးမောကြည့်လိုက်ပါတယ်။ မိုးနဂါးသားရဲကြီးရဲ့ အကြည့်တွေက ကြောက်မက်ဖွယ်ရာကောင်းနေပြီး လေထုထဲမှာလည်း သတ်ဖြတ်လိုစိတ်အော်ရာတွေ ပြည့်နေပါတယ်။
” ခင်ဗျားတို့တွေ ကျုပ်တို့ကို အနိုင်ကျင့်လွန်းနေပြီ..။”
ရှီဂီဇောင်က ဒေါသတကြီးအော်ဟစ်လိုက်ပါတယ်။
” ဘာဖြစ်လို့ ငါတို့က အနိုင်မကျင့်ပဲ နေရမလဲ..။ မင်း အဲ့ဒီလို ထပ်ပြောရဲရင် ငါတို့အခုချက်ချင်းပဲ မင်းတို့ရွာကို ဖျက်ဆီးပစ်မယ်..။”
ဖုန်ကွမ်ရှန်ပေါင်ဟာ ရှီဟောင်ရဲ့ မျက်နှာကို အေးစိမ့်နေတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး မိုးနဂါးသားရဲကြီးပေါ်ခုန်တက်လိုက်ပါတယ်။
မဟာရေပေါ်နန်းတော်ကလန်ရဲ့ သက်လတ်ပိုင်းလူကြီးဟာ ဖုန်ကွမ်ချောင်ကို လှမ်းပြောလိုက်ပါတယ်။
” ရှန်းနီရဲ့ အဖိုးတန်အရိုးနဲ့ ငှက်ပေါက်သုံးကောင်က ကျုပ်တို့လက်ထဲမှာပါ…။ဒီလိုမှမဟုတ်ရင်တော့ ဒီရွာလည်းရှိတော့မှာ မဟုတ်ဘူး…။”
သည်ဟာက တောင်ပေါ်ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အစဉ်အလာအရ ရိုးရှင်းတဲ့ ဓလေ့ထုံးစံတွေပဲ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ရွာလေးတွေက သွေးနဲ့ ပတ်သက်တဲ့ သေခြင်းရှင်ခြင်းတွေနဲ့တော့ မကင်းဘူးပေါ့လေ။ ရှီလင်းဟူနဲ့ တခြားရွာသားတွေရဲ့ ဒေါသတွေဟာ ချုပ်တီးနိုင်စွမ်း မရှိကြတော့ပါဘူး။
” ခေါင်ကမှ မလုံရင် တံစက်မြိတ်လည်း ကျိုးကျမှာပဲ..။ ငါတို့အတွက် အမှန်တကယ်ကို သွေးနဲ့ရင်းရမဲ့ တိုက်ပွဲက တာဆူနေပြီ..။ ငါတို့ နောက်ဆုံးသွေးတစက်ကျန်သည် အထိ တိုက်ကြတာပေါ့..။”
သူတို့တွေဟာ သူတို့ပိုင် ရှန်းနီရဲ့အဖိုးတန်အရိုးကို ကျင့်ကြံသူတွေဆီကို လွဲပြောင်းပေးလိူက်ရင်တောင် ဘာပဲဖြစ်ဖြစ် သူတို့တွေ အကုန်နှုတ်ပိတ်ခံရမယ်ဆိုတာ သိနေပါတယ်။ ပြီးတော့ ကျင့်ကြံသူတွေရဲ့ ပါရမီရှင်တွေဟာ သည်နေရာမှာ အရှက်ခွဲခံထားကြရတာလေ။ ဒါ့ကြောင့် ဘယ်သူကိုမှ အလွတ်ပေးမှာ မဟူတ်တော့ပါဘူး။
” မင်းတို့ ရွာသားတွေ တကယ်ပဲ အသတ်ခံချင်နေပြီလား…။”
မဟာရေပေါ်နန်းတော်ကလန်ရဲ့ ကျင့်ကြံသူဖုန်ကွမ်ချောင်က အေးစက်စက်ပြောလိုက်ပါတယ်။
” ဦးလေးချောင်..။ ချက်ချင်းလုပ်တော့..။ ကျွန်တော့်အတွက် ဟိုကောင့်ကို သတ်ပေး…။”
ဖုန်ကွမ်ရှန်ပေါင်ဟာ ရှီဟောင်ကို လက်ညိုးထိုးပြလိုက်ပါတယ်။
” မိုးမခ နတ်ဘုရား, ခင်ဗျား ကျွန်တော်တို့ ပြောတာကို ကြားနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်…။ ကျွန်တော်တို့ကို အကာအကွယ်ပေးနိုင်တယ်ဆိုတာလည်း ကျွန်တော်သိတယ်..။ အဲ့ဒါကြောင့် ကျွန်တော်တို့ကို ကျေးဇူးပြုပြီး စောင့်ရှောက်ပေးစေချင်ပါတယ်..။”
ရှီဟောင်ဟာ တည်ငြိမ်စွာပြောဆိုလိုက်ပါတယ်။
” မင်းက နတ်ဘုရားဝိညာဉ် အမှန်အကန်ရှိသလို ဟန်ဆောင်ချင်တယ်ပေါ့..။ ဦးလေးချောင်…။ ဒီကောင်တွေက အကုန်သာ သတ်ပစ်..။ ပြီးရင် သူတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်မိုးမခပင်ကို ဖြတ်ပြီး ကျွန်တော့်ဆီ ယူလာပေး..။”
ဖုန်ကွန်ရှန်ပေါင်ဟာ အထိန်းအကွပ်မဲ့ အော်ဟစ်လို့နေပါတယ်။
ဖုန်ကွမ်ချောင်ဟာ အေးစက်တဲ့ မျက်လုံးတွေနဲ့ အားလုံးကို ဝေ့ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။
” ဟူး … ။ ”
အစစ်အမှန် မိုးနဂါးသားရဲကြီးဟာ စတင်ပြီး ရွေ့လျားလိုက်ပါတယ်။ သူ့ရဲ့ ကြီးမားပြီးကြမ်တမ်းတဲ့ ကိုယ်လုံးကြီးဟာ ကျောက်ခေတ်ကျေးရွာထဲကို ဆင်းသက်လာပါတယိ။
” အဘိုးအကြီးအကဲ..။ သူတို့ကို မြန်မြန်တားပေးပါ…။”
မိန်းမလှလေးနှစ်ယောက်ဟာ ကျောက်ခေတ်ရွာဘက်ကနေ ကာကွယ်ပေးဖို့ သူမတို့ရဲ့ အဘိုးကို တောင်းပန်လိုက်ကြပါတယ်။
” အလျင်မလိုကြနဲ့ဦး..။”
ကောင်းကင်ဘုံတိမ်တိုက်နန်းတော်အကြီးအကဲဟာ သာသာယာယာပြောဆိုလိုက်ပါတယ်။ အခုချိန်မှာ ဟာ အတော်လေးကို စိတ်လှုပ်ရှားနေပေမယ့် တည်ငြိမ်အောင် ထိန်းထားနိုင်ပါသေးတယ်။
” ရှစ်…။!”
ရုတ်တရက် တောက်ပတဲ့ အလင်းတန်းဟာ တဟုန်ထိုးပေါ်ထွက်လာပါတယ်။ ဒါက မီးလောင်ခံထားရသလို ထင်ရတဲ့ အစိမ်းရောင်မိုးမခပင်ကြီးဆီကနေ ဖြစ်ပေါ်လာခဲ့တာလေ။ ပြီးတော့ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းတန်းတွေဟာ မိုးကောင်ကင်ပြာကို ထိုးဖောက်သွားမတတ် ပေါ်ထွက်လာခဲ့ပါပြီ။
မိုးနဂါးသားရဲကြီးဟာ သူ့ရဲ့ ပါးစပ်ကြီးကို ကျယ်နိုင်သမျှ ကျယ်အောင် ဖွင့်လိုက်ပါတယ်။ သူဟာ ကျောက်ခေတ်ရွာသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားလိုက်ခြင်းပါပဲ။ သုိ့ပေမယ့် ရုတ်တရက် သူ့ရဲ့ မျက်လုံးတွေဟာ ပြူ းကျယ်လာပြီး ကြောက်စရာကောင်းတဲ့ စူးစူးဝါးဝါးအော်ဟစ်သံကြီးပါ ပေါ်ထွက်လာပါတယ်။
” ဂီး … ။ ”
သိပ့်မကြာခင်မှာပဲ သူ့ရဲ့ အော်ဟစ်သံကြီးဟာ ချက်ချင်းကို အသံတိတ်သွားခဲ့ကြသည်။ သူ့ရဲ့ ခန္ဓာကိုယ်ကို မိုးမခသစ်ပင်အိုကြီးဆီကနေ လာတဲ့ အစိမ်းရောင်အလင်းတန်းတွေကို ထုတ်ချင်းခပ်ထိုးဖောက်သွားခဲ့ပါပြီ။
***