သုခကမ္ဘာက ရှီဟောင် - Chapter - 588 မမျှော်လင့်ထားသော
ယွန်စီ ၏ နားတွေသည် ရုတ်တရက် နာကျင်မှု အား ခံစားလိုက်ရသဖြင့် သူမ ကြောင်သွားခဲ့သည်။ မည်သည့် အဖြစ်အပျက် တို့ ဖြစ်ပျက် သွားကြောင်းသူမ သတိထားလိုက်မိသည့် အချိန်တွင် ချက်ချင်း ပင်နောက်ဆုတ် လိုက်တော့သည်။ သူမ၏ မျက်နှာ သည် နီရဲ သွားတော့၏။ သူမ မနေနိုင်ဘဲ အော်လိုက်မိသေးသည်။ အတိတ်တွင် ဖြစ်ပျက်ခဲ့ဖူးသည့် အဖြစ်အပျက် အတိုင်း တစ်ဖန် ဖြစ်လာသည်။ ကွာခြားချက် မှာ ဒီတစ်ကြိမ် တွင် မြေပြင်တွင် အလှဲမခံရခြင်း ဖြစ်သည်။ သို့ရာတွင် သူမအား အနိုင်ကျင့် နှိပ်စက် သည်ဟု ခံစားရကာ ဒေါသထွက်လာခဲ့သည်။ အခြားသူတွေကို ထို မြင်ကွင်းအား မြင်လိုက်ကြကာ သူတို့၏ နားတွေ အား ပိတ်လိုက်မိသည်။ အကြောင်းမှာ သူမ၏ စူးရှ သော အော်သံ ကြောင့်ဖြစ်သည်။
“နတ်ဆိုးကောင်…နင်..”
ယွန်စီ အလွန်အမင်း ဒေါသထွက် သွားသည်။ ရှီဟောင် ၏ စွမ်းအား သည် ထိုမျှ မြင့်မားလာသည်ဟု သူမ မထင်ထားခဲ့ပေ။ ရှီဟောင်စွမ်းအား ကြီးလာသည် မှာ သူမအား ကပ်ဘေး ဖြစ်စေနိုင်၏။ ယခုအဖြစ်သည် လူတိုင်း၏ ရှေ့တွင်ပင် ဖြစ်ပျက် သွားခြင်း ဖြစ်သည်။
ယွန်စီ ၏ တဖျက်ဖျက်လင်းလက်နေသည့် အဖြူရောင် မျက်နှာလေးက နီရဲနေခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးက ပန်းရောင် လွှမ်းလာသည်။ သူမသည် မထိန်းနိုင်ဘဲ တုန်ယင် နေခဲ့ရသည်။ စော်ကားလိုက်သည် ဟူသည့် ခံစားချက် ဟာ သူမအား အရှက်ရစေသည်။
မည်သည့် အတွက်ကြောင့် ထိုသို့ ဖြစ်လာမှန်း သူမ မသိပေ။ အဖြစ်အပျက် သည် ရုတ်တရက် ဆန်လွန်း လှသည်။
ထိုမြင်ကွင်း ကြောင့် လူတိုင်း မှင်သက်ရသည်မှာ အမှန်ဖြစ်သည်။
” ကောင်းပြီ အတူလုပ်ရအောင် …၊
သူ့ကို ငါတို့ ရွာပြန် ခေါ်သွားရအောင် “
ငှက်နီ ကြီးက ဝင်ပြောသည်။ သူ၏ ပုံစံ သည် လူရမ်းကား တစ်ယောက် နဲ့ပင် တူနေသေးသည်။ ထိုနေရာတွင် စုဝေးနေကြသည့် ကျင့်ကြံသူ တွေ၏ မျက်နှာက ထူးဆန်းသယောင် ဖြစ်နေသည်။ ထိုနတ်ဆိုးငှက်သည် အမှန်ပင် စကားရိုင်းတို့အား ပြောရဲပေသည်။
ရွှေတောင်ပံ ဖန်းငှက် အံကြိတ်နေကြောင်း မမြင်ဟုပင် သူတို့ ထင်လိုက်မိကြ၏။ သူ၏ ပိုင်ရှင် ဆိုလျှင် လည်း လူအများရှေ့တွင်ပင် အလွယ်တကူ လုပ်ရဲ ကိုင်ရဲသည်။ ထာဝရတောင် မှ လူတွေ ကိုပင် ဟင်းသီးဟင်းရွက် သဖွယ် သတ်ဖြတ်ခဲ့သော ရှီဟောင် အား သူတို့တွေ အထင် မသေးရဲကြ ပေ။ ပါးတွေ နီရဲနေသည့် ယွန်စီသည် ငှက်နီကြီးကို ကြည့်သည်။ အနည်းငယ် အော်ဟစ်ပြီးနောက် ရှီဟောင် ကို ပြန်ကြည့်လိုက်ကာ လက်သီးနဲ့ ထိုးလိုက်သည်။ ဒီအချိန်တွင် မည်သည့်အရာတွေကို မလုပ်သင့်ကြောင်း သူမ မသိတော့ပေ။ တစ်ဖက်တွင် ရှိသည့် ရှေးဟောင်းနတ်တောင် မှ လူငယ်များ၏ အမူအရာသည် မှင်သက်နေကြသည်။ သူတို့၏ နတ်ဘုရားမ ကျောက်တုံးကလန်က ညီငယ်လေး ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ သူတို့ အလွန်အမင်းဒေါသထွက် နေကြ၏။
“ဘာကိစ္စ ဒီလို ဖြစ်လာရတာလဲ”
လူငယ်က ခပ်တိုးတိုး ရေရွတ်၏။ သူမြင်ရသည့်အရာအား လက်ခံနိုင်ရန် ခက်ခဲနေ၏။
ဦးချိုပါနဂါး ပိဖန်း နဲ့ အခြား သတ္တဝါ တွေ အားလုံး ဟာလည်း သူတို့၏ ကောင်းကင်မျိုးစိတ်မှ အမျိုးသမီး လေးသည် အလွန် သန့်စင်ကာ မွန်မြတ် သည်ဟု ထင်ထားကြသော်လည်း အခုလို ဖြစ်ပျက်ခဲ့ရ၏။ ရှေးဟောင်းနတ်တောင်မှ လူငယ်မျိုးဆက်တွေ ကြားတွင် သူမသည် အလွန်မြင့်မား သည့် အဆင့်အတန်း အားပိုင်ဆိုင်ထားသည်။ သူမသည် သက်ရှိ ထင်ရှား ရှိသည့် နတ်ဘုရားမ ဟု အားလုံးက ထင်ထားကြသည်။
“ဒါက ရှေးဟောင်း ဖန်းတောင် ကို ရန်စလိုက်တာပဲ”
ရွှေရောင်ဆံပင် နဲ့ လူငယ်၏ အမူအရာ ဆိုးရွား သွားခဲ့သည်။ သူက ကျယ်လောင်စွာ အော်ဟစ်ကာ သူ၏ အကိုကြီးအား ကြည့်လိုက်သည်။
“ရှေးဟောင်း ဖန်းတောင် ကို ရန်စတယ် ဟုတ်လား…”
ရှီဟောင်က လှည့်ကြည့်လိုက်သည်။ ထိုလူငယ် သည် သူ့ထက် အသက် တစ်နှစ် ၊ နှစ် နှစ် လောက်သာ ကြီးလောက်သည်။ ရွှေရောင် တိုက်ခိုက်ခြင်း အရှိန်အဝါ တွေက ထိုလူငယ်ထံမှ ထွက်ပေါ်နေ၏။
“ယွန်စီ က ငါ့ရဲ့ မျိုးစိတ် ထဲကို ဝင်လာရတော့မှာ၊ မင်းက ဘာလို့ ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံ ရဲတာလဲ။? “
ရွှေအို ရောင် ဆံပင် နဲ့ လူငယ်၏ မျက်ဝန်း တွေသည် ထက်ရှ လာခဲ့သည်။ သူ၏ အသံသည် အေးစက် နေခဲ့ကာ မျက်လုံး တို့မှ ရွှေရောင် အလင်းတွေပင် လွှတ်ထုတ် လာခဲ့၏။ ဖန်းမျိုးစိတ် ၏ အရှိန်အဝါ ဟာ ထွက်ပေါ်လာသည့် အချိန်တွင် အလွန်ပြင်းထန် လှသော ဖိအား က ဥယျာဉ် ကြီးတစ်ခုလုံး အား တုန်ခါသွားစေ ၏။ သူသည် သူနဲ့ အဆင့် တူ တိုင်းတွင် ပြိုင်ဘက်ကင်း သည့် အံ့သြ စရာ ပါရမီရှင် ဖြစ်သည်။
“ဒါပေမယ့် ယွန်စီ ပြောတော့ မင်းတို့ နှစ်ယောက်နဲ့ ဘာမှ မပတ်သတ်ဘူးဆို “
ရှီဟောင်ကလည်း ပြန်မေးလိုက်သည်။
ယွန်စီ ၏ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသွင်ပြင်သည် ရှီဟောင် ထက် အရပ်ရှည်သလို ပိန်ပါးသည်။ သို့သော် ရှီဟောင်အား ခွန်းအားခြင်းယှဉ်လျှင် အနိုင်ယူနိုင်စွမ်း မရှိပါပေ။
“ကျင်းယွန် ရှောင်… ငါနဲ့ နင့်ရဲ့ ဖန်းတောင် က ဘာမှ မပတ်သတ်ဘူး..”
သူမက ထပ်ပြောသည်။ တစ်ချိန်တည်း တွင်ပင် သူမက ရှီဟောင်ကို လည်း မုန်းတီးစွာ ကြည့်သည်။
“မင်း….”
ရွှေရောင် ဆံပင် နဲ့ လူငယ် ကျင်းယွန်ရှောင် ၏ မျက်နှာ သည် အရုပ်ဆိုးသွားသည်။ အခြား လူများ၏ အရှေ့တွင် ထိုသို့ အငြင်းခံလိုက်ရခြင်း သည် သူ၏ မျက်နှာအား ဖြတ်ရိုက်လိုက် ခြင်း ဖြစ်သည်။
သူသည် ဖန်းတောင် မှ လာခဲ့ကာ စွမ်းအားကြီး ပြီး မြင့်မြတ်သည့် မျိုးစိတ် မှ ဖြစ်သည်။ သူသည် လောကတွင် တွေ့ရခဲသည့် တစ်ယောက် ဖြစ်၏။ ကျောက်တုံးညီငယ်လေး ၏ ရှေ့တွင် သူက ထိုသို့ အထင်သေး ခြင်းခံရသည်။ သူ အလွန် ဝမ်းနည်းရချေပြီ။
“ဟေး…ငါပြောသားပဲ၊ သူမက ပြောနေပြီ…၊သူက မင်းတို့ နဲ့ ဘာမှ မပတ်သတ် ဘူးတဲ့ ၊ ဒါမှမဟုတ် မင်းတို့ မကြားကြတာလား ဟမ်….”
ငှက်နီကြီးက လည်း ဝင်ပြောဖို့ မမေ့ပေ။
ကျင်းယွန်ရှောင် ၏ အမူအရာသည် တစ်ဖန် ဆိုးရွား သွားပြန်သည်။ သူသည် မည်သည့် စကားမှ မဆိုတော့ဘဲ ယွန်စီ နဲ့ ရှီဟောင် ကိုသာ ကြည့်နေသည်။ အကြောင်းမှာ ထိုနှစ်ယောက်၏ ပတ်သတ်မှုကို သူဝေခွဲ မရ ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ သူသာလျှင် မဟုတ်ပေ။ ရှေးဟောင်း နတ်တောင်မှ လူငယ်တိုင်း လည်း မှင်သက်နေကြသည်။ ပုံမှန် အားဖြင့် သူတို့ ထိကိုင်ရန်ပင် မဖြစ်နိုင်သည့် အလှမ်းမမှီ နိုင်သော နတ်ဘုရား မလေး ယွန်စီ သည် တစ်ဖက်သူနဲ့ ရင်းနှီး လွန်းနေခဲ့သည်။ တစ်ဖက်သူ၏ အမူအရာ ၊ လှုပ်ရှား မှုတွေနဲ့၊ သူတို့ကြား ဆက်ဆံရေးမှာ ထူးခြားနေကြောင်း ထင်ရပေသည်။
“ယွန်စီ ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ အခုလိုမျိုး ဖိအားပေးနေရတာလဲ၊ ဒီလို မဖြစ်သင့်ဘူးလေ။ “
တစ်စုံ တစ်ယောက်က ညင်သာစွာပြောလာသည်။ သူမက လက်ခံ နိုင်ပုံမရပေ။
ဒီတစ်လျောက်လုံးတွင် ယွန်စီ သည် ဖန်းတောင် မှ စွမ်းအား အကြီးဆုံး ပါရမီရှင် နဲ့ လက်ထပ် ရန် သူတို့တွေ ဆန္ဒ ရှိကြ၏။ ရှီဟောင်နဲ့တော့ မဟုတ်ပေချေ။ အနည်းဆုံး သူတို့သည် ရှီဟောင် နဲ့ မဟုတ်တာတော့ သေချာပေသည်။ ရှေးဟောင်းဖန်းတောင်၏ သူရဲကောင်း လူငယ်ပါရမီရှင် ကျင်းယွန်ထျန်း သည် ရှေးဟောင်းနတ်တောင် သို့ မကြာခဏ လာလည် နေခဲ့သေးသည်။ သူသည် သူတို့ နဲ့ ရင်းနှီး၏။ ထို့ကြောင့် သူမနဲ့ လိုက်ဖတ်သည်ဟု ထင်ကြသည်။ ထို့နောက် သူသည် ပျက်သုန်းခြင်းနယ်မြေ မှ ထွက်ခွာသွားကာ အတွေ့အကြုံ တွေ ရှာဖွေကာ စွမ်းအားကြီးလာခဲ့သည်။ ထို့ ကြောင့် သူ့အပေါ် မြင်သည့် သူတိူ့ အမြင် တွေဟာလည်း တစ်ဖန် မြင့်မားသွားကာ သူတို့၏ နတ်ဘုရား မလေး နဲ့ နီးစပ်လာပြီဟု ယုံကြည် ကြတော့သည်။
“ယွန်စီ ရိုင်းရိုင်းစိုင်းစိုင်း တွေ လျှောက်တွေး မနေပါနဲ့၊ အကိုကြီး ယွန်ထျန်းက ဘယ်လောက် အံ့သြ ဖို့ ကောင်းသလဲ ဆိုတာ အရင်ကြည့်ပါဦး”
မိန်းမငယ်လေး တစ်ယောက်က ပြောသည်။ သူမတွင် အစိမ်းရောင် ဆံပင် တွေရှိကာ အလွန် ကျက်သရေ ရှိလှပေသည်။ သူမသည် ယွန်စီ ၏ ဒေါသအား ဖြေဖျောက် ခြင်နေပုံရ၏။
ကျောက်တုံးညီ ငယ် ဟာ မှင်သက်သွားသည်။ အဆုံးတွင်တော့ သူသည် သူတို့နဲ့ တစ်လှမ်းစီ ဖြစ်နေခဲ့သည်။ အထူးသဖြင့် သူတို့သည် ရှိဟောင် အစွမ်းထက်ကြောင်း သိကြကာ ရှေးဟောင်းနတ်တောင် မှ အစွမ်းထက် ကျွမ်းကျင်ပညာရှင် တစ်ယောက်ကိုတောင် မှ သတ်ဖြတ်ခဲ့ကြောင်း သိသည်။ အထူးသဖြင့် သူက အစိမ်းရောင် လုအန်းကို တောင် စားပစ်ခဲ့သေး၏။
“ယွန်စီ ဘာတွေ ဖြစ်ကုန်တာလဲ။ ယွန်စီ ဒီလို ကြီးတော့ မငြင်းပါနဲ့ အကို ယွန်ထျန်း ကို ကြည့်….၊ ဘယ်လောက် အံ့သြ ဖို့ ကောင်းလိုက်လဲ”
နောက်ထပ် အမျိုးသမီး တစ်ယောက်က နှစ်သိမ့်ပေးသည်။
ရှေးဟောင်းနတ်တောင် မှ လူငယ်တွေ ကြားတွင် ယွန်စီ အပေါ် ထားသည့် အမြင်သည် နတ်ဘုရားတစ်ပါး သဖွယ်ဖြစ်လျှင် ထိုတောင်မှ အမျိုးသမီး တွေ၏ အမြင်သည် ထိုတောင်မှ ယွန်ထျန်း အပေါ်ထားသော အမြင်သည် နတ်ဘုရား တစ်ပါးသဖွယ် ဖြစ်သည်။
ယွန်စီ သည် စိတ်ငြိမ်သွားခဲ့ကာ အဖြစ်အပျက် တွေအား ပြန်တွေး လိုက်သည်။ တစ်ဖန် မျက်နှာ က နီရဲ သွား ရ၏။ သူမက အံကြိတ်ကာ ဒေါသတကြီး ဆိုပြန်သည်။
“ငါရွေးသင့်တာကို ငါသိတယ်၊.အခုလောလောဆယ် တော့ ငါဒီ အကြောင်းတွေ မပြောချင်ဘူး “
သူမ မည်သည့်စကား မှ ထပ်မဆို တော့ပေ။ ထိုအခိုက် လူတိုင်းသည်လည်း သူမ အမှန်တကယ် ငြင်းဆန်ချင်ကြောင်းသိလိုက် ရသည်။ ထို့ အပြင် သူမသည် ရှီဟောင် ကိုတောင်မှ အကာအကွယ် ပြုလိုက်၏။ သို့ရာတွင် အဆုံးတွင်တော့ ရှီဟောင် က အလကား အသုံးချ မခံချင်ခဲ့ချေ။
ရှေးဟောင်းနတ်တောင် မှ အမျိုးသားတွေ သည်လည်း စိတ်ရှုပ်ထွေးမှု တွေ ရှင်းလင်းသွားကြသည်။ သို့သော် သူတို့ သက်ပြင်းချ မိကြ၏။ နတ်ဘုရားမ ယွန်စီ၏ ရွေးချယ်မှု သည် သူတို့အတွက်တော့ အကောင်းဆုံး ဖြစ်ခဲ့သေးသည်။
သူတို့က ရှီဟောင်ကို ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးထဲ တွင်ကြောက်မက်ဖွယ် အလင်းတွေ ရှိမနေတော့ချေ။ ရှီဟောင်သည် အကာအရံအဖြစ်သာ အသုံးချခံရခြင်း ဖြစ်သဖြင့် အမှန်တစ်ကယ် အဖြစ် မယူဆရတော့ချေ။
ရွှေရောင်ဆံပင်နဲ့ လူငယ် ကျင်းယွန်ရှောင် ၏ မျက်နှာသည်လည် ဆိုးရွားသွား တော့သည်။ သူက အေးစိမ့်စွာ နဲ့ ရှီဟောင်အား အထင်တသေးကြည့်ကာ နှာခေါင်း ရှုံ့သည်။ သူအလွန်အမင်း စိတ်ပျက်နေခဲ့၏။ သူ၏ အဖြစ်အပျက်သည် ဖန်းမျိုးစိတ် ၏ဂုဏ်သရေအား ထိခိုက်စေသည်။
“ကျောက်တုံးညီငယ်က အငယ်ကောင် မင်းက အံဩဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် ငါ့ကိုမှီဖို့ အဝေးကြီး လိုသေးတယ်။ “
သူကအေးစက်စွာ ပြောသည်။
” ကျောက်ညီငယ် တွေ ဘာတွေ ဆိုတာ က မင်းအလွယ်တကူ ခေါ်လို့ ရတဲ့ နာမည်လို့ ထင်နေလို့လား။ “
ဌက်နီကြီးကလည်း ဝင်ပြောသည်။ လက်ရှိတွင် ကျောက်တုံးညီအစ်ကို နှစ်ယောက်ဆိုသည့် စကားသည် နားစူးစေသည်။ အကို မရှိသည့် ညီငယ်ဟု ထပ်ခေါ်မနေ သင့် တော့ချေ။ ထို့အပြင် ရှီဟောင်၏ အဆင့်အတန်းသည် မြင့်မားနေ ပြီဖြစ် ကာ ယခင်မျိုးဆက်မှ ကျွမ်းကျင်ပညာရှင်တွေ နဲ့ပင် သူစကားပြောနိုင်စွမ်း ရှိသူ ဖြစ်သည်။ ထို့ကြောင့် သူ့အား ထိုသို့ ခေါ်ရန် မသင့်တော် ပါချေ။
ကျင်းယွန်ရှောင် သည် ဂုဏ်ယူသည့် အမူအရာနှင့်သာ ရှိနေခဲ့သည်။ သူက ရှေ့ကိုသာ ကြည့်ကာ ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားတို့အား လွှတ်ထုတ်ကာ ဌက်နီကြီး အားဖိအားပေး တော့သည်။ ရှင်းလင်းစွာပင် သူသည် ရှီဟောင်ကို မနနိုင် လျှင်တောင်မှ သတ်ဖြတ်ခြင်း အရှိန်အဝါ ကတော့ပြည့်နေခဲ့ကာ ဌက်နီကြီး ကိုတော့ဖြင့်သတ် ချင်နေသည်။
လူတိုင်းသည်လည်း ထိုပြင်းထန်သည့် ဖိအားအား ခံစားလိုက်ရသည်။ သူတို့တွေသည် တုန်ယင်သွားကြရ၏။ ထိုလူငယ်သည် ဖန်းငှက် မှ ကြောက်မက်ဖွယ်ကောင်း လှသည့် စွမ်းအားကြီး ဖြစ်သည်ဟု တစ်ခုဖြစ်နေခဲ့သည်။
သူ၏ အသက်အရွယ်အား မေ့ထား လိုက်ပါလျှင် သူသည် ဘုရင်အိုကြီးတွေ ကိုတောင်မှ လှုပ်ခါစွမ်းရှိသည်။ သူသာ ကြီးပြင်း လာလျှင် အလွန်အမင်း အစွမ်းထက်သည့် ကျွမ်းကျင်ပညာရှင် ဖြစ်လာမည်ကာ သံသယ ဖြစ်စရာပင် မလိုတော့ချေ။
ဌက်နီကြီးသည်လည်း အသက်ရှုရန်ပင် ခက်ခဲလာတော့သည်။ သူ့၏ လက်ရှိခွန်အားသည် တိုးများ လာပြီ ဖြစ်ကာ သန့်စင်သောသွေး မျိုးစပ် သတ္တဝါတွေနဲ့ ယှဉ်နိုင်စွမ်းရှိလာ ခဲ့သည်။ သို့သော် ထိုသူ့ကိုပင် မယှဉ် နိုင် သေးချေ။ ခေါင်းကိုးလုံးခြင်္သေ့သည်လည်း တုန်လှုပ် သွားကြ၏။
ရှီဟောင်က နှာခေါင်း ရှုံ့သည်။ တစ်ဖက်သူသည် သူ့ရှေ့တွင်တောင်မှ ထိုသို့ လှုပ်ရှား ရဲသည်။ ထိုသည်က ရန်စခြင်း ဖြစ်ပေ၏။ သူ ဒီအတိုင်း လျစ်လျူရှု ရန်မသင့်ပေ။ သူ၏ ခန္ဓာကိုယ်သည် မလှုပ်ရှား သော်လည်း နှာခေါင်း ရှုံ့ လိုက်သည့် ဖြစ်စဉ်မှ လျို့ဝှက် ဆန်းကြယ်သည့် နတ်အသံ တစ်ချက် ထွက်လာခဲ့သည်။ ထို့နောက် ကြီးမားလှသည် တူကြီးတစ်လက် ဖြစ်တည်လာခဲ့ကာ တစ်ဟုန်းဟုန်း မည်သံ နဲ့အတူ ရှေ့ရှိ အာကာသ ပြင်ကို လှုပ်ခါ သွားစေလေ တော့သည်။
ကျင်းယွန်ရှောင် က ညည်းညူ လိုက်တော့၏။ သူ့ရဲ့ မျက်နှာသည် ဖြူဖျော့ သွားတော့သည်။ သူက ထိုကျောက်တုံး ညီငယ်အား မယုံနိုင်သလို ကြည့်လိုက်တော့၏။ သူတို့ကြားရှိ အကွာအဝေးသည် အလွန်ကျယ်ပြော လွန်းနေသည်။ တစ်ဖက်သူသည်သာ လျှင် ကောင်းကင်အား လွှမ်းခြုံ နိုင်စွမ်း ရှိသည့် ပါရမီရှင် ဖြစ်ကာ သူ မယှဉ် နိုင်ချေ။
ဒီတစ်ချိန်တွင် ကျင်းယွန်ရှောင် ၏ အစ်ကိုဟာလည်း လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ် သည်ရွှေရောင် အလင်းတွေနဲ့ ဝန်းရံလာခဲ့ကာ နေမင်း တစ်စင်းအလား ဖြစ်လာခဲ့ပြီး မြင့်မြတ်သည့် အရှိန်အဝါ တို့ကို လွှတ်ထုတ်လာသည်။
သူ၏ ကိုယ်သည် အရပ်ရှည်ကာ တောင့်တင်း သန်မာသည်။သူ၏ သူရဲကောင်း ဆန်သည့် ပုံပန်းသွင်ပြင်သည် အလွန် ထူးချွန် လွန်းဟန်ရ၏။ သူဟာ ရှေ့တက်လိုက်သည့် အခါ ရွှေရောင် အလင်းတွေဟာ လေထဲ သို့ လွှင့်ထုတ်သွားသည်။ သူသည် သူ၏ ညီငယ်အား ကာကွယ် ထားလိုက်ကာ ဖြူဖျော့နေသည့် မျက်နှာအား သွေးရောင် ပြန်လွှမ်းလာစေသည်။ ထိုညီငယ်၏ နှလုံးသားသည် လေးလံနေခြင်းမရှိ တော့ပေ။
ကျင်းယွန်ထျန်း သည် ဒေါသမထွက်ချေ။ သူ၏ အသံသည် ငြင်သာဆဲ ဖြစ်ကာပြောလိုက် သည်။
“ယွန်ရှောင်.. မင်း ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဘူးလေ။ ဒီညီငယ်က ငါတို့မျိုးဆက်မှာ ကောင်းကင်ကိုတောင် လွှမ်းခြုံ နိုင်တဲ့ ပါရီလရှင်ကွ မင်းသူ့ကို ရန်စလို့ ဘယ်ဖြစ်ပါ့ မလဲ။ အနာဂတ်ကြရင် သူကို ရန်စနိုင်တဲ့ သူတွေ ရှိတော့မှာ မဟုတ်ဘူး။ “
ထိုစကားတွေသည် လူတိုင်း၏ မျှော်မှန်းချက်အား ကျော်လွန်နေခဲ့ပြီ။ မဟာပွဲကြီး ဖြစ်လာပြီဟု သူတို့တွေးချင်ကြသော်လည်း ဖန်းဌက်မှ ပါရမီရှင်သည် ဒေါသ ထွက်ဟန် မရချေ။ ထို့အစား ညီငယ်ဟု တောင် သုံးနှုန်း လိုက်သေး၏။
” အစ်ကိုကြီး…. “
ကျင်းယွန်ရှောင် သည် သဘောတူချင်ဟန် မရပေ။ သို့ရာတွင် ကျင်းယွန်ထျန်း က သူ့အား တစ်ချက်ကာ ကြည့်လိုက်ကာ ပါးစပ်အား ပိတ်သွားစေသည်။ သူသည် သူ၏ အစ်ကိုကြီးအား မရိုမသေ စကားမပြောရဲပါချေ။
“ဘာပဲ ဖြစ်ဖြစ် ယွန်စီ မှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတာပေါ့။ ဘယ်သူမှ ဝင်နှောင့်ယှက်ခွင့် မရှိဘူး။ “
ကျင်းယွန်ထျန်း က ပြောသည်။ သူသည် ထိုသို့ ဆိုကာ ထွက်ခွာသွားတော့၏။
လူတိုင်း မှင်သက်သွား ကြသည်။ သူသည် တစ်ဖန် သူတို့ မျှော်မှန်း ထားသည်နှင့် ကွားခြားနေ ခဲ့၏။ ကြည့်ရသည်မှာ ဖန်းမျိုးစိတ်မှ ပါရမီရှင် သည် အလွန်သဘောထား ကြီးဟန်ရ သည်။ ထိုဖြစ်ရပ်သည် ဌက်နီကြီးကို တောင်မှ ဆွံ့အစေသည်။ သူသည် တိုက်ပွဲ အထွဋ်အထိပ် သို့ ရောက်ရန်မနည်း ဆွဲခေါ်လာခဲ့ရ၏။ သို့ရာတွင်တော့ အခုလို ဖြစ်သွားရ၏။
“သူက ဘယ်လိုကြီးလဲ။”
ခေါင်းကိုးလုံး ခြင်္သေ့တောင်မှ မေးလိုက်မိသေး၏။
“သူက ဒီအတိုင်း စွမ်းအားကြီးပြီး အုတ်မြစ်ချခြင်း အဆင့်ကို ရောက်တာကြာနေတဲ့ သူတစ်ယာက်ပေါ့။ ဒါပေမဲ့ ဘုရင်အဆင့် ပုဂ္ဂိုလ်တွေထဲမှာတောင်မှ သူက အစွမ်းရှိတယ်။ ပြီးတော့ အငယ်ဆုံးလဲ ဖြစ်လောက်သေးတယ်။ “
ရှီဟောင်က ပြန်ဖြေသည်။ တစ်ဖက်သူသည် အလွန်အစွမ်းထက် လွန်းသည့် ဘုရင်အဆင့် ပုဂ္ဂိုလ် လူငယ်ဖြစ်ကာ ရှေးဟောင်းနတ်တောင်မှ သတ္တဝါ တွေအားလုံး ထက်တောင်မှ စွမ်းအားကြီးပေသည်။
ကျင်းယွန်ထျန်း သည် ၁၈နှစ် ၁၉နှစ်သာ ဖြစ်သော်လည်း အုတ်မြစ်ချခြင်း အဆင့်ကို ရောက်သည်မှာ ကြာရှည် နေခဲ့သဖြင့် သူ၏ အလားအလာအား သိနိုင်ပေသည်။ မည်သို့ပင် ဆိုစေကာ ရှီဟောင်ကလွဲပြီး မည်သူကမှ အသက်၁၅ ဝန်းကျင်တွင် အုတ်မြစ်ချခြင်း အဆင့်သို့ ရောက်ရှိခဲ့ ခြင်းမရှိခဲ့ပေ။ သို့သော် ကျင်းယွန်ထျန်း ကတော့ ထိုသို့ ရောက်ရှိခဲ့ပုံ ရသည်။
“မင်းဂရုစိုက် ရမယ်နော်။ အခြားဘုရင်အဆင့်တွင်တော့ အဆင်ပြေပေမယ့်၊ သူက ဖန်းမျိုးစိတ်က ဖြစ်တဲ့ အပြင် ရှေးဟောင်းနတ်တောင်က သတ္တဝါ တွေထဲကမှ သွေးအစစ်ဆုံး မျိုးနွယ်ဘဲ။ အရမ်းကြောက်ဖို့ ကောင်းတဲ့ မျိုးနွယ်ပေါ့။ “
မီးတောက်ကျီကန်းက သတိပေးသည်။ ရှီဟောင်ခေါင်းငြိမ့်လိုက်ကာ မည်သည့် စကားမှ မဆိုပေ။
ကပ်ဘေးတစ်ခုသည် ဖြစ်ပျက်လာမည် ဆိုလျှင် ရှောင်လွဲရန် မဖြစ်နိုင်တော့ချေ။
သို့ရာတွင် ယွန်စီ သည် မထွက်ခွာသေးဘဲ ဆက်နေခဲ့သေးသည်။ နောက်ဆုံးတွင်တော့ အားလုံး ပြန်သွားရပြန်၏။ ရှီဟောင်သည် ဂရုတစ်စိုက် နှင့်ဆေးပင်တွေက်ု ဆက်လက် လဲလှယ်သည်။ သူက ပစ္စည်း အနည်းငယ်ကို ရလိုက်ကာ သူလိုအပ်နေသည့် ဝိညာဉ်ဆေးပင် အမျိုးအစား ဆယ်မျိုးကျော်လောက် ရနိုင်တော့သည်။ သိပ်မကြာခင် အချိန်တွင်ပင် ဟောင်လင်းအာ ကလည်း အလောတကြီး ရောက်လာ တော့သည်။ ပွဲစီစဉ်သူ ဖြစ်သည့် သူမသည် ရှီဟောင်အား စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ခေါင်းကိုးလုံးခြင်္သေ့ နဲ့ အခြားသူတွေကိုလည်း ညစာစားပွဲအတွက် ဖိတ်ခေါ် ခဲ့၏။ သို့ရာတွင် ဟင်းလျာ ပေါ်လာသည့် အချိန်တွင်တော့ အားလုံး မင်သက်သွားရသည်။
“ဘာကြီးလဲ။ ဝက်နားရွက် တွေလား။ “
သက်တံ့လုအန်း သည်လည်း မှင်သက်သွားသည်။
အေးစက်နေသည့် ဟင်းလျာသည် ကျောက်စိမ်းစားပွဲပေါ်တွင် အသာအယာ ရှိနေခဲ့သည်။ အခြားအသား ဟင်းတွေနဲ့ ယှဉ်ရသော် အတော်လေး ကွဲ ပြားနေခဲ့၏။
“ဒါက နားရွက်ကို စားရတာ အရမ်းကြိုက်တဲ့ ကောင်အတွက်လေ။ ဒါက သူ့အတွက် အထူးပြင်ဆင် ပေးထားတာ။”
ဟောင်လင်းအာက ရွဲ့သည်။
လူတိုင်းရယ်လိုက် ကြရတော့၏။ ရှီဟောင် သည်လည်း ရှက်ရွံသွားရသည်။ ထိုကဲ့သို့ အကြောဂ်းအရာ ဆွဲထုတ်ခြင်းခံရ သည့်အခါ သူ့တွင် ပျော်စရာ မရှိတော့ချေ။ ယွန်စီ သည် ထွက်ခွာ မသွားတော့ဘဲ ထိုညစာစားပွဲသေို့ တက်ရောက်ရန် ဖိတ်ခေါ်ခံရကာ ထိုမြင်ကွင်းအား မြင်ပြီးဒေါသ ထွက်သွား ပြန်ရတော့သည်။
သူမက ရှီဟောင်အား မုန်းတီးစွားကြည့်သည်။ သူသည် ဟောင်လင်းအာ ကိုလည်း ကြည့်၏။ အတန်ကြာပြီးမှသာ စိတ်ပြန်ငြိမ်သွားတော့ သည်။ နောက်ဆုံးတွင် ရှီဟောင်က အားလုံး ကိုနှုတ်ဆက်သည်။ လေထုက သူထွက်သွားသည့် အချိန်တွင် အလွန်ရှက်ရွံဖွယ်နိုင်နေသေး၏။
“ညီငယ်ရှီက ဘယ်ကို သွားမှာလဲ။ “
မီးတောက်ကျီးကန်းက ဆိုစည်။
“ကျွန်တော်က ပျက်သုဉ်းခြင်းနယ်မြေကို လျှောက်ပတ် သွားဖို့ စီစဉ်နေတာပါ။ လှပတဲ့ တောင်တွေနဲ့ မြစ်တွေကိုကျွန်တော် ကြည့်ချင်လို့လေ။”
ရှီဟောင်က ပြန်ဖြေသည်။
“ကောင်းတယ်။ လောလောဆယ်တော့ ငါတို့ ဘာမှ အမှီအခိုတွေ မရှိဘဲ ကင်းရှင်းနေတာက အကောင်းဆုံးဘဲ ငါတို့လည်း မင်းနောက်လိုက် ခဲ့မယ်။ “
ခေါင်းကိုးလုံးခြင်္သေ့က ပြောသည်။ သူတို့သည်လည်း အရင်ကကဲ့သို့ အတူတူ ခရီးသွား ချင်ပေသည်။
“မင်းတို့အားလုံး ဂရုစိုက်ရမယ်နော်။ မင်း တို့တွေ တိုင်းပြည်က ထွက်သွားတာနဲ့ အခြားသူတွေ က လှုပ်ရှားဖို့ စောင့်နေမှာ သေချာတယ်။ “
ဟောင်လင်းအာက သတိပေးသည်။ သူမက သတင်းတွေ ရထားပုံရ၏။
“ပြသာနာမရှိဘူး။ “
ရှီဟောင်ကတော့ ကြောက်လန့်မနေခဲ့ချေ။
အဆုံးတွင် ဟောင်လင်းအာ သည် ဝံပုလွေလေးအား ဖက်ရင်း သူတို့အား လိုက်ပါ ပို့ဆောင် သည်။ ယွန်စီ သည်လည်း လိုက်လာခဲ့၏။ ထို့နောက် သူတို့နှင့်အတူ မီးနိုင်ငံရဲ့ တော်ဝင်မြို့တော်မှ ထွက်လာ ခဲ့တော့သည်။