သုခကမ္ဘာက ရှီဟောင် - Chapter - 592 ပျက်သုန်းခြင်းနယ်မြေ၏ပထမဆုံးသော ဝိညာဉ်သစ်မြစ်
ရှီဟောင်မှင်သက်သွားသည်။ ထိုသစ်ပင်သည် မည်သည့် အမျိုးအစားဖြစ်ကြောင်း တွေးတောကြည့်၏။ ထိုသစ်ပင်၏ ဖွဲ့စည်းပုံးသည် အလွန်ထူးဆန်းလှသည်။ လက်သီးဆုပ်အရွယ်ရှိသည့် ပုံရိပ်လေးသည် နောက်လှည့်ပြီးနောက် မလှုပ်ရှားတော့ပဲ သစ်ပင်ပေါ် ထိုင်ချလေလိုက်တော့သည်။ ထို့နောက် ကျင့်ကြံသည့်သဏ္ဌာန်ဖြင့် နေနေခဲ့၏။ နတ်ဆိုးကောင်လေးသည် နှုတ်ခမ်းပင်သပ်လိုက်သည်။ ထိုအကောင်လေးသည် အရသာရှိမည်မှာ သေချာနေခဲ့၏။ ပန်းမှ လူသားသဏ္ဌာန် အရာအဖြစ်ပြောင်းလဲသွားမည့်အရာကိုသာ သူစားလိုက်မည်ဆိုလျှင် သူ ရက်စက်လွန်းရာကျသွားလိမ့်မည်။
သူအတွေးများ နေသည်ဖြစ်ကြောင်း ရှီဟောင်သိလိုက်သည်။ဒီနေရာတွင် ဝင်္ကပါတစ်ရာကျော် ခင်းကျင်းထားသဖြင့် သူ ထိုနေရာသို့ရောက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ထိုအပင်သည် မဲမှောင်နေသည့် ချိုင့်ဝှမ်းအတွင်းတွင် တည်ရှ်ိနေခြင်းဖြစ်၏။ သစ်ပင်လေးသည် ခြေတစ်ဖဝါးစာ သာမြင့်သည်။ ထာဝရမြူတွေသည် ဝေ့ဝဲလိမ်တွန့်ကာ ဖုံးလွှမ်းထားသော်လည်း သစ်ကိုင်းတွေနှင့် သစ်ပင်တွေသည် မျက်စိကြိမ်းမတက် အလင်းရောင်တွေအား ထုတ်လွတ်နေဆဲဖြစ်သည်။ ထို့ကြောင့်ကြယ် တွေနှင့်ပင် တူနေသေး၏။
ဒုန်း ..။
ရုတ်တရက် ဒုတိယပန်းပွင့်သည် မှော်လက်နက်တစ်ခုအဖြစ် ပြောင်းလဲပြီးစီးသွားသည်။ ထို့နောက် တဝုန်းဝုန်းမြည်သံကို ထွက်ပေါ်လာစေခဲ့သည်မှာ တာအိုခေါင်းလောင်းသံကို ကြားရသကဲ့သို့ထင်ရစေသည်။
“မင်းတို့တွေ တစ်ခုခုကြားရလား”
ရှီဟောင်က ဘေးမှ သတ္တဝါတွေအား လှည့်မေးလိုက်သည်။
” ကြည့်ရတာ .. ဒါက ထူးဆန်းတဲ့ ဖိအားတစ်မျိုးထင်တယ် .. ”
ခေါင်းကိုးလုံးခြေသေ့င်္က မသေချာသည့် အမူအယာနှင့်ပြောလာသည်။ အားလုံးခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် ဒီနေရာဒေသမှ မဟုတ်မန်းသိကြသည်။ စုဒြွာမန်းမှုတ် ရွတ်ဆိုနေသကဲ့သို့ အသံတွေကြားနေရသည်။ ထူးခြားလှသည့် လျှို့ဝှက်ဆန်းကြယ်သည့် တာအိုသဘောတရားတွေလည်း ပါဝင်နေခဲ့သေးသည်။
ရှီဟောင်၏စိတ်သည် တုန်လှုပ်သွား ရတော့သည်။ သူ အာရုံခံမိလေလေ သူတစ်ယောက်သာလျှင်ကြားနိုင်လေလေဟု ခံစားရလာသည်။သူ၏ကိုယ်သည် ပေါ့ပါးလားခဲ့ပြီး သူ၏စိတ်သည် ငြိမ်သက်လာသည်။ သူသည် တာအိုဥာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ချဉ်းနင်းဝင်ရောက်သွားတော့၏။
“ဒါက တကယ်ပဲ ထူးဆန်းတဲ့သက်ရောက်မှုရှိနေတာပဲ .. ”
ရှီဟောင် မှင်သက်သွားသည်။ ထိုပထမပန်းပွင့်သည် လူသားသဏ္ဌာန် အရာလေးအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ဒုတိယပန်းပွင့်သည် တာအိုသဘော သဘာဝတွေပါဝင်နေသည့် မှော်လက်နက်တစ်ခု အဖြစ်ပြောင်းလဲသွားခဲ့၏။
ထိုအရာသည် ဝင်္ကပါ တစ်ရာကျော်ကို တောင်ကျော်ဖြတ်ပြီး သူ့ထံသို့ ရောက်လာနိုင်စွမ်းရှိနေသေးသည်။ ထိုအရာသည် အဆင့်လွန်ရတနာဖြစ်လောက်သည်။ ကောင်းကင်လောကတစ်ခုလုံးကိုတောင်မှ လှုပ်ခါနိုင်စွမ်းရှိသည့် အရာတစ်ခုဖြစ်နိုင်စွမ်းရှိ၏။ ထိုအရာသည် ကျော်ကြားလှသည့် ဝိညာဉ်သစ်မြစ် ဖြစ်နေမလား မပြောတတ်ချေ။ ထိုအပင်လေးသည် အလွန်ပင် အဖိုးတန်လွန်းလှသည်။ သူ ထင်ထားသည်ထက် လျှို့ဝှက်ဆန်းကြယ်လွန်းနေ၏။ ထိုအရာသည် တွေ့ရခဲလွန်းသည့် တည်ရှိမှုတစ်ခုဖြစ်လောက်ပေသည်။
သစ်ပင်လေးသည် ငြိမ်သတ်ကာ လှုပ်ရှားမှု ကင်းမဲ့နေခဲ့သည်။ ပန်းသုံးပွင့်သည် မြူထုတွေဖြင့် ဝိုးဝါးထားခဲ့သည်။ အလွန်ပင်လျှိူ့ဝှက်ဆန်းကြယ်လွန်းနေ၏။
လက်သီးဆုပ် အရွယ်ပုံရိပ်လေးသည်လည်း သစ်ပင်၏ ခြေရင်းတွင်ထိုင်ချကာ ကျင့်ကြံနေဆဲဖြစ်သည်။သူသည်လည်း ဒုတိယပန်းပွင့်မှ ထုတ်ပေးသည့် တာအိုသဘောတရားတွေအား ဆင်ခြင်နေပုံရသည်။ ဒုတိယပန်းပွင့်သည် လက်နက်အဖြစ်ပြောင်းလဲသွားပီးသည်နှင့် သူ့အလိုလိုမြောက်တက်ကာလွှင့်မြောရင်း ပုံရိပ်သေးသေးလေး၏ ခေါင်းပေါ်သို့ရောက်သွားသည်။ ထိုအရာသည် မီးပြင်းဖိုနှင့်တူကာ ထိုအရာရှိ အဝပွင့်သွားသည့် အချိန်တိုင်း ချော်ရည်ကဲ့သို့အရာတွေထွက်ပေါ်လာခဲ့ကာ ထိုပုံရိပ်လေးအား လွှမ်းခြူံသွားစေသည်။
ထိုအရာသည် ခန္ဓာကိုယ်အား သန့်စင်ခြင်းဖြစ်လောက်မည်ဟု ရှီဟောင် တွေးလိုက်မိ၏။ သူထင်ထားသည်ထက် ထိုဖြစ်စဉ်သည် လျှို့ဝှက်ဆန်းကြယ်လွန်းနေသည်။ သူသည် ထိုအရာအား ရှင်းလင်းစွာမြင်နေရသည်။ မြင်ကွင်းသည် အလွန်မှင်သက်ဖွယ်ကောင်းလွန်းလှ၏။
ရှီဟောင်သည် မည်သည့်အမူအယာမှ မပေါ်အောင် ထိန်းချုပ်ထားနိုင်သော်လည်း သူ၏စိတ်သည် မတည်ငြိမ်နိုင်တော့ချေ။ ထိုသစ်ပင်လေးသည် အလွန်ထူးခြားလှပေသည်။ ပြောပြဖို့ရန်မလိုလောက်အောင် သူသာ ထိုသစ်ပင်ကို ရမည်ဆိုလျှင် အလွန်ထူးခြားလွန်းသည့် အခွင့်အရေးရသွားသည်ဟု ဆိုနိုင်မည်ဖြစ်၏။
သူသည် ထိုပုံရိပ်လေးနှင့်ပေါင်းစပ်ကာ ဒုတိယပန်းပွင့်မှထုတ်ပေးသည့် တာအိုသဘောသဘာဝတွေအား ဆင်ခြင်နိုင်မည်ဆိုလျှင် သူသည် ကောင်းကင်ကိုတောင် လက်သီးနှင့်တက်ထိုးနိုင်လောက်ချေသည်။
ထိုအချိန်တွင် အာကာသပြင်ဟာ လှုပ်ခါသွားခဲ့၏။ နတ်ချိုင့်ဝှမ်းထဲရှိ ပြောင်းလဲမှုတစ်ခု ထပ်ဖြစ်သွားကြောင်း ရှင်းလင်းသွားခဲ့သည်။ ရှီဟောင်သည် ချိုင့်ဝှမ်းအား နတ်မျက်လုံး အားသုံးကာ စစ်ဆေးကြည့်လိုက်သည်။ မည်သည့် အခွင့်အရေးမှ မလွတ်စေရန် အားလုံးအား သူက သေချာကြည့်လိုက်သည်။
ဒယ်စောက်အိုးတွေ၏ ရိုက်ခတ်သံတွေထွက်လာပြန်သည်။ မှော်လက်နက်တွေသည် အလင်းပွားတွေအဖြစ်ပြောင်းကာ လွှင့်စင်ခြင်းပန်းပွင့်တွေ အဖြစ်ပြောင်းလဲ သွားရသည်။ ထို့နောက်သစ်ပင်ငယ်လ အဖြစ်ပြန်လည် ပေါက်ရောက်လာပြန်၏။ ထိုစဉ် လက်သီးဆုပ် အရွယ်ပုံရိပ်လေးသည်လည်း ထပ်ဖြစ်လာခဲ့ကာ နောက်တစ်ပွင့်မှ လက်လက်ထနေသည်။ထိုသို့ဖြင့် အစဉ်တိုင်းထပ်ဖြစ်နေ၏။
“တော်တော်ထူးဆန်းတာပဲ ..။ ”
ရှီဟောင်ရေရွတ်လိုက်သည်။ ထိုအပင်လေးသည် ပေါက်ရောက်လာသည့်ပုံမှာထူးဆန်းလွန်းနေခဲ့သည်။ထိုပန်းပွင့်တွေသာ ရင့်မှည့်လာလျှင် သစ်ပင်ထဲမှ ထွက်သွားခြင်းဖြစ်လာနိုင်သည်။
ရှီဟောင် ထိုဖြစ်စဉ်အား ထိုင်သုံးသပ်ရင်း မယုံနိုင်လောက်အောင် ဖြစ်နေခဲ့၏။ ထိုသေးငယ်လှတဲ့ လက်တစ်ဝါးအရွယ်သစ်ပင်လေးသည်ဥာဏ်ရည်ဖွင့်ဖြိုးလာသည်လည်း ဖြစ်နိုင်ပေသည်။သူတို့တွေသည် သူတို့၏ ကိုယ်ပိုင်လှုပ်ရှားမှုတွေ လုပ်နိုင်ကာ ကျင့်ကြံမှုလည်း လုပ်နိုင်ပေမည်။ ထိုသို့ဖြစ်မည်ဆိုလျှင် အလွန်မှင်သက်ဖွယ်ကောင်းလွန်းသွားချေပြီ။ဝိညဏ်သစ်မြစ်တွေသည် မည်သည့်အချိန်ကမှ ကျင့်ကြံနိုင်မည်ဟု သူမကြားဖူးချေ။
“နင်ဘာကို မြင်လိုက်ရလို့ ဒီလိုမျိုး မျက်နာအမူအယာဖြစ်နေရတာလဲ”
ဟောင်လင်းအာနှင့် အခြားသူတွေလဲမေးမိကြသည်။ ရှီဟောင်သည် တစ်ယောက်ထဲ အမူအယာအမျိုးမျိုးပြောင်းနေခဲ့၏။ ထို့ကြောင့် သူတို့မှင်သက်နေခြင်းဖြစ်သည်။ ရှီဟောင်သည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားတော့ပဲ သူတွေ့သမျှ အားလုံးဖွင့်ပြောလိုက်သည်။
“ဒီချိုင့်ဝှမ်းထဲမှာ ကောင်းကင်အဆင့်နတ်ငှက်သေဆုံးတာကို မအံ့ဩတော့ဘူး။ဒီလိုသစ်ပင်လေးတောင်မှ ဒီလိုအစွမ်းတွေရှိနေတာကိုး။အပြင်ဘက်က ဝင်္ကပါတွေ ဖျက်ဆီးဖို့ကြိုးစားတိုင်း အဲ့လက်နက်တွေ ပျက်ဆီးသွားရတာ သစ်ပင်တစ်ပင် ပေါက်နေတာဖြစ်ရမယ်။ ကြည့်ရတာ အဲ့ဒီသစ်ပင်တွေကနတ်အဆင့်သစ်ပင်တွေဖြစ်ရမယ်။ မရိုးရှင်းတာကိုး”
ခေါင်းကိုးလုံးခြေသေ့က ပြောသည်။
ရှီဟောင်သည် ထိုအပင်မှအကြည့်မလွဲသေးချေ။ပန်းသုံးပွင့်သည် ဝေဝါးသည့် ထာဝရအလင်းရောင်တွေကိုသာ လွှတ်ထုတ်နေတတ်ကာ စွမ်းအင်တွေထိုးထွက်လာတိုင်း အလွန်အမင်း လျှိွုှ့က်ဆန်းကြယ်သွားခဲ့သည်။
“တစ်ပင်မှာပန်းသုံးပွင့် အသက်တစ်ခုမှာ တာအိုသဘောသဘာဝတွေပေါင်းစပ်နေတယ်။သုံးခုလုံးရဲ့တည်ရှိမှုက စည်းချက်ကြနေတယ်။ဒါကမရိုးရှင်းနိုင်ဘူး။လောကရဲ့ လျှိူ့ဝှက်ဆန်းကြယ်တဲ့ အရာတွေအားလုံးကို အားလုံးကို အစီစဉ်တကျဖြစ်ပျက်နေတာနဲ့တောင် တူနေသေးတယ်။”ရိုစီကဝင်ပြောသည်။ သူမ၏ ညဏ်ရည်နှင့်သူမ၏အတွေအကြုံတို့ကြောင့် သူအကပို၍ထိုးထွင့်သည့် မြင်နိုင်စွမ်းရ်ှသည်။သူမ၏လှပသည့်မျက်နာလေးသည် မှင်သက်ဖွယ်အမူအယာတို့ပေါ်နေခဲ့၏။
သူမ၏စကားတွေအား ကြားသည့်အခါ လူတိုင်းမှင်သက်သွားကြသည်။ သက်တံ့လူအန်းသည် မေးခွန်းတစ်ခုကို ယူဆောင်လာခဲ့သည်။
“ရှေးဟောင်းနတ်တောင်က နတ်ဆေးပင်တွေကလဲ ဒီလိုထူးဆန်းတဲ့မြင်ကွင်းကို ထုတ်လွတ်နိုင်တာလား။”
ရှေးဟောင်းနတ်တောင်တွင် နတ်ဆေးပင်တွေသာရှိခြင်း မဟုတ်လေပဲ ထိုအရာတွေသည် အလွန်ပင်ရှားပါးနေသေးသည်။ ထို့ကြောင့်နတ်အဆင့်ဝိညဏ်ဆေးပင်တွေ ရှိနေသည်မှာ သေချာနေပေ၏။ ကောင်းကင်နတ် တောင်တွေထဲက တစ်ခုဖြစ်သဖြင့်မေးမြန်းလိုက်ခြင်းဖြစ်သည်။သို့သော် ရိုစီကခေါင်းခါ၏။
သူမသည် မရင်နှီးသည့်မြင်ကွင်းအားမမြင်ရသော်လည်ူ တစ်ချက်လှမ်းကြည့်ပီးမှ ပြောလာခဲ့၏။
“ရှေးဟောင်းနတ်တောင်မှာ ဒီလိုမျိူးတွေမရ်ှပါဘူး။”
“ဒီလိုဆိုရင် ဒါကပျက်သုန်းခြင်းနယ်မြေရဲ့ ပထမဆုံးဝိညဏ်သစ်မြစ်လား”
ဟောင်လင်းအာကပြောလိုက်သည်။သူမ၏လက်တွေသည် နဖူးအားပွတ်သက်နေခဲ့ကာ ဒိနေရာသည် အမှန်ထူးခြားကြောင်းခံစားနေခဲ့သည်။
“ဒီသစ်ပင်က ဒီအဆင့်လောက်မှာ ရှိသင့်တဲ့ဝိညဏ်သစ်မြစ်မျိုးမဟုတ်ဘူး။ငါတို့ထင်ထားတာထက်ကို ဒါကအများကြီး အံ့ဩဖို့ကောင်းနေလောက်တယ်။ မဟုတ်ရင် ဘယ်လိုဖြစ်ပြီး အခုလိုမျိုးဝင်္ဂပါကို ထိန်းချုပ်ထားတာမျိုးလုပ်နိုင်မှာတဲ့လဲ”
ရိုစီ ကမေးလိုက်သည်။
“ကောလဟာလတွေအရဆိုရင် ရှေးဟောင်းဆေးနတ်ဘုရားပျက်သုန်းသွားတာက ဝိညာဉ်သစ်မြစ်နဲ့ဆက်စပ် နေတယ်လို့ ပြောကြတယ်။ ပြီးတော့ဒီနေရာက ဆေးမြိူ့တော်နဲ့လဲ အရမ်းနီးတယ်ဆိုတော့ ဖြစ်နိုင်တာက ဒီသစ်ပင်များလား”
ဟောင်လင်းအာကမေးလိုက်သည်။တော်ဝင်နန်းတော်တွင် မှတ်တမ်းတွေရှိသဖြင့် သူမသိထားသည့်အကြောင်းအရာတွေမှာလဲ များပြားပေသည်။ထိုစကားတွေသည် လူတိုင်းအားမှင်သက်စေသည်။ရှီဟောင်သည်လဲ ထိုအပင်လေးအားပြန်ကြည့်လိုကသည်။နောက်ထပ်ပွားလာခဲ့သည့် အပင်ငယ်သည်။ပထမအပင်ကဲ့ သို့အရွယ်အစား ဖြစ်လာပြီး လက်သီးဆုပ်အရွယ်ပုံရိပ်လေးသည် ကျင့်ကြံလိုက်သည့်အချိန်တွင်တော့ နှစ်ခုလုံးသည် ပေါင်းစပ်သွားကာ တစ်ပင်တည်းပြန်ဖြစ်လာခဲ့သည်။အရာအားလုံးသည် မည်သည့်အပြောင်းအလဲမှမဖြစ်သကဲ့သို့တည်ငြိမ်သွားခဲ့၏။
“ဒီနားမှာ မြစ်လိုဆီးစင်းနေတဲ့ သွေးတွေကို ငါခံစားမိတယ်။ဒီနေရာမှာ ဆိုးရွားတဲ့အကြော်ငးအရာတွေရှိနေမာတော့သေချာတယ်။ရှေးဟောင်းဆေးနတ်ဘုရားက လိုခြင်တဲ့တစ်စုံတစ်ရာဒီနေရာမှာရှိနေခဲ့တဲပုံပဲ”သက်တံ့လူအန်း ကပြောသည်။
ရှီဟောင်၏စိတ်သည် တုန်လှုပ်သွားရတော့သည်။နတ်ချိုင့်ဝှမ်းအား ပျက်သုန်းခြင်းနယ်မြေ၏ အုပ်အော်သောင်းသင်း ဖြစ်မှုတွေအားလုံးဖွင့်လှစ်နိုင်မည်လား မသေချာတော့ပေ။ အထူးသဖြင့် ထိုသစ်ပင်လေးသည် သည်အဆင့် သည်နယ်မြေတွင် မရှိသင့်သည့် အရာမျိုးဖြစ်နေခဲ့၏။
“ငါတွေးကြည့်လေလေ ဒါကပိုပြီးကြောက်ဖို့ကောင်းတယ်လို့ ခံစားမိလာလေပဲ။ ဒီဝိညာဉ်သစ်မြစ်က ဒီနေရာမှာ ချိတ်ပိတ်ထားတာဆိုရင် ဒီနေရာမှာ တစ်ခုခုရှိနေတာပဲဖြစ်ရမယ်။ဒါကိုသာ ဖွင့်လိုက်မယ်ဆိုရင် ကပ်ဘေးတွေ မစိုက်လာနိုင်ဘူးလား။”
အားလုံးဆွေးနွေးနေကြသည် သူတို့အားလုံးထိတ်လန့်တုန်လှုပ်နေကြ၏။
ကြောက်မက်ဖွယ် အကောင်းဆုံးအပိုင်းသည် ထိုဝင်္ဂပါ၏နောက်တွင် တစ်စုံတစ်ရာသက်ရှိထင်ရှားရှိနေမည့်ပုံဖြစ်သညိ။ထိုသက်ရှိထင်ရှားရှိနေသည့်အရာသည် အလွန်ပင်အန္တရာယ်များသည့်အရာဖြစ်နေခဲ့မည်ဆိုလျှင် ပြဿနာကြီး တက်ပေမည်။
အားလုံးအား စဉ်းစားဆင်ခြင်ပြီးတဲ့နောက် သူတို့ကြောက်လန့်သွားသည်။ ဒီနယ်မြေအပြင်ဘက်တွင်ရှိသည့် ကလန်ကြီးတွေသည် ဒီနေရာသို့ရောက်လာကာ ယူခြင်ပြီးထိုကပ်ဘေးအား ဆောင်ကြဉ်းလိုက်မည်ဆိုလျှင် ထိုကပ်ဘေးသည် ပျက်သုန်းခြင်းနယ်မြေကိုသာ ကြရောက်တော့မည်ဖြစ်သည်။ရှီဟောင်သည် စိတ်ငြိမ်သွားခဲ့ကာထိုအကြောင်းအရာအား လျှို့ဝှက်ချက်အဖြစ်ခားရန် ဆုံးဖြတ်လိုက်သည်။သို့သော် အခြားသူတွေသည် မတည်ငြိမ်နိုင်ကြသေးချေ။သူတို့တွေဆေးမြို့တော်သို့ပြန်သွားလိုက်ကြသည်။ဒီအကြောင်းအရာသည် လေးနက်လွန်းသဖြင့် စိတ်အေးအေးထားကာ တွေးတောသုံးသပ်ရန်လိုအပ်နေခဲ့၏။
“ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ခွန်အားကို တိုးအောင်မြန်မြန်လုပ်ကြမယ်။ ပျက်သုန်းခြင်းနယ်မြေက ပျက်ဆီးတော့မှာ ဆိုတော့အရာအားလုံးက ဖြစ်လာနိုင်တယ်။” ပြန်ရောက်သွားသည်နှင့် ရှီဟောင်က ထုံးကျောက်တွေအပြည့်ခင်းထားသည့်လမ်းတွေလဲ လှည့်လှည်သွားလာသည်။ထို့နောက်ရှေးဟောင်းဆေးဆိုင်တွေထဲတငိရောက်ကာ ဆေးပစ္စည်းတွေဝယ်ယူ၏။သူစွမ်းအားကြီးလာရန်အတွက် သူတက်စွမ်းသမျှလုပ်တောင်မည်ဖြစ်သည်။
သူသည် နီဗားနားဆေးလုံးလေး ကိုသာ သန့်စင်နိုင်လျှင် စွမ်းအားတွေထိုးတက်နိုင်ကာ အဆင့်တက်သွားနိုင်ပေသည်။
ဆေးမြို့တော်သည် တော်ဝင်ဆေးမြို့တော်ဟု ပြောကြသည်။ ထို့ကြောင့်မရနိုင်သည့်ဆေးပင်တွေသည်ဒီနေရာတွင် မရှိသလောက်ပင်ဖြစ်သည်။သူသည်ရယူသင့်သည့် ဆေးပင်တစ်ဝက်ကျော်မျှရသွားခဲ့သည်။အဆုံးတွင်တော့ ထိုဆေးမှ ပါဝင်ပစ္စည်းတွေသည် သာမန်မဟုတ်သည့်အတွက် အချို့ပါဝင်ပစ္စည်းတွေကတော့ဖြင့် လိုအပ်နေသေးသည်။
ရှီဟောင်မနေနိုင်ပဲ သက်ပြင်းချလိုက်မိ၏။ ဒါသည် ပထဆုသောက်ရမည့် ဆေးတစ်လုံးအတွက်သာလျှင်ရှိသေးသည်။သို့သော်လိုအပ်သည့်ပစ္စည်းတွေသည် ရှားပါးနေခဲ့ပြီဖြစ်၏။ ဒီနေရာသည် မည်သည့်နေရာပင်ဖြစ်စေ မရနိုင်သည့်ဆေးတွေသည် ရှိနေခဲ့သေးသည်။ ရှီဟောင်သည် ခေါင်းကိုးလုံးခြေသေ့နှင့် အခြားသူတွေအားမေးကာ သူလိုနေသေးသည့် ဆေးတွေအား ဝယ်ယူခိုင်းလိုက်သည်။ ဆေးမြို့တော်တွင် ကျော်ကြားလှသည့် အဖိုးတန်ဆေးပင်တွေရောင်းသည့် ဆေးဆိုင်လေးဆယ့်ရှစ်ဆိုင်ရှိသည်။သို့သော် ရှီဟောင်လိုသည့်ပစ္စည်းတွေသည် လူအုပ်အား မှင်သက်စေသေးသည်။ သူကအများအပြား ဝယ်ယူနေသဖြင့် အားလုံး၏အာရုံအားဆွဲဆောင်နေသကဲ့သို့ဖြစ်၏။
“သူက .. ဘယ်သူလဲ တော်တော်လေးကိုဝယ်နိုင်တဲ့သူပဲကွ။ သူတို့လိုတဲ့ဆေးအမျိုးအစားတွေကမှ တကယ့်ကိုအများကြီးပဲ။ဒီလောက်နှစ်တွေကြာတာတောင်မှ ဒီလောက်ဝယ်တဲ့သးမျိုးတစ်ခါမှ မမြင်ခဲ့ဘဘူး”
သူတို့ထဲမှ မည်သူကမှ အရူးတွေမဟုတ်ကြပေ။ထိုကဲ့သို့များပြားသည့် ပမာဏဝယ်ယူနေခြင်းသည် ပုံမှန်မဟုတ်မှန်းသိနေခဲ့သည်။ ဝိညာဉ်ဆေးပင်တွေသည် အလွန်အဖိုးတန်သည်။ မိသားစုတိုင်းမိသားစုတိုင်း မှတ်တမ်းတွေနှင့် သိမ်းဆည်းထားရသည့် အရမျိုးပင်ဖြစ်ပေ၏။ ဒီနေ့တွင်တော့ မြောက်များစွာ ဝယ်ယူနေကြသည်။ ထို့ကြောင့်လူတိုင်းသည် တစ်စုံတစ်ရာကတော့ဖြင့် ပုံမှန်မဟုတ်မှန်းသိလိုက်ကြတော့သည်။
ကံကောင်းသည်မှာ ခေါင်းကိုးလုံးခြသေ့င်္ မီးတောက်ကျီးကန်းနှင့် အခြားလူတွေအားလုံးသည် လူသားပုံသဏ္ဌာန် ပြောင်းထားကြသဖြင့် တစ်ယောက်တည်းဝယ်ယူသည်ဟု မထင်ထားတော့ခြေ။သူတို့၏နောက်ခံတွေလည်း ပေါ်သွားမည်မဟုတ်လေတော့။
ထိုကဲ့သို့ များပြားစွာဝယ်ယူသည့် ဈေးဝယ်သူတွေသည် ရှားပါးသဖြင့် ဈေးဆိုင်ရှင်တွေကတော့ သဘောတွေ့နေခဲ့သည်။ အနည်းငယ် ဆူပူသွားပြီးသည့်နောက် ရက်အနည်းငယ်ကြာပြီးသည့် အခါ ငြိမ်သက်သွားခဲ့သည်။
ရှီဟောင်သည် ထိုဆေးပင်တွေကိုသန့်စင်ကာ ဆေးလုံးဖော်စပ်ရန် ပြင်ဆင်နေလိုက်၏။ သူသည် ဆေးအမျိုးအစားပေါင်း တစ်ရာကျော်ပြည့်ရန်လို နေသေးသည်။ ထို့ကြောင့် နီဗားနားဆေးလုံးရရှိမည်တော့ မဟုတ်ချေ။ အဆုံးတွင်တော့ ကျန်သည့်ပါဝင်ပစ္စည်းတွေ အားလုံးသည် ရှာဖို့ခက်ခဲနေခဲ့သည်။ သူ၏မျှော်လင့်ချက်သည် ဒီနေရာတွင်ပင် ပြည့်စုံလာတော့မည် မထင်တော့ချေ။
သမိုင်းထဲတွင်ပါသည့် ဆေးပါဝင်ပစ္စည်းတွေသည် အလွန်ပင်ထူးခြားသည်။ ဘုရင်အိုကြီးတွေတောင်မှ သူတို့၏သက်ရောက်မှုသည် မှင်သက်ဖွယ်ကောင်းလွန်းသည်ဟုဆိုသဖြင့် ထိုမျှရှားပါးနေသည်မှာလဲ ဖြစ်သင့်သေးပေသည်။
” ငါ နည်းနည်းကြီးတဲ့ဆေးဖော် ဒယ်စောက်မျိုး လိုအပ်တယ်”
ရှီဟောင်ကပြောလိုက်သည်။ ဒီတစ်ကြိမ်တွင် ဆေးသန့်စင်ရုံသာလျှင် မကတော့ပဲ သူ၏အသွေးအသားတွေကိုပါ သန့်စင်နိုင်ရန်အတွက် သူကိုယ်တိုင်ဝင်ရောက်ဆေးရည်စိမ်ရမည်ဖြစ်သည်။
ဆေးမြို့တော်၏ ကြောက်မက်ဖွယ်ရွှေနွယ်ပင်ကိုတော့ သူကထည့် သွင်း မစဉ်းစားထားချေ။ ထိုနေရာအား လူအများဝိုင်းဝန်းနေခဲ့သဖြင့် ညအချိန်သွားလျှင်တောင်မှ အသုံးမဝင်နိုင်ချေ။ အထူးသဖြင့် ထိုနွယ်ပင်နား တစ်ယောက်တည်း သွားချိန်တွင် အလွန်ပင်အ န္တရာယ်များပေသည်။ အထဲရှိထူးဆန်းသည့် ပုဂ္ဂိုလ်ကိုလည်း သူကြောက်လန့်မိပေ၏။
ထိုနေရာမှလွဲလျှင် ဆေးမြို့တော်တွင် ဆေးသန့်စင်ပေူသည့် ပညာရှင်တွေလဲရှိသေးပေသည်။ နှစ်ရက်ကြာပီးသည့်နောက် ဟောင်လင်းအားက နေရာကောက်းတစ်ခုကို ရွေးလိုက်သည်။ ထိုနေရာသည် အလွန်ပင်ငြိမ်းချမ်း၏ ထူးဆန်းသည့်ခြံဝင်းထဲတွင်ရှိကာ အပင်လေးတွေလဲ ပေါက်ရောက်ကာ မွေးပျံ့ရင်းစိတ်ကိုငြိမ်းချမ်းစေသည်။ဆေးရနံ့တွေကလဲသင်းနေခဲ့သေး၏။ ထိုနေရာတွင် ဆေးသန့်စင်သည့်မီးပြင်ဖိုကြီးရှိကာ အိုဟောင်းနေသည့်ဒယ်စောက်အိုးကြိးလဲ ရှိသည်။
“ဒီဒယ်စောက်အိုးက ဒီနေရာမှာရှိနေတာတော်တော်ကြာပီ။နှစ်တစ်ထောင်ကျော်တယ်လို့တောင်ပြောလို့ရတယ်။ ပြီးတော့ ဝိညာဉ်စွမ်းအင် တွေကလဲအထဲအရမ်းကိုပေါများတော့ ဆေးရဲ့သက်ရောက်မှုကို မြင့်မားစေတယ်လေ။”
ပိုင်ရှင်အိုကြီးက နှုတ်ဆက်ပေးသည်။
ရှီဟောင် ခေါင်းညိတ်လိုက်၏ ထိုဒယ်စောက်အိုးသည်အဝါရောင်လက်နေသည်။ ရှင်းလင်းစွာပင်သေချာသန့်ရှင်းထညးခဲ့ပုံရ၏။ ထိုစဉ် ကြည်လင်သည့်ရေသည် အထဲသို့လောင်းချလိုက်သည့်အခါ မွေးပျံ့သည့်ဆေးရနံ့သည်အလိုလိုပျံ့လာသည်။ထို့ကြောင့်မရေမတွက်နိုင်လောက်အောင် ကြိမ်ဖန်များစွာ တေးသန့်စင်ထားကြောင်း သိနိုင်ပေ၏။
ထိုဒယ်စောက်အိုးနှင့် နေရာအားငှားရမ်းသည့်သူရ်ှမည်မပေါ်ပေ။ ထို့ကြောင့် သုံးရက်သာသာ ငှားရမ်းနိုင်လိုက်၏။ ထိုသုံးရက်စာ အတွက်ဝိညာဉ် ဆေးပင်သုံးပင်ပေးရပေသည်။ ထိုနေရာသည် ဈေးတွေသည် မြင့်မားလွန်းလှကာ သူတို့အား မှင်သက်စေ နိုင်စွမ်းရှိသည်။
သို့ရာတွင် အဆင့်ချိုးဖြတ်တက်ရန်အတွက်မည်မျှ စျေးကြီးစေကာမူ ရှီဟောင်တက်နိုင်ရပေမည်။ သူ တက်နိုင်ရန်ကြိုးစားရကာ ထိုအချိန်အတောအတွင်းတွင် ဝိညာဉ်ဆေးပင်တွေအား သန့်စင်ရမည်ဖြစ်၏။
“ငါ .. ငါ့ကိုယ်ငါတိုးတက်အောင်လုပ်ပြီး ငါ့ရဲ့အလားအလာတွေနဲ့ ချိုးဖြတ်တက်နိုင်စွမ်းကို မြင့်မားအောင်ကြိုးစားရမယ်”
ရှီဟောင်တွေးလိုက်သည်။ ထို့နောက် သူက အားလုံးကို ပြောလိုက်၏။
“ငါအဆင့်ချိုး ဖြတ်တက်နေတဲ့ အချိန်မှာ ကျေးဇူးပြုပီး ငါ့ကို စောင့်ရှောက်ပေးထားပါ .. ”
ရှီဟောင်သည် ထိုလူတွေအား ယဉ်ကျေးနေစရာမလိုတော့ဘူး ထင်သည်။ ထိုလူတွေသည် သူနှင့် သွေးသောက်တွေကဲ့သို့ဖြစ်နေသဖြင့် ထိုသို့သာ တိုက်ရိုက်ပြောလိုက်တော့သည်။