သုခကမ္ဘာက ရှီဟောင် - Chapter - 593
“ယိ .. ဒီမီးတောက်က သာမန်မဟုတ်သလိုဘဲ။ဘာလို့ မြေအောက်ထဲကနေ ထွက်လာရတာလဲ”
မီးတောက်ကြီးငှက်က မှင်သက်သွားပုံရသည်။မူလကသူသည် ဆေးအားသန့်စင်ရန်အတွက် သူ၏ မီးတောက်အား အသုံပြုကာ သန့်စင်ရမည်ဟု ထင်ခဲ့သည်။ ထိုထဲတွင် ရှားပါးလှသည့် မီးအဆင့်ထဲတွင် ပါဝင်သဖြင့် သူ၏ မီးတောက်ကိုယ်မှ မီးသည် အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် ဆေးဒယ်စောက်အိုး၏ အောက်ခြေတွင် ငွေရောင်မီးတောက်ရှိနေကြောင်း မြင်လိုက်ရသည့် အချိန်တွင်တော့ သူက လှုပ်ရှားမှုကိုရပ်တန့်လိုက်ကာ ကြည့်လိုက်၏။ထို့နောက် သူကမှင်သက်စွာဖြင့် သက်ပြင်းချလိုက်လေတော့သည်။
“ဒါက ဝိညာဉ်လေအစင်းကြောင်း မီးတောက်မဟုတ်လား”
“ဆေးမြိုးတော်က သာမန်မဟုတ်ဘူး။ပြီးတော့ ထူးခြားတဲ့အရာတွေ ပြည့်နက်နေတယ်ဆိုတာကို ငါကြားဖူးပေမယ့် ဒီလို မြေအောက်တောင်မှ ဒီလိုထူးခြားပြီး အဖိုးတန်လက်နက်တွေကနေ မီးတောက်တွေ ထွက်နိုင်မယ်လို့ မထင်ထားဘူး။ဒါပေမယ့် ဒါကဆေးသန့်စင်ဖို့အကောင်းဆုံးဖြစ်တဲ့ ဆေးသန့်စင်တဲ့ မီးတောက်ဆို တာကတော့ သေချာတယ်။ တော်တော် မှင်သက်ဖို့ကောင်းတာဘဲ”
ဟောင်လင်းအာ သက်ပြင်းချသည်။
ဒီနယ်မြေသည် အလွန်အမင်း မှင်သက်ဖွယ်ကောင်းလွန်းလှသည့် အံဩစရာတွေနဲ့ ပြည့်နက်နေခဲ့သည်။ဆေးနတ်ဘုရားသည် ဒီနေရာတွင်မွေးဖွားခဲ့ပြီး သူသည် ဒီနေရာတွင်သာ ကျဆုံးခဲ့သည်။ ထို့အတွက်ကြောင့် ဒီနေရာသည် မည်သည့်မိနစ်မျှ သာမန်မဟုတ်နိုင်တော့ချေ။
တလက်လက်တောက်ပ နေသည့် အဝါရောင်ဆေးဒယ်စောက်အိုးသည် လေးလံလှသည်။ သူ၏ အရပ်အမြင့်သည် လူတစ်ယောက်၏ ခါးလောက်အထိ ရှိပေ၏။ ကြည်လင် နေသည့်ရေများသည် အထဲသို့ထည့်လိုက်သည်နှင့် ဆေးမွှေးရွက်နံ့တွေ ထွက်လာသည်။ငွေရောင်မီးတောက်သည်လည်း အိုးအောက်ခြေတွင် အလိုလိုတောက်ကာ ကခုန်လာခဲ့ကာ အဖြူရောင်မြူထုဟာ မြင့်တက်လာခဲ့၏။မည့်သည့်အရာမျှ မထည့်ရသေးသော်လည်း မွှေးပျံ့သည့်ရနံ့သည် သန်မာလွန်းနေခဲ့ချေပြီ။ထို့ကြောင့် အနားတွင်ရှိသည့် လူတိုင်းလေးစားစွာ ခေါင်းငြိမ့်မိကြ၏။ နှစ်တစ်ထောင်ကျော် သက်တမ်းရှိသည့် ဒယ်စောက်အိုးဟု လူသိများသည်။ ထိုအကြောင်းအရာသည် မှန်ကန်နေလောက်၏။ ထိုနှစ်တစ်ထောင်ဝန်းကျင်လုံး စမ်းသပ်စေခဲ့ရသဖြင့် ရေထည့်လိုက်ရုံဖြင့် ဆေးမွှေးရနံ့ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
ရှီဟောင်သည်လည်း ထိုကဲ့သို့သော ဒယ်အိုးတစ်လုံး ဝယ်ယူချင်ကာ မကြာခဏ သန့်စင်ချင်ပေသည်။ ကောင်းမွန်လွန်းသည့် ဆေးဒယ်စောက်အိုးတစ်လုံးသည် ရှာဖွေရန် ခက်ခဲပေသည်။ သို့သော် ဒီဒယ်စောက်အိုးအား ပိုင်ရှင်သည် မည့်သည့်အချိန်တွင်မျှ ပြန်ရောင်းမည် မဟုတ်ကြောင်း သိနေခဲ့၏။
ရောင်းလျှင်တောင်မှ သူတတ်နိုင်စွမ်းရှိသည့် ဆေးပမာဏထက် ကျော်လွန်နေလိမ့်မည် ဖြစ်သည်။
လူတိုင်း နောက်ဆုတ်လိုက်ကြသည်။ရှီဟောင်သည် ခြံဝန်းအနီးနားတွင်ရှိသည့် စမ်းရေနားသို့သွားကာ ကိုယ့်ကိုယ်ကိုသန့်စင်သည်။ထို့နောက် သူ၏ကိုယ် တစ်ကိုယ်လုံးအား သန့်စင်လိုက်ကာ သူ၏စိတ်ကို တည်ငြိမ်အောင် လုပ်ဆောင်ပြီးသည်နှင့် သူက ရေတကောင်းထဲသို့ ဝင်လိုက်လေတော့သည်။
ဟောင်လင်းအာနှင့် ယွန်စီတို့သည် သူ့အားကြည့်ရန် ရှောင်ရှားလိုက်ကြ၏။အကြောင်းသည်ကား ရှီဟောင်သည် ထိုအိုးထဲသို့ဝင်ချိန်တွင် တစ်ကိုယ်လုံး အဝတ်ဗလာ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။ ရှီဟောင်၏ ဝိညာဉ်ခန္ဓာကိုယ်ထဲကတစ်ခုသည် ကျန်နေရစ်နေခဲ့၏။ တစ်စုံတစ်ယောက်သည် မီးအားထိုးရန် လိုအပ်သည့်အတွက် သူက ထိုလုပ်ငန်းစဉ်ကို လုပ်ဆောင်မည်ဖြစ်သည်။
ထိုအခိုက် ဘယ်သူကမှ မလှောင်ပြောင်ရဲကြချေ။သူတို့တွေသည်လည်း အသင့်အနေအထားနဲ့ နေခဲ့ကြသည်။သေးငယ်သောအမှားတွေသည် ကြီးမားသည့်ပြသနာတွေအား ဖြစ်နိုင်စွမ်း ရှိသည်။
တစ်လက်လက်တောက်ပနေသည့် အဝါရောင်ဆေးဒယ်စောက်အိုးသည် နှစ်စဉ်နှစ်ခြင်းမင်္ဂလာပြုသည့် အတွေ့အကြုံတွေရှိထားသဖြင့် အလွန်အမင်း အောင်မြင်နိုင်မှုနှုန်း မြင့်မားပေသည်။သူ၏ မျက်နှာပြင်သည် ထူထဲကာ အထဲထိဝင်လိုက်သည်နှင့် သာယာတဲ့အသံကို ထုတ်ဖော်နိုင်စွမ်းရှိ၏။ရှီဟောင်သည် အထဲတွင် တည်ငြိမ်စွာ ထိုင်လိုက်သည်။ရေတွေ ဆူပွက်လာခဲ့ကာ သူ့ပတ်ပတ်လည်တွင် ပြည့်နေခဲ့၏။
” သစ်ရွက်နွယ်ပင်”
ရှီဟောင်ကအော်လိုကိသည်။
မြေပြင်တွင်ရှိသည့် မွှေးရနံ့တို့ ထုတ်လွှတ်နေခဲ့သည့် ဆေးအပင်တွေထဲကမှ ရှီဟောင်အသုံးပြုမည့် ဆေးတစ်ခုအား သူ၏ ကျန်နေရစ်သည့် ဝိညာဉ်ခန္ဓာကိုယ်ကကောက်ယူကာ အိုးထဲသို့ထည့်ပေးသည်။
ထိုဝိညာဉ်နွယ်ပင်သည် မဲနက်နေခဲ့သည်။ ထူးဆန်းသည့်သစ်ရွက်တွေအား ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ် သားရဲတစ်ကောင်ပုံသဏ္ဍာန် ရှိသည်။ဒယ်စောက်အိုးထဲသို့ ထည့်လိုက်သည်နှင့် အနက်ရောင် အလင်းလှိုင်းတွေ ပွင့်လန်းလာခဲ့ကာ အထဲရှိရေတွေကိုပါ မဲနက်သွားစေသည်။
“နှင်းကျောက်စိမ်းဂျင်ဆင်း”
ရှီဟောင်ကလည်း ထပ်မံအော်လိုက်သည်။
ဒီတစ်ချိန်တွင်တော့ တစ်လက်လက်တောက်ပကာ ဖြူဖွေးနေခဲ့သည့် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာညောင်းခဲ့သော ဂျင်ဆင်းဆေးမြစ်ကြီးကို ကောက်ထည့်လိုက်သည်။ ထိုအခါအဖြူရောင်ဝိညာဉ်မြူတွေ လိမ့်တက်လာခဲ့ကာ ရေကိုလည်း အရောင်ဖျော့သွားစေပြန်သည်။
ခြံဝန်းနံရံတွေသည် မြင့်မားလွန်းလှသော်လည်း ငှက်နီကြီးသည် အထဲသို့ ချောင်းကြည့် နေခဲ့သေးသည်။ သူသည် ထိုဆေးပင်များအားကြည့်ကာ သွားရည်ကျနေ၏။
” ဒီကောင်ကတော့ တကယ်မနာလိုစရာဘဲ။သူက ဝိညာဉ်ဆေးပင်တွေအများကြီးကို ထည့်ပြီးရေချိုးနေသေးတယ်။ ငါသာဆို အကုန်လုံးကို စားပစ်လိုက်မှာဘဲ။”
ထို့နောက်ရှီဟောင်သည် ပါဝင်ပစ္စည်းတွေအား တစ်ခုပြီးတစ်ခု အထဲသို့ ပစ်ထည့်စေသည်။ ဆေးဖော်စပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းတွေအား ရေးသားထားသည့် အချက်တွေပေါ် အခြေခံကာစဉ်းစားကြည့်မည်ဆိုလျှင် သူသည် ငွေကောင်းကင်ပိုးသတ်ဆေးနှင့် ရွှေရောင်ပင့်ကူ အပြင် ရှားပါးလွန်းလှသည့် အဖိုးတန်ပိုးကောင်မျိုးစိတ်များအား လိုအပ်သေးသည်။ သို့သော် ထိုအရာတွေသည် အလွန်အဖိုးတန်လွန်းလှကာ ရှာဖွေရန်ခက်ခဲသဖြင့် အစားထိုးသုံးနိုင်ရန်သာ တတ်နိုင်ခဲ့၏။
“ဒီပိုးသတ်ဆေးထဲက ပါဝင်မှုစွမ်းအားက အရမ်းပြင်းထန်လို့ မင်းရဲ့ဝိညာဉ်ဆေးပင်တွေရဲ့ သက်ရောက်မှုတွေ ပျက်စီးသွားမှာကို မစိုးရိမ်ဘူးလား။”
ငှက်နီကြီးသည် နံရံပေါ် တက်နေခဲ့ကာ ကြောက်လန့်တကြား လှမ်းအော်လိုက်၏။
” စိုးရိမ်ဖို့ မလိုပါဘူး။”
ရှီဟောင်က ခေါင်းခါလိုက်သည်။
နီဗားနားဆေးဖော်စပ်ရန် လိုအပ်သည့်ပါဝင်ပစ္စည်းတွေထဲတွင် ဝိညာဉ်ပိုးကောင်တွေမပါသော်လည်း အခြားသောပါဝင်ပစ္စည်းတွေနှင့် တူညီသည့်အရာတွေ ပါဝင်နေသည်။ ထို့ကြောင့် ထိုသူတွေသည် သူသည် နီဗားနားဆေးဖော်စပ်မည်ဟုသာ ထင်နေခဲ့ကြ၏။ သို့သော် ထိုဆေးဖော်စပ်သည့်ဖြစ်စဉ်သည် တစ်ဦးတစ်ယောက်တည်း ဖော်စပ်ရန် အဆင်မပြေချေ။ အခြားသော ဆေးတွေနှင့်အတူ အခြားသောဖော်စပ်သူတွေနဲ့ပေါင်းစပ်ကာ လုပ်ဆောင်ကာ ဆေး၏အောင်နိုင်မှုနှုန်းအား တိုးမြင့်စေရမည် ဖြစ်ပေသည်။ အများပေါင်းမှသာ ဝိညာဉ်စွမ်းအင်တွေ စုစည်းကာ ပြန်လည်ဖြန့်ဝေသည့် နည်းဖြင့် ဆေးသက်ရောက်မှုနှုန်းသည် အဆများစွာမြင့်မားသွားနိုင်၏။ ထိုနည်းဖြင့် တန်ကြေးအရှိဆုံး ဆေးအကြီးဆုံးဆေးလုံးတွေ ဖြစ်လာခြင်းဖြစ်ပေသည်။
“မြွေသားမွှေးမြက်ပင် . ”
ရှီဟောင်က ထိုစကားကို ပြောလိုက်ပြန်သည့် အချိန်တွင် သူ၏ဝိညာဉ်ခန္ဓာကိုယ်ကလည်း ဆေးပင်တစ်ပင်ကိုကောက်ကာ ထည့်ပေးသည်။ထိုအပင်သည် ဖြူဖွေးကာ အစပ်အပြောက်ကင်းစင်သည့် ဆေးမြစ်ဖြစ်ကာ အလင်းရောင် တွေထွက်နေခဲ့သည်။ သစ်ရွက်တွေသည် ပုံသဏ္ဍာန်တွေကဲ့သို့ဖြစ်နေခဲ့ကာ ဗြုန်းကနဲ ကြည့်လိုက်မည်ဆိုလျှင် သားမွှေးတောင်နှင့် တူပေသည်။ထိုနောက် ပြင်းထန်လွန်းသည့် မွှေးရနံ့လည်း ထုတ်လွှတ်နေသေး၏။
အမျိုးမျိုးသောကွဲပါးသည့် ဝိညာဉ်ဆေးပင်နှစ်ဆယ်ကျော်အား အထဲသို့ပစ်ထည့် လိုက်ပြီးသည့်နောက် ဒယ်စအိုးတစ်ခုလုံးသည် ကွဲပြားသွားသည့် ရွှေရောင်အလင်းတွေအား ထုတ်လွှတ်လာခဲ့ကာ ဝိညာဉ်စွမ်းအင်တွေ တိုးကြွယ်ဝလာသည်။ ဝိညာဉ်ဆေးပင်တွေအား သန့်စင်နေသည့်အချိန်တွင် ပါဝင်ပစ္စည်းတွေထံမှ လိုက်ရော ညီထွေသည့် အသံနှင့် မွှေးရနံ့တို့ ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက် ဆေး၏တန်ကြေးသည် မြင့်မားသွားခဲ့သည်။ ရှီဟောင်ကလည်း ပုံသဏ္ဍာန်တွေကို ဖွဲ့တည်ရင်း တာအိုမီးတောက်အား သူ့ကိုယ်ထဲလောင်ကျွမ်းစေကာ အသက်သွင်းလိုက်လေတော့သည်။ကိုယ်တွင်းနှင့်ကိုယ်ပြင်ရှိ မီးတောက်တွေအတူတကွ ပေါင်းစပ်ခဲ့ကာ ဆေးအား သန့်စင်ခြင်းစတင်တော့၏။
ရှီဟောင်၏ ဝိညာဉ်ခန္ဓာကိုယ်သည် ဒယ်စောက်အိုးထဲသို့ ရောက်လာခဲ့ပြီး သူနှင့်ပေါင်းစပ်သွားသည်။ ထို့နောက် တစ်ဟုန်းဟုန်းမြည်သံတွေနဲ့အတူ ဒယ်စောက်အိုးသည် မည်သည့်ထောက်ပံ့မှုမှ မပါလေဘဲ အလိုလိုမြောက်တက်သွားခဲ့ကာ မြူထုတို့ဖြင့်တစ်ခုလုံးအား ကာကွယ်လိုက်လေ တော့သည်။
ငှက်နီကြီးသည် နံရံပေါ်မှ ချောင်းကြည့်နေရင်း မှင်သက်သွားသည်။ ရှီဟောင်သည် ကိုယ့်ကိုယ်ကို ချက်ပြုတ်နေသည်လားဟု သူတွေးလိုက်မိ၏။သိပ်မကြာခင်အချိန်တွင် ဖိအားလှိုင်းတွေ လှိမ့်ထွက်လာ၏။ရှီဟောင်ဖွဲ့တည်ထားသည့် ဒယ်စောက်အိုးထဲရှိ သင်္ကေတတွေသည် လျိုဝှက်သိုင်းတစ်ခုဖြစ်ကာ သူက သူ၏ကိုယ်အားသန့်စင်ရန် အသုံးပြုလိုက်ခြင်း ဖြစ်ပေ၏။ သူသည် သူ့ကိုယ်၏အလားအလာကို ချိုးဖောက်ကာ နောက်တစ်ဆင့်သို့ တက်ရောက်ချင်နေသည်။
အချိန်တွေသည် နှေးကွေးစွာကုန်ဆုံးသွားခဲ့ကာ နေ့တစ်ဝက်ဟာ ပြီးဆုံးသွားခဲ့၏။ထို့နောက် တစ်ဝုန်းဝုန်းမြည်သံတွေနှင့်အတူ ဒယ်စောက်အိုးသည် မြောက်တက်သွားပြန်ကာ ရှီဟောင်၏ အထဲတွင်ရှိသည့် ပွက်ပွက်ဆူသည့်ရေထဲ ကြိုထားခံရသည့် ခန္ဓာကိုယ်သည်လည်း ပြောင်းလဲလာခဲ့သည်။သူ့အရေပြားတွေသည် တစ်လက်လက်တောက်ပကာ မွှေးညှင်းပေါက်တွေသည် သက်သောင့်သက်သာ ဖြစ်စွာဖြင့် ပြန့်ကားလာခဲ့ကာ အညစ်အကြေးတွေကို စွန့်ထုတ်သည်။ထို့နောက် ဝိညာဉ်အဆီအနှစ်တွေသည် အထဲသို့ဝင် ရောက်သွားခဲ့ကာ သူ၏ကိုယ်ကလည်း တစ်ဖန် စုပ်ယူ၏။
“အံ့ဩစရာဘဲ။”
ငှက်နီကြီးက လေးစားစွာဖြင့် ကြည့်နေခဲ့သည်။
ရှီဟောင် မျက်လုံးတွေ ဖွင့်လိုက်သည်။ ပွက်ပွက်ဆူနေသည့် ရေသည် သူ့ကိုယ်အား မည်သည့်သက်ရောက်မှုမှ မဖြစ်စေပေ။ ဒီတစ်ကြိမ်တွင် သူသည် ဝိညာဉ်ခန္ဓာကိုယ်အား အသုံးမပြုခဲ့ဘဲ သူ၏ရုပ်ခန္ဓာအစဉ်ဖြင့် စွမ်းအင်တွေ အားလုံးကို စုတ်ယူနေခဲ့သည်။သူ၏ သန့်စင်သည့် ပထမအဆင့်သည် ပြီးပြည့်စုံသွားချေပြီ။နောက်ထပ် ဆက်လုပ်ရန် မလိုတော့ချေ၊
“ဘယ်လောက်ကြီးလိုက်တဲ့ ပင့်ကူကြီးလဲ။”
ငှက်နီကြီး မှင်သက်သွားသည်။ လူတစ်ယောက်၏ မျက်နှာအရွယ်လောက် ကြီးသည့် ကျောက်စိမ်းရောင်တောက်ပနေသည့် ပင့်ကူကြီးအားမြင်လိုက်ရကာ ထိုပင့်ကူကြီးသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေ၏။
ရှီဟောင်သည် မိစ္ဆာဝိညာဉ်ရေကန်က သတ္တဝါတွေကို ဖမ်းခဲ့ဖူးသည်။ထိုထဲတွင် ရွှေရောင်ပင့်ကူတစ်ကောင်လဲပါ၏။ သို့ရာတွင် သူထိုအကောင်အား အသုံးပြုလျှင် အဆင်ပြေ နိုင်မည်လား မသေချာသဖြင့် သူတွေးတောနေခဲ့ခြင်းဖြစ်သည်။သူသည် စစ်မှန်သည့် မဟာကျွမ်းကျင်ပညာရှင်အဆင့်သို့ ဝင်ရောက်သည့်အချိန်မှသာ ထိုသတ္တဝါတွေအား အသုံးပြုချင်နေ၏။
ထို့ကြောင့်အခြားတစ်ခုအား အစားထိုးရမည် ဖြစ်သည်။ သူသည် နှစ်တစ်ရာကျော်သက်တမ်းရှိသည့် ဆေးမြစ်တွေအား ရှာမတွေ့ခဲ့သော်လည်း ထိုတစ်ဝက် သက်တမ်းရှိသည့် ဆေးမြစ်ကိုတော့ ရှာတွေ့ခဲ့သေးသည်။ ထိုကြောင့် သူနီဗားနားဆေးအား မဖော်စပ်နိုင်သေးသည့်အတွက် သူက အခြားအဆင့်တစ်ခုသို့သာ တက်လှမ်းရန် ကြိုးစားထားခြင်းဖြစ်သည်။
အုတ်မြစ်ချခြင်းအဆင့်မှ နောက်တစ်ဆင့်သို့ထိုးဖြတ်ရန် အလွန်ခက်ခဲကြောင်းအားလုံး သိထားကြသည်။ သူသည် အဆင့်တိုင်း၏ကန့်သတ်ချက်ကို ချိုးဖြတ်တတ်သူဖြစ်သဖြင့် ဒီအဆင့်တွင်လည်း ထိုသို့လုပ်ရန် သူကဆုံးဖြတ်ထားသည်။လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပွက်ပွက်ဆူနေသည့် ရေထဲတွင်ထည့်ကာ သန့်စင်ခြင်းသည် သက်ရောက်မှုမြင့်မားစေသည်။ သို့သော် အလွန်အမင်းဖိအားပေးကာ ကျင့်ကြံခြင်းမျိုးတော့ဖြင့် လုပ်ဆောင်ရန် မသင့်ချေ။
အုတ်မြစ်ချခြင်းအဆင့်အား အစဦးအဆင့်၊အလယ်အလတ် အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထိုးအထက်အဆင့်ဆိုပြီး အဆင့်လေးဆင့်ခွဲခြားထားခဲ့သည်။ သူ၏ အောင်မြင်မှုများသည် အစဦးအဆင့်တွင်သာ ရှိမနေသင့်ချေ။ သို့ရာတွင် လက်ရှိရေပမာဏနှင့် ဆေးမြစ်တွေသည် သူ၏ခန္ဓာကိုယ်အား အန္တာရယ် မဖြစ်နိုင်တာကတော့ သေချာသွားခဲ့၏။ထို့ကြောင့် အစဦးအဆင့်အား ကျော်လွန်သွားခဲ့ချေပြီ။
ငှက်နီကြီးသည်လည်း ရှီဟောင်မည်သည့်အရာတွေ လုပ်ဆောင်နေကြောင်း သိချင်နေသည်။သို့သော် အရေးကြီးဆုံးအခြေအနေသို့ ရောက်နေကြောင်းသိသဖြင့် သူက တိတ်တိတ်သာ နေလိုက်တော့သည်။သူသည် မနှောက်ယှက်တော့ဘဲ ကြည့်သာကြည့်နေတော့သည်။
“မေ့လိုက်တော့”
ရှီဟောင်က နောက်လှည့်လိုက်သည်။ထို့နောက် အခြားသောအဆိပ်ပိုးကောင် တစ်မျိုးကို ထုတ်လိုက်ကာ ဒယ်စောက်အိုးထဲသို့ ထည့်လိုက်တော့၏။အထဲတွင် ဆေးပင်နှစ်ဆယ် သို့မဟုတ် ထိုထက်များပြားသည့် ပမာဏ ရှိနေခဲ့ကာ အထဲတွင်သားရဲအရိုးတွေနှင့် ရေနဂါးအရိုးတွေပြုတ်ထားသကဲ့သို့ ပွက်ပွက်ဆူနေသည်။အမျိုးမျိုးသော ပါဝင်ပစ္စည်းတွေနှင့် အိုးသည်ပြည့်နက်နေခဲ့၏။
” အိုး ထပ်ထည့်ရဦးမှာလား”
ငှက်နီကြီး မှင်သက်သွားသည်။သူသည် အထဲသို့ ထည့်သည့်ဆေးတွေသည် မကုန်နိုင်တော့ဘူးလားဟု တွေးနေမိတော့၏။
ရေတကောင်းတစ်ခုလုံးသည် ပြည့်နက်သွားခဲ့ပြန်ကာ တစ်ဖန်ပိတ်သွားပြန်သည်။ထိုသို့ဖြင့် တစ်နေ့သာ ကုန်ဆုံးသွားခဲ့၏။ ကြီးမားလှကာ တောက်ပလှသည့် အဝါရောင်ဒယ်စောက်အိုးကြီးသည် အလင်းရောင်တွေတောက်ပနေခဲ့ကာ ချိတ်ပိတ်ထားသည်။အထဲတွင်တော့ ဝိညာဉ်အဆီအနှစ်တွေ ပြည့်နက်နေခဲ့ကာ မွှေးရနံ့တွေလှိုင်နေခဲ့၏။
“မဟုတ်တော့ဘူး။ဒါက ဘယ်လိုဆေးသန့်စင်တာ မို့လို့လဲ။”
ထိုနေရာ၏ပိုင်ရှင်သည် မှင်သက်နေခဲ့သည်။ကောင်းကင်နယ်မြေကြီးရှိ ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေ အားလုံးတို့သည် ထိုခြံဝန်းထဲသို့သာ ဝင်နေကြောင်း သူသိနေခဲ့၏။
ခြံဝန်း၏ အပြင်ဘက်တွင် ခေါင်းကိုးလုံးခြင်္သေ့၊မီးတောက်ကျီးကန်းနှင့် အခြားသူတွေအားလုံးလည်း မှင်သက်နေကြသည်။ ထိုဆေးသန့်စင်တဲ့ဖြစ်စဉ်သည် ဝိညာဉ်အဆီအနှစ် တွေကိုတောင်မှ လှုပ်ရှားစေနိုင်စွမ်းရှိသည်။အလွန်အားပြင်းလှသည့်မြင်ကွင်းဟု သူတို့ထင်ကြ၏။ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူတွေဟာလည်း မှင်သက်သွားကြသည်။
“မြန်မြန် မြန်မြန် ဝင်္ကပါအလံတွေကို ထုတ်လိုက်တော့။ဘေးပတ်ဝန်းကျင်ကနေ တားဆီးထားလိုက်ကြ”
ဟောင်လင်းအာက ပြောလိုက်သည်။
သူတို့သည် ခြံဝန်းပတ်ပတ်လည်တွင် ဝင်္ကပါခင်းကျင်း လိုက်ကြသဖြင့် ပြင်းထန်သည့်လှုပ်ရှားမှုတွေ ရှိလာသည့်အခါ ပတ်ဝန်းကျင်ကလူတွေ သိနိုင်တော့မည်မဟုတ်ချေ။ သူတို့တွေသည် ခြံဝန်းထဲသို့ဝင်လိုက်သည့်အခါ ဝိညာဉ်အဆီအနှစ်ပေါင်းများစွာသည် လေဝဲတစ်ခုကဲ့သို့ဖြစ်ကာ ထိုအိုးသည်ဆုတ်ယူနေကြောင်း တွေ့လိုက်ရတော့သည်။ အသက်စွမ်းအင်တွေသည် ထိုးထွက်နေခဲ့ကာ မယုံနိုင်စရာအဆင့်သို့ ရောက်ရှိနေခဲ့၏။ ရှီဟောင်သည်လည်း ထိုထဲတွင်ရှိနေသည်။ ငွေရောင်မီးတောက်တွေသည် မြေအောက်ထဲမှ ထွက်နေခဲ့ကာ ပြင်းထန်စွာလောင်ကျွမ်း နေခဲ့သေး၏။ ထို့နောက် အထဲတွင်ရှိသည့် ဝိညာဉ်ပစ္စည်းတွေ အားလုံးသည် အဝါရောင်ဒယ်စောက်အိုး၏ စုပ်ယူခြင်းကို ခံနေသည်။
အဆုံးတွင် ခြံဝန်းတစ်ခုလုံး တည်ငြိမ်သွားခဲ့သည်။ဒယ်စောက်အိုး ပတ်ဝန်းကျင်တွင် လျှပ်စီးတွေတစ်လက်လက် ဖြစ်နေခဲ့ကာ မှင်သက်ဖွယ် မြင်ကွင်းအဖြစ်ပြောင်းသွားခဲ့၏။ လူတိုင်း မှင်သက်သွားကြသည်။ မည်သည့်အရာတွေ ဖြစ်ပျက်နေကြောင်း သူတို့မသိကြတော့ချေ။ မည်သည့်အချိန်က ဆေးသန့်စင်ခြင်းတွင် ယခုလောက်ထိ ပြောင်းလဲတတ်မှန်းသူတို့ မသိချေ။ သဘာဝလွန်ဖြစ်ရပ်တစ်ခုခု ဖြစ်နေသည်ဟုပင် သူတို့ခံစားမိကြ၏။ကောင်းကင်နယ်မြေကြီးတောင်မှ အလင်းရောင်ဆုံးရှုံးမိမတတ် ထိုအရာသည် တောက်ပလွန်းနေခဲ့သည်။
ဒယ်စောက်အိုးသည် လှုပ်ရှားသွားခဲ့ကာ ရှီဟောင်ကိုယ်က ထွက်ပေါ်လာခဲ့၏။ သူသည် ဆေးပုံတွေကြားထဲတွင် ရှိနေခဲ့သည်။ သူ၏ခန္ဓာတစ်ခုလုံးသည် တောက်ပနေခဲ့ကာ ကောင်းကင်နယ်မြေကြီးနှင့်အတူ ဟန်ချက်ညီနေခဲ့သည်။မြင်ကွင်းသည် ပုံမှန်မဟုတ်ချေ။
မည့်သို့ပင်ကြည့်ကြည့် ထူးဆန်းသည့် တစ်စုံတစ်ရာဖြစ်ပျက်နေမှန်း အားလုံးသိနိုင်ကြ၏။တာအိုမြည်သံတွေလည်း ပဲ့တင်ထွက်နေခဲ့သည်။ယခုဖြစ်စဉ်သည် ဆေးသန့်စင်ခြင်း သို့မဟုတ် လူသန့်စင်ခြင်းလောဟု အားလုံးတွေးမိကြပြီ။လူတိုင်း မှင်သက်နေကြ၏။မြင်ကွင်းသည် ထူးခြားလွန်းနေသည်။ရေတံကောင်းထဲမှ ရေငွေ့ပျံကာ ထွက်လာသည့် မွှေးရနံ့တွေသည် လေထဲသို့ရောက်သည်နှင့် ခြောက်သွေ့သွားရပြန်ကာ သိပ်သဘ်းလှသည့် ဝိညာဉ်အဆီအနှစ်တွေနှင့် ပြန်လည်ပေါင်းဆုံသည်။ ထို့နောက် ရေတံခေါင်းထဲသို့ တစ်ဖန် ပြန်ဝင်သွားပြန်၏။
ထိုမြင်ကွင်းသည် လူတိုင်အား သံသယဝင်စေသည်။ထိုသန့်စင်သည့်နည်းသည် အလွန်ပြင်ထန်သည့် ဝိညာဉ်စွမ်းအင်တွေအား သိပ်သည်းစေနိုင်သေး၏။ ရှီဟောင်ဖန်တီး ထားသည့် သင်္ကေတတွေနောက်သို့ တာအိုမီးတောက်က လိုက်လံကာလှည့်ပတ်ရင်း သူ၏ကိုယ်အား ဝန်းရံကာ လျှပ်စီးသံတခြိမ်းခြိမ်း မြည်စေသည်။တစ္ဆေ၊သရဲတွေ ငိုကြွေးသလော သို့မဟုတ် နတ်ဘုရားဟိန်းဟောက်သလောဟုပင် ထင်မြင်စရာရှိလာ၏။
“တော်တော် ကြောက်ဖို့ကောင်းတဲ့ နည်းလမ်းဘဲ။ဒါက ဆေးသန့်စင်တယ်ဆိုတာထက်တောင် လွန်သေးတယ်”
လူတိုင်း တုန်လှုပ်သွားကြသည်။
ရုတ်တရက် ဒယ်စောက်အိုးပတ်ဝန်းကျင်တွင် လျှပ်စီးနှင့် မိုးကြိုးတွေတစ်လျပ်လျပ်ဖြစ်သည်မှ ကြည်လင်လာခဲ့သည်။ထိုလျှပ်စီးနှင့်မိုးကြိုးတွေသည် ရှီဟောင်၏ကိုယ်အား ပစ်ခတ်နေခဲ့သော်လည်း သူအားသက်ရောက်မှုရှိမည့်အစား သူက ထိုစွမ်းအင်တွေအား စုတ်ယူနိုင်စွမ်း ရှိနေခဲ့သည်။
“ဒါက ဘယ်လိုဆေးသန့်စင်တဲ့ နည်းလမ်းလဲ။ဒါကတော်တော်လေးကို ထူးခြားလွန်းနေပြီ။”
လူတိုင်း နောက်ပြန်ဆုတ်လိုက်ကြသည်။လျှပ်စီးနှင့်မိုးကြိုးတွေသည် ပြင်းထန်လာခဲ့ကာ ကြောက်မက်ဖွယ်ကောင်းလာသည်။ ဝိညာဉ်စွမ်းအင် အဆီအနှစ်တွေလည်း ထိုးထွက်နေခဲ့ကာ ဒယ်စောက်အိုးထဲရှိ ဆေးတွေထဲသို့ တိုးလှောင်းနေခဲ့၏။
“ရွှေရောင်ဆေးလုံး”
လူတိုင်း မှင်သက်သွားကြသည်။ ဒယ်စောက်အိုးထဲတွင် ဆေးတွေသည် ပြောင်းလဲကာ ပုံသဏ္ဍာန်ုဖစ်လာကြောင်း အားလုံးသတိထားမိလိုက်ကြ၏။ရွှေရောင်အလင်းရောင်တွေသည် ရှီဟောင်အား ပတ်ပတ်လည် ဝိုင်းရံနေခဲ့ကာ ဆေးလုံးသဏ္ဍာန် ဖြေးညှင်းစွာဖြစ်တည်လာနေခဲ့၏။
ဟုန်း….
ဝိညာဉ်အဆီအနှစ်တွေသည် သိပ်သည်းစွာတွဲလျောင်းကျ နေခဲ့ကာ ဆေးသဏ္ဍာန်ဟာလဲ ပီပြင်သထက် ပီပြင်လာနေခဲ့၏။လျှပ်စီးတွေအဆက်မပြတ် ပစ်လွှတ်ကာ ငွေရောင်ဝိညာဉ်မီးတောက်ဟာလည်း ပြင်းထန်စွာတောက်လောင်လာခဲ့သည်မှာ ဒယ်စောက်အိုးတစ်ခုလုံးအား မြိုက်မတက်ဖြစ်လာလေတော့သည်။အထဲတွင် ရွှေရောင်ဆေးလုံးတစ်လုံးလည်း ဖြစ်တည်လာနေခဲ့၏။
ဒယ်စောက်အိုးသည် အချိန်တိုင်း မြောက်တက်နေသည်။ ထိုနေရာသည် သိပ်သည်းလှသည့် ရောင်စုံအလင်းတွေဖြင့် ဝိုင်းရံသွားခဲ့ကာ လျှပ်စီးနှင့်မီးတောက်တွေကြား ဒယ်စောက်အိုးက ကခုန်လေတော့၏။
ဟောင်လင်းအာသည်သာမကဘဲ ခေါင်းကိုးလုံးခြင်္သေ့၊ယွန်စီနှင့် အားလုံးဟာထိုကဲ့သို့သော ထူးဆန်းသည့် ဆေးသန့်စင်သည့်နည်းလမ်းအား မြင်ဖူခြင်းမရှိကြချေ။ သူတို့၏ နောက်ခံသည် အလွန်ပင်မြင့်မားသော်လည်း မမြင်ဖူးခဲ့သဖြင့် သူတို့စည် မှင်သက်စွာ ကြည့်နေမိကြတော့သည်။ရွှေရောင်ဆေးလုံး ဖော်စပ်သည့်နည်းသည် ထိုမျှထူးဆန်းသလောဟု သူတို့ချင့်ချိန်မိကြ၏။
ဒယ်စောက်အိုးထဲတွင် ပြောင်းလဲနေသည့် အသံတွေ ထွက်နေခဲ့ပြီး အသားတွေ အက်ကွဲသည့် အသံကဲ့သို့ ထင်ရစေသည်။ လူတိုင်း၏အမူအရာ ပြောင်းလဲ သွားတော့သည်။ ရွှေရောင်ဆေးလုံးသည် ပုံသဏ္ဍာန် ပြောင်းသွားသည်။အက်ကွဲလိုက် ဖွဲ့တည်လိုက် ပေါင်းစပ်လိုက်ဖြင့် ဖြစ်နေခဲ့၏။ရွှေရောင်ပန်းတွေ ပွင့်လန်းသကဲ့သို့ အက်ရာတွေကလည်း ဖြာထွက်နေခဲ့ကာ ရှီဟောင်၏ အခြေအနေအား သူတို့မြင်နိုင်နေ၏။
” ဘာတွေ ဖြစ်ကုန်တာလဲ”
ဟောင်လင်းအာပင် ကြောက်လန့်လာသည်။သူမ မှင်သက်စွာဖြင့် နောက်ဆုတ်လိုက်မိ၏။ လူတိုင်းလည်း အလေးအနက်ဖြစ်လာသည်။ ရှီဟောင်၏ပြောင်းလဲမှု ဖြစ်စဉ်သည် မှင်သက်ဖွယ် ကောင်းလွန်းလှသည်။သူ၏ခန္ဓာကိုယ် တစ်ခုလုံးအက်ရာတွေပြည့်နေခဲ့ကာ သူသည်အချိန်မရွေး ပဲ့ကြွေကျတော့မတပ် ထင်စရာရှိ၏။
” ဆေးသန့်စင်တဲ့နည်းလမ်းကို သုံးပြီး လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သန့်စင်တယ်ဆိုကတည်းက တော်တ်ာလေးကို ဖိအားပေးရမှာဘဲ။ဒီလိုနည်းမျိုးကို ရှီဟောင်ဘဲ ကြံ့ကြံ့ခံနိုင်လောက်တယ်။”
အားလုံး အကဲဖြတ်ကြရင်း မတည်ငြိမ်နိုင်ကြတော့ချေ။
ရှီဟောင်သည် ပြောင်းလဲမှုဖြစ်စဉ် အတောအတွင်းတွင်ရှိနေခဲ့၏။ ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် ပြောင်းလဲမှုအား ဖိအားပေးကာ ရုန်းကန်နေရသည်။သူသည် အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်နေခဲ့သည်မှာ မကြာသေးသဖြင့် အဆင့်တက်နိုင်ရန် ခက်ခဲလွန်းနေခဲ့သည်။သို့ရာတွင် ဒီနေ့တွင်တော့သူအိုးထဲတွင် နေကာချိုးဖျက်တက်ရောက်မည် ဖြစ်သည်။
သူသည် အုတ်မြစ်ချခြင်းအဆင့်၏ အလယ်အလတ်အဆင့်သို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ပြောင်းလဲမှု ဖြစ်စဉ်တွေသည် အလွန်ပင်ပြင်းထန်လွန်းလှသည်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသည့် လျိုဝှက်ရတနာ၏ဖိအားပေး တွန်းကန်ကာဖွင့်နေခြင်းကြောင့် ဖြစ်ပေသည်။သူ၏အလားအလာသည် အလွန်မြင့်မားသည်။သူ၏ အသွေးအသားတွေ ကတောင်မှ ဖိအားပေးဒဏ်တွေအား မခံနိုင်တဲ့အထိ သူ၏ အလားအလာသည် မြင့်မားလွန်းနေခဲ့၏။
ရှီဟောင်သည် မလှုပ်ရှားချေ။ သူသည် ထိုနေရာတွင်သာ ငြိမ်ငြိမ်လေးထိုင်ပြီး ပြောင်းလဲမှုဖြစ်စဉ်ကို သုံးသပ်နေခဲ့၏။ ထို့နောက် ရွှေရောင်ဆေးလုံးအားဆက်လက် သန့်စင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်၏ အလားအလာသည် ပွက်ပွက်ဆူနေသည့် ရေတွေကြောင့် အက်ကွဲသော်လည်း ပြင်းထန်သည့် စိတ်စွမ်းအားကြောင့် ပြန်လည်ဖွဲ့တည်နေခဲ့သည်။
ထိုသို့ဖြင့် ဖြစ်စဉ်သည် သံသရာလည်နေခဲ့၏။သူသည် သွေးစိမ်းရှင်ရှင်ထွက်ကာ တစ်ကိုယ်လုံးမှ နားကျင်မှုတွေအား ခံစားရသော်လည်း ရွှေရောင်အလင်းတွေနှင့် ဝန်းရံကာ ပြန်လည်ကောင်းမွန်ကာ သက်သာနေဆဲဖြစ်ပေသည်။ ထိုသို့ဖြင့် ရွှေရောင်ဆေးလုံးမှာလည်း တစ်ဖန် ပုံသဏ္ဍာန်ပေါ်လာပြန်၏။ ဒီတစ်ကြိမ်တွင်တော့ ဆေးလုံးသည် ကြီးသထက် ကြီးလာခဲ့ကာ ရွှေရောင်အလင်းတွေ ထုတ်လွှတ်နိုင်သည့် ဝန်းကျင်ဟာလည်း ကျယ်သထက်ကျယ်လာခဲ့သည်။
ထိုအခိုက် သူ၏စိတ်သည် ကြည်လင်သွားသည်။ သူသည် သူ၏ အသားထဲတွင် အုတ်မြစ်ချထွင်းထုလေတော့၏။ ထိုအဆင့်အား လုပ်ဆောင်နိုင်စွမ်းရှိသူတို့ သည် အလွန်ပင်စွမ်းအားကြီးမားလှသည့် သူတွေမှသာ လုပ်နိုင်စွမ်းရှိကြပေသည်။ သာမန် အုတ်မြစ်ချခြင်အဆင့်ပညာရှင်တို့သည် ထိုသို့လုပ်နိုင်စွမ်း မရှိ ကြချေ။