သုခကမ္ဘာက ရှီဟောင် - Chapter - 598
” ငါတော်တော်များများတော့ သိတယ်”
လင်းခွန်ကခေါင်းညိတ်လိုက်သည်။ ဆန္ဒမရှိသော်လဲ ကပ်ဘေးမကျရောက် လာစေရန်အတွက် ပြောရန်သာ ဆုံးဖြတ် လိုက်တော့သည်။ နတ်ဆိုးကောင်စုတ်လေး ရှိသည့်နေရာ နှင့်ဆေးမြို့တော်သည် ဝေးကွာသော်လဲ နတ်ဆိုးကောင်စုတ်လေး၏ နာမည်သည် ကျော်ကြားလွန်းလှသဖြင့် သူ ကြားဖူးနေခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ထိုကောင်စုတ်လေးသည် ကောင်စုတ်လေးသာဖြစ်ခဲ့သေးတာတောင်မှ ကွပ်လပ်နတ်ဘုရားနယ်မြေအားလှိုင်းထန်စေခဲ့ပြီး လူတိုင်းအား အနိုင်ကျင့်နိုင်ခဲ့သည်။ တစ်နှစ်ကြာသည့်အချိန်တွင် နတ်မျက်လုံး နှစ်သွယ်ပိုင်ဆိုင်ထားသည့် သူ၏အစ်ကိုကိုပင် သတ်ဖြတ်နိုင်ခဲ့ကာ အဆင့်လွန်ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့သည်။
ဆယ်ကျော်သက်ဝန်းကျင်သာရှိသော ငယ်ရွယ်သေးသည့် ထိုကောင်လေးသည် နတ်ဘုရားတွေအား ဒေါသထွက်စေနိုင်ပီး လူသားတွေအား ပေါက်ကွဲအောင်လုပ်နိုင်နေခဲ့သည်။ မဟာကလန် ကြီးတွေတောင်မှ ကူကယ်ရာမဲ့ကြရသဖြင့် လင်းခွန်ကဲ့သို့သော်သူမျိုးသည် ထိုကပ်ဘေးအား ရင်ဆိုင်နိုင်မည်မဟုတ်ခြေ။
ထို့ကြောင့် တစ်ဖက်လူအား ရန်စမိသည်ကိုပင် သူနောင်တရနေခဲ့သည်။ လက်ရှိအချိန်တွင် အခြေအနေတွေအရ သူသိထားသမျှအကြောင်းအရာတိုင်း ပြောပြရတော့မည့် အခြေအနေသို့ ရောက်ရှိနေပေသည်။
ထိုအခိုက် တစ်ဖက်အဖွဲ့စိတ်လှုပ်ရှားစွာဖြင့် စိတ်ဝင်တစားဖြစ်လာကြသည်။ ယွန်စီတောင်မှ လှုပ်ရှားလာလေ၏။ အင်ပါယာလိပ်ပြာသည် ကျော်ကြားလွန်းလှကာ ဝိညာဉ်သစ်မြစ်တွေတွင် အမြစ်တွယ်နေတတ်သည့်အပြင် သူ၏ခွန်အားတစ်ခုတည်းတာတောင်မှ လောကတစ်ခုလုံးအားလှုပ်ခါစေနိုင်စွမ်းရှိပေသည်။
ရှေးဟောင်းနတ်ဆိုးကောင်းကင် အက်ကွဲ လိပ်ပြာဟုပင် ခေါ်ဆိုနိုင်ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်း လှသည့်စွမ်းအားတွေအားပိုင်ဆိုင်ခဲ့ သဖြင့် ပြိုင်ဘက်ကင်းသည်ဟုဆိုသည်။ ကျင့်ကြံခြင်းလောကတွင် ရှေးခေတ်တွင်တောင်မှ တစ်ကောင်သာလျှင် ပေါ်ခဲ့ဘူးသည်အထိ ရှားပါးလွန်းသည်။ သူသည်ကြောက်မက်ဖွယ် သားရဲဆယ်ကောင်ထဲတွင်တောင်မှ ပါဝင်နိုင်သည့် အလားအလာ ရှိခဲ့သူဖြစ်သည်။
ရွှေလိပ်ပြာ၏ အထက်တွင် နတ်ဘုရားလိပ်ပြာဆိုသည့် အဆင့်အတန်း အားပိုင်ဆိုင်ထားသည့် ထိုအင်ပါယာလိပ်ပြာသည် အလွန်အးစွမ်းအားကြီးလှသည့်နတ်ပိုးကောင် အမျိုးအစားဖြစ်သည်။ သူသည် အကြိမ် အနည်းငယ်ခန့် ပေါ်လာဖူးသော်လဲ ပေါ်လာသည့် အကြိမ်တိုင်း ကောင်းကင်ကိုတောင်လွှမ်းခြုံနိုင်သည့် အလားအလာတွေအား ထုန်ဖော်ပြသနိုင်ခဲ့၏။ သို့ရာတွင် ထိုသို့အကြိမ်အနည်းငယ်ပေါ်ခဲ့ဖူး ခြင်းသည် တစ်ချိန်တည်းတွင်ပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင်တော့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းခဲ့ပြီဖြစ်သည်။
“တစ်ကောင်ထဲပဲ။ ဒါပေမဲ့ မရေမတွက်နိုင်တဲ့ မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်တယ်”
ယွန်စီကို နူးညံ့ညင်သာစွာဆိုသည်။ ရှေးဟောင်းကောင်းကင်နတ်တောင်တွင် ထိုအကြောင်းအရာနှင့်ပတ်သတ်သည့် အရိုးစာအုပ်တစ်အုပ်ရှိခဲ့ဘူးသည်။
သို့သော် ထိုလိပ်ပြာ မည်ကဲ့သို့ဖြစ်ပျက် လာကြောင်း မည်သူကမှ မသိကြပေ။ သေချာနေသည်ကတော့ ထိုလိပ်ပြာတစ်ကောင်ထဲကပင် မျိုးဆက်ပေါင်းများစွာ မွေးဖွားပေးခဲ့ခြင်းသာဖြစ်သည်။
လင်းခွန်၏ အတွင်းစိတ်ထဲတွင် အကြောင်းရာအမျိုးမျိုးနှင့် ရုန်းကန်ပြီးသည့်နောက် ရှီဟောင်နှင့်စိတ်ဝင်စားနေသည့် အခြားသူတွေ အားလုံးက သိလိုက်သည်။ ကပ်ဘေးအား ရှောင်လွဲရန်အတွက် သူပြောပြရန် နောက်ဆုတ်ခဲ့လိုက်တော့၏။ တစ်ဖက်သူအား ကလဲ့စားခြေရန် မဖြစ်နိုင်ခြေ။ ထို့ကြောင့်ရိုးသားခြင်းသာ ပြသင့်ပေ၏။
တွေးတောပြီးသည့်နောက် သူက ထိုနတ်ပိုးကောင်သည် အုပ်မြစ်ချခြင်းအဆင့်တွင်ရှိသည့် အကြီးအကဲတစ်ယောက်ဖြစ်သည့် သူလိုလူကကောင်းမွန်စွာကာကွယ်နိုင်သည့်အရာမဟုတ်မှန်း သေချာနေသဖြင့်ပြောပြလိုက်လျှင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်သွားမည်မဟုတ်ဟုသူ ယူဆသည်။
ရှီဟောင်၏ အလားအလာကိုတော့ဖြင့် တွေးတောရန်မလိုအပ်ပေ။ လက်ရှိအချိန်တွင် လူတိုင်းသိနေကြသည်မှာ သူ့ကိုသာ လုံးလောက်သည့် အချိန်ပေးလိုက်လျှင် သူသည် လက်ရှိတွင် ရှိနေခဲ့ကြသေးသည့် ကြောက်မက်ဖွယ် ဂိုဏ်းကြီးတွေက ပုဂ္ဂိုလ်ကြီးတွေကိုတောင်မှ ကျော်လွှားသွားနိုင်သည်ဖြစ်သည်။ ထို့ကြောင့် သူသည် လက်လျှော့ကာ ရှီဟောင်ဘက်တွင်သာ နေရန်ဆုံးဖြတ်လိုက်တော့၏။
သူက ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ မြေပြန့်အား ခံစားနေသည့် အချိန်တွင် မြေဆီလွှာထဲမှသင်္ကေတတွေထိုးထွက်လာခဲ့သည်။ ထို့နောက် တစီစီမြည်သံနင့်အတူ အက်ကွဲထွက်သွားခဲ့၏။ လင်းခွန်သည် လေးထောင့် သဏ္ဌာန်ဖြစ်နေသည့် ခြေဖဝါးအရွယ်အရွယ်အစားရှိသည့် ဝင်္ကပါအပေါက်ကလေးထံမှ ကျောက်တုံးလေး တစ်တုန်းအားဆွဲထုတ်ကာ ရှီဟောင့်ထံသို့ ထည့်ပေးလိုက်သည်။
“သူက အင်ပါယာလိပ်ပြာလား”
လူတိုင်းမျက်လုံးတွေ ပြူးကျယ်သွားကြသည်။ လူတိုင်း၏ အသက်ရှုသံတွေပင် ခက်ထန်ကုန်၏။ ဟောင်လင်းအာ၏ မျက်ဝန်းတွေတောင်မှ တလက်လက်ဖြစ်လာသည်။ သို့သော် ရှီဟောင်လက်ထဲတွင်ရှိ ကျောက်တုံးသည် သာမန်ကျောက်တုံးသာဖြစ်၏။
“ဒါကသာ အင်ပါယာကျောက်တုံး ဆိုရင် သူတစ်ကောင်ထဲနဲ့ပင် မဆုံးနိုင်တဲ့စွမ်းအားတွေကိုထုတ်ဖော်နိုင်စွမ်းရှိတယ်”
ယွန်စီက စိတ်လှုပ်ရှားစွာသတိပေးလိုက်သည်။
အမျိုးမျိုးသော ဒဏ္ဌာရီလာ သတ္တဝါတွေအကြောင်း သူမသည် အလွန်သိချင် စိတ်ပြင်းသဖြင့် ဖတ်ရှာမှတ်သား လေ့လာဖူးသည်။ ထို့ကြောင့်ရှေးခေတ်ကတည်းက အဆင်အဆက် တည်ရှိခဲ့ဖူးသည့် မျိုးဆက် နတ်သတ္တဝါတွေအကြောင်း အရာစာအုပ်တွေအား သူမ ဖတ်ထားခဲ့ဖူး၏။ ထိုအင်ပါယာလိပ်ပြာသည် တစ်ကောင်ထဲတောင်မှ မယုံနိုင်စရာခွန်အားတွေအား ပိုင်ဆိုင်ကာ အရာရာပြောင်းလဲနိုင်စွမ်းရှိကြောင်းသိနေခဲ့ပေသည်။
လင်းခွန်သည် အနည်းငယ်ရှက်ရွံ့သွားကာ နူးညံ့သည့်အသံဖြင့်ပြော၏။
“ဒီထဲမှာ အရေးကြီးတဲ့ သဲလွန်စတွေပါတယ်။ တကယ်တော့ ဒါက လိပ်ပြာမဟုတ်သေးပါဘူး”
လူတိုင်း စိတ်ပျက်သွားကြသည်။ သို့သော် သက်ပြင်းရှိုက်လိုက်မိကြသည်။ ထိုသည်မှာ သဘာဝ ကျသည်။ လောကအား တုန်လှုပ်နိုင်စွမ်းရှိသည့် နတ်ပိုးကောင် တစ်ကောင်အား ဘုရင်အဆင့်ပုဂ္ဂိုလ်တစ်ယောက်မှ ယူဆောင်နိုင်စွမ်းရှိ နိုင်မည်မဟုတ်ချေ။ ထို့သို့ဖြစ်နေလျှင်လဲ အလွန်ပင် ထူးဆန်းလွန်းနေလောက်ပေ၏။
ထိုကျောက်တုံးလေးသည် ဖွင့်လို့ရသည့် သဏ္ဌာန်လေးဖြစ်ကာ ဆွဲဖွင့်လိုက်သည့် အချိန်တွင် အထဲတွင်ကြေးနီးရောင်အပိုင်းအစလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုထဲတွင် လျှို့ဝှက်ဆန်းကြယ်လှသည့် သင်္ကေတတွေ ပေါင်းစုနေခဲ့ကာ အစင်းရာတွေနှင့် ခပ်ဖျော့ဖျော့ အလင်းရောင်တောက်ပလျက်ရှိသည်။ ကြည့်လိုက်ရုံနှင့် ရှေးဟောင်းပစ္စည်းမှန်းသိသာနေပေ၏။
“ဒါက ကြေးနီရောင် အပိုင်းအစတစ်ဝက်ပဲ။ ငါတို့ဆေး နတ်ဘုရားဂိတ်မှာတော့ ဒီပြီးပြည့်စုံ တဲ့ကြေးနီရောင် မှော်လက်နက်တစ်ခုကို ရှာတွေ့မှပဲ ဒဏ္ဌာရီထဲက အင်ပါယာလိပ်ပြာကို ရလိမ့်မယ်လို့ရေးထားတယ်။”
လင်းခွန်က ရှင်းပြသည်။
သူသည် လက်ထဲတွင်ရှိသည့် အပိုင်အစလေးကို ကြည့်လိုက်သည်။ လွန်ခဲ့သည့် န်ှစပေါင်းများစွာအကြာက မျိုးဆက်အိုကြီးတစ်ယောက် ထိုကြေးနီရောင်အပိုင်းအစကို ယူဆောင်လာခဲ့ကာ ဒီနေရာတွင်ချိတ်ပိတ်ထားခဲ့သည်။ လူတိုင်းသည်တစ်စုံတစ်ရာကတော့ဖြင့် ထူးဆန်းကြောင်းခံစားမိခဲ့သည်။ ရှေးခေတ်အချိန်ကတည်း ကဆိုလျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းနေခဲ့ပြီဖြစ်သော်လည်း အခြား ကြေးနီရောင်အပိုင်းအစအား မည်သူကမျှမရခဲ့ဟု ဆိုလိုကြောင်းနားလည်သွားကြသည်။
“ဒီလို သဲလွန်စတွေရှိနေတယ်။ ဆေးနတ်ဘုရားကျဆုံးသွားတဲ့ နှစ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေ အာလုံးက သူ့ရဲ့ကလေးဆီမှာပဲ ချန်ရစ်ခဲ့တယ်။ ဒီကြေးနီရောင်အပိုင်းအစကလဲ သူ့လက်ထဲမှာ ကျန်ခဲ့တာပဲ”
လင်းခွန်ကရှင်းပြသည်။
“ဘာ .. ဒါကဆေးနတ်ဘုရားဆက်ခံသူနဲ့ပတ်သတ်နေတာလား”
ခေါင်းကိုးလုံးခြင်္သေ့ကမေးလိုက်သည်။
“မှန်တယ် သူ့ရဲ့အရိုးစု အကြွင်းအကျန် တွေကရှိသေးတယ်လေ”
လင်းခွန်က ခေါင်းညိတ်ရင်း အသေးစိတ်ရှင်းပြလိုက်သည်။ ဤအရာသည် ဝင်္ကပါတစ်ရာကျော်နှင့် ဖုံးလွှမ်းထားခဲ့သည့် နတ်ချိုင့်ဝှမ်းနှင့်နီးသည်။သမိုင်းတွေအရ များစွာသောသူတွေသည် နေ့စဉ်သွားရောက်ကာ ထိုနေရာအားဝင်ရောက်ကာ ရှာဖွေနိုင်ရန်ကျိုးစားနေကြသော်လည်း သဲလွန်စအနည်းငယ်ခန့်ကိုသာ ရှာတွေ့ခဲ့သည်။
ငှက်နီကြီး မပျော်မရွင်ဖြစ်သွားသည်။ ထိုနေရာသည်မည်သို့သောနေရာဖြစ်ကြောင်း သူသိသည်။ သူတို့တွေ ဝင်ခွင့်မရချေ။ ခရမ်းရောင်ဝတ်စုံနှင့် ယွန်စီက နတ်ဘုရားတွေ ခင်းကျင်းထားခဲ့သည့် ဝင်္ကပါတွေဖြစ်မည်ဟု ဆိုခဲ့သေးသဖြင့် မည်သူမျှချိုးဖြတ်ကာ ဝင်ရောက်ခြင်းမရှိနိုင်မည်မှာ ထင်ရှားနေခဲ့သည်။
“မနေ့ကမမျှော်လင့်ထားတာ ဖြစ်ပျက်ခဲ့တယ် တစ်စုံတစ်ယောက်က မြေအောက်က တံခါးပိတ်ကျင့်ကြံလို့ရတဲ့ဂူတစ်ခုကိုတွေ့ခဲ့တယ်။ အဲ့ဒီဂူက ခြံ၀င်းနဲ့ဆက်နေတာပဲ”
လင်းခွန်ကပြောသည်။
“ဒါက ဘယ်လိုအခြေအနေရှိလဲ ..။ အုပ်မြစ်ခြခြင်းအဆင့်က လူတွေက နတ်ဘုရားတွေခင်းကြင်းထားတဲ့ ဝင်္ကပါတွေကို ဖြတ်သန်းပြီးသွားလို့ရတာလား” လူတိုင်းမေးလိုက်ကြသည်။
“တကယ်တော့ အဲ့ဒီနေရာကို ဖွင့်ခဲ့တဲ့သူက ရှေးဟောင်း ပုဂ္ဂိုလ်တစ်ယောက်ပဲ အောင်မြင်စွာနဲ့ ဝင်္ကပါသုံးခုကို ချိုးဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အထဲမှာပဲသေဆုံးသွားခဲ့ရတယ်။ အထဲကို တစ်စုံတစ်ယောက်ကဝင်ကြည့်တော့ မှော်လက်နက်တွေ အများကြီးတွေ့ရတယ်လို့ပြောတယ်။ အဲ့ဒီထဲမှာ ကျောက်စိမ်းတိုင်တစ်တိုင်ရှိတယ်။ အဲ့ဒီတိုင်ပေါ်မှာသေဆုံးသွားတဲ့ သူရဲ့နာမည်ကို ရေးထိုးထားတယ်လို့ပြောကြတယ်”
လင်းခွန်ကပြောသည်။
ထိုစကားတွေ အားကြားလိုက်သည့် အချိန်တွင် လူတိုင်းအနည်းငယ် သဘောပေါက်သွားကြသည်။
“ဒီကိစ္စကလျှို့ဝှက်ချက်ပဲ လူအနည်းစုပဲ ဒီအကြောင်းသိတယ်။ ဆေးမြို့တော်က လူတော်တော်များများကတော့ အပြင်ကိုထွက်ပြီး နတ်ချိုင့်ဝှမ်းက ဝင်္ကပါတွေကို ချိုးဖြတ်ပြီးဝင် ရောက်နိုင်ဖို့ကြိုးပမ်း နေကြတယ်။ သူတို့က အကျိုးအမြတ်ရမလားဆိုတာ စောင့်ကြည့်နေကြတာပေါ့။”
ဤစကားတွေ အားကြားသည့် အချိန်တွင် သူတို့တွေ ငြိမ်ငြိမ် မထိုင်နိုင်ကြတော့ပေ။
အခြေအနေအား နားလည်အောင်သုံးသပ်ကြည့်မည်ဆိုလျှင် လင်းခွန်တောင်မှ ထိုချိုင့်ဝှမ်းအားသွားရောက်ချင်နေပေသည်။ ထို့နောက် သူတို့တွေ ဆုံးဖြတ်ချက်ချ လိုက်ကာ လင်းခွန်ကိုဦးဆောင်ကာ လိုက်ပို့စေတော့၏။ ထာဝရစွမ်းအင်တွေသည် ထိုနေရာအား အဆက်မပြတ် ခွေညွတ်ကာ လွှမ်းခြုံထားခဲ့ကာ ခမ်းနားလှတဲ့ အလင်းရောင်တွေသည် နေရာအနှံ့ပြန့်ကျဲနေခဲ့၏။ ထိုချိုင့်ဝှမ်းသည်အလွန်ပင် လျှိ့ဝှက်ဆန်းကြယ်လွန်းသည့်သဏ္ဌာန်ထွက်ပေါ်နေခဲ့၏ ။
ဒီတစ်ကြိမ်တွင် ရှီဟောင်သည် နတ်မြစ်အား သူမြင်ခဲ့ရသည့် နေရာသို့မသွားပဲ အမျိုးမျိုးသောဝင်္ကပါတံဆိပ်တွေ လွှမ်းခြုံထားခဲ့သည့် နေရာသို့သာ သွားလိုက်သည်။ ရှင်းလင်းစွာပင် ထိုနေရာအားတစ်စုံတစ်ယောက်သည် ထိန်းချုပ်ထားခဲ့သည်။ အလံတွေသည် တစ်လွှင့်လွှင့်ဖြစ်နေကာ ထိုနေရာတစ်ခုလုံးအား မြူထုတွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူထဲ ပိတ်သဲနေခဲ့ကာ အထဲရှိမည်သည့် အရာကိုမျှ မမြင်နိုင်အောင် ဖြစ်နေစေတော့သည်။
လင်းခွန်သည် ဆေးမြို့တော်မှ ပုံရိပ်ကြီးမားသူတစ်ယောက်ဖြစ်သဖြင့် သူ၏ လူတွေအားခေါ်ကာထိုထဲသို့ဝင်ရောက်ခွင့်ရှိသည်။ ထိုနေရာအား စွမ်းအားကြီးသည့် ကျွမ်းကျင်ပညာရှင်တွေက သိမ်းယူထားခဲ့ကာ လက်ရှိတွင်မည်သူမှ ဝင်ရောက်ခွင့်မရှိတော့ချော
“အကြီးအကဲလင်း ခေါ်လာတဲ့ သူက နဲနဲမြင့်တယ် .. ”
သူတို့ထိုထဲသို့ ဝင်သွားသည်နှင့် ထိုနေရာကို စောင့်ကြပ်နေခဲ့သည့် လူအချို့ နှုတ်ဆက်လာသည်။ စောင့်ကြပ်နေသည့် ခွင့်ပြုချက်ရှိတဲ့ သူတွေကသာ ထိုထဲသို့ ဝင်နိုင်ခွင့်ရှိသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။
လင်းခွန်သည် ပြုံးလိုက်ကာ ထိုသူတွေနှင့် နှုတ်ဆက်စကားပြောလိုက်သည်။ ထို့နောက်ရှီဟောင်နှင့်အခြား သူတွေကို ဦးဆောင်သွားကာ အထဲသို့ဝင်သွား၏။
ထိုနေရာကို စောင့်ကြပ်နေရသည့် ထိုနေရာသည် တွ့ရှိခဲ့သည်ဆိုသော မြေအောက်ဂူတစ်ခုဖြစ်သည်။ ထိုဂူသည် နက်ရှိုင်းလွန်းလှကာ ကြမ်းတမ်းမည့်ပုံရိသည်။ တကြမ်းလောက်သာ မြင့်သည့်အနေအထား အတိုင်းက ဆက်သွားမည်ဆိုလျှင်ချိုင့်ဝှမ်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် နောက်ပိုင်းဆက်တွေ့ရမည့် ဝင်္ကပါတွေသည် မည်မျှချိုးဖြတ်ရန်ခက်ခဲမည် ဆိုသည့်အကြောင်းကိုမူ သူတို့လက်တွေ့သာကြုံရမည်ဖြစ်သည်။ လမ်းတစ်လျှောက်ဖွင့်သွားရမည့် ဝင်္ကပါတွေအား ပေးဆပ်ရမည့်တန်ကြေးသည် မိမိဘာသာ ရမည်ဖြစ်ကာ တစ်စုံတစ်ရာမှားရွင်းသွားလျှင်ပေးရော်ရမည်မှာ အသက်စွမ်းအားဖြစ်သည်။
ရှေးဟောင်းသင်္ကေတတွေကိုလဲ ဂူအတွင်းတွင်ထွင်းထုထားခဲ့ကာ ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါတွေဟာ ပြည့်နှက်နေခဲ့သည်။ ထိုသင်္ကေတတွေကိုထိတွေ့ကြည့်လျှင် မည်သည့်အရာမှ မကျန်ရှိလောက်အောင် ချက်ခြင်းသေဆုံးသွားနိုင်စွမ်းရှိသည်။ ရှေးဟောင်ဂူ ထဲအချိန်အတန်ကြာသွားပြီးမှသာ ထွန်းလင်းနေသည့် နယ်မြေသို့သူတို့ရောက်သွားသည်။ ထိုနေရာတွင် ပထမဆုံး ဝင်္ကပါ တစ်ခုတည်ရှိနေသည်အား သူတို့မြင်လိုက်ရသည်။
“ဒီနေရာကလောကတစ်ခု သူ့ဘာသာဖြစ်တည်သလိုပါပဲလား”
မီးတောက်ကျီးကန်းကပြောလိုက်သည်။
လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားကြ၏။ ထိုနယ်မြေသည် အလွန်ကြီးမားလှသည်။ သူတို့မည်သည့်နေရာတွင်ရပ်နေကြောင်းကိုပင် သူတို့သေချာမြင်နိုင်စွမ်း မရှိပေ။ ထိုနယ်မြေသည် သူတို့မြင်ခဲ့ရသည့်တောင်တန်းချိုင့်ဝှမ်းထက်များစွာကြီးမားကြောင်း သူတို့သိသည်။
ကြီးမားသည်မှာ အဆများစွာပင် သာနိုင်သေး၏။ ထိုအရာသည် သူတို့ပထမဆုံးတွေ့ရသည့် ဝင်္ကပါငယ်လေး တစ်ခုသာဖြစ်နေသေးသည်။ အခြားသော ဝင်္ကပါ တစ်ရာကျော်အားထပ်ပေါင်း ထည့်လိုက်လျှင် ထိုနေရာသည် မည်မျှကျယ်ပြောကာ ကြောက်မက်ဖွယ်ကောင်းနေကြောင်းသိရပေတော့မည်။
သူတို့တွေ ခေါင်းကိုက်ရချေသည်။ လူတိုင်းသည်ကြိုးစားကာ မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်ခြင်ပဲ ထိုဝင်္ကပါအား ချိုးဖြတ်ရန်ကြိုးစားကြသည်။ တစ်ခနကြာသည့်နောက် ရှေ့ဆက်လျှောက်ရန်ဆုံးဖြတ်လိုက်ကြ၏။ မည်သည့်တိုက်ခိုက်မှုမှ မရောက်လာသည့်ပးအတွက် လမ်းလျှောက်ခြင်းက နှောင့်ယှက်မှု မဖြစ်နိုင်လောက်ချေ။ သို့သော် မည်မျှလျှောက်နေပါစေ အဆုံးကိုသာ သူတို့မြင်နေရသည်။ သူတို့ရောက်နေသည့်နေရာသည် အဆုံးမရှိနိုင်သည့် နတ်ချိုင့်ဝှမ်းကြီးဟုပင် သူတို့ထင်လာမိတော့၏။
“ငါ့အထင်တော့ ဝင်္ကပါတစ်ရာလုံးကိုပေါင်းပြီး တစ်သောင်း အကျယ်အဝန်းကို ဖုံးလွှမ်းထားတာလဲဖြစ်ရမယ်။ ဒါမဟုတ် ဒီထက်နဲနဲကျယ်တဲ့ နေရာတစ်ခုလုံးကို ဝင်္ကပါတွေပေါင်းပြီး ဖုံးလွှမ်းထားတာဖြစ်ရမယ်”
ဟောင်းလင်းအာက တွေးတော ကြည့်လိုက်သည်။
ထိုစကားသည် လူတိုင်း၏ သွားတွေအား တကြိတ်ကြိတ်ဖြစ်လာစေသည့်အပြင် ကျယ်ပြောမည်ဟု ထင်လာစေသည်။ ဝင်္ကပါကြီးသည် လီတစ်သောင်းကျော်ကိုတောင်မှ ဖုံးလွှမ်းနိုင်လျှင် ထိုအရာအား ခင်းကျင်းခဲ့သူသည် မည်မျှစွမ်းအားကြီးကာအံ့အားသင့်ဖွယ် ကောင်းမည်ဖြစ်ကြောင်း တွေးတောနိုင်ပေသည်။
“ဒါက ဘာရည်ရွယ်ချက်ကြောင့်များ ဒီလိုခင်းကျင်းခဲ့တာလဲ .. ဒီလောက်ကြီးတဲ့ ဝင်္ကပါကြီးခင်းပြီး ဘာလုပ်ချင်နေတာများလဲ ” ခေါင်းကိုးလုံးခြင်္သေ့ကတွေးတောကြည့်လိုက်သည်။
“ဒီနေရာမှာ အကြာကြီး ရှင်သန်ဖို့ကတော့ မဖြစ်နိင်လောက်ဘူး”
ရှီဟောင်သည်လဲ အံ့အားသင့်သည့်အမူအရာဖြစ်နေခဲ့သည်။ ပထမဝင်္ကပါထဲတွင် တွေ့ရသည့် အသီးအရွက်ပင် တွေသည်နည်းပါးလွန်းလှကာ တွေ့ရသည့် အပင်တွေမှာလဲပြန့်ကြဲအက်ကွဲနေခဲ့သည်။ အကြောင်းမူကားဝင်္ကပါက ဝိညဏ်စွမ်းအင် အဆီအနှစ်အတိုင်း ကိုစုပ်ယူလိုက်သဖြင့် ကျန်တဲ့အရာရာသည် ခြောက်ကပ်နေရသောကြောင့်ဖြစ်ပေသည်။
“ကာကွယ်ထားတဲ့ ဝင်္ကပါတွေအပြင် ဝိညဏ်စွမ်းအင်ကိုစုပ်ယူတဲ့ ဝင်္ကပါလဲရှိနေသေးတယ်။ အဲ့ဒါတွေအားလုံးက ဝိညာဉ် စွမ်းအင်ကို စုပ်ယူပြီးချိုင့်ဝှမ်းရဲ့အလယ်ကို ပို့ပေးနေတာ ဖြစ်လောက်မယ်။”
ခရမ်းရောင်ဝတ်စုံနဲ့ ယွန်စီကပြောလိုက်သည်။
“လီတစ်သောင်း အကွာအဝေးတစ်ခုလုံးက ဝိညာဉ် စွမ်းအင်အကုန်လုံးကိုစုပ်ယူပြီး ဝိညာဉ် သစ်ပင်တစ်ပင်ထဲကို ထောက်ပံ့နေတာတော့ မဟုတ်ဘူးမလား”
ဟောင်လင်းအာသည် မှင်သက်နေခဲ့သည်။ ထို့သို့ထောက်ပံ့ နေခြင်းဆိုလျှင် ထိုအပင်သည် အလွန်ထူးခြားသည့်အပင်ဖြစ်ရပေမည်။ ရှီဟောင်တောင်မှတုန်လှုပ်လာခဲ့၏။ ထိုတောင် ချိုင့်ဝှန်းကြီးသည် ပြိုင်ဘက်ကင်းလှသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက် လဲလှောင်းခဲ့သည့် နေရာဟု သူတွေးထင်လာ မိသည်။ ဤလောကကြီးသည် အရာရာမှခွဲထွက်နေသည်ဟုပင်သူတို့ထင်မြင်လာခဲ့မိ၏။
”တကယ်လို့ အဲ့ဒီအရာက တစ်ယောက်ယောက်ချန် ထားရစ်ခဲ့တာဆိုရင် တစ်ယောက်ယောက်က ပြန်ယူသွားဖို့ဆန္ဒရှိခဲ့လို့ဘဲ ဖြစ်မယ်။”
ရှီဟောင်က တွေးဆကြည့်လိုက်သည်။ ထိုပြိုင်ဘက်ကင်းသည့် ပုဂ္ဂိုလ်သည် နောက်တစ်ကြိမ်ပြန်ရှင်ခြင်းတော့ဖြင့် မဖြစ်နိုင်ပါပေ။
လင်းခွန်၏ ဦးဆောင်မှုတွင် သူတို့တွေသည် ရှေးဟောင်းဂူထဲသိူ့ တစ်ဖန်ဝင်ရောက်သွားရပြန်ကာ ဒုတိယဝင်္ကပါအား တွေ့ရပြန်၏။ ထိုနေရာတွင်လဲ နေရာ လှည့်သင်္ကေတတွေကို တွေ့ရသည်။
သို့သော် အလွန်ပင်ကျယ်ပြောလွန်းလှ၏။ သူတို့တွေသည်လဲ လက်နက်တွေ၏ အကူအညီကိူယူကာလျှင်မြန်စွာ ဖြင့်ဖြတ်ကျော်သွားရကာ မြေပြင်သို့ပြန်ရောက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဒုတိယဝင်္ကပါသည်လဲ အကန့်အသတ်မရှိလောက်အောင် ကျယ်ပြောလွန်းနေခဲ့ကာ ပထမဝင်္ကပါထက်တောင် မှကြီးမာနေသေးသည်။ သိုသော်ထိုနေရာတွင်လဲ မည်သည့် အဖိုးတန်အရာကိုမှမတွေ့ရပေ။
လင်းခွန်ကပြောပြသည်။
“ငါတို့ဒီအတိုင်း ဆက်သွားနေရင်အ န္တရာယ်များတယ်။ ဆေးနတ်ဘုရားရဲ့ ကလေးက တတိယဝင်္ကပါမှာသေဆုံးသွား ခဲ့တာပဲ။ သူကအဲ့ဒီကဖိအားတွေကို မတော်င့်မခံနိုင်ခဲ့ဘူး”
“သွားမယ်”
ရှီဟောင်သည် တစ်ချက်တော့သွား၍ ကြည့်ခြင်နေသည်တတိယဝင်္ကပါထဲသို့ဝင်လိုက်သည့်အချိန်သည့် အချိန်ထိ လုံခြုံနေသေးသည် ။အကြောင့်မူကားထိုဝင်္ဂပါသုံးခုလုံးအား ဆေးနတ်ဘုရား၏ကလေးမှ ဖြတ်ဆီးခဲ့သေးသည်။
သို့သော် ဝင်ရရုံသာဖြစ်ကာ အခြားသောလှုပ်ရှားမှုတို့လုပ်နေသည့် မည်သည့်အရာတို့ဖြစ်ပျက်နိုင်ကြောင်းကိုမူ မသိကြခြေ။ ထိုနေရာတွင် လူအယောက်တစ်ရာ ကျော်ရှိနေခဲ့ကာ တစ်စုံတစ်ရာအား ဖမ်းဆုပ်မိရန် လေ့လာနေကြသည်။
ထိုသူတွေအားလုံးသည် ဆေးမြို့တော်မှ ပုံရိပ်ကြီးမားသူတွေဖြစ်ကြသည်။ ထိုသူတွေနှင့် သူတို့၏ တပည့်ဂိုဏ်းသားတွေဆကိခံသူ တွေဖြစ်ပေ၏။ သူတို့တွေသည် ကောင်းကင်ဘုံမှပေးသည့် အခွင့်အရေးအားရရှိရန်ကြိုစားနေကြသည်။ လုံခြုံသည့် ထိုနေရာသည် မကြီးမားပေ။ ဝေဝါးသည့် မြူထုတွေသည် ပတ်ဝန်းကျင်တစ်ခုလုံး အားဝေဝါးစွာဖြင့်ဖုံ းလွှမ်းထားခဲ့ကာ အားလုံး၏ အမြင်အာရုံအားပိတ်ဆို့ထား၏။
ထိုနေရာတွင် ရှာဖွေနေကြသည့် သူတွေသည် တစ်စုံတစ်ရာရရှိရန်မျှော်လင့်နေကြ၏။
” ဒီမှာ မှော်လက်နက် အပိုင်းအစတွေရှိနေတာပဲ။ ”
ထိုနေရာတွင် ပျက်စီးနေသည့် အလံတွေနှင့် အတူ ပျက်စီးနေသည့် လက်နက်တွေကိုလဲတွေ့ရသည်။ထို့အပြင် အက်ကွဲနေသည့် မူလသင်္ကေတအရိုးတွေနှင့် ဆေးဒယ်စောက်အိုး တွေကိုလဲတွေ့ရပေ၏။
“ဒါက စီနီယာကျန်ရစ်ခဲ့တာပဲဖြစ်ရမယ်”
လင်းခွန်က လက်ညိုးညွှန်ကာပြောလိုက်သည်။ သူ လက်ညိုးညွှန်ပြသည့်နေရာတွင် အရိုးစုရှိနေခဲ့သည်။ သို့သော် မီးခိုးရင့်ရောင်ဖြစ်ကာ အလွန်ပင်ပုံမှန်မဟုတ်သည့်ပုံစံဖြစ်နေခဲ့၏။
သို့သော် ထိလိုက်ရုံဖြင့် အက်ကွဲနိုင်မည်ဟု ထင်မြင်စရာ ရှိနေခဲ့သေး၏။ ကြောက်မက်ဖွယ်ကောင်းလှသည့် ဝင်္ဂပါကြောင့် သေဆုံးသွားခဲ့ရပုံပေါ်သည်။ ထို့အပြင် ဝိညဏ် စွမ်းအင်စုဆောင်ခြင်းဝင်္ကပါသည်လဲ ထိုကိုယ်မှဝိညာဉ် စွမ်းအင်တွေအားလုံး အားစုပ်ယူသွားခြင်းဖြစ်လောက်ပေ၏။
“ဒီနေရာမှာ ကြာကြာနေရင် လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ထိန်းသိမ်းထားနိင်စွမ်းရှိမှာ မဟုတ်ဘူး”
သူတို့တွေက ထိုအကြောင့်အရာကိုနားလည်လိုက်သည်။
တတိယဝင်္ကပါသည် ချိုးဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ထို့့ကြောင့်လုံခြုံသည့်နေရာသည် ကျဉ်းမြောင်းလွန်းနေခဲ့၏။
“အကြီးအကဲလင်း .. မင်းလာပြီပဲ”
တစ်စုံတစ်ယောက်က နှုတ်ဆက်သည်။
“ဆေးနတ်ဘုရားတဲ့ ဆက်ခံသူက ငါတို့ရဲ့ဘိုးဘေးရဲ့ဆရာပဲ။ ပြီးတော့သူက အလွန်အမင်းမြင့်မားတဲ့အဆင့်အတန်းရှိတဲ့သူပေါ့။ ငါတို့တွေ သုတေတနလုပ်ခဲ့ပြီးပြီ။ သူက နတ်ဘုရား အဆင့်နှောင်းပိုင်းနယ်ပယ်ထဲကို ဝင်ရောက်ဖို့ ခြေလှမ်းပြင်နေပြီ။ ဒီနေရာမှာရှိတဲ့ သင်္ကေတတစ်ခုကြောင့် သူ အသက်ပေးသွားရတာပဲ”
သူတို့ပေးလာသည့် အချက်အလက်သည် မှင်သက်ဖွယ်ေကာင်းသည်။ ရှီဟောင်တောင်မှ ကြောင်သွားခဲ့၏။ သူသည် နတ်မျက်လုံးကိုထုတ်သုံးလိုက်မိသည်။
တစ်ဖက်သူသည် နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်ဖြစ်မည်ဟု သူ မထင်ထားခဲ့ချေ။ ထို့ကြောင့် သူ၏စိတ်အတွေးသည် တုန်လှုပ်သွားရတော့သည်။ မြင်နေရသည့် အရိုးတွေသည် မီးခိုးရင်းရောင်ဖြစ်နေသည်။ ထိုအရာမှ နတ်ဘုရားဆန်သည့်အလင်းရောင် ပျပျရှိနေသေးကြောင်းတွေ့လိုက်ရတော့၏။
ထိုနတ်ဘုရားဆန်သည့် ပုဂ္ဂိုလ်သည် ဝင်္ကပါနှစ်ခုနှင့် တစ်ဝက်ခန့်ကို ချိုးဖြတ်နိုင်ခဲ့သဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်နေရာသို့ သူတို့ရောက်နေကြောင်း သေချာသွားတော့သည်။
ထိုကဲ့သို့သော သူတောင်မှ သေဆုံးသွားရ၏။ ရှီဟောင်လည်း မျှော်လင့်ချက်မျ ားများစားစားမထားထားချေ။ ဒီနေရာသည် အလွန်အန္တရာယ်များကြောင်းသူသိနေခဲ့တယ်။ ထို့အပြင် ဟိုဟိုဒီဒီလျှောက်သွားနေလျှင် တောင်မှ ကြေးနီရောင်အပိုင်းအစအားရှာတွေ့မည်ဟု မသေချာပေ။
“ဒီနေရာမှာ တကယ်ပဲ ရှိနေတာပဲ”
သူ အချိန်မဖြန်ုးတော့ပဲ လက်လျှော့တော့မည့် အချိန်တွင် သူ၏ နတ်မျက်လုံးနှစ်သွယ်မှ ထူးဆန်းသည့် အရှိန်အဝါကို အာရုံခံမိလိုက်သည်။ ထိုအရာမှ အရှိန်အဝါသည် သူ၏ကိုယ်တွင်ရှိသည့် ကြေးနီရောင်အပိုင်းအစ၏ အရှိန်အဝါနှင့်တူသည်။ သူ ဂရုတစိုက် လေ့လာကြည့်သည့် အချိန်တွင် မှင်သက်သွားရတော့သည်။ ထိုနေရာတွင် အမှန်တကယ်ကို အခြားတစ်ဝက်ရှိနေခဲ့၏။
ထိုသည်က မမျှော်လင့်ထားသည့် အံအားသင့်မှုဖြစ်ပေသည်။