သုခကမ္ဘာက ရှီဟောင် - Chapter - 602 နတ်ပိုးကောင်နဲ့စားစရာ
ထိုပိုးကောင်သည် အလွန်ဘဲသေးငယ်လှကာ ရှီဟောင်၏ ကော်လံထဲတွင် ကပ်နေလေသည်။ သူသည် ရှက်ရွံ့ဟန်နှင့် ပုန်းကွယ်နေဟန် ရှိသေးပေသည်။ ရှီဟောင်သည် စိတ်လှုပ်ရှားမိသလို တစ်ပြိုင်တည်းမှာဘဲ စိုးရိမ်မိပေသည်။
ထိုကောင်လေးအား မွေးမြူရန်အား မလွယ်ကူချေ။ထိုကောင်လေးသည် မည့်သည့်အရာတွေအား စားသုံးခြင်းကိုလည်း သူ မသိချေ။ ထိုကောင်သည် အင်ပါယာလိပ်ပြာဖြစ်လာမည့်ကောင် ဖြစ်သည်။ကြီးပြင်းလာမည့် အချိန်တွင် ကြောက်မက်ဖွယ်သားရဲဆယ်ကောင်နှင့် တူညီသည့်ခွန်အားများကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ သို့ရာတွင် သူ၏သေချဂရုမစိုက်နိုင်မှုကြောင့် သေဆုံးသွားမည်ဆိုလျှင် အလွန်ပင်နှမြောဖွယ်ကောင်းလွန်းနေသည်။
“မင်း ပေါက်ကရ အစားအစာတွေတော့ မစားလောက်ပါဘူးနော်။ ဘယ်လိုဖြစ်ဖြစ် မင်းကောင်းကောင်း အသက်ရှင်ဖို့ လိုအပ်တယ်။”
ရှီဟောင်က တိတ်တဆိတ်ပြောလိုက်သည်။သူက ထိုကောင်လေးကို ကောက်ကိုင်ကာ ခပ်ဖွဖွပွတ်သပ်ပေးသည်။ သူ့အား လန်းဆန်းတဲ့ ခံစားမှုကိုရစေသည်၊ ထို့အပြင် သူ၏လက်ချောင်းတွေသည် မွှေးပျံ့သည့်ရနံ့နဲ့အတူ နူးညံ့တဲ့ ခံစားချက်ကို တစ်ပြိုင်တည်းရလိုက်သည်။
ထိုကောင်လေးသည် ဥာဏ်ရည်ဖွံ့ဖြိုး နေလောက်ပေ၏။ လူတိုင်းသည်လည်း အံ့ဩနေခဲ့၏။ ထိုမွှေးပျံ့သည့်ရနံ့သည် အလွန်ဘဲဆွဲဆောင်မှုရှိကာ သူတို့၏ စိတ်တွေ လန်ဆန်းစေသည်။ သူတို့ခန္ဓာကိုယ်တွေတောင်မှ သက်တောင့်သက်သာဖြစ်ကာ လေထဲတွင်မျောနေသည်ဟု ခံစားလိုက်ရ၏။
“ကောလဟာလတွေအရဆိုရင် နတ်ဘုရားတွေနဲ့ အထွတ်အမြတ် သတ္တဝါတွေက သူတို့မျိုးစိတ်ရဲ့ မူလစွမ်းအင် အရှိန်အဝါကို မွေးဖွားကတည်းက ထုတ်လွှတ်နိုင်စွမ်းရှိတယ်တဲ့။”
ယွန်စီက ပြောပြသည်။ သူမသည်လည်း တုန်လှုပ်နေခဲ့၏။ သူမ၏ မျက်စိရှေ့တွင်ရှိသည့် နတ်ပိုးကောင်လေးကို ယွန်စီက သေချာစိုက်ကြည့်နေ၏။
နတ်ပိုးကောင်လေးသည် လောကရှိ အမျိုးမျိုးသောဝိညာဉ်စွမ်းအင် ဆေးပင်တိုင်းကို ရှာဖွေနိုင်စွမ်းရှိသည်။ ထိုသတ္တဝါလေးသည် မွေးဖွားလာသည်နှင့် သိပ်သည်းလှသည့် မွှေးရနံ့တွေကို ထုတ်ဖော်နိုင်စွမ်းရှိ၏။ ထိုအရာတွေသည် သူတို့၏မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် နတ်စွမ်းအင်အဆီအနှစ်ဖြစ်ပေသည်။
“လာဦး လာဦး။ အနီးကပ်ကြည့်ရအောင်။”
ငှက်နီကြီးက သွားရည်ကျနေသည်။ သူသည် ငှက်မျိုးစိတ်ဖြစ်သည်။ ထို့ကြောင့် သေးငယ်လှသည့်ပိုးကောင်လေး တွေမြင်သည့် အချိန်တွင်တော့ မနေနိုင်ဘဲစားချင် လာတော့သည်။ ထို့အပြင် မွှေးပျံ့သည့်ရနံ့ကလည်း ရှိနေခဲ့သေး၏။ ရှီဟောင်က လက်ဝါး တစ်ချက်နှင့် ငှက်နီကို ဘေးသို့ ရိုက်ထုတ်လိုက်သည်။ အနည်းငယ် တွေးတောပြီးသည့်နောက် သူသည်နေရာတွင် ကြာကြာမနေသင့်ကြောင်း တွေးတောလိုက်၏။ သိပ်မကြာခင်ချိန်တွင် သူတို့ကခြံဝန်းထဲရှိ အပျက်အစီးပုံကို စစ်ဆေးလိုက်ကြသည်။ လေးဘက်လေးနံတွင် ဝင်္ဂပါတွေခင်းကျင်းထားခဲ့ကာ သူတို့သာဂရုမစိုက်လျှင် ထိုပိုးကောင်ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
“ဒီထဲမှာရှိတဲ့ ဆေးမွှေးရနံ့တွေက အဲ့လောက်မပြင်းတော့ဘူးဘဲ။”
လူတိုင်းအံ့ဩသွားကြသည်။ ပိုးကောင်၏ ကိုယ်သည် အလွန်ပင် ဖျော့တော့နေခဲ့သေး၏။
“သေမျိုးလောကရဲ့ နိမ့်ကျတဲ့စွမ်းအင်တွေကို ရှုရှိုက်လိုက်မိလို့ အားနည်းသွားတာများလား။ ဒါမှမဟုတ် ဒါက ကောင်းတာလည်း ဖြစ်နိုင်တာဘဲ။ မဟုတ်ရင် ငါတို့ အာရုံစိုက်မှုတွေ မခံရတော့ဘူးပေါ့။”
ဟောင်လင်းအာက ပြောသည်။ သူမသည် ထိုရွှေရောင်ပိုးကောင်လေးကိုသာ ကြည့်နေခဲ့သည်။
ရုတ်တရက် ဖောက်ထွင်း မြင်ရမတတ် ကြည်လင်လှသည့် နတ်ပိုးကောင်လေးသည် ရှီဟောင်၏အူထဲသို့ ဝင်ရောက်သွားတော့မတပ် ကပ်တွယ်နေလေသည်။
ရုတ်တရက် ယွန်စီ၏အမူအရာ ပြောင်းလဲသွားခဲ့ကာ ပြောလာသည်။
“နေဦး နေဦး။ ရွှေရောင်အရောင်တောင်မှ မှေးမှိန်လာပြီ။သူက ခွန်အားပြည့်ဖို့အတွက် တစ်ခုခုကိုဆုပ်ယူဖို့ လိုအပ်တာဖြစ်မယ်။ မဟုတ်ရင်တော့ ပြသနာတက်ပြီဘဲ။”
ထိုနတ်သတ္တဝါအမျိုးအစားသည် အလွန်ပင်စွမ်းအားကြီးကာ ကောင်းကင်ကတောင်မှ မနာလိုဖြစ်ရသည်။ သို့သော် ထိုကောင်းကင်ကတောင် မနာလိုဖြစ်ရသည့် သတ္တဝါအားကျွေးမွေးရန် တန်ကြေးကြီးလိမ့်မည်မှာ သေချာနေလေသည်။ ငယ်ရွယ်စဉ်အချိန်တွင် အလွန်ဘဲထူးခြားတတ်ကာ သူလိုအပ်သည့် ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေ ပြည့်ဝရန်ကျွေးမွေးရန် လိုအပ်ပေ၏။
လူတိုင်းက ထိုစကားအားကြားလိုက်သည့် အချိန်တွင် စိတ်ထဲတွင် တုန်လှုပ်သွားကြ၏။ သူတို့၏ အမူအရာသည် ပြောင်းလဲသွားကြပြီး အလွန်ဘဲစိုးရိမ်သွားသည်။ ရှေးခေတ်အချိန်ကတည်းက ပျောက်ကွယ်သွားခဲ့သည့် လောကကိုတောင်တုန်လှုပ်နိုင်စွမ်းရှိသည့် သတ္တဝါတစ်ကောင် ပေါ်လာခဲ့သော်လည်း သေသွားခဲ့မည်ဆိုလျှင် အလွန်ဘဲနောင်တရစေနိုင်ပေသည်။
“အဆင်ပြေပါတယ်။”
ရှီဟောင်က ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေရင်း သူ့ထံတွင်နေခြင်းသည် အသင့်တော်ဆုံးဟု ခံစားမိလေသည်။ အကြောင်းမှာ ထိုမီးခိုးရောင်အမျိုးသမီးသည် သူကသာလျှင် ထိုနတ်ပိုးကောင်အား မွေးမြူနိုင်သည်ဟု ဆိုခဲ့သည်။ ရှီဟောင်က ကောင်းကင်နှင့်မြေကြီးအိတ်ထဲက အရာအားလုံးကို ထုတ်ကြည့်လိုက်သည်။
ထို့နောက် တွေးတောလိုက်ကာ ထိုနတ်ပိုးကောင်လေးကို ဖမ်းရင်းအထဲသို့ ပစ်ထည့်လိုက်၏။ သူဘာသာသူ စားချင်တဲ့အရာကိုရှာစားနိုင်ရန် ခွင့်ပြုလိုက်တော့သည်။ သိပ်မကြာခင်အချိန်တွင် သူနောင်တရသွားလေတော့သည်။ ထိုသေးငယ်လှသည့် ရွှေရောင် ပိုးကောင်လေးသည် သလင်းလုံးနှစ်လုံးထံသို့ပြေးဝင်သွားတော့သည်။ တစ်လုံး၏ အထဲတွင် နတ်ရေစက်တွေကို သိမ်းဆည်းထား၏။ ထိုအရာတွေသည် ထာဝရစွမ်းအင်တွေပင် ဖြစ်သည်။ အလွန်ဘဲတောက်ပကာ နေအသေးစားတွေနှင့်တောင် တူပေ၏။ သို့သော် လက်ရှိအချိန်တွင်တော့ ရှီဟောင်ကထိုရေစက်တွေကို သူကိုယ်တိုင်နှင့်ရွာသားတွေအတွက် အသုံးပြုခဲ့သဖြင့် နှစ်စက်သာကျန်တော့၏။ ထိုနှစ်စက်ကို သူက သိမ်းဆည်းထား၏။
ထိုနှစ်စက်သည်ပင် မယုံနိုင်လောက်အောင် စွမ်းအားကြီးကာ တန်ဖိုးရှိပေသည်။ ပျက်သုန်းခြင်းနယ်မြေတစ်ခုလုံးကို ရှာဖွေလျှင်တောင်မှ ရှာတွေ့လိမ့်မည်မဟုတ်ချေ။ ထိုအရာကို ကွဲကြေတောင်တန်းတစ်ရာတွင်သာ ရှာတွေ့နိုင်မည်ဖြစ်သော်လည်း သူက ထိုအချိန်က ငါးစက်သာရခဲ့သည်။ထိုသလင်းလုံး နှစ်လုံးကို မြင်လိုက်သည့်အချိန်တွင်တော့ ရှီဟောင်၏ နှလုံးသားမှာ သွေးတွေစိမ့်ထွက်လာသည်။ ထိုကောင်စုတ်လေး၏ မျက်ဝန်းတွေသည် ထိုထာဝရ စွမ်းရည်ထံသို့ ရောက်သွားသည်။
“ငါအတွက်တောင်မှ မသုံးရက်တဲ့ဟာကိုကွာ။”
ရှီဟောင် သက်ပြင်းချလိုက်သည်။ ထိုနတ်ရေသည် လူ့အသက်ကိုတောင်မှ ကယ်နိုင်စွမ်းရှိသည်။ သူ အသက်ဘေးကျသည့်အချိန်တွင် သူ ထိုရေတစ်စက်ကိုသုံးလိုက်မည်ဆိုလျှင် သူ သေရာမှပြန်ရှင်နိုင်စွမ်းရှိ၏။
” ယိ .. ”
သူ မှင်သက်နေသည့်အချိန်တွင် သလင်းလုံးအခြေတွင် မကြာခဏရပ်ကြည့်လိုက် ပြန်သွားလိုက်လုပ်နေကြောင်း တွေ့လိုက်ရသည်။ သို့သော်သူက နတ်ရေစင်ကို မထိချေ။
ယွန်စီ၊ ခေါင်းကိုးလုံးခြင်္သေ့နှင့် အခြားသူတွေအားလုံးသည် ကောင်းကင်နှင့် မြေကြီးအိတ်အနားသို့ ကပ်လာကာ လိုက်ကြည့်လိုက်ကြသည်။ အထဲတွင်ရှိသည့်အရာတွေအား မြင်သည့်အချိန်တွင်တော့ သူတို့အံ့ဩသွားကြသည်။ ရှားပါးလှကာ အဖိုးတန်လှသည့်ပစ္စည်းတိုင်း အထဲတွင်ရှိနေ၏။
” အဲ့ .. ကောင်စုတ်က ငါ့ရဲ့ပစ္စည်းကောင်းတွေဆီကိုဘဲ သွားနေတာဘဲ .. ။”
ရှီဟောင် အံကြိတ်လိုက်တော့၏။
ကျောက်စိမ်းရေတံခါးတစ်ခုသည် ထိုအထဲတွင်ရှိနေခဲ့ကာ အထဲတွင်စစ်မှန်သည့် မဟာရေကို သိမ်းဆည်းထားခဲ့သည်။ ထိုအရာကို ကွဲကြေတောင်တန်းတစ်ရာမှဘဲ သူ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ထို အဖိုးတန်ရေသည် ဂျင်အနည်းငယ်ရှိသည်။ ထို့ကြောင့် စိုးရိမ်ရန်တော့ မလိုအပ်ချေ။
ထိုရွှေရောင်ပိုးကောင်စုတ်လေးသည် ကျော့ရှင်းတဲ့အရှိန်အဝါတွေကို ထုတ်ဖော်ခဲ့ကာ ရွှေရောင်ပြပြပင်လက်နေခဲ့၏။ ထို့နောက် ရှေ့ဆက်သွားလိုက် ထိုနေရာတွင်ရပ်နေလိုက် ကြည့််နေပြန်သည်။ တစ်ခဏအကြာတွင် သူက မလှုပ်ရှားတော့ချေ။
” ယိ မင်းတို့မြင်လား။ ဒီကောင်က လက္ခဏာပြနေတာကွ သူက ထာဝရရေဖြစ်ဖြစ် စစ်မှန်တဲ့ မဟာရေဖြစ်ဖြစ် လိုချင်နေတာ။ အဲ့နှစ်ခုကလွဲပြီး သူကအခြားဘာကိုမှာ စားမယ်မထင်ဘူး။”
ငှက်နီကြီးကပြောသည်။
ရှီဟောင်၏ သွားများသည် ချဉ်စုတ်လာသလို ခံစားလိုက်ရသည်။ သူ၏အနာဂတ်လမ်းကြောင်းသည်တော့ ပျက်စီးလောက်ချေပြီ။
” ဒီကောင်စုတ်လေးက ဝိုင်ကိုတော်တော်ကြိုက်တဲ့ပုံဘဲ။”
နတ်ပိုးကောင်လေးက ဝိုင်အိုးနားသို့ပြေးသွားကာ အထဲသို့ခုန်ဝင်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာသောက်နေလေတော့၏။ အချိန်အတော်ကြာသည့်တိုင်အောင် ထိုထဲတွင် မလှုပ်မရှပ်နေခဲ့သည်။
ထိုအရာကို ခွန်ပန်၏ အသိုက်မှ ရခဲ့သည်ဖြစ်ကာ အထဲတွင် ရှေးဟောင်းဝိုင်စက်တွေရှိပြီး မရေမတွက်နိုင်သည့် နတ်စွမ်းအင်တွေ ပါဝင်နေ၏။ထိုအရာ၏ သက်ရောက်မှုသည် အံ့ဩဖွယ်ကောင်းလှသည့်ဆေးပင်တွေထက် သာပေ၏။
လူတိုင်းက လျှာသပ်လိုက်ကြသည်။ ထိုကောင်စုတ်သည် ပစ္စည်းကောင်းတွေကို ထုတ်မသုံးသေးချေ။တစ်ချိန်လုံး သိမ်းထားပေ၏။
သိပ်မကြာခင်အချိန်တွင်ပင် ထိုကောင်စုတ်လေး၏ ပစ်မှတ်သည် ဆုတောင်းဖျာသို့ ရောက်သွားသည်။ ထိုဖျာအား အကြီးအကဲတစ်သန်းက အကိုင်းအခက်အရွက်တွေဖြင့် ရက်ထားခြင်းဖြစ်ကာ ခွန်ပန်၏ အသိုက်မှဘဲ သူရခဲ့ခြင်းဖြစ်ပေသည်။ အကြီးအကဲသစ်သားသည် ကောင်းကင်ထဲတွင် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း နားလည်ထားရပေသည်။ထို့ကြောင့် ထိုအကြီးအကဲ သစ်သားဆိုသည်မှာ ထာဝရနတ်သစ်ပင်ဟု ခေါ်ဆိုထိုက်ပေ၏။
ဒီတစ်ချိန်တွင်တော့ လူတိုင်း၏အာရုံသည်တော့ ပြောင်းလဲသွားရတော့၏။ ရွှေပိုးကောင်လေးသည် သစ်သားအားကိုက်ဝါးပစ်လိုက်၏။ သူသည် ပျော်ရွှင်စွာဖြင့် စားသောက်နေလေတော့၏။
“သူက အကြီးအကဲသစ်သားကို စားချင်တာလား။”
လူတိုင်း မှင်သက်သွားသည်။ ဖြစ်ရပ်သည် ဆိုးဝါးပေသည်။ ထိုအကြီးအကဲသစ်သားသည် အဖိုးတန်သည်။ ရှားပါးလွန်းလှပေ၏။ ထို့အပြင် ထိုအရာသည် ကောက်းကင်နှင့်ချိတ်ဆက်ထားသည်ဖြစ်ရာ နတ်ဘုရားတွေသာ ဝင်ခွင့်ရှိသည့်နေရာဖြစ်သည်။ သို့တိုင်အောင် ထိုပိုးကောင်ကတော့ဖြင့် ပုံမှန်စားစရာကဲ့သို့ စားသုံးနေခဲ့၏။
ရုတ်တရက်ရွှေရောင်အလင်းတွေ လက်လာခဲ့ကာ ချိတ်ပိတ်ထားသည့် ကျောက်တုံးဘူးနားသို့ရောက်သွားပြန်သည်။ သူသည် ပျော်ရွှင်နေပုံရကာ တစ်ချွင်ချွင်အော်မြည်သံတွေကို ထုတ်ဖော်နေလေရင်း ထိုအရာကိုဖွင့်ရန် ကြိုးစားနေ၏။
” မရဘူး မရဘူး။ မင်းအဲ့ဒါကို ယူလို့မရဘူး။”
ရှီဟောင်ကြောင်သွားကာ အော်လိုက်တော့သည်။
အခြားသူတွေ၏ မျက်လုံးတွေလည်း ပြူးကျယ်နေခဲ့ကာ သက်ပြင်းချ လိုက်မိကြသည်။ ရှီဟောင်တွင် ရှားပါးလှသည့် စားစရာပေါင်းမြောက်များစွာ ပိုင်ဆိုင်ထားသော်လည်း ထိုကျောက်တုံးဘူးကတော့ဖြင့် အရှားပါးဆုံးရတနာ ဖြစ်ပေသည်။ ထိုအရာကို ပျောက်ဆုံးသွား၍ မဖြစ်ပါချေ။
ထိုကျောက်တုံးဘူး ပွင့်သွားသည့်အချိန်တွင် အစိမ်းရောင်နှင့် ညင်သာလှသည့် အလင်းရောင်တွေထွက်နေခဲ့ကာ တစ်ဖျက်ဖျက် အလင်းရောင်တွေ တောက်ပနေခဲ့သည့် သစ်ကိုင်းလေးဖြာထွက်လာသည်။ ထိုအရာမှ နတ်အရှိန်အဝါတွေ ထွက်လာခဲ့၏။
ထိုကျောက်တုံးဘူးသည် မိုးမခနတ်ဘုရားမှ ရှီဟောင်အားပေးခဲ့ခြင်း ဖြစ်သည်။ သူသည် တစ်စုံတစ်ရာကိုလိုအပ်လျှင် သို့မဟုတ် အန္တရာယ်ကျရောက်လျှင် ထိုသစ်ကိုင်းကို ကိုင်ကာ အသက်ဘေးမှရှောင်ရှားနိုင်ရန် အသုံးပြုနိုင်သည်ဟု ဆိုသည်။ထိုအရာသည် သူ၏အသက်ကို ကယ်တင်နိုင်မည့်အရာဖြစ်သည်။ ထိုပိုးကောင်စုတ်လေးကသာ စားသောက်လိုက်မည်ဆိုလျှင် သူတော့ နောင်တရနေလောက်ပေသည်။ သူ့မျက်ဝန်းမှ ကြယ်အလင်းရောင်တွေထွက်လာခဲ့ကာ ဖိအားပြင်းထန်လာပေသည်။
မိုးမခသစ်သားအား ထိုပိုးကောင်စုတ်ဝါးနိုင်မည်ဟု မသေချာသော်လည်း ထိုသို့ဝါးမြိုနိုင်ခွင့် မပြုနိုင်ပါချေ။ ထိုအခိုက် ထိုပိုးကောင်ကလေးက ထိုသစ်ကိုင်းစကို ပိုက်ကာ ဝါးပစ်လိုက်သည်။ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းတွေတောက်ပလာခဲ့ကာ မယုံနိုင်လောက်အောင် ထွန်းလင်းတောက်ပလာနေ၏။ ပိုးကောင်လေးသည် မည်သည့်အရာကိုမှ ဆက်မရွေးတော့ချေ။ သူသည် မိုးမခသစ်သားအား ကိုက်ဖြတ်ထားကာ မလွှတ်ပေးခဲ့ချေ။ ရွှေနှင့် အစိမ်းရောင်တွေသည် လိမ်ယှက်နေခဲ့ကာ တော်ဝင်ဆန်သည့်အလင်းရောင်မျိုးကို ထုတ်ဖော်လာခဲ့သည်။ ထိုပိုးကောင်စုန်လေး မည်သည့်အရာကို အကြိုက်ဆုံးဖြစ်ကြောင်း ရှီဟောင်သိလိုက်ရတော့၏။
“ဒီကောင်ကတော့ ဖြုန်းတီးနေတာဘဲ။ ဒီသစ်ကိုင်းကိုတောင်မှ စားရဲသေးတယ်ပေါ့။”
ရှီဟောင် စိတ်ပျက်သွားသည်။
သူ ခေါင်းကိုက်ရချေပြီ။ ထိုကောင်စုတ်လေး အကြိုက်ဆုံးသည် မိုးမခနတ်ဘုရား၏ သစ်ကိုင်း ဖြစ်သည်ဟုဆိုခြင်းမှာ အသက်ရှင်ရခြင်းအား ငြီးငွေ့နေခြင်းဖြစ်ပေသည်။ သူက ရွာကိုပြန်ယူသွားလျှင် မိုးမခနတ်ဘုရားကြောင့် ထိုကောင်စုတ်လေးသေသွားလောက်ချေပြီ။
ထိုနတ်ပိုးကောင်က သစ်ကိုင်းနှစ်ပိုင်းလောက်ကို ကိုက်စားလိုက်ပြီ။ သူ့ကိုယ်ပေါ်မှ ရွှေရောင်အလင်းတွေက ပို၍သာတောက်ပလာခဲ့ကာ နတ်အဆီအနှစ်တွေလည်း ပေါကြွယ်ဝလာသည်။ သူသည် ရတနာတစ်ခုအား ပိုင်ဆိုင်လိုက်ရသလို ပျော်ရွှင်နေခဲ့တော့၏။
သုံးကိုက်လောက် ကိုက်ပြီးသည့်နောက် မလှုပ်ရှားတော့ချေ။ သူသည် မူးရစ်သွားသကဲ့သို့ ရှေ့နောက်ယိမ်းထိုးနေခဲ့ကာ မိုးမခသစ်ကိုင်းကိုသာ ဖက်တွယ်ထားတော့သည်။ အဆုံးတွင်တော့ လှပလှသည့်ရွှေရောင်အလင်းတွေ ဝိုင်းလာခဲ့ပြီး အိပ်ပျော်သွားတော့၏။
“ဒီသစ်ကိုင်းက ဘာမို့လို့လဲ။ နတ်ဆေးပင်ရဲ့ သစ်ကိုင်းလား။ဘာလို့ ဒီနတ်ပိုးကောင်က အရမ်းကြိုက်နေရတာလဲ။”
မီးတောက်ကျီးကန်းက မေး၏။
ရှီဟောင် ခေါင်းခါလိုက်၏။ သူသည် မိုးမခနတိဘုရားအကြောင်း ရှင်းပြ၍မဖြစ်ပါချေ။ လူတိုင်းကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ထို ကောင်စုတ်လေးသည် ကောင်းတဲ့အရာတွေချည်း ရထားခဲ့သည်။သို့သော် ထိုပိုးကောင်တော့ဖြင့် အရွယ်ရောက်ရန် ခက်ခဲလွန်းလှပေ၏။ ထိုပြသနာသည် ရှီဟောင်အား ခေါင်းကိုက်စေလောက်သည်။
” ငါ့အထင်တော့ သူက အစိမ်းရောင်သစ်ကိုင်းကို အချိန်တိုင်း စားနေမယ်လို့တော့ မထင်ဘူး။ သူက ဒီသစ်ကိုင်းက စွမ်းအင်အဆီအနှစ်တွေဘဲ ဆုပ်ယူနေတာဖြစ်လောက်တယ်။”
ယွန်စီက ပြောသည်။
လူတိုင်းလည်းအချင်းချင်း ဆွေးနွေးနေကြ၏။အင်ပါယာပိုးကောင်ကို မျက်မြင်တွေ့နေရသည့်အတွက် အားလုံးစိတ် လှုပ်ရှားနေကြသည်။ သို့ရာတွင် ထိုကာင်လေး စားသည့်အရာတွေသည် သူတို့အား စိတ်အချဉ်နာပေါက်စေလောက်ပြီး နှလုံးသွေးယိုစေနိုင်စွမ်းရှိသည်။
သူသာ မိုးမခသစ်ကိုင်အား နေ့တိုင်းစားနေမည်ဆိုလျှင် အချိန်ကြာလာလျှင် ပြသနာတက်နိုင်ပေသည်။ သုံးရက်ကြာပြီးသည့်နောက် ရှီဟောင်သည် အကာအကွယ်ဖိအားတွေကြောင့် မှင်သက်နေခဲ့သည်။ သူသည် ထိုနတ်ပိုးကောင်သည် ပြန်နိုးလာသည့်အကြောင်း သိသည်။သို့သော် သူက ကောင်းကင်နဲ့မြေကြီးအိတ်ကို ကြည့်လိုက်သည့်အချိန်တွင် ထပ်မံခေါင်းကိုက်ရပေသည်။သူသည် နှလုံးသွေးတွေ ယိုစီးကျပြန်၏။
ထိုကောင်စုတ်လေးသည် ရွှေရောင်အလင်းတန်းတွေအဖြစ် ပြောင်းလဲကာ မယုံနိုင်စရာနှုန်းနှင့် လျှင်မြန်နေခဲ့ကာ လင်းခွန် သူ့အားပေးထားခဲ့သည့် အံ့အားသင့်ဖွယ်နတ်ဆေးပင်လေးခုအား ဝိုင်းထားသည်။ ထို့နောက် တကျွတ်ကျွတ် ဝါးစားနေခဲ့၏။
နောက်ဆုံးရွှေရောင်ဆေးပင် သုံးခက်သာပင် ကျန်တော့သည်။ ထိုအရာမှ သစ်ရွက်တွေတောင်မှ အက်ကွဲထွက်နေခဲ့သည်။ ကံကောင်းစွာပင် လသဏ္ဍာန်တူသည့်ပန်းသည်တော့ ကျန်နေရစ်သေးသည်။ ခရမ်းရွှေသစ်ခွသည် ဆိုးရွားသည့်ပုံသဏ္ဍာန် ရှိနေခဲ့၏။ သုံးပုံတစ်ပုံလောက်သာ ကျန်နေရစ်တော့သည်။ ထိုကောင်စုတ်လေးသည် အလွန်အစားကျူ းသည်ဟု ရှီဟောင်တွေးကာ ပို၍သာခေါင်းကိုက်လာရတော့သည်။
နဂါးပျံလုံးသစ်သီးသည် ပိုးကောင်ကြီးအရွယ်အစားတစ်ကောင်ရှိကာ ဝဖြိုးလှလေပြီ။ လက်ရှိအချိန်တွင်တော့ ကူကယ်ရာမဲ့စွာဖြင့် အလင်းတွေထုတ်လွှတ်နေရသည်။ သူခိုးစုတ်လေးသည် ထိုသစ်သီးအား ပျော်ရွှင်စွာဖြင့် ခိုးစားနေခဲ့၏။ ထိုကောင်စုတ်လေးသည် ကိုယ်ကသေးငယ်သော်လည်း အလွန်အစားကျူးသည်။
ရှီဟောင် ဒေါသထွက်လာတော့၏။ ထိုအကောင်သည် ဖြုန်းတီးလွန်းလှ၏။ အံ့အားသင့်ဖွယ် ဆေးမြစ်တွေသည် လောကထဲတွေ့ရခဲကာ ရှားပါးလွန်းလှသည်။ ကံကောင်းစွာပင် သူသည် အားလုံးမစားခဲ့ဘဲ အနည်းငယ်တော့ပင် ချန်ပေးခဲ့သေး၏။ ရှီဟောင်သည် ထိုပိုးကောင်အား ကျေးဇူးတင်ရမည်လားပင် မသိတော့ချေ၊။ သူသာ ဝိညာဉ်ဆေးအိုးထဲသို့ ထိုအပိုင်းအစတွေကို ထည့်လိုက်လျှင် အသုံးပြု၍ရလောက်ပေသည်။
“တော်တော်ကို အရွယ်ရောက်တာ မြန်တာဘဲ။ဒီကောင်က ဟိုဟိုဒီဒီလျှောက်စားနေရုံနဲ့ စွမ်းအားတွေကပေါကြွယ်လှပြီး စွမ်းအားကြီးလှတယ်။”
ခေါင်းကိုးလုံးခြင်္သေ့က အံ့အားသင့်နေခဲ့၏။ ပိုးကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာသည် မပြောင်းလဲသော်လည်း ရွှေရောင်အလင်းတွေသည် အလွန်ပင်တောက်ပလာခဲ့သည်။ ရှီဟောင်က ထိုကောင်လေးအား ကိုင်ကာ ထုတ်လိုက်ပြီး မှော်လက်နက်ထည့်စရာခွက်တစ်ခုထဲသို့ ထည့်ထားလိုက်သည်။
” အာ မင်းဒီလောက်ပြင်းပြင်းထန်ထန် လုပ်ဖို့လိုလို့လား။”
လူတိုင်းမျက်လုံးပြူးသွားသည်။
မည်သို့ပင်ဆိုပေစဉ် ထိုပိုးကောင်လေးသည် ကလေးလေးသာရှိသေးသည်။အရွယ်ပင်မရောက်သေးချေ။ထို သို့ ဆက်ဆံသည်မှာ ပြင်းထန်လွန်းပေသည်။ သို့သော်ထိုအချိန်တွင် ထိုမှော်လက်နက်သည် အပေါက်ဖြစ်သွား ကြောင်းတွေ့လိုက်ရတော့၏။ လူတိုင်း မျက်လုံးပြူးသွားကြတော့၏။ထိုပိုးကောင်လေးတော့ဖြင့် အပြစ်ကင်းစင်သည့်ဟန်နှင့်ရှိနေခဲ့ကာ မျက်လုံးပြူးပြူးလေးဟန်ဖြင့် ရှီဟောင်ကို ကြည့်နေခဲ့သည်။ မည်သည့်အရာဖြစ်ပျက်သွားကြောင်း သူမသိသည့် အမူအရာနှင့် ရှီဟောင်ကိုကြည့်နေခဲ့၏။
သို့ရာတွင် ထိုကောင်စုတ်လေးသည် အလွန်ဥာဏ်ကောင်းသည်။ ရှီဟောင်၏ ဆံပင်ကြားသို့ ပြေးဝင်သွားခဲ့ကာ ပုန်းကွယ်နေ၏။ ထို့နောက် ရှီဟောင်၏ဆံပင်မွှေးအား ဖက်တွယ်ထားခဲ့ပြီ။
“ဒီနတ်ပိုးကောင်စုတ်လေးက အရှိန်အဝါကိုတောင် ဖျောက်နိုင်တယ်ထင်တယ်။ ငါ ဘာမှမခံစားမိတော့ဘူး။ ဒီကောင်စုတ်က တော်တော်စွမ်းအားကြီးပြီး ဥာဏ်နီဥာဏ်နက်များတာဘဲ။”
လူတိုင်း မှင်သက်နေကြ၏။
“ငါ ဆုံးဖြတ်လိုက်ပြီ။ ရှေးဟောင်းနတ်တောင်တစ်ခုလုံးကို ငါသွားပြီး ရှင်းပစ်တော့မယ်။ တောင်ခြေကိုရောက်သွားတာနဲ့ ငါက ဒီကောင်စုတ်လေးကို အပင်တွေကြားထဲကို ပစ်ထည့်လိုက်မယ်။ အဲ့ဒီမှာ ဝိညာဉ်ဆေးပင်တွေရှိတော့ ဒီကောင်စုတ် ဘာစားစား အဆင်ပြေသွားပြီ။”
ရှီဟောင်၏ မျက်လုံးမှ အလင်းရောင်တွေတောက်ပလာခဲ့သည်။ ထို့နောက် ယွန်စီကိုကြည့်ကာ ပြောလိုက်တော့၏။
” မင်းငါ့ကို နတ်ဆေးတောင်တစ်ခု၊ နှစ်ခုလောက်နဲ့ မိတ်ဆက်ပေးနိုင်မလား။ အထူးသဖြင့် ဆေးပင်တွေ အရမ်းများတဲ့ နတ်ဆေးတောင်မျိုးပေါ့ .. ။”