သုခကမ္ဘာက ရှီဟောင် - Chapter - 604 ကောင်းကင်နတ်တောင်၏ လျိုဝှက်ချက်
ဆေးမြို့တော်မှ မြို့ရိုးများသည် မမြင့်မားချေ။အချို့ဟာ ပြိုကျမြို့ရိုးဟုပင်ခေါ်သည်။ အကြောင်းမူကား အချို့မြို့ရိုးနံရံတွေသည် အမှန်တကယ် ပြိုကျသော်လည်း မည်သူကမှ ပြင်ဆင်ထားခြင်း မရှိသောကြောင့် ဖြစ်ပေသည်။
ရှေးခေတ်ကတည်းက ဆေးမြို့တော်သည် အလွန်လူထူထပ်၏။ မြို့ရိုးများ၏ ကာကွယ်မှုတောင်မှ မလိုအပ်ခဲ့ချေ။ အချိန်တစ်ခုကြာ ဆေးမြို့တော်တွင် နေထိုင်ပြီး သည့်နောက် ရှီဟောင်က အကြောင်းအရာများစွာကို နားလည်ခဲ့ပြီး ပစ္စည်းများစွာကိုလည်း ရရှိခဲ့သည်။ အမျိုးမျိုးသောဂိုဏ်းတွေမှ ဦးဆောင်သူတို့သည် သူ့ထံသို့လာရောက် လည်ပတ်ကာ အရေးပါခြင်း၊ မပါခြင်းစသဖြင့် အကြောင်းအရာတွေ ပြောပြကြသည့်အပြင် မည်သူကမျှလည်း လက်ဗလာနှင့်မလာကြချေ။ အများစုဟာ အဖိုးတန်သည့် ဝိညာဉ်ဆေးပင်တွေကို ယူဆောင်လာကြသည်။
” မြို့အရှေ့ဘက်က ဝိညာဉ်ဆေးသစ်ပင်က ပွင့်တဲ့ပန်းမဟုတ်လား။”
ရှီဟောင် စိတ်လှုပ်ရှားသွားသည်။သူ၏ လက်ထဲတွင်ရှိသည့်ကျောက်စိမ်းဘူးထဲတွင် မွှေးရနံ့တွေလွှမ်းခြုံနေခဲ့ကာ အလင်းရောင်တစ်လက်လက်တောက်ပနေခဲ့သည့် တစ်စုံတစ်ရာရှိနေခဲ့သည်။ ထိုပန်း၏ ပွင့်ချပ်တွေသည် သလင်းသားလိုကြည်လင်ကာ ကြယ်တွေနှင့်ပင် တူနေသေး၏။
အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ထိုအရာသည် တန်ဖိုးမဖြတ်နိုင်ဖွယ် ရှိလေသည်။ နှစ်တိုင်းနှစ်တိုင်း ပန်းအနည်းငယ်သာပွင့်ကာ ရရှိတဲ့သူတွေသည် နည်းပါးသည့်ပမာဏသာလျှင် ဖြစ်သည်။ထိုအရာများအား ဝယ်ယူရန်အတွက် တန်းစီလျှင်တောင်မှ ဝယ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ချေ။
ထိုအရာသည် ပြောင်းလဲနိုင်စွမ်းရှိသည့် ဆေးပွင့်ဖြစ်သည်။ လျှပ်စီးပေါင်းစပ် အရည်အနည်းကို ဆုပ်ယူပြီးလျှင် ထိုအရာသည် ဝိညာဉ်ဆေးသစ်ပင် ဖြစ်သွားနိုင်သည်။ ထို့အပြင် ထိုအပင်သည် နှစ်ထောင်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့သေးပြီး နတ်ဆေးပင်အဆင့်တောင်မှ ရောက်နေနိုင်ပေ၏။ ထို့ကြောင့် အလွန်ရှားပါးကာ တန်ဖိုးကြီးလှပေသည်။
ရှီဟောင်၏ အကြည့်များသည် ဆန္ဒများဖြင့် တောက်ပလာခဲ့ကာ သက်ပြင်းရှိုက်လိုက်လေသည်။သူ နှာခေါင်းတရှုံရှုံလုပ်လိုက်သည့် အချိန်မှာဆေးရနံ့တွေလန်းဆန်းတက်ကြွသွားသယောင် ခံစားရသည်။ သူ၏ တစ်ကိုယ်လုံး စွမ်းအင်အဆီအနှစ်တွေနှင့် လှည့်ပတ်စီးဆင်းသွားခဲ့သယောင် ခံစားလိုက်ရသည်။
“ကျေးဇူးအများကြီးတင်ပါတယ်။ တာအိုညီအစ်ကို”
သူက အပြုအမူကောင်းဖြစ်ရန် ထိုသို့ပြောလိုက်သည်။ထိုပန်းပင်သည် အလွန်တန်ကြေးမြင့်မားသည်မှာ သိသာနေခဲ့သည်။ သာမန်ဝိညာဉ်ဆေးပင်တွေထက် အပြတ်အသတ်သာနေခဲ့၏။ သူ၏ဆံပင်ထဲတွင်ရှိသည့် နတ်ပိုးကောင်လေးတောင်မှ အငြိမ်မနေနိုင်တော့ကြောင်း သူ ခံစားမိသည်။
သူ၏ရှေ့တွင် သာမန်ပုံစံသာရှိသည့် လူအိုကြီးတစ်ယောက် ရှိနေခဲ့သည်။ သို့ရာတွင် ထိုလူအိုကြီးသည် ဆေးဒယ်စောက်အိုးဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ဖြစ်နေခဲ့၏။
စကားအနည်းငယ် ပြောပြီးသည့်နောက် တစ်ဖက်သူသည် နတ်ဆေးဂိတ်ထက်တောင် ရှေးကျလှသည့်ဂိုဏ်ကြီးတစ်ခုမှ လာကြောင်း သိလိုက်ရသည်။ ရှေးအတိတ်တွင် ရှေးဒယ်စောက်အိုးဟု ဆိုလိုက်တာနှင့် လူတိုင်းက မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း သိရသည်အထိ အလွန်ကျော်ကြားခဲ့သည်။ မရေမတွက်နိုင်သည့် အချိန်တွေကြာညောင်းသွားခဲ့ကာ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့၏။ ဒီနေ့အချိန်တွင် သူတို့သည် ပျက်စီးနေသည့်ဂိုဏ်းတစ်ခုဟုသာ ထင်ရတော့သည်။ အမေ့လျော့ခံဂိုဏ်းတစ်ခုတောင် ဖြစ်နေခဲ့သေး၏။
” ငါက ကြီးမားတဲ့သဘာဝပါရမီတွေ ပိုင်ဆိုင်ဖူးတဲ့ကလေးတစ်ယောက် ဖြစ်ခဲ့တယ်။ ငယ်ငယ်တုန်းကတည်းက ရှေးဒယ်စောက်အိုးရဲ့ ရှေးခေတ်ကတောက်ပမှုတွေကို ပြန်ဆောင်ကျဉ်းနိုင်ဖို့ ငါမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ ဘိုးဘေးအမွေအနှစ်တွေကို နှစ်ပေါင်းများစွာ ရှာဖွေဖို့ အိမ်က ထွက်ခွာခဲ့ပြီးတဲ့နောက် တစ်စုံတစ်ရာကို ရှာတွေ့ခဲ့တယ်။ အဲ့ဒါကတော့ တာအိုမိတ်ဆွေကလေးက တစ်နေ့မှာ မင်းနဲ့တွေ့မယ့် ကလေးတစ်ယောက်ကို ဂရုစိုက်ပေးဖို့ပါဘဲ။”
အဖိုးကြီးကပြောသည်။
ရှီဟောင်သည် ထိုတောင်းဆိုမှုအား မငြင်းဆန်ချေ။သူသည်အား အသေးစိတ်အချက်အလက်အား နားလည်သဖြင့် ခေါင်းငြိမ့်လိုက်သည်။
ရှေးခေတ်အချိန်တွင်ရှိခဲ့သည့် ကောလဟာလတွေအရ ကိုးဖြာပြန်လည် မွေးဖွားခြင်းဆေးလုံးကို ဖော်စပ်နိုင်သူမှာ လေးယောက်သာလျှင် ရှိခဲ့သည်။ ထိုဆေးဒယ်စောက်အိုးဂိုဏ်းမှ ပထမဘိုးဘေးသည်လည်း ထိုလေးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ နတ်ဆေးအား လေ့လာဆန်းစစ်ရပါလျှင် ထိုဆေးအား အသုံးပြုလိုက်ပါက နတ်ဘုရားဖြစ်ပြီး ကောင်းကင်သို့ပင်တက်ရောက်နိုင်သည်ဟု ဆိုကြသေးသည်အထိ ကျော်ကြားခဲ့သည်။ ထို့ကြောင့် ထိုဂိုဏ်းမှအမွေအနှစ်တွေသည် မည်မျှတန်ဖိုးရှိကြောင်း သိသာနိုင်ပေသည်။ထိုအရာကိုသာ ရှာတွေ့မည်ဆိုလျှင် ရှေးခေတ်ကတောက်ပခဲ့သည့် အောင်မြင်မှုတွေ ပြန်ရနိုင်မည်မှာ သေချာပေသည်။
” သြားစို့”
သူသည် ဝိညာဉ်ဆေးသစ်ပင်မှ ပန်းတစ်ပွင့်ကို ရရှိလိုက်သည်။ ထို့ကြောင့် ဆေးမြို့တော်မှပြန်ရန် နောင်တ မရှိတော့ချေ။ ရှီဟောင်က ဒီနေရာမှထွက်သွားပြီး ကျောက်တုံးမြိုတော်အင်ပါယာသို့ တစ်ချက်သွားကြည့်ရန် စဉ်းစားထားသည်။သို့သော် ဆေးမြို့တော်သို့ လာခဲ့ရသည့် ရည်ရွယ်ချက်ကိုလည်း သူကမမေ့ချေ။ ဒီနေရာမှ ထွက်သွားပြီးသည်နှင့် သူကလမ်းတစ်လျှောက်ရှိ ဝိညာဉ်ဆေးပင်တိုင်းကို စုဆောင်းသွားမည်ဖြစ်သည်။ သူ၏ဆေးလုံးဖော်စပ်ရန် လိုအပ်သည့် ဆေးပင်တိုင်းကို ဝယ်မည်ဖြစ်သည်။ ထိုအရာကိုရမှသာ သူအဆင့်တက်ရန် အဆင်ပြေနိုင်မည်ဖြစ်သည်။ သို့မှသာ အဆင့်လွန်ကျွမ်းကျင်ပညာရှင် ဖြစ်ရန်အတွက် ရွှေလမ်းကြောင်းကို ဖောက်နိုင်ပေလိမ့်မည်။
ပြသနာများသည့် ကာလတွေသာရောက်လာပြန်ကာ အဆင့်လွန်ကျွမ်းကျင်ပညာရှင်တွေတောင်မှ မလွတ်မြောက်နိုင်လောက်အောင် ထိုသို့အဆင့်တက်ရခြင်းမှ ခက်ခဲနေတတ်သည်။ ထို့ကြောင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်မှန်း သိသာနေခဲ့၏။ ခွန်အားကြီးလေလေ ရှင်သန်ရန်အတွက် ဖောက်ရမည့်လမ်းက ကျယ်လေလေဖြစ်သည်။
ဝိညာဉ်ဆေးပင်များသည် ရှားပါးသည်။ ယေဘုယျဆန်ဆန် တွေးတောကြည့်မည်ဆိုရင်တောင်မှ ဝိညာဉ်ဆေးပင်တွေသည် တစ်တောင်တွင်တစ်ပင်သာလျှင် ပေါက်တတ်သည်။ ဆေးမြို့တော်တွင် အများအပြားရှိနိုင်သော်လည်း ရှီဟောင်အနေနှင့်အားလုံးကို လိုက်လံရိတ်သိမ်းရန်က မဖြစ်နိုင်ချေ။ သို့ရာတွင် ရှီဟောင်သည် မထွက်ခွာခင် ဆယ်ပင်လောက်တော့ ရလိုက်သေးသည်။
ဆေးမြို့တော်သို့ လာသည့်ခရီးသည် သူ့အနေနှင့် အရာအားလုံးကို ထုတ်သုံးကာ သူ့အား တိုးတက်စေနိုင်သည့် အရာရာတိုင်းကို အရယူနိုင်ခဲ့သည်။ထို့ကြောင့် ကျောက်တုံးအင်ပါယာမြို့တော်တွင်တောင်မှ ဆေးပင်များရှိသည်ဟု သတင်းကြားသဖြင့် သူကလည်း ထိုသို့ စုဆောင်းသွားရန် ဆုံးဖြတ်ထားသည်။ ထိုသို့ဆေးပင်များသည် မဟာကလန်ကြီးတွင်မှ ထိုတိုင်းပြည် တည်ထောင်ကတည်းက စိုက်ပျိုးထားခြင်းတွေလည်း ဖြစ်န်ိင်ပေသည်။ ထို့အပြင် တော်ဝင်အင်ပါယာမိသားစု၏ ဆေးခင်းထဲတွင်လည်း တောက်ပသည့်အရာတွေ ရှိနေမည်ဟု သူတွေးထား၏။
ရှီဟောင်က တိုက်ပွဲတွေကိုကျော်ဖြတ်ခဲ့ပြီး ကျော်ကြားမှုတွေမြင့်တက်လာခဲ့ပြီး ကျောက်တုံးမြို့တော်အင်ပါယာ နေရာအတွက်တောင်မှ ယှဉ်ပြိုင်နိုင်စွမ်းရှိလာသည်။ ထို့ကြောင့် သူသာ အခုရမည်ဆိုလျှင် ထိုနေရာကိုဦးဆောင်သွားကာ အကျိုးကျေးဇူးတွေရအောင်ယူမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သိပ်မကြာခင် အချိန်တွင် သူတို့တွေက ဆေးမြို့တော်မှ ထွက်ခွာကာအဝေးတစ်နေရာသို့ ချက်ခြင်းရောက်သွားသည်။ သားရဲသားရေထဲဝင်ကာ သွားလာခြင်းဖြစ်သဖြင့် မည်သူမျှမည်သည့်နေရာသို့ သွားကြောင်းနှင့် မည်သည့်အချိန်က ထွက်ခွာသွားကြောင်းကို မတွေ့လိုက်ကြတော့ချေ။
“နင့်ရဲ့ခရီးကလည်း တစ်ချိန်လုံး အန္တရာယ်တွေအပြည့်ဘဲ။”
ဟောင်လင်းအာက ပြောသည်။
” ငါလည်း သိတယ်။”
ရှီဟောင်ကလည်း ခေါင်းငြိမ့်သည်။သို့ရာတွင် သူသည်အမျိုးမျိုးသော ပြင်ဆင်မှုတွေအား လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်သည်။
“ကျောက်တုံးမြို့တော်ကို အတူတူသွားရအောင်။ကျောက်တုံးမြို့တော်ကို ငါလည်းတစ်ချက်ကြည့်ချင်နေတာ။”
ခေါင်းကိုးလုံးခြင်္သေ့၊ မီးတောက်ကျီးကန်း၊ စေဘယ်လ်နှင့် အခြားသူတွေအားလုံးက အတူသွားချင်နေကြသည်။
“ဟင် ကောင်းကင်မျိုးစိတ်က မိန်းကလေး .. မင်းရောငါ့နောက်ကို ဆက်လိုက်ဦးမှာလား။”
ရှီဟောင်က အခြားသူတွေ၏တောင်းဆိုမှုကို လက်ခံပြီးသည့်နောက် မကျေမနပ်အမူအရာဖြစ်နေခဲ့သည်။ ယွန်စီကို ကြည့်လိုက်သည်။
ယွန်စီက အံကြိတ်ကာ မည်သည့်စကားများ မဆိုလိုက်ချေ။ ရှီဟောင်က ဆက်ပြောလိုက်၏။
“မင်းက နတ်တောင်တစ်တောင်ကိုလည်း မပြောနိုင်တဲ့အပြင် နတ်ဆေးပင်တွေကိုလည်း မငှါးနိုင်ဘူးဆိုမှတော့ ဘာလို့နောက်ကို ဆက်လိုက်နေဦးမှာလဲ။ အဖိုးတန်လက်နက်ကတော့ ပြန်ရဖို့ မရှိနိုင်တာ သေချာနေပြီနော်။ အဲ့ဒါကိုပြန်ပေးမယ်လို့ ထင်မနေနဲ့။ ”
ယွန်စီ၏မျက်နှာက အလေးအနက်ဖြစ်လာသည်။ သူမရဲ့ မျက်လုံးထဲတွင် အထင်သေးမှုတွေ ပြည့်နက်လာခဲ့ပြီး ရှီဟောင်အား ရိုက်နက်ချင်နေပုံရ၏။ သူမသည် သိပ်မကြာခင်အချိန်တွင် ထိုနတ်ဆိုးကောင်စုတ်ကို ရိုက်နက်ရမည်ဟု တွေးတောနေခဲ့သည်။
“ငါနင့်နောက်ကို လိုက်မှာမဟုတ်ဘူး။ ဒီအတိုင်းအခြားသူတွေနဲ့ ရင်းနှီးချင်ရုံ သက်သက်ဘဲ။ ငါက သူတို့နောက်တာ။ ငါဘယ်သွားတာမသွားတာကို နင်ကဘာကိစ္စနဲ့ ဂရုစိုက်နေတာလဲ။”
“ငါ့ကို ရန်စနေတာတော့ဖြစ်မယ်။”
ရှီဟောင်က ယွန်စီကိုကြည့်ရင်း ရယ်လိုက်သည်။
“….”
ယွန်စီအသင့်အနေအထား ဖြစ်သွားသည်။
” ငါဆုံးဖြတ်လိုက်ပြီ။ နင့်ကိုဖိအားပေးပြီး ရွာကိုခေါ်သွားပြီး အစောင့်လုပ်ခိုင်းရမယ်။”
ရှီဟောင်က ပြောလိုက်သည်။
” ပြသနာတွေ ရှာမနေနဲ့။ ဒီအတိုင်းဘဲ လက်ထပ်ပြီးခေါ်သွားလိုက်။ ငါ့မှာ ရုပ်ရည်ချောမောပြီး ပါရမီရှိတဲ့အစ်ကို တစ်ယောက်ရှိတယ်။ သူတို့ကတော့ တော်တော်လေး လိုက်ဖက်မယ်လို့ ငါထင်တယ်။ ”
ဟောင်လင်းအာက ပြောလိုက်သည်။
ကျန်တဲ့သူတွေအားလုံးလဲ သူတို့အားကြည့်လိုက်၏။ သူတို့မည်မျှပင် ကြည့်စေကာမူ တွေးတောခြင်းအား မရပ်တန့်နိုင်ချေ။
“အဟွတ်….”
ခေါင်းကိုးလုံးခြင်္သေ့က ချောင်းဟန့်ဟန်ပြုသည်။
” မင်းဒီအတိုင်း ထားလို့ရမလား။ ကောင်းကင်နတ်တောက်ကသူတွေက တော်တော်လေးဆိုးတယ်နော်။ ဒါပေမယ့် သူတို့က ငါ့ရဲ့မျိုးစိတ်ကိုတော့ အတိတ်မှာတုန်းက ကူညီခဲ့ဖူးတယ်။”
သူက အကြောင်းအရာကို ချောမွေ့အောင်လုပ်စေချင်နေသည်။ ကောင်းကင်နတ်တောင်မှ အဆင့်လွန်ကျွမ်းကျင်ပညာရှင်သည် သူ့အဖိုးဝိညာဉ်ကိုးခုဘုရင်နှင့် ရင်းနှီးသည်။ သူ့ထံလည်း မကြာခဏ ရှီဟောင်ဆေးလုံးတွေ လက်ဆောင်ပေးဖူး၏။
ခေါင်းကိုးလုံးခြင်္သေ့၏ ဆင့်ကဲပြောင်းလဲလာမှုကြောင့် သူသည်သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတစ်ကောင် ဖြစ်လာခဲ့သည်။ မီးတောက်ကျီးကန်းကလည်း ဝင်ပြောလာသည်။ သူက ကောင်းကင်မျိုးစိတ်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။ ထိုသူတို့နှင့်လည်း ရင်းရင်းနှီးနှီးရှိသည်။ သူ့၏အဖိုး မီးတောက်ကျီးကန်းအိုကြီးသည် ကောင်းကင်နတ်တောင်သို့ မကြာခဏဧည့်သည်တော်အဖြစ် သွားရောက်လေ့ရှိ၏။
“နောက်ဆုံးတော့ သင့်တော်တဲ့ ပါဝင်ယှဉ်ပြိုင်သူကိုတွေ့ပြီဘဲ။ ဒီဖက်တီးက ရိုင်းစိုင်းကြမ်းတမ်းပြီး အပြောဆိုးပေမယ့် ငါကလွယ်လွယ်နဲ့ လွှတ်ပေးနိုင်မှာမဟုတ်ဘူး။”
“ငါကိုကျေနပ်လောက်တဲ့ အဖြေတစ်ခုပေးလေ။မင်းက တစ်ချိန်လုံး ငါ့နောက်လိုက်ပြီး လက်မောင်းကာကို လိုက်တောင်းနေတာမဟုတ်ဘူးလား။”
“ဒီအတိုင်းဘဲ နင်ပြန်ရောင်းလိုက်ပါလား။”
ဟောင်လင်းအာက ဝင်အကြံပေးသည်။ ရှီဟောင်က လက်လွတ်စပယ်နေတတ်သည့်အတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။
” နတ်သမီးယွန်စီ .. ဘာလို့ အဲ့ဒီလက်မောင်းကာကို တစ်ချိန်လုံးလိုက်တောင်းနေတာလဲ။ ငါသိထားတဲ့တိုင်းဆိုရင် ကောင်းကင်နတ်တောင်က နတ်လက်နက်တွေ ရှားပါးနေတာမှ မဟုတ်ဘဲ။ မင်းရဲ့ကလန်မှာ လက်နက်တွေအများကြီး ရှိနေတာဘဲလေ။”
မီးတောက်ကျီးကန်းကလည်း မေးလာသည်။
” ဟုတ်သားဘဲ နတ်သမီးယွန်စီ။ ဘာလို့ ဒီလိုကိစ္စတွေအတွက် အပင်ပန်းခံနေရတာလဲ။”
ခေါင်းကိုးလုံးခြင်္သေ့ကလည်း မေးသည်။
“မင်း ပြန်မဖြေဘူးလား။ ဒါဆိုရင် ရွာကို တကယ်ခေါ်သွားပြီး အစောင့်လုပ်ခိုင်းတော့မှာနော်။”
ရှီဟောင်က ယွန်စီကို စူးရဲစွာကြည့်လိုက်၏။ ယွန်စီ၏ စိတ်ထဲတွင် ကျိန်ဆဲသံတွေ ထွက်လာသည်။ယွန်စီ၏ မျက်လုံးမှ မီးတောက်တွေတောက်လောင်လာခဲ့ကာ မျက်နှာက အနီရောင်သန်းသွားသည်။ နတ်ဆိုးကောင်စုတ်နှင့် တိုက်ခိုက်တော့မည့် အလားအလာဖြစ်လာခဲ့၏။
“အားလုံးဘဲ ငါ့ရဲ့အိမ်ကိုပြန်ရအောင်။ အဲ့ဒီနေရာက ဘယ်နေရာလဲဆိုတာ အားလုံးသိချင်နေကြမယ် ထင်တယ်။ ပြီးတော့ ငါက ယွန်စီကိုခေါ်ထားပြီး ရွာမှာအစောင့်ထားလိုက်မယ်။ မင်းတို့ကိုတော့ ငါကဧည့်သည်တော်အနေနဲ့ ခေါ်သွားမှာပါ။”
ရှီဟောင်ကပြောသည်။ ထို့နောက် သူကအားလုံးကို မျက်လုံးမှိတ်ပြကာ ဆက်ပြောသေးသည်။
“ရွာသူကြီးက ငါ့ကိုအမြဲတမ်း ဖက်တီးလေးတွေ ခေါ် လာဖို့ မျော်လင့်နေတာလေ .. ။”
သူတို့တွေသည် ကွက်လပ်သားရဲသားရေထဲတွင် ရပ်လိုက်သည်နှင့် လေထဲလှုပ်ရှားသွားတော့သည်။ နောင်ဆုံးတွင်တော့ သူတို့တစ်ဖွဲ့လုံးသည် ကျောက်တုံးတိုင်းပြည်နောက်ဖက်နယ်စပ်သို့ ရောက်သွားသည်။ ယွန်စီသည် တစ်ချိန်လုံး အော်ဟစ်ပြီး ရုန်းကန်နေခဲ့ကာ မယုံနိုင်သလိုဖြစ်နေခဲ့သည်။သူမသည် အကျဉ်းသားဖြစ်သွားရချေပြီ။
သူမသည် ရှေးဟောင်းနတ်တောင်မှ လူငယ်မျိုးဆက်ထဲတွင် ကျော်ကြားလှသည့် နတ်ဘုရားမဖြစ်သည်။ သို့သော် ယခုကဲ့သော ဆိုးရွားသည့်အခြေအနေနှင့် ကြုံရခဲ့သည်။
” သွားရအောင်။ နည်းနည်းလောက် ထပ်သွားရင် ငါတို့အိမ်ရောက်ပြီ။”
ရှီဟောင်က ထိုသို့ပြော၍ ဆက်သွားနေခဲ့၏။
” ငါပြောပြမယ်။”
ယွန်စီနောက်ဆုံးတွင်တော့ လက်လျော့လိုက်ရသည်။ ချက်ခြင်းပင် တစ်ဖွဲ့လုံး၏ အကြည့်သည် သူမထံသို့ရောက်လာခဲ့သည်။ သူမ၏အဖြေက အားလုံးကြားချင်နေကြ၏။
“အဲ့ဒီလက်မောင်းကာက ရှေးဟောင်းဝင်္ကပါကိုဖွင့်နိုင်တဲ့ သော့တစ်ချောင်းဘဲ။ ပြီးတော့ အဲ့ဒီနေရာကို ဖွင့်လိုက်ရင် မဟာနယ်မြေကို ရောက်သွားလိမ့်မယ်။”
ခရမ်းရောင်ဝတ်စုံနဲ့ ယွန်စီက ခပ်မြန်မြန်ပြောလိုက်သည်။သူမသည် ဆက်ပြောချင်ပုံမရချေ။
” ဘာ .. ”
အားလုံးအံ့ဩသွားကြသည်။ထိုမဟာနယ်မြေဆိုသည့် စကားသည်အားလုံးအား မှင်သက်စေသည်။ သူတို့တွေ အကြောင်းရာအများကြီး တွေးတောလိုက်ကြ၏။
“အဲ့ဒီနေရာက တကယ်ဘဲ .. ဘယ်နေရာလဲ”
ဟောင်လင်းအာအာက မေးလိုက်သည်။ သူမ၏ကျောက်စိမ်းလွန် အသားအရည်တောင်မှ အံ့အားသင့်မှုကြောင့် အရောင်ပြောင်းသွားသည်။ လူတိုင်းကလည်း မတည်ငြိမ်နိုင်ကြတော့ချေ။ ပျက်သုန်းခြင်းနယ်မြေမှ ထွက်ခွာသွားရန်သည် မခက်ခဲနိုင်သော်လည်း ထူးဆန်းသည့်နည်းလမ်းတွေဖြင့် နယ်မြေပေါင်းမြောက်များစွာအား ဖြတ်သန်းနိုင်ခြင်းမှာ ခက်ခဲနိုင်သည်။
“အဲဒါက ဝင်္ကပါပေါ်မှာ ရေးထားတဲ့အတိုင်းဘဲ။ ငါတို့တွေ ဒီနယ်မြေက ထွက်သွားလိုက်တာနဲ့ တခြားတစ်နေရာကို ရောက်သွားမယ်လို့တော့ ပြောတာဘဲ။ဒါပေမယ့် ဘယ်ကိုရောက်သွားမှန်းတော့ ငါတို့တွေမသိကြဘူး။”
ယွန်စီက သက်ပြင်းချသည်။
” ဒါဆိုရင် ကြောက်ဖို့ကောင်းတဲ့ လျိုဝှက်ချက်ကြီးတစ်ခု ရှိနေမှာပေါ့။”
ရှီဟောင်က ခပ်တိုးတိုး ရယ်လိုက်သည်။ ငှက်ဂတုံးလေးသည်လည်း သူ့ကိုပြောခဲ့ဖူးသည်။
အတိတ်တွင် ငှက်ဂတုံးလေးသည် သူ၏မျိုးဆက်တွင် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်ခဲ့သည်။သို့ရာတွင် ထိုငှက်၏ အမူအကျင့်သည် သိပ့်မကောင်းချေ။ သူသည်ကောလာဟလအရ လျိုဝှက်ချက်တစ်ခုအကြောင်းကို သိခဲ့ပြီး ကောင်းကင်နတ်တောင်တွင် ထိုလျိုဝှက်ချက်ကြီးကို ရှာဖွေရန်သွားခဲ့၏။
အဆုံးတွင်တော့ ထိုမဟာလျိုဝှက်ချက်ကြီးအား ထိတွေ့တတ်မည့် အချိန်တွင်ပင် ကောင်းကင်နတ်တောင်မှ ကျွမ်းကျင်ပညာရှင်တွေက ရှာတွေ့သွားကာ အမဲလိုက်ခံခဲ့ရသည်။ ရလဒ်အနေနှင့် ကွဲကြေတောင်တန်းတစ်ရာထဲတွင် ပုန်းအောင်းခဲ့ရ၏။
ကောင်းကင်မျိုးစိတ်မှ သူတွေသည် ရတနာနယ်မြေတစ်ခုကိုစောင့်ကြပ် ကြသော်လည်း သူတို့တောင်မှ ထိုလျိုဝှက်ချက်ကို မသိကြချေ။ ရှေးခေတ်ကောင်းကင်မျိုးနွယ်တွေမှ ချန်ရစ်ခဲ့သည့် အရိုးစာအုပ်များတွင် အံ့အားသင့်ဖွယ် မှတ်တမ်းတွေကိုသာလျှင် သူတို့ကတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ ထိုလျိုဝှက်ဆန်းကြယ်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှကာ နတ်နန်းဂိုဏ်း ထာဝရတောင် သို့မဟုတ် အနောက်ဘက်ဂိုဏ်းများပင် ထိုအကြောင်းအရာကို သိသွားလျှင် အမဲလိုက်ခံရကာ ကောင်းကင်နတ်တောင်တောင်မှ သိမ်းပိုက် ဝါးမျိုခံရနိုင်သည်။
” ဒီနယ်မြေက ထွက်သွားပြီးတာနဲ့ ဘယ်ကိုရောက်သွားမယ်လို့ မင်းထင်လဲ။”
ရှီဟောင်က မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။ သူ၏စိတ်သည် လေးလံနေခဲ့သည်။ ဒီလောကထဲ လျိုဝှက်ချက်တွေအများကြီး ရှိနေကြောင်း သူခံစားမိနေရ၏။
” ငါကို အရင်လွှတ်ပေး။”
ယွန်စီက ထိုသို့ပြောသည်။
ရှီဟောင်က ယွန်စီကို ရိုက်ရန် ပြင်လိုက်သည့် အချိန်တွင် နတ်ဘုရားမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ ယွန်စီက ပြန်ကိုက်လိုက်သည်။
” မင်းက တကယ်ကို အကန့်အသတ်ကို မရှိပါလား။ ကိုယ်ရဲ့နဂိုဗီဇကို ပြန်ဖော်တော့မယ်ပေါ့။”
ရှီဟောင်က အော်လိုက်သည်။ ယွန်စီသည် ရှီဟောင်အား စူးရဲစွာကြည့်နေခဲ့၏။ သူမ အလွန်ပင်ဒေါသထွက်နေပုံ ရသည်။ ကောင်းကင်အဆင့်ရှေးဟောင်းမျိုးစိတ်ဖြစ်သည့် နတ်ဘုရားမ သူမသည် နတ်ဆိုးကောင်စုတ်ထံတွင် အဖမ်းခံခဲ့ရသည်။ ရှေးဟောင်း ကောင်းကင်နတ်တောင်မှ လူတွေသာ သိသွားကြလျှင် ထိုသူတွေ ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
“ငါ့ကိုတောင် ကိုက်ရဲသေးတယ်ပေါ့။”
ရှီဟောင် အလွန်ဘဲ ဒေါသထွက်သွားသည်။ သူက လက်တုန့်ပြန်ရန် ကြိုးစားလိုက်သည့်် အချိန်တွင် ယွန်စီသည် ပို၍သာ ဒေါသတကြီးဖြစ်သွားခဲ့သည်။ ထိုအခါ ဟောင်လင်းအာက ၀င်ပြောလိုက်သည်။
” နတ်သမီးယွန်စီ မင်းဘာလို့ ပျက်သုန်းခြင်းနယ်မြေကနေ ထွက်ခွာသွားဖို့ အလောတကြီးဖြစ်နေရတာလဲ။ ဒါကြောင့်လဲ ဒီလက်မောင်းကာကို အသဲအသန် ပြန်တောင်းနေတာ မဟုတ်လား။ ”
ထိုကိစ္စသည် ကိစ္စကြီးဖြစ်မည်ဟု သူမတော့ တွေးမိသည်။ ဒီအခြေအနေရောက်နေခဲ့သဖြင့် ခရမ်းရောင်ဝတ်စုံနှင့်ယွန်စီသည် ဖုံးကွယ်မနေတော့ချေ။ အဆိုးဆုံး အခြေအနေအတွက် အကြံအစည်ကိုတောင်မှ သူမက ပြင်ဆင်ထားပြီးသားဖြစ်သည်။
ဒီအကြောင်းအရာတွေကို သူမ ရှီဟောင်ကို ပြောပြလိုက်လျှင်လည်း သူမနှင့်အတူ ရှီဟောင်ကိုခေါ်သွားလိုက်ရုံသာရှိသည်။
” တကယ်တော့ အမှန်တရားက ကြောက်ဖို့ကောင်းတယ်။”
ယွန်စီကပြောသည်။