သုခကမ္ဘာက ရှီဟောင် - Chapter - 609 ကောင်းကင်မျိုးစေ့
ထိုသည်က လူတိုင်းကို စွန့်အ သွားစေသည်။ ငှက်ကတုံးလေးနှင့် ကောင်းကင်နတ်တောင်မှ အမျိုးသမီး၏ ဆက်ဆံရေးသည် ထိုမျှသင့်မြတ်သွားသည်ဟု သူတို့မထင်ထားကြချေ။ ရှီဟောင်၊ဟောင်လင်းအာနှင့် အခြားသူတွေတောင်မှ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြမိသည်။ဒီအခြေအနေတွင် သူတို မည့်သည့်စကားတွေ ပြောသင့်မှန်းပင် မသိကြတော့ချေ။
“သူခိုးအဘိုးကြီး ငါ့ရဲ့ ကောင်းကင်နတ်တောင်ကို လာပြီး ကိုးယိုးကားယား တွေတောင် လုပ်နေပြန်ပြီ။ မင်းက အဲ့ဒီအချိန်တုန်းက ဝိညာဉ်ဆေးပင်တွေကို ခိုးသွားတဲ့အပြင် နတ်ဆေးပင်တွေကိုတောင်မှ ရအောင်ယူ သွားသေးတယ်လေ။ ဒါက ငါ့ကလန်ရဲ့အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ ရတနာတွေကွ။ မင်းက ငါ့အဖေကိုတောင်မှ စော်ကားမော်ကား ပြောခဲ့သေးတယ်။ ဒါတောင်မှ မင်းကိုယ်မင်း ရာဇဝတ်မှုလုပ်ခဲ့တယ်ဆိုတာ ဝန်မခံဘဲ အခုချိန်မှာပြန်လာပြီး လျှောက်ပြောနေရဲသေးတာလား။ အားလုံးဘဲ ဒီကောင်ကို ဖမ်းလိုက်ကြ။”
နံပါတ်လေးအဘိုးက အော်လိုက်သည်။ သူ၏ကျောဘက်တွင်ရှိသည့် ကျွမ်းကျင်ပညာရှင်အချို့က ထွက်လာကြကာ သူ့ကိုဖမ်းဖို့ပြင်လိုက်ကြတော့၏။သို့သော်သူတို့က ထိုထူးဆန်းလှသည့် ငှက်ကတုံးကို ကြောင်တောင်တောင်တော့ဖြင့် ကြည့်နေကြသေးသည်။ ငှက်ကတုံးကလည်း စူးရဲစွာအော်သည်။
” ရပ်စမ်း မင်းတို့်ရဲ့ဒေါ်လေးကို ဘာလို့အရင်မမေးတာလဲ။ မင်းတို့ငါ့ကို မရိုမသေလုပ်ရင် မင်းတို့ရဲ့ဒေါ်လေးက မင်းတို့ကိုစိတ်ထဲမှာ အငြိုးထားပြီး အဆုံးမှာ မင်းတို့ကို ဒုက္ခပေးလိမ့်မယ်နော်။ အဲ့ဒီအချိန်ကြရင် မင်းတို့ဘဲ ငါ့ကို ပြန်တောင်းပန်ရလိမ့်မယ်။”
ထိုသည်က အတင်းအဖျင်းစကားတစ်ခွန်းကို ဖြစ်ပေါ်လာစေ နိုင်စွမ်းရှိသည်။ ကောင်းကင်နတ်တောင်မှ လူတွေအားလုံးသည် တစ်စုံတစ်ရာတော့ဖြင့် မှားယွင်းနေသလို ခံစားလာကြရသည်။ ထို့နောက် ချက်ခြင်းပင်အမူအရာပြောင်းကာ ပြေးဆင်းလာပြီး အရှိန်ကိုပြန်ထိန်းလိုက်ကြသည်။ နံပါတ်လေးသခင်တောင်မှ မသေချာသယောင် ဖြစ်သွားသည်။ သူ ဝမ်းနည်းသင့်သလော။ ဝမ်းသာချင်သလောကိုတောင် မသိတော့ချေ။ သူ မှားယွင်းလှုပ်ရှားလိုက်လျှင် တစ်စုံတစ်ရာအမှားဖြစ်သွားမည်ကိုလဲ စိုးရိမ်နေခဲ့၏။
“ယွန်ခမ်းဟိုင် .. ငါခုန်းချုံကြီးက မင်းကို ကိုယ်တိုင်လာတွေ့တယ် ။ ဒါပေမယ့် မင်းက လေဘဲများနေပြီး တကယ်တမ်းတောင်အောက်ကို ဆင်းပြီးငါ့ကို မကြိုဆိုနိုင်ဘူးဘဲ။”
ငှက်ကတုံးလေးက အော်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူသည်တောင်ပေါ်ရှိ အဆောင်တစ်နေရာသို့ ထူးဆန်းစွာကြည့်လိုက်သည်။
” ဒီသူခိုးအိုကတော့။”
ယွန်စီ မတည်ငြိမ်နိုင်တော့ချေ။ ထိုငှက်အပေါ် သူမ၏အမြင်သည် မကောင်းချေ။ သို့သော် တစ်ချိန်လုံး သူမ သည်းခံပေးနေခဲ့သည်။ လက်ရှိအခြေအနေကတော့ ထိုငှက်က သူမအဘိုးရဲ့ နာမည်ကိုတောင် ခေါ်ထုတ်ရဲနေသည်။
နီရဲသည့် တိမ်တွေသည် ရောင်စုံအလင်းတွေနှက့်အတူ ခမ်းနားစွာဖြာကျလာခဲ့သည်။ ထိုအရာတွေသည် လျိုဝှက်ဆန်းကျယ်သည့်တောင်ပေါ်မှ ကျဆင်းလာခြင်းဖြစ်၏။ နတ်သက်တန့်ရောင် တစ်စုံတစ်ရာသည် ထိုးထွက်လာခဲ့ပြီး မြင့်မြတ်သည့်အလင်းရောင်တွေနှင့်အတူ ကျဆင်းလာခဲ့သည်။ တိမ်တွေနှင့် မြူထုတွေသည် အက်ကွဲသွားခဲ့ကာ အကြီးအကဲတစ်ယောက် ပေါ်လာ၏။
ထိုသူသည် ရှီဟောင်အတွက် အမြင်မစိမ်းလှချေ။ အကြောင်းမူကား သူနှင့်တွေ့ခဲ့ဖူးသူဖြစ်ကာ လက်မောင်းကာကိုလည်း ထိုသူဆီမှ သူရခဲ့သောကြောင့်ဖြစ်သည်။ ထိုသူကို သူကောင်းကောင်းရိုက်နှက်ပြီးသည့်နောက် သူတို့ကြား အခြေအနေ ပြောင်းပြန်ဖြစ်ခဲ့ရသည်။ လက်ရှိအချိန်တွင်တော့ သူ၏နှုတ်ခမ်းတွေက ကော့တက်သွားရချေပြီ။
ယွန်ခမ်းဟိုင်က ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူက အဆင့်လွန် အဆင့်ဖြစ်သည့်အပြင် သူ၏ ဝိညာဉ်စွမ်းအားသည် အလွန်ပင်ပြင်းထန်နေပေသည်။ ရှီဟောင်၏အမူအရာကို သတိပြုလိုက်မိသည်နှင့် သူက အံကြိတ်လိုက်သည်။ ထိုမျိုးမစစ်သည် ထပ်ရောက်လာချေပြန်သည်။ ဒီတစ်ကြိမ်တွင်လည်း မည်သည့်ဆိုးရွားသည့်ဖြစ်ရပ်တို့ လုပ်ဆောင်မည်ဖြစ်ကြောင်း မသိနိုင်ချေ။
သူ ရှီဟောင်ကို အမှန်ပင်သုတ်သင် ရှင်းလင်းချင်သည်။ ထိုအချိန်က တိုက်ပွဲတွင် သူနှင့် ရှီဟောင်သည် ရုန်းကန်ကာ တိုက်ခိုက်ခဲ့သော်လည်း သူသာလျှင်အရိုက်ခံခဲ့ရ၏။ ထိုအဖြစ်အပျက်ကို သူမည်သည့်အချိန်တွင်မှ မေ့ပျောက်လိမ့်မည် မဟုတ်ချေ။ သူ၏ နှလုံးသားကတောင်မှ လေးလံလာခဲ့ကာ မျက်ခုံတွေကတစ်လှုပ်လှုပ် ဖြစ်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူ ရင်ဆိုင်ရမည်မှာ ရှီဟောင်မဟုတ်ချေ။ ထို့ကြောင့် သူက ငှက်ကတုံးကိုသာ ပါးစပ်ပိတ်အောင် လုပ်ချင်နေသည်။
” ပျက်သုန်းခြင်းနယ်မြေက အရင်မျိုးဆက်တွေကတောင်မှ ငါ့အဘိုးကို ဒီလိုမပြောရဲဘူး။ နင့်အမွှေးတွေကုန်နေရင် တောင်မှ နင့်ဥဒေါင်းဖိုစုတ်ကို လည်ပင်းကနေ လိမ်ချိုးပြီး သတ်ပစ်လိုက်လို့ရတယ်နော်။”
ယွန်စီက စူးရဲစွာပြောသည်။
ငှက်ကတုံးလေးက အေးစက်စွာရယ်ရင်း ပြော၏။
“မင်းက ဘာနားလည်လို့်လဲ။ ပြီးတော့အဘိုးကြီး ခင်ဗျားရော ဘာနားလည်လို့လဲ။ ငါက နီဗားနားကို နားလည်နေပြီ။ငါ့ရဲ့နတ်အမွှေး ပြန်ပေါက်လာတဲ့ အချိန်ကျရင် စွမ်းအားကြီးလှပြီး လှပပါတယ်ဆိုတဲ့ မင်းတို့မျက်လုံးက အရာအားလုံးပြောင်းပြန် ဖြစ်သွားလိမ့်မယ်။ ငါ လှပလွန်းလို့ မင်းတို့တွေတောင်မှ မျက်စိကန်း သွားစေလ်ိမ့်မယ်။”
” ဟား ဟား မင်းက နှစ်တွေအကြာကြီးပုန်းနေပြီး အခုမှပြန်ပေါ်လာပြီး စကားကြီးစကားကျယ်တွေ ပြောနေတာဘဲ။ ဒါပေမယ့် ကွဲကြေတောင်တန်းတစ်ရာကို လွတ်အောင်ထွက်ပြေးသွားနိုင်တာကိုတော့ မင်းကိုလေးစားပါတယ်။”
ယွန်ခမ်းဟိုင်က ပြောသည်။ သူကအခြားတစ်ယောက်ကို ကြည့်ကာ မျက်နှာပျက်နေ၏။
” မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အက်ကွဲသွားပြီ။ ဒါတောင်မှ ငါ့ရဲ့နတ်တောင်ကိုလာပြီး ပေါက်ကရတွေ လျှောက်ပြောရဲသေးတယ်ဆိုတော့ မင်းက ကိုယ်ကိုယ်တိုင်လာပြီး အသေခံချင်နေတာလား။”
” ဒီမဟာပုဂ္ဂိုလ်ကြီးက မင်းကိုကြောက်မယ်ဆိုရင် ဒီနေရာကိုလာခဲ့မှာတောင် မဟုတ်ဘူး။ ငါသာ မပါရင် မင်းတို့တွေဝင်္ကပါကို လေ့လာလို့ရမယ်ထင်လား။ဟန့် မင်းတို့နားလည်ထားတယ်ဆိုပြီး ထင်တာတွေဆိုတာတွေကို မေ့လိုက်စမ်းပါ။ ဒီဟာက ဝင်္ကပါပုံသဏ္ဍာန်ဘဲ။ ဝင်္ကပါ ပုံသဏ္ဍာန်သာ မရှိရင် မင်းတို့အားလုံးဘာမှ လုပ်နိုင်မှမဟုတ်ဘူး။”
ငှက်ကတုံးက မောက်မာစွာပြောလိုက်သည်။သူက ကောင်းကင်နတ်တောင်မှ ကျွမ်းကျင်ပညာရှင်တွေကို အထင်တသေးကြည့်ကာ ပြောလိုက်၏။
“မင်းတို့တွေ ဒီနယ်မြေက လွတ်မြောက်ချင်တယ်လို့ ငါ့ကိုမပြောခဲ့ဖူးလား။ ဟမ် .. ငါက မင်းတို့ကို သွားခွင့်ပြုမှဘဲ မင်းတို့တွေလွတ်မြောက်မှာလေ။တကယ်လို့ ငါသာ ခွင့်မပြုဘူးဆိုရင် မင်းတို့သွားလို့ရမယ်လို့ ထင်နေလား။”
သူ၏ အသံသည် အလွန်ကျယ်သည်။ ယွန်ခမ်းဟိုင်နှင့် အခြားသူတွေကို အလွန်အမင်းအထင်သေးနေကြောင်း သိသာနေခဲ့သည်။ ထိုလေသံသည် အလွန်ခံစားရခက်လေသည်။
” မင်း….”
စတုတ္ထသခင်တောင်မှ အမူအရာပြောင်းသွားသည်။ ထိုဒဏ္ဍာရီထဲမှ နတ်ဆိုးဥဒေါင်းဖိုသည် ပြန်လာချေသည်။ သူသည် သူ့ဖခင်ကိုတောင်မှ အများရှေ့တွင် မျက်နှာပျက်ရအောင် ပြောရဲခဲ့သည်။ထိုအကောင်သည် အလွန်ပင်မောက်မာလှကာ ရိုင်းစိုင်းလွန်းလှပြီး လက်ခံခြင်းဘွဲ့ပင် မရှိပေ။
” အမွှေးထူတဲ့ကောင်စုတ် မင်းလဲပေါက်ကရတွေ လာပြောမနေနဲ့။ မင်းငါ့ကို မယုံဘူးဆိုရင် မင်းအဖေကိုမင်း ပြန်မေးလိုက်လေ။ ဒါမှမဟုတ် မင်းအဖေရဲ့ လက်မောင်းထဲကိုဝင်ပြီး ချွဲရင်ချွဲပေါ့။”
ငှက်ကတုံးလေးက မျက်လုံးဒေါင့်ကပ်ကာကြည့်ရင်း ပြောသည်။သူက ဂရုစိုက်ဟန်ပင် မရချေ။
စတုတ္ထသခင်၏ စိတ်ထဲတွင်တော့ ထိုငှက်ကတုံးကို အလွန်ဆဲရေးတိုင်ထွာနေပြီးသားပါပေ။ သူသည် သက်လတ်ပိုင်းအရွယ် ရှိနေခဲ့၏။ သူ၏ အဆင့်အတန်းသည်လည်း မြင့်မားသည်။ သို့သော် လက်ရှိအချိန်တွင်တော့ ထိုငှက်ဂတုံး၏ ပြောဆိုခြင်းကိုခံနေရသဖြင့် သူက ရူးသွပ်သကဲ့သို့ ဖြစ်လာသည်။ တစ်ဖက် ငှက်ဂတုံးသည် အလွန်မုန်းတီးဖွယ်ကောင်းလှ၏။ အခြေအနေသည် မှန်သည်မှားသည်မသိသဖြင့် သူသည်လည်း လက်လွတ်စပယ် ပြုမူရန်မရပါချေ။
“နံပါတ်လေး နောက်ဆုတ်။”
ယွန်ခမ်းဟိုင်က ပြောလိုက်သည်။ သူသည်လည်းသူ၏သားကို လှုပ်ရှားခွင့် ပြုလိမ့်မည်မဟုတ်ချေ။
“တကယ်ဘဲ အဲ့လိုအဖြစ်ရှိခဲ့တာလား။”
ရှီဟောင်သည် မနေနိုင်ဘဲ ခပ်တိုးတိုးရေရွတ်မိသည်။ သူ့အသံသည် မကျယ်သော်လည်း လူတိုင်းကတော့ ကြားရ၏။
” ဖြီး .. ”
အချို့သူတွေက ရယ်လိုက်မိသည်။
ကောင်းကင်နတ်တောင်မှလူတွေ ရှက်ရွံ့သွားခဲ့ကြသည်။ ယွန်စီတောင်မှ ခေါင်းအနည်းငယ်ငုံ့သွား၏။ ထိုဥဒေါင်းဖိုသည် ဝင်္ကပါကို မည်သည့်အတွက်ကြောင့် သွားလိုက်လာလိုက် လုပ်နိုင်စွမ်းရှိနေကြောင်း သူတို့မသိချေ။ ထိုနေရာတွင် လျိုဝှက်ချက်တစ်ခုခုတော့ ရှိနေရပေမည်။
” ကလေးတစ်ယောက်ကို ဟောက်ဟမ်းနိုင်တာနဲ့ဘဲ ဒါကစိုးရိမ်တစ်ခု ဖြစ်သွားပြီးလို့ မင်းထင်နေတာလား။ ဟမ့်.. ”
ယွန်ခမ်းဟိုင်က ပြောလိုက်သည်။
” အလိမ်အညာတွေ .. ချစ်ခင်မြတ်နိုးနေတဲ့စုံတွဲတစ်တွဲကို မင်းခွဲဖို့လုပ်ခဲ့တယ် မဟုတ်ဘူးလား။ ငါနဲ့ မန်လန်းကို မင်းခွဲဖို့ လုပ်ခဲ့တယ်လေ။”
ငှက်ကတုံးက အော်သည်။
စတုတ္ထသခင်ပင်ဖြစ်စေ၊ ယွန်စီပင်ဖြစ်စေ၊ ကောင်းကင်နတ်တောင်မှသူတွေပင် ဖြစ်စေအားလုံး ဂရုတစိုက်နားထောင်နေကြသည်။ မည်သည့်အတွက်ကြောင့် တောင်၏ ကြီးမားသည့် ပုံရိပ်ဖြစ်သည့် ယွန်မန်လန်းပါလာကြောင်း မသိတော့ချေ။
ယွန်ခမ်းဟိုင်က အော်၏။
“မင်းသာ ဝိညာဉ်ဆေးပင်တွေကို မဖျက်ဆီးခဲ့ဘူးဆိုရင် နတ်ဆေးပင်တွေကို မခိုးခဲ့ဘူးဆိုရင် ငါ့ကလန်က ရတနာပစ္စည်းတွေကို မဖျက်ဆီးခဲ့ဘူးဆိုရင် ငါတို့ကရော မင်းကို အမဲလိုက်ခဲ့ပါမလား။”
“ပေါက်ကရတွေ ငါက သိချင်စိတ်ရှိပြီး နည်းနည်းပါးပါး လျှောက်ကြည့်ရုံဘဲလေ။ မင်းတို့ကသာ ဘယ်လောက်အထိ မြင့်မြတ်ပြီးအဆင့်လွန်တဲ့ ဥဒေါင်းဖိုကိုမြင်ပြီး မနာလိုဖြစ် နေကြတာမဟုတ်လား။ ဒါကြောင့် ငါမင်းတို့ကို တစ်နေ့မှာ ဖိနှိမ့်မှာကို စိုးရိမ်ပြီး လုပ်ခဲ့တာဘဲလေ။”
ငှက်ကတုံးက အော်သည်။ လူတိုင်းသည် အခြေအနေကိုအနည်းငယ်တော့ဖြင့် နားလည်လာကြသည်။ သို့သော် ကြွတ်ဆီကြွက်ဆီဖြင့်တော့ အတင်းအဖျင်းပြောနေ ကြသေးသည်။
ကြည့်ရသည်မှာ ငှက်ကတုံးသည် ငှက်ကောင်း မဟုတ်လောက်ချေ။ ကောင်းကင်နတ်တောင်မှ သူတွေသည်ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတွေရှိသော်လည်း ထိုငှက်ကတုံးကတော့ဖြင့် အဆိုးရွားဆုံးထဲ ပါလောက်ပေသည်။
“သွား ငါတို့ ဒီကိစ္စကို သေချဖြေရှင်းမယ်။ ငါ မန်လန်းကို ဖိတ်လိုက်မယ်။”
ယွန်ခမ်းဟိုင်က ပြောသည်။သူ၏မျက်ဝန်းထဲမှ အလင်းရောင်တွေလက်လာခဲ့၏။ငှက်ကတုံးလေးက အမူအရာတွေပြောင်းလာ၏။
“မဖိတ်နဲ့။ မဖိတ်နဲ့။ သူမကို ဖိတ်ဖို့ မလိုအပ်ဘူး။ ငါ့အခုပုံစံကိုလည်း ကြည့်ပါဦး။ ဒီပုံစံကို သူမ ကြိုက်မယ်လို့ထင်နေတာလား။ ဟမ် ဒီအတိုင်း တစ်နေရာမှထိုင်ရှင်းရင် လုံလောက်ပါတယ်။ ငါရဲ့သူရဲကောင်းဆန်ပြီး လှပတဲ့ပုံပန်းသဏ္ဍာန်ပြန်ရမှဘဲ ငါမန်လန်းရှေ့ကိုသွားမယ်။”
ထို့နောက်သူက ခေါင်းကိုမော့ကာပြောသည်။
” ယွန်ခမ်းဟိုက် မင်းငါ့ရဲ့အသိတရားကို မနှောက်ယှက်တာအကောင်းဆုံး ဖြစ်မယ်နော်။ ငါခမ်းနားကြီးကျယ်တဲ့ ဥဒေါင်းဖိုက ဖိအားဒဏ်တွေကို လွယ်လွယ်ကူကူခံမယ့်သူ မဟုတ်ဘူး။ မင်းသာငါ့ကို ဝင်္ကပါရဲ့လျိုဝှက်ချက်ကို ပြောပြလာစေချင်တယ်ဆိုရင် ဒီနေ့ဒီအချိန်မှာသွေးကြွေးဆပ်ဖို့တော့ လိုအပ်လိမ့်မယ်။”
°°°
တောင်တွေသည် မြင့်မားကာ မတ်စောက်သည်။သူတို့သည် အောက်ခြေတွင် အသာအယာရပ်နေသည့်အခါ အပေါ်သို့ ကြည့်ချင်လျှင် လည်တစ်ဆုံးပင်မော့ရနိုင်ပေသည်။ သို့သော်ထိုသို့ မော့ကြည့်လိုက်ရုံဖြင့် ထိုတောင် အနေအထားသည် နတ်ဘုရားတစ်ပါးကျင့်ကြံအားထုတ်ရာနေရာဟု မြင့်မြတ်သည့်ခံစားချက်တွေကို ရစေသည်။
တောင်ပေါ်သို့ တက်သည့်လမ်းသည် ကျောက်လမ်းခင်းထားသော်လည်း ခမ်းနားသယောင်ထက်ရသည်။ သူတို့တွေအား နေရာတစ်ခုသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ထိုနေရာသို့သွားသည့် လမ်းတွင် စိတ်ကူးယဉ်ဆန်သည့် ခံစားချက်ကိုသာ သူရသည်။ ဝိညာဉ်ဆေးပင်များသည် လမ်းတစ်လျှောက်၏ဘေးတစ်ဖက် တစ်ချက်ဆီတွင်တွေ့ရသည်။ ဝိညာဉ်ငှက်တွေနှင့် ကြောက်မက်ဖွယ်သားရဲတွေကိုလည်း တွေ့ရသည်။ ထာဝရဆန်သည့် ခံစားချက်ကို သူတို့ရ၏။
“ဒီမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ နတ်ဆေးခင်းကြီးရှိနေတာဘဲ။”
ရှီဟောင်က လေးစားစွာပြောလိုက်သည်။ သူတို့ ချဉ်းကပ်သွားခြင်း ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေ ပေါများလာကြောင်း ခံစားမိနေရသည်။ အမျိုးမျိုးသောပန်းတွေကလည်း ပွင့်လန်းနေ၏။ ဆေးခင်းတွေ ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်ဝနေခဲ့ကာ အသက်စွမ်းအင်တွေပျံ့နှံ့ သင်းနေခဲ့သေး၏။
ဝိညာဉ်ဆေးပင်တွေသည် အတူတကွပေါက်သည့် အကြောင်းပြချက်မှာ ရှေးခေတ်နတ်ဘုရားတစ်ပါးမှ ခက်းကျင်းထားခဲ့သည့် ဝင်္ကပါတွေကြောင့် ဖြစ်ပေသည်။
ထိုတောင်ကြီးသည် အလွန်ကြီးမားသည်။ ကြောက်မက်ဖွယ်သားရဲပေါင်း မြောက်မြားစွာနှင့် ကြီးမားတဲ့သားရဲကြီးတွေလည်း ထိုနေရာတွင်နေထိုင်ကြသည်။ အနည်းဆုံး ထိုသားရဲတွေသည် မီတာဒါဇင်ကျော်ခန့်ကြီးကြသည်။ ထို့အပြင် အမြင့်အားဖြင့် မီတာတစ်ရာကျော်ပင် ကျော်ကြသေး၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် သားရဲတွေဖြစ် နေလေတော့သည်။ သို့သော် ထိုအရာတွေအားလုံးသည် ပြင်းထန်သည့်သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်ဖော်သင့်သော်လည်း ဝင်္ဂပါ၏ ဖိအားကြောင့် ဟိန်းဟောက်ခြင်းကိုသာ ပြုလုပ်ကြသည်။
နတ်တောင်တွေသည် သာမန်မဟုတ်နိုင်ချေ။သို့သော် လက်ရှိအချိန်တွင်တော့ ဝင်္ကပါကြောင့် အလွန်ငြိမ်းချမ်းနေလေတော့သည်။ ယွန်ခမ်းဟိုင်က လူတိုင်းကို ထိုနေရာသို့ခေါ်သွားသည်။တဲအိမ်အနည်းငယ်ရှိသည့် ထိုနေရာ၏ ဝန်းကျင် တစ်ဖက်တစ်ချက်စီတွင် ဆေးခင်းတစ်ခုစီကို မြင်ရသည်။ ထို့ကြောင့် သေမျိုးနယ်ပယ်မှ ကင်းလွတ်သည့် နယ်ပယ်တစ်ခုထံသို့ပင် အလည်ရောက်သွားသလားပင် ထင်ရလေတော့သည်။
” စကားပြော ကြတာပေါ့။”
ထိုနေရာသို့ ရောက်သွားသည်နှင့် သူတို့တွေကျောက်သား စားပွဲဘေးရှိ ခုံလေးတွေပေါ်တွင် ထိုင်လိုက်ကြသည်။ ထိုနေရာတွင် လတ်ဆတ်သည့်လက်ဖက်ရည်နှင့် စားစရာများ ရှိသည်။ အရာအားလုံးသည် ငြိမ်းချမ်းနေ၏။
ထိုအခိုက် အခြားသူတွေကလည်း ဆေးခင်းထဲသို့လျှောက်သွား၏။
“ယွန်စီ .. မင်းမျိုးစေ့ရဲ့ နတ်ဆေးပင်က ဘယ်လိုနေလဲ။ ငါ့ကို တစ်ချက်လောက်ပြကြည့်လို့ ရမလား။”
ဟောင်လင်းအာက မေးလိုက်သည်။သူမက သိချင်နေ၏။ ရှီဟောင် . ခေါင်းကိုးလုံးခြင်္သေ့နှင့် အခြားသူတွေအားလုံးကလည်း ခေါင်းငြိမ့်လိုက်ကြသည်။သူတို့သည်လည်း သိချင်နေပေ၏။
ယွန်စီက ဘယ်ညာကိုတစ်ချက် ကြည့်ပြီးသည့်နောက် အရေးပါအရာ ရောက်သည့်သူတိုင်းသည် ငှက်ကတုံးလေးကြောင့် ဒေါသထွက်သွားပြီ ဖြစ်ကြောင်းသိသွားရသည်။ နံပါတ်လေးသခင်ပင် ထိုငှက်ဂတုံးနှင့် စကားပြောချင်စိတ်မရှိဘဲ သူ့ဖခင်၏နှင်ထုတ်မှုကြောင့် ထွက်သွားရချေပြီ။
ပထမဆုံးအနေဖြင့် သူမ တုန့်ဆိုင်းနေသော်လည်း ခေါင်းငြိမ့်လိုက်မိသည်။ သူတို့ကို ထိုနေရာသို့သာ ခေါ်သွားလိုက်တော့၏။ သို့သော် ရှီဟောင်ကိုတော့ဖြင့် သတိပေးထားသည်။ အထူးသဖြင့်အင်ပါယာလိပ်ပြာကို မလွှတ်စေရန်တားမြစ်ထား၏။ ဒီနေရာတွင် နတ်ဝင်္ကပါရှိသော်လည်း ထိလိုက်သည်နှင့် လူတစ်ယောက်၏ စိတ်ဂိညာဉ်နှင့် ခန္ဓာကိုယ်ကိုပင် စစ်ဆေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် အခြားသူတွေသိသွားနိုင်ပေသည်။
“ဘုရားရေ ဒီနေရာက ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေက အရမ်းကိုပေါကြွယ်ဝလွန်းလို့ အရည်တောင်ဖြစ်နေတာဘဲ။”
မီးတောက်ကျီးကန်းက အလန့်တကြားအော်သည်။
အကြောင်းမူကား သူတို့၏အရှေ့တွင် ဟင်းရွက်အချို့ပေါက်နေခဲ့သည့် ဝိညာဉ်စမ်းချောင်းကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ လတ်ဆတ်သည့် ပန်းတွေ ပွင့်လန်းနေခဲ့၏။ ကျောက်တုံးတွေကလည်း ထိုပေါ်တွင်ရှိနေသည်။ ထိုနေရာကိုကြည့်လိုက်ရုံဖြင့် တော်ဝင်ဆန်သည့်ခံစားချက်ကို ရသည်။ အလင်းရောင်တွေကလည်း တောက်ပနေခဲ့သေးသည်။ စစ်မှန်သည့် ဝိညာဉ်အရည်တွေ ဖြစ်ကြောင်းသိသာနေစေခဲ့သည်။ လူတိုင်းက စွန့်အသွားခဲ့ကာ အံ့ဩသွားကြသည်။
” ဒီလိုနေရာမျိုးတွေ အများကြီးရှိလား။” ရှီဟောင်က မေးလိုက်သည်။
“အခြားနေရာက ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေက ဒီနေရာလောက် မများဘူး။ ဒါပေမယ့် ဒီလိုနေရာမျိူးကတော့ နည်းနည်းပါးပါးရှိပါတယ်။”
ယွန်စီက ပြောလိုက်သည်။ တောင်ထိပ်တွင် ယခုကဲ့သို့သော နေရာ တစ်ရာကျော် ခွဲခြားထားသည်။ ထိုကြောင့် တစ်နေရာခြင်းစီသည် ကမ္ဘာငယ်လေးတွေကဲ့သို့ ဖြစ်နေလေတော့သည်။
“နတ်တောင်က အရမ်းကြီးတာဘဲ။”
ခေါင်းကိုးလုံးခြင်္သေ့ကလည်း လေးစားစွာသက်ပြင်းချသည်။ လမ်းတစ်လျှောက်တွင် မြင်ခဲ့ရသည့်မြင်ကွင်းတွေနှင့် လက်ရှိမြင်ကွင်းတွေသည် အလွန်ပင်ထူးခြားလွန်းလှသည်။
ထိုနယ်မြေတစ်လျှောက် လမ်းလျှောက်သွားနေခဲ့ရင်း မွှေးပျံ့သည့် ရနံ့တွေကို ခံစားနေခဲ့ကာ သူတို့၏စိတ်ကို ကြည်လင်လာစေခဲ့သည်။ လူတိုင်း စိတ်လှုပ်ရှားနေခဲ့၏။ သိပ်မကြာခင် အချိန်တွင်ပင် သူတို့၏ စိတ်ဝိညာဉ်တောင်မှ သက်တောင့်သက်တာရှိလွန်းလှသဖြင့် ခန္ဓာကိုယ်မှခွဲထွက်ကာ ထိုအမွှေးနံ့သာနောက် လိုက်သွားမည်ကဲ့သို့ ခံစားရသည်။ ထိုမွှေးရနံ့များသည် သူတို့၏စိတ်ဝိညာဉ်တွေကို အားဖြည့်ပေးလေ၏။
“ဒါက ဘယ်လိုရှေးဟောင်းဆေးပင်လဲ။”
ဟောင်လင်းအာ အံ့ဩသွားသည်။ လူတိုင်းကလည်း သိချင်လာခဲ့၏။ သူတို့တွေသည် လီအနည်းငယ်ခန့်သွားပြီးသည့်နောက် ဆေးရနံ့တွေသည် ပြင်းထန်သထက်ပြင်းထန်လာကြောင်း ခံစားမိလိုက်ကြသည်။ နောက်ဆုံးတွင်တော့ သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေ ရှိနေခဲ့သည့်ရေကန်တစ်ခုသို့ ရောက်သွားသည်။
ထိုရေကန်၏ အောက်ခြေတွင် သင်္ကေတအရောင်အလင်းတန်းတွေ တစ်ဖျက်ဖျက်လက်နေသေးကာ နတ်ကျောက်တုံး တွေဟာလည်း ရှေးဆန်သည့် အရှိန်အဝါကိုထုတ်ဖော်ရင်း ခင်းကျင်းထားသည့်သဏ်ဏ္ဍာန်ဖြင့် တွေ့ရသည်။ ထိုကျောက်တုံးတွေသည် ဆေးပင်ကို ထောက်ပံ့ရန်အတွက် ဘေးတွင်ရှိနေကြ၏။
ထိုသည်က ကြာပန်းဖြစ်သည်။ ကျန်းတစ်ရာပင် မကျယ်ချင်သည့် ရေကန်ငယ်လေးထဲတွင် ထိုကြာပန်းက အမြစ်ကုပ်ထားသည်။ အထူးသဖြင့် လှပလွန်းလှသည့်ကြာပန်းနှင့် မွှေးပျံ့လွန်းလှသည့် ရနံ့တွေသည် အလွန်အမင်းခံစားချက်ကို ကောင်းနေစေသည်။ ထိုပန်းသည် ခရမ်းရွှေရောင်အလင်းတွေကို လွှတ်ထုတ်နေခဲ့ကာ အမြစ်ကလည်းများပြားပုံရသည်။ ထိုအရာသည် ခရမ်းရွှေရောင်နတ်ဆေးပင်ဟုပင် ခေါ်ဆိုသင့်ပုံရ၏။
“ဒါက ဘာဆေးပင်လဲ။ ငါ့ရဲ့စိတ်ဝိညာဉ်တောင်မှ သက်တောင့်သက်သာ အရမ်းရှိလာတယ်။”
မီးတောက်ကျီးကန်းက မေးလိုက်တော့သည်။
” ဒါက စိတ်ဝ်ိညာဉ်လမ်းညွှန်ခြင်းကြာပန်းလေ။”
ယွန်စီက ပြောပြလိုက်သည်။ ထိုနတ်ဆေးပင်သည် တည်ရှိနေခဲ့သည်မှာ အချိန်ကြာညောင်းလှချေပြီ။ထိုနေရာသည် တန်ကြေး အကန့်အသတ်မရှိသညံအထိ ကြီးမားလှသလို ကောင်းကင်နတ်တောင်ကလည်း ထိုအရာကို မည်သည့်အချိန်တွင်မှ ခူးယူခြင်းမပြုချေ။ စိတ်ဝိညာဉ်လမ်းညွှန်ခြင်း ကြာပန်းသည် ခရမ်းရွှေရောင်အလင်းတွေ တောက်ပနေခဲ့သည်။ ခရမ်းရောင် ရောင်စုံအလင်းတွေ လှိုင်းတွေအဖြစ်မြင့်တက်နေခဲ့ကာ မြူထုတစ်ခုကိုပေါ်လာစေသည်။ အားလုံးပေါင်း အရွက်ရှိကာခရမ်းရွှေရောင်ပန်းပွင့်တွေတွင်လည်း ရိုးတံခြောက်ခုရှိသည်။ အထူးသဖြင့် ရောင်စုံအလင်းတွေ တောက်ပပွင့်လန်းနေခဲ့ကာ ပန်းပွင့်၏ အလယ်မှ ဖြာထွက်နေခဲ့၏။
” တကယ်ကို ကျောက်ရိုင်းတုံးကျနေတာဘဲ။”
ရှီဟောင် သက်ပြင်းချသည်။ ထိုနတ်ဆေးပင်သည် ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်သည့် စွမ်းအားတွေကို သယ်ဆောင်ပေး နိုင်လောက်သည်။ ထိုအရာကိုသာ ဆေးလုံးအဖြစ် သန့်စင်လိုက်မည်ဆိုလျှင် ဆေးစွမ်းအားကို ဆယ်ဆခန့် တိုးတက်သွားစေနိုင်လောက်သည်။ နတ်တောင်တစ်ခုလုံးက ဆေးပင်တွေကို သုံးပြီး သန့်စင်မည်ဆိုလျှင်တောင်မှ ထိုဆေးစွမ်းကိုမှီနိုင်လိမ်မည် မဟုတ်ချေ။သာမန်သူတွေသာဆိုလျှင် ထိုအရာမှ မည့်သည့်စွမ်းအင်များ ထုတ်မလွှတ်တာကိုပင် ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။
“ရှေးခေတ်တုန်းက ကောလဟာလအရဆိုရင် ဒီနတ်ဆေးပင်ကို နတ်ဘုရားတစ်ပါးက စောင့်ရှောက်ထိန်းသိမ်းခဲ့တာလို့ ပြောတယ်။ နောက်ပြီး လျိုဝှက်ဆန်းကျယ်တဲ့ ပုံပြင်တွေလည်း အများကြီးရှိသေးတယ်။ ပြောကြတာက အားလုံးပေါင်း အရွက်ကိုးရွက် ရှိသင့်တာတဲ့။ အရွက်ကိုးရွက်ပြည့်တိုင်း ရိုးတံသဏ္ဍာန်ထပ်ထွက်လာမယ်လို့ပြောတယ်။ အဲ့ဒီအခါကျရင် ဆေးစွမ်းအားကလည်း အရင်ထက်အဆပေါင်းမြောက်မြားစွာ သာလွန်သွားကြမယ်လို့ ပြောကြသေးတယ်။”
ယွန်စီက ပြောသည်။
“ဘာ .. ရူးသွပ်လောက်စရာ ပါဘဲလား။” သက်တန့်လုအန်း အလွန်ပင် အံ့ဩနေခဲ့သည်။
” အာ နောက်ကျတော့ ဒီအပင်က ပျက်စီးသွားတယ်လေ။ သူ့ရဲ့ စိတ်ဝိညာဉ်အစစ်အမှန်ကို ပိုင်းဖြတ်ခံခဲ့ရတယ်။ ဒီတော့ ဒီလိုအခြေအနေနဲ့ဘဲ ကျန်ခဲ့တော့တာဘဲ။” ယွန်စီက သက်ပြင်းချသည်။
“အခု ရှစ်ရွက်နဲ့ ရိုးတံရှစ်ခု ရှိတယ်။ ဒါပေမယ့် ဒါတောင်မှ နတ်ဆေးပင်လို့ ခေါ်နိုင်နေတုန်းဘဲ။ တကယ်လို့ ကိုးရွက်နဲ့ရိုးတံကိုးခုသာ ရှိမယ်ဆိုရင် ဘယ်လိုအဆင့်များ ရောက်သွားလောက်လဲ။”
ရှီဟောင် စိတ်လှုပ်ရှားနေခဲ့သည်။ ထိုအခိုက် အင်ပါယာလိပ်ပြာလေးက ခုန်ထွက်လာသဖြင့် ရှီဟောင်ပင်ခပ်မြန်မြန် တားလိုက်ရသည်။ နတ်ဘုရား၏ ဝင်္ကပါ ပညာနှင့် ထိပ်တိုက်တွေ့သွားမည်ဆိုလျှင် လှုပ်ရှားမှုတွေဖြစ်လာခဲ့ကာ အန္တရာယ်ရှိလာနိုင်ပေသည်။
ထိုအခိုက် ဝင်္ကပါအပြင်ဘက်မှ ရှီဟောင်နှင့်ယွန်စီတို့ကို ပြောလာသည်။ ထိုအရာက ဒီနေရာမှ ထွက်သွားရန်ဖြစ်၏။
ထို့ကြောင့် သူတို့ဟာ ထိုနေရာမှ ထွက်သွားပြီး တဲတွေဆီသို့ ပြန်သွားလိုက်သည့်အချိန်တွင် ငှက်ကတုံးလေးက ကျွမ်းကျင်ပညာရှင်တစ်အုပ်နှင့် တိုက်ခိုက်နေကြောင်းတွေ့လိုက်ရသည်။
” ဟူး .. မင်းတို့ကောင်တွေ ပြန်လာသေးတယ်ပေါ့။ငါမင်းတို့ကို အားလုံးပြောပြမယ်။ သိလား။ ဒီဝင်္ကပါတကယ်တော့ ပျက်စီးနေတာ .. အဲ့ဒါကို သူတို့လည်းသိထားကြတယ်။ ဒါတောင်မှ ငါက ဝင်္ကပါပုံစံကိုပြင်ဆင်နိုင်တယ် ဆိုတာကို သူတို့က မယုံကြဘူးလေ။ ဒါကို သူတို့က ကျေးဇူးတောင်တင်သင့်သေးတာကို ငါကိုတောင်တိုက်ခိုက်နေကြသေးတယ်။”
ငှက်ကတုံးလေးက ပြောသည်။ သူသည် တိုက်ခိုက်နေသည့်အဖွဲ့၏ မျက်နှာတွေမဲမှောင်ကြနေတော့မည့်မတပ် ဖြစ်နေကြောင်းကိုမူ သတိမထားချေ။သူက ရှီဟောင်ကို ကြည့်ကာပြောသည်။
“ကောင်စုတ်လေး ငါမင်းကို မိန်းမတစ်ယောက် ပေးထားပြီးပြီနော်။ အဲ့ဒီတစ်ယောက်က ဒီမှာ။ခရမ်းရောင်ဝတ်စုံနဲ့ တစ်ယောက်ဘဲ။ အနာဂတ်ကျရင် သူမက မင်းအပိုင်ဘဲ။ သူမရဲ့ အဖိုးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ သဘောတူလိမ့်မယ်။”
“အာ….”
ယွန်စီ အသက်မဲ့အတိုင်း ဖြစ်သွားသည်။သူမ၏မျက်နှာက အလွန်ပင်ပျက်ယွင်းသွား၏။ အချိန်အတိုအတွင်းတွင်ပင် မည်သည့်အရာတွေ ဖြစ်ပျက်သွားကြောင်း သူမ မသိတော့ချေ။
” ဘာလို့လဲဆိုတော့ ဒီမဟာကြီးမြတ်တဲ့ပုဂ္ဂိုလ်ကြီးက သူတို့ဆီက အကြွေးတင်နေလို့ဘဲလေ။”
ငှက်ကတုံးက မောက်မာသည့် အမူအရာနှင့် ပြောသည်။ သူက ကောင်းကင်နတ်တောင်ကို မျက်နှာသာပေးချင်ဟန် မရချေ။