သုခကမ္ဘာက ရှီဟောင် - Chapter - 610 အသက်ဂိတ်
“ဟီး ဟီး ဟား ဟား….”
ငှက်ကတုံးလေးက ကျယ်လောင်စွာအော်ဟစ်ရယ်မောနေခဲ့သည်။ ကောင်းကင်နတ်တောင်မှ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားတော့ကာ မကျေမနပ်ဖြစ်သွားကြလေသည်။
ယွန်ခမ်းဟိုင်က တည်ငြိမ်နေသည့်ထဲမှ တစ်ယောက်သာလျှင်ဖြစ်သည်။ သူ၏မျက်နှာတွင် ခပ်ဖျော့ဖျော့အပြုံးပင် ရှိနေခဲ့သေး၏။ သူက ပြောသည်။
“ငါ့အဘိုးအကြောင်း ပြောရမယ်ဆိုရင် ပျက်သုန်းခြင်းနယ်မြေတစ်ခုလုံးကတောင်မှ သူနဲ့ ပြိုင်ဘက်တွေမရှိဘူးလို့ ဆိုရမှာဘဲ။ ဒီတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါဘာမှပြောစရာ မရှိဘူး။”
“အဘိုးကြီး အခုချိန်ထိ အမှားကို ဝန်ခံဖို့ ငြင်းဆိုတုန်းဘဲလား။ ဟမ် ဝင်္ကပါ ပြန်လည်ပြင်ဆင်ချင်သေးတယ် မဟုတ်ဘူးလား။ ဘာလို့ ဒီနယ်မြေက ကလန်တစ်ခုလုံးကို ထွက်သွားချင်နေရတာလဲ။”
ငှက်ကတုံးလေးက နှာခေါင်းရှုံ့ကာပြောသည်။
” သူတို့က ငယ်ရွယ်ကြသေးတယ်။ သူတို့တွေအချင်းချင်း မှီခိုနေဖို့ အဆင်ပြေကြသေးတယ်။ငါက ငြင်းဆန်စရာ အကြောင်းမရှိဘူး။ ငါရဲ့အဘိုးကလည်း တစ်စုံတစ်ရာမှားတယ်လို့ ခံစားမိတယ်ဆိုရင် အဲ့ဒီအရာကို ဘယ်တော့မှလုပ်မှာ မဟုတ်တဲ့သူမျိုးဘဲ။”
ယွန်ခမ်းဟိုင်က ပြောသည်။ ငှက်ကတုံးလေးက သူ့ကိုစူးရဲစွာ ကြည့်သည်။ သူက နှစ်ပေါင်းများစွာအကြာက ဖြစ်ပျက်ခဲ့သည့် တစ်စုံတစ်ရာကို သတိရသွားဟန်ရကာ မုန်းတီးစွာပင် ဆိုလာခဲ့၏၊
“မင်းမြေခွေးအိုကြီး မင်းကမင်းအဖေနဲ့ အတူတူဘဲ။အဲ့ဒီအဘိုးကြီး ဘာလုပ်ခဲ့လဲ။မင်းသိလား။သူကငါ့ကို ပြောခဲ့တာ။ ငါနဲ့မန်လန်းရဲ့ကြားက ဆက်ဆံရေးအကြောင်းလေ။ သူက လုံးဝမနှောက်ယှက်ဖူးလိုတောင် ပြောခဲ့တာ။ ဒါပေမယ့် အဆုံးမှာကျတော့ သူက ငါ့နောက်ကို လိုက်ပြီး ငါကိုတောင်သတ်ဖြတ်ဖို့တောင် ကြိုးစားခဲ့ဖူးတယ်။ ဟုတ်ရင် ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူးပြောလို့ ရတာဘဲ။အခုမှ မင်းလာပြီး အရူးလိုလုပ်မနေနဲ့။”
“မင်းက အရမ်းမောက်မာတယ်လို့ မင်းကိုယ်မင်းရော ထင်နေမိလား။”
ထိုအခိုက် သတ်လတ်ပိုင်းလူတစ်ယောက် ပေါ်လာသည်။ သူက စူးရဲစွာပင် ငှက်ဂတုံးလေးကိုအော်သဘ်။ သူက ရှီဟောင်တို့အဖွဲ့ကိုတောင် ကြည့်သေးသည်။
“ယွန်ခမ်းဟိုင်ရဲ့ ဒုတိယအကြီးဆုံး အဘိုးကြီး မင်းငါ့ကို ဒါတွေလာပြောရတာက ငါ့ကိုဆန့်ကျင်ပြီး လှုပ်ရှားဖို့ခံစားမိတာလို့ မဟုတ်လား။”
ငှက်ကတုံးလေး၏ လျှာစောင်းက ထက်သည်။သူက နှာခေါင်ရှုံ့နေသေး၏။
ထိုသတ်လတ်ပိုင်းလူက ဒုတိယသခင်တစ်ယောကိဖြစ်သည်။ သူက ပြောသည်။
“မင်းဘက်က ယုံကြည်မှုတွေနဲ့ ဒီလောက်ထိ မောက်မာနေသလဲလို့ ငါမထင်ဘူး။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံဆင့်က ပျက်ဆီးသွားသည်။ ငါရဲ့ကောင်းကင်နတ်တောင်မှာ ဆင်းသက်ရဲသေးတယ်ဆိုတော့ မင်းက ဟင့် မင်းနဲ့ဒေါ်လေး မန်လန်းတို့ကြားက အဖြစ်အပျက်အချိန်တွေကို ထောက်ထားမယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား။ ဒါပေမယ့်ငါ့ကလန်ရဲ့ သေခြင်းရှင်ခြင်းတရားနဲ့ ပတ်သက်လာရင် ငါရဲ့ဒေါ်လေးကလည်း ငါတို့ဘက်ကိုဘဲ ငှဲ့ညာနေမှာ သေချာတယ်။”
” ငါ့အမြင်တော့ ဝင်္ကပါကိုလာရောက်ပြီး ပြင်ဆင်တယ်ဆိုကတည်းက ငါတို့ကလန်က မှော်လက်နက်ကို ခိုးသွားခဲ့တဲ့ကောင်လည်း ပါလာမယ်လို့ ငါထင်တယ်။ ဒီတော့ အချိန်ကိုနှောင့်နှေးစရာ မလိုတော့ဘူး။ မြန်မြန်ဆန်ဆန် သူတို့ကို ပြင်ဆင်ခိုင်းလိုက်။ ပြီးတော့မှ ဝင်္ကပါကို ဖွင့်လိုက်ကြတာပေါ့။”
အခြားအကြီးအကဲတစ်ယောက်က ပြောသည်။သူ၏ ဆံပင်တွေသည် ရွှေရောင်ဖြစ်သည်။ ရှင်းလင်းစွာပင် သူသည် ကောင်းကင်မျိုးစိတ် မဟုတ်ချေ။သို့သော် ဖန်းငှက်မျိုးစိတ်ဖြစ်သေးပေ၏၊သူက ယွန်စီကိုတစ်ချက်ကြည့်ကာ ပြော၏။
“သိပ်မကြာခင်အချိန်မှာ မဟာရွှေတောင်ပံဖန်းငှက်က လက်ထပ်ပွဲအတွက် လာကြသေးတယ် မဟုတ်လား။ ငါတို့ဒီကိစ္စကို သေချာစဉ်းစားရမယ်။ ငါကတော့ ဒါကိုကောင်းတယ်လို့ ထင်တယ်။ ဘာဘဲဖြစ်ဖြစ် ငါတို့မျိုးစိတ်နှစ်ခုလုံးက ရင်းနှီးကျွန်းဝက်တာလေ။ လေထုက အလွန်အမင်း တင်းကျပ်သွားသည်။ သိသာစွာပင် ထိုနှစ်ယောက်စကားပြောလိုက်လျှင် သူတို့လေသံက မောက်မာလွန်းလှကာ ငြင်းဆန်ခွင့်ကို ပိတ်ပင်ထားသကဲ့သို့ မြင်ရပေသည်။
“ငါတို့က တောင်ကိုလာပြီး ပူးပေါင်းတာလေ။ ဒါပေမယ့် မင်းတို့အားလုံးက ငါတို့ကို ဖိနှိမ့်ဖို့ ဖိအားပေးနေတာဘဲ။ ငါတို့ကို အသုံးပြုပြီးတာနဲ့ ဖယ်ရှားချင်သေးတာမဟုတ်လား။”
ငှက်ကတုံးလေး ကပြောသည်။
” မင်းကိုမင်း ကြည့်စမ်းပါဦး။ ဒီလောက် အသက်ကြီးနေတာတောင်မှ ကျင့်ကြံခြင်းအဆင့်က အက်ကွဲနေတယ်။ ဒါတောင်မှ သူရဲကောင်းလိုလိုဟန်ဆောင် နေခဲ့သေးတယ်။ မင်းက ငါ့ရဲ့ကောင်းကင်နတ်တောင်ကို ဒီလိုမျိုးလာရဲပြီး မောက်မာရဲရအောင် မင်းကိုမင်း ဘယ်သူလို့ထင်နေတာလဲ။”
ဒုတိယသခင်ဆိုသည့် သက်လတ်ပိုင်းလူကတော့ အေးစက်စွာသာ ရယ်နေသည်။
” ဒီလိုစကားမျိုးကို ငါကြားဖူးတယ်လို့ ဘာလို့ခံစားနေရတာလဲ။ မင်းတို့က ငါကိုလည်း ရန်စချင်နေတာလား။”
ရှီဟောင်က ခြေလှမ်းအနည်းငယ် လှမ်းတက်လိုက်သည်။
“မိတ်ဆွေလေး နားလည်မှုမလွဲပါနဲ့။ အခုအချိန်မှာ အခြေအနေတွေအားလုံးက အဆင်ပြေနေပါပြီ။ငါတို့တွေက ဒေါသတကြီးနဲ့ အလျင်စလို ပြောမိတာဘဲရှိတာပါ။”
ယွန်ခမ်းဟိုင်က ပြောသည်။
“အကြီးဆုံးအစ်ကို ဘာလို့အခုလို ဟန်ဆောင်နေရတာလဲ။”
ရွှေရောင်ဆံပင်နဲ့ အကြီးအကဲကပြောသည်။သူ၏လေသံက အေးစက်ခြင်းလည်းမရှိ ပူနွေးခြင်းလည်း မရှိချေ။ သူက ရှီဟောင်ကိုကြည့်လိုက်သည်။ပုံမှန်ဆန်လွန်းသည့် လေသံနှင့်ပြောသည်။
” ဒါက ကောင်းကင်နတ်တောင်ဘဲ။ကွက်လပ်နတ်ဘုရားနယ်မြေ မဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့သဘာဝဆန်တဲ့ မောက်မာမှုတွေကို ဖယ်ရှားလိုက်တော့။ပြီးတော့ မင်းတို့ကိုလည်း ငါက ထွက်ပြေးခွင့်ပြုမှာမဟုတ်ဘူး။ ပြောစရာ စကား များများစားစားမရှိဘူး။ငါ့ရဲ့ မျိုးစိတ်က ပိုင်တဲ့လက်မောင်းကာကို မြန်မြန်ပြန်ပေးလိုက်။ ပြီးရင် ဥဒေါင်းအိုကို ဝင်္ကပါကို ပြန်လည်ပြင်ဆင်ခိုင်းလိုက်မယ်။ပြီးတာနဲ့ ငါတို့အသုံးပြုလို့ရပြီ။”
” အားယွန်၊ယွန်ကျင်းဟိုင် မင်းတို့တွေ ငါကိုမေ့နေတာဘဲ။ ဒီလိုဖြစ်မယ်မှန်းသာ ငါသိရင် ဖန်ငှက်ရဲ့သွေးတစ်ဝက်ကို ငါသုံးပြီး မင်းတို့အားလုံးကို သေတဲ့ထိဖြတ်ရိုက်ခဲ့ပါတယ်။”
ငှက်ကတုံးလေးက အေးစက်စွာ အဆက်မပြတ်ရယ်နေသည်။
“အဲ့ဒါက အတိတ်ကဖြစ်ခဲ့တာဘဲ။ အဲ့ဒါက ငါ့ညီမအတွက်သာ မဟုတ်ဘူးဆိုရင် ငါကလည်း မင်းကို သေတဲ့အထိရိုက်နှက်ခဲ့မှာဘဲ။”
ယွန်ကျင်းဟိုင်က အေးစက်စွာ ပြောသည်။
“ကျင်းဟိုင် မင်းအခုချိန်ထိ မောက်မာဟန်ဆောင်နေတုန်းဘဲလား။ အခုလို ဖြစ်လို့မရဘူးလေ။ ဒါတွေအားလုံးက ဒီနယ်မြေအတွက်နဲ့ ကပ်ဘေးကြီးကိုရှောင်ဖို့အတွက် ငါတို့ ကြိုးစားနေကြတာဘဲ။မောက်မာတဲစကားတွေကို မဆိုနဲ့တော့။”
ယွန်ခမ်းဟိုင်က ခေါင်းခါကာပြောသည်။
“ငါပြောတာမှားလို့လား။ ငါရိုးရိုးရှင်းရှင်းဘဲ သူတို့ရဲ့လက်ရှိ အခြေအနေကို နားလည်အောင် ပြေပြနေတာလေ။”
ယွန်ကျင်းဟိုင်က ရှီဟောင်နှင့် ငှက်ဂတုံးလေးကို ကြည့်သည်။
“ဘာလုပ်ဖို့လိုလဲ ဆိုတာကို မင်းတို့နှစ်ယောက်လုံး သိမယ်လို့ ငါထင်တယ်။ အဖေ .. သူတို့မှာအကျိုးကြောင်းသိလျော်တဲ့ ဆင်ခြေဥာဏ်ရှိမယ်လို့ မထင်ဘူး။ ဒီတော့ သူတို့ကို ဖိအားပေးတာက အကောင်းဆုံးဘဲလို့ထင်တယ်။ မဟုတ်ရင် ဒီနေရာက သူတို့လုပ်ချင်သလိုလုပ်လို့ရတဲ့နေရာလို့ ထင်သွားကြတော့မှာပေါ့။ ” သက်လတ်ပိုင်းလူကလည်း ပြောသည်။
” ခင်ဗျားတို့ ပြောလို့ပြီးပြီလား။” ရှီဟောင်က အကြောက်အလန့် ကင်းသည်။
ဒုတိယသခင်ဆိုသည့် သက်လတ်ပိုင်းလူက အေးစက်စွာပြောလာသည်။
“ငါရဲ့ကောင်းကင်နတ်တောင်ကို လာပြီးပြိုင်ဘက်ကင်းသယောင်ဆောင်နေတာကို ရပ်လိုက်စမ်းပါ။ မင်းက မဟာအဆင့်လွန် လူငယ်တစ်ယောက် ဖြစ်တော့ရောဘာဖြစ်လဲ။ ငါရဲ့လက်ကိုမြောက်ရင်းနဲ့ မင်းကိုဖိအားပေးလို့ရသေးတယ်လေ။ငါပြောတာကို ယုံလား။”
” မယုံဘူး။” ရှီဟောင်က ခေါင်းခါသည်။
“သေခြင်းနဲ့ရှင်ခြင်းကြာထဲက အကွာအဝေးကို မင်းတို့က မေ့နေတာဘဲ။ ငါပြောတာကို မယုံဘူး ဟုတ်လား။”
ယွန်ကျင်းဟိုင်က အေးစက်စွာပြောရင်း ရှီဟောင်နှင့် ငှက်ကတုံးကိုကြည့်သည်။
“မှန်တယ်။ ငါလည်း မယုံဘူး။”
ငှက်ကတုံးလေးကလည်း အေးစက်စွာ နှာခေါင်ရှုံ့သည်။
ဟုန်း ..။
ရွှေရောင်ဆံပင်နဲ့ အကြီးအကဲနှင့် ယွန်ကျင်းဟိုင်တို့က အေးစက်စွာ နှာခေါင်ရှုံ့လိုက်သည်။ သူတို့က ရှီဟောင်နှင့် ငှက်ကတုံးအား သူနှင့်ဖိလိုက်သကဲ့သို့ ခွန်အားတွေအား ထုတ်ဖော်လိုက်ကြသည်။ သူတို့ကိုသာ ထိမှန်သွားမည်ဆိုလျှင် သူတို့တွေသွေးအန်ကာ ဒဏ်ရာပြင်းပြင်ထန်ထန် ရသွားနိုင်ပေ၏။ သို့ရာတွင် နှစ်ယောက်လုံးက အနည်းငယ်တောင်မှ လှုပ်ရှားသွားခြင်း မရှိကြချေ။
” ဟမ် .. ”
သူ မှင်သက်သွားသည်။ သူ၏ လက်ကြီးတစ်ဖက်က ထိုနှစ်ယောက်လုံးထံသို ရောက်သွားခဲ့၏။ငှက်ကတုံးက အလင်းရောင်တွေထွက်အောက် အော်လိုက်သည်။ ထို့နောက် အကြီးအကဲထံသို့ လှည့်ကြည့်လိုက်တော့၏။ ထို့နောက် သူက လက်တစ်ဖက်ကိုမြောက်ကာ ရိုက်ချလိုက်သည်။ ထို့နောက် ယွန်ကျင်းဟိုင်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။သူ၏ နှုတ်ခမ်းထောင့်မှပင် သွေးတွေထွက်လာခဲ့၏။
” ဘာ .. ” လူတိုင်း အံ့ဩသွားသည်။
ကောင်းကင်နတ်တောင်မှ အကြီူအကဲများ၏ အမူအရာကလည်း ပြောင်းလဲသွားရသည်။ ထိုမုန်းတီးဖွယ်ကောင်းလွန်းလှသည့် ဥဒေါင်းဖို၏ကျင့်ကြံခြင်းအဆင့်သည် ဖျက်ဆီးခံရပြီးသား ဖြစ်သည်။ သို့တိုင်အောင် ရုတ်တရက် သူကပြောင်းလဲသွားခဲ့ကာ မယုံနိုင်စရာ ခွန်အားတွေကို ပိုင်ဆိုင်သွားခဲ့၏။
ထိုနှစ်ယောက်ထဲတွင် ငှက်ကတုံးလေးနှင့်ရှီဟောင်သာ အကြောင်းပြချက်ကို သိသည်။ထိုအကြောင်းပြချက်ကြောင့်သာလျှင် သူတို့အကြောက်အလန့်မဲ့နေကြခြင်း ဖြစ်ပေ၏။ အကြောင်းမူကား မိုးမခနတ်ဘုရားသည် လျိုဝှက်စွာလိုက်ပါလာခဲ့သည်။ သူတို့၏ဘေးတွင်လည်း မိုးမခနတ်ဘုရားကိုယ်တိုင်လည်း ရှိနေခဲ့သဖြင့် သူတို့စိုးရိမ်ရန် မည်သည့်အကြောင်းပြချက်မှ ရှိမနေပါချေ။
“ကျင်းဟိုင် မင်းအခုချိန်ထိ နောက်မဆုတ်သေးဘူးလား။” ယွန်ခမ်းဟိုင်က ပြောလိုက်သည်။
သူက အရှုပ်အထွေးမဖြစ်ခင်ကတည်းက အကြံပေးခဲ့ပါသော်လည်း သူကိုယ်တိုင်ပင် ထိုမုန်းတီးဖွယ်ကောင်းလှသည့် ငှက်ကတုံးကြောင့် အံ့အားသင့်နေသေးသည်။
“မင်းက ခွန်အားတွေကိုသိုလှောင်ထားတာဘဲ။ပြန်စရအောင်။ ငါတိုနှစ်ဖက်လုံး တိုက်ခိုက်ကြမယ်။ဘယ်သူက နိုင်မလြဲကည့်ရအောင်။”
ယွန်ကျင်းဟိုင်က အော်ဟစ်နေပြန်သည်။သူတို့အာယလုံးကို ဖိနှိမ့်ရပေမည်၊ ဝင်္ကပါကိုပြင်ဆင်ပြီးသည်နှင့် သူတို့ကလည်း ထိုသူတွေအားလုံးကို ရှင်းပစ်တော့မည် ဖြစ်ပေသည်။
ဟုန်း ..။
သင်္ကေတတွေ ထိုးထွက်လာပြန်သည်။ ထိုအရာတွေသည် မျက်စိကျိမ်းမတပ်တောက်ပလွန်းလှကာ ကြယ်တွေကဲ့သို့ ကျဆင်းလာခဲ့သည်။ ထိုနေရာတစ်ခုလုံးက သူတို့ကို ဝိုင်းသွားခဲ့ပြီး အလင်းရောင်တွေ တစ်ဖျက်ဖျက် တောက်ပလာခဲ့၏။ သို့ရာတွင် ငှက်ကတုံးလေးသည် အကြီးအကဲတစ်ယောက်ထံသို့ ကြည့်လိုက်သည်။ သို့သော်သူက မလှုပ်ရှားချေ ၊ယွန်ကျင်းဟိုင်သာလျှင် နောက်ပြန်လွင့်ထွက်သွားပေသည်။ တစ်ချိန်တည်းတွင်ပင် သူကမြေကြီးနှင့် ပြင်းထန်စွာ ရိုက်ဆောင့်မိကာ သွေးတွေထွက်လာပြန်တော့၏။ လူတိုင်းကတော့ အံ့ဩသလိုနေကြရသည်။ စွမ်းအားကြီး လွန်းလှပေ၏။
” အဘိုး .. ”
ယွန်စီက ထိုစကားကိုသာ ဆိုသည်။ သူမ၏အဘိုးကို လျိုဝှက်ဆက်သွယ်လိုက်တော့၏။ သူ့ကိုပြောခိုက်သည်မှာ နတ်ဘုရား အဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်သည် သူတို့နှင့်အတူ လျိုဝှက်လိုက်ပါလာနိုင်သည်ဟု ဆိုလိုက်သည်။ ထို့ကြောင့် အလောတကြီးမလုပ်ရန် သတိပေးလိုက်၏။
ယွန်ခမ်းဟိုင်လည်း အံ့ဩသွားသည်။.နတ်ဘုရားအဆင့်ဆိုသည်မှာ အလွန်စွမ်းအားကြီးသည်ဟု ဆိုလိုပေသည်။ ထို့ကြောင့် သူသည်အလွန်ပင် ကြောက်လန့်သွားခဲ့၏။ သို့သော် သူဟာ မည်သည့်ခံစားချက်ကိုမျှမရသေးပါချေ။ သို့တိုင်အောင် အလိုလိုလွင့်ထွက်ကာ သွေးထွက်ရသည်မှာပင် ကြောက်မက်ဖွယ်ကောင်းလှနေပြီ။
တစ်ချိန်တည်းတွင်ပင် သူ၏မြေးမကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထိုမြေးမသည် တစ်စုံတစ်ရာကို တွေးတောမိပုံရသည်။ သူမသည် သူ့အဘိုးငယ်ကိုကိုပင် မပြောခဲ့ချေ။ သိသာသည်မှာ ထိုဖန်းမျိုးစိတ်တစ်ဝက် ယွန်ကျင်းဟိုင်ကို သဘောကျပုံမရပါချေ။
ယွန်စီသည်လည်း ထိုအစ်ကိုငယ်ကို သဘောမကျပါ။ အကြောင်းမူကား သူမ၏လက်ထပ်ပွဲကို ဖိအားပေးနေသောကြောင့် ဖြစ်ပေ၏။
ထို့ကြောင့်သာလျှင် သူမ၏ အဘိုးကိုသာ ပြောခြင်းဖြစ်ပေသည်။
ယွန်ခမ်းဟိုင်ကလည်း သူ၏ မြေးမ၏သတိပေးသံကို ကြားသည်နှင့်ချက်ခြင်းပင် တိတ်ဆိတ်သွားခဲ့သည့။ သူသည် အရှုပ်အထွေးဖြစ်ပြီမှန်းသိသော်လည်း ဝင်မပါတော့ချေ။ မတိုင်မီကား ဒုတိယငှက်ကတုံးလေးကိုပင် ဖမ်းရန် အစီစဉ်မရှိခဲ့သ်ာလည်း ယွန်ကျင်းဟိုင် ပါဝင်လာခဲ့သဖြင့် သူ့ပင် ဝင်ပါချင်သယောင်ဖြစ်ခဲ့ပေသည်။ လက်ရှိတွင်တော့ သူကငြိမ်သွားတော့၏။
“အဖေ .. ”
သက်လတ်ပိုင်းလူဖြစ်သည့် ဒုတိယသခင်ဆိုသူက အော်လိုက်၏။
“နောက်ဆုတ်ကြကွာ .. ။” ယွန်ခမ်းဟိုင်က ပြောသည်။သူ၏ သားကို မကျေမနပ်ဖြစ်မိသော်လည်း ယွန်ကျင်းဟိုင် ကတော့ဖြင့် မောက်မာလွန်းနေသေးသည်။
“အစ်ကိုကြီး ဒါက ဘာအဓိပ္ပါယ်လဲ။ ကျွန်တော်ရဲ့ ကောင်းကင်နတ်တောင်က အားမနည်းဘူးလေ။ ကျွန်တော်တို့တွေ ဘာလို့ သူတို့ကို မနိုင်ရမှာလဲ။ ဒီအတွင်းသူတို့ကို ဖိနှိမ့်လိုက်ပြီး လိုအပ်တာတွေ လုပ်ခိုင်းလိုက်ရုံဘဲလေ။”
ယွန်ကျင်းဟိုင်က နားမလည်သေးချေ။ သူက အေးစက်စွာပင် ပြောနေခဲ့သေးပေသည်။ သူ့ထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါတွေတောင်မှ ထွက်နေခဲ့သေး၏။
“လောကကြီး တစ်ခုလုံးက ကပ်ဘေးစိုက်တော့မှာ။ ငါတို့တွေဒီအတိုင်း လွတ်မြောက်ချင်ရုံဘဲ။ဘာလို့ မင်းတို့က အခုလောက်အထိ ပြသနာတွေရှာနေကြရတာလဲ။ ဟမ်။ မင်းရဲ့ ညီမအကြောင်းကိုရော မင်းမသိဘူးလား။ သူမက မင်းလိုမဟုတ်ဘူး။သူမ ဘယ်တော့မှ ဒီဥဒေါင်းဖိုကိုမေ့လို့ ရခဲ့တာမဟုတ်ဘူး။”
ယွန်ခမ်းဟိုင်က ပြောလိုက်သည်။ သူသည် ငှက်ဂတုံးလေးကို ကိုယ်တိုင်ရင်မဆိုင်ချင်သည့်အကြောင်းမှာ သူ့ညီမကြောင့်ဖြစ်ပေသည်။
“ဒီအတိုင်းဘဲ ဝင်္ကပါကိုကြည့်ရအောင် .. ။”
ယွန်ခမ်းဟိုင်က ပြောသည်။ ကောင်းကင်နတ်တောင်မှ လူတိုင်းခေါင်း ငြိမ့်လိုက်ကြတော့၏။ ကပ်ဘေးကြီးက ကျဆင်းလာတော့မည်ဖြစ်သဖြင့် သူတို့အစိုးရိမ်ဆုံးကိစ္စမှာ ဝင်္ကပါကိစ္စပင်ဖြစ်သည်။ ယွန်ကျင်းဟိုင်က ထိုသည်ကိုမြင်တော့ အေးစက်စွာ နှာခေါင်ရှုံ့လိုက်ပြီး အင်္ကျီလက်ကို တစ်ချက်ခါကာ ထွက်ခွာသွားသည်။ သူတို့တွေသည် တောင်နောက်တွင်ရှိသည့် လျိုဝှက်တောအုပ်တစ်ခုသို့ ရောက်သွားသည်။
ထိုနေရာတွင် ဝင်္ကပါရှိပေ၏။ ဒုတိယကတုံးလေးက တစ်ချက်ကြည့်ပြီးသည့်နောက် အချိန်အကြာကြီး တည်ငြိမ်သွားတော့သည်။ ထိုနောက် အပျက်စီးဝင်္ကပါနှင့်ယှဉ်လျှင် သူ ထိုနှစ်ကမှတ်မိခဲ့သည့် အရာကပို၍ပြီးပြည့်စုံသေးပေသည်။သူက အဆက်မပြတ်ခေါင်းငြိမ့်ကာ ပြောသည်။
“ဒါက တကယ်ကို ပျက်စီးနေပြီ။ဒါပေမယ့် ဝင်္ကပါအကြောင်း မှတ်တမ်းတင်ထားတဲ့အတိုင်းဆိုရင် ဒါကိုပြင်ဆင်လို့ ရပါသေးတယ်၊”
လူတိုင်း ထိုစကားကို ကြားသည့်အချိန်တွင် အံ့ဩသွားကြ၏။.ထိုသည်ကား သတင်းကောင်းဖြစ်ပေ၏။သို့ရာတွင် ပြင်ဆင်ရန်လိုအပ်သည့် ပစ္စည်းတွေက အဆင့်မြင့်ဆုံးဖြစ်နေခဲ့သည်။ နတ်ဘုရားအဆင့်တောင်မှပါသေးပေ၏။ ထို့ကြောင့် သူတို့အနေနှင့် ကြိုးစားရှာယူရန် လိုအပ်ပေသည်။
ငှက်ကတုံးလေးက စာရွက်ပေါ်တွင် လိုအပ်သည့်ပစ္စည်းတွေကို ချရေးပေးပြီးနောက် ယွန်ခမ်းဟိုင်ကို ပေး၏။ သူ ချက်ခြင်းပင် အံ့ဩသွားတော့၏၊ပါဝင်ပစ္စည်းတွေသည် အလွန်ပင်ကြောက်မက်ဖွာ်ကောင်းလွန်းလှပေသည်။
“ငါရဲ့ကောင်းကင်နတ်တောင်က ဒီလိုရတနာတွေကိုတောင်မှ အပြည့်အစုံရနိုင်မယ်မထင်ဘူး။”
နားလည်ထားရသည်မှာ ထိုထဲတွင် ပါဝင်သည့်ရတနာတွေသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ပစ္စည်းတွေပင် ပါဝင်နေပေသည်။
အချို့အရာတွေသည် နတ်အဆင့်ပစ္စည်းတွေ ဖြစ်ကြပေ၏။ ထို့ကြောင့်ထိုကိစ္စက ခေါင်းကိုက်စရာဖြစ်လာသည်။ အခြားနည်းလမ်းမရှိဘူး။ ငါတို့တွေ အခြားနတ်တောင်တွေနဲ့ပေါင်းပြီး အကောင်းဆုံးရှာဖွေရမှာဘဲ။ ယွန်ခမ်းဟိုင်က ဆုံးဖြတ်ချက်ချလိုက်သည်။
“ငါပစ္စည်းစာရင်း ပေးပြီးပြီဆိုတော့ မင်းတို့မြန်မြန်ဆန်ဆန်နဲ့ ပစ္စည်းတွေရအောင် သွားလုပ်ထားတော့။ ဒါပေမယ့် ငါ့ကိုပြင်ဆင်ပေးချင်တာဆိုရင် အရင်ကအတိုင်း အတူတူဘဲ။ မင်းငါ့ကို အကြွေးတင်သွားပြီ။ ဒီတော့ မင်းကလန်က မိန်းကလေးကို ငါ့ကိုခေါ်သွားခင်ပေး။ အထူးသဖြင့် ဒီကလေးမလေးပေါ့။”
ငှက်ကတုံးက ယွန်စီကို ကြည့်ကာပြောပြန်သည်။
” ငါ့စကားကလည်း အတူတူဘဲ။ ယွန်စီကသာ သဘောတူတယ်ဆိုရင် ငါလည်း သဘောတူတယ်။”
ယွန်ခမ်းဟိုင်က ရယ်သည်။
” အဘိုး”
ယွန်စီ၏ မျက်နှာကနီရဲသွားသည်။သူမက သူမ၏ ဝမ်းခွဲတွေအားလုံး သူမကိုမျှော်လင့်ချက်အပြည့်နှင့် ကြည့်နေကြောင်း မြင်လိုက်ရသည့် အချိန်တွင် ရှက်ရွံ့သွားတော့သည်။ တစ်ချိန်တည်းတွင်ပင် ရှီဟောင်ကိုပင် ရိုက်နှက်ချင်နေ၏။
“ကောင်းပြီ။ အရင်ဆုံးပစ္စည်းတွေကို သွားရှာကြတာပေါ့။”
ယွန်ခမ်းဟိုင်က ရယ်ရင်းပြောသည်။
နတ်ရောင်စုံအလင်းတွေသည် ဟောင်လင်းအာ၏ မျက်ဝန်းများထဲတွင် တောက်ပလာသည်။သူမက ယွန်စီကိုကြည့်ကာ ပြောသည်။
” မစိုးရိမ်နဲ့။ အဲ့ဒီအချိန်ကြရင် ငါနင့်ကိုကူညီပြီး ဒီကောင်စုတ်ကို ရိုက်နှက်ပေးမယ်။”
ယွန်စီ၏ မျက်နှာက ထူးဆန်းသယောင်ဖြစ်သွား၏။ သူမက လှည့်ကာ ဟောင်လင်းအာကို ကြည့်လိုက်၏။ ထိုနောက် ပြုံးလိုက်သည်။ မည်သည့်စကားမှတော့ မဆိုစေ။
ထိုအချိန်တွင် ရှီဟောင်၏ တုန်လှုပ်နေပေသည်။ သူက ဒီလူတွေကိုပင် အာရုံမဝင်ပေ။ သူ၏အကြည့်တွေကတော့ ဘယ်သူမှ မမြင်ရသည့်ဝေဝါးသည့် ပုံရိပ်ကိုသာ ကြည့်နေခဲ့ပေသည်။ ထိုနတ်ဘုရားအဆင့် ပုံရိပ်သည် နတ်မီးတောက်တွေနှင့် တောက်လောင်နေခဲ့ကာ ကိုးကွယ်ဆည်းကပ်ချင်သည့်စိတ် ဖြစ်ပေါ်လာစေသေးသည်။
မိုးမခနတ်ဘုရား ထွက်ပေါ်လာပြန်သော်လည်း ရှီဟောင်အနားသို့ မဟုတ်ချေ။ သူက ဝင်္ကပါကို သေချာအာရုံခံနေခဲ့ပေ၏။
“တကယ်ဘဲ ဒီလိုဖြစ်နေတာကို ဒီဂိတ်တံခါးကို ချန်ရစ်ခဲ့တဲ့သူက တကယ်ဘဲ အခုချိန်ထိ အသက်ရှင်နေသေးမယ်ဆိုရင် တကယ်ကိုထူးခြားတဲ့ ကိစ္စဖြစ်တော့မှာဘဲ။”
မိုးမခနတ်ဘုရားက ခပ်တိုးတိုး ရေရွတ်နေသည်။ ရှီဟောင်သာလျှင် ထိုစကားကိုကြားရပေ၏။ ထိုအခါ သူ၏ စိတ်ထဲမုန်တိုင်းတွေ တိုက်ခိုက်သကဲ့သို့ ဝရုန်းသုန်းကား ဖြစ်သွားရသည်။
မိုးမခနတ်ဘုရားက ပြောသည်။
” ဒီတစ်ကြိမ်ဖြစ်လာတဲ့ကိစ္စက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်။ ပုံမှန်ထက်တောင် ကွဲပြားခြားနားနေ သေးတယ်။ ငါခံစားရတာက ဒီတစ်ကြိမ်မှာ ကိုယ့်ကိုကိုယ် အဆင့်လွန်ပညာရှင်တွေလို့ ထင်ထားကြတဲ့ လူတွေတောင်မှ ကျရှုံးကြလိမ့်မယ်။ ပြီးတော့ တကယ့် တကယ့်ကို အထူးခြားဆုံးဖြစ်မယ့် ကပ်ဘေးကြီးက ရောက်လာတော့လိမ့်မယ် .. ။”