သုခကမ္ဘာက ရှီဟောင် - Chapter - 616 ကောင်းကင်ပြောင်းလဲမှု
ထူးဆန်းသည့်ဖိအားများသည် ထိုးထက်ွလာခဲ့၏။ ကောင်းကင်ဂိတ်သည် ရုတ်တရက် ပေါက်ကွဲထက်ွသည်။ အလွန်ပင် လှပလှသည့်မီးပန်းတွေကဲ့သို့ အလင်းရောင်များက မနက်ခင်းတိမ်ကောင်းကင်ကိုမှ မှင်သက်သွားစေလောက်ပေသည်။ ထိုမြင်ကငွ်းသည် အလွန်ပင်ခမ်းနားလှပေသည်။ ရောင်စုံအလင်းများသည် ကျယ်လောင်သည့်အသံတွေနဲ့အတူ ကခုန်နေခဲ့သည်။ မိုးအလင်းများကလည်းဖြာကျလာခဲ့သည်မှာ ကောင်းကင်က ကြယ်ကြွေသည့်အလား ထင်ရစေသည်။ ထိုဂိတ်ပေါက်ကွဲထက်ွသွားပြီးသည့်နောက် သွေးမိုးများက ရွာသွန်းကာ မီးဖွားတွေနှင့်အတူ အရာအားလုံးလေထဲတွင်ပင် ဖျက်ဆီးခံလိုက်ရပေသည်။
ရှီဟောင်ကတော့ စိုးရိမ်မှုအပြည့်ဖြင့်သာ ကြည့်နေရသည်။ အေးစက်မှုများသည် သူ၏နှလုံးသားထဲမှ စိမ့်ထက်ွလာခဲ့၏။ ထိုအရာသည် နိမ့်ကျသည့်နယ်မြေများအား အန္တရာယ်ဖြစ်စေလောက်သည်။ တစ်စုံတစ်ယောက်ကျဆုံးသွားသည်မှာ သေချာနေခဲ့၏။ ထိုအားလှိုင်းများဟာလည်း နတ်နှင်းတွေထံမှ ဖြစ်ပေါ်လာတာဖြစ်လောက်ပေသည်။ ကံကောင်းသည်မှာ သူတို့နှင့်ဝေးကွာနေခြင်းဖြစ်သည်။ မဟုတ်လျှင် သူတို့ထံတငွ် ထိုအရာသာပြိုကျလာခဲ့လျှင် အရာရာ ဖျက်ဆီးခံရလောက်သည်။ သို့သော် အဝေးမှ မျှော်စင်သဖွယ်ရှည်လျားလှသည့်တောင်တန်းတွေ ဖုန်မှုန့်အဖြစ် ပြောင်းသွားခဲ့ကြောင်း မြင်လိုက်ရသည်ပင်။
“ဘာလို့ သူကပေါက်ကွဲသွားရတာလဲ။ သူ့ရဲ့ခွန်အားကများ မလုံလောက်လို့လား” ရှီဟောင်မေးလိုက်သည်။
အတန်ကြာ တိတ်ဆိတ်ပြီးမှသာ စေတီလေးက အေးစက်စွာရယ်သည်။
“ဆင်းသက်လာဖို့ ဒီလောက်လွယ်မယ်လို့ မင်းကထင်နေလို့လား။ ဆင်းသက်လာဖို့အတွက် လုံလောက်တဲ့တန်ကြေးတော့ သူတို့ပေးရအုံးမှာပေါ့။ ဒါပေမဲ အဲ့ဒီပုဂ္ဂိုလ်က တစ်ယောက်ပြီးတစ်ယောက်လွှတ်ပြီး ဆင်းသက်တာမျိုး ဒါမှမဟုတ် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုပြီးတစ်ခု လွှတ်ချရင်း စမ်းကြည့်တာမျိုးလဲ ဖြစ်နေနိုင်တာပဲ”
“ဒါဆိုရင် ခုန ကျဆုံးသွားတဲ့သူကရော အရမ်းစမွ်းအားကြီးနေမလား”
ရှီဟောင် မေးလိုက်ပြန်သည်။
“စွမ်းအားကြီးတဲ့သူတွေက ဒီလောက်လွယ်လွယ်သေမယ်လို့ ထင်နေလို့လား။ ဒါက ဒီအတိုင်းစမ်းသပ်ကြည့်ရုံပဲ။ ပြီးတော့ အရာအားလုံးက အခြားသူတစ်ယောက်ရဲ့ လှည့်ကက်ွတွေထဲမှာပဲ ရှိနေသေးတာလေ”
စေတီလေးက ထိုသို့ပြောပြီးသည်နှင့် အဆင့်မြင့်နယ်မြေမှာ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်များသည် ကောင်းကင်ကိုပင် အံတုနိုင်သည့်နည်းလမ်းတစ်မျိုးရှိထားကြောင်းသိလိုက်ရသည်။ ထိုသူများအား လွယ်ကူစွာ သတ်ဖြတ်ရန်တော့ဖြင့် မဖြစ်နိုင်ချေ။
အဆင့်မြင့်နယ်မြေမှလူများ ပါဝင်ပတ်သက်နေခဲ့သဖြင့် ကြောက်မက်ဖွယ်ကောင်းသည့်သတ္တဝါနှင့် ထိုသူတွေကြားမှ တိုက်ပွဲကြီးဟာ အလွန်ပြင်းထန်ကာ ကြမ်းတမ်းလွန်းလှပေသည်။ ထိုသူတွေသည် မည်သို့သောနည်းလမ်းတွေကို ထုတ်သုံးမည်ဆ်ိုသည့်အကြောင်းပင် သူတို့မသိနိုင်ချေ။ သို့သော် သူတို့တစ်ချက်မှားသွားသည်နှင့် အရာအားလုံးပျောက်ကွယ်သွားနိုင်ပေသည်။
နောက်ရက်တွေတင်ွလည်း ထိုသို့ဖြင့်အချိန်တိုင်း အဝေးမှအလင်းရောင်တွေ ထက်ွပေါ်နေခဲ့ကာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေသည်။ အာကာသပြင်ကြီး မည်သည့်နေရာတင်ွမှ ငြိမ်းချမ်းမနေပဲ အက်ကွဲရာတွေအပြည့် ဖြစ်နေတော့၏။ အလွန်အမင်းပြင်းထန်လှသည့် ဥတုအပြောင်းအလဲသည်လည်း အချိန်တိုင်းဖြစ်ပေါ်နေခဲ့သေး၏။ ပျက်သုန်းခြင်းနယ်မြေမှကျင့်ကြံသူတွေတောင်မှ စတင်ခံစားလာရလေတော့သည်။ ကြီးမားသည့်ကပ်ဘေးကြီး နီးကပ်လာလေပြီ။ လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသည့်မုန်တိုင်းစတင်တော့မည်မှန်း သိသာနေခဲ့သည်။ အဆင့်လွန်အဆင့်ကျမွ်းကျင်ပညာရှင်တွေသည် အသင့်အနေအထားနှင့် အော်ဟစ်ကြုံးဝါးနေကြသည်။ သူတို့တွေသည် ဒီနယ်မြေမှာထွက်ပြေးခြင်းသို့မဟုတ် ပုန်းကွယ်ရန် စသည့်နည်းလမ်းတွေကို ရှာဖွေနေကြလေတော့၏။ အားလုံးက လျှို့ဝှက်သိုင်းတွေကို အသုံးပြုကာ ပုန်းကွယ်နိုင်ရန် ကြိုးစားကြတော့မည်ဖြစ်သည်။
“တကယ်ပဲ ဘယ်လိုအရာမျိုးတွေမြန်း ဆင်းသက်ချင်နေတာလဲ” ရှီဟောင် မေးလိုက်ပြန်သည်။
“ငါလဲ ဘယ်သိမှာလဲ” စေတီလေးက ခေါင်းခါသည်။
ရှီဟောင် မျက်မှောင်ကျုံ့လိုက်တော့၏။ အဆင့်မြင့်နယ်မြေမှ သတ္တဝါတွေသည် အလွန်ပင်ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ သူတို့တွေသည် ဒီနေရာသို့ဆင်းသက်ကာ ဆော့ကစားချင်နေပုံ ရပေ၏။ သို့သော် အောက်ဘက်ရှိနယ်မြေကတော့ ပျက်စီးခြင်းတွေသာ ဖြစ်ရလောက်ပေသည်။
စေတီလေးက သက်ပြင်းချကာ ရိုးရှင်းသည့်ရှင်းပြချက်ကိုသာ ပေးလာသည်။ အကြောင်းမူကား ထိုသူတွေ ရှေးခေတ်ကတည်းက ဒီနယ်မြေသို့ဆင်းသက်လို့မရအောင် တစ်စုံတစ်ရာက တားမြစ်ထားခဲ့ကာ သူတို့ဆင်းသက်လာသည်နှင့်အသက်ခံရခြင်း ဖြစ်လေသည်။
ထို့ကြောင့်သူတ်ုိ့အလွန်ပင် စိတ်ဝင်စားနေခြင်းဖြစ်ပေ၏။
“မဟာတာအိုက အကန့်အသတ်မဲ့တယ်။ စင်္ကြာဝဠာကြီးတစ်ခုလုံးကိုတောင်မှ ဖြန့်ကျက်ထားနိုင်စမွ်းရှိတယ်။ ဒီခမ်းနားကြီးကျယ်မှုတွေက တိုင်းတာလို့တောင်မရနိုင်ဘူး။ ဒါကြောင့် အချိန်တိုင်း အကျိုးသက်ရောက်မှုရှိနေသေးတာပေါ့”
မိုးမခနတ်ဘုရားက ပြောပြသည်။ ပုံမှန်အားဖြင့် အဆင့်မြင့်နယ်မြေမှ သတ္တဝါတွေအနေနှင့် ဒီလောက၏ တာဝန်ကိုဆန့်ကျင်ကာ ဆင်းသက်လာရန် ခက်ခဲလွန်းလှပေသည်။ ရှေးခေတ်ကတည်းက သီးသန့်နယ်မြေတွေနှင့်ပ်ိုင်းခြားထားသဖြင့် အရာအားလုံးသည် ကိုယ့်နယ်မြေတင်ွသာ ကိုယ်နေထိုင်ကြရခြင်းဖြစ်ပေသည်။
“အဆင့်မြင့်နယ်မြေက သူတွေက အဲ့ဒီမှာအန္တရာယ်ရှိနေလို့ ဒီနယ်မြေကိုဆင်းချင်တာများလား”
ရှီဟောင်က မေးလိုက်ပြန်သည်။
“ဒီနေရာက အရာအားလုံးက ကောင်းတယ်လေ။ လောကက တားမြစ်ထားတဲ့အရာတွေလည်း ဒီနေရာမှာ ပိတ်ပင်တားမြစ်ထားခံထားရတယ်။ ပြီးတော့ ပိုပိုများပြားတဲ့ အဲ့ဒီသူတွေက ဒီနေရာထဲကို ရောက်လာချင်ရတဲ့ လျှို့ဝှက်ချက်တွေရှိနေလို့လဲ ဖြစ်လာနိုင်တာပဲ” စေတီလေးက ပြောပြသည်။
ဒီလောကကို ဖော်ပြရန် စကားလုံးတွေ ရှားပါးသည်။ ထို့အပြင် ဒီလောကထဲတွင်ရှိနေသည့်စမွ်းအင်တွေသည် လူတွေရဲ့နှလုံးခုန်နှုန်းကိုပင် မြန်ဆန်စေလောက်အောင် ထူးခြားခြင်းလည်း ဖြစ်နေနိုင်သေးပေ၏။ သို့ရာတငွ် လူတိုင်းကတော့ မည်သည့်အရာလာမည်မှန်း မသိရကြသေးချေ။ အားလုံးကတော့ ဒီလူတွေကို ဖိနိမ့်နိုင်ရန် ကြိုးစားချင်ကြပေမဲ့ ကျင့်ကြံသူတွေဟာ တစ်ချိန်တည်းတွင်ပင် စိုးရိမ်ကာ ကြောက်လန့်နေကြသေးသည်။ ဒီရက်အနည်းငယ်အတငွ်းပင် ရှီဟောင်သည် ရွာတင်ွသာ ဆက်လက်၍ ကျင့်ကြံကာ တရားထိုင်နေလေသည်။ အချိန်တိုင်းသူက သိချင်သမျှမေးခွန်းတိုင်းကို ထိုလူတွေကို မေးမြန်းနိုင်ခဲ့သည်။
“မိုးမခနတ်ဘုရား .. ကပ်ဘေးကြီးက ဆိုက်ရောက်တော့မယ်။ အဲ့ဒီအချိန်ကြရင် ကျွန်တော်အတက်ွနောက်ထပ် နှစ်ချင်းမင်္ဂလာပြုရမဲ့အချိန်နဲ့ တိုက်နေလောက်လား” ရှီဟောင်က မေးလိုက်သည်။
ပုံမှန်အားဖြင့် အသက်၅နှစ် ၁၀နှစ် ၁၅နှစ်အတငွ်းအလားအလာတိုးတက်ရန်အတကွ် ပို၍ကောင်းမွန်စွာတ်ိုးတက်နိုင်ရန် နှစ်ချင်းမင်္ဂလာပြုရပေသည်။ ထိုသည်က အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေနိုင်၏။
“မလိုပါဘူး။ မင်းက ကျင့်ကြံချင်းအဆင့်တွေကို ချိုးဖြတ်ခဲ့ရပြီးပြီ။ မင်းရဲ့ကိုယ်ပိုင်အကန့်အသတ်တွေကိုလည်း မင်းက ချိုးဖြတ်နိုင်စမွ်းရှိတယ်။ ဒါကြောင့် နှစ်ချင်းမင်္ဂလာမလုပ်လည်း မင်းက ကောင်းကောင်းလုပ်နိုင်ပါတယ်”
မိုးမခနတ်ဘုရားက ဆိုသည်။ ရှီဟောင်အနေနှင့် သူ၏ အလားအလာကို နှစ်ချင်းမင်္ဂလာနှင့်ပူဇော်ပသကာ ချိုးဖြတ်တက်ရောက်ရန် မလိုတော့ချေ။ သူ၏ ကိုယ်ပိုင်အားနှင့်ပင် လုပ်ဆောင်နိုင်စမွ်းရှိနေပြီဖြစ်သည်။
မိုးမခနတ်ဘုရားက သူ့ကို ယခင်က နှစ်ချင်းမင်္ဂလာပြုရန် တားမြစ်သတိပေးခဲ့သည်မှာ သူ၏ အလားအလာတွေကို သေချာနားမလည်ခဲ့သောကြောင့်လည်း ဖြစ်နေသည်။ သို့ရာတငွ် သူ၏ လက်ရှိလမ်းကြောင်းသည် အလွန်ပင်ကောင်းမွန်နေခဲ့ကာ သူကိုယ်တ်ိုင်ကလည်း ကိုယ်ပိုင်လမ်းကြောင်းကို ဆက်လက် ချဲ့ထင်ွနိုင်စမွ်းရှိပေသည်။ ထို့အပြင် သဘာဝရဲ့နိယာမသဘောတရားတွေတောင် လူတွေအားလုံးကိုလည်း သူက လေ့လာဆင်ခြင်သုံးသပ်နိုင်စေသည်။ သူ၏ရှေ့ဆက်ရမည့်လမ်းသည် ဖြောင့်ဖြူးနေစေတော့သည်။
ရှီဟောင်က သူ့ကိုသူ ဖိအားပေးကာ ပို၍ မွမ်းမံနေရင်း တိုးတတ်အောင် ကြံဆနေလေသည်။သူသည် ခါးသီးစွာနှင့် ကျောက်တုံးရွာတငွ် ကျင့်ကြံနေသည်။ ထိုသို့ဖြင့်နှစ်ဝက်က ကုန်ဆုံးသွားခဲ့သည်။ အချိန်တ်ိုင်း သူသည် လောကကိုဆင်ခြင်ကာ လျှို့ဝှက်ဆန်းကြယ်သည့်တစ်စုံတစ်ရာ မြင်နိုင်လေမလားဟု စောင့်ကြည့်နေလေ့ရှိသည်။
သူ့အနေနှင့်သူမြင်ခဲ့သည့်အရာတွေတကွ် ကြောက်လန့်မှုမရှိချေ။ သူ၏နှလုံးသားက ပို၍ပင် တည်ငြိမ်လာခဲ့သည်။ မဟာတာအ်ိုကို သူက စစ်မှန်သည့်နည်းလမ်းဖြင့် စတင်လေ့လာနိုင်နေခဲ့၏။ သူသည် ကွက်လပ်နတ်ဘုရားနယ်မြေမှရခဲ့သည့် သားရဲသားရေကို တုပကာ ထိုထဲတင်ွရှိသည့် ရှေးဟောင်းဝင်္ကပါကို လေ့လာစေချင်ခဲ့သည်။ တာအို၆ခုဆိုသည့်စာသားနှစ်လုံးသည် သူ၏ ရင်ထဲတင်ွထငွ်းထုထားသည်။ သူ့အနေနှင့်သူ၏ ကိုယ်ပိုင်နတ်စမွ်းအင်ကို သိပ်မကြာခင် ရရှိကာ ဒီပြောင်းလဲနေသည့်လောကတွင် ရပ်တည်နိုင်ရန် ခွန်အားရှိနိုင်ရန်အတွက် မျှော်လင့်နေလေတော့သည်။
“ကျောက်တုံးရွာနှင့်ဝေးကွာတဲ့ နေရာမှာ တစ်စုံတစ်ရာရှိနေတယ်။ အဲ့တစ်စုံတစ်ရာက ငါ့ကိုခေါ်နေသလိုပါလား” ရှီဟောင် စိတ်ရှုပ်သွား၏။
မူလက သူသည် ရွာထဲတင်ွသာ တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ ကပ်ဘေးကို အေးဆေးစွာပင် ဖြတ်ကျော်သွားနိုင်ရန် မျှော်လင့်နေခဲ့သည်။ သို့ရာတငွ် ထိုထူးဆန်းသည့်အရာသည် ရှီဟောင်ကို ပဟေဋ္ဌိဖြစ်စေသည်။ သူ၏စိတ်က အနားမရနိုင်တော့ပဲ တစ်စုံတစ်ရာ လစ်လပ်နေသယောင် ခံစားရလေတော့သည်။
“မင်းခံစားမိတာ မမှားပါဘူး။ ဆိုလိုတာက အဲ့ဒါက မင်းမှာ တာအိုသစ်မြစ်ရှိနေလို့ပဲ။ ဒါကြောင့်မင်းက နှက်ရိုင်းတဲ့တာအိုလမ်းကြောင်းကို ဖမ်းဆုပ်မိသွားခဲ့လို့လေ” စေတီလေးက ပြောပြသည်။ မဟာကပ်ဘေးသည် အလွန့်အလွန်အန္တရာယ်များသော်လည်း ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့်အခွင့်အရေးကြီးက ပါနေခဲ့သေးပေသည်။
ဒီလောကကြီးက မတည်ငြိမ်တော့ချေ။ စစ်မှန်သည့်လျှို့ဝှက်ဆန်းကြယ်မှုတွေသည် အလိုလို ပေါ်ထက်ွလာလေတော့၏။ မြင့်မားသည့်အလားအလာတွေကြောင့် စမွ်းအာ့းကီးမားသူတွေသေဆုံးနိုင်သလို မြင့်မားသည့်ရာခိုင်နှုန်းဖြင့် လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားနိုင်စမွ်းရှိသည်။ ထို့အတူပင် တစ်စုံတစ်ယောက်ကသာ သေချာအာရုံခံမည်ဆိုလျှင် ထိုအရာသည် ကောင်းကင်မှပေးအပ်သည့်အခငွ့်အရေးကြီးဖြစ်ကြောင်း သိရမည်ဖြစ်သည်။
ရှီဟောင် တွေးတောလိုက်သည်။ သူသွားသင့်မသွားသင့် မသိတော့ချေ။ သူသည် အဆင့်လွန်ကျွမ်းကျင်ပညာရှင်အစစ်အမှန် မဟုတ်သေးချေ။ ထို့ကြောင့် သူရှာတွေ့လာမည်ဟုလည်း မသေချာချေ။ သို့ရာတငွ် သူ ထိုသို့သွားနိုင်လျှင်တောင်မှ လုံခြုံမည်ဟု မသေချာနိုင်ချေ။ သူ့အနေနှင့်မျှော်လင့်ထားသည့်အန္တရာယ်ပေါင်းစုံနှင့် ရင်ဆ်ိုင်ရနိုင်ပေသည်။
“မင်းဘာသာဆုံးဖြတ်ပါ .. ” မိုးမခနတ်ဘုရားကတော့ထိုသို့သာပြောသည်။
“ကျွန်တော် ဒီကထက်ွသွားပြီး ဒီကပ်ဘေးကိုကျွန်တော်ကိုယ်တိုင်မြင်ချင်တယ်။ ဘာတွေဖြစ်ပျက်မလဲဆိုတာကို ကျွန်တော် သေချာကို သိချင်တယ်” အဆုံးတင်ွတော့ ရှီဟောင်က ဆုံးဖြတ်ချက်ချလိုက်သည်။
“မင်း သေချာစဉ်းစား ဆင်ခြင်လိုက်ပါအုံး။ မင်းထက်ွသွားပြီးပြီဆိုတာနဲ့ နောက်တစ်ကြိမ်ပြန်မဝင်နိုင်တော့ဘူး။ ငါကျောက်တုံးရွာကို ဒီလောက ကနေအဝေးကိုခေါ်သွားပြီး ဒီနေရာကနေထက်ွသွားတော့မှာ” မိုးမခနတ်ဘုရား၏ အသံက အေးချမ်းနေသည်။
ရှီဟောင်သည် ကျောက်တုံးရွာငြိမ်းချမ်းမည်ဆိုကြောင်းကြားရသည့်အတကွ် သူ၏ စိုးရိမ်မှုတွေ ပျောက်ပျက်သွားသည်။ သူ ဂရုတစိုက်နဲ့ အပြင်ဘက်သို့ကြည့်လိုက်၏။ သူ့အနေနှင့် ရွာသူရွာသားတွေအတကွ် စိုးရိမ်ရန်အကြောင်းမရှိတော့ချေ။
“ကျွန်တော်ဂရုစိုက်ပါ့မယ်” ရှီဟောင်ပြောလိုက်သည်။
” မင်း ဒီတစ်ကြိမ်ထက်ွသွားတာက နှစ်ပေါင်းမရေမတက်ွနိုင်အောင် ကြာသွားနိုင်တယ်။ ဒါမှမဟုတ် နှစ်ဆယ်နဲ့ချီ ရာနဲ့ချီကြာသွားနိုင်တယ်။ ဘယ်အချိန်ရောက်မှ မင်းပြန်လာနိုင်မလဲဆိုတာ မသေချာဘူးနော်။ ငါမင်းကိုယ်ပေါ်ကို သိုင်းပညာတစ်ခု ထငွ်းထုပေးခဲ့ပါ့မယ်” မိုးမခနတ်ဘုရားက ပြောသည်။
ရှီဟောင် ထိုစကားပြောသည့်အခါ ကြောင်သွားသည်။ မိုးမခနတ်ဘုရား၏ ကူညီမှုတွေအတကွ် ဖော်ပြရန် စကားလုံးပင် မရှိနိုင်တော့ပေ။ ရှားပါးလှသည့်ထိုသိုင်းပညာများသည် အံ့အားသင့်ဖွယ်ကောင်းလွန်းနေနိုင်၏။ ထိုအရာသည် သူ၏ အသက်ကိုကာကွယ်နိုင်သည့် တစ်စုံတစ်ရာဖြစ်လောက်ပေသည်။
တစ်ဖျတ်ဖျတ်လက့်နေသည့်သစ်က်ိုင်းက ဆန့်ထက်ွလာခဲ့ကာ အစိမ်းရောင်နှင့်တောက်ပလှသည့် အလင်းတွေသည် သူ၏ မျက်ခုံးကြားထဲသို့ တိုးဝင်သွားခဲ့သည်။ ထိုအရာမှ ခမ်းနားသည့်အလင်းတွေထုတ်လွှတ်နေခဲ့ကာ သူ၏ တစ်ကိုယ်လုံးအား ဖြည်းညှင်းစွာဖြင့် လွှမ်းခြုံသွားလေတော့၏။
သိပ်မကြာခင်အချိန်တွေပင် မိုးမခသစ်ကိုင်းသည် အလွန်ပင်ခမ်းနားမြင့်မြတ်သွားဟန် ရောင်စဉ်တွေကို ဖြာထွက်လာသည်။ ပြီးသည်နှင့် ရွှေရောင်အလင်းတွေ ပြောင်းလဲသွားခဲ့ပြန်ကာ မိုးမခသစ်ကိုင်းဟာလည်း ရွှေအတိပြီးသွားလေတော့သည်။ အလွန်ပင်လျှို့ဝက်ဆန်းကြယ်လွန်းလှသည့်ထိုအရာသည် သူ၏ မျက်ခုံးကြားထဲသို့ ဆက်တိုက်တိုးဝင်နေခဲ့လေတော့၏။
ရွှေရောင်သင်္ကေတတွေသည် အဆက်မပြတ်ထက်ွပေါ်နေခဲ့ပြီး ခမ်းနားလှသည့်မဟာတာအိုနှင့်ပေါင်းစုံသည်။ ထိုအရာတွေသည် ထိုမဟာတာအိုလည်းဖြစ်နေနိုင်ပြန်ကာ ရွှေရောင်အလင်ူဖွားတွေသည် မျက်စိတငွ် ပြန်တောက်ပလာပြန်တော့၏။ အလွန်အမင်းခမ်းနားကာ မှင်သက်ဖွယ်မြင်ကငွ်းက သူတို့ရှေ့တင်ွဖြစ်နေသည်။
ရှီဟောင်ခန္ဓာကိုယ်သည် အလင်းတွေကြောင့်ဖြူဖွေးလာလေတာ့သည်။ သူ၏ စိတ်ကလည်း သဘာဝတာအိုနှင့်ချိတ်ဆက်ခံထားရကာ အာရုံစူးစိုက်ထားသည်။ သင်္ကေတတွေသည် တစ်ခုပြီးတစ်ခု ထငွ်းထု ပြီးပြည့်စုံသည့်မူလကြီးထဲက တစ်ခုဖြစ်လာသည်။ ထိုအရာသည် မိုးမခနတ်ဘုရား၏ အဖိုးတန်သိုင်းဖြစ်သည်။ ထိုထဲတင်ွမြင့်မြတ်လှသည့်မဟာတာအိုနစ်ခုနှင့် သောင်းပေါင်းများစွာသောအရာတွေ ပါဝင်ပတ်သက်နေသည်။ သို့သော် သေချာနားလည်သဘောပေါက်ရန်သာ ထိုသူတွေအနေနှင့်အလွန်ခက်ခဲစွာကြိုးစားကြရန် လိုအပ်သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့်တာဝန်ကြီးလည်း ဖြစ်နေနိုင်ပေ၏။
မိုးမခသစ်ကိုင်းနောက်ပြန်ဆုတ်သွားသည့်အခါ ရှီဟောင်မျက်လုံးဖငွ့်လိုက်သည်။ ထိုတခဏတငွ် သူသည်အရာအားလုံးကို နားလည်ရန် မဖြစ်နိုင်ဟု ခံစားလိုက်ရပေ၏။ မိုးမခနတ်ဘုရားက သူ့ကိုကြိုးစားကာ လေ့လာရန်ပြောထားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မြင့်မားတာ ကြိုးစားကြည့်ရန်သတိပေးထားပြန်၏။
ထိုအရာသည် ခြားနားသည့်သဘာဝ တာအိုတစ်ခုဖြစ်သည်။ ထို့ကြောင့်ခြားနားသဖြင့်ခြားနားသည့်ပစ္စည်းတွေလိုအပ်ပြန်ကာ ခြားနားသည့်လိုအပ်ချက်တွေ ပြင်းထန်ပြန်သည်။ မိုးမခနတ်ဘုရားသည် သဘာဝစမွ်းအားတွေကို ယူဆောင်ကာ လူတစ်ယောက်၏ စိတ်အခြေနေနှင့် ဟန်ချက်ညီအောင် လုပ်နိုင်စမွ်းရှိသည်။ ထို့အပြင်ရှီဟောင်သည်လည်း ထိုသို့လုပ်နိုင်မှသာ နားလည်သဘောပေါက်လောက်ပေ၏။
ရှင်းလင်းစွာပင် လက်ရှိအခြေအနေတင်ွသူနှင့်မသင့်တော်သေးချေ။ ရှီဟောင်သည် သူ၏ လမ်းကြောင်းကိုဖောက်ရန် ကျောက်တုံးရွာမှ ထက်ွသွားတော့သည်။ အမျိုးသားရွယ် အမျိုးသမီးအရွယ် ကလေးရွယ်နှင့် လူအိုကြီးတွေအားလုံးလိုက်ပါပို့ဆောင်ကြ၏။
“နှုတ်ဆက်ပါတယ် .. ”
ရှီဟောင်က ပျက်သုန်းခြင်းနယ်မြေထဲသို့ ဝင်ရောက်ပျောက်ကယ်ွသွားတော့သည်။
စေတီလေးလည်း လိုက်ပါလာသည်။ သူ၏ ဆံပင်ထဲတင်ွပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည်မဟာကပ်ဘေးကြီးကို မျက်မြင်တွေ့ချင်ပေသည်။ ထိုအရာသည် မည်မျှကွဲပြားခြားနားကြောင်း သူသိချင်နေပေ၏။
လေပြေများတ်ိုက်ခတ်လာခဲ့ကာ မူလတောင်တန်းတွေမှာ မျောက်ဝံကြီးတွေ၏ အော်ဟစ်သံ၊ ကျားကြီးတွေ၏ဟိန်းဟောက်သံတွေက ပျံ့နှံ့နေပေသည်။ အမျိုးမျိုးသောကြောက်မက်ဖွယ်သားရဲငှက်ကြီးတွေကလည်းတောင်ပံတွေကို ဖြန်ကျက်ကာ ကောင်းကင်ထံသို့ ထိုးဝင်ပျောက်ကယ်ွနေ၏။ ရှင်းလင်းစွာပင်အားလုံးသည် အနားမရနိုင်တော့ချေ။ အားလုံးသည် စိုးရိမ်ပူပန်မှုတွေနှင့်ပြည့်နှက်လာကြပြီဖြစ်သည်။
အမျိုးမျိုးသောထူးခြားသည့်အဖြစ်အပျက်များသည် ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ အာကာသတွေဟာလည်းအချိန်တိုင်းစုတ်ပြဲနေတော့သည်။ သိသာစွာပင် တစ်စုံတစ်ရာသည် ဆင်းသက်လာတော့မည်ဖြစ်သည်။ နေရာအနှံ့မှ လူများ ပြောင်းရွှေ့နေခဲ့ကြသည်။ ထိုသူတွေသည် အခငွ့်ရေးကြီးတစ်ခုကိုရသွားသည့်အလားထင်ရပေ၏။
ရှီဟောင်ကတော့ ကောင်းကင်ကိုသာ မှင်သက်စွာ ကြည့်နေလိုက်သည်။ သူ့အနေနှင့်ကိုယ်ပိုင်လမ်းကြောင်းကိုသာ ထွင်းဖောက်ရန် မျှော်လင့်ထား၏။ လဝက်ခန့်ကြာပြီးနောက် ရှီဟောင်က ကျောက်တုံးတိုင်းပြည် မြောက်ဘက်နယ်စပ်သို့ရောက်သွားသည်။ သူသည် မိတ်ဆွေဟောင်းတွေကို ရှာဖွေချင်သည်။ တချိန်တည်းတင်ွပင် မဟာကပ်ဘေးကြီး၏ စစ်မှန်သည့်အရာကို ရှာတွေ့ချင်နေပေ၏။
ဒီလောကသည် ပို၍ ပြင်းထန်ကာ လှုပ်ရှားတော့မည့်ဟန်ရသည်။ အချိန်တ်ိုင်း သူနှင့်သောင်းပေါင်းများစွာသော ဝေးကွာသည့်နေရာတငွ် အာကာသပြင်က ပြင်းထန်စွာတုန်ခါလာခဲ့ပြန်ကာ အုပ်ကြွသောင်းနှင်းဖြစ်မည့်အရာတွေနှင့်ပြည့်နှက်လာပြန်သည်။ ကြီးမားသည့် အရာကြီးသည် အလင်းတန်းတွေနဲ့အတူ ဖြာကျလာသည်။
နောက်ဆုံးတွင် ထိုနေ့ရောက်လာချေပြီ။
ခပ်အုပ်အုပ်မြည်သံနှင့်အတူ လောကကြီးတစ်ခုလုံးတုန်ခါသွားသည်။ မမျှော်လင့်ထားလောက်အောင် ပြင်းထန်သည့်အဖြစ်အပျက်တစ်ခု့ဖြစ်လာခဲ့၏။ လောကကြီးသည် တစ်ဖန် တစ်စုံတစ်ရာ ထက်ွပေါ်လာတော့မည်ကဲ့သို့ထင်ရသည်။ သက်ရှိတိုင်း တုန်ယင်သွားကြ၏။
ထူးဆန်းသည့်အသံသည် ကျယ်လောင်စွာထက်ွပေါ်လာသည်။ ရလဒ်အနေနင့်မဟာတာအိုတောင်မှ ပျောက်ကွယ်သွားရသည်။ အရာအားလုံးသည် ခေတ္တရပ်တန့်သွားခဲ့သည်။ လောကကြီးတစ်ခုလုံးအရာအားလုံးကင်းမဲ့ သွားခဲ့ခြင်း ဖြစ်ပေသည်။ ထို့နောက် ကျင့်ကြံသူတိုင်းခေါင်းတွေမော့ကာ ကောင်းကင်သို့ကြည့်လိုက်ကြတော့သည်။ သူတို့၏ အမူအရာသည် ဖြူဖျော့နေကြသည်။ အကြောင်းမူကား ထိုအရာသည် မရပ်တန့်သောကြောင့်ဖြစ်ပေသည်။
တဟုန်းဟုန်းမြည်သံတွေနှင့်အတူ ကောင်းကင်က ပွင့်ထက်ွသွားကာ မဆုံးနိုင်သည့်နတ်အလင်းတွေ ဖြာကျဆင်းသက်လာရင်း နတ်ဘုရားတို့၏ အရှိန်အဝါတွေက ကပ်ပါလာခဲ့လေတော့သည်။ သိသာစွာပင် ထိုအရာအားလုံးကို မဝတမ်း အာရုံခံလိုက်မိကြကာ နားလည်သဘောပေါက်ရန် ကြိုးစားကြသေးသည်။ တချို့ကတော့ ညဏ်အလင်းတွေပငွ့်သွားကြသည်။
ကပ်ဘေးကြီးစတင်လာသည်နှင့် များစွာသောကျင့်ကြံသူတို့ မမျှော်လင့်ထားစွာပင် မှင်သက်ကြကုန်သည်။ သဘာဝနိယာမသဘောတရားတွေသည် လက်ရှိအချိန်တငွ် ပေါကြွယ်ဝလွန်းသဖြင့် အချို့တွေက ဖမ်းဆုပ်မိရန်ကြိုးစားကြသည်။
ထိုနိယာမသဘောတရားများသည် ဒီလောကနှင့်မသက်ဆိုင်ခြင်းတွေလည်း ပါဝင်နေပေသည်။ သူတို့၏ ကိုယ်သည် သန့်စင်မှုတွေနှင့်လွှမ်းခြုံနေခဲ့ကာ သူတို့ဉာဏ်အလင်းတွေ ဆက်တိုက်ပငွ့်ကြလေတော့၏။ ထိုသည်က ရိုးရှင်းသည့်ဂိတ်တံခါးတစ်ခု မဟုတ်ချေ။ ထို့အပြင် မီးတိုင်တစ်ခုနှင့်ပင် တူနေပေသည်။ ထိုအရာမှ ခမ်းနားလှကာ အဆုံးသတ်နိုင်သည့်ရောင်စုံအလင်းတွေ ဆင်းသက်လာသေးပြန်ကာမျက်စိကြိမ်းမတက်တောက်ပရင်း တောက်ပနေလေတော့သည်။
ဝုန်း …။
နောက်ဆုံးတွင် ခေါင်းလောင်းသံ မြည်လာသည်။ မိုးကုတ်စက်ဝိုင်းမှ စတင်ကာ ပြောင်းလဲလာခဲ့သည်။ တစ်စုံတစ်ရာသည် ပျက်သုန်းခြင်းနယ်ပယ်တစ်ခုလုံး၏ ထောင့်တိုင်းမကျန် ပျံ့နှံ့သွားလေသည်။
ထိုနယ်မြေသည် မည်မျှကြီးကျယ်ကာ ကျယ်ပြောစေကာမူ ခေါင်းလောင်းအသံလှိုင်း၏ပဲ့တင်မှုမှ လွှတ်မြောက်နိုင်စမွ်းမရှိကြချေ။
ရှီဟောင်က ထိုအဖြစ်ကိုကြည့်ကာ သူ၏ စိတ်ထဲမှပင် တုန်ခါလာရသည်။
ကြီးမားလှသည့်ခေါင်းလောင်းကြီးသည် ထိုမီးတောင်ကဲ့သို့အပေါက်ထဲမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ရိုးရှင်းကာ သဘာဝဆန်သည်။ သို့သော် တစ်ကြိမ်တုန်ခါလိုက်သည်နှင့် အားလှိုင်းများက သာမန်မျက်စိနှင့်ပင် မြင်ရသည့်နှုန်းနှင့် ပျက်သုန်းခြင်းနယ်ပယ်၌ ပျံ့နှံ့နေခြင်းဖြစ်သည်။
“ဘာလို့ ဒီနေရာလဲ .. ”
စေတီလေးက အလန့်တကြားအော်ဟစ်သည်။ သူချက်ချင်းပင် သူ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်ကာ မည်သည့်ဖိအားမျှမရှိသည့် ကျောက်တုံးတစ်ခုအလား ပြောင်းသွားလေတော့သည်။
ခေါင်းလောင်းသံသည် အလွန်ပြင်းထန်သည်။ မြူထုများ တွန့်လိမ်ကောက်ကွေးနေခဲ့သေးသည်။ ထာဝရအလင်းတွေက ဆင်းသက်နေခဲ့သေးကာ ရောင်စုံအလင်းတွေနှင့်အတူ တောက်ပနေခဲ့သေးသည်။ ထိုအရာတွပေါင်းစုံသွားသည့်အခါ မည်သည့်အရာမှ နှိုင်းယှဉ်နိုင်စမွ်းမရှိလောက်သည်အထိ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
ခေါင်းလောင်းဘေးသားများတွင် သင်္ကေတတွေတစ်ခုပြီးတစ်ခု လဲလှယ်လာသည်။ ထို့နောက် အထွတ်အမြတ်ဆန်သည့် စာပိုဒ်တစ်ခု ထက်ွလာလေတော့သည်။ ထိုခေါင်းလောင်းသံဖိအားသည် ကြာရှည်ကာ ခေါင်းလောင်းသံအလိုက် စာသားမှ အသံတွေက ထက်ွလာလေတော့သည်။ ထိုအရာတွေသည် ကောင်းကင်အောက်ရှိ အရာအားလုံးအနှံ့ ပျံ့နှံ့သွားခဲ့လေကာ သက်ရှိတိုင်း၏ နားထဲသို့ရောက်သည်။
ထို့အပြင် နှလဲုးသားထဲသို့ ဆက်လက်ဆင်းသက်၏။နားလည်ရခက်ခဲကာ ထိုနက်ရှိုင်းလှသည့် ထိုအရာသည် မဖော်ပြနိုင်လောက်အောင် ရှေးခေတ်၏မြင့်မြတ်လှသည့်ကျမ်းစာပိုဒ်နှင့် တူသေးပသည်။ ထို့အပြင် တားမြစ်ထားသည့်တစ်စုံတစ်ရာ၏ နူးညံ့သည့်အသံနှင့်လည်းတူနေပြန်၏။
ထိုအရာသည် ပုံသဏ္ဍာန်မရှိသော်လည်း လောကတစ်ခုလုံးကို သူ၏ မျက်လုံးကြီးတွေဖြင့်နိမ့်ချစွာကြည့်နေသယောင်ခံစားရသည်။ သူတို့၏မျက်ဝန်းတွေသည် ထိုအလင်းတွေကြောင့် ထ်ိုးဖောက်ခံထားရ၏။
ထိုစာပိုဒ်သည် အလွန်ပင် ခမ်းနားလှကာ ရှေးဟောင်းအဓိပ္ပါယ်တွေ ပါဝင်သည့်အပြင် စိတ်ကို ချောက်ခြားစေနိုင်စမွ်းရှိသည်။ ရှီဟောင်နှင့်စေတီလေးတောင်မှ ထိုအရာကို မမျှော်လင့်ထားခဲ့ချေ။ ထိုအရာသည် ခေါင်းလောင်းတစ်ခုသာလျှင်ဖြစ်၏။ ရှင်းလင်းစွာပင် ခေါင်းလောင်းသံမဆုံးသေးသည့်အချိန်တငွ် ထိုအရာအားလုံး ဆက်တိုက်ဖြစ်သွားခြင်းဖြစ်သည်။
ထို့နောက် ခပ်အုပ်အုပ်မြည်သံ ထက်ွလာပြန်သည်။ မဟာတာအိုလမ်းကြောင်း ထက်ွပေါ်လာပြန်၏။ ထိုထဲမှ တစ်စုံတစ်ရာထက်ွပေါ်လာခဲ့ကာ ထိုအရာမှ ရောင်စုံအလင်းတွေတောက်ပလာခဲ့သည်။
“အာ .. ဘာလို့ ဒီနေရာမှလဲ .. ” ရှီဟောင်ကတော့ အံ့အားသင့်မှုနှင့်မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေလေတော့သည်။