သုခကမ္ဘာက ရှီဟောင် - Chapter - 623 ပျက်သုဉ်းခြင်း နယ်မြေမှ ကောင်းကင်အရှင်၏ နတ်စွမ်းအင်
မြင့်မားလှသည့်မြို့ရိုးသည် ရွှေရောင်တွေတောက်ပနေသည်။ အင်ပါယာ မိသားစုသည် ထိုမြို့ရိုးကို ခမ်းနားစွာ တည်ဆောက်ထားခဲ့သည်။ ထိုအရာသည် တောင့်တင်းခြင်းအပြင် ခမ်းနားမှုနှင့် ထယ်ဝါမှုတို့ကို ဖော်ပြနိုင်စွမ်း ရှိနေပေသည်။
အင်ပါယာ မြို့စောင့်တပ် စောင့်ကြည့် မျှော်စင်သည် အလွန်ပင် ခမ်းနားလှသေး၏။ ရွှေရောင်တံတိုင်းများ ရွှေရောင် အမိုးများဖြင့် တည်ဆောက်ထားသည်။ နေရောင်အောက်တွင် အလွန်ပဲ တောက်ပနေလေတော့၏။
ရှီဟောင်က ရှေ့သို့ ပြေးဝင်သည်။ သူက အင်ပါယာ မိသားစု နယ်မြေသို့ရောက်ရန်အတွက် မြို့ဂိတ်ပေါင်းများစွာကို ဖြတ်ကျော်သွားရပေသည်။ ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်ဆိုလျှင် အထဲသို့ ခြေတစ်လှမ်းပင် ချခွင့်ရှိလှိမ့်မည် မဟုတ်ခြေ။
ရှီဟောင်တောင် ဖိအားကို ခံစားနေရသည်။ အင်ပါယာ နန်းတော်သည် အလွန်ပင် ခန်းနားလွန်းလှသည်။ နန်းတော်ခန်းမတွင် ခန်းမများနဲ့ ပြည့်နက်နေကာ နေရာအနှံ့တွေ့နေရ၏။ ရွှေရောင်နှင့် ကျောက်စိမ်းတို့ဖြင့် တည်ဆောက်ထားခဲ့ပြီး အလွန်ပင် ခမ်းနားလွန်းလှသည်။ သိသာစွာဖြင့် အင်ပါယာ နန်းတော်၏ ဖိအားကလည်း အချိန်တိုင်း ထုတ်လွှတ်နေသေးပေသည်။
အထဲဝင်ရောက်သူသည် စွမ်းအားကြီးလေလေ ပိုပြင်းသည့် ဖိအားကို ခံစားရလေလေဖြစ်ပေသည်။ ထိုနေရာသို့ ရောက်သွားသည့်အခါ သူတို့တောင်မှ ဖိအားကြောင့် သိမ်ငယ်စိတ် ဝင်ကြရပေသည်။
ထိုတိုင်းပြည်တစ်ခုလုံး၏ စွမ်းအင်တစ်ခုလုံးဟာ ဒီနေရာတွင် ပေါင်းဆုံသည်။ ဒီနေရာသည် ကျောက်တုံးတိုင်းပြည်၏ နှလုံးသည်းခြေ ဖြစ်ကာ အဓိက အရေးပါသည့် နေရာဖြစ်သည့်အတွက် ထိုမျှပြင်းထန်သည့် ဖိအားတွေကို လွှတ်ထုတ်န်ုင်ခြင်း ဖြစ်ပေသည်။
သူ၏ ရှေ့တွင် စောင့်ကြည့် မျှော်စင်ပေါင်းများစွာရှိသည်။ မည်သူမဆို နန်းတော်တွင်းသို့ ဝင်ရောက်ချင်လျှင် ထိုမျှော်စင်တိုင်းကို ဖြတ်သန်းသွားရမည်ဖြစ်ကာ မြို့ဂိတ်တိုင်းကို ဖြတ်သန်းကာ အစစ်ဆေးခံရမည် ဖြစ်ပေသည်။ သူ ဝင်သွားသည်နှင့် လေထုက အနည်းငယ် ထူးဆန်းသွား၏။
မြို့ရိုးပေါ်ရှိ ဗိုလ်ချုပ်သည် နောက်ပေါက်တွင်ရှိသည့် များစွာသော ကျင့်ကြံသူများကို ဦးဆောင်ကာ ရပ်နေသည်။ သူ၏ အမူအရာက အေးစက်ကာ သတ်ဖြတ်ခြင်းအရှိန်အဝါ အပြည့်ဖြင့် လှမ်းကြည့်နေလေ၏။
ရှီဟောင်၏ ဝန်းကျင်တွင်လည်း အကြီးအကဲ အုပ်က စုဝိုင်းလာသည်။ ထိုသူတွေ အားလုံးသည် ပျက်သုဉ်းခြင်းနယ်မြေ နှင့် ကောင်းကင်အရှင် စံအိမ်တို့မှ ဖြစ်ကြ၏။ သူတို့အားလုံးသည် အင်ပါယာနန်းတော်ကို စောင့်ကြပ်ခဲ့ကြဖူးသူတွေလည်း ပါဝင်ကြပေသည်။ သူတို့၏ အမူအယာအရ အားလုံးဟာ ရဲရင့်လှကာ သူတို့က ရှီဟောင်ကို ကာကွယ်ပေးချင်နေကြ၏။
“မင်းတို့ ဘာလုပ်ချင်နေတာလဲ။ ပျက်သုဉ်းခြင်း နယ်မြေရဲ့ ကောင်းကင်အရှင် နန်းတော်ထဲကို ဝင်ရောက်လာတာကို မတားဆီးကြဘဲ မင်းတို့က ပုန်ကန်ချင်နေကြတာလား”
အင်ပါယာအစောင့် အိုကြီးက အော်ဟစ်သည်။
“ငါတို့အားလုံးက အင်ပါယာ နန်းတော်ကို ကာကွယ်နေကြတာ။ ဘယ်လိုပေါက်ကရ လူကိုမှ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး”
ဗိုလ်ချုပ်တစ်ယောက်က လက်ပိုက်ရင်း ပင်ကိုဆန်လွန်းတဲ့ လေသံဖြင့် ပြောသည်။
ရှင်းလင်းစွာပင် သူသည် ဆုံးဖြတ်ထားခဲ့ပြီးချေပြီ။ သူသည်ရှီဟောင်အကြောင်း မသိခြင်း မဟုတ်လေပဲ ကျောက်တုံးအင်ပါယာ ချန်ရစ်ခဲ့သည့် အမိန့်ကိုသာ မနာခံခြင်းဖြစ်သည်။
အဘိုး ၁၅၏ ညီအစ်ကိုဟောင်းများက ဒီစကားတွေကို ကြားသည့်အခါ ဒေါသွက်သွားကြသည်။ ထိုအစောင့်များသည် မင်းအမိန့်ကိုတောင် ဆန့်ကျင်ရဲကြသည်။ ထို့ကြောင့် ဒေါသတကြီးအော်ဟစ်လိုက်ကြ၏။
“ဒီတိုင်းပြည်ရဲ့ နာမည်က ကျောက်တုံးဆိုတဲ့ နာမည်ပါနေတာကို မေ့မနေနဲ့ .. ဒါတောင်မှ အပြင်ဘက်နယ်မြေက အင်အားကြီးတဲ့သူတွေကို မင်းတို့က ဒီမျိုးရိုးနာမည်နဲ့ပြောင်း ခိုင်းစေချင်နေတာလား .. ”
“ဒါပေါ့ ငါတို့သိတာပေါ့ .. ”
ဗိုလ်ချုပ်က နည်းနည်းလေးတောင်မှ မလှုပ်ရှား မဖယ်ခွာပေးချေ။ သူရပ်နေသည့် နေရာတွင်ရပ်နေကာ အေးစက်သည့် အကြည့်တွေနဲ့ ပြောလာသည်။
ရှီဟောင်ကတော့ ရပ်တန့်ခြင်းမရှိပဲ ရှေ့ဆက်သွားသည်။
” မင်းတို့အားလုံး လုပ်နေသမျှက တိုင်းပြည်အတွက် ရည်ညွှန်းချင်ပြီး ငါ့ရဲ့လေးစားမှုကို လက်ခံချင်တယ် ဆိုရင်တော့။ အဆင်ပြေသေးပေမဲ့ ရန်သူတွေလိုမျိုး ငါ့ကိုတားဆီးနေမယ်ဆိုရင်တော့။ ဟင့် .. ငါ့က မင်းတို့ကို ဒီနေ့ ဒီနေရာမှာ သတ်ဖြတ်ရလိမ့်မယ်။ ”
သူက အသက် ၁၅ နှစ်သာ ရှိနေသေးသည်။ သူ၏ အသက်သည် မကြီးသေးသည့်အပြင် သူ၏ ပုံပန်းသဏ္ဌာန်ကလည်း နူးညံ့ဖွယ် ကောင်းလှကာ ချောမွောနေသေးသည်။ သို့သော် သူက ထ်ိုစကားများကို ပြောလာသည့်အခါ ပြင်းထန်သည့် ဖိအားတို့က ပေါ်လွင်လာပြီး အရှိန်အဝါတို့နှင့်အတူ ကျင့်ကြံသူတိုင်းကို နောက်ပြန်ဆုတ်ရသည့်အထိ ဖိအားပေးနိုင်စွမ်းရှိသည်။ ထိုသည်က ထူးဆန်းလွန်းပေ၏။
” ပျက်သုဉ်းခြင်းနယ်မြေ ကောင်းကင်အရှင် .. မင်းက အခုဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီနေရာက အင်ပါယာ နန်းတော်ဆိုတာကို မင်းမေ့နေတာလား .. ”
ဗိုလ်ချုပ်၏ မျက်နှာက ပျက်သွားသည်။ သူက အေးစက်စွာ ရယ်နေ၏။
ရှီဟောင်ကတော့ ရှေ့ဆက်နေဆဲ ရှိသေးသည်။ သူက အင်ပါယာ နန်းတော်တခါးကို အသာအယာ ဖြတ်ကျော်သွားခဲ့သည်။ ထိုဗိုလ်ချုပ်ကို ဂရုပင်မစိုက်တော့ပေ။ သူက အင်ပါယာ နန်းတော်၏ နက်ရှိုင်းသော အပိုင်းကို တိုက်ရိုက်ဝင်သွားရန်ကြိုးစားလေတော့၏။ လမ်းတစ်လျှောက်ရှိ လူတိုင်းက သူနှင့်မျက်နှာချင်းဆိုင် ကြုံရသည့်အခါတွင် ဘေးသို့သာ ဖယ်ခွာရ၏။ မည်သူကမှ မတားဆီးရဲကြပေ။
“ဒီနေရာကို ကာကွယ်ကြ။ အင်ပါယာ နန်းတော်ထဲကို ဘယ်လိုအရာမှ မဝင်လာအောင် ချိတ်ပိတ်ထားလိုက်ကြတော့ .. ဝင်လာသမျှ သူတိုင်းကို သတ်ပစ်လိုက်ကြတော့ .. ”
ဗိုလ်ချုပ်က ကျယ်လောင်စွာဖြင့် အမိန့်ထုတ်လိုက်သည်။ စစ်သည်တော်တိုင်း၏ အမူအရာက ပြောင်းလဲသွားလေတော့သည်။
ရှီဟောင်ကတော့ နန်းဆောင်ထဲကို ဖြတ်ကျော်သွားပြီဖြစ်ကာ အလွန်ပင် ခန်းနားလှသည့် နေရာသို့ ဝင်နေလေတော့သည်။ သူက ကောင်းကင်းကင်ဗဟိုနန်းတော်၏ အလယ်နေရာသို့ ဝင်ရောက်ရန် ကြိုးစားနေခဲ့သည်။
ထို့နေရာတွင် မရင်းနှီးသည့် တစ်စုံတစ်ယောက်ကို သူတွေ့လိုက်ရသည်။ ထိုသူက အသက် ၂၀ ပင်မကျော်လောက်သေးသည့် ခရမ်းရောင် ဝတ်စုံကို ဝတ်ထားတဲ့သူဖြစ်သည်။ ထိုလူငယ်သည် ဖိနှိပ့်နိုင်သည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ အလွန်ပင် ထူးချွန်သည့်ပုံရသည်။ သူက ကျောက်စိမ်းရေကန်ဘေးတွင် ရပ်နေခြင်းဖြစ်ကာ ရေများနှင့် ကြာပန်းများက ရေကန်ထဲတွင် ပြည့်နက်နေသည်။ ဝိညာဉ်လေထုတွေဟာလည်း လေထဲတွင် ဝေ့ဝဲတက်လေတော့ကာ အလွန်ပင် ထူးခြားခမ်းနားလေစေတော့၏။
ထိုသူက သာမန်မဟုတ်နိုင်ခြေ။ တစ်ဖက်သူသည် အလွန်ပင်ခန့်ညားချောမောနေသည့်တိုင်အောင် သူ့ထံမှ ထုတ်ဖော်လေသည့် ခံစားချက်အရ သားရဲဆန်နေလေသည်။ သိသာစွာပင် ထိုသားရဲ ဆန်မှုကလည်း အလွန်ပဲ စေကြာက်မက်ဖွယ် ကောင်းလွန်းပေသည်။
“ညီငယ်ရှီ ငါမင်းကို စောင့်နေတာကြာပြီ .. ”
သူက ပြောသည်။
“သူက ထာဝရတောင်က လာတာပဲ .. ”
အင်ပါယာ အစောင့်အိုကြီးက နူးညံ့ညင်သာသောအသံဖြစ် ပြောသည်။
ရှီဟောင်က ထိုစကားကို ကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။ သူကလည်း လျှို့ဝှက်စွာ မေးလာ၏။
“ကျောက်တုံးအင်ပါယာက ငါ့ကို နန်းတော်ထဲကိုဝင်ဖို့ အင်ပါယာ အမိန့်တော်တစ်ခု ပြန်တမ်း ထုတ်ပြန်ထားခဲ့တယ်။ ဒါ့အပြင် သူက ဒီလူတွေကိုရော ဆင့်ခေါ်သေးတာလား .. ”
“မဖြစ်နိုင်တာ .. ”
အစောင့်အိုကြီးက ခေါင်းခါသည်။
ရှီဟောင်က ထိုစကားကို ကြားသည့်အခါ ဒေါသ ထွက်လာလေတော့သည်။ သိသာစွာပင် အပြင်ဘက် နယ်မြေက ကျောက်တုံးမြို့ကို လွှမ်းမိုးရန် ကြိုးစားနေလေတော့၏။ သူတို့က အနည်းငယ်တောင်မှ ဂရုစိုက်ခြင်း မရှိဘဲ နန်းတော်တွင်းတောင်မှ ဝင်ရောက်နေခဲ့သည်။ သူတို့က အင်ပါယာ နေရာကို ဖမ်းဆုပ်ကာ ဖယ်ထုတ်ချင်နေပုံရပေသည်။