သုခကမ္ဘာက ရှီဟောင် - Chapter - 624 ငါ့ မျက်စိရှေ့က ထွက်သွားကြ
ထို့ကြောင့် ရှီဟောင်က မည်သည့်စကားမှ မဆိုတော့လေပဲ ချက်ချင်းလှည့်ကာ ပြန်ထွက်လိုက်သည်။ သူ၏ အရှိန်အဝါပေါကြွယ်လှကာ ပြင်းထန်လွန်းလှပြီး မီးတောင်တစ်ခု ပေါက်ကွဲနေသည်နှင့်ပင် တူနေလေတော့သည်။ ခရမ်းရောင် ဝတ်စုံနဲ့ အမျိုးသားက ပြောလာသည်။
“ညီငယ်ရှီ .. မင်းက ဒါဘာလုပ်တာလဲ။ ဘာမှမပြောတော့ပဲ မင်းက ဘာလို့ပြန်ဆုတ်နေရတာလဲ .. ”
ရှီဟောင်ကတော့ ထိုလူ့ကို ဂရုမစိုက်တော့ပဲ နန်းတော်အစောင့်ဒုတိယ တသုတ်ကို ချိုးဖျက်ကာ အထဲသို့ ထပ်မံဝင်ရောက်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုနေရာတွင်ချိတ်ပိတ်ထားသည့် လက္ခဏာများကို မြင်တွေ့လိုက်ပြီး သူ၏ မျက်လုံးတွေက အေးစက်သွားလေတော့၏။
ဗိုလ်ချုပ်က အလန့်တကြားဖြစ်သွားသည်။ သူက မျက်နှာပျက်သွားလေတော့ကာ သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို လွတ်ထုတ်လာလေတော့၏။ သို့ရာတွင် ရှီဟောင်နှင့် နှိုင်းယှဉ်လျှင်မူ သူက များစွာလိုအပ်နေသေးသည်။ ထို့ကြောင့် သူ့ပြိုင်ဘက်၏ ဖိအားကြောင့်သူက တုန်ရီလာလေတော့သည်။
“မင်း .. အသုံးမကျတဲ့ မျိုးမစစ် .. အပြင်လူတစ်ယောက်ကို ဝင်ခွင့်ပေးထားတယ်။ မင်း တကယ်ကို သေချင်နေတာပဲ။ မင်း သေသွားမှပဲ လောကကြီးက သာယာသွားလိမ့်မယ်”
ရှီဟောင်၏ လေသံက အလွန်ပင် အေးစက်နေသည်။ သူသည် တစ်ဖက်သူကို မတိုင်မီက သတ်ဖြတ်ချင်စိတ် မရှိခဲ့ပေ။ သို့သော် တစ်ဖက်သူသည် အပြင်လူကိုတောင် နန်းတော်၏ အဓိက အကျဆုံးနေရာကို ဝင်ခွင့် ပေးထားခဲ့သည်။ ထိုကြောင့်သူက သတ်ဖြတ်ချင်စိတ်ပြည့်လာလေတော့၏။
“မင်း ဘာပြောလိုက်တာလဲ။ ဟင့် .. အားလုံးပဲ အခုချက်ချင်းဝင်္ကပါကို ခင်းကျင်းပြီး ဒီကောင်ကို သတ်ကြစမ်း”
ဗိုလ်ချုပ်က အသိဝင်လာကာ အော်ဟစ်လိုက်သည်။ ထိုသည်က ပုံမှန်ပင် ဖြစ်၏။ အခြားသူတွေကိုသူက ဒီနေရာလို့ ဝင်ခွင့်ပြုလိုက်သည့်တိုင်အောင် သူ့လူတွေနဲ့ စစ်သားများကို ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသည်။
“နောက်ဆုတ်ထွက်ပြေးသွားတဲ့ သူတွေကို ငါမရှာနိုင်ဘူး ဆိုပေမဲ့ ရှေ့တန်းထွက်ပြီး အမိန့်ပေးရဲတဲ့ မင်းတို့ကောင်တွေကိုတော့ ငါက သတ်နိုင်သေးတယ်နော်”
ရှီဟောင်၏ အသံတွေက အေးစက်လွန်းလှသည်။
လူတိုင်း၏ အမူအရာက ပြောင်းလဲသွားလေတော့၏။ သူတို့ ချက်ချင်းပင် လျှင်မြန်စွာ နောက်ဆုတ်ကြသည်။ ဒီနေရာသို့ရောက်နေခဲ့မိသည့်အတွက် နောင်တရနေမိကြ၏။ သူတို့ကို ဦးဆောင်နေသည့် မဟာဂိုဏ်းခေါင်းဆောင်တွေ ရှိနေရင်တောင်မှ ထိုကျောက်တုံးတိုင်းပြည်အား အဆုံးသတ်သွားသည့်အတွက် သူတို့၏ အနာဂတ်က မသေချာတော့ပေ။
သူတို့က ကျောက်တုံးညီငယ်လေး၏ လက်မှလွှတ်အောင် မည်သို့ ပြေးလွှားရမည်မှန်း မသိတော့ချေ။ လက်ရှိအခြေအနေက ဆိုးဝါးလွန်းနေတော့၏။
ဗိုလ်ချုပ်၏ မျက်နှာတွင်လည်း ကြောက်လန့်မှု အရိပ်အရောင်တွေ ပေါ်လာသည်။ သို့တိုင်အောင် သူက နောက်မဆုတ်ချေ။ အေးစက်စွာ ဟန်လုပ်ရယ်လိုက်ကာ သွေးရောင်ဘူးသီးခြောက် တစ်ခုကို ထုတ်လိုက်လေတော့သည်။ သူက ထိုအရာကို အနည်းငယ် လုပ်လိုက်ပြီးသည့်နောက် ဓားအလင်းများဖြင့် ရှီဟောင်၏ ခေါင်းကို ပိုင်းချရန် ကြိုးစားလေတော့၏။ ဘူးသီးခြောက်က လျှို့ဝှက် လက်နက်တစ်ခု ဖြစ်နေလေတော့၏။
“တော်ဝင် မှော်လက်နက် .. ”
အစောင့်အိုကြီးတွေက ဖြူလျှော့ကာ ကြောက်လန့်သွားကြသည်။ သို့တိုင်အောင် သူတို့က ရှီဟောင်ရှေ့သို့ သွားကာ ကာကွယ်ပေးလိုက်ကြလေ၏။ မည်သို့ပင်ဆိုလျှင် သူတို့က ကျောက်တုံးအင်ပါယာ၏ တော်ဝင်အမိန့်ကို အလွန်ပင် လေးစားကြကာ သစ္စာရှိကြသည်။ သေရမည် ဆိုရင်တောင်မှ ရှီဟောင်ကိုတော့ ကာကွယ်ပေးရပေမည်။
ကောင်းကင်အရှင်စံအိမ်မှ လူများကလည်း လှုပ်ရှားလိုက်ကြသည်။ သို့ရာတွင် ပြင်းထန်သည့် လှသည့် ဖိအားကြောင့် သူတို့သည် မျက်နှာပျက်ကြသည်။
“လမ်းက ဖယ်ကြစမ်း .. ”
ရှီဟောင်က အော်ဟစ်လိုက်သည့်တိုင်အောင် လေသံက ပျော့နေသေးသည်။ မည်သို့ပင် ဆိုလျှင် ထိုသူတွေက သူ့ဘက်မှ ဖြစ်သည်။ ဗိုလ်ချုပ်က သူ့ကို တိုက်ခိုက်ပြီဆိုလျှင် သူကလည်း တဖက်သူတွေကို ကပ်ဘေးကို ဆောင်ကျဉ်းပေးလိုက်ရုံသာဖြစ်သည်။ နက်လက်နက်ဓားကို သူက သိမ်းဆည်းကာ အရာအားလုံးကို ဖယ်ရှားပေရမည်။
ဟုန်း ..။
နတ်အလင်းရောင်များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ရှီဟောင်၏ ကျောပြင်ကိုပင် ရှေ့နောက် ယမ်းသွားစေနိုင်၏။ သို့တိုင်အောင် သူကတော့ ထင်ရှလှသည့်နတ်ဓား တစ်ချောင်းအလား ကောင်းကင်သို့ လွှဲခုန်လိုက်သည်။ ပြင်းထန်လှသည့် ဖိအားတွေဟာ တော်ဝင်နန်းတော်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။ မည်သူကမှ မည်သည့်အရာတွေ ဖြစ်ပျက်နေကြောင်း မမြင်ရတော်ချေ။
သိသာစွာပင် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်းဖြစ်ပေ၏။ ရှီဟောင်၏ ရင်ဘက် တောက်ပလာသည်။သူက သူ၏ လွှမ်းမိုးနိုင်ွမ်း အရှိန်အဝါများကို ထုတ်ဖော်လာလေတော့ကာ အချိန်တို အတွင်းတွင်လည်း အဆင့်လို နတ်ဘုရားအရုပ်ကို ထုတ်သုံးလိုက်သည်။ ထိုအရာက သူ့၏ လျှို့ဝှက်လက်နက်ဖြစ်သည်။ ထိုအရာသာမရှိလျှင် သူ့အနေနဲ့ ကျောက်တုံးတိုင်းပြည်ထဲ ဝင်လာရဲမည် မဟုတ်ချေ။
တစ်နှစ် နှစ်နှစ် ကျင့်ကြံပြီးသည့်နောက် သူက အုပ်မြစ်ချသည့် အဆင့်သို့ ရောက်လာခဲ့သည်။ ထိုအခါ သူ၏ အရိုးဟာလည်း ပြီးပြည့်စုံစွာ ရှင်သန်လာခဲ့ချေပြီ။ သူအနေနှင့် အပြည့်အဝ စွမ်းအင်တို့ ထုတ်သုံးနိုင်စွမ်း မရှိသေးသည့်တိုင်အောင် ထုတ်သုံးနိုင်သည့် လက်ရှိစွမ်းအားတွေက ပြင်းထန်လွန်းနေချေပြီ။
ထိုအရာမှ အလင်းတန်းတွေ လင်းလက်လာသည်။ ဓားအလင်းတွေဟာ သွေးရောင် ဘူးသီးခြောက်မှ လက်နေသည့်အပြင် ထိုအရာများအားလုံးဟာ ဖိအား ပေးစွာဆင်းသက်လာခဲ့၏။ သို့တိုင်အောင် သူ့ထံမှ ထွက်လာသည့် အလင်းများနဲ့ ဆုံသည့်အချိန်တွင်တော့ နောက်ပြန်ဆုတ်ရသည်။ တဖက်က ဖိနိမ့်ခြင်း ခံရလေတော့၏။
ခမ်းနားသည့် အလင်းရောင်များက တဖျတ်ဖျတ်လက်နေသည်။ ရှီဟောင်က အဆင့်လွန် နတ်ဘုရား အရိုးကို ငုံပြီး ထိုလက်နက်ကို သန့်စင် လေတော့သည်။ ရှင်လင်းစွာပင် မူလပိုင်ရှင်၏ သင်္ကေတများကို ဖယ်ရှားရမည်ဖြစ်ကာ သူ၏ သင်္ကေတတွေကို ထည့်သွင်းရပေမည်။
“ခင်ဗျားက ဘုရင် အဆင့်တစ်ခုကို ဆုံးရှုံးသွားရတယ်။ဒါကြောင့် ဒီတော်ဝင်လက်နက်ကို ပြန်ပေးမယ်။ ဒီတော့ အဆုံးမရှိပါဘူး .. ”
မကြာခင်က သူ့ကို ကာကွယ်ပေးခဲ့သည့်အတွက် စံအိမ်မှ အကြီးအကဲ တစ်ယောက်ကို သူပေးလိုက်သည်။
ထိုတခဏတွင် အလင်းတွေ အားလုံးပျောက်ကွယ်သွားသည်။ ထိုအရာအားလုံးက ငြိမ်းချမ်းသွား၏။ ရှီဟောင်၏ မျက်နှာကို အေးစက်သည့် အမူအရာဖြင့် တွေ့လိုက်ရပေတော့သည်။ သူက လက်ကိုမြောက်လိုက်သည့်အခါ ထူထဲလှသည့် ဓားအလင်းတွေက ပိုင်းချခံလိုက်ရသည်။
ဖူးကနဲ မည်သံနှင့်အတူ ဗိုလ်ချုပ်က နှစ်ပိုင်းပြတ်သွားသည်။
သူက ရှောင်ရှားရန် ကြိုးစားခဲ့သည့်တိုင်အောင် မည်မျှပင် မတက်နိုင်ခဲ့ချေ။ သင်္ကေတများအားလုံးက ဓားအလင်းကြောင့် ပိုင်းဖြတ်ခံလိုက်ရသည်။ သူက ထိုသို့ပင် အသက်ခံလိုက်ရတော့၏။
သွေးများက ဆက်တိုက်ထွက်နေသည်။ သူက ငယ်သံပါအောင် အော်ဟစ်လိုက်ပြီးသည့်နောက် မျက်လုံးတွေက အသက်မဲ့ကာ ကြောက်လန့်တကြား ဖြစ်သည့်အတိုင်း သေဆုံးသွားရလေတော့သည်။
ထိုသည်က မည်သည့် အားဖြစ်ကြောင်း မည်သည်မှ မသိကြတော့ချေ။ တော်ဝင်လက်နက်ကတောင်မှ အသုံးမဝင် ဖြစ်ရပြီး ချက်ချင်းအခိုးခံလိုက်ရသည်။
သိသာ စွာပင် ကောင်းကင် အရှင်က အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းနေချေပြီ။ ကျန်ရှိနေသည့် လူတိုင်းတုန်လှုပ်သွားကြ၏။
ရှီဟောင်က အေးစက်ကာ နှလုံးသားမဲ့သည်။ သူ၏ သွေးတွေက ဓားအလင်းတွေနဲ့ အတူ ပွင့်လင်းလာတော့ကာ တချိချိမည်သံတွေက ဆက်တိုက်ထွက်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းလှသည့် အသံနှင့်အတူ ခေါင်းတွေက တစ်ခေါင်းပြီးတစ်ခေါင်း ပြတ်ထွက်ကုန်လသည်။ မြေပြင်တွင်လည်း သွေးတွေ အလင်းတွေ ခေါင်းတွေနဲ့ ပျံ့နှံ့သွားလေတော့၏။
“အား .. မဟုတ်ဘူး ငါ ဖိအားပေးခံရတာပါ။ ပျက်သုဉ်းခြင်းနယ်မြေရဲ့ ကောင်းကင်အရှင် .. ကျေးဇူးပြုပြီး သနားငဲ့ညာပေးပါ .. ”
ရှီဟောင်ကတော့ မည်သည့်အသံကိုမှ မကြားသည့် အလား နဂိုအတိုင်းသာ ဆက်လက်ပြုမူလေသည်။ သူက မည်သူ့ကိုမှ အခွင့်အရေးမပေးချေ။ များစွာသောသူတို့ဟာ သစ္စာဖောက် ပုန်ကန်ခဲ့ကြပြီ။ ယခုခွင်ွ့လတ်နေတာက အသုံးမဝင်နိုင်တော့ချေ။
မြင်ကွင်းက အလွန်ပဲ ဆိုးဝါးကာ ကြမ်းတမ်းခက်ထန်လေတော့သည်။ အဖိုးတန်လက်နက်တိုင်းက ယူဆောင်ခံရပြီး နတ်စွမ်းအင်များဖြင့် အားလုံးက သတ်ဖြတ်ခြင်း ခံရပေသည်။ ဘယ်သူကမှ ရှီဟောင်ကို မတားဆီးနိုင်ကြတော့ချေ။
ခွန်ပန်၏ သိုင်းပညာကို သူက ထုတ်သုံးသည်။ ရွှေရောင်အလင်းတွေက လင်းလက်နေတော့၏။ သူက အရာရာကို ဖယ်ရှားပစ်နေလေတော့သည်။ ထိုသို့ဖြစ် မြေပြင်တွင် အလောင်းများက ပြည့်လာလေတော့၏။
ရှီဟောင်၏ အဝတ်များ၌ မည်သည့် သွေးတစ်စမှ ရှိမနေခဲ့ချေ။ သူက ထိုအလောင်းများကို အသာအယာ ကျော်ဖြတ်သွားခဲ့သည်။ သူ၏ ပုံပန်းသွင်ပြင်က ခန့်ညားချောမောကာ ထူးချွန်လွန်းနေဆဲဖြစ်သည် ။ သူက တစ်ချက်လှည့်ကာ ဝင်သွားသည့်အခါ အင်ပါယာနန်းတော်၏ နက်ရှိုင်းသော အပိုင်းသို့ ရောက်သွားလေတော့၏။ သွေးလွှမ်းသည့် အလောင်းများကို သူက ထားခဲ့သည်။ အသာအယာကျော်ဖြတ်သွားသည့် သူ့၏ ဟန်ပန်သည် မသေမျိုးနတ်ဘုရားတစ်ပါးနှင့် တူနေလေတော့၏။
“ကျန်တဲ့သူတွေအားလုံးက ဒီမှာနေခဲ့ပြီး ဒီနေရာကို စောင့်ကြပ်လိုက်ကြပါ ”
ရှီဟောင်၏ အသံက အဝေးမှထွက်ပေါ်လာသည်။ လူကိုတော့ မမြင်ရတော့ချေ။ သို့သော် လက်ရှိတွင် ကျန်တဲ့သူတိုင်းက တိတ်ဆိတ်သွားကြကာ ချက်ချင်းပဲ အမိန့်ကို နာခံလေရင်း စောင့်ကြပ်လိုက်ကြတော့သည်။
“ညီငယ်လေးရှီ မင်းပြန်လာပြီပေါ့ .. ”
ခရမ်းရောင် ဝတ်စုံနဲ့ လူငယ်လေးက ထိုနေရာတွင် ရပ်နေသေးသည်။ သူက ရှီဟောင်ထံမှ သတ်ဖြတ်ဖျက်ခြင်းအရှိန်အဝါကို ခံစားမိသည့်အခါ တုန်ရီသွားလေတော့သည်။ အဆုံးတွင်တော့ ဒီကျောက်တုံးညီငယ်လေးကို သူနားလည်မှု လွဲခဲ့ကြောင်း ခံစားလိုက်ရလေတော့သည်။ သူသည် တစ်ယောက်ထဲ အင်ပါယာ နန်းတော်ထဲသို့ ဝင်လာကတည်းက သူ့တွင်လည်း ဝှက်ဖဲများ ရှိနေသေးပေမည်။
“ငါက ဘာလို့ မလာရဲရမှာလဲ။ ဒါက ငါ့ရဲ့ ကျောက်တုံး ကလန် အင်ပါယာနန်းတော်လေ။ ပြီးတော့ ကန့်သန့်နယ်မြေလည်း ရှိနေသေးတယ်။ မင်းကသာ အပြင်လူပဲ။ မင်းက ဘာကြောင့် ဒီနေရာကို ခိုးဝင်ပြီး ငါ့ရဲ့ ကျောက်တုံးတိုင်းပြည်ကို ဖမ်းဆုတ်ဖို့ ကြိုးစားနေရတာလဲ”
ရှီဟောင်က အေးစက်စွာ မေးမြန်းလိုက်လေတော့သည်။
“ဟားဟား ညီငယ်ရှီ မင်းကတော့ တကယ်ကို နားလည်မှု လွှဲနေတာပဲ။ မင်းနဲ့ငါက သွေးသား တော်စပ်တယ်လေ။ ငါက ထာဝရ တောင်က ရောက်လာခဲ့တာ”
ခရမ်းရောင်ဝတ်စုံနဲ့ ထိုသူက ပြုံးကာပြောသည်။
ထို့နောက်သူက ချင်ရုံဖြစ်ကြောင်း မိတ်ဆက်လာသည်။ ရှီဟောင်ကတော့ မည်သည့်စကားမှ မပြောတော့ချေ။ သူက တစ်ဖက်သူ ဘယ်လောက် စွမ်းအားကြီးကြောင်း ခံစားမိလေသည်။ တစ်ဖက်သူသည် ထာဝရတောင်မှ ပုဂ္ဂိုလ်ဖြစ်သည်။ သို့တိုင်အောင် တစ်ဖက်သူ မည်မျှစွမ်းအားကြီးကြောင်း ပြောပြနိုင်စွမ်း မရှိခဲ့ချေ။
“မင်းသာဆန္ဒရှိမယ်ဆိုရင် ဒီနေရာရဲ့ နောက်ထပ်အင်ပါယာတစ်ယောက် ဖြစ်လာလိမ့်မယ်”
ချင်ရုံက ပြောလာသည်။
“ဘာလဲ ငါ့ကို နယ်ရုပ်အင်ပါယာအဖြစ် ပြောင်းမလို့လား .. ”
ရှီဟောင်ကတော့ အေးစက်သည့် အမူအရာဖြင့်သာ ကြည့်နေတော့သည်။
“မင်းက ဘာလို့ ဒီလိုပြောလာရတာလဲ။ ငါတို့က ဒီအတိုင်း ထာဝရတောင်က အင်အားစု စေလွှတ်ပြီး။ မင်းကို အားဖြည့်ပေးမလို့ပါ။ ဒါဆိုရင် အချို့ကိစ္စတွေကို မင်းက လူတိုင်းကိုဖြေရှင်းစရာ မလိုတော့ဘူးလေ”
ချင်ရုံ ပြောလိုက်သည်။
“ဟာ .. မင်းက ငါ့ကို ဖိအားအများပေးပြီး မင်းကိုသတ်ချင်လာအောင် လုပ်နေတာပဲ။ ဒါမှမဟုတ် မင်းဒီနေရာကနေ အသက်လုပြီး ထွက်သွားချက်တာလား။ ဒါဆိုရင်တော့ အခုသွားရင် အချိန်မှီသေးတယ်နော်”
ရှီဟောင်က စကားဖြတ်ပြောလိုက်သည်။
” ညီငယ်ရှီ မင်းတစ်ယောက်ထဲနဲ့ အရာအားလုံးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေတာလား”
ချင်ရုံက ပြုံးရင်းပြောလိုက်သည်။ သူ့၏ မျက်နှာတွင် ပေါ့ပါးသည့် အပြုံးက ရှိနေသေးသည်။ ရှီဟောင်က မည်သည့် စကားမှ မဆိုတော့ချေ။ သူက လက်ကိုမြောက်လိုက်သည်။ ထို့နောက် သူ့၏ လက်ထဲရောက်သည့် သွေးရောင် ဘူးသီးခြောက်က ချက်ချင်းပင် သူ့၏ တော်ဝင်လက်နက်ကို အသက်သွင်းလိုက်ပြီး သူ့၏ ပြိုင်ဘက်ကို ဖိအားပေးလေတော့သည်။
ချင်ရုံ၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူသည် ကောင်းကင်ကိုတောင် လွှမ်းခြုံနိုင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ထာဝရတောင်က ကျော်ကြားသော သူရဲကောင်း ၃ ယောက်ထဲက ၁ ယောက်ဖြစ်ပေသည်။ သို့သော် လက်ရှိအချိန်တွင်တော့ အနည်းငယ် တုန်ရီနေတော့သည်။ ထိုတော်ဝင်လက်နက်သည် အခြားသူ လက်တွင် အသုံးမဝင်သည့်တိုင်အောင် ယခုသုံးနေသည်မှာ ရှီဟောင်ဖြစ်သည်။ သို့တိုင်အောင် သူကတော့ သေခြင်းရှင်ခြင်းတိုက်ပွဲအထိ မတိုက်ခိုက်ချင်သေးပေ။ ထို့ကြောင့် ချက်ချင်းလှည့်ထွက်လိုက်သည်။ သူက ပြောသွားသည်။
“ကောင်းပြီ ငါအခုတော့ ပြန်သွားလိုက်မယ်”
သူ အလွန်ပင် တုန်လှုပ်နေရသည်။ ထိုအလွန်ပင် ခန့်ညားချောမောသည့် လူငယ်နှင့် ရင်ဆိုင်နေရသည့်တိုင်အောင် တစ်ဖက်သည် ပုံရိပ်ရောင်ဟု ခံစားနေရသည်။ တစ်ဖက်သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည့် ကောင်းကင်သားရဲ ၁၀ ကောင်ထဲမှ တစ်ကောင်ဟု ခံစားမိလေသည်။
လူတိုင်း၏ မျှော်လင့်ထားသည့် တိုက်ပွဲကတော့ ဖြစ်မလာခဲ့ချေ။ ရှီဟောင်ကတော့ ရှေ့သို့ ဝင်သွားခဲ့ကာ နောက်ဆုံးတွင်တော့ ကောင်းကင်အင်ပါယာ နန်းတော်၏ ဗဟိုသို့ ရောက်သွားလေတော့သည်။
အစစ်အမှန် နဂါးတစ်ကောင်က ထိုအပေါ်တွင် ခွေခေါက်စွာ တည်ရှိနေသည်။ ထိုအရာက တော်ဝင်နန်းတော်၏ နဂါးသဏ္ဌာန်စွမ်းအင်တွေကို လွှတ်ထုတ်ပေးနေသည့် နေရာဖြစ်သည်။ နဂါးအော်သံ အားလှိုင်းများဟာ ကောင်းကင်ကိုတောင် တုန်ခါစေနေသေး၏။ လူတွေက ထိုနေရာတွင် ရှိနေကြသေးသည်။ ထိုသူများအားလုံးသည် အပြင်ဘက်မှ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်သည့်အပြင် ကျောက်တုံးတိုင်းပြည်၏ အထက်တန်းလွှာတွေ ဖြစ်ကြသည်။သူတို့ အားလုံးကြောင့် လေထုက ထူးဆန်းနေလေ၏။
အစောင့်အိုကြီးများက အဝိုင်းခံထားရသည့် ရှီဟောင်က အနားသို့ လျှောက်သွားလိုက်သည်။ သူ၏ အကြည့်များက အေးစက်နေကာ အရာအားလုံးကို အထင်သေး ရှုတ်ချနေပုံရသည်။လူတိုင်းက သူ့ကို လှည့်ကြည့်လာကြသည်။
“အပြင်ဘက် နယ်မြေက ကောင်တွေ အခုချက်ချင်း ငါ့ကျောက်တုံးတိုင်းပြည်က ထွက်သွားကြစမ်း။ မဟုတ်ရင်တော့ ငါက အားလုံးကို အလွတ်မပေးပဲ သတ်ဖြတ်ပစ်မှာနော်”
ရှီဟောင်၏ စကားများက အလွန်ပင် လွှမ်းမိုးနိုင်စွမ်းပြင်းပြပေသည်။
“အပြင်ဘက်နယ်မြေက ကောင်တွေ အသတ်ဖြတ်မခံချင်ရင် ဘေးဖယ်ထားလိုက်ကြ။ မဟုတ်ရင်တော့ ဒီတိုင်းပြည် ပြောင်းပြန်လှန်ရတဲ့အခါ ဘယ်ကောင်မှ အသက်ရှင်ဖို့ အခွင့်အရေး မရဘူး .. ငါ့ မျက်စိရှေ့က ထွက်သွားကြ .. ”
ရှီဟောင်၏ ဒုတိယစကားက ပို၍တောင်ပြင်းထန်ပေသည်။ နှလုံးသားမဲ့မှုများနဲ့ ပြည့်နက်နေသေး၏။ သူ့၏ စကားများက ဓားများကဲ့သို့ထင်ရကာ ထက်ရှလွန်းလှသည်။ ကောင်းကင်တောင်မှ ထိုစကားများကြောင့် တုန်လှုပ်သွားလောက်သည်။ ထိုနေရာတွင်ရှိသည့် သူတိုင်းက တုန်ရီနေကြတော့၏။