သုခကမ္ဘာက ရှီဟောင် - Chapter - 626 ဒါက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်လိုက်တာပဲ
ရှီဟောင်၏ ခြေ ဆင်းသက်လာသည့်အခါ ရွှေ ရောင်ချိန်းကြိုးတွေဟာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလွန်ပင် အံ့ဩဖို့ ကောင်းလွန်းသွားသဖြင့် လူများ၏မျက်လုံးများဟာ ပြူးထွက်သွားလေတော့သည်။ သူတို့ စိတ်တွင်းတွင်တော့ တုန်လှုပ်သွားကြ၏။
အဆင့်မြင့် အဆင့်အထိ မြင့်မားအောင် ကျင့်ကြံနိုင်စွမ်း အနည်းငယ်သာလျှင်ရှိသည့် အထဲတွင်မှ ခန္ဓာကိုယ်ကို ချိတ်ပိတ်ကာ တာအိုကို ထုတ်လွတ်နိုင်စွမ်း ရှိတဲ့သူတွေဟာ ထူးခြားလွန်းလှပေသည်။ အထူးသဖြင့် ထို့သို့သော် မြင်ကွင်းသည် မြင်ရခဲလွန်းသောကြောင့် အားလုံးသည် မှင်သက်စွာဖြင့် ငေးကြည့် နေကြမိတော့သည်။ ထိုလူငယ်သည် မည်သည့် အရွယ်သာလျှင် ရှိသေကြောင်း အားလုံးပြန်တွေးကြည့်လိုက်ကြသည်။ သူသည် အဆင့်လွန် ကျွမ်းကျင်ပညာရှင်ကြီးတွေတောင်မှ ထိုသို့သော် မြင်ကွင်းကို ဖော်ထုတ်မပြနိုင်မည်ကြောင်းသိနေသော်လည်း သူကတော့ လုပ်ပြနိုင်ခဲ့သည်။
ထိုသည်က လောကတစ်ခုလုံးနှင့် ဟန်ချက်ပျက်သွားခြင်းဖြစ်သည်။
ရွှေရောင် ချိန်းကြိုးများဟာ ပွင့်လန်းလာခဲ့ကာ ရောင်စုံသော တိမ်များက ကျဆင်းလာသည်။ ရွှေမြူထုများကလည်း သူလုပ်ရှားတဲ့ အတိုင်း လိုက်ပါ ကူညီဖျော်ဖြေလေတော့၏။ သူတို့က တစ်ခုပြီးတစ်ခု ပေါ်ထွက်လာစေသည်။ လူတိုင်းကို ပြောစရာ စကား ပျောက်ရှစေသည်။ ချိုမြိန်လှသည့် အနှံ့က မွေးပျံ့ထွက်လာပြီးသည့်နောက် လူတိုင်း၏ စိတ်များက တုန်ရီလာရတော့ပေသည်။
“မကောင်းတော့ဘူး”
မိုးကလန်မှ လူတိုင်းနောက်ဆုတ်လိုက်ကြသည်။ ခွန်ဘုရင် လန်ဘုရင် နှင့် အခြားသော သူများအားလုံးဟာလည်း အလားတူပင် ရွေ့လျားလိုက်ရပေတော့၏။ သူတို့၏ အသာွးေပေါ်သို့ တာအိုက ဆင်းသက်လာသည့်အခါ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါများဟာ အံ့အားသင့်ဖွယ် ကောင်းလှအောင် ကျန်ရှိနေသေးသည်။
ဟူး ခနဲမည်သံနှင့်အတူ ရှီဟောင်က လက်တစ်ဖက်ကို အသာ မြောက်လိုက်၍ မိုးကလန်မှ ကိုယ်စားပြုသူတို့အား ရှောင်ရှား၍ မရနိုင်စေလာက်အောင် တိုက်ခိုက်လိုက်လေတော့သည်။ ထိုသူတွေ ရှောင်ရှားဖို့တောင် နောက်ကျသွားချေပြီ။ သွေးနီရောင် ဓားစွမ်းအင်များဟာ သွေးအလင်းများနဲ့အတူ ထပ်ပိုင်း ကျလာသည်။ ထိုသို့ဖြစ် မကြာမီက ဝင်ပြောခဲ့သူဟာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားလေတော့သည်။
သွေးများက ပန်းများကဲ့သို့ ပွင့်လန်းလာ၏။ ငယ်သံပါအောင် အော်ဟစ်သည့် အသံက ထွက်ပေါ်လာတော့သည်။ သူက သွေးအိုင်ထဲတွင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကာ လဲကျနေလေပြီ။ အဖြစ်အပျက်သည် မြန်ဆန်လွန်းလှသည်။ ထိုကျောက်တုံးညီငယ်လေး၏ စွမ်းအင်သည် အာလုံးမျှော်မှန်းထားသည်ထက် သာလွန်နေခဲ့ပေတော့သည်။
တစ်ချိန်သာလျှင် သူက ဖော်ထုတ်ရသည့်တိုင်အောင် များစွာသော ဘုရင်အဆင့် ပုဂ္ဂိုလ်ကြီးတွေ အားလုံးဟာ သတ်ဖြတ်ခံလိုက်ရသည်။ မည်သူကမှ သူ့ကို မတားဆီးနိုင်ခဲ့ပါချေ။
ထိုနေရာတစ်ခုလုံးရှိ အာကာသပြင်က တုန်ရီနေသည်။ မျက်စိကြိမ်းမတက်ရွှေရောင် အလင်းများက တောက်ပနေပြန်၏။ နတ်နန်းကလန်မှ လူငယ်ဟာ လှုပ်ရှားလိုက်သည်။ သူ့၏ မျက်ခုံးတွေက ကျုံ့နေတော့လေကာ သူက ရွှေရောင်ဓားကို တဖန်ထုတ်ကာ သုံးလိုက်သည်။ ထိုအရာက တော်ဝင်လက်နက်ဖြစ်ပေ၏။ အဖြူးရောင် မြူထုတွေဟာလည်း ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအင်တို့နဲ့အတူ ထုတ်လွတ်နေတော့၏။
တချိန်တည်းတွင်ပင် အနောက်ဘက် ဂိုဏ်းမှ ဆံပင်တိုတိုနှင့် လူငယ်ကလည်း လှုပ်ရှားလိုက်ရသည်။ သူက လက်ထဲတွင်ရှိသည့် ပန်းကန်တစ်ခုနှင့် တူသည့် ထိုအိုးကို လှုပ်ရှားလိုက်ကာ ခရမ်းရောင် တိမ်တွေအဖြစ် ထုတ်ဖော်လိုက်သည်။ ထိုအရာ၏ အောက်ခြေသည် တွင်းကြီးတစ်ခု ကဲ့သို့ ဖြစ်ပေါ်လာလေကာ အရာအားလုံးကို စုပ်ယူလေတော့သည်။
ရှီဟောင်၏ လက်ဝါးမှ သွေးရောင် အလင်းများ ွက်ပေါ်လာသည်။ ထိုအရာက သေးငယ်လှသည့် သွေးနီရောင် ဘူးသီးခြောက်လေး ဖြစ်ပေ၏။ ထိုအရာက ကြီးမားလာတော့ပြန်ကာ တဟုန်းဟုန်းမည်သံတွေကို ထုတ်လွတ်လာသည်။ သိသွာစာပင် သူက တော်ဝင်လက်နက်တစ်ခုကို ထုတ်သုံးကာ အခုရင်ဆိုင်တော့ပေမည်။
ရှီဟောင်က ထိုသို့လှုပ်ရှား လိုက်သည်နှင့် သွေးရောင် ဘူးသီးခြောက်လေးက ဓားအလင်းများကို ထုတ်လွတ်လာသည်။ ထို့နောက် စွမ်းအားကြီးလှသည့် တော်ဝင် လက်နက် နှစ်ခုမှ စွမ်းအင်တွေကို တားဆီးလေတော့သည်။ အဖိုးတန်လွန်းလှသည့် ထင်ရှားသည့် အလင်းများက တဖျပ်ဖျပ်ထွက်လာသည်။
ထိုထွက်လာခြင်းသည် ၃ ခုဆုံရာမှ ထွက်လာခြင်းဖြစ်သည်။ ချိုမြိန်လှသည့် အနှံ့သည် လေထုထဲပြန့်နှံ့သည်။ ရှီဟောင်က ရှေ့တက်ပြန်သည်။ သူ၏ ခြေလှမ်းတစ်လျှောက်တိုင်းတွင် ကြာပန်းများကို မွေးဖးစေလေသည်။
သိသာစွာပင်သူသည် လောကနှင့်ပေါင်းစပ်ထားခြင်း ဖြစ်ကာ တာအိုကလည်းသူနှင့် ဆက်စပ်နေပေသည်။ ထို့ကြောင့် ရွှေရောင်တာအို သံကြိုးများမှ မဟာတာအို တစ်ခု ထုတ်လွတ်နေသည့် အလား စည်းချက်ညီသည့် အသံတို့ကို ထုတ်နေခဲခြင်း ဖြစ်ပေသည်။ သို့သော် များစွာသော ကျွမ်းကျင် ပညာရှင်များသည် ထိုအဆင့်သို့ ရောက်ရှိရန် ခတ်ခဲလွန်းပေ၏။
ကောလဟာလတွေအရ လူတစ်ယောက်သည် မြင့်မားလှသည် ကျွမ်းကျင်ခြင်း အဆင့်သို့ ရောက်ရှိသွားရင်တောင် ထိုကဲ့သို့မျိုး ဖန်တီးလိမ့်မည် မဟုတ်မည်မှာ သေချာပေသည်။ သို့သော် ရှီဟောင်ကမူ ထိုသူများ မမျှော်လင့်ထားနိုင်သည့် အဆင့်သို့ ရောက်နေပေသည် ။ ထို့အပြင် သူ့၏ တိုက်ပွဲဝင် စွမ်းအားဟာလည်း အလွန့်အလွန် ကောင်းမွန်နေတော့၏။ ထိုအချိန်တွင် ထိုနေရာ နစ်ခုလုံးဟာ တိတ်ဆိတ်နေတော့၏။
ရှီဟောင်က တစ်နေရာသို့ လက်ညိုးညွှန်လိုက်သည်။ ထိုအခါ သူ၏ လက်ညိုးထဲမှာ ကြယ်ဆယ်စင်းဟာ အတူတကွ ထွက်သွားလေ၍ နေမင်းကို ဝိုင်းပတ်ကာ ကခုန်နေကြသည်။ ထိုအခါ အလွန်ပင် ထွန်းလင်းလာပြီး ပစ္စည်းများကလည်း တဖျပ်ဖျပ်လိုက်ပါသွားပြန်၏။ ကြယ်များအားလုံးဟာ ချိတ်ဆက်ထားကာ လျှပ်စီးနေသည့် စက်ဝိုင်းကြီးတစ်ခုနှင့် တူနေသေးပြီး ကြောက်မက်ဖွယ် ကောင်းလှသည့် ပေါက်ကွဲမှုကို လွတ်ထုတ်လာခဲ့၏။
“နောက်ဆုတ်ကြ .. ”
လူတိုင်းက ကျယ်လောင် အော်လိုက်ကြသည်။ ထိုလျှပ်စီးမှ ထွက်လာသည့် စွမ်းအားသည် အလွန့်အလွန်ကြီးမားလှကာ ဘုရင်အဆင့် ပုဂ္ဂိုလ်ကြီးတွေတောင်မှ သူတို့ ခုခံနိုင်ပါမည်ဟု မသေချာချေ။ ခွန်ပန်က ပါးစပ်ကြီးကိုဟကာ ကျောက်သား ပန်းကန်ပြားနှင့်သူသည် တစ်စုံတစ်ရာကို လွတ်ထုတ်လိုက်သည်။
ထိုအရာသည်လည်း လက်နက်တစ်ခုပင်ဖြစ်ကာ သူတို့၏ ဘိုးဘေးမှ ချန်ရစ်ခဲ့သည့် ပစ္စည်းလည်း ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ ဆက်တိုက် သန့်စင်ခဲ့ပြီးသည့်နောက် သူ့၏ နှလုံးသားနှင့်စိတ်သည် ထိုအရာဖြင့် ပေါင်းစပ်ချေလေပြီ။ ထိုပြင် ထိုအရာတောင်မှ အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားခဲ့ရသည်။ ကြယ်ဆယ်စင်းသည် နေကို လှည့်ပတ်ရာမှ လျှပ်စီး အလင်းတွေကို လွတ်ထုတ်စဲပါပေ။ ခရမ်းရောင် အလင်းများအားလုံးဟာ မပြည့်စုံသည့်တိုင်အောင် မည်သည့် အရာမဆို ပေါက်ကွဲစေရန်ကတော့ဖြစ်တတ်နိုင်သေးသည်။
ရှီဟောင်က အလွန့်ကို ပြိုင်ဘက်ကင်းနေသည်။ သူနှင့် ကျင့်ကြံခြင်းအဆင့် တူသည့် လူတိုင်းတောင်မှ သူကို မရပ်တန့်နိုင်စေတော့ချေ။ သူ၏ ပြိုင်ဘက်သည် အလွန့်အလွန်ထူးခြားသည့် မှော်လက်နက်ကို ထုတ်သုံးလာသည့်တိုင်အောင် ထိုအရာက ဖျက်ဆီးခံလိုက်ရသည်။ ထိုသူ တုန်ရီသွားတော့ ၏။ သူ ထိုနေရာတွင် လဲကျတော့မည် သကဲ့သို့ဖြစ်သွားလေ၏။
ခွန်ဘုရင်သည်လည်း ဒဏ်ရာများ ရသွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မဲတူးသွားခဲ့ကာ မိုးကြိုးပစ်သွားခံရသည်နှင့် တူသွားလေတော့၏။ ထိုမြင်ကွင်းကို မြင်သည့်လူတိုင်းက ကြောက်လန့်တကြား ဖြစ်သွားသည်။ သူတို့ ယခု နောက်ဆုတ်လျှင် မီနိုင်သေး၏လောဟု တွေးတောမိကြ၏။ ကျောက်တုံးညီငယ်လေး တစ်ယောက်ထဲက သူတို့ အများနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် သူက ကျားဖြစ်နေပြီး သူတို့က သိုးအုပ် ဖြစ်နေလေသည်။ မည်သူကမှ မတိုက်ခိုက်ရဲတော့ချေ။
“မင်းက တော်တော်လေးပြဿနာရှာတဲ့သူပဲ။ ”
နတ်နန်းကလန်မှ လူငယ်တစ်ယောက်က အလင်းတွေကို လွတ်ထုတ်လိုက်ပြန်သည်။ သူက သူ၏ တော်ဝင်လက်နက်ကို ထပ်မံ၍ အသက်သွင်းလိုက်ပြန်သည်။ ရှီဟောင်ထံသို့ စွမ်းအင်တွေ အားလုံးကိုတားဆီးရန် ပစ်လွတ်လိုက်ပြီး ဝင်လာသည်။
မြင်ကွင်းကတော့ စိတ်ကူးယဉ် ဆန်နိုင်ဖွယ် ရှိသည်။ ကြီးမားလှသည့် နဂါးကြီးတစ်ကောင်က ထိုးထွက်လာသည်နှင့်တူနေ၏။ ထိုနဂါးကြီးက ကြီးမားလှသည့် လက်သည်းကြီးတွေကို ထုတ်ကာ မယုံနိုင်စရာ စွမ်းအင်ကို သုံးထားသေးသည်။ အလွန်ပင်ကြီးမားလာသေးသည့် နဂါးလက်သည်းကြီးများဟာ စစ်မှန်သည့်နဂါး အဖိုးတန်သည့် သိုင်းမှ ပျက်ဆီးနေသည့်သိုင်းတစ်ခု ဖြစ်ပေသည်။
ရှီဟောင် စိတ်တွင်းတွင်တော့ အနည်းငယ် တုန်ရီသွားရသည်။ ထိုအရာက စစ်မှန်သည့် နဂါးမှ အဖိုးတန်သိုင်းဖြစ်လိမ့်မည်။ ထို့အပြင် စစ်မှန်သော နဂါးနတ်ဖီးနစ်နှင့် အခြားသော သတ္တဝါကြီးများ၏ ဆက်စပ်သည့် သိုင်းတိုင်းသည် ပျက်ဆီးနေရင်တောင်မှ အလွန့်အလွန်လေးစားဖွယ် ကောင်းလွန်းနေပေသည်။
ထိုခေတ် ထိုအချိန်ကဆိုလျှင် အလွန့်အလွန်ကြီးမားလှသည့် အလားအလာစွမ်းအင်တွေကို ဖော်ထုတ်ပြနိုင်စွမ်း ရှိနေသေးပေ၏။ ထို့ကြောင့်သာပင် ထိုအရာတွေက ပျက်ဆီးနေသည့်တိုင်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းနေဆဲ ဖြစ်သည်။
တဟုန်းဟုန်းမည်သံများနဲ့အတူ ရှီဟောင်က လက်ကို မှောက်လိုက်သည်။ ထိုအခါ ရှုပ်ထွေးလှသည့် သင်္ကေတများက မှောက်ထားသည့် လက်အောက်တွင် ပေါ်လာကာ ကောင်းကင်တစ်ခုလုံးဟာ သူ့လက်အောက်သို့ ရောက်နေသကဲ့သို့ ထင်လိုက်ရသည်။ ပြိုင်ဘက်ကင်းလှသည့် နတ်ဘုန်းတော်ကြီးတစ်ပါးက သေးငယ်လှသည့် လောကတစ်ခုကို စောင့်ကြည်းနေသည်ဟုပင် တူနေသေးပေ၏။
ထိုမဆုံးနိုင်သည့် ဓားအလင်းများဟာ သူ့၏ လက်ဝါးအောက်တွင် စုစည်းလာပြီး အောက်သို့ ဖိနှိပ်ရန်ကြံစည်သည်။ နတ်နန်းကလန်မှ လူငယ်၏ အမူအရာကတော့ ပြောင်းလဲသွားသည်။ သူသည် ဖိနှိပ်ခံထားရသည့် သူ၏ နဂါးလက်ကြမ်းကြီးကို ထပ်မံ၍ မဆပ်နိုင်သည့် အချိန်တွင်ပင် ထိုအရာက လေထဲတွင် ထိုးခွဲရန်ကြိုးစားသော်လည်း ဓားအလင်းတွေကြောင့် မြုပ်နှံ့သဂြိုလ်ခံနေရသည်။
” တင်း .. ” ဟု မြည်သံများနဲ့အတူ ဓားအလင်းများဟာ မဆုံးနိုင်တော့မည့်အလား ထွက်ပေါ်နေခဲ့သေး၏။ လက်ကြီးထံသို့ ဆင်းသက်လာသည့်အခါ နဂါးတစ်ခုလုံးကိုပင် ထိုစွမ်းအင်တွေက ဖုံးလွှမ်းသွားနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် ဓားစွမ်းအင်များဟာ နဂါးတစ်ကိုယ်လုံးကို ၁၀ ပိုင်းလောက် အထိဖြတ်လိုက်နိုင်၏။
နတ်နန်းကလန်မှ ပါရမီရှင်ကတော့ ကြောက်လန့်တကြား ဖြစ်သွားကာ ချက်ချင်းပင် အသည်းအသန် နောက်ဆုတ်လိုက်ရသည်။ ရှီဟောင်က လက်ကို ဆန့်လိုက်ကာ ခွန်ပန်တစ်ကောင်ကို လွတ်လိုက်ပြန်၏။ ထိုခွန်ပန်သည် ထိုနတ်နန်းကလန်မှ လူနောက်သို့ လိုက်လေတော့၏။ သူသည် သရဲသဏ္ဌာန်အလား အလျင်မြန်စွာ အရာအားလုံးကို ဖြတ်တိုက်သွားခဲ့သည်။
နတ်နန်းကလန်မှ လူငယ်၏ အမူအရာကတော့ အလွန့်အလွန် အလေးအနက်ဖြစ်နေသည်။ သူ့၏ တစ်ကိုယ်လုံးသည် ပြင်းထန်စွာ တုန်ရီနေခဲ့၏။ သူက ပြေးနေခြင်းကို ရပ်လိုက်သည်။ သူ၏ လက်များက သင်္ကေတတစ်ခုကို ထုတ်ဖော်လိုက်ကာ နုတ်မှလည်း တစ်စုံတစ်ရာကို တစ်တွတ်တွတ်ရွတ်ဆိုသည်။
ဟုန်းခနဲ မြည်သံနှင့် အတူ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင် အလင်းတွေ ဝိုင်းလာလေတော့၏။
“သိုင်းတစ်သောင်း ဝင်ခွင့် တာအိုခေါင်းလောင်းနဲ့ ခန္ဓာကိုယ် ကွယ်ခြင်း .. ”
တစ်စုံတစ်ယောက်က ရွတ်ဆိုလိုက်သည်။ သိသာစွာပင် နတ်နန်းကလန်၏ ထူခြားလှသည့်သိုင်းကို သူက မှတ်မိနေပေ၏။ ကောင်းကင် မြေကြီးက စည်းချက်ညီ နေသကဲ့သို့ ဖြစ်ကာ ကြားခံနယ်မြေမှ တာအို ခေါင်းလောင်းတစ်ခုကို သင်္ကေတများက သိပ်သည်းစေလေတော့သည်။
တပည့် ဂိုဏ်းသားဂိုဏ်းသည် အဖိုးတန်သိုင်းကို သင်ကြားခွင့် ရသည့် ဂိုဏ်းသားတိုင်းသည် သာမန်မဟုတ်ကြချေ။ အကြောင်းမူကား သူတို့ ထိုသို့ သင်ကြားပြသသည့် အချိန်တွင် အရိုးစာသားကို အသုံးပြုခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုလူငယ်ဟာ အလွန့်အလွန်ပါရမီ ကြီးကာ ထူးခြားသည်။ သူသည် နတ်သမီး ယီချန်းကို မယှဉ်နိုင်သည့်တိုင် သူ၏ အဆင့်အတန်းဟာလည်း မြင့်မားသေးပေ၏။
သိသာစွာပင် သူသည် ထိုကဲ့သို့သော် သိုင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ထန်းခနဲ့ မြည်သံနှင့်အတူ ခေါင်းလောင်း၏ အသံက ကျဆင်းလာသည်။ ရွှေရောင် ကောင်းကင်ဖန်းငှက်ဟာ တာအိုခေါင်းလောင်းထဲသို့ ပြေးဝင်သွားခဲ့၏။
နတ်ဘုရားများဟာ လောကကို ကိုင်လုပ်ထားသကဲ့သို့ ပြင်းထန်လှသည့် ဟိန်းသံကြီး ထွက်ပေါ်လာလေတော့သည်။ အင်ပါယာ နန်းတော်တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ရီလာခဲ့သည်။
“မင်းမှာ စွမ်းရည် နည်းနးည်းတော့ ရှိသားပဲ .. ”
ရှီဟောင်က ခေါင်းညိတ်သည်။ သူသည်သာ သာမန်ဘုရင်တစ်ပါးဆိုလျှင် ဆုံးရှုံးသွားလောက်ရချေပြီ။ ထို့အပြင် တစ်ဖက်ကလည်း သာမန်လူတစ်ယောက် ဆိုလျှင် ခွန်ပန်ကြောင့် ပေါက်ကွဲသွားလောက်ချေပြီ။ သို့ရာတွင် လက်ရှိအချိန်တွင်တော့ နှစ်ယောက်စလုံးက ရှင်သန်နိုင်နေသေးသည်။
သူ၏ ခွန်အားသည် မယုံနိုင်စရာ နှုန်းဖြင့် တိုးတက်လာခဲ့သည်။ သေမျိုးတို့၏ နယ်ပါယ်တွင် အနားလာယူသည့် အဆင့်လွန်နတ်ဘုရား တစ်ပါးနှင့်ပင် တူနေလေတော့သည်။