သုခကမ္ဘာက ရှီဟောင် - Chapter - 632
” လူတိုင်းက ဘာကို စောင့်နေကြသေးတာလဲ .. ဒါက အင်ပါယာ ရာဇပလ္လင်ကို သိမ်းပိုက်နိုင်ဖို့ အခွင့်ကောင်းပဲ .. သူ့ကို ဆက်ပြီး ခွင့်ပြုထားလို့ မဖြစ်ဘူး .. ”
အဆိုပါ အကြီးအကဲ နောက်မှ လူအနည်းငယ်ကလည်း အသံကျယ်ကျယ်ဖြင့် ပြောဆိုလာခဲ့ကြသည်။
သူတို့က ထိုဖြစ်စဉ်ကို တားဆီးပြီး ရှီဟောင် ကျောက်တုံးတိုင်းပြည်အား အမွေဆက်ခံခြင်းကို တားဆီးလိုကြသည်။ ဒီလိုမှ မဟုတ်ရင်တော့ ကျောက်တုံးတိုင်းပြည်ကို ထိန်းချုပ်ဖို့အတွက် အလာဟသဖြစ်ပေတော့မည်။ ရှီဟောင်က ဆယ်ကျော်သက်အချိန်အတွင်းမှာပင် သူ့ရဲ့ အောင်မြင်မှုက အလွန်ကြီးမားလှပြီး ပြိုင်ဘက်ကင်းလှ၏။
ထို့ကြောင့် မည်သူကမျှ သူ ဆက်လက်ကြီးထွားလာမည်ကို လိုလားခြင်း မရှိတော့ကြချေ။ ၄င်းက အခြားသော အင်ပါယာ ပြည့်ရှင်များ လိုချင်သော အင်ပါယာမျိး မဟုတ်ပေ။
အလယ်ပိုင်း ကောင်းကင်နန်းတော်အတွင်း ရာဇပလ္လင်ကြီးထက်ရှိ ရှီဟောင်၏ အကြည့်များက ပိုပြီး တောက်ပလာလေသည်။
သူက လောကသို့ ဆင်းသက်လာသော နတ်ဘုရားနှင့်ပင် ဆင်တူသည်။ သူက အလွန်အမင်းအေးစက်သော အသံဖြင့် ပြောလိုက်သည်။
” ဘယ်လို ဟာသကောင်တွေလဲ .. ”
သူ၏ အသံက အင်ပါယာ နန်းတော်တစ်ခုလုံးကို လှုပ်ခါသွားစေပြီး မိုးသည်းထန်စွာ ရွာသွန်းလာစေတော့သည်။ ထို ရွှေနန်းတော်ကြီး၏ တုန်ခါမှုကြောင့် စွမ်းအားများ အကြီးအကျယ် မြင့်တက်လာခဲ့သည်။ ထိုဟာက နတ်ဘုရားတစ်ပါး စကားပြောလိုက်သကဲ့သို့ပင်။
သူက ထိုစကားများကိုသာ ပြောဆိုလိုက်သော်လည်း မိုးကြိုးနတ်ဘုရားက လုပ်ကြံသတ်ဖြတ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။ လူအားလုံးရဲ့ စကားသံများ တိတ်ဆိတ်သွားခဲ့ပြီး အခြေအနေက ရုတ်တရက်ပြောင်းလဲသွားသည်။ သူတို့က ဒေါသထွက်လာကြသလို ကြောက်လန့်တုန်လှုပ်သွားခဲ့လေသည်။
” သူ့ကို ဖမ်းကြစမ်း .. သူက သစ္စာဖောက်ဖြစ်နေပြီ .. အင်ပါယာ ပြည့်ရှင် ဖြစ်လာဖို့ မသင့်တော်ဘူး .. သူ့ကို သတ်ကြ .. ”
” သူ့ကို သတ် .. ”
” သူ့ကို သတ် .. ”
ထိုအကြီးအကဲက သူ့လူများနှင့်အတူ သံပြိုင်အော်ဟစ်ကြတော့သည်။
ဝုန်း .. ။ ”
ဟောင်၏ ခန္ဓာကိုယ်က မရွေ့လျားခဲ့ချေ။ သူက လက်ကို မြောက်လိုက်ရုံဖြင့် ပြင်းထန်ကြမ်းတမ်းလှသည့် အင်ပါယာ စွမ်းအားများကို ဖျက်စီးမှုအော်ရာများနှင့် ကမ္ဘာတစ်ခုလုံးကို ဆူညံသွားစေတော့သည်။ ထိုကဲ့သို့သော မြင်ကွင်းက ရှိနေကြသည့် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွား၏။
ထိုအသံဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ဟန်လှုပ်ရှားမှုက ပိုမိုလျှင်မြန်လာခဲ့သည်။ ကောင်းကင် နဂါးများက ထိုလက်ဟန်ကြောင့်ပင် နတ်ဘုရားများအလား လေထုကို ဖြတ်သန်း၏။ ကောင်းကင်တစ်ခုလုံးက ပြိုလဲသွားသကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်မှုများက သူတို့ကို ဝိုင်းရံပြီး ဆင်းသက်လာကြတော့သည်။
ပြန်ဆုတ်ကြတော့ … ”
ထိုလက်ဟန်၏ အင်အားကြီးမားမှုကြောင့် အကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအရာက သူတို့ဆီကို ဦးတည်လို့လာနေခဲ့ပါပြီ။
သူတို့က သူတို့၏ အဖိုးတန် သိုင်းပညာများကို အသင့်ပြင်လိုက်ပြီး မှော်လက်နက်များကိုလည်း အသက်သွင်းလိုက်ကြသည်။ ရောင်စုံမီးလျှံများက ပိုများလာခဲ့ပြီး စွမ်းအားသင်္ကေတများက မီးလောင်ရာ လေပင့်နေတော့သည်။ လူတိုင်းက ကြီးမားလွန်းတဲ့ ဖိအားကို ခံစားနိုင်ကြကာ သူတို့အားလုံးက မြန်ဆန်စွာပင် တစ်ယောက်ကို တစ်ယောက် အမှီပြုလိုက်ကြ၏။
သို့သော် အဆိုပါ လက်ကြီးက မယုံကြည့်နိုင်လောက်အောင် ထိတ်လန့်စရာကောင်းနေတော့သည်။ ၄င်းက မြေစွမ်းအားများကို ဖြစ်ပေါ်လာစေပြီး ၄င်းထုတ်လွှတ်လိုက်သည့် စွမ်အားအတက်အကျများက လှိုင်းများအလား ဖြစ်လာလေသည်။ ထိုစွမ်းအားလှိုင်းအတက်အကျများကြောင့် သူတို့အားလုံးကို ဖုံးလွှမ်းသွားစေပြီး နဂါးငိုကြွေးသံကဲ့သို့ အသံများ မြည်ဟိန်းလာခဲ့သည်။
ဟူးလား …။
နတ်နန်းဂိုဏ်း အကြီးအကဲ ဦးဆောင်သော အဖွဲ့အစည်းအတွင်းမှ လူဆယ်ယောက်ကျော်တို့၏ စိတ်ဆင်းရဲဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့၏ မျက်နှာပေါ်က တောက်ပမှုများက ပျောက်ကွယ်သွားခဲ့ပြီး မယုံနိုင်လောက်အောင် ဖျော့တော့သွားကြသည်။ သူတို့က သေချာပေါက်ပင် ကြီးမားလှသည့် လက်ဟန်ကြီး၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။ သူတို့၏ အဖိုးတန် သိုင်းပညာများ ပျက်စီးသွားခဲ့သလို နတ်ဘုရားစွမ်းရည်များလည်း ကုန်ခန်းသွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်များက တဆတ်ဆတ်တုန်ခါနေကြ၏။
နတ်သမီး ယွီချန်၊ ချီလင်၊ ကျောက်စစ်နှင့် အခြား ထူးချွန်သည့် ကျင့်ကြံသူများက သူတို့လိုချင်သည့် အရာများကို ရရှိနိုင်ခြင်း မရှိတော့ချေ။ အရာအားလုံးက မြန်မြန်ဆန်ဆန်ပင် ဖြစ်ပျက်သွားခဲ့သည်။ ကောင်းကင် နဂါးများ၏ အော်ဟစ်သံနှင့် ကောင်းကင်ကို ဖုံးလွှမ်းနေသော လက်ဟန်များက သူုတို့အားလုံးကို ချက်ချင်းပင် နှိမ်နှင်းသွားလေသည်။
” ဖူး .. ဖူး ..။ ”
သွေးပျက်ဖွယ်အလင်းတန်းများ ကွယ်ပျောက်သွားပြီးနောက် ကျင့်ကြံသူများ တစ်ဦးပြီး တစ်ဦး အသားများပေါက်ကွဲထွက်ကုန်သည်။ သူတို့အားလုံးက ဖောက်ခွဲခံလိုက်ရသော ရှေးဟောင်း အဖိုးတန် ပစ္စည်းများအလား ထင်မှတ်ရသည်။ သူတို့၏ အော်ဟစ်သံများ ရပ်တန့်သွားပြီးနောက် လေထဲတွင် ပြန့်လွှင့်နေသည့် သေမှုန်များ၏ အရှိန်များ ကျဆင်းသွားလေသည်။
ဟောင်က ထိုသူများကို သေစေလိုက်လေပြီ။ တစ်ဦးတစ်ယောက်ကိုမျှ မကြွင်းကျန်ရှိစေရ။
အဆိုပါ ကြီးမားလွန်းသည့်လက်ကြီးက ပျောက်ကွယ်သွားခဲ့သည်။ အလွန်အမင်း ပြင်းထန်လှသည့် အင်ပါယာ စွမ်းအားများက ဆက်လက်လှုပ်ရှားနေသည်။ ကောင်းကင် နန်းတော်၏ အလယ်ပိုင်းတွင်တော့ ရှီဟောင်က ကျောက်သားကျောက်ဆိုင်ပမာ မတ်တပ်ရပ်နေလေသည်။ သူ၏ လူအုပ်ကြီးကို ကြည့်ရှုနေသည့် အကြည့်များက အလွန်ပင် နက်ရှိုင်းပုံ ရလေသည်။
လူတိုင်းက ချွေးစေးများ ထွက်လာကြသည်။
၄င်းက အင်ပါရီယာ ပြည့်ရှင်အသစ်လား ..။ သူက ရာဇပလ္လင်ပေါ်တွင် နန်းထိုင်ပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းတွင် ထူးဆန်းသော စွမ်းအားတစ်ခု တည်ရှိလာလေသည်။ ထိုစွမ်းအားက သူ့ကို အင်ပါရီယာ နန်းတော်နှင့်ပေါင်းစည်းခွင့် ပြုထား၏။ ထို့ပြင် သူ၏ စွမ်းအားကလည်း အလွန်အံ့အားသင့်ဖွယ် ကောင်းနေသည်။
၄င်းက ကြီးမြတ်သော စွမ်းအား အမျိုးအစားဖြစ်လေသည်။ ထိုအရာက လှုပ်ရှားသွားသည့်အခါ လောကကိုပင် မောင်းနှင်စေနိုင်စွမ်းရှိသည့် စွမ်းအားနှင့် တူသည်။ လေးလံလှသည့် အရာများက အလင်းတန်းများ ဖြစ်လာပြီး ဝဲဂယက်များထလာ၏။ ထို့နောက် တုန်လှုပ်စရာကောင်းသည့် ရလာဒ်များ ထွက်ပေါ်လာတော့သည်။
ဟောင် ဖန်တီးခဲ့သည့် မြေစွမ်းအားမှ ဖြစ်ပေါ်လာသည့် လက်ဟန်ကြီးက နတ်ဘုရားဖွဲ့စည်းမှုမှ လာ၏။ ထိုအရာက ကောင်းကင် နန်းတော်ကို သူ၏ လက်အတွင်းသို့ အပ်နှံလိုက်ပြီဟု ဆိုလိုခြင်းလား။
များစွာသော ရှင်ဘုရင်အဆင့်တို့၏ စိတ်နှလုံးများက တုန်လှုပ်လျှက် ရှိနေတော့သည်။ ထိုလူငယ်ကျင့်ကြံသူသည် အလွန်အမင်းပင် သူရဲကောင်းဆန်နေသည်။ သူသည် အင်ပါရီယာ အမွေခံစွမ်းအား၏ အသိအမှတ်ပြုခြင်းကို အောင်မြင်စွာ လက်ခံရရှိခဲ့သည်။ သူက အင်ပါရီယာ ပြည့်ရှင် ဖြစ်လာသောကြောင့် လူများစွာအား အမှန်တကယ်ပင် စိတ်အနှောက်အယှက်ဖြစ်စေနေတော့သည်။
ကောင်းကင်နန်းတော်အတွင်းရှိ လူအားလုံးတုန်လှုပ်ချောက်ချားနေကြ၏။ အဆိုပါ ကျောက်တုံး ညီငယ်လေးက အင်ပါရီယာမြို့တော်သို့ တစ်ယောက်တည်းလာခဲ့သည်။ ထို့နောက် ကြီးမားလှသည့် အောင်မြင်မှုအဖြစ် အင်ပါယာတစ်ခု၏ အမွေကို ဆက်ခံခွင့်ရရှိခဲ့လေသည်။
ထိုဟာက အမှန်တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။
သူက သူ့ရဲ့ခွန်အားတစ်ခုတည်းနှင့် လူအားလုံးကို ကိုင်တွယ်နိုင်မည်လား။
” ရှီဟောင် မင်းက ထူးခြားပါပေတယ် .. တကယ်ကို သာယာတဲ့အခြေအနေကို ရောက်သွားတာပဲ .. အခုလို အဖြစ်အပျက်တွေဖြစ်နေပြီဆိုရင်တောင် မင်း ဘယ်လောက်ထိ ဝေးဝေးသွားနိုင်မှာလဲ .. မင်း ဒီနေ့ အင်ပါရီယာ ပြည့်ရှင်ဘွဲ့ကို ဆက်ခံနိုင်ခဲ့ပေမဲ့ မင်း ဒီမှာ ဘယ်လောက်ကြာကြာ ဆက်နေနိုင်မှာလဲ ..”
နတ်သမီး ယွီချန်က နူးညံံ့သိမ်မွေ့စွာ စကားစလာခဲ့သည်။ သူမရဲ့ မျက်နှာလေးက အံ့သြမင်သက်စရာကောင်းပြီး ဝိညာဉ်စွမ်းအားတစ်ခု ရှိနေသည့်အလား။ သူမ၏ နှုတ်ခမ်းများက နီရဲရွန်းလဲ့နေကာ သွားများက ဖြူဖွေးတောက်ပနေသည်။ ထို့အတွက် သူမအား အရမ်းလှပနေသည်ဟုပင် ပြောရပေမည်။
ရှီဟောင်က အေးဆေးတည်ငြိမ်စွာပင် ခပ်မဆိတ်နေလေသည်။ ထိုကဲ့သို့သော လူငယ်လေးတစ်ဦးထံမှ တည်ငြိမ်လှသည့် ဟန်ပန်ကြောင့် လူတိုင်း၏ အမူအယာများက လေးနက်လာကြသည်။ သူက ငယ်ရွယ်စဉ် အချိန်တိုလေးအတွင်းမှာပင် ကြီးမားလှသည့် စွမ်းအားများကို ပိုင်ဆိုင်နေခဲ့ပြီး ဖြစ်လေသည်။
သူ၏ မျက်လုံးများက အဆက်မပြတ် တုန်ခါနေသည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရှိသော ပြင်းထန်လှသည့် စွမ်းအားများနှင့် သူ့ကို ထပ်မံထည့်သွင်းပေးထားသည့် အင်ပါယာ အမွေခံစွမ်းအားများကိုလည်း ဂရုတစိုက် သုံးသပ်ဆင်ခြင်နေသည်။
ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။ ထိုဟာက ကျင့်ကြံခြင်းအမျိုးအစား မဟုတ်သော်လည်း ကမ္ဘာအတွင်းရှိ အင်အားစုများတွင်တော့ ကြီးမြတ်လှသော စွမ်းအားတစ်ခုပင် ဖြစ်လေသည်။
” အင်ပါရီယာ ပြည့်ရှင် .. ”
ရှီဟောင်က တီးတိုးရေရွတ်လိုက်သည်။ သူ၏ တကိုယ်လုံးကို မြူများက ဝိုင်းရံနေသောကြောင့် ပိုပြီး လျှို့ဝှက်ဆန်းကြယ်သည့်ဟန် ပေါ်နေတော့သည်။ သူ၏ မျက်လုံးများကလည်း ရောင်စုံအလင်းတန်းများ တလက်လက်တောက်ပနေသည်။
ထို့နောက် သူက နတ်သမီး ယွီချန်ကို ကြည့်ုလိုက်သည်။
ကြီးမြတ်သော စွမ်းအားက ဘာလဲ .. မင်း ဘယ်လောက်အထိ သိထားလို့လဲ .. ကမ္ဘာကြီးအပေါ် မင်းရဲ့ အမြင်တွေက မဆိုသလောက် ရှိနေသေးတာပါ .. ဒါပေမဲ့ မင်းရဲ့ ရုပ်ရည်အနေအထားကတော့ တကယ်ကို ကောင်းတာပဲ .. ဒါ့ကြောင့် မင်းအနေနဲ့ ဇနီးကောင်းတစ်ယောက်လို လိမ်လိမ်မာမာနေတာက ပိုကောင်းလိမ့်မယ် .. ”
လူတိုင်းက အကြီးအကျယ် ရှော့ရသွားခဲ့သည်။
ကျောက်တုံးညီငယ်လေးက စကားပြောနေတာလား။ သူက အခြားသော အဖွဲ့အစည်းတွေကို မည်သည့်မျက်နှာသာမှ မပေးခဲ့ချေ။ နတ်နန်း ကလန်၏ နတ်သမီးလေးတောင်မှ ယခုလိုမျိုး ချေပပြောဆိုခြင်း ခံခဲ့ရသည်။
ထိုစကားများ၏ အဓိပ္ပါယ်က ထင်ရှားလှသည်။
သူက မဟာအင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းရဲ့ နတ်ဘုရားမတစ်ယောက် စော်ကားပြီး သူမရဲ့ အခြားထူးခြားလှသည့် ရှုထောင့်များကို မပြောပဲ ရုပ်ရည်ကိုသာ ဦးတည်ပြောခဲ့သည်။ ၄င်းက တိုက်ရိုက်ပင် မထီမဲ့မြင် ပြုခြင်း ဖြစ်သည်။ သူက လူငယ်ဆယ်ကျော်သက် ဘဝမှာပင် ထင်ရှားကျော်ကြားလှပြီး သူ၏ လွမ်းမိုးကာ ဖိနှိပ့်တတ်သည့် ဟန်ပင်က နာမည်ကြီးလှပေမည်။ ထို့ကြောင့် နတ်ဘုရားမတစ်ပါးအလား ချောမောလှပသည့် မိန်းမလှလေးတစ်ယောက်ကို ယခုလိုအသံမျိုးဖြင့် ပြောရဲခဲ့သည်။ လူတိုင်းက ဘာပြောရမှန်း မသိလောက်အောင် စိတ်ရှုပ်ထွေးသွားကြတော့သည်။
ရှီချောင်လည်း စိတ်ရှုပ်ထွေးလို့ နေသည်။ သူက ထိုနေရာတွင် မတ်တပ်ရပ်နေပြီး ပါးစပ်ဖွင့်ကာ တစ်စုံတစ်ခုပြောဖို့ ပြင်လိုက်သော်လည်း ရှီဟောင်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက တိတ်ဆိတ်စွာ နေရန်သာ ဆုံးဖြတ်လိုက်သည်။
နတ်သမီး ယွီချန်ကတော့ ဟောင်ရဲ့ စကားများအား ဒေါသဖြစ်ဟန်မရပဲ သန့်ရှင်းစွာပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်ရှိနေသည်။ ထို့နောက် သူမက အရောင်အသွေးစုံလင်လွန်းလှတဲ့ အဖြူရောင်ပန်းပွင့်လေးများပင် အရောက်ပျက်ပြယ်သွားနိုင်သည့်အပြင် နေနှင့်လတို့၏ အလင်းတို့အား မှေးမှိန်သွားစေမည့် အပြုံးမျိုး ပြုံးလိုက်လေသည်။
” မောင်လေး ရှီ … နင့်ရဲ့ စကားတွေက အတော်လေးကို ထူးချွန်ပြောင်မြောက်နေတာပဲ .. နင့်ရဲ့ အရည်အချင်းတွေကို စကားပြောစွမ်းရည်တွေမှာ အသုံးချနေတာလား .. ဒါက ဘာကိုများ ပြောင်းလဲစေနိုင်မှာမလို့လဲ .. ”
သူမရဲ့ တောက်ပလှသည့် မျက်နှာဖွေးဖွေးလေးက သြချလောက်စရာကောင်းအောင် တောက်ပသည့် အရောင်အဝါတို့ ဖြစ်ပေါ်နေတော့သည်။ သူမ၏ နှုတ်ခမ်းပါးလှလှလေးများက အနည်းငယ်ကွေးညွတ်နေခဲ့ပြီး လူအများ၏ နှလုံးသားကို နှိုးဆွလို့နေသည်။
” တစ်ချို့နေရာတွေမှာလည်း ငါ့ရဲ့ အရည်အချင်းတွေက ပြောင်မြောက်ပါတယ်လေ .. လက်ရှိအနေအထားကို ပြောရရင်တော့ ငါ ဒီနေရာမှာ အခြွေအရံတစ်ယောက် ပျောက်နေတာပဲ .. ”
ရှီဟောင်က ပြောလိုက်သည်။
လူတိုင်းက စကားမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့သည်။ ဒီသဘောထားကတော့ အလွန်ကို သာမန်ဆန်သလို စွဲမှတ်စရာလည်း ကောင်းလွန်းပေသည်။ သူက ဒီလိုစကားလုံးမျိုးများကို အမှန်တကယ် ထုတ်ဖော်ပြောဆိုဝံ့ပေသည်။ လူတိုင်းက ဟောင့်ရဲ့ အော်ရာတွေက ယခင်တုန်းက ရှိခဲ့သည့် အင်ပါရီယာပြည့်ရှင်တို့၏ ရိုးသားဖြောင့်မတ်ခြင်းနှင့် လေးစားထိုက်သော အရှိန်အဝါတို့နှင့် အနည်းငယ် ကွဲပြားနေကြောင်း ခံစားလိုက်ရသည်။
ဟား .. ဟား …။ ”
ကောင်းကင် နန်းတော်အပြင်ဘက်ရှိ နယ်မြေဘုရင်တစ်ပါးက အဆက်မပြတ် ရယ်မောလိုက်လေသည်။ သူက ဟောင့်ရဲ့ မယုံနိုင်စရာကောင်းလှတဲ့ ရဲရင့်မှုတွေကို ကြည့်ရှုနေခြင်းပင်။
” ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းပဲလေ .. ဆိုတော့ကာ မင်းတို့အားလုံးက ဒီပျက်သုန်းခြင်း နယ်မြေအပြင်ဘက်က ဂိုဏ်းတွေကို ဆန့်ကျင်ရဲကြလို့လား .. မင်းတို့က အရာရာကို ရှုပ်ထွေးနေကြတာပဲမလား ..ငါ့ရဲ့ ကလန်ကိုရော လက်ရှိအခြေအနေထက် ပိုကောင်းအောင် ဆက်ဆံပေးနိုင်တယ်လို့ မင်းထင်လား .. အင်ပါရီယာ ပြည့်ရှင်သစ်က ရဲရင့်ပြီး သတ္တိရှိသင့်တာပေါ့ … မင်းက မဟာကလန်ကြီးတစ်ခုရဲ့ နတ်ဘုရားမဖြစ်တော့ရော ဘာဖြစ်သေးလဲ .. မင်းကို အခြွေအရံအနေနဲ့ ဖမ်းဆီးထားဖို့အတွက် ငါတို့ရဲ့ အင်ပါရီယာ ပြည့်ရှင်သစ်က ဆန္ဒရှိတယ် .. ဒါမှပဲ သူ့ရဲ့ စွမ်းအားတွေနဲ့ တောင်တွေ မြစ်တွေကို ဝါးမြိုပြီး ကမ္ဘာကြီးကို ခါးစောင်းတင်နိင်ပါလိမ့်မယ် .. ”
လူတိုင်းက အံ့အားသင့်သွားကြသည်။
နတ်သမီး ယွီချန်ရဲ့ စကားများက အေးေးဆးတည်ငြိမ်လှပြီး သူမရဲ့ သန့်ရှင်းလှသည့် အရှိန်အဝါများကို နည်းနည်းလေးမှ ပြောင်းလဲစေနိုင်ခြင်း မရှိခဲ့ချေ။
သူမရဲ့ခန္ဓာကိုယ်ကို အလင်းအလွှာများဖြင့် ရစ်ပတ်ထားခဲ့ပြီး ဒေါသထွက်ဟန်မရပဲ တောက်ပနေဆဲပင်။
သို့သော် သူမ၏ အနားမှ အကြီးအကဲတစ်ချို့၏ မျက်နှာများက ပျက်ယွင်းလာကြသည်။ သူတို့၏ အမူအယာများက အတော်ပင် ရုပ်ဆိုးလို့နေလေသည်။ ထာဝရ အင်မော်တယ်တောင်နှင့် အနောက်ပိုင်း ကောင်းကင်ဘုံကလန်မှ လူများကလည်း ဟောင်၏ စကားများကို နှစ်သက်ခြင်း မရှိကြချေ။ ထိုလူများအားလုံးအတွက်တော့ အေးစက်လှသည့် စကားများပင် ဖြစ်၏။
” တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် ငါတို့တွေ ဒီနေရာကို ရောက်လာခဲ့ကြတာပဲ .. မင်းကိုယ်မင်း အင်ပါရီယာ ပြည့်ရှင်အဖြစ် သတ်မှတ်တာကို ခွင့်ပြုပေးမှာ မဟုတ်ဘူး .. မင်းလိုမျိုးကောင်က ဒီလိုမျိုး မဟာအမွေခံတစ်ခုကို လွယ်လွယ်ရနိုင်မလဲ .. ”
ရှီဟောင်က သူတို့ပြောတာကို အနှောက်အယှက်ဖြစ်ဟန်မရပဲ အလွန်အမင်းကို တည်ငြိမ်နေသည်။ သူ၏ မျက်လုံးများက မယုံနိုင်စရာကောင်းလောက်အောင် နက်ရှိုင်းလို့နေသည်။ ထိုမျက်လုံးများထဲမှ ရောင်စုံအလင်းတန်းများ လွှင့်ပျံနေပြီး လနှင့်ကြယ်များပင် ရွှေ့လျားနေသော မြင်ကွင်းကို မြင်နိုင်လေသည်။
” မင်းတို့မှာ သောက်ရှက်ရှိတဲ့ မျက်နှာရော ရှိကြသေးရဲ့လား .. ”
ထိုဟာက ဟောင်၏ အဖြေပင်။ သူက ရာဇပလ္လင်ပေါ်တွင် ထိုင်နေဆဲ ဖြစ်ကာ ဂိုဏ်းကြီး သုံးဂိုဏ်းမှ ကျင့်ကြံသူများကို ငုံမိုးကြည့်လိုက်သည်။
” ကျောက်တုံးတိုင်းပြည်ရဲ့ အင်ပါရီယာ နန်းတော်က မင်းတို့အားလုံး ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်း ထွက်လို့ ရတဲ့ နေရာတစ်ခု မဟုတ်ဘူး .. မင်းတို့က မဟာအင်ပါရီယာ အမွေအနှစ်အကြောင်းကို စိတ်ပျက်စရာကောင်းလောက်အောင် လျှောက်ပြောနေတော့တာပဲ .. အဲ့ဒါက မင်းတို့နဲ့ ဘယ်နေရာမှာများ သက်ဆိုင်နေလို့လဲ .. မင်းတို့က ငါတို့တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရဲတယ်ပေါ့ .. သေချာပေါက် မင်းတို့အားလုံး အသတ်ခံကြရမယ် .. ”
ဒီအချိန်တွင်တော့ ရှီဟောင်၏ စကားများက ကောင်းကင်ဘုံက ရွှေအမိန့်တော်များအလားပင်။
” အင်ပါရီယာ ပြည့်ရှင် ရှီဟောင် .. ”
ထိုကြွေးကြော်သံများက လေထုအတွင်း မြင့်တက်လာခဲ့သည်။ ကျောက်တုံးတိုင်းပြည်မှ လူတိုင်းက ကျယ်လောင်စွာ အော်ဟစ်ပြီး ဦးညွတ်လိုက်ကြသည်။
” အင်ပါရီယာ ပြည့်ရှင် သက်တော်ရာကျော် ရှည်ပါစေ .. ”
ရှီဟောင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကောင်းကင် နဂါးများက တစ်ကောင်ပြီး တစ်ကောင်ပေါ်ထွက်လာသည်။ အဆိုပါ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများက ပိုပိုပြီး ပေါများလာဟန်ရသည်။ ဟောင်က လူတိုင်းကို အေးဆေးစွာ ကြည့်ုလိုက်သည်။
သူက သူ၏ ပြည်သူများနှင့် ထိုကျင့်ကြံသူများကို မရောထွေးစေချင်ပေ။ ထို့ကြောင့် သူက သူ၏အနီးတွင် ရှိသည့် ကျင့်ကြံသူများကို စတင်ဖိနှိပ်လိုက်တော့သည်။