သုခကမ္ဘာက ရှီဟောင် - Chapter - 647
မိုးဘုရင်၏ စံအိမ်တော်က အလွန်ကျယ်ပြောပြီး ခမ်းနားကြီးကျယ်လှချေသည်။ စံအိမ်ခေါင်းမိုးများက မြင့်မားလှသလို သိပ့်သည်းလှသည့် မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းနေ၏။ ကြီးမားလှသည့် စံအိမ်တော်ကြီးက ယခင်ကအတိုင်း ခမ်းနားနေဆဲပင်။ သို့ရာတွင် မဟာမိစ္ဆာနတ်ဘုရားနှင့် ရှီဟောင်တို့၏ ဖျက်စီးမှုကို ခံလိုက်ရပြီးနောက် မိုးကလန်၏ ကျော်ကြားမှုများက လျော့ကျသွားခဲ့ရချေသည်။ သူတို့က အချိန်တစ်ခုအထိ အများ၏ ရန်သူဖြစ်သွားရတော့သည်။
ထို့ကြောင့်ပင် သူတို့က ရှီဟောင်၏ သွေးမျိုးဆက်များကို အလွန်ပင် မုန်းတီး၏။ သို့သော် ထိုမုန်းတီးမှုက နတ်မျက်လုံးနှစ်သွယ်ကို ပိုင်ဆိုင်သည့် သူတော့ မပါဝင်ချေ။ ရှီဟောင်က သူတို့၏ မျိုးဆက်သွေးတစ်ဝက်ပါသည့် ထိုနတ်မျက်လုံးနှစ်သွယ် ပိုင်ရှင်ကို သတ်ဖြတ်လိုက်သည့်အခါ သူတို့၏ မုန်းတီးမှုက အလွန်ပင်ပြင်းထန်သွားတော့သည်။ ထိုမုန်းတီးမှုက စကားလုံးများဖြင့် ဖြေရှင်း၍ မရတော့သည့်အဆင့်သို့ ရောက်ရှိသွားခဲ့၏။
ရှီဟောင်က ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။ သို့သော် ကွာခြားချက်ကတော့ ခြားနားနေပေပြီ။ ယနေ့တွင်တော့ သူက ရွှေရောင်တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ဆင်ထားကာ နဂါးစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို လိမ်ယှက်နေ၏။ သူ၏ ကျောပြင်တွင်တော့ ခရင်းခွတစ်ချောင်းကို လွယ်ပိုးထားသည်။ ထို့အပြင် သူ၏ လက်ထဲတွင် နတ်မှော်ဓားတစ်ချောင်း ရှိနေ၏။ ထို့ကြောင့်ပင် သူက အလွန်ခမ်းနားကြီးကျယ်သည့်အရှိန်အဝါများကို ပိုင်ဆိုင်ထားသူအဖြစ် ထင်မှတ်ရချေသည်။ သူ၏ အနောက်ဘက်တွင်လည်း မြောက်များလှသည့် အင်ပါယာ တပ်ဖွဲ့ဝင်များက ရှိနေသေးသည်။
အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ထိုတပ်ဖွဲ့ဝင်များက တည်ငြိမ်စွာ ရပ်တန့်နေပြီး အေးစက်သည့်အရှိန်အဝါများကို ထုတ်ဖော်ထားကြသည်။ သူတို့၏ လက်အတွင်းမှ လှံများကို မိုးပေါ်မြောက်ကာ တစ်ချိန်လုံး တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားကြလေသည်။
လူသားအင်ပါယာ၏ အမိန့်တော်က စေလွှတ်ထားခဲ့ပြီးလေပြီ။ မိုးစံအိမ်အတွင်းတွင်တော့အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဆူညံသံတစ်စပင် ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ လူတိုင်းက ခြံဝင်းအတွင်းသို့သာ ဝင်လာလိုက်ကြ၏။
တိုင်းပြည်ကို သစ္စာဖောက်ရင် ကွပ်မျက်ပြီး အပြစ်ပေးရမယ် .. ဒါပေမဲ့ မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ဖို့အထိတော့ မလိုအပ်ပါဘူး ..။ အဓိက ပုဂ္ဂိုလ်တွေကလွဲရင် အဆင့်နိပ့်သူတွေအားလုံး လက်နက်ချကြ .. ပြီးရင် ရှောင်ရှားသွားလိုရပြီ ..။ ”
ဗိုလ်ချုပ်တစ်ယောက်က စံအိပ်အတွင်းသို့ လှမ်းမျော်ကြည့်ကာ ပြောလိုက်၏။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေလေသည်။ မိုးကလန်အတွင်းရှိ လူများက တစ်စုံတစ်ရာကို လုပ်ဆောင်နေသည့် ပုံ ရ၏။ သူတို့က ယတိပြတ် ဆုံးဖြတ်ချက်များ ချရန် ခက်ခဲနေကြပုံပင်။
ချိ ..။ ”
အလင်းတန်းများ တောက်ပလာခဲ့၏။ တစ်စုံတစ်ယောက်က မိုးကလန်အတွင်းမှ ယဇ်ပလ္လင်ကို အသက်သွင်းပြီး စွမ်းအားများကို ချေးငှားယူလိုက်၏။ ထို့နောက် ကြားခံနေရာလပ်လမ်းကြောင်းကို ဖွင့်ကာ ထွက်ပြေးဖို့ ပြင်နေလေသည်။
မင်းတို့က တကယ်ပဲ ဒီလို လှုပ်ရှားချင်ကြတာလား ..။ ”
ခက်ထန်လှသည့် ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်လိုက်သည်။ မဟာမြို့တော်ကြီးတစ်ခုလုံးကို ဝင်္ကပါဖြင့် ကာကွယ်ထားသည့်အတွက် အင်ပါယာ မိသားစု၏ ယဇ်ပလ္လင်ကိုလည်း အသက်သွင်းထားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ထိုအရာက အင်ပါယာမြို့တော်တစ်ခုလုံးကို သက်ရောက်နေ၏။ မည်သူကမှ သူတို့၏ ကလန်အတွင်းရှိ ယဇ်ပလ္လင်စွမ်းအားကို အသုံးပြုပြီး ထွက်ပြေးနိုင်ကြမည် မဟုတ်ချေ။
ထင်မှတ်ထားသည့်အတိုင်းပင် အလင်းများက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။ ပွင့်လင်းလာခဲ့သည့် ကြားခံနယ်မြေကလည်း တုန်ယင်စွာပင် ပြန်လည်ပိတ်သွားခဲ့သည်။
ကျောက်တုံး ကောင်စုတ် .. မင်းက တော်တော်လေးကို ရုတ်ရင်းကြမ်းကြုတ်ပြီး ခက်ထန်နေတော့တာပဲ ..။ ငါ့ရဲ့ မိုးကလန်ကို ဖျက်ဆီးပြီးရင် မင်းလည်း စိတ်အေးချမ်းသာစွာ နေရလိမ့်မယ်လို့ မထင်နဲ့ ..။ ”
မိုးကလန်အတွင်းမှ သြဇာကြီးမားသည့်အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။
ရှီဟောင်ကတော့ နဂိုအတိုင်းပင် မတုန့်ပြန်ပဲ ရှိနေခဲ့သည်။ ထိုသို့သော အသံ၏ နောက်တွင် စွမ်းအားကြီးလှသည့် ဗိုလ်ချုပ်တစ်ယောက်က ဟိန်းဟောက်လိုက်၏။
မင်းတို့ မိုးကလန်က အရှက်မရှိကြဘူးလား .. အခုလိုပဲ ပြောရဲကြတယ်ပေါ့ ..။ မင်းတို့ကသာ အပြင်ဘက်နယ်မြေက မဟာကလန်ကြီးတွေနဲ့ ပူးပေါင်းပြီး ကျောက်တုံးတိုင်းပြည်ကို ပျက်စီးစေတာ .. ဒါတောင်မှ အရှက်မရှိ လျောက်ပြောရဲနေသေးတယ် ..။ ဒါတောင်မှ အခုလိုမျိုး အပြစ်မရှိသလို ပြောရဲသေးတယ် ..။ အင်ပါယာ အသစ် ရာဇပလ္လင်ကို ဆက်ခံလိုက်ချိန်မှာတောင် မင်းတို့ သစ္စာမခံဖို့ ဆုံးဖြတ်ကြတယ် ..။ ငါတို့က မင်းတို့ကလန်တစ်ခုလုံးကိုတင် မကဘူး … အရာအားလုံးကိုပါ ဖျက်စီးကွပ်မျက်ပစ်မှာ ..။ ဒါပေမဲ့ ငါတို့က လက်အောက်ငယ်သားတွေကို ချန်ရစ်ထားခဲ့ဖို့ ဆန္ဒရှိပါသေးတယ် ..။ အခုမင်းတို့ရဲ့ အရှက်မဲ့ပုံကိုမြင်ပြီး အဲ့ဒီဆန္ဒက ပျောက်ကွယ်သွားပြီ ..။ ငါတို့က မင်းတို့အားလုံးကို ကွပ်မျက်ပစ်မယ် ..။ ”
မင်းတို့က ကလန်တစ်ခုလုံး ရှင်းပစ်မယ် .. ဟုတ်လား ..။ ”
အထက်တန်းစား ပုဂ္ဂိုလ်ကြီးတစ်ယောက်က အလောတကြီး ရောက်လာကာ မေးလိုက်လေသည်။ မိုးကလန်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေလေတော့သည်။ မည်သူမှ ခေါင်းဆောင်ပိုင်းများနှင့်အတူ ရှင်းလင်းမခံကြချေ။ မည်သူမဆိုပင် ယခုကဲ့သို့ အခြေအနေမျိုးတွင် အသက်ရှင်လိုရန်သာ ဦးစားပေးချင်နေကြတော့သည်။
အင်ပါရီယာ ပြည့်ရှင်သစ်က ထီးနန်းကို အောင်အောင်မြင်မြင် သိမ်းပိုက်ပြီးချိန်မှာ ရန်သူတွေတိုင်းကို ရက်ရက်စက်စက် သွေးကြွေးဆပ်တဲ့ နည်းကို သုံးတာကတော့ ငါ ပြောခဲ့သလို ဆိုးယုတ်တဲ့နည်းလမ်းမဟုတ်တော့ ဘာဟုတ်ဦးမှာလဲ ..။ မင်းတို့က တပ်ဖွဲ့တွေကိုတောင် ခေါ်လာခဲ့သေးတယ် ..။ ဒါက အာဏာကို အလွဲသုံးစားလုပ်တာပဲလေ ..။ အဲ့ဒီလို လူမျိုးက ကပ်ဘေးအတွင်းမှာပဲ သေသွားရမှာ ..။ ”
မိုးကလန်အတွင်းမှ လူများက ကျိန်ဆဲကြတော့သည်။
သေခြင်း ရှင်ခြင်းရဲ့ ကွာခြားချက်ကို မသိကြဘူးပဲ .. နည်းလမ်းမရှိတော့ဘူး ..။ မင်းတို့က အခုလိုတောင် ပြောရဲနေကြသေးတယ်ဆိုတော့ မိုးကလန်ရဲ့ ကံကောင်းခြင်းတွေက ကုန်ဆုံးပြီး ဖြေရှင်းခံရဖို့ ဖြစ်လာပြီ ..။ ”
အထက်တန်းလွှာ ပုဂ္ဂိုလ်တစ်ယောက်က အေးစက်စွာ ပြောသည်။
အချိန်ကျပြီ .. တိုက်ခိုက်ဖို့ ပြင်ကြတော့ ..။ ”
ရှီဟောင်က ထိုသို့ ပြောလိုက်သည်။ သူက တစ်ချိန်လုံး ငြိမ်သက်နေရာမှ ထပြောလာခဲ့ခြင်းပင်။
ဟုန်း ..။ ”
ဟောင်၏ နောက်ကျောဘက်မှ စစ်သည်တော်များက ကြီးမားလှသည့် ဖိအားများကို ထုတ်လွှတ်ကာ ရှေ့တက်လာခဲ့ကြ၏။ ထို့နောက် လက်နက်များကို မြောက်လိုက်ကြသည်။ သတ်ဖြတ်ခြင်း အရှိန်အဝါများက ကောင်းကင်သို့တိုင် ထိုးတက်သွားချေပြီ။
သတ်ကြစမ်း ..။ ”
ရှီဟောင်က မူလနေရာတွင်ပင် ရပ်တန့်နေပြီး တစ်ချက်မျှ လှုပ်ရှားလာခဲ့ခြင်း မရှိသေးပေ။ သူက ရိုးရှင်းသည့်စကားကိုသာ ဆိုလိုက်၏။ ထိုအခါ ဗိုလ်ချုပ်များနှင့် စစ်သည်တော်တို့က ကျယ်လောင်စွာ အော်ဟစ်ကာ တုန့်ပြန်ကြလေသည်။ သူတို့က ဓားများ လှံများကို ကိုင်ဆောင်ကာ ရှေ့သို့ ချီတက်ကြ၏။
မရေမတွက်နိုင်သည့် အလင်းတန်းများက ဆင်းသက်လာကာ မိုးဘုရင်၏ စံအိမ်တစ်ခုလုံးကို ခုတ်ပိုင်းလာတော့သည်။ ထိုအမျိုးမျိုးသော အလင်းတန်းများဖြင့် ပြည့်နှက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးကို ဖြစ်ပေါ်နေစေလေသည်။
အင်ပါယာ ပြည့်ရှင်များ၏ နောက်လိုက်တိုင်းက သိသာစွာပင် အင်အားကြီးမားကြသူများ ဖြစ်ချေသည်။ သူတို့အားလုံး ပေါင်းစည်းသွားသည့်အခါ စစ်တပ်အင်အားကို ဖယ်ထားလိုက်မည်ဆိုလျှင်ပင် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသွားလေပြီ။ ယခုကဲ့သို့ စံအိမ်တော်တစ်ခုကို ဖြေရှင်းရန်ကား ငှက်ပျောသီးအခွံခွာသကဲ့သို့ပင် လွယ်ကူနေခဲ့သည်။
ထိုသို့ဖြင့် အချိန်တစ်ခဏလေးအတွင်းမှာ ခမ်းနားထည်ဝါကာ ခန့်ငြားလှသည်ဆိုသော မိုးဘုရင် စံအိမ်မှ အဆောင်များကား ပြိုကျသွားရချေသည်။ လျှို့ဝှက်ဆန်းကြယ်လှသည့် ဝင်္ကပါများကလည်း ဤအချိန်တွင် အသုံးမဝင်တော့ပေ။ အရာအားလုံးက ဖျက်ဆီးခံလိုက်ရပြီး မီးခိုးလုံးများက ကောင်းကင်သို့တိုင် ဖြာတက်နေခဲ့၏။
သတ်ကြစမ်း ..။ ”
ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်သံများ ထွက်ပေါ်နေချိန်တွင် ဗိုလ်ချုပ်များစွာ ဦးဆောင်လာသည့် စစ်သည်များက ကျားများ ဝံပုလွေများကဲ့သို့ မိုးစံအိမ်အတွင်းသို့ ပြေးဝင်သွားကြ၏။ သူတို့က လက်နက်များကို လွဲရမ်းကာ မိုးကလန်ကို စိတ်ရှိလက်ရှိ ဖျက်ဆီးနေတော့သည်။
တိုက်ပွဲ၏ အရှိန်အဟုန်က မြင့်သတက်မြင့်တက်လာ၏။ ထိုအရာက တောက်လောင်နေသည့် နေမင်းတစ်စင်းအလားပင်။ လောကတစ်ခုလုံးကို လှုပ်ခါစေနိုင်သည့် အသံများထွက်ပေါ်နေခဲ့လေပြီ။ မိုးဘုရင် ခြံဝန်းသည်ကား အပိုင်းပိုင်းအစစ ဖြစ်နေရတော့သည်။
အုတ်ကျိုးအုတ်ပဲ့မျိုးက ကောင်းကင်ကို လွှင့်ပျံတက်နေ၏။ မီးခိုးလုံးများကလည်း နေရာအနှံ့ တောက်လောင်တော့သည်။ မိုးဘုရင် စံအိမ်က ယခင်က အလွန်ခမ်းနားလှသည့် နန်းတော်ခန်းမတစ်ခု ဖြစ်ခဲ့၏။ လက်ရှိတွင်တော့ ပြိုကျပျက်ဆီးနေရလေပြီ။ မြေပြင်ပင်လျှင် အက်ကွဲထွက်ကုန်သည်။ စွမ်းအားကြီးသည့် စစ်သည်တော်တို့၏ ရှေ့တွင် ဝင်္ကပါများက အသုံးမဝင်တော့ချေ။
ရှီဟောင်က ထိုအဖြစ်အပျက်များကို အမူအယာကင်းမဲ့စွာသာ ကြည့်ရှုနေ၏။ သူက လုံးဝလှုပ်ရှားလာခဲ့ခြင်း မရှိသေးပေ။ ဤအတိုင်းသာ ကြည့်ရှုနေခြင်း ဖြစ်လေသည်။ သူ၏ အနားတွင်တော့ စွမ်းအားကြီးသည့် အစောင့်အရှောက်များ ရှိနေပြီး ထိုလူများကလည်း မလှုပ်ရှားသေးချေ။ သူတို့တွေက ရှီဟောင်ကို ကာကွယ်ကြရမည် ဖြစ်၏။ အမှန်စစ်စစ် လက်ရှိအချိန်တွင်တော့ ရှီဟောင်ကို ဒဏ်ရာအနာတရဖြစ်အောင် လုပ်နိုင်စွမ်းရှိသည့်သူက မရှိသလောက်ပင်။ သို့သော် သူက အင်ပါယာပြည့်ရှင် ဖြစ်နေပြီဖြစ်သောကြောင့် အပွန်းအပဲ့မျှပင် မရှိရလေအောင် ကာကွယ်ရပေမည်။ ရှီဟောင်၏ ခန္ဓာကိုယ်ကို နဂါးစွမ်းအင်များက လွှမ်းခြုံထားသေးသည်။ တိုက်ခိုက်လာသူတိုင်းကို နဂါးစွမ်းအင်များက သေချာပေါက် ပျက်စီးသွားစေလိမ့်မည်။
သူ့ထံသို့ ရောက်ရှိလာသည့် စွမ်းအားလှိုင်းများကလည်း ပျောက်ပျက်သွားပေမည်။ ထိုဟာက နဂါးအကာအရံ၏ စွမ်းအားပင် ဖြစ်ချေသည်။
ကျောက်တုံးကောင်လေး .. မင်းက အခုလိုမျိုး ပြင်းပြင်းထန်ထန် လုပ်ဖို့အတွက် ဘယ်လောက်တောင် စောင့်ဆိုင်းနေခဲ့ရတာလဲ ..။ အပြင်ဘက် ဂိုဏ်းတွေက သိပ့်မကြာခင် အချိန်မှာ ရောက်လာတော့မယ် .. အဲ့ဒီအချိန်ကျရင် ငါ ကြည့်ချင်သေးတယ် .. မင်းကိုယ့်ကိုကိုယ် ဘယ်လိုများ ကာကွယ်နိုင်မလဲဆိုတာကိုပေါ့ ..။ မင်း သေချာပေါက် သေရမှာပဲ ..။ ”
မုန်းတီးခက်ထန်သည့် ကျိန်ဆဲသံကြီးက မိုးကလန် စံအိမ်အတွင်းမှ ကျယ်လောင်စွာ ပေါ်ထွက်လာ၏။ ထိုအချိန်တွင်ပင် နှိပ့်စက်ညင်းပန်းခံရသည့် အသံများထွက်ပေါ်လာသလို မိုးများလည်း ရွာသွန်းလာခဲ့သည်။ မိုးကလန်အတွင်းမှ ကျွမ်းကျင်ပညာရှင်များ အသုံးပြုလိုက်သည့် နတ်စွမ်းအင် ဖြစ်ပုံ ရလေသည်။ သူတို့က ကိုယ့်ကိုကိုယ် ကာကွယ်ရန် နတ်သိုင်းများကို ထုတ်ဖော်ထားကြပြီး ဗိုလ်ချုပ်များကိုတော့ အပြင်သို့ စေလွှတ်နေကြ၏။
လျပ်စီးများက လက်လာခဲ့ပြန်သည်။ ပြင်းထန်လှသည့် မိုးသီးမိုးပေါက်များက ဆင်းသက်လာခဲ့ချေပြီ။ ရှီဟောင်ဆီမှလည်း ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါ ထွက်ပေါ်လာတော့၏။
အချို့သော မိုးရေစက်များက တလက်လက်တောက်ပနေပြီး ဓားသွားများအလား ထင်ရသည်။ သူတို့က လူတိုင်းကို သိပ့်သည်းစွာ တိုက်ခိုက်တော့၏။
ဟန့် .. ဒီလို ကစားနည်းမျိုးနဲ့ ကစားချင်သေးတယ်ပေါ့ ..။ ”
အထက်တန်းလွှာ ပုဂ္ဂိုလ်တစ်ယောက်က လှုပ်ရှားလာပြီး စစ်သည်တော်များ ရှေ့တွင် ရပ်တန့်လိုက်သည်။ သူက သူ၏ အကျီ င်္လက်အိုးကြီးကို ဝေ့ရမ်းလိုက်သည့်အခါ ထိုမိုးသီးမိုးပေါက်များက တဟုန်းဟုန်းမြည်ဟိန်းသံများဖြင့် အက်ကွဲကုန်ကြ၏။ ထို့နောက် သာမန်မိုးစက်မိုးပေါက်များအဖြစ် မြေပြင်ပေါ်သို့ ကျဆင်းလာတော့သည်။ သို့ရာတွင် ဤကိစ္စက ဒီနေရာတွင် အဆုံးမသတ်ပေ။
ကြီးမားလှသည့် ကြာပန်းပွင့်ကြီးတစ်ပွင့်က မိုးကလန်အတွင်းမှ ပွင့်လန်းလာခဲ့၏။ ထိုကြာပန်းပွင့်ကြီးက အလွန်အမင်းခမ်းနားလှသည့် လျှပ်စီးအလင်းတန်းများကို လွှင့်ထုတ်လာသည်။ ထိုအရာက မျက်စိကျိန်းမတတ် တောက်ပေနေတော့သည်။
အံ့အားသင့်ဖွယ်ကောင်းလှသည့် စွမ်းအားများကိုလည်း လွှင့်ထုတ်လာလေသည်။ ထိုအရှိန်အဝါ ပြင်းထန်ထက်ရှလှကာ လူတိုင်း၏ စိတ်အပေါ် သက်ရောက်မှု ရှိစေသည်။ ထိုအချိန်တွင် အနီးအနားရှိ လူတိုင်းက တုန်ယင်သွားခဲ့၏။ ဗိုလ်ချုပ်များပင် ထိတ်လန့်သွားခဲ့ရချေသည်။ ထိုဟာက မိုးကလန်၏ တာအို ဘုံကိုးဆင့် ဖြစ်သည်။
ထိုအရာကို ရှီဟောင် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ အရင်က သူ တစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးလေသည်။ သူက မပျောက်ပျက်နိုင်သည့် ဗဂျရာ ရွှေသားခန္ဓာကိုယ်ကို ပေါင်းစပ်ခဲ့သော်လည်း သူက ဘုရင်အဆင့်သို့ ရောက်သည့်အချိန်တွင် နတ်စွမ်းအင်များကို ဖျက်ဆီးနိုင်ခဲ့သည်။ သိသာစွာပင် ထိုနတ်စွမ်းအင်များက အလွန်ပင် စွမ်းအားကြီးလှသည်။ နောက်ဆုံးတွင်ပင် မိုးနတ်ဘုရားက ပြန်လည်ရှင်သန်လုနီးပါး ဖြစ်ခဲ့ပေ၏။ သူ၏ ပုံရိပ်ကို ဆင့်ခေါ်ခံရပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားက ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင်ပင် မိုးကလန်အတွင်းရှိ လူတိုင်းက စတင် လှုပ်ရှားလိုက်ကြသည်။
သူတို့ကလန်၏ နတ်စွမ်းအားများကို ထုတ်ဖော်ပြီးသည့်အတွက် အတူတကွပင် စွမ်းအင်များကို ထုတ်သုံးရန် လိုအပ်လာတော့သည်။ လူများလေလေ စွမ်းအားများကို ပြင်းပြင်းထန်ထန် ထုတ်သုံးနိုင်လေ ဖြစ်သောကြောင့် ဖြစ်လေသည်။
တိုက်ခိုက်ကြ ..။ ”
ဗိုလ်ချုပ်ကလည်း အော်ဟစ်လိုက်သည်။
လူတိုင်းက လက်နက်များကို ကိုင်မြောက်ကာ ကျယ်လောင်ပြင်းထန်စွာဖြင့် တိုက်ခိုက်ကြတော့သည်။ တခြိမ်းခြိမ်း မြည်သံများနှင့် မျက်စိကျိန်းမတတ် တောက်ပသည့်အလင်းတန်းများကြောင့် ကြာပန်းပွင့်ကြီးက အက်ကွဲသွားခဲ့ရသည်။ အလင်းတန်းများက ကောင်းကင်သို့တိုင် ထိုးတက်နေပြီး မှော်သင်္ကေတများကတော့ လေထုထဲ ပြည့်နှက်နေတော့သည်။ အပြန်အလှန်အနေဖြင့် ကြွင်းကျန်ရစ်ခဲ့သည့် စွမ်းအားများက များပြားနေချေသည်။
မှော်စွမ်းအင်များက တစ်ဖန်ပြန်လည်သိပ့်သည်းလာပြီး ကြာပန်းကြီးက ပွင့်လန်းလာ၏။ ထိုစွမ်းအားများက များပြားလာခဲ့ပြီး ပို၍ပင် ပြင်းထန်လာပုံ ရသည်။ ယခုကဲ့သို့ ကြိမ်ဖန်တလဲလဲ ဖြစ်ပျက်နေတော့၏။
ကြာပန်းပွင့်ကြီးက သုတ်သင်ခံရလိုက် ပြန်လည်ရှင်သန်လာလိုက်ဖြင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေကို ပေးစွမ်းနေသည်။
မိုးကလန်အတွင်းရှိ လူများက ဆက်တိုက်ပင် အသက်သွင်းနေခဲ့ခြင်း ဖြစ်သည်။ အတိတ်တစ်ချိန်တုန်းက ရှီဟောင် ကိုင်တွယ်ခဲ့သည့် စွမ်းအားများနှင့်ပင် အဆပေါင်းများစွာ အစွမ်းထက်နေခဲ့သည်ပင်။ လက်ရှိအချိန်တွင် ဖိအားများက အလွန်ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ အင်ပါယာ စစ်သားများပင် ဒဏ်ရာဒဏ်ချက်များ ရရှိလာခဲ့လေပြီ။
ဟွန့် … တကယ်တော့ ငါ မင်းတို့အပေါ်မှာ အထင်အမြင် မဆုံးရှုံးချင်ဘူး ..။ ”
ရှီဟောင်က ထိုသို့ ပြောလိုက်၏။ သူ၏ အသံက အလွန်အမင်းအေးစက်နေပြီး မိုးခြိမ်းသံအလား ထင်ရလေသည်။ အလွန်ပြင်းထန်သည့် လွှမ်းမိုးမှုစွမ်းအားများကိုလည်း ထုတ်ဖော်လာခဲ့သည်။
နတ်ဆိုးကောင်လေးကား လူသားအင်ပါယာပြည့်ရှင်တစ်ယောက်အဆင့်အတန်းဖြင့် ကလန်တစ်ခုကို သုတ်သင်ရသည်မှာ ဤမျှ မခက်ခဲသင့်ချေ။ သူက တပ်ဖွဲ့များကို စေလွှတ်ရန် မလိုအပ်ပဲ လက်တစ်ချက် ရမ်းလိုက်ရုံသာ လိုချေသည်။
ဟုန်းခနဲမြည်သံနှင့်အတူ သူက နတ်ဓားကို ဆွဲထုတ်လိုက်၏။ ထို့နောက် နတ်ဘုရားအဆင့် မှော်ဓားက ရှေ့သို့ ပိုင်းကျသွားခဲ့သည်။
ဝုန်းခနဲမြည်သံနှင့်အတူ လောကတစ်ခုလုံး ပဲ့တင်သံများ ဆက်တိုက်ဖြစ်ပေါ်လာတော့၏။ ခြေရာအလင်းတန်းများက အရပ်မျက်နှာတိုင်းသို့ ပြန့်နှံ့သွားသည်။ ထိုသို့ဖြင့် မိုးကလန် စံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ထိုဓားချက်က အလွန်အမင်းပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှချေသည်။
ဓားတစ်ချက်၏ ခုတ်ပိုင်းမှုကပင် အင်ပါယာမြို့တော်တစ်ခုလုံးကို အံ့အားသင့်စေဖို့ လုံလောက်နေပေပြီ။ မြို့တော်အတွင်းရှိ ထိုမြင်ကွင်းကို မြင်လိုက်ကြကာ မထိတ်လန့်ပဲ မနေနိုင်ကြတော့ချေ။ ကျောက်တုံးညီငယ်လေးကား သူတို့ မျှော်လင့်ထားသည်ထက်ပင် စွမ်းအားကြီးနေလေတော့သည်။
အင်ပါယာ မိသားစု၏ မှော်ဓါးတစ်လက်ကို အသုံးပြုလိုက်ရုံမျှဖြင့် သူက ပြိုင်ဘက်ကင်းသွားချေသည်။ ရွှေဓားမှ ကောင်းကင်နှင့် မြေပြင်ရှိ စွမ်းအားများဖြင့် ချိတ်ဆက်ထား၏။ ကြီးမားလွန်းလှသည့် ကြာပန်းပွင့်ကြီးက နေရာတွင်ပင် ပိုင်းဖြတ်ခံလိုက်ရသည်။ သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ ပြန်လည်၍ မရှင်သန်နိုင်တော့ပေ။
ထိုမှော်နတ်ဓားက အလွန်အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလှချေသည်။ မိုးကလန်အတွင်းမှ လူပေါင်းမြောက်များစွာကို ခေါင်းဖြတ်လိုက်နိုင်၏။ သွေးများက နေရာအနှံ့ပြန်နှံ့သွားတော့သည်။ ကျဆင်းနေသည့် မိုးရေစက်များကိုပင် လွှမ်းခြုံသွားမတတ် ဖြစ်နေချေသည်။
ထိုအရာက မိုးကလန်အတွက်တော့ ကပ်ဘေးကြီးတစ်ခု ဖြစ်နေလေတော့သည်။
ဆက်ပြီး တိုက်ခိုက်ကြတော့ ..။ ”
ရှီဟောင်က ဓားကို ပြန်သိမ်းလိုက်တော့သည်။
သူက ထိုစကားကိုသာ ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်ဝန်းကျင်တွင် နဂါးစွမ်းအင်များက လိန်ယှက်နေသေးပြီး အလွန်ပင် ခမ်းနားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးအလား ထင်ရစေသည်။
သူ၏ အနားတွင် ရှိသည့် အထက်တန်းစား ပုဂ္ဂိုလ်ကြီးအချို့နဲ့ ဗိုလ်ချုပ်အချို့က ရှေ့တက်သွားလိုက်ကြသည်။ သူတို့က သတ်ဖြတ်ခြင်း အရှိန်အဝါများကို မထိန်းချုပ်ထားတော့ပဲ အရာအားလုံးကို လိုက်လံသုတ်သင်နေတော့သည်။ မိုးကလန် နန်းတော်အတွင်းရှိ မျိုးနွယ်စုဝင်များအားလုံးက ဆုတ်ဖြဲခံနေရသည်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် အရှုပ်အထွေး နယ်မြေတစ်ခုအလားပင်။
စူးရှသည့် အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်နေပြီး မည်သူမျှ အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်ခြင်း မရှိတော့ချေ။
မိုးကလန်ကား အမှန်ပင် ခမ်းနားထည်ဝါခဲ့ပေသည်။
သို့သော် တိုင်းပြည်တစ်ခုလုံးနှင့်တော့ နှိုင်းယှဉ်နိုင်ခြင်းတော့ မရှိတော့ချေ။ ဤတစ်ကြိမ်တွင်တော့ ရှီဟောင်က ကွန်မန်ဒါများကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့၏။ အထက်တန်းလွှာ ပုဂ္ဂိုလ်နှစ်ဦးကိုပင် ရှေ့ထွက်စေသည်။ ဤနည်းဖြင့် မိုးကလန်က ပြန်လည်ခုခံနိုင်သည့် စွမ်းအားတို့ကင်းမဲ့သွားခဲ့ရလေသည်။ သိပ်မကြာခင် အချိန်တွင်တော့ ထိုနေရာတစ်ခုလုံးက အပျက်အစီးပုံများ ဖြစ်သွားရလေ၏။ အရှုပ်အထွေးများသာ ကျန်ရစ်ခဲ့လေတော့သည်။
အရာအားလုံး၏ အလယ်တွင်တော့ ဂူ ဘုရားကျောင်းတစ်ခု ရှိသည်။ ထိုနေရာက မိုးနတ်ဘုရားကို ကိုးကွယ်ဆည်းကပ်ရာ နေရာပင်။ မိုးကလန်သားများ ဝင်ရောက်ပုန်းအောင်းနေသည့် ယဇ်ပလ္လင်တစ်ခုလည်း ရှိပေသည်။
လူငယ်လေး .. မင်း ဒီလောက်အထိ အရမ်းမလွန်လာနဲ့နော် ..။ တခြားသူတွေကို အနိုင်ကျင့်တာက လွန်လွန်းနေပြီ ..။ ”
ရှေးဟောင်း ဂူကျောင်းထဲတွင် ခြေထောက်နှစ်ဖက်ကို ဆုံးရှုံးထားသည့် အကြီးအကဲတစ်ယောက်က နာကျင်စွာ အော်ဟစ်နေခဲ့သည်။ သူက မှော်အင်ပါယာအရှင်ကို အရိုးထိအောင် မုန်းတီးသည့်တိုင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
ဒါက မိုးဘုရင်ပဲ ..။ ”
လူတိုင်း အော်ဟစ်လိုက်ကြသည်။ သူ ပျောက်နေခဲ့သည်မှာ ကြာချေပြီ။ သူ၏ ခြေထောက်များကို မဟာမိစ္ဆာ နတ်ဘုရားက ဖြတ်တောက်ပြီးချိန်မှ စပြီး အပြင်ဘက်သို့ ထွက်လာခဲ့ခြင်း မရှိတော့ပေ။ သူက တစ်ချိန်လုံး သူ၏ ခြေထောက်များကို ကုသနိုင်သည့် နည်းလမ်းများကိုသာ ရှာဖွေနေခြင်း ဖြစ်ချေသည်။
ဟုန်း ..။ ”
မိုးဘုရင်က ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရား အမိန့်တော်ကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက် သူ၏ လျှာကို ကိုက်လိုက်ပြီး သွေးစက်ချကာ အသက်သွင်းလိုက်၏။ ထိုအခါတွင်တော့ မိုးနတ်ဘုရား၏ အမိန့်တော်က ထွက်ပေါ်လာတော့သည်။ သိန်းပေါင်းမြောက်များစွာသော အလင်းတန်းများက ဖြာကျလာခဲ့ပေသည်။ ထို့ကြောင့် လျှပ်စီးလက်လာပြီး လေပြင်းများကလည်း တဝုန်းဝုန်း တိုက်ခိုက်လာခဲ့၏။ ဖိအားများက ရှီဟောင်အပေါ်သို့ ကျရောက်လာခဲ့ချေပြီ။
ဟား ..။ စွမ်းရည်တွေ ထုတ်သုံးချင်နေသေးတယ်ပေါ့ ..။ ”
ရှီဟောင်ကတော့ အေးစက်စွာသာ ရယ်နေသည်။ ဟုန်းခနဲ မြည်သံနှင့်အတူ သူက ရွှေဓားကို ဆွဲထုတ်လိုက်သည်။
ချိ ..။ ”
ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် နတ်ဘုရား အမ်ိန့်တော်က အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ရ၏။ အမိန့်တော်က အမှုံအမွှားများအဖြစ် လေထဲတွင် လွှင့်မျော်သွားကြတော့သည်။
အား ..။ ”
မိုးကလန်မှ လူတိုင်းက အော်ဟစ်လိုက်ကြ၏။ ရုတ်တရက် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါတစ်ခုက ဖြစ်ပေါ်လာပြန်သည်။ အလွန်ထင်ရှားလှသည့် အနက်ရောင်အရိပ်တစ်ခုက ရှီဟောင်ကို လျှပ်စီးလက်သကဲ့သို့ ပိုင်းဖြတ်လာခြင်း ဖြစ်သည်။
မိုးဘုရင်က ကိုယ်တိုင် လှုပ်ရှားလာခဲ့၏။ ရှေးဟောင်း ဂူ ဘုရားကျောင်းအား အသက်သွင်းလိုက်ခြင်းပင်။ သူက စိတ်ဝိညာဉ် သေဆုံးကာ ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ထင်ရလေသည်။
ကျောက်တုံးရုပ်တုကြီးတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး ရှီဟောင်အား ဖိနှိပ့်လာ၏။
ဒါက မိုးနတ်ဘုရားရဲ့ ကျောက်တုံးရုပ်တုပဲ ..။ တကယ်ပဲ နတ်ဘုရားအဆင့် မှော်လက်နက်တစ်ခု ဖြစ်နေတာပဲ ..။ ”
တစ်စုံတစ်ယောက်က အံ့သြစွာ ရေရွတ်သည်။ လူတိုင်း၏ အမူအယာက ပြောင်းလဲသွားခဲ့တော့၏။ အထက်တန်းလွှာ ပုဂ္ဂိုလ်များ၏ နှလုံးများက ခုန်လှုပ်သွားခဲ့ကြသည်။ ရှီဟောင်ကတော့ တည်ငြိမ်နေခဲ့၏။ သူက မပြောင်းလဲသည့် အမူအယာ၊ မတုန်လှုပ်သည့် အမူအယာဖြင့်သာ လက်ထဲရှိ နတ်ဓားကို လှုပ်ခါလိုက်သည်။ ထို့နောက် ကျောပေါ်မှ ခရင်းခွကြီးကို ဖြုတ်ယူလိုက်ပြန်သည်။ ပေါ့ပါးစွာပင် သူက လွှဲရမ်းလိုက်လေ၏။
ခရင်းခွကြီးက အလွန်အမင်း နက်မှောင်နေသည့်တိုင် နတ်ဘုရားအဆင့် လက်နက်ပီသစွာပင် စွမ်းအားကြီးနေသည်။ ဤနည်းဖြင့် ကောင်းကင်သို့ ထိုးတက်သွားကာ ရွှေရောင်အလင်းတန်းများကိုပင် ပိုင်းဖြတ်လုနီးပါး ဖြစ်သွားခဲ့သည်။
ဟုန်း …။ ”
ခရင်းခွက သက်တံ့ရောင်စဉ်များနှင့်အတူ ပြိုင်ဘက်ကင်းစွမ်းအားကြီးချေ၏။ သူက ကောင်းကင်ကို လွှမ်းမိုးနိုင်သည့် အလင်းများကို ထုတ်ဖော်ကာ အရာအားလုံးကို ပိုင်းဖြတ်နိုင်သည့် စွမ်းအားဖြင့် ကျောက်တုံး ရုပ်တုကြီးကို ထိုးဖောက်သွားခဲ့သည်။
ဟုန်းခနဲ မြည်ဟိန်းသံဖြင့် ခရင်းခွက ကျောက်တုံး ရုပ်တုကြီးရဲ့ တည်ရှိမှုကို ဖျက်ဆီးကာ လွှင့်ထွက်သွားစေလိုက်၏။
ထိုသို့ဖြင့် ကျောက်တုံး ရုပ်တုကြီးက ဂူ ဘုရားကျောင်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။ ထို့နောက် မိုးဘုရင်က မြေပြင်သို့ လဲကျသွားခဲ့ရသည်။ နေရာတွင်ပင် ပေါက်ကွဲသွားရချေပြီ။ ကျောက်တုံး ရုပ်တုကြီးကလည်း ပေါက်ကွဲခဲ့ပြီး အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ရ၏။
တစ်ချိန်တည်းတွင်ပင် မိုးကလန်၏ ဂူ ဘုရားကျောင်းကြီးက ပြိုကျသွားခဲ့သည်။ အမှုံအစများသာ ကျန်ရစ်တော့၏။ ဂူ ဘုရားကျောက်ပျက်၏ အနားတွင်တော့ မိုးကလန်သားများက ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေကြ၏။ သူတို့က မြန်ဆန်စွာပင် နောက်ဆုတ်လိုက်ကြသော်လည်း ပျက်စီးမှုက လျပ်ပြက်သကဲ့သို့ ဖြစ်ပွားခဲ့သည်။ ထို့အတွက် သေဆုံးသွားခဲ့ရသည့် ကလန်သားများက များပြားနေတော့၏။ သူတို့ မယုံကြည်နိုင်ကြတော့ပေ။
မိုးကလန်၏ ဂူ ဘုရားကျောင်းက ပျက်စီးသွားခဲ့ရသလို ကျောက်တုံး ရုပ်တုကြီးသည်လည်း အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့လေပြီ။
မဖြစ်နိုင်ဘူး ..။ ”
လူတိုင်းက ဤကိစ္စကို လက်ခံဖို့ရန် ခက်ခဲနေတော့သည်။
ရှီဟောင်က လက်ကို အသာဝေ့ရမ်းလိုက်ရုံဖြင့် ခရင်းခွက သူ့ထံသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
သူက အေးစက်စွာ ပြောသည်။
အမိန့်တော်လောက် ကျောက်တုံး ရုပ်တုလောက်နဲ့ … အဟန့် ..။ မင်းတို့က ကျောက်တုံးတိုင်းပြည်ရဲ့ နတ်ခရင်းခွကို စိန်ခေါ်ရသေးတယ်ပေါ့ .. တစ်ချက်စာတောင် မရှိဘူးပဲ ..။ ”
သူက နောက်လှည့်ကာ ထွက်ခွာသွားတော့၏။
ဤနေရာတွင် ဆက်လက်ရှိနေရန်အတွက် အကြောင်းအရင်း ရှိမနေတော့ချေ။ သို့သော် အထက်တန်းလွှာ ပုဂ္ဂိုလ်နှစ်ယောက်ကတော့ ကျန်ရစ်နေခဲ့သည်။ ထို့အပြင် စွမ်းအားမြင့်မားသည့် ကွန်မန်ဒါများကလည်း နေရစ်ခဲ့လေသည်။ သူတို့က မိုးကလန်ကို သေချာကိုင်တွယ်ပေတော့မည်။ ထိုနေ့တွင် မိုးကလန်သည်ကား အလုံးစုံ သုတ်သင်ခံလိုက်ရလေသည်။ ကလန်သားတစ်ယောက်မှ မကျန်အောင်ပင် ဆက်လက်သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ချေသည်။
သို့သော် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ရှင်သန်ခွင့်ပေးခဲ့၏။
ရှီဟောင်က ရွှေရောင်ဝတ်စုံကို ဝတ်ထား၏။ သူ့ကျောပေါ်တွင် တိုင်းပြည်၏ အစောင့်အရှောက် နတ်ခရင်းခွ ရှိနေပြီး လက်ထဲတွင်တော့ နတ်မှော်ဓားချောင်း ကိုင်ဆောင်ထားသည်။ သူ၏ အရှိန်အဝါက လောကသို့ ဆင်းသက်လာသည့် ကောင်းကင်ဘုံ အင်ပါယာတစ်ပါးအလား ထင်ရလေသည်။
သူက ငယ်ရွယ်နေသေးသော်လည်း မျက်နှာပေါ်တွင်တော့ ရင့်ကျက်မှုများ ထင်ဟပ်နေခဲ့သည်။ ကွန်မန်ဒါများ၊ မရေမတွက်နိုင်အောင် များပြားသည့် စစ်သည်တော်များနှင့် တစ်ချို့သော အထက်တန်းလွှာ ပုဂ္ဂိုလ်များပင် သူ့ကို မြင်သည်နှင့် အလိုလို ဦးညွတ်လိုစိတ်များ ဖြစ်ပေါ်လာကြ၏။
ထိုသည်က သူ၏ အဆင့်အတန်းကို ကြောက်ရွံ့ခြင်းကြောင့်တော့ မဟုတ်ချေ။ သူ၏ စိတ်ဝိညာဉ်မှ ဖြာထွက်လာသည့် ခံစားချက်အရှိန်အဝါများအား ထိတ်လန့်မိလာခဲ့ခြင်းကြောင့်သာ ဖြစ်ချေသည်။ သူတို့က ထိုလူသားအင်ပါယာငယ်လေးထံမှ မဖော်ပြနိုင်ခဲ့သည့် ခံစားချက် အရှိန်အဝါများအား ရရှိနေလေသည်။ သူတို့က နတ်ဘုရားတစ်ပါးနှင့် တွေ့ကြုံနေရသကဲ့သို့ ခံစားနေရခြင်းပင်။
ရှီဟောင်က မြို့တော်အတွင်းသို့ ထွက်လာပြီး မိန်းလမ်းမကြီးများဆီသို့ ဦးတည်လိုက်သည်။ အခြားသော အထက်တန်းလွှာ စံအိမ်များမှ အင်အားစုအားလုံးက တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်၏။ ထိုသူများအားလုံးကလည်း အလွန့်ထိတ်လန့်တုန်လှုပ်နေကြတော့သည်။ ဤနေ့တွင်တော့ မိုးကလန်တစ်ခုတည်းသာ ဖျက်ဆီးခံလိုက်ရခြင်း မဟုတ်ချေ။ အခြားသော ကလန်တစ်ချို့လည်း ဖျက်ဆီးခံလိုက်ရသေးသည်။
စစ်ဘုရင်၊ တောင်အက်ကွဲ ဘုရင်နှင့် အခြားသော အင်အားကြီးသည့် ပုဂ္ဂိုလ်ကြီးများ၏ လက်အောက်တွင် ထိုအင်အားစုများမှ လူအိုကြီးများ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
နန်းမြို့တော်တစ်ခုလုံးကို ရှီဟောင်က လှည့်ပတ်သွားလာနေပြီး အခြားသူများအတွက် ကပ်ဘေးများကို ရှာဖွေပေးနေတော့သည်။ မြို့တော်တစ်ခုလုံးက ကြောက်လန့်မှုများဖြင့် ထိတ်လန့်နေကြရ၏။ ဤ ကပ်ဘေးကြီး ပြီးဆုံးသွားရန်သာ မျှော်လင့်နေကြသည်။ သိပ့်မကြာခင် အချိန်တွင်တော့ ရှီဟောင်က အင်ပါယာနန်းတော်အတွင်းသို့ ပြန်သွားခဲ့လေတော့သည်။
မြို့တော်အတွင်းမှ တိုက်ပွဲခေါ်သံများ ပျောက်ကွယ်သွားပြီးနောက် ထိုနေရာတစ်ခုလုံးက ငြိမ်းချမ်းသွားခဲ့သည်။ အင်ပါယာ မြို့တော်တစ်ခုလုံးက သူ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိသွားသည့် ခံစားချက်ကို ဟောင် ရလိုက်၏။
အင်ပါယာ .. ဒီတစ်ကြိမ်က အင်ပါယာရဲ့ အမိန့်တော်ကို ကြေငြာဖို့အတွက် အချိန်ကောင်းပါပဲ ..။ ”
စစ်ဘုရင်က အကြံပြုလာခဲ့သည်။ သူ၏ မြင့်မားလှသည့် ခန္ဓာကိုယ်တစ်ခုလုံးက သွေးများဖြင့် စိုရွဲနေ၏။ သို့သော် သူက အလွန်ရဲရင့်ပြီး တက်ကြွနေသည့်ပုံပင်။ မြို့တော် ရှင်းလင်းရေး တိုက်ပွဲကြီးက ပြီးဆုံးခဲ့သည်မှာ မကြာသေးချေ။ သို့သော် သူက စွမ်းအားကြီးသည့် လူအိုကြီးများကို သတ်ဖြတ်နိုင်ခဲ့သည်။ ထို့နောက် အင်ပါယာ နန်းတော်အတွင်း ချက်ချင်းပြန်လည်ရောက်ရှိလာပြီး ရှီဟောင်ကို ခစားနေသေးသည်။
ရှီဟောင်က ခေါင်းညိတ်လိုက်သည်။ သူက ရာဇပလ္လင်ကို ရရှိခဲ့ပြီးဖြစ်သော်လည်း ကျောက်တုံးအင်ပါယာတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းက အကန့်အသတ်ရှိနေသေးသည်ဟု ဆိုရပေမည်။
သူက ကျောက်တုံးအင်ပါယာကို ထိန်းသိမ်းကာ ထီးနန်းစိုးစံပြီဆိုသည်ကို တစ်လောကလုံးသို့ ကြေငြာနိုင်ခြင်း မရှိသေးပေ။
မဟာကပ်ဘေးကြီး ပြီးဆုံးသွားပြီးနောက် လောကက အုတ်အော်သောင်းနင်းဖြစ်ပြီး ဖရိုဖရဲဆန်သွားခဲ့သည်။ နေရာတိုင်းက တည်ငြိမ်နိုင်ခြင်း မရှိသေးပဲ စိုးရိမ်ပူပန်နေခဲ့ရ၏။
ကျောက်တုံး အင်ပါယာဟောင်းက ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် အုပ်ချုပ်သူ ကင်းမဲ့နေသည့် တိုင်းပြည်က တစ်လောကလုံး၏ မျက်စိကျစရာ ဖြစ်သွားခဲ့သည်မှာ မကြာသေးချေ။ ထို့အတွက် ဟောင်က သူ၏ လူသား အင်ပါယာဆိုသည့် အဆင့်အတန်းကို ဖော်ပြပြီး တစ်လောကလုံးကို ကြေငြာရပေမည်။ ဤသို့မှ ကမ္ဘာတစ်ခုလုံးက ကျောက်တုံး အင်ပါယာ၏ တည်ငြိမ်သွားမှုကို သိရှိနိုင်ကြမည် ဖြစ်သည်။