သုခကမ္ဘာက ရှီဟောင် - Chapter - 657 " အင်ပါယာနန်းတော်က သွေးလွှမ်းသွားခြင်း"
ကောင်းကင်တွင် ခေါင်းပြတ်တစ်ခု လွှင့်သွားသည်။ ထိုခေါင်းပြတ်၏ မျက်နှာဟာ အလွန်ပင်ကြောက်လှန့်တုန်လှုပ်နေပုံရသည်။ မယုံကြည်နိုင်မှု ဆန္ဒမရှိမှု အံ့အားသင့်မှု စိတ်ရှုပ်ထွေးမှု စသဖြင့်အားလုံးရောယှက်နေပေ၏။ ထိုသူဟာ နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။
သို့တိုင်အောင် ယခုကဲ့သို့ခေါင်းအဖြတ်ခံလိုက်ရ၏။ ဓားလေးက သူ၏လည်ပင်းကိုတစ်ချက်သာ ထိခတ်သွားသော် ချက်ချင်းပင် ခေါင်းက ပြတ်ထွက်သွားရသည်။ တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်က သူ့ကိုသာ တစ်ချက်ကြည့်နေသည်။ ထိုသူဟာ အလွန်ပင်ထူးချွန်မှုနှင့် မယှဉ်နိုင်လောက်သည့်အရှိန်အဝါကို ခံစားမိစေကာ အလိုလိုသိမ်ငယ်လာစေမိလေတော့၏။ သူ့ထံမှ ဖြာထွက်နေသည့် အရှိန်အဝါတွေကပင် အလွန်အမင်း ရှုံးနိမ့်သွားစေဖို့ရာ လုံလောက်နေခဲ့ချေပြီ။
နတ်နန်းကလန်မှ နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်ဟာ လက်မခံနိုင်တော့ပေ ။ သူ၏နောက်ဆုံးအမြင်အာရုံမှ ကောင်းကင်အောက်တွင် အလွန်တရာထူးချွန်လှသည့်လူငယ်တစ်ယောက်ကို မျက်မြင်တွေ့ကြုံသွားရသည်။ သူ့ဘေးရှိ တစ်ယောက်မူကားတည်ငြိမ်ကာ အလောမကြီး တည်ငြိမ်သည့်အမူအရာနှင့် ရှိနေခဲ့သည်။ ရှီဟောင်၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတွေ ဝိုင်းပတ်နေခဲ့၏။ အလွန်ပဲ တောက်ပလှသည့် မျက်စိကျိန်းမတက် ထွန်းလင်းလှသော နေမင်းတစ်စင်းအလားပင်။
ဘုန်းဟူသောအသံနှင့်အတူ ခေါင်းမရှိသည့် ခန္ဓာကိုယ်အလောင်းကြီးက မြေပြင်သို့ ပြုတ်ကျသည်။ ပြင်းထန်လှသည့်အရှိန်နှင့် ပြုတ်ကျခြင်းဖြစ်သည်။
သူ၏မျိုးဆက်မှ လူတွေအားလုံးက သူ ယခုကဲ့သို့သေသွားမည်ဟု မယုံကြည်မိခဲ့ပုံရသည်။ အလွန်ပင်တုန်လှုပ်နေကြကာ ထိတ်လန့်နေကြတော့၏။
တောက်ပလွန်းလှသည့် သွေးရောင်အလင်းတွေဟာ အလွန်ပင် မျက်စိဖမ်းစားတော့သည်။ သိပ်မကြာခင်အချိန်တွင်ပင် နတ်မီးတောက်တွေ တောက်လောင်နေပြီး တဖြည်းဖြည်းလင်းလက်သည့် တစ်စုံတရာအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက အင်ပါယာနန်းတော်အထက်တွင်ရှိသည့် ခပ်ပျော့ပျော့ ရွှေရောင်အလင်းတွေအားလုံးကြားတွင် လောင်ကျွမ်းသွားတော့၏။ ကျောချမ်းဖွယ်မြင်ကွင်းကိုဖြစ်လာစေတော့သည်။
အောက်ဖက်ရှိ လူအများစုဟာ စိတ်ထိုးဖောက်ခံလိုက်ရသကဲ့သို့ အသက်ပင်မရှူရဲကြတော့ပေ။ ဒီအဖြစ်အပျက်ကိုလက်ခံရန် ခက်ခဲနေလေတော့၏။ မည်သူကမှ ထိုသို့ အဆုံးသတ်သွားမည်ဟု မထင်မှတ်ခဲ့ကြချေ။ ရလဒ်က မျှော်လင့်ထားသည်နှင့် လုံးဝကွဲကွာနေခဲ့၏။
သေဆုံးသွားခဲ့သူမှာ ဒီမျိုးဆက်မှ နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ ထိုသူဟာ တစ်ချက်လောက်တွေးတောရုံမျှဖြင့် တောင်တွေကိုပြိုကွဲစေကာ မြစ်ရေတွေကို ခမ်းခြောက်စေနိုင်စွမ်းရှိသူဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ သေဆုံးသွားရခြင်းက အလွန်ပင်တုန်လှုပ်ကာ လက်မခံနိုင်ဖွယ်ကောင်းလွန်းနေပေ၏။
” ဆရာ .. ။”
အချို့သောကောင်လေးတွေနဲ့ကောင်မလေးတွေက အလန့်တကြားအော်ဟစ်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။ သေဆုံးသွားခဲ့သူမှာ သူတို့၏ ဆရာဖြစ်သည်။ သူတို့က ကာကွယ်စောင့်ရှောက်သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရချေပြီ။ သူတို့၏ ဂိုဏ်း အနာဂတ်က အလွန်ပင် ထိခိုက်ဆုံးရှုံးသွားမည်မှာ သေချာနေလေတော့သည်။
လူငယ်ကျွမ်းကျင်ပညာရှင် ကြည့်ရှုသူတွေအားလုံးဟာ ထိတ်လန့်တုန်လှုပ်နေကြပြီး ခြေလှမ်းများစွာနောက်ဆုတ်လိုက်ကြသည်။ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ ကျောက်တုံးညီငယ်လေးက လှုပ်ရှားလိုက်သည့်အခါ အလွန်ပင် ဖိအားပြင်းထန်လွန်းလှသည်။ အရာရာကို လှုပ်ကိုင်နိုင်စွမ်းအားရှိပြီး အနိုင်သာရတတ်လေ့ရှိပေ၏။ နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တောင်မှ သူ့လက်ထဲတွင် အသက်ဆုံးရှုံးသွားရသည်။ သူတို့ဆိုလျှင် ပို၍သာ ဆိုးနေပေတော့မည်။
ကျန်ရှိသည့် လေးယောက်ဟာလည်း မဟာတိုက်ပွဲကြီးကို တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးလေချေပြီ။ သူတို့လေးယောက်လုံးကတောက်ပလာခဲ့၏။ နတ်မီးတောက်တွေ တောက်လောင်နေသကဲ့သို့ အလွန်အမင်းစွမ်းအားတွေကို ထုတ်သုံးထားကြလေတော့၏။ သူတို့ကကောင်းကင်ကို မ,တင်ကာ တလောကလုံးဝန်းကျင်တွင် ပျံ့နှံ့သွားစေလျှင် သူတို့ခန္ဓာကိုယ်တွေကို ကာကွယ်ထားလိုက်ကြ၏။
ဒီအခြေအနေက သူတို့၏ ထိန်းချုပ်မှုအောက်တွင်မရှိတော့မှန်း သူတို့သိထားပြီးချေပြီ။ အင်ပါယာနန်းတော်အတွင်းတွင်ချခင်းထားသည့် မဟာဝင်္ကပါကိုလည်း သူတို့သေချာခံစားနေရပြီဖြစ်၏။ ထိုအရာက ပျက်စီးနေခြင်းမရှိသည့်အပြင် ပို၍ပင် စွမ်းအားကြီးနေကြောင်း ခံစားမိနေပေ၏။ ထိုသည်ကား သူတို့သိထားသည့်အချက်အလက်တွေနဲ့ ကွားခြားနေပေတော့သည်။
ဒီအခြေအနေက အလွန်ပင်အန္တရာယ်များလှသည်။ သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ ထိုလေးယောက်လုံးဟာ နတ်အသိအမြင်စွမ်းအင်ကို ထုတ်လွှတ်လေလိုက်ကြပြီး အခြေအနေတစ်ရပ်ကို လေ့လာတော့သည်။ သို့သော် သူတို့ မည်သို့ဖြစ်သွားမှန်းကို နားမလည်နိုင်ကြသေးပါချေ။ သူတို့မျက်မှောင်ကြုတ်မိလိုက်ကြကာ ပို၍ပင် ဂရုတစိုက်လာမိတော့သည်။
” ဒါက အရေးမကြီးဘူး .. ငါတုိ့တွေမှာ ဒီဝင်္ကပါကို ပျက်ဆီးအောင်လုပ်နိုင်တဲ့ ပုံစံငယ်တွေရှိနေကြတာပဲ .. အနည်းဆုံး ငါတို့ လွတ်နိုင်ဦးမှာပါ .. ”
အနောက်ဖက်ကလန်မှ နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်ကပြောလာသည်။ ဗာချရာ မပျောက်ပျက်နိုင်သည့်ခန္ဓာကိုယ်ကိုလေ့ကျင့်သည့်အတွက် သူ၏ခန္ဓာကိုယ်ဟာ ရွှေသားတိပြီးသကဲ့သို့ သန်မာသည်ဟု ယံကြည်မှုရှိသည်။ သူ၏ စွမ်းအင်တွေဟာလည်း မဟာပင်လယ်ကြီးကဲ့သို့ လွှမ်းခြုံကာ ထွက်ပေါ်လာလေတော့၏။
ရှီဟောင်က မပြောင်းလဲသည့်အမူအရာနှင့်မြင်ကွင်းအားလုံးကို ကြည့်နေသည်။ သူက အနည်းငယ်မျှပင် ဒေါသထွက်ဟန်မရပေ။ အထီးကျန်လှသည့် ထာဝရရှင်သန်သူတစ်ပါးက လောကတစ်ခုလုံး၏ အဖြစ်အပျက်တွေကို အပျင်းပြေကြည့်နေသည်ပင်နှင့် တူနေလေတော့သည်။
ထာဝရတောင်မှ နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်က ရှေ့တက်လာကာ အုတ်နံရံတစ်ဖက်သို့ပြေးသွားသည်။ သူက ဝင်္ကပါကို လေ့လာခြင်းဖြစ်ကာ သူ့တွင်ရှိသည့် ပျက်စီးနေသည့်ဝင်္ကပါပုံစံငယ်ကို အသုံးပြုနိုင်မည်လောဟု သိချင်နေပေ၏။ ဒီနည်းဖြင့်သူက ရွှေရောင်လျှောက်လှမ်းတစ်ခုကို ဖန်တီးကာ ဒီနေရာမှထွက်သွားရန် ကြံစည်နေပေသည်။
သူ၏ခြေထောက်အောက်တွင်ရှိသည့် မြေထုတွေက ထိုးထွက်လာခဲ့၏။ ငွေရောင်တောက်ပနေသည့် ရောင်စုံအလင်းတွေက ပွင့်လန်းလာသည်။ ထို့သို့ဖြင့် အဝေးသို့ ဆက်ထားပုံရသည့် ကြီးမားလှတဲ့လှိုင်းကြီးတစ်စင်း ပေါ်လာလေတော့သည်။
” ကြည့်ရတာ ဒီအတိုင်းဆို ငါတို့တွေ ဒါတွေကိုချိုးဖျက်နိုင်လောက်တယ် .. ”
ထာဝရတောင်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်ကအင်္ကျီလက်တွေကိုခါးရမ်းလိုက်ကာ လမ်းကြောင်းကို ပွင့်သွားစေသည်။ ငွေရောင်လှိုင်းကြောင်းဟာ လူတိုင်းကို ရှေ့သို့ ဦးဆောင်ခေါ်သွားနိုင်မည့်ပုံရပေ၏။ ဒီဝင်္ကပါဟာ ပျက်စီးပြီးသားဖြစ်သည်။ ထို့ကြောင့် အခြေနေဟာ မဆိုးဟုတော့ ဖြေဆိုရပေမည်။
ရုတ်တရတ် ရောင်စုံအလင်းတွေက တဖျတ်ဖျတ် လတ်လာသည်။ သူတို့အားလုံးက နန်းတော်ရှေ့သို့ မော့ကြည့်လိုက်သည့်အခါ မြောက်မြားလှသည့် ခရမ်းရောင်အလင်းတွေအားလံက လွှမ်းခြုံထားကြောင်းကို တွေ့လိုက်ရပြန်သည်။ ထိုအရာတွေက တစ်ခုနှင့်တစ်ခု လိမ်ဆက်နေခဲ့ကြကာ ပိုက်ကွန်ကြီးသဖွယ် ကျဆင်းလာခဲ့သည်။
“အား..တစ်ခုခုတော့ မှားနေပြီ .. ”
သူ့၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက အလွန်ပင်နီးကပ်ကာ ပြင်းထန်လွန်းလှသည့် အန္တရာယ်က ချည်းကပ်လာနေသည်ဟု ခံစားနေရသည်။ ထို့ကြောင့် ချက်ချင်း ဘေးကို ခုန်ရှောင်လိုက်တော့၏။ ထိုအချိန်တွင်ပင် ခရမ်းရောင် အလင်းပေါင်းငယ်များစွာက သူ၏ခန္တာကိုယ်သို့ ပြန့်လွှင့်လာကာ လွှင့်ထွက်သွားစေသည်။
ခရမ်းရောင် အလင်းစက်တစ်စက်က သူ၏ပုခုံးကို ထိမှန်သွားခဲ့ပြီး ပြင်းထန်လှစွာဖြင့် နာကျင်မှုကို ခံစားရလေတော့သည်။ ထိုပခုံးက ချက်ချင်းပင်ပေါက်ထွက်သွားခဲ့ပြန်ကာ နက်ရှိုင်းလှသည့်ဒဏ်ရာကြီးကသွေးသန်ရဲရဲဖြစ်နေလေတော့သည်။ မြင်ကွင်းကအလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။
“တကယ်တော့ ဝင်္ကပါက ပြောင်းလဲသွားတာပဲ .. အရာအားလုံးက ငါတို့စီစဉ်ထားသည့်အတိုင်း မဟုတ်တော့ဘူး .. ဒီဝင်္ကပါပုံစံငယ်တွေဆိုတာက အသုံးမဝင်တော့ဘူး .. ”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ကြောက်လန့်တကြားပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် ရှိသမျှ သွေးတွေအားလုံးက ပြောင်းပြန်စီးဆင်းကုန်ပြီဟု ခံစားနေရလေတော့သည်။
သို့သော် သူတို့သိလိုကြသည်မှာ သူ့ကိုမည်သူက ကူညီနေသနည်းဟူသော ဖြစ်ရပ်ကိုသာ ဖြစ်သည်။သူကိုယ်တိုင်တစ်ယောက်ထဲ အားဖြင့်တော့လုပ်နိူင်လိမ့်မည် မဟုတ်ပေ။ သူတို့တွေအားလုံး စိတ်မတည်ငြိမ်နိုင်ကြတော့ပါပေ။
“ကောင်းတယ် .. ကောင်းတယ် .. ကောင်းတယ် .. ကျောက်တုံးကောင်လေး .. မင်းမှာတကယ်ပဲ နည်းလမ်းတွေရှိနေတာပဲ အချိန်တိုအတွင်းမှာတောင်မှ နတ်ဝင်္ကပါတစ်ခုကို ကောင်းကောင်း ခင်းကျင်းနိုင်ပြီး ငါတို့ကိုတောင် တိုက်ဖျက်ခြင်းဝင်္ကပါထဲရောက်အောင် လမ်းညွှန်နိုင်နေသေးတယ် .. ”
သူတို့လွတ်နိုင်ဖို့ရာ လမ်းမရှိတော့ပေ။ ဒီအတိုင်း ရှေ့ဆက်တိုးဖို့ရန်သာ ရှိတော့ပေသည်။ တစ်ချိန်ထဲတွင်ပင် သူတို့က အစွမ်းထက်ဆုံးသော အဖိုးတန် နတ်သိုင်းတွေကို အသက်သွင်းလိုက်ကြကာ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ကြသည်။
“အစောကြီးကထဲက လာတဲ့သူတိုင်း အသတ်ခံရမယ်လို့ ငါကြိုတင် သတိပေးခဲ့သားပဲ .. မင်းတို့မှ မယုံကြတာ .. ဘာပဲဖြစ်ဖြစ် ငါကတော့ စကားကို ပြန်သိမ်းမှာ မဟုတ်ဘူး .. ”
ရှီဟောင်ကပြောသည်။ သူ၏ပုံရိပ်ဟာ အလွန်ပင် ခမ်းနားလွန်းလှကာ ဉာဏ်ပညာ ကြီးမြတ်သည့်ဟန်ပေါက်နေသည်။ သူက ထိုစကားတွေကိုပြောလိုက်သည့်အခါတွင် အလွန်ပင် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းနေသေးပေ၏။
လူတိုင်း၏အမူအရာတွေက ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် လူငယ်တွေဖြစ်သည်။ သူတို့အားလုံးမထိန်းချုပ်နိုင်လောက်အောင် တုန်ယင်နေတော့သည်။ ကျောက်တုံးညီငယ်လေးနဲ့ ရင်ဆိုင်ရသည့်အခါ သူတို့၏ နှလုံးသားက အေးစက်ရပေပြီ။
“ကျောက်တုံးအင်ပါယာ .. မင်း တကယ်ပဲ အားလုံးကိုသတ်ဖို့ ကြံနေတာလား .. မင်းနားလည်ထားရမှာက ငါတို့အားလုံးက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တွေနော် .. ငါတို့အားလုံးသာ သေဆုံးသွားကြမယ်ဆိုရင် ဒီအခြေအနေက ဖြေရှင်းဖို့ရတော့မှာမဟုတ်ဘူး .. ”
အနောက်ဖက်ကလန်မှ တစ်ယောက်ကပြောလာသည်။
သူက ဒီတစ်ကြိမ်တွင်မူ ပြေရာပြေကြောင်း ညှိလိုလှသည်ဖြစ်သဖြင့် ကျောက်တုံးကောင်ငယ်လေး ဟုပင် မခေါ်ရဲတော့ပေ။ သူပြောသည်မှာလည်း မှန်ကန်ပေသည်။ သူ၏ အဆင့်အတန်းဟာ အလွန်ပင် ကြီးမြတ်လှကာ ဒီလောကတွင် မြင့်မားလွန်းသည့် အဆင့်အတန်းတွင်ရှိသည်။ သူတို့ ငါးယောက်လုံး သေသွားခြင်းကပင် အလွန်ပင် ပြင်းထန်လွန်းသည့် ကိစ္စတစ်ရပ်ဖြစ်နေခဲ့ချေပြီ။
နတ်နန်းကလန်ပင်ဖြစ်စေ ထာဝရတောင်ပင်ဖြစ်စေ အနောက်ဖက်ကလန်ပင်ဖြစ်စေ အားလုံးဟာ အလွန်ပင်ဒေါသထွက်ကြကာ မြောက်မြားလှတဲ့လူတွေခေါ်ပြီး ဒီနေရာကို ရောက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် အခြေအနေကမကောင်းနိုင်တော့ပါပေ။
“လမ်းကြောင်းတစ်ခုမှာ အထီးကျန်ပြီးလျှောက်လှမ်းရမှာက ပျင်းဖို့ကောင်းမနေဘူးလား .. ခင်ဗျားတို့လည်း ဒီနန်းတော်ကိုဝင်လာပြီးပြီဆိုမှတော့ ကံကြမ္မာက ဆုံးဖြတ်ပြီးနေပြီ .. ။ ဒါကြောင့် ခင်ဗျားတို့က ငါ့ကို ဖိနှိမ်ပြီး ငါ့ရဲ့ထီးနန်းကိုထိန်းချုပ်ဖို့ ကြိုးစားချင်ခဲ့ကြတာမဟုတ်လား ။ အလားတူပါပဲ .. ခင်ဗျားတို့က ဒီထီးနန်းနဲ့ကံကြမ္မာ စပ်ဆက်နေတာပေါ့ .. ”
ရှီဟောင်က ပြောသည်။
တစ်ဖက်လူ၏မျက်နှာအမူရာကတော့ အလွန်ဆိုးရွားနေခဲ့ချေပြီ။ ယခင်က သူ့ကို ကျောက်တုံးကောင်ငယ်လေးဟုခေါ်ခဲ့ကြကာ မောက်မာလှောင်ပြောင် ဖိနှိပ်လိုခဲ့ကြသည်။ သို့သော် ထိုသည်ကား ဟာသသာလျှင်ဖြစ်သည်။ သူတို့က ယခုအခါတွင် ကူကယ်ရာမဲ့သည့် အခြေအနေသို့ရောက်နေခဲ့ချေပြီ။
” ရှီဟောင် .. မင်း ဒီလိုလုပ်မယ်ဆိုရင် တလောကလုံးက တုန်လှုပ်သွားကြလိမ့်မယ် .. ငါ့ရဲ့နတ်နန်းကလန်က ဒီကိစ္စကို လုံးဝဖြစ်ခွင့်ပြုမှာမဟုတ်ဘူး .. ဒီကိစ္စသာဖြစ်သွားခဲ့မယ်ဆိုရင် မင်းအတွက် ဘာမှဆွေးနွေးခွင့် ရတော့မှာမဟုတ်ဘူးနော် .. ”
နတ်နန်းကလန်မှ တစ်ယောက်ကပြောလာသည်။
“မင်းတို့အားလုံးက ငါ့ကို ဖိနှိမ်ပြီးသတ်ပစ်ချင်ကြတယ် .. ဒါပေမဲ့ ငါကျတော့ ဘာလို့လုပ်ခွင့်မရှိရတာလဲ.. တော်တော် ရယ်ရတယ် ..။ ”
သူက လက်တစ်ဖက်ကို ရမ်းပြလိုက်သည်။ ထိုအခါကောင်းကင်နဂါး ဆယ်ကောင်ကျော်ထွက်လာခဲ့ပြီး ကောင်းကင်တွင် ပျံသန်းထိုးဝင်သွားတော့၏။
နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်လေးယောက်စလုံးက တောက်ပလာခဲ့လေသည်။ အထူးသဖြင့် သူတို့က သူတို့၏ တပည့်ဂိုဏ်းသားတွေကို ကာကွယ်ရန် ကြိုးစားကြလေတော့သည်။ သူတို့အနေဖြင့် အခြားသူကို မစိုးရိမ်နိုင်ကြတော့ပေ။ သို့သော် ကိုယ်ပိုင်တပည့်ဂိုဏ်းသားတွေဖြစ်တာကြောင့် စိုးရိမ်ရသေးသည်။
မူလက နတ်နန်းကလန်မှလူတွေအားလုံးဟာ နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်နှစ်ယောက်နှင့်ဆိုလျှင် အရာအားလုံးကိုလုံလောက်ပြီဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့ရာတွင် သက်လတ်ပိုင်းအရွယ်တာအိုပညာရှင်က အမှန်ပင်သေဆုံးသွားခဲ့သည်။ ထို့ကြောင့် အင်အားမဲ့ရ၏။
“အား ..။”
နတ်နန်းကလန်မှလူတွေအားလုံးက ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။ အလင်းရောင်၏ ဖယ်ရှားခံရပြီးစီးနောက် သူတို့ချက်ချင်းပင် ပေါက်ကွဲသွားကြသည်။ သူတို့တစ်ချက်ပင် မခံနိုင်လိုက်ကြပေ။ ဒီနည်းဖြင့် အားလုံး အရှင်းလင်းခံလိုက်ရသည်။
လက်ရှိအခြေအနေ ရှီဟောင်နှင့်နဂါးအရှိန်အဝါက ချိတ်ဆက်မိနေခဲ့သည်။ သူက အလွန်ပင်စွမ်းအားကြီးလာသည့် နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်သာဖြစ်နေတော့လေသည်။ သူတို့ကိုရင်ဆိုင်ရန် မလွယ်ကူနိုင်လောက်သော်လည်း သူကမူ ပုရွတ်ဆိတ်တွေသတ်နေသကဲ့သို့ သတ်နိုင်လေသည်။
နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်လေးယောက်ကမူ ဒီနေရာတွင် ခပ်ငြိမ်ငြိမ်ထိုင်ကာသေဖို့ရန်ပင် စောင့်ဆိုင်းမနေကြပေ။ သူတို့၏နတ်ဘုရားခန္ဓာကိုယ်တွေက အလွန်ပင်တောက်ပလာခဲ့ကာဖောက်ထွက်ရန် ကြိုးစားလေတော့၏။
နတ်လက်နက် …”
ရှီဟောင်၏ မျက်ဝန်းတွေက တောက်ပသွားသည်။ သေချာပေါက် ထိုအရာက စွမ်းအားကြီးလက်နက်ဖြစ်ရပေမည်။ ထိုကဲ့သို့သောအရာမျိုးကို သူသာ ရမည်ဆိုလျှင် သူ့အတွက်အလွန်အသုံးဝင်နိုင်လောက်သည်။ သူတို့က ထိုအရာကိုပင်သုံးကာ ချိုးဖျက်ရန်ကြံနေတော့၏။
” ဝေါင်း.. ”
ခမ်းနားလွန်းလှသည့် အလင်းရောင်တွေက ထိုးထွက်လာခဲ့ကာ ဖရိုဖရဲဖြစ်နေသည့်စွမ်းအင်တွေကတော့လိုက်ကပ်ပါလာသည်။ ဒီနေရာတွင်ခင်းကျင်းထားသည့်မဟာဝင်္ကပါကနှောက်ယှက်ခံရသည့်အတွက်သင်္ကေတတွေကို လွှတ်ထုတ်လာပြီး ပြင်းထန်စွာဖိနှိပ်လေတော့၏။
ရယ်မောနေသည့် ရှီဟောင်က လက်ထဲတွင်ရှိသည့် ရွှေရောင်မှော်ဓားကို လှုပ်ရှားလိုက်လေတော့သည်။ သူ၏ နတ်လက်နက်ဖြင့် လိုက်သည်။
အနောက်ဖက်ကလန်မှ အခြားသောနတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်က ဒီအခြေအနေကိုမြင်သည့်အခါ သူက စွမ်းအားကြီးလှသည့်လက်နက်ကိုဆွဲထုတ်ပြန်ကာ တိုးဝင်လာတော့သည်။ ဒီနည်းဖြင့် သူဟာ အခြားသူနှင့်ပေါင်းကာ ရှီဟောင်ကို သတ်ပစ်ရန်ကြံသည်။ သို့ရာတွင် သူက လှုပ်ရှားလိုက်သည်နှင့် ရှီဟောင်က အင်ပါယာအဖိုးတန်တံဆိပ်တုံးကို သုံးလိုက်လေတော့၏။ နတ်ဘုရားဝင်္ကပါလေးခုလုံးကို အသက်သွင်းလိုက်ရင်း သူ့ကို ဖိချုပ်လိုက်သည် ။ ဒီနည်းဖြင့် သူ့အနေနှင့်တစ်လှမ်းမှပင် မလှုပ်ရှားနိုင်တော့ပေ။
“ဘာလို့ဝင်္ကပါ ဒီလောက်တောင်များနေရတာလဲ .. ”
သူက အလန့်တကြား ဖြစ်သွားသည်။ ဒီနေရာတွင်နောက်ထပ်ဝင်္ကပါတစ်ခု ရှိနေပြန်၏။
ဒန်.. ”
တခြားတစ်ဖက်တွင် ရှီဟောင်က ပြင်းထန်သည့်တိုက်ပွဲကို တိုက်ခိုက်နေသည်။ ရှီဟောင် ဓားအလင်းတွေက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။ သူ့၏တိုက်ပွဲဝင်အဝတ်အစားက အလွန်ပင်ထူးချွန်ကာ ခမ်းနားသည့်ပုံရပေသည်။ သူက ပုံပန်းသွင်ပြင်ထက်ပင် ပို၍တောက်ပသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
သင်္ကေတတွေက မျက်စိထဲကျိန်းအောင် တောက်ပသည့်အမူအရာမျိုးဖြင့် သူ့ကို ဝိုင်းပတ်နေသည်။ အဖိုးတန်သိုင်းပညာကလည်း သူနဲ့ချိတ်ဆက်ထားခဲ့ကာ ဗာဂျရာ ဗုဒ္ဓ ခန္ဓာကိုယ်သိုင်းနှင့်အတူ သူကလောကကိုဆင်းသက်လာသည်ဟု ထင်ယောင်ထင်မှားဖြစ်သွားကြတော့လေသည်။ လောကတစ်ခုလုံးဟာ သူတို့၏တိုက်ပွဲကြောင့် ပြိုကျတော့မည့်ပုံရသည်။
လူတိုင်းက ဒီမြင်ကွင်းကို ကြည့်ရင်း မူးဝေနေကြသည်။
ထိုလူငယ်ဟာ ဆယ့်ငါးနှစ်သာ ရှိနေသေးသည်။သို့သော် နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တွေကို ယခုလောက်ထိ တိုက်ခိုက်နိုင်နေချေပြီ။
သူတို့ မည်သို့ပြုရတော့မည်နည်း။
သူတို့အားလုံးကသူ့ကို အလွန်ရန်လိုသည့်တိုင်အောင် မည်သည်မျှ တတ်နိုင်စွမ်း မရှိကြတော့ပေ။ မည်သို့ပင်ဆိုစေ ရှီဟောင်က အမှန်ပင်ကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းသည့်ပါရမီရှင်ဖြစ်ကြောင်းကိုမူ လက်ခံရပေမည်။
” ဝေါင်း .. ”
နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး အဖိုးတန် တံဆိပ်တစ်ခုကို ထုတ်သုံးလိုက်ခဲ့တော့သည်။ အဆင်းတော်ရွှေရောင်အလင်းတွေအားလုံးက သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့၏။ တောက်ပလှသည့် ‘ဗာဂျရာ’ နတ်ဘုရားခန္ဓာကိုယ်ကိုဖြစ်ပေါ်လာစေရင်း ရှီဟောင်းကိုလည်း တိုက်ခိုက်ရန်ကြံတော့သည်။
ထိုအချိုန်တွင် ကောင်းကင်က တိမ်စိုင်တွေကအက်ကွဲသွားသည်။ ရွှေရောင်ခန္ဓာကိုယ်က မယုံနိုင်စရာကောင်လောက်အောင်ကြီးမားလာခဲ့၏။ အဖိုးတန်စွမ်းအားတွေဖြင့်နိယာမလောကစည်မျဉ်းးတွေအားလုံးကိုလှုပ်ခါရန်ကြိုးစားသည်။ သူ၏ နတ်အရှိန်အဝါကိုပင် ပြိုင်ဘက်ကင်သည်ဟုပင် သုံးနှုန်းလိုက်သေးသည်။
ရှီဟောင်ကမူ တည်တည့်နေသည်။ သူက တိုက်ပွဲဝင်လှံဖြင့် တဖက်သူတွေကို ခုခံရန်ကြံစည်သည်။သူ၏ခန္ဓာကိုယ်က လူသား ခွန်ပန်တစ်ကောင်ကဲသို့ဖြစ်နေခဲ့၏။ ခွန်ပန်များက တိုးတက်ကြီးမားလာတော့သည်။
” ဟုန်း’… ”
သူက လက်သီးဖြင့် တဖက်သူ၏အဖိုးတန် လက်နက်ကို ပြန်လည်ခုခံသည်။ ထိုအရာမှ မဆုံးနိုင်သည့်အလင်းတွေထွက်လာလေတော့သည်။ သူက စတင်၍လောကကြီးက တွန့်လှိမ်ရှုံ့တွနေကြောင်း နားလည်လေတော့သည်။ ထို့ကြောင့် အာကာသတွေတောင်မှ အက်ရာတွေဖြစ်ပေါ်လာတော့သည်။ ထိုနေရာမှာ မလုံခြုံနိုင်ပေ။
အက်ကွဲသံတွေထွက်လာပြီးသည့်နောက် နဂိုကရှိနေသည့် လမ်းကြောင်းဟာလည်း ပျောက်ကွယ်သွားတော့သည်။ ရွှေရောင်ခန္ဓာကိုယ်က ဖြေးညှင်းစွာပင် လှည့်ပတ်လာခဲ့သည်။ သူက ကြောက်မက်ဖွယ်ကောင်းသည့်အသံတွေကြောင့် ထိတ်လန့်သွားခဲ့ပုံရကာ ပြန်ပြောသည်။
လူတိုင်းကလည်း အလန့်တကြားဖြစ်နေကြသည်။ ရှီဟောင်က အလွန်ပင် စွမ်းအားကြီးလှသည်။ သူ့ကိုအနောက်ဖက်ကလန်ကတောင်မှ အလွန်ပင်မျက်နှာသာပေးရ၏။
ဖူး.. ”
နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်ကသွေးတွေအန်ထုတ်ကာ ရုန်းကန်လှုပ်ရှားသည်။ သူအနေဖြင့် ရှီဟောင်ခန္ဓာကိုယ် တရွတ်တိုက်ဆွဲကာ ပြန်လည် သတင်းပို့နေသည်ကိုကြည့်နေသည်။
တခြားတစ်ဖက်တွင် နတ်နန်းကလန်မှ လူတွေက အလျင်မစလိုကြပေ။ သူတို့ကလည်း မည်သည်မျှပင် လုပ်နိူင်တော့မည် မဟုတ်ပေ။ ရှီဟောင်နှင့် ဒီအတိုင်း ရိုးရိုးတန်းတန်းတိုက်ခိုက်ရှာဖွေရင်း ပြန်သည်က ပိုကောင်းမည်ဟု သူတို့ထင်ပေသည်။
သို့သော် ထိုအချိန်တွင်ပင် လူကြီးလူငယ် အကုန်လုံးက သူတို့ကို မေးလိုက်သည်။
“မင်းတို့ ဘယ်လိုထင်လဲ .. ”
“အားလုံးပဲ ကြည့်ပြီး စီစဉ်လိုက်ကြပါတော့ .. ”
သူက တဖက်လူကို ပြန်ကြည့်သည်။
ထိုအချိန်တွင် နှစ်ယောက်လုံးက ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်ဗလာတွေနှင့်ဖြစ်ကြပြီး ဒေါသတကြီးဖြစ်နေကြသည်။ မဆုံးနိုင်သည့် ဗုဒ္ဓအရှိန်အဝါတွေကို လွှတ်ထုတ်နေလေတော့သည်။
” သူတို့ကို အခန်းတွေကို ပြန်ပို့လိုက်ကြပါတော့ .. သူတို့ရဲ့အရက်သောက်နိုင်စွမ်းအားက ကျောက်တုံးညီငယ်လေးကို တကယ်ကိုမှီခိုသွားပြီထင်တယ်။ ”
ချက်ချင်းပင်နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်နှစ်ယောက်က ဒေါသတကြီးဖြင့် မဆုံးနိုင်သည့် အလင်းတွေကို လွှတ်ထုတ်လာကြသည်။ သူတို့က အလွန်ပင်ပြင်းထန်လှသည့် စွမ်းအားတွေနှင့်အတူ ကျောက်တုံးညီငယ်လေးကို ဒဏ်ရာရအောင် လုပ်စေလိုပေသည်။
ရှီဟောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ နတ်ဝင်္ကပါကို အသက်သွင်းလိုက်ရင်း အားလုံးကို ဖိနှိပ်ချလိုက်သည်။ ထို့နောက် သူက ကြီးမားသည့် ခရင်းခွကြီးကိုကိုင်သည်။ အဆုံးမသတ်နိုင်သည့်စွမ်းအင်တွေ ပိုင်ဆိုင်ထားကဲ့သို့ ပြုမူနေလေတော့သည်။
ဝှီး .. ”
ကောင်းကင်မှာ သတင်းကြားထားသည့် နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တွေအားလုံးက သူတို့မည်မျှစွမ်းအားကြီးစေကာမူ နတ်ဝင်္ကပါထဲတွင် တစ်ချက်ပင် ခံနိုင်မည် မဟုတ်သည့်အတိုင်း သိသွားကြတော့လေသည်။
“သူတို့အားလုံး လက်ကောက်ဝတ်တွေကို အလှီးခံထားရတယ် .. ဒါကြောင့် သွေးဆုံးရှုံးမှုများနေမှာပဲ .. ”
“ကျောက်တုံးညီငယ်လေးနဲ့ထာဝရတောင်က သွေးသားတော်စပ်မှုရှိတယ် .. ဒါကြောင့် ငါတို့ မင်းကို ဒီနေ့ ကူညီဖို့လာခဲ့ကြတာပဲ .. ဒီနည်းနဲ့ ငါတို့ သေရေးရှင်ရေး တွေ့ဆုံဖို့ မျှော်လင့်နေတာပေါ့ .. ”
ထာဝရတောင်မှ လူကပြောသည်။
ကျန်ရှိနေသူကလည်း ကြောက်လှန့်မှုမှ ရုန်းထွက်လာခဲ့ပြီးချိန်မှာ ကြာခဲ့ချေပြီ။ သူက ယခုအချိန်တွင် ကြောက်လှန့်တော့မည် မဟုတ်ပေ။ နတ်ဝင်္ကပါက သူ၏ ခြေထောက် အောက်တည့်တည့်တွင် ရှိနေခဲ့သည်။ ရှီဟောင်ကပင် မပြောလျှင် သူ သတိထားလိမ့်မည်မဟုတ်ပေ။
“ငါတို့အားလုံးက ဆွေမျိုးတွေပဲ .. ဘာပဲဖြစ်ဖြစ် မင်းအခုလှုပ်ရှားတာပဲဖြစ်ဖြစ် နောက်မှလှုပ်ရှားတာပဲဖြစ်ဖြစ် ဘာကောင်းတာရှိပါ့မလဲ .. မင်း ဒီလိုလုပ်နေတဲ့ချိန်မှာတော့ ငါကလည်း ယဉ်ကျေးဖို့လိုနေပြီလား .. ”
ရှီဟောင်က ပြန်တုံ့ပြန်လိုက်သည်။
“ကျွန်တော်နတ်ဘုရားဝင်္ကပါကို မဖြည့်ကျင့်တာကြာပြီဆိုတော့ စမ်းကြည့်ရတာပေါ့ .. ”
သူက ပထမဦးစွာနတ်ဝင်္ကပါကိုသုံးပြီး ထိုသူတစ်ယောက်ကို ဖိနှိမ်ထားလိုက်သည်။ ထို့နောက် သူ၏ ယခင် အဖိုးတန်သိုင်းနှင့် တခြားသောစွမ်းအင်တွေကိုအသုံးပြုပြီး ရင်းနှီး ကျွမ်းဝင်အောင်လုပ်လေ၏။ အမျိုးမျိုးသော သိုင်းပညာတွေဖြင့် ထာဝရတောင်မှလူနှင့်စမ်းသပ်နေလေတော့သည်။
“ကျောက်တုံးညီငယ်လေး .. မင်း ဒီလိုလုပ်ရဲတယ်ပေါ့ မင်းက ထာဝရတောင်ကို မျက်နှာသာ မပေးဘူးလား .. ”
ထိုသူက ဒေါသတကြီးအော်တော့သည်။ ပြင်းထန်သည့်တိုက်ပွဲအတောတွင် သူ၏ဘယ်ဘက်လက်မောင်းက ရှီဟောင်ကြောင့် ပိုင်းဖြတ်ခံထားရကာ သွေးတွေက ဒလဟော ထွက်လာတော့၏။
“ငါကလည်း မေးချင်နေတာပါ ထာဝရတောင်က တကယ်များ ငါ့ကိုဘယ်လိုဆက်ဆံချင်နေတာလဲ .. ”
ရှီဟောင်က ကျယ်လောင်စွာ အော်သည်။
“မင်း”
တခြားသော ထာဝရတောင်မှရောက်လာခဲ့သည်ဆိုသောနတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်က အော်ဟစ်နေတော့သည်။
ရှီဟောင်၏ အရှိန်အဝါက ကောင်းကင်ထိတိုင် ထိုးတက်သွားခဲ့သည်။ သူက နတ်ဝင်္ကပါကိုဖွင့်နိုင်ကာ အခြားသူတွေကို ပိတ်လှောင်ထားလိုက်သည်။ထိုအချိန်တွင် ဖော်မပြနိုင်လောက်သည့်အေးစက်မှုကို ခံစားနေရလေတော့သည်။ သူဟာလက်ထဲတွင် ခရင်းခွကိုကိုင်ပြီး အပြင်ဖက်သို့ ထွက်သွားလိုက်လေတော့သည်။
” အမ်း .. ”
နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်သည်။ သူ၏ခန္ဓာယ်ကိုယ်က သူ၏ကိုယ်ပိုင်မှော်လက်နက်ဖြင့် နှစ်ပိုင်းအဖြတ်ခံထားရသည်။ ထိုသည်ကား သွေးဆုံးရှုံးမှု များပြားစေလေတော့၏။
” မင်း .. ”
အခြားသူကလည်း တုန်ယင်နေသည်။
ရှီဟောင်၏ တိုက်ပွဲပြီးသွားသည့်နောက် သူ၏ အဝတ်တွေက လေနှင့်ပင် တဖျတ်ဖျတ် လွှင့်နေခဲ့ကာ အနက်ရောင်ဆံပင်တွေက ကခုန်နေတော့သည်။ မျက်ဝန်းတွေက လျှပ်စီးကဲ့သို့ ထင်ရ၏။ လက်ထဲတွင်ခရင်းခွကို ကိုင်ထားသည့် သူက အမှန်ပင်လုပ်ရှားတော့မည့်ပုံ ရသည်။
ဟူး .. ။ ”
သွေးတွေက နေရာအနံ့ ပန်းထွက်သွားသည်။ အများစုကို ရှီဟောင်က ခုတ်ပိုင်းသွားခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သစ်ပင်ပေါ်က နောက်ဆုံးတစ်ယောက်ကိုသတ်ပြီးလျှင် သူသည် ဘဝက ထွက်သွားနိုင်ပေလိမ့်မည်။ သွေးတွေက ဆက်တိုက်စီးဆင်းလာသည်။
“ဘယ်လိုဖြစ်ရတာလဲ .. ”
အဝေးရှိ တပည့်ဂိုဏ်းသားတစ်ယောက်က အော်တော့သည်။ သူ့၏ခန္ဓာကိုယ်က ရုတ်တရက် တုန်လာပြီး အားအင်မဲ့စွာလဲကျသွားတော့မည်။
ယခုကဲ့သို့ အိပ်နေသည့် မိစ္ဆာနတ်ဘုရားကိုမြင်ရခြင်းဟာ အဆင့်လွန်ကျွမ်းကျင်ပညာရှင်ငါးယောက်ကိုသတ်ခိုင်းခြင်းထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ သံသယဝင်မနေတော့ပဲ ကောင်းကင်က ဝင်ရောက်စွက်ဖက်လာသည့်အတွက် ဒီနေရာတွင်သာနေရန် ဆုံးဖြတ်လိုက်တော့သည်။ ရှီဟောင်၏ နာမည်က သေချာပေါက်ပင် ထပ်မံကျော်ကြားသွားပေလိမ့်မည်။