သုခကမ္ဘာက ရှီဟောင် - Chapter - 658 " နိုင်ငံလုံးဆိုင်ရာ အလှလေးနှင့် ကောင်းကင်မွှေးရနံ့"
- Home
- သုခကမ္ဘာက ရှီဟောင်
- Chapter - 658 " နိုင်ငံလုံးဆိုင်ရာ အလှလေးနှင့် ကောင်းကင်မွှေးရနံ့"
နေအလင်းရောင်ဟာ ပျောက်ကွယ်မသွားသေးပေ။ ကောင်းကင်ကမူ သွေးတို့ဖြင့် နီရဲကာ ဆေးခြယ်ထားသကဲ့သို့ ထင်နေရသည်။ မှော်ဆန်လှသည့်ကောင်းကင်နန်းတော်ကြီးတစ်ခုလုံးဟာ ခမ်းနားထည်ဝါစွာဖြင့် ရွှေရောင်အလင်းတွေလွှတ်ထုတ်နေရင်း ထီးမားစွာတည်ရှိနေလေပေ၏။
အချိန်တိုအတွင်းပင် နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်ငါးယောက်လုံးဟာ အဆင့်ဆင့်သေဆုံးသွားရလေချေပြီ။ သူတို့သည် ဒီထဲသို့ဝင်လာပြီးရက်စက်ကြမ်းတမ်းစွာအသတ်မခံရသေးခင်အချိန်တွင် အချိန်တခဏလေးသာကြာညောင်းသွားခဲ့သည်။ နေမင်းက တောင်တန်းတွေအောက်သို့ တိုးကွယ်ဝင်ရောက်သွားသည်။
ကျန်ရှိသည့်တပည့်ဂိုဏ်းသားများ၏ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေလေတော့ကာ လှုပ်ရှားမှုအနည်းငယ်တောင်မှ မလုပ်ရဲကြတော့ပေ။ အယောက်ချင်းစီတိုင်းက ခေါင်းအစခြေအဆုံးအေးစက်သွားခဲ့လေပြီ။ သူတို့ကျောက်တုံးညီငယ်လေးကို မည်သည့်နည်းလမ်းနှင့်မျှ နိုင်မည်မဟုတ်ကြောင်းသိသာသွားခဲ့လေသည်။ မည်သူကမှ စမ်းသပ်ကြည့်ရန်လည်း စိတ်ကူးမရှိပါပေ။
” ချွန်း.. ”
ရှီဟောင်က သူ၏ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်သည်။ ကောင်းကင်၏အဆောင် နတ်ခရင်းခွက ကျောပြင်တွင်ရှိနေလေပြီ။ သူက တစ်ချက်နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။ ဤနည်းဖြင့် ဗဟိုကောင်းကင်နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့က နောက်ပြန်လှည့်မကြည့်တော့ချေ။
“ငါတို့တွေ လွှတ်သွားပြီလား …။ ”
တပည့်ဂိုဏ်းသားတစ်ယောက်က အသိပြန်ဝင်လာကာပြောသည်။ ထိုအဖြစ်အပျက်ကြောင့် အလွန်ပင်အံ့သြမှင်သက်နေရသည်။ သို့သော် ယခုလို လျစ်လျူ ရှုခံရသည့်အတွက် ပထမဆုံးပျော်ရွှင်မိလေသည်။
သူတို့တွေအားလုံးဟာ အခြားသူတွေ၏ အမြဲအထင်ကြီးခြင်းကိုခံခဲ့ရ၏။ သူတို့ကို မြင်သူတိုင်း အသက်ကြီးသူပင်ဖြစ်စေ သက်တူရွယ်တူပင်ဖြစ်စေ သူတို့အား ရိုကျိုးစွာ တလေးတစားဆက်ဆံကြရသည်။ သို့သော် ယခုအချိန်တွင်မူ ဒီလျစ်လျူ ရှုခြင်းကို သူတို့ အလွန်ပင် ပျော်ရွှင်သွားမိတော့၏။
“မင်းတို့အသက်ရှင်ချင်ရင် ငါ့နောက်ကို လိုက်ပြီးမေးခွန်း နည်းနည်းဖြေရုံပဲ .. ”
အစောင့်အိုကြီးက ထိုအဖွဲ့နားသို့ ရုတ်တရတ်ပေါ်လာကာပြောသည်။ အစောင့်တွေအားလုံးဟာလည်း ထိုလူငယ်တွေကို အလွန်ပင် တင်းကျပ်ကာ မဲမှောင်သည့်မျက်နှာအမူအရာတွေဖြင့် ကြည့်နေကြသည်။
ထိုလူငယ်အားလုံးဟာ ခပ်မြန်မြန်စိတ်ပြောင်းသွားတော့သည်။ ကျောက်တုံးညီငယ်လေးသွားပြီဖြစ်သဖြင့်အစောင့်တွေလောက်က သူတို့ကိုတားနိုင်မည်ဟုသူတို့ မယုံကြည်ပေ။ ထို့ကြောင့် သူတို့ကသာ အပြင်းအထန်ကြိုးစားပြီးဖောက်ထွက်မယ်ဆိုလျှင်အောင်မြင်လောက်ပေသည်။
ချက်ချင်းပင် တစ်စုံတစ်ယောက်က ဆုံးဖြတ်ချက်ချလိုက်ပြီး အဖိုးတန်လက်နက်တစ်ခုကိုဆွဲထုတ်လိုက်လေသည်။ ထိုသူက ကောင်းကင်သို့ ထိုးတက်ထွက်ပြေးရန်ကြံ၏။ သူတို့ထဲက တစ်ယောက်ကဦးဆောင်လိုက်သည်နှင့် အခြားသူတွေက လိုက်လုပ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဒီနည်းဖြင့်တောက်ပလှသည့်အလင်းရောင်တွေက လင်းထင်းသွားတော့သည်။
ချိ …။ ”
အာကာသပြင်က ရုတ်တရက်တစ်စုံတရာကြောင့်အက်ကွဲသွားပုံရလေပြီ။ ထိုသူတွေအားလုံးထိုးဖောက်ချိတ်ဆက်တော့မည့် တစ်စုံတရာကို ချိုးဖျက်ပစ်လိုက်သည်။ အစောင့်အိုကြီး၏မျက်နှာအမူအရာက မျက်နှာသေနှင့်သာဖြစ်နေသေး၏။ သူက အင်ပါယာနန်းတော်အတွင်းတွင်ရှိသည့်ဝင်္ကပါကိုသာ အသက်သွင်းလိုက်ခြင်းဖြစ်သည်။ အမျိုးမျိုးသောသင်္ကေတတွေက ကောင်းကင်ထဲသို့ အလောတကြီးတိုးဝင်သွားတော့သည်။
မျက်တောင်တခတ်အချိန်လေးတွင်ပင် ထွက်ပြေးသွားတော့မည့် တစ်ဖွဲ့လုံးက ကောင်းကင်တွင်ပင် လောင်ကျွမ်းပြာကျသွားရတော့သည်။ သူတို့ကကြောက်မက်ဖွယ်ကောင်းစွာ မျက်စိထဲတွင်တောက်ပလှသည့်အလင်းရောင်ကြယ်ကြွေသကဲ့သို့ ကျဆင်းလာသည်။
အောက်တွင် ကျန်နေသေးသည့်သူတွေကမူ ရေခဲရုပ်ထုတွေအလား ကြောင်အစွာရပ်နေကြ၏။ အနည်းငယ်ပင်မလှုပ်ရှားနိုင်တော့ပေ။ သူတို့က ပူးပေါင်းဆောင်ရွက်ကာသာ ဦးဆောင်မှုနောက်မှ လိုက်သွားလေတော့လေသည်။
ဒီတိုက်ပွဲတွင် နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်ငါးယောက်စလုံးအသတ်ခံရပြီး တစ်ယောက်မှမလွှတ်သွားခဲ့ပေ။ ဒီတိုက်ပွဲရလဒ်တစ်ခုထဲကပင် လောကတစ်ခုလုံးကို တုန်ယင်စေနိုင်ပြီး ကြောက်လှန့်တကြားဖြင့် ဖျားသွားစေရန်ပင် လုံလောက်နေခဲ့လေပြီ။
“တိုက်ခိုက်ကြတော့ …။ ”
ဗဟိုကောင်းကင်၏နန်းတော်ရှေ့တွင် ရှီဟောင်ကရွှေရောင်တိုက်ပွဲဝင် ဝတ်ဆင်ထားပြီး ဓားကိုမြှောက်ကာ ကောင်းကင်သို့ညွှန်ရင်း အမိန့်ပေးသည်။ ထို့နောက် သူက မြောက်မြားလှသည့်ဗိုလ်ချုပ်တွေကို ဦးဆောင်သည်။ ရွှေရောင်ရထားလုံးကို စီးလိုက်ပြီး အပြင်သို့ ထိုးထွက်ရန် ကြံစည်တော့၏။
နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်ငါးယောက်ဝင်သွားပြီးကထဲက အပြင်တွင်စောင့်ဆိုင်းနေသည့်ဂိုဏ်းသုံးဂိုဏ်းမှ လူပေါင်းမြောက်မြားစွာရှိသည်။ သူတို့က သတင်းကောင်းကို စောင့်ဆိုင်းနေကြခြင်းသာဖြစ်သည်။ သို့သော် ရှီဟောင်၏ ရထားလုံးကလေထုကို ထိုးခွဲပြီး မြန်ဆန်ကျယ်ပြောလှသည့်ဆူညံသံတွေဖြင့်ရောက်လာ၏။ သူတို့ကို အမြစ်ပြတ်သုတ်သင်ရန် ကြံစည်လေတော့သည်။
ရှီဟောင်ဟာ နဂိုကထဲက အလွန်ဆုံးဖြတ်ချက်ပြတ်သားကာ ရက်စက်ကြမ်းတမ်းသည့်သူမှန်း သတင်းတွေကျော်ကြားပြီးသားဖြစ်သည်။ သူက အမြဲထိုသို့သာ ပြုမူခဲ့လေ၏။ သူတို့ အဖမ်းခံရသည်ဖြစ်စေ အသတ်ခံရသည်ဖြစ်စေ ရလဒ်ကတော့ အတူတူသာဖြစ်သည်။ တိကျသည့်အကြောင်းအရာမှာ ဂိုဏ်းသုံးဂိုဏ်းမှကျွမ်းကျင်ပညာရှင်များ ရှုံးသွားခြင်းသာဖြစ်သည်။
ထိုညဟာ သွေးလွှမ်းသည့်ညဖြစ်ခဲ့သည်။ ကျောက်တုံးတိုင်းပြည်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်ကြရပြန်သည်။ အမျိုးမျိုးသောအင်အားစုတွေက ကြောက်လှန့်မှုကြောင့် ဆိတ်ဆိတ်ငြိမ်နေကြရ၏။ အင်ပါယာအသစ်ဟာ အမှန်ပင်စွမ်းအားကြီးမားလှသည်။ ဂိုဏ်းသုံးဂိုဏ်းမှ တပ်ဖွဲ့များကိုပင် တသုတ်ထဲနှင့်ရှင်းပစ်နိုင်စွမ်းရှိသည်။ ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်း ပြင်းထန်သည့်သက်ရောက်မှုဒဏ်ကို ခံရသည်သာဖြစ်သည်။ မသေရင်တောင် သူတို့သာမန်ဖြင့်လွတ်မြောက်သွားလိမ့်မည် မဟုတ်ပါပေ။
သာမန်လူတွေအတွက်မူကား ဒါက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် သူတို့အင်ပါယာအမည်ကို ဟစ်ကြွေးကာဆွေးနွေးရမည့်အကြောင်းအရာတစ်ခုဖြစ်လာတော့သည်။ အတွင်းရေးကိစ္စတွေကို သူတို့နားမလည်ရင်တောင်မှ အပြင်ဖက်ဂိုဏ်းတွေက မကောင်းသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ကို သူတို့ သိထားကြပေသည်။ ထို့ကြောင့်သူတို့၏အင်ပါယာအသစ်က ယခုကဲ့သို့ပြိုင်ဘက်ကင်းနေသည့်အတွက် ဂုဏ်ယူကြလေသည်။
ဒီအဖြစ်အပျက်က ကောင်းကင်အောက်တွင်ပြိုင်ဘက်ကင်းကာ သမိုင်းတွင်စရာ အဖြစ်အပျက်သို့ဖြစ်သွားခဲ့ချေပြီ။သတင်းတွေက ဒီလိုနှင့်ပျံ့နှံ့သွားပြန်ကာ နေရာတိုင်း ဆူပူအုံကြွရပြန်သည်။
အင်ပါယာနန်းတော်၏ ရတနာသိုက်ထဲတွင် ရှီဟောင်က လှည့်လည်လျှောက်ပတ်ကြည့်နေသည်။ သူကနတ်ဘုရားပစ်ချက် ကျောက်တုံးလေးနှင့်စကားစမြည်ပြောကာ ဝင်္ကပါကို မည်သို့ဖြန့်ကျက်ရန်နှင့် မည်သို့အဖိုးတန်ရတနာပစ္စည်းများ အစားထိုးသင့်ကြောင်းဆွေးနွေးနေပေ၏။ အချိန်တိုင်း သူက မြေစွမ်းအင်ဖြင့်လုပ်ထားသည့် ပစ္စည်းကိရိယာလေးတစ်ခုကို ဆော့ကစားနေသေးသည်။
“အစ်ကိုကြီးက ဉာဏ်ပညာရှိပြီး ကြီးမြတ်လွန်းလှပါပေတယ် .. သူရဲကောင်းဆန်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ပြယုဒ်တစ်ခုပါပဲ .. အစ်ကိုကြီးက သေချာပေါက် သူရဲကောင်းတွေအားလုံးကိုကျော်ဖြတ်ပြီးအထွတ်အထိပ်မှာရပ်တည်ရမဲ့သူမျိုးပါ .. နတ်ဘုရားလိုမျိုး ကောင်းကင်ကိုတောင်လွှမ်းခြုံနိုင်တဲ့ပြိုင်ဘက်ကင်းစွမ်းအားတွေကို ပိုင်ဆိုင်ထားမည့်သူမျိုးပါပဲ ..။ အစ်ကိုကြီးလိုလူမျိုးက သေချာပေါက်နယ်ပယ်ရှစ်ခုလုံးမှာ အရမ်းအရမ်းကို အစွမ်းထက်တဲ့နတ်ဘုရားလိုပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးတစ်ယောက်လိုဖြစ်နေတော့မှာပေါ့ .. ကောင်းကင်အောက်မှာလည်း ပြိုင်ဘက်ကင်းတယ် .. စကြာဝဠာကြီးတစ်ခုလုံးမှာတောင်မှ နံပါတ်(၁)ဖြစ်ပြီ .. ။ ”
နတ်ဘုရားပစ်ချက်ကျာက်တုံးလေးက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အသည်းအသန်ပင် ချီးကျူ းနေလေတော့သည်။ သူ၏ကိုယ်ပေါ်ထွင်းထုထားသည့် မဟာအဖိုးတန်သင်္ကေတတွေကတောင်မှ တဖျက်ဖျက်လတ်နေတော့သည်။ အကယ်၍ ဝင်္ကပါကိုတောင်မှ ထပ်မံခင်းကျင်းမည်ဆိုလျှင် အဖိုးတန်ပစ္စည်းတွေကိုသုံးရပေမည်။ ထိုသို့သုံးသည့်အခါ သူ နည်းနည်းပါးပါး ယူဆောင်၍ ရနိုင်ရန် မျှော်လင့်နေတော့၏။
စေတီလေးကမူ မလှုပ်ရှားတော့ပေ။ သူက တည်ငြိမ်စွာသာနေသည်။ ထိုသို့နေခဲ့သည်မှာ ရက်အတော်ပင်ကြာခဲ့ချေပြီ။ နတ်ဘုရား ပစ်ချက်ကျောက်တုံးလေးက အဖိုးတန်ပစ္စည်းတွေကို ဝါးမြိုနေသည်ကို သူ မြင်သည့်တိုင်အောင် သူက ဝင်မနှောက်ယှက်တော့ပေ။ ရှီဟောင်ကိုပင် အဖိုးတန်ပစ္စည်းတွေနဲ့အလဲအလှယ်လုပ်ပြီး ဖိနှိပ်ရန်ဆိုသည့်အကြောင်းတရားကိုပင် သူက တွေးကြည့်နေသေးပေသည်။ သို့သော် ရှီဟောင်က ထိုသို့အဖိုးတန်ပစ္စည်းတွေကို အခြားသူအပေါ်သုံးနေသည်ကြောင်းကိုမြင်ရသည့်အခါတွင်မူ သူ နာကျင်နေရပေသေးသည်။
ရှီဟောင်က နှာခေါင်းရှုံ့ကာပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီ့အဖိုးတန်ပစ္စည်းတွေကို မင်းအပေါ်မှာသုံးတာထက်စာရင်အများကြီးကောင်းပါတယ် .. ငါ မင်းကို နတ်ပစ္စည်းတစ်ခုပေးတဲ့အချိန်တိုင်း မင်းက ငါ့ကို တစ်ကြိမ်ကူညီပေးတယ် .. ဒီလိုဆိုပေမဲ့ ငါက ဝင်္ကပါကို ခင်းကျင်းတဲ့အခါ မင်းကိုနေရာတွေအများကြီးမှာသုံးဖို့ ထည့်စဉ်းစားရမယ်ထင်တယ် .. ရန်သူတွေ ဘယ်လောက်လာလာ .. ငါမင်းကိုသုံးပြီး သူတို့ကို ဖိနှိပ်ရမယ် .. သတ်ပစ်ရမယ် .. ”
“မင်းပစ္စည်းတွေကို ဘယ်လိုတောင်ဖြုန်းတီးနေနိုင်တာလဲ .. ကောင်းကင်ရတနာတွေကို ဒီလိုပဲ သုံးနေတော့မလို့လား .. မင်းက သူတို့ကို ငါ့ကိုပေးမယ်ဆိုရင် ငါကသေချာပေါက်အံ့အားသင့်ဖွယ်ကောင်းတဲ့ တိုက်ဖျက်ခြင်းဝင်္ကပါကို ခင်းကျင်းပေးမယ်လို့ ဆန္ဒပြုတယ် .. ”
စေတီလေးက မနေနိုင်တော့ပဲ ဝင်ပြောရတော့လေသည်။ သူ မကျေနပ်သည့်တိုင်အောင် သူ ဆက်၍မနေနိုင်တော့ပေ။
“ဒီလိုဆို ငါတို့အရမ်းကိုကြီးမားတဲ့ ဝင်္ကပါတစ်ခုခင်းကျင်းရင်ရော .. ”
ရှီဟောင်က စေတီလေးကို တစ်ချက်ကြည့်လိုက်သည်။ သူက အမှန်တကယ်ပင် လိုချင်တာအားလုံးကိုပေးတော့မည့် အရိပ်အယောင်ပြလာ၏။
“မင်းက ငါ့ကို ဘာလုပ်ခိုင်းမှာလဲ .. ”
စေတီလေးကလည်း အတွေ့အကြုံရှိသူပီပီပြန်ကြည့်လိုက်သည်။
“ကျောက်တုံးတိုင်းပြည်ရဲ့အစောင့်အရှောက် ဝိဉာဉ်အဖြစ်မင်းနေရင်ရော ဘယ်လိုလဲ .. ”
ရှီဟောင်က မေးသည်။
ဒီနေရာ၏ အစောင့်အရှောက်ဝိဉာဉ်ဆိုသည်မှာ ပျောက်ကွယ်သွားခဲ့တာကြာလှပြီဖြစ်သည်။ ထပ်မံပေါ်ထွက်လာခြင်းမရှိတော့ပေ။
စေတီလေးက တိတ်ဆိတ်သွားတော့သည်။ သူကဒီလောက၏ ကိစ္စတွေကို ဝင်မပါချင်ပေ။ ထို့အပြင် တချို့သောအင်အားစုတွေကိုလည်း ကြောက်လှန့်မိသေးပေ၏။ သို့ရာတွင် သူ့ရှေ့ရှိ လူငယ်ဟာ အလွန်မင်းစိတ်ရှည်သည်းခံကာ ရက်စက်ကြမ်းတမ်းသည့်အမူအရာကို ပိုင်ဆိုင်ထားသည့်တိုင်အောင် အလွန်ထူးချွန်သိသူဖြစ်ကြောင်းကိုမူ သူ သေချာနားလည်ထားပေသည်။ မည်သို့ပင်ဆိုစေ ဒီကမ်းလှမ်းချက်ကလည်း သူ့ကို စိတ်လှုပ်ရှားစေပေ၏။
“တကယ်လို့ အဆိုးရွားဆုံးကိစ္စဖြစ်လာရင်ရော ဘယ်လိုလုပ်ကြမလဲ .. မင်းအနေနဲ့သာမန်အတိုင်း ကျောက်တုံးတိုင်းပြည်ကိုကာကွယ်ပေးပြီးအစောင့်အရှောက်ဝိဉာဉ်ဆိုတဲ့အဆင့်အတန်းကိုဖော်ထုတ်ကစားပြရုံပဲ .. ကပ်ဘေးကျရောက်လာတဲ့အခါမှာမင်းက ပုန်းနေနိုင်တယ် .. ဒီလိုနည်းလမ်းတွေနဲ့ရတနာတွေကိုဝါးမြိုပြီး မင်းအထွတ်အထိပ်အဆင့်ကိုပြန်ရောက်သွားနိုင်တာပဲ မဟုတ်ဘူးလား ..”
ရှီဟောင်က အင်ပါယာနန်းတော်အတွင်းတွင်ရှိသည့် မည်သည့်ရတနာကိုမဆို ယူခွင့်ပြုမည်သာမကပဲ အစောင့်အရှောက်ဝိဉာဉ်အဖြစ် တစ်ကြိမ်ပြုပေးရုံဖြင့် ကျောက်တုံးတိုင်းပြည်၏စွမ်းအင်တွေထဲမှ သူ လိုအပ်သည့် နတ်ရတနာတွေကို ရှာဖွေခွင့်ပြုလိုက်ပေသည်။
စေတီလေး အမှန်ပင် စိတ်ဝင်စားသွားရသည်။သူ့အနေဖြင့်ခန္ဓာကိုယ်ကို ပြန်လည်မွမ်းမံရန်အတွက်မရေမတွက်နိုင်သည့်နတ်ရတနာများစွာ လိုအပ်သည်။ သို့ရာတွင် အတိတ်တွင်ဖြစ်ခဲ့သည့်တိုက်ပွဲတွေကြောင့် အများအပြားဟာ ကန့်သတ်ခံခဲ့ရပြီဖြစ်သည်။ စွမ်းအင်ပေါကြွယ်ဝသည့်ပစ္စည်းတွေကိုရှာတွေ့ရန်က အလွန်ပင် ခက်ခဲနေတော့လေသည်။ ကျန်ခဲ့လျှင်ပင် အလွန့်အလွန် အထွက်အမြတ်ဆန်ကာ ရှားပါးနေလောက်မည်ဖြစ်သည်။
စေတီလေးအတွက်မူကား တလောကလုံးက ဟန်ချက်ညီသည်။ တစ်စုံတစ်ယောက်ကသာ တစ်စုံတရာကိုလိုချင်လျှင် သူတို့ကသေချာပေါက်တိကျတူညီတဲ့တန်ဖိုးကို ပြန်ပေးရပေလိမ့်မည်။ သူကိုယ်တိုင်ကဲ့သို့ အလွန်ထူးခြားသည့်တည်ရှိမှုကြီးတစ်ခုအနေနှင့်တောင်မှ ဒါကို နားလည်သဘောပေါက်ထားသည်။
သိပ်မကြာခင် ( သို့ ) ချက်ချင်းပင် ကံအပြောင်းအလဲက ပြန်ပေးဆပ်ရန်ရောက်လာနိုင်ပေ၏။ ထို့ကြောင့် ကတိစကားတည်မြဲခြင်းက အကောင်းဆုံးဖြစ်ပေသည်။ စေတီလေးက တုံ့ဆိုင်းနေသည်။ သူကသာအစောင့်အရှောက်ဝိဉာဉ်ဖြစ်သွားလျှင် အင်ပါယာနန်းတော်အတွင်းက ဒီရတနာတွေအားလုံးကို ယာယီအားဖြင့် သူ လိုအပ်သလိုသုံးနိုင်သွားပေလိမ့်မည်။ ဝင်္ကပါကိုသူ ခင်းကျင်းရမည်ဖြစ်သည့်အပြင် သူက မွမ်းမံပေးရမည်။ ဒီလိုလုပ်သည့်အခါ အဖိုးတန်ရတနာများစွာလိုအပ်ကြောင်းကိုလည်း သူ သေချာနားလည်ထားသည်။ ထို့အပြင် ရတနာတိုက်ထဲတွင်ရှိသည့်လက်နက်ပစ္စည်းတွေက ရှေးခေတ်အချိန်ကထဲက ရှိခဲ့သည့်အရာတွေဖြစ်သည်။
“တကယ်လို့ နောက်ထပ်ကပ်ဘေးတစ်ခုဖြစ်လာမယ်ဆိုရင်ရော .. ဘာဖြစ်မလဲ .. မင်းက မင်းကိုယ်တိုင် ခုခံကာကွယ်နိုင်စွမ်းရှိတော့မှာ မဟုတ်ဘူးနော် .. မင်းကိုမင်းသာ မမွမ်းမံထားဘူးဆိုလျှင် မင်းကအချိန်မရွေးပျက်စီးသွားနိုင်ဖို့ အလားအလာရှိနေတယ် .. ဒါပေမဲ့ မင်းကသာ အမြဲတမ်း မာနကြီးနေမယ်ဆိုလျှင် ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်လည်ပြုပြင်နိုင်ပါ့ဦးမလား .. မင်း ဒီအခွင့်အရေးကိုသာ ဖမ်းမဆုပ်ဘူးဆိုရင် မင်းအနေနဲ့ ထာဝရ ဒီအတိုင်းပဲ စောင့်ဆိုင်းနေရပြီး အထက်ကို ဘယ်တော့မှတက်နိုင်တော့မှာ မဟုတ်ဘူး .. တကယ့်တကယ် ကပ်ဘေးကြီးကျဆင်းလာတဲ့အချိန်မှာ ကြောက်လန့်မှုတွေ မမျှော်မှန်းထားတဲ့အပြောင်းအလဲတွေဖြစ်လာပြီး ကံဆိုးမှုကို လွဲချော်သွားခဲ့တဲ့အတွက် နောင်တရနေရလိမ့်မယ် .. ဒါကြောင့် ဒါကို မဟာအခွင့်အရေးတစ်ခုအနေနဲ့စဉ်းစားပြီး တိုက်ခိုက်ဖို့တွေးတောပေးပါ .. ”
ရှီဟောင်က စေတီလေးကို နားချနေသည်။ သူက ဆက်တိုက်ပင် အဆုံးမသတ်နိုင်လောက်အောင်ပြောပြနေလေတော့၏။ နားငြီးလွန်းလှသဖြင့် စေတီလေးခမျာ ကျိန်းဆဲလုနီးပါးဖြစ်သွားရတော့သည်။
“ကောင်လေး .. မင်းက ငါ့ထက်တောင်မှ စိတ်လှုပ်ရှားနေလိုက်သေးတယ် .. မင်းအနေနဲ့ ဒီနေရာကိုထပ်ပြီး မခုခံနိုင်တော့ဘူးလို့ တွေးနေပြီမဟုတ်လား .. ဂိုဏ်းသုံးဂိုဏ်းကိုကျ ရန်စပြီး အခုကျမှ ဒီလူတွေကို အပျက်ရှင်းခိုင်းချင်နေတယ်ပေါ့လေ .. ”
စေတီလေးက သူ့ကို အထင်တသေးကြည့်လိုက်သည်။
“မင်းရဲ့ခံစားရတာတွေထဲက ဆန့်ကျင်ဘက်ဖြစ်တဲ့အကြောင်းအရာတွေပြောပြီး ငါ့ကို ရန်စဖို့ကြိုးစားနေတာတွေကို ရပ်တန့်လိုက်ပါ .. အနည်းဆုံး မင်းက နတ်ရတနာတွေကို လိုတယ် .. ဒါပေမဲ့ အမြဲတမ်းဟန်ချက်ညီတာတွေ အပေးအယူဆိုတာတွေကိုပဲ တစ်ချိန်လုံးပြောနေခဲ့တာ .. မင်း အခုအချိန်မှာ ငါကမင်းကိုအခွင့်အရေးပေးလိုက်ပြီဖြစ်တဲ့အတွက် တိုင်းပြည်အစောင့်အရှောက်ဝိဥာဉ်ဆိုတဲ့ အလွန်မြင့်မားလှတဲ့အဆင့်အတန်းကို လက်ခံရယူပြီး ငါ့ကို ပြန်ကူညီပါ .. ပြောပါ .. မင်း လက်ခံမှာလား .. လက်မခံဘူးလား.. ”
ရှီဟောင်က မေးလိုက်သည်။
“ကောင်လေး .. မင်းက တကယ်ပဲတွေးတောတတ်လွန်းပါတယ် .. မင်းက ငါ့ကိုတောင်မှ ဒီကိစ္စကိုသုံးပြီး အကာအကွယ်လုပ်လိုက်သေးတယ်ပေါ့ .. ”
စေတီလေးက သူ့ကို သဘောမကျသလိုကြည့်သည်။ သူ၏ခန္ဓာကိုယ်မှ မျက်စိနှင့်တူလှသည့်အလင်းစက်နှစ်စက်ထွက်ပေါ်လာခဲ့ကာ ပါးစပ်ပုံစံအရာလေးပဲ ထွက်လာခဲ့ပေ၏။ အထင်တသေးပြုံးပြနေတော့၏။
“ဒါက မဟာအင်အားပဲ .. ငါက အချိန်အတိုင်းအတာတစ်ခုအထိ တွေ့မြင်ခဲ့ပြီးပြီ .. ဒါကြောင့် ရပ်တန့်ဖို့ရာ မရှိတော့ဘူး .. တစ်စုံတစ်ယောက်ကသာ ကောင်းကင်ထိတိုင် ထိုးတက်သည့်အထိ မြင့်တက်သွားချင်တယ်ဆိုရင် သေချာပေါက် အသည်းအသန်ကြိုးစားအားထုတ်ပြီး အရာရာကို ယှဉ်ပြိုင်နိုင်မှ ဖြစ်လိမ့်မယ် .. အခုပဲဖြစ်ဖြစ် နောက်ပဲဖြစ်ဖြစ် ငါကိုယ်တိုင် ငါ့လမ်းကိုဖောက်ပြီး အထက်ပိုင်းနယ်မြေကို သွားနိုင်မှာက အသေအချာပဲ .. ”
ရှီဟောင်က ဆိုလာသည်။
စေတီလေးကတော့ ကျိန်ဆဲနေမိသည်။ သူ့ကိုယ်သူ သစ်ပင်တစ်ပင်ကို လှုပ်ခါနိုင်သည့် ပုရွတ်ဆိတ်တစ်ကောင်ကိုကြည့်နေရသကဲ့သို့ သူ ထင်နေလေတော့၏။ သို့ရာတွင်မူ အဆုံးတွင် သူ ပြန်ထိန်းနိုင်လိုက်သည်။ ဒီလူငယ်လေးဟာ အမှန်ပင် စကားကြီး စကားကျယ် ပြောနိုင်၏။ စေတီလေးအနေဖြင့် မည်သည့်အရာကိုမဆို မလုပ်ဆောင်ပဲသေချာဂရုစိုက်ထားတတ်သည်မှာ ပုံမှန်ဖြစ်နေခဲ့သည်။
“ငါ့ကိုရန်စရင် ဘာဖြစ်မလဲဆိုတာ မင်း သေချာမသိသေးဘူးပဲ .. ဟန့် .. ငါကသာ ငါ့ရဲ့စွမ်းအားအရှိန်အဝါကို ထုတ်ဖော်ပြလိုက်မယ်ဆိုရင် ဒီလောကထဲက ဘယ်လိုအရာကမှ ငါ့ကိုမကြောက်လှန့်ပဲနေရဲမှာမဟုတ်ဘူး။ .. ကောင်းကင်နဲ့မြေကြီးအားလုံးကပြောင်းပြန်လှန်သွားပြီး အရာအားလုံးအစကနေပြန်စရလိမ့်မယ် .. ”
စေတီလေးက ကြောက်မက်ဖွယ်ကောင်းလှသည့်စကားကိုပြောလိုက်သည်။
“ဆိုတော့ မင်းက သဘောတူတာလား .. ”
ရှီဟောင်ကတော့ မှင်သက်နေသည်။
“ဒီလိုကျောက်တုံးတိုင်းပြည်လို သေးငယ်တဲ့တိုင်းပြည်ငယ်လေး အစောင့်အရှောက်ဝိဥာဉ်တစ်ခုဖြစ်ဖို့ဆိုတာက ဟာသပဲ .. မင်းကသာ အဆင့်မြင့်နယ်မြေတွေကိုချိုးဖျက်ဝင်ရောက်ပြီး ကောင်းကင်ပေါ် အရှင်သခင်တစ်ရပ်ဖြစ်လာနိုင်မယ်ဆိုရင် ငါ့ကိုအစောင့်အရှောက်ဝိဥာဉ်အဖြစ်လက်ခံမယ်ဆိုတာကမှ နားထောင်လို့ကောင်းဦးမယ် .. ”
စေတီလေးကပြောသည်။
“မင်းက ဘာကိုပြောချင်နေတာလဲ .. ငါ တကယ်ပဲအဆင့်မြင့်နယ်မြေကိုဝင်ရောက်ပြီး ကောင်းကင်အင်ပါယာအရှင် ဖြစ်လာရင် မင်းရဲ့အစောင့်အရှောက်ဝိဥာဉ်တစ်ယောက်ရဲ့အင်အားကို လိုဦးမယ်လို့ထင်လား … ငါကိုယ်တိုင် အဲ့ဒီချိန်မှာ လောကရဲ့ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်နေလောက်ပြီလေ .. ”
ရှီဟောင်၏ နှုတ်ခမ်းဟာလည်း တွန့်ကွေးနေတော့သည်။
” ဟ .. မင်းက ဘာသိလို့လဲ .. အဲ့ဒီ့အချိန်ကျရင် ပိုပြီးတော့တောင်အန္တရာယ် များနေဦးမယ် .. မင်းက ဒါကိုနားလည်နိုင်တဲ့အခြေအနေ မရောက်သေးပါဘူး .. ”
စေတီလေးကလည်း အထင်တသေးပြန်ပြောပြန်သည်။
ထို့နောက် အရာရာက တိတ်ဆိတ်သွားတော့၏။ သူတို့တွေ အချိန်အကြာကြီးတွေးတောနေကြသည်။သို့သော် ရှီဟောင်ကမူ စိတ်လှုပ်ရှားနေပေသည်။ ရလဒ်အနေဖြင့် သူက ကျောက်တုံးရွာကိုပင် ခဏပြန်ချင်သည်။ မိုးမခ နတ်ဘုရားသာ လှုပ်ရှားရန်ဆန္ဒရှိမည်ဆိုလျှင် ပို၍အဆင်ပြေပေမည်။
“ငါတို့တွေ မိုးမခ နတ်ဘုရားကို လှုပ်ရှားအောင်လုပ်နိုင်လောက်လား ..။ ”
ရှီဟောင်ကပြောသည်။ မိုးမခနတ်ဘုရားကသာ လှုပ်ရှားပေးမည်ဆိုပါက မည်သည့်အရာကိုမှကြောက်လန့်နေရန် လိုအပ်တော့မည် မဟုတ်ပေ။ မဟာလောကပင် ဖြစ်စေ ကောင်းကင်ဘုံ ကိုးခုပင်ဖြစ်စေ အရာအားလုံးအက်ကွဲသွားလိမ့်မည်ဟု သူကတော့ ယုံကြည်သည်။
အင်ပါယာနန်းတော်ဟာ အလွန်ပင် ငြိမ်းအေးနေခဲ့သည်။
သေချာသည်မှာ အပြင်ဘက်လောကကမူ ပေါက်ကွဲထွက်နေသကဲ့သို့ ဖြစ်နေခဲ့ချေပြီ။ မဟာအပြောင်းအလဲကြီးကြီးမားမား ဖြစ်ပျက်နေခဲ့ပြီး ဆူပူအုံကြွမှုတွေက ဆက်တိုက်ဖြစ်ပျက်နေတော့၏။
ရှီဟောင်က အရာအားလုံးကိုခေတ္တမေ့လျော့သွားကာ အေးချမ်းစွာဖြင့် ကျင့်ကြံနေခဲ့သည်။ သူက ရှန်းနီ၏ အဖိုးတန်သိုင်းကို လေ့ကျင့်နေခဲ့၏။ ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲဝင်သည့် ကြောက်မက်ဖွယ်သားရဲဆယ်ကောင်ထဲမှ တစ်ကောင်ဖြစ်သည့် ဆုအားနီ ( ရှန်းနီ ) ၏ အဖိုးတန်သိုင်းပညာဟာ ကျောက်တုံးတိုင်းပြည်ကလန် အစောင့်အရှောက်နတ်သိုင်းတွေထဲမှ တစ်ခုဖြစ်ခဲ့သည်။ မိုးကြိုးနှင့်လျှပ်စီးတိုက်ခတ်အားတွေဟာ လောကမှာပြိုင်ဘက်ကင်းကာ လူအများလက်ခံထားသည့်အကြောင်းအရာဖြစ်၏။
သူ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့်အစောင့်အိုကြီးနဲ့စစ်ဘုရင်တို့က သူ့ကို လာတွေ့ကြသည်။ သူတို့က လာရသည့်ရည်ရွယ်ချက်ကိုပြောပြကြ၏။ တိုင်းပြည်တစ်ခု၏ အင်ပါယာတစ်ရပ်အနေဖြင့် အင်ပါယာကိုယ်လုပ်တော်တစ်ယောက်မှ မရှိ၍ မဖြစ်ပါပေ။ ထိုအရာက သူ၏အာဏာကိုပင် ထိပါးလာလောက်သည့်အထိ ရှေးရိုးစွဲတို့၏ကိစ္စလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အင်ပါယာ ကိုယ်လုပ်တော်တွေအတွက် အနောက်နန်းဆောင်တွေဟာ သီးသန့်ဖွင့်ထားသင့်ကာ မောင်းမဆောင်ကို ပြည့်နှက်နေစေသင့်ပေ၏။
ရှီဟောင်ကတော့ ဆွံ့အနေသည်။ သူက ရယ်လိုက်ပြီး ခေါင်းခါရင်း ပြောလိုက်၏။
“ခင်ဗျားတို့တွေ စိုးရိမ်ဖို့မလိုပါဘူး .. ကျွနုုပ်လိုအပ်တာကို အကူအညီပေးမည့် အစေခံက ရှိပြီးသားပဲလေ .. ”
ကြေးနီရောင်စာအုပ်တစ်အုပ်ထွက်ပေါ်လာခဲ့၏။ အထဲတွင် အလင်းရောင်များ တလတ်လတ်တောက်ပလာခဲ့ပြီး အလွန်ပင် လှပလှသည့်အမျိုးသမီးတစ်ယောက်ရှိသည့်ရွှေရောင်လျှောက်လမ်းတစ်ခုပေါ်လာခဲ့သည်။ သူမက ပန်းချီဆွဲထားသည့် နတ်သမီးပုံပြင်တစ်ခုမှ တစ်စုံတစ်ယောက်ဟုပင် ထင်ရလောက်အောင် နှင်းကဲ့သို့ ဖြူဖွေးနေသည့်အသားအရေနှင့်တလတ်လတ်တောက်ပနေခဲ့သည်။ သူမ၏ ပုံပန်းသွင်ပြင်ဟာ အလွန်ပင်လှပ ချစ်စဖွယ်ကောင်းလွန်းလှကာ ကျော့ရှင်းလွန်းနေပေသည်။
” ယွီချန် .. လက်ဖက်ရည် ဖျော်လိုက် ..။ ”
ရွှီဟောင်က ပြောသည်။
စစ်ဘုရင်နှင့် အစောင့်အိုကြီးတို့ မှင်သက်သွားကြသည်။ ထိုအမျိုးသမီးဟာ အမှန်ပင်ပြိုင်ဘက်ကင်းသည့်ပုံပန်းသွင်ပြင်ကိုပိုင်ဆိုင်ထားပြီး တောက်ပသည့် အလင်းရောင်တွေကိုပဲ လွှတ်ထုတ်နေနိုင်သည်။ သူတို့တောင်အိပ်မက်ဟု ခံစားနေရလောက်အောင်ပြစ်ချက်ကင်းတဲ့သူ ဖြစ်သည်။
” အရှင်မင်းကြီး .. အရှင်မင်းကြီး .. ဒီလိုလုပ်လို့မရပါဘူး .. ”
သိပ်မကြာခင်အချိန်တွင်ပင် သူတို့လည်း အသိပြန်ဝင်လာကြသည်။ နတ်နန်းကလန်မှ နတ်သမီးလေး ယွိချန်၏ အဆင်းအသွင်ဟာ အလွန်ပင်မြင့်မားလွန်းလှသည်။ သူ၏ ဘေးတွင် ယခုကဲ့သို့ သတိမမူပဲထားနေခြင်းက အဆင်မပြေနိုင်ပါပေ။ မည်သို့ပင်ဆိုစေ အင်ပါယာသစ်က သူမကို အမှန်စင်စစ်အစေခံတစ်ယောက်ကဲ့သို့ သတ်မှတ်မည်လောဟု သူတို့တွေးလိုက်ကြသည်။
ဒီနေ့ဟာ ယွိချန်းက ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ သူမ၏ မျက်ဝန်းတွေကတလတ်လတ်တောက်ပနေပြီး မျက်တောင်ရှည်ကြီးတွေက လေးတိလေးတွဲ ဖြစ်နေသည်။ သူမက မည်သည့်စကားမှ မဆိုဖို့ရာ ဆုံးဖြတ်လိုက်တော့၏။ အမူအရာကမူ အခြားသူတွေ၏နှလုံးသားကို တုန်ယင်လောက်အောင် ကျော့ရှင်းနေသေးပေသည်။
သူမအနေဖြင့် အစေခံဟု သတ်မှတ်ခံရကာ ရှီဟောင်၏ အမိန့်တွေကို လိုက်နာရန်က မဖြစ်နိုင်ပါပေ။
သူမ၏ အဆင့်အတန်းက မည်မျှမြင့်မားသနည်း။ သူမသေချာပေါက် ခေါင်းကို အရိုအသေပေးလိမ့်မည် မဟုတ်သလို မည်သည့်စကားမှ မဆိုပဲနေ၏။ မလှုပ်ရှားသည့် နတ်ကြာပန်းတစ်ပွင့်ကဲ့သို့ တလတ်လတ်တောက်ပကာ မြင့်မားလှသည့် အထွတ်အထိပ်ဆန်သော အရှိန်အဝါနှင့်သာ ဒီအတိုင်းရပ်နေလိုက်သည်။
” အရှင်မင်းကြီး ..။ ”
စစ်ဘုရင်နှင့်အစောင့်အိုကြီးတွေက သူ့ကိုနားချရန်ကြံစည်လာကြသည်။
ရှီဟောင်က လက်ကာပြလိုက်သည်။ ထို့နောက် ပြောသည်။
“ငါက နတ်နန်းကလန်က နတ်ဘုရားအဆင့်ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကိုသတ်လိုက်ခဲ့တာတောင်မှ သူတို့ရဲ့ တော်ဝင်မိန်းမပျိုကို အစေခံအဖြစ်ထားတာက မှားတယ်လို့ ခံစားနေရတုန်းပဲလား ..။ ”
ထိုအချိန်တွင် အလင်းရောင်တစ်စ လင်းလက်လာခဲ့ပြီး စေတီလေးက အလိုလိုထွက်ပေါ်လာခဲ့သည်။သူက ပွက်လောရိုက်နေသည့် လူထုကို ဝိုင်းရံထားပြီး အင်ပါယာနန်းတော်ထဲတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအရာက အလွန်လျှိ ု့ဝှက်ဆန်းကြယ်နေတော့၏။
” ပြီးသွားပြီ .. အဲ့ဒီ မိုးမခသစ်ပင်က ကူညီမယ်လို့ဆုံးဖြတ်လိုက်တယ် .. ငါလည်း ယာယီအနေနဲ့ ကျောက်တုံးတိုင်းပြည်ရဲ့အစောင့်အရှောက်ဝိဥာဉ်တာဝန်ကို ယူပေးမယ် .. ”
သူက ရှီဟောင့်ကိုသာလျှင် စိတ်ချင်းဆက်သွယ်ကာ ပြောခြင်းဖြစ်သည်။ ထို့နောက် ရှီဟောင်၏ ဆံပင်ထဲသို့ဝင်ရောက်သွားလေတော့သည်။
ရှီဟောင် အမှန်ပင် တုန်လှုပ်သွားရချေပြီ။ ထို့နောက်အော်ရယ်လိုက်ပြီး သက်တောင့်သက်သာဖြစ်သွားသည့်အမူအရာဖြင့် စိတ်အေးချမ်းဖွယ် ထိုင်ခုံနောက်မှီသို့ မှီထားလိုက်တော့သည်။
သူက စစ်ဘုရင်နှင့်အစောင့်အိုကြီးတွေကို ပြုံးပြလိုက်သည်။
“စိတ်အေးအေးထားလိုက်တော့ .. ကျွန်တော် အခုလောလောဆယ်တရားဝင်မကြေငြာသေးချင်ပေမဲ့ ယွီချန်းက အစေခံတစ်ယောက်အဖြစ် ကျွန်တော့်နားမှာခေါ်ထားရလိမ့်မယ် ဒါကိုအပြင် လူတွေ မသိနိုင်ပါဘူး .. ”
သူက ယွီချန်းကို ကြည့်ကာမေးသည်။
“ယွီချန်း .. ဒီရက်တွေမှာ ငါက ကျင့်ကြံတာနဲ့ပဲ အာရုံများပြီး ဂိုဏ်းသုံးဂိုဏ်းကိုပဲ ဂရုစိုက်နေတော့ မင်းကိုပစ်ထားမိသလိုဖြစ်သွားတယ် .. ”
နတ်သမီးယွီချန်း၏ နက်မှောင်သည့် မျက်ခုံးတွေက ကခုန်သွားသည်။ သူမက ဒီလောကထဲကိုဝင်လာကထဲက သူမ ရှေ့မှကောင်တစ်ကောင်ကလွဲ၍ မည်သူကမှ ရိုင်းစိုင်းကြမ်းတမ်းစွာ စ,နောက်ရဲခဲ့ခြင်း မရှိခဲ့ဖူးပေ။
“လက်ဖက်ရည် သွားဖျော်လိုက်ပါ .. မဟုတ်ရင် ငါကိုယ်တိုင်ကိုယ်ကျ ရှင်းပြတာမျိုးကို စိတ်မဝင်စားတဲ့အတွက် အချို့သောအကြောင်းအရာတွေကိုလုပ်မိနိုင်တယ် .. ဥပမာအနေနဲ့ ရှေးခေတ်နန်းတော်အတွင်းမှာ ကိုယ်ထိလက်ရောက် ကျ ူ းလွန်တာမျိုးစတဲ့ကိစ္စတွေလိုပေါ့ … ”
ရှီဟောင်က အော်ရယ်နေသည်။
နတ်သမီးယွီချန်း၏ လှပသည့်မျက်ခုံးတွေဟာ ပို၍သာ ကခုန်သွားခဲ့လေသည်။ သူမ အမှန်ပင်ဒေါသတွေနဲ့ပေါက်ထွက်ချင်လာသည်။ သို့တိုင်အောင် နှုတ်ခမ်းရဲရဲကိုသာ ဖိပိတ်ထားလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ရန် ဆုံးဖြတ်လိုက်သည်။