သုခကမ္ဘာက ရှီဟောင် - Chapter - 662 " အဆင့်နိမ့်နယ်မြေ၏ တားမြစ်တည်ရှိမှု ..။ "
နတ်ဘုရားကဲ့သို့ပြင်းပြလှသည့်စိတ်ဆန္ဒက စွမ်းအားကြီးလှသော်လည်း အပြည့်အဝသန့်စင်ခံထားရခြင်းမရှိသဖြင့် ဒီတိုက်ကွက်ကို မခံနိုင်ခဲ့ချေ။ ရှီဟောင်က သူမ၏ သိစိတ်တွင် အမှန်ပင်ဝင်ရောက်သွားနိုင်ခဲ့သည်။ သူမ၏စွမ်းအားအပြည့်ရုန်းကန်ခြင်းကိုပင်ကြုံတွေ့ရတော့သည်။သို့ရာတွင် ဒီတစ်ကြိမ်တွင် ရှီဟောင်က ထိုရုန်းကန်မှုကို ချိ ုးဖျက်လိုက်နိုင်ပေ၏။
သံသယတွေဝင်စရာမလိုလောက်အောင်ပဲ နတ်နန်းကလန်မှ နတ်သမီးလေး၏သိစိတ်ပင်လယ်က အတိုင်းမသိဖြစ်နေခဲ့သည်။ အံ့အားသင့်ဖွယ်ကောင်းသည့်လျှိ ု့ဝှက်ချက်တွေက ဒီနေရာတွင်ရှိနေသောကြောင့်ဖြစ်ပေ၏။သူမ၏ မူလဇာစ်မြစ်အပါအဝင်နတ်နန်းကလန်မှ သိုင်းတွင် စစ်မှန်သောနဂါးအဖိုးတန်သိုင်းနှင့်စသဖြင့် လျှိ ု့ဝှက်ချက်တွေ ရှိနေသေးသည်။
ဒီလျှိ ု့ဝှက်ချက်တွေကသာ ဒီလောကထဲသို့ပေါက်ကြားသွားမည်ဆိုလျှင် ကြီးမားသောလှုပ်ခတ်မှုကြီးတွေဖြစ်သွားစေလိမ့်မည်။
” အောင်မြင်သွားပြီလား ..။ ”
သူ အမှန်တကယ် ရှာတွေ့သွားပြီလောဟု ရှီဟောင်အံ့သြမိသွားသည်။
ရုတ်တရတ် သူ၏အမူအရာပြောင်းလဲသွားခဲ့သည်။သူ၏ရှေ့တွင်တင်းကြပ်စွာပိတ်ထားပြီး ဖွင့်ရန်ခက်ခဲလှသည့်ရွှေရောင်ဂိတ်တံခါးတစ်စုံကို သူ မြင်လိုက်ရသည်။
ထိုအရာက ဒီသိစိတ်ပင်လယ်၏ အရံအတားအဆီးဖြစ်ပေလိမ့်မည်။
သူ ယခင်က ချိ ုးဖျက်ခဲ့သည့်နယ်မြေက ယခုလောက်ထိများပြားသည့် လျှိ ု့ဝှက်ချက်ကိုသယ်ဆောင်ထားသည့်သိစိတ်နယ်မြေ မဟုတ်လောက်သေးပေ။ ဒီနေရာကသာ အမြင့်မြတ်ဆုံးနယ်မြေဖြစ်ကာ နတ်သမီးယွီချန်း၏ခန္ဓာကိုယ်အတွင်းရှိ တားမြစ်နယ်မြေဖြစ်သည်။
“ဘယ်လိုဖြစ်ပြီး နတ်ဘုရားအဆင့်အရှိန်အဝါတွေရှိနေတဲ့ ဒီလိုကြီးမားတဲ့ရွှေရောင်ဂိတ်က ရှိနေရတာလဲ …။ ”
ရှီဟောင် အလွန်ပင်အံ့သြနေရချေပြီ။ မည်သည့်အရာတွေဖြစ်ပျက်နေသနည်း။ ဒီနေရာတွင်ရှိသည့် ကြောက်မက်ဖွယ်အားက သူ့ကိုတောင်မှ သတိထားစေမိသည်။
ရှီဟောင်က ရှေ့ဆက်သွားကာ တံခါးကိုတွန်းလိုက်သည့်အချိန်တွင်ပင် ထိုတင်းကျပ်စွာပိတ်ထားသည့်တံခါးတွေက မည်သို့မျှ တွန်းဖွင့်၍မရနိုင်ကြောင်းကိုတွေ့လိုက်ရသည်။
“ငါ့အတွက် ဖွင့်စမ်း ..။ ”
ရှီဟောင်က စွမ်းအင်တွေထုတ်လိုက်လေသည်။ သူ၏စိတ်စွမ်းအင်ထဲတွင် ပုံရိပ်ငယ်တွေထွက်ပေါ်လာစေသည်။ ထို့အပြင်ခွန်ပန်၏ အဖိုးတန်သိုင်းကို ထုတ်သုံးလိုက်ပြီး တံခါးကို ဖိအားပြင်းထန်စွာဖြင့် တွန်းဖွင့်တော့၏။
” ဝုန်း ..။ ဝုန်း ..။ ”
နောက်ဆုံးတွင်မူ ရွှေရောင်တံခါးတွေက စတင် ယိမ်းထိုးလာခဲ့တော့၏။ သူ့အတွက် ဟကွဲကြောင်း ဖွင့်ပေးလာခဲ့သည်။ တစ်ချိန်ထဲတွင် အလွန်အထွတ်အမြတ်ဆန်လှသည့် ရွှေရောင်စွမ်းအင်တွေအားလုံးက အပြင်ဘက်သို့ထိုးထွက်လာခဲ့၏။
တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရှီဟောင် သိလိုက်ရသည်။ ဒါက တစ်ဖက်သူ၏ အသိစိတ်သာလျှင်ဖြစ်သည်။ သို့သော်ယွီချန်းက ဒီနေရာတွင်တိုက်ခိုက်နိုင်သည်ဟု သူ ခံစားမိနေခဲ့ကာ သူသာ ဝင်သွားလျှင် အန္တရာယ်ကျရောက်လာမည်ဟု ထင်လာရပြန်သည်။ သို့သော် တစ်ချိန်ထဲတွင် မည်သည့်လျှိ ု့ဝှက်တိုက်ကွက်မှ ထွက်မလာခဲ့ပေ။ ကြည့်ရသည်မှာ တစ်ဖက်သူက ကြိုတင်ပြင်ဆင်ထားကာ သေချာ တွက်ဆထားသည့်ပုံရ၏။
“ဒီလိုစွမ်းအားမျိ ုးလား ..။ ”
ရှီဟောင် အံ့သြသွားသည်။ လက်ရှိအချိန်တွင် ဒီစိတ်စွမ်းအားက အလွန်အမင်းကို ပြင်းထန်လှကြောင်း သူသိလိုက်ရချေ ပြီ။ ထိုအထဲတွင် နတ်ဘုရား အရှိန်အဝါတွေကပါဝင်နေခဲ့သေးကာ တဖျတ်ဖျတ်လက်နေသေးပေ၏။
နတ်သမီးယွီချန်းက အဆင့်မြင့်နယ်ထဲတွင် အလွန်ပင်မြင့်မြတ်လှသည့်နတ်သမီးတစ်ယောက်ဖြစ်မည်မှန်း သူ အမှန်တကယ် လက်ခံလိုက်ရသည်။သူမ၏ အဆင့်အတန်းက အလွန်မြင့်မားလောက်သည်။ ထို့အပြင် သူမ၏သိစိတ်ပင်လယ်ထဲတွင် အစောင့်အရှောက်ဝိဥာဉ်ပုံစံမျိ ုးတောင်မှ ရှိနေ၏။
“တစ်ခုခုတော့ မှားနေပြီ .. ဒါကသူမခန္ဓာကိုယ်က ကိုယ်တိုင်ထုတ်လွှတ်နေတဲ့ စွမ်းအားမျိ ုးပဲ .. တကယ်ပဲ သူမက ဘယ်လိုအခွင့်အရေးကိုများ ရရှိခဲ့လို့လဲ .. ဘာလို့ဒီနေရာမှာ နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါကို ခံစားမိနေတာလဲ ..။ ”
သိပ်မကြာခင်အချိန်မှာပင် ရှီဟောင်၏အမူအရာမှာ ပြောင်းလဲသွားသည်။ ရွှေရောင်တံခါးကို တဖန်တွန်းထုတ်လိုက်ကာ အဲ့အရာက ကျယ်သွားခဲ့စေပြီးအထဲကို မြင်နိုင်သွားသည်။ ထိုအသိစိတ်ပင်လယ်၏ အထဲရှိ အထွတ်အမြတ်နေရာမျိ ုးတွင် မဆုံးနိုင်သည့် ရွှေရောင်ပင်လယ်ကြီးကို မြင်ရသည်။ ကြောက်မက်ဖွယ်ကောင်းလှသည့်ထာဝရနန်းတော်တစ်ခုကအထဲတွင်ရှိနေ၏။ထိုထဲတွင် မိန်းခလေးတစ်ယောက်က တပလ္လင်ခွေထိုင်နေကာ အိပ်ပျော်နေပုံရသည်။ သူမ၏ ရွှေရောင်ခန္ဓာက မြင့်မြတ်လှကာ နတ်ဘုရားတစ်ပါးကဲ့သို့ပြီးပြည့်စုံနေပေသည်။
ထိုပုံရိပ်က အလွန်ပင်ဝေဝါးနေသည့်တိုင်အောင် သူမက အလွန်ပင်မြင့်မြတ်ဟန်ပေါက်နေသည်။ သူမ၏ပုံပန်းသွင်ပြင်က ပိန်သွယ်ပြီးရှည်လျားပေသည်။
သူမ၏ပြီးပြည့်စုံလှသည့် ထိုရုပ်ရည်နှင့်ခန္ဓာကိုယ်ပုံစံက မြင်ရသူကို မှင်သက်စွာအော်ဟစ်မိစေနိုင်၏။
“တစ်ခုခုတော့ မှားနေပြီ ..။ ”
ရှီဟောင်၏ စိတ်က တုန်ယင်သွားသည်။ သူနောက်ပြန်ဆုတ်လိုက်ကာ ရွှေရောင်တံခါးကို ပိတ်လိုက်၏။သူ ထပ်၍ မဝင်ရဲတော့ပေ။
ရောင်စုံအလင်းတွေလက်လာခဲ့ပြီး ရှီဟောင်က နဂိုခန္ဓာထဲသို့ပြန်ရောက်သွားသည်။ ယွီချန်းက စိတ်ဝေဝါးနေသည့် အမူအရာဖြစ်နေခဲ့သေးသည်။ သို့သော် သူမက ရုတ်တရတ် ပြန်လည်နိုးထလာတော့၏။သူမ မနေနိုင်ပဲအော်ဟစ်မိတော့သည်။ အကြောင်းမူကား ထိုလက်က ထိုနေရာတွင် ရှိနေဆဲကြောင့်ဖြစ်သည်။
ဖြန်း …။ ”
ရှီဟောင်က ထပ်ချလိုက်ပြန်သည်။ ပြီးမှသာ လက်ကို ပြန်ရုတ်လိုက်၏။ သူက သူမကို ထူးထူးဆန်းဆန်းကြည့်နေသည်။ သူမက မြင်ရသလောက် မရိုးရှင်းနိုင်ချေ။ သူသာ ဂရုတစိုက်လေ့လာမည်ဆိုလျှင် သေချာပေါက်အစစ်အမှန်ကို ရှာတွေ့မည်ဟု ယုံကြည်ပေသည်။ သို့ရာတွင် သူကြောက်လှန့်ခြင်းတော့မဖြစ်မိပါပေ။ ဒီအတိုင်း သတိလက်လွှတ်မလုပ်ချင်ခြင်းသာဖြစ်ပေ၏။ ထိုလှပလှသည့် အမျိ ုးသမီးတစ်ယောက်ကိုဘေးတွင်ခေါ်ထားသည့်အပြင် ထူးဆန်းလွန်းသည့်ကိစ္စတွေကလည်း ရှိနေသေးသည်။ဒါက ကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်ပေ၏။ ဒီကိစ္စက မဆိုးရွားပေ။
နတ်သမီးယွီချန်းက မည်သည့်စကားမှ မဆိုပဲ နောက်ပြန်ဆုတ်သည်။ သူမ၏ ကျောက်စိမ်းကဲ့သို့တလဲ့လဲ့တောက်ပနေသော လှပလှသည့်အမူအရာသွင်ပြင်က အစဉ်အပျက်ပြောင်းလဲနေခဲ့၏။ သူမက အမှန်ပင် ရှီဟောင်၏ခြေထောက်ကို တက်နင်းချင်ခဲ့သည်။ သို့သော် သူမ မလုပ်နိုင်သေးချေ။
“ယွီချန်း .. ငါတို့ကြားက အချိန်ကလည်း တဖြေးဖြေးရွေ့လျားနေတာ .. ငါတို့ ဘယ်အချိန်များ မင်္ဂလာခန်းမထဲကို ဝင်ကြမလဲ ..။ ”
ရှီဟောင်က ပျင်းရိပျင်းတွဲမေးလိုက်သည်။
တစ်ဖက်တွင် တခြားသူ၏မည်သို့သော လျိ ု့ဝှက်ချက်ကို ရှိစေကာမူ သူက အလွန်လျှင်မြန်စွာကိုင်တွယ်နိုင်သည်။ သူမ ဂရုမစိုက်ရှိနေသည့်အချိန်တွင်ပင် သူမ အမှားလုပ်နိုင်ချေများလေလေ ဖြစ်သည်။ နတ်သမီးက ကျောက်တုံးရွာသို့သာခေါ်ဆောင်သွားခံရမည်ဆိုလျှင် သူမကသေချာပေါက်အံ့အားသင့်ဖွယ်ကောင်းသည့်အရာတွေကို လုပ်ဆောင်နိုင်ပေလိမ့်မည်။
“သိစိတ်ပင်လယ်ထဲမှာတောင်မှ နတ်ဘုရားအဆင့်နတ်ဘုရားမက ရှိနေတယ် .. ဘယ်လောက်ထူးဆန်းလိုက်လဲ …”
“နင် ဘာတွေ ရေရွတ်နေတာလဲ ..။ ”
ယွီချန်းက မေးသည်။
“ဘာရယ်မဟုတ်ပါဘူး နတ်သမီးကို ငါ့မိန်းမအဖြစ်ခေါ်သွားရင် နတ်ဘုရားမတောင်မှငိုကြွေးကြမယ်လို့ ခံစားမိလို့ပါ .. လာ .. နတ်သမီးလေး .. တစ်ချက်လောက်ဖက်ပေးပါဦး ..။ ”
ရှီဟောင်က ရယ်ကာပြောသည်။ သူက လက်မောင်းနှစ်ဖက်ကိုပင် ဖွင့်ထားသေးကာ အမှန်တကယ်ပွေ့ဖက်တော့မည့်ဟန်ဖြင့် ချည်းကပ်လာသည်။
“ငါ လက်ဖက်ရည် သွားလုပ်လိုက်မယ် …။ ”
ထိုအချိန်တွင် ယွီချန်းက အသင့်အနေအထားဖြင့် ချက်ချင်းပင် ငုံ့ကိုင်းကာ အောက်မှထွက်ပြီး ရှောင်လာသည်။ ထို့နောက် ရှည်သွယ်လှသည့်ခြေထောက်ျွေကို လျင်မြန်စွာ လှုပ်ရှားကာ ချက်ချင်းပင်ကောင်းကင်နန်းတော်အပြင်ဘက်သို့ ထက်သွားတော့လေသည်။
” ဟား ..။ ဟား ..။ ”
ရှီဟောင်က အော်ရယ်သည်။ ကလန်တစ်ခု၏ နတ်သမီးတစ်ပါးကို ဤကဲ့သို့နှောက်ပြောင်ရသည်ကလည်း စိတ်ဝင်စားဖွယ်ကောင်းပေ၏။
ရုတ်တရက် ကောင်းကင်နှင့်မြေကြီးပေါက်ကွဲသံထွက်လာခဲ့သည်။ မိုးခြိမ်းသံတွေက ထူထဲလာခဲ့ပြီး လေထဲတွင်ပြန့်နှံ့လာရင်း ကောင်းကင်ကိုပင် စုတ်ဖြဲရန်ကြံစည်တော့၏။
“နောက်ဆုံးတော့ မိုးကြိုးမုန်တိုင်း ရောက်လာပြီပဲ .. ငါဆုအန်းနီရဲ့အဖိုးတန်သိုင်းကို ပြီးပြည့်စုံအောင်ဖြစ်ဖို့ သွားကျင့်ကြံသင့်ပြီ .. ။ဒါပေမဲ့ ငါ့ရဲ့မင်္ဂလာညကို ဒါကအနှောက်အယှက်တော့ မဖြစ်လောက်ပါဘူးနော် ..။ ”
ရှီဟောင်က သက်ပြင်းချသည်။
သို့ရာတွင် တစ်စုံတရာမှားယွင်းနေကြောင်း သူ သိထားပေ၏။ ဤမိုးကြိုးက ပြင်းထန်လွန်းလှပြီး အလွန်ပင်ရှည်လျားလွန်းနေသည်။ တလောကလုံးကိုပင် ဖုံးလွှမ်းနေသည့်ပုံရနေ၏။
ဖြစ်နိုင်သည်မှာ ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူတွေ ထပ်မံတိုက်ခိုက်ခြင်းဖြစ်ရပေမည်။ သူက ရက်များစွာစောင့်ဆိုင်းပြီးသည့်နောက် တစ်ဖက်သူများ မလှုပ်ရှားကြောင်းမြင်ရသည့်အတွက် အလွန်ပျင်းရိနေခဲ့ရ၏။ ကြည့်ရသည်မှာ ထိုသို့မဟုတ်လောက်တော့ပေ။
ထိုအချိန်တွင် ပျက်သုဉ်းခြင်းနယ်မြေထဲသို့သွားကာ ဆွေးနွေးညှိနှိုင်းသည့်စေတီလေးကလည်းပြန်ရောက်လာခဲ့၏။ လျှောက်လှမ်းတစ်ခုကိုဖွင့်ပြီး ယင် နှင့် ယန်စွမ်းအင်တွေကို ကောင်းကင်နန်းတော်ထဲသို့သွန်းလောင်းပေးလာသည်။
“တစ်ခုခု ဆင်းသက်လာပြီ ..။ ”
စေတီလေးက ပြောလာသည်။
“အထက်မှာရှိတဲ့လူတွေက နောက်ဆုံးတော့ဆင်းသက်ဖို့ကြံလာပြီပေါ့ ..။ ”
ရှီဟောင်က အံ့သြသွားသည်။
“အမှန်ပဲ ..။ ”
“နောက်လာမဲ့ကပ်ဘေးကို ငါခံစားမိနေတယ် ..။ ဒါက ခေတ်အဆက်ဆက်ကျန်ရှိခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့တစ်စုံတရာ ကျရှုံးတော့မဲ့ကပ်ဘေးလိုမျိ ုးပဲ ..။ ”
စေတီလေးက အလွန်အမင်း အလေးအနက်ဖြစ်နေခဲ့သည်။
လျှပ်စီးမိုးကြိုးတွေက ရောင်စဉ်ကိုးသွယ် သန်းနေသည်။ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါကို ထုတ်ဖော်နေရင်း မူလသင်္ကေတတွေကိုပါခေါ်ဆောင်လာခဲ့သည်။ ထိုအရာက ကောင်းကင်ကိုပင် ဖုံးလွှမ်းနေခဲ့ကာ အလွန်အမင်းတုပ၍မရနိုင်လောက်အောင် ကျယ်ပြောလှသည့်မိုးကြိုးမုန်တိုင်းကြီးကို ဖြစ်ပေါ်နေစေတော့၏။ ကောင်းကင်တစ်ခုလုံးက အက်ကွဲထွက်တော့မည့်ပုံရ၏။
လျှပ်စီးမိုးကြိုးတွေက လျှင်မြန်စွာဖြင့်ရေက်လာပြီးလျှင်မြန်စွာပြန်ပျောက်သွားလေသည်။ သို့ရာတွင် ဖိအားကတော့ မပျောက်သွားခဲ့သေးချေ ။တစ်စုံတစ်ယောက်ကတော့ အမှန်ပင် နယ်မြေတွေကြားက အရံအတားအဆီးတွေကို ချိ ုးဖျက်ကာ အခြားနယ်ပယ်ထဲကို ခက်ခက်ခဲခဲ ဆင်းသက်နေပုံပေါ်နေပေတော့၏။ ထို တည်ရှိမှုကြီးက ကျောက်တုံးကျင့်ကြံခြင်း နယ်မြေတစ်ခုလုံးတွင် ပေါ်ထွက်တော့မည့်ဟန်ရ၏။
“ငါတို့ ဘာလုပ်ကြမလဲ …။ မိုးမခနတ်ဘုရားကိုအကူအညီတောင်းသင့်လား ဒီလိုအရေးကြီးတဲ့အချိန်မျိ ုးမှာ ငါတို့အားလုံးပေါင်းပြီးအလုပ်လုပ်သင့်တယ် ..။ ”
ရှီဟောင်က မေးသည်။
“ငါတို့က ပွဲကြည့်ရုံပါပဲ ..။ ”
စေတီလေး၏စကားက လွန်ကျ ူ းနေပုံရသည်။ အခြေအနေက မည်မျှအလေးအနက်ဖြစ်ကြောင်း သူသိ၏။ တစ်စုံတစ်ယောက်ကသာ သဘာဝနိယာမတရားကိုခေါ်ဆောင်ရန်ကြိုးစားနေပြီး ဒီအခြေအနေကိုအခွင့်ကောင်းယူနိုင်မည်ဆိုလျှင် ထိုသူက ကိုယ်ပိုင်အသက်ကိုပင် ပေးဆပ်ရနိုင်သည်။
ခန္ဓာကိုယ်တစ်ခုလုံးကတောက်ပနေခဲ့ပြီး မဟာလောကကြီးမှခွဲထွက်နေပုံရပြီး လောကကို ဆိုးကျိ ူ းဖြစ်စေမည့်သက်ရောက်မှုအားလုံးမှ ဖယ်ထွက်နေပုံရသည့် တည်ရှိမှုတစ်ခု ဖြစ်လာစေတော့သည်။ ထို့နောက် အင်ပါယာနန်းတော်အတွင်းရှိ ဘိုးဘေးယဇ်ပုလ္လင်ကို ဖွင့်လှစ်ခဲ့ကာ လောကတစ်ခုလုံးကိုမြင်နိုင်သည့်ဖန်သားပြင်ကို ဖွင့်လှစ်လိုက်တော့သည်။
ထိုသို့လုပ်နိုင်စွမ်းရှိသည့် စွမ်းအင်တစ်ခုထဲနှင့်ပင် စေတီလေးက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းသိနိုင်ပေသည်။ ယဇ်ပုလ္လင်ကို လှုပ်ရှားခြင်းဖြစ်သည့်တိုင်အောင် ပျက်သုဉ်းခြင်းနယ်မြေတစ်ခုလုံးကိုမြင်နိုင်စွမ်းရှိသည်က ထူးခြားနေပေ၏။ ထို့အပြင် ထိုအဆင့်နယ်မြေမှ တစ်စုံတစ်ယောက်က မည်သည့်အရာကို ရှာဖွေနေသည်ဆိုသည့်အရာကိုလည်း သိလာနိုင်မည်ဟု ထင်ရ၏။
ပထမဦးစွာ သူက ဘိုးဘွားပိုင်ယဇ်ပုလ္လင်ကို သုံးပြီးမီးနိုင်ငံ၏မြို့တော်ကိ ရှာဖွေလိုက်သည် ထိုနယ်မြေ အမှန်ပင် အပျက်အစီးဖြစ်နေ၏ ဒီနေရာတွင် ရောင်စဉ်ကိုးသွယ်လျှပ်စီးတွေက ထိုးထွက်နေခဲ့ပြီး ကောင်းကင်က အက်ကွဲထွက်ကုန်၏။ ကြီးမားလှသည့်ခြေဖဝါးကြီးက ခက်ခက်ခဲခဲနင်းချဟန် ကြိုးစားနေတော့၏။
ရှီဟောင် တုန်လှုပ်သွားရသည်။ ထိုခြေထောက်က အလွန်ကြီးသည်။ တိမ်တွေထက်ပင် ကြီးမားပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်လောက်အောင်ကြီးမားပေ၏။ ရောင်စဉ်ကိုးသွယ်လျှပ်စီးတွေအားလုံးက ထိုခြေဖဝါး၏အောက်တွင် စီးဆင်းနေခဲ့ကာ ဖရိုဖရဲဖြစ်နေပြီး မဆုံးနိုင်သည့်မြူ ထုတွေက ပါဝင်နေလေသည်။ ထိုအရာက ပြိုင်ဘက်ကင်းသည့်နတ်စွမ်းအင်ဖြစ်ပေ၏။
“ဒါက နတ်ဘုရားအဆင့် ရတနာကြောင့် ဆင်းသက်လာခဲ့တာပဲ ..။ ”
စေတီလေးကလည်း အလွန်ပင်အလေးအနက်ဖြစ်နေသည့်အမူအရာဖြင့် ပြောလာသည်။
ထို့နောက် မြင်ကွင်းက ပြောင်းသွားသည်။ အခြားနယ်မြေတစ်ခုသို့ ရောက်သွားခြင်းဖြစ်ကာ ဒီနယ်မြေကမူ ဆေးမြို့တော်ဖြစ်ပေသည်။
ဆေးမြို့တော်နှင့်လီရာများစွာဝေးကွာသည့်နေရာတွင် တာအိုစည်းချက်ညီနေသည့် ချိုင့်ဝှမ်းတစ်နေရာတစ်ခုရှိသည်။ ချိူ င့်ဝှမ်းတစ်ခုလုံးက ဟိန်းဟီးနေခဲ့ပြီး ဖရိုဖရဲဖြစ်သည့်စွမ်းအင်တွေက ထိုးထွက်နေသည်။ ထိုထာဝရ ရှင်သန်သူ၏ခြေထောက်က အလွန်ပင်တောက်ပနေခဲ့ပြီး ဆူထရာကိုပင် မန်းမှုတ်နေသည့်အလားထင်ရ၏။
“ဒါကြီးက ဆင်းလာတော့မယ် .. ။ အခုရောက်လာတာက ဘယ်လိုအရာကြီးမှန်း မသိနိုင်ဘူး ..။ ပထမကျလာတဲ့နတ်ဘုရားအဆင့် ခြေဖဝါးက သေချာပေါက် အဆင့်မြင့်နယ်မြေကပဲ ..။ ”
စေတီလေးက အလွန်ပင် အလေးအနက် ဖြစ်နေတော့သည်။
ဟုန်း …။ ”
သူပြောပြီးသွားသည့်အချိန်တွင်ပင် ကောင်းကင်က ဖန်သားကဲ့သို့ အက်ကွဲထွက်သွားသည်။ ခရမ်းရောင်လက်ကြီးတစ်ဖက်က ကောင်းကင်ကိုပင် ရမ်းခါနိုင်အောင် ဖုံးလွှမ်းနပြီး အောက်သို့ နိမ့်ကျလာခဲ့သည်။