သုခကမ္ဘာက ရှီဟောင် - Chapter - 671 မိဘများကို ရှာဖွေခြင်း
ငယ်စဉ်ကတည်းကပင် ခွဲခွာခဲ့ရပြီး မည်သည့်အမှတ်တရမျှလည်း မရှိခဲ့သောကြောင့် ရှီဟောင်အနည်းငယ် ဝမ်းနည်းမိသည်။ မိသားစုဘဝ၏ပျော်ရွှင်မှုနှင့် မိဘနှင့် သားသမီးကြားမှ ချစ်ခြင်းမေတ္တာကို သူမခံစားဖူးပေ။ သူသည် သူ၏ကလန်မှ စွန့်ပစ်ခြင်းခံရပြီး ငယ်စဉ်ကတည်းက ပြင်ပကမ္ဘာတွင် တစ်ယောက်တည်း သွားလာခဲ့ရသည်။
ကျောက်ခေတ်ရွာ၌နေထိုင်စဉ်တွင် သူသည် အဖေ အမေ၏ နွေးထွေးမှုကို မခံစားခဲ့ရပေ။ တစ်ခါတစ်ရံတွင် အထီးကျန်မှုကို ခံစားရပြီး တစ်ခြားအချိန်များတွင် တောက်ပစွာ ပြုံးနေလေ့ရှိ၏။ သူသည် ကျောက်ခေတ်ကျေးရွာတွင် ရိုးရှင်းသည့်ပုံစံဖြင့်သာ ဖြတ်သန်းခဲ့သည်။
မိုးမခနတ်ဘုရားသာ သူ၏အသိဉာဏ်ကို ဖွင့်ပေးပြီး သူ၏အတိတ်ကိုသာ မပြခဲ့လျှင် သူ၏မိဘများ ဘယ်လိုပုံစံမျိုးဖြစ်သည်ကိုပင် သူသိမည်မဟုတ်။ ထိုအချိန်တုန်းက သူသည် အရမ်းငယ်ပြီး အသက် တစ်နှစ်ခန့်သာရှိသေးသည်။ သူသည် ရွာထဲတွင် မွေးစားသားအဖြစ် ကြီးပြင်းခဲ့သည်။
ကျောက်ခေတ်ကျေးရွာသည် သူ၏မှီခိုရာနေရာဖြစ်ပြီး ထိုနေရာတွင်ပင် သူကြီးပျင်းခဲ့သည်။ နောက်ပိုင်းတွင် သူ၏မိဘများနှင့် ထပ်မတွေ့ရတော့ပေ။ သူသည်လည်း သူ၏မိဘများအကြောင်းကို မေ့လုနီးနေပြီဖြစ်၏။ သူတို့နှင့် ပတ်သက်သည့် မည်သည့်သတင်းမျှမကြားရတော့သကဲ့သို့ သူတို့နှင့် မည်သည့်အချိန်တွင် ပြန်ဆုံရမည်ကိုလည်း မသိချေ။
“အဖေ အမေတို့ နေကောင်းရဲ့လား” ရှီဟောင် ငြင်သာစွာပြောလိုက်သည်။ သူသည် ယခုအချိန်တွင် သူ၏ရဲဝံ့သော ပုံစံများ ပျောက်ဆုံးနေပြီး စိတ်ပျံ့လွင့်နေ၏။
ကျောက်ခေတ်ရွာသားများသည် ပွင့်လင်းပြီးဖော်ရွေသောကြောင့်သာ သူသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် အပူအပင်မရှိ ကြီးပျင်းလာရသည်။
သူ၏စိတ်ထဲတွင်တော့ တစ်စုံတစ်ခုသည် အမြဲတမ်းပျောက်ဆုံးနေသည်။ တစ်ခြားသူများတွင် အဖေ၊ အမေများရှိသော်လည်း သူသည် ထိုကဲ့သို့ ရင်းနှီးမှုမျိုးကို မခံစားဖူးခဲ့ပေ။
“ကျွန်တော် အရွယ်ရောက်လာပြီ” ရှီဟောင်သည် သူ့ကိုယ်သူ ပြောလိုက်ပြီး သူ၏အကြည့်များသည်လည်း တစ်ဖြည်းဖြည်း တည်ကြည်လာသည်။
သူသည် ပျက်သုန်းခြင်းနယ်မြေများသို့ တစ်ယောက်တည်း ခရီးထွက်ခဲ့သည်။ သူသည် ငယ်ရွယ်သော်လည်း သူ၏အစွမ်းကိုသုံးကာ ပျက်သုန်းခြင်းနယ်မြေများကို ကိုင်လှုပ်ပြီး သူနှင့်ရွယ်တူများထက် သာလွန်ခဲ့၏။
ဤကဲ့သို့သော အောင်မြင်မှုများသည် အလွယ်တကူ မရရှိနိုင်ပေ။ မူလတွင် သူသည် စွန့်ပစ်ခံရပြီး သေဖို့ကံပါလာသော ကလေးဖြစ်သည်။ မည်သူမျှသူ့ကို အံ့ဖွယ်ဆေးပညာကို မပေးခဲ့ပေ။ သို့သော် သူသည် သူ၏ရှင်သန်မှုအတွက် တိုက်ခိုက်ခဲ့ပြီး ရန်သူအားလုံးကို ရှင်းပစ်ကာ ယခုကဲ့သို့ လူသားဧကရာဇ် ဖြစ်လာခဲ့သည်။
“ငါတို့ဘယ်အချိန်ထွက်ကြမလဲ” ချင်းမန် မေးလိုက်သည်။
ထိုအတွဲသည် အဆင့်မြင့်ဘုံသို့ မရောက်သေးကြောင်း သူသိသည်။ သူတို့သည် ထာဝရတောင်တွင်သာရှိပြီး သူတို့သည် ဤကောင်လေးပေါ်တွင် အတော်အတန်လွှမ်းမိုးနိုင်လေသည်။
ရှီဟောင်သည် သူ၏ပုံစံကို ပြန်ပြင်လိုက်သည်။ သူသည် အောက်ကိုကြည့်လိုက်သည်နှင့် သူသည် မယုံနိုင်စရာကောင်းလောက်အောင် ခန့်ညားသည်။ သူ၏ ငြိမ်သက်မှုနှင့် တည်ငြိမ်မှုမှာ သူ၏အရွယ်နှင့်ပင် မလိုက်ချေ။ ထိုအကြည့်ကို မြင်လိုက်ရသည်နှင့် ချင်းမန်၏ဖိအားများ ပိုတိုးလာရသည်။ သူသည်လည်း ဘုရင်အဆင့်ဖြစ်သော်လည်း ထိုကျောက်တုံးလေးနှင့် တွေ့လိုက်ရလျှင် သူသည် ဖီဆန်၍မရသည့် အာဏာကြီးသူနှင့် တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လာ၏။
“မင်းအရင်သွားလို့ရပြီ။ ငါသတင်းစောင့်လိုက်ဦးမယ်” ရှီဟောင်ပြောလိုက်သည်။
“အဲဒီ အမိန့်စာရွက်…” ချင်းမန်သည် ကျောက်တုံးလေး စားပွဲပေါ်သို့ ပစ်တင်လိုက်သော ရွှေအမိန့်စာရွက်ကို ကြည့်လိုက်သည်။ သူထိုအရာကို အမှန်တကယ်ပင် လိုချင်လှပေ၏။
ထိုအမိန့်စာရွက်သည် သာမန်အရာဝတ္ထုတစ်ခု မဟုတ်ပေ။ သူ့တွင် နက်နဲသော ဥပဒေများပါဝင်သည့် ထာဝရတောင်မှ အမှတ်အသားပါရှိသည်။ ထိုအမိန့်စာရွက်သည် လှပစွာတောက်ပနေပြီး ထူးဆန်းသောခွန်အားနှင့် နတ်အင်အားများ ပါဝင်သည်။
ထိုအမိန့်စာရွက်သည် စားပွဲပေါ်တွင် တောက်ပစွာရှိနေပြီး သူ့ကို ဖြန့်လိုက်သည်နှင့် နတ်ကိုယ်ရောင်ကိုယ်ဝါကဲ့သို့ ရွှေရောင်များ တောက်ပလာပြီး စာလုံးများ ပေါ်လာသည်။
“မင်းမေးစရာရှိသေးလား” ရှီဟောင် အေးစက်စွာ မေးလိုက်သည်။
ချင်းမင်သည်လည်း ထိုအမိန့်စာရွက်ကို မတောင်းရဲတော့ပေ။ ထိုအမိန့်စာရွက်ကို နတ်ဘုရား၏အော်ရာထည့်လိုက်ရုံဖြင့် မှော်ဆန်သော အသုံးအဆောင်ပစ္စည်း အဖြစ် ပြောင်းလဲနိုင်သော်လည်း သူထပ်မတောင်းရဲပေ။ မည်သို့ပင်ဖြစ်စေ ထိုအမိန့်စာရွက်များသည် ကျောက်တုံးလေး၏ ပိုင်ဆိုင်မှုပင်။
သူသည် လျင်မြန်စွာဆုတ်ခွာလိုက်သည်။ သူမဆုတ်ခွာမှီ ကျောက်တုံးလေးသည် ရွှေရောင်စာရွက်ကို ဆုတ်ဖြဲလုံးချေလိုက်သည်ကို တွေ့လိုက်၏။
တည်ငြိမ်သည့်ကာလပြီးဆုံးသွားသည့်အခါ နယ်မြေ ၈ ခုလုံးတွင် ရှုပ်ထွေးနေသည်။ နယ်မြေတိုင်းသည် သူတို့အခြေအနေကို တည်ငြိမ်အောင် လုပ်ချင်သော်လည်း တိုက်ပွဲတွင် သူတို့သည် အင်အားမဲ့များသာ။ သူတို့သည် ကျရောက်လာသော ကပ်ဒုက္ခများကို ဖြေရှင်းဖို့ကြိုးစားပြီး သူတို့၏ဆက်ခံသူများကို တည်ငြိမ်သောနယ်မြေတစ်ခု ပေးချင်ကြသည်။
ပျက်သုန်းခြင်းနယ်မြေသည်သာ ဤအဖြစ်ဆိုးမှ လွတ်မြောက်သည်။ အထက်ဘုံနှင့် ဆက်စပ်နေသော နိုင်ငံခြားနယ်မြေများတွင်ပင်လျှင် ကပ်ဒုက္ခကို ခံစားကြရသည်။ သူတို့အားလုံးသည် နည်းမျိုးစုံဖြင့် အတိုက်ခိုက်ခံရပြီး သူတို့ယခုအချိန်တွင် အလိုချင်ဆုံးအရာမှာ ငြိမ်းချမ်းသောအချိန်များပင် ဖြစ်သည်။
ရှီဟောင်သည် ထိုကပ်ဒုက္ခများကို စိတ်ပူစရာမလိုပေ။ ယခုအချိန်ထိ မြို့တော်၌ တည်ငြိမ်နေသည်။ သူသည် သူ၏အစွမ်းဖြင့် တိုင်းပြည်ထဲမှ လူများကို ခြိမ်းခြောက်ထား၏။
ရှီဟောင်သည် စစ်ဘုရင်၊ ဖန်းကိုး နှင့် တစ်ခြားသူများကို ဆင့်ခေါ်လိုက်သည်။ သူ အစီအစဉ်တစ်ချို့ဆွဲလိုက်ပြီး နောက်ထပ် နှစ်ရက် ထပ်စောင့်ခဲ့၏။ သူသည် တစ်ချို့အရာများကို သေချာပြင်ဆင်ခဲ့ပြီး ထွက်ခွာရန် ပြင်ဆင်တော့သည်။
နတ်သမီး ယွီချန် ကိုလည်း နန်းတော်ထဲတွင် ချန်ထား၍မရနိုင်ပေ။ ချန်ထားခဲ့ပါက မည်ကဲ့သို့သော မတော်တဆမှုမျိုးဖြစ်လာမည်ကို မည်သူမျှမသိနိုင်ပေ။ ဤအမျိုးသမီး ခန္ဓာကိုယ်တွင် လျှို့ဝှက်ချက်များ များစွာရှိသည်။ ထို့ကြောင့် ရှီဟောင်သာ သူမကို အနားတွင်ခေါ်မထားပါက သူ့အတွက် မလွယ်ကူနိုင်ပေ။
ကြေးနီအပိုင်းအစ ကမ္ဘာမှာ လူပေါင်းများစွာ ကြည်ညိုလေးစားနေသော မြင့်မြတ်သော နတ်ဘုရားကို သူဖမ်းထားသည်ကိုသာ လူများသိသွားပါက ဒေါသထွက်ကြမည်ဖြစ်၏။
“ဒါက နေရာလပ်ဖြတ်သန်းခြင်းလှေ ပါ” ကျောက်တုံးမြို့တော်အပြင်ဘက်မှ ချင်းမန်သည် ယုံကြည်မှုရှိသောအသံဖြင့် မိတ်ဆက်ပေးသည်။ ဤလှေသည် ထာဝရတောင်မှ ပြုလုပ်ထားသောလှေဖြစ်ပြီး အလွန်လျင်မြန်ကာ တစ်နေ့အတွင်း လီပေါင်းများစွာ သွားနိုင်၏။
လှေသည် အစိမ်းရင့်ရောင်ဖြစ်ပြီး အထူးရောင်စဉ်တန်းများ ဖြာထွက်နေသည်။ ဤလှေကို ဘာပစ္စည်းဖြင့် လုပ်ထားသည်ကို မသိနိုင်ပေ။ လှေသည် သိပ်မကြီးပေ။ ကျန်းအနည်းငယ်လောက်သာ ရှိသည်။ သူသည် မြန်မြန်ဆန်ဆန်ခရီးသွားနိုင်သော မှော်ဆန်သောအသုံးအဆောင်ပစ္စည်း ပင် ဖြစ်သည်။
အလယ်တည့်တည့်တွင် ငှက်အမျိုးမျိုး၏ ရှေးသင်္ကေတအရိုးများရှိသည်။ ထိုသင်္ကေတများကြောင့်ပင် လှေသည် လျင်မြန်စွာသွားနိုင်ပြီး အဆုံးမရှိသော ကမ္ဘာကို ဖြတ်သန်းသွားရန်အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်လာသည်။
ရှီဟောင်သည် နှုတ်ခမ်းကိုမဲ့လိုက်ပြီး “သေးလိုက်တာ။ ဒီလိုသေးမယ်မှန်းသာသိရင် နန်းတော်ကနေ တစ်စီး ယူလာပါတယ်။”
ထိုစကားကြောင့် ချန်းမန်ပြောလက်စ စကားပင်ရပ်သွားရသည်။ သူသည် သူ၏လှေကို အလွန်ပင် ဂုဏ်ယူနေခဲ့၏။ ထာဝရတောင်အဆင့် မှော်ဆန်သော အသုံးအဆောင်ပစ္စည်းများသည် အမှန်တကယ်ပင် ကမ္ဘာပတ်၍ရသည်။ သို့သော် ယခုအချိန်၌ သူသည် ပါးစပ်ပိတ်၍သာ နေလိုက်တော့၏။
ကျောက်တုံးတိုင်းပြည်သည် ထာဝရတောင်လောက် မခမ်းနားသော်လည်း တိုင်းပြည်၏ရတနာတိုက်ထဲတွင် အဖိုးတန်သော ရတနာများစွာရှိ၏။ မည်သို့ပင်ဖြစ်စေ ထိုရတနာများသည် ရှေးယခင်ကတည်းက စုဆောင်းထားသောရတနာများ ဖြစ်ပေသည်။
“တစ်နေ့ကို လီ ၁ သိန်းသွားနိုင်တာက နှေးလွန်းတယ်။ ငါတို့သွားမယ့်နေရာရောက်ဖို့ ဘယ်လောက်တောင်ကြာမှာလဲ” ရှီဟောင်သည် မကျေမနပ်မေးလိုက်သည်။
“ကျွန်တော်တို့ မီးတိုင်းပြည် ကို အရင်ဆုံး သွားရမှာပါ။” ချန်းမန်သည် ကြောက်ရွံနေသော်လည်း ဟန်ကိုယ့်ဖို့ နေလိုက်သည်။
“လှေကို ငါမောင်းမယ်” ရှီဟောင်သည် ပြောပြီးသည်နှင့် ယူမောင်းလိုက်သည်။
ထာဝရတောင် ဘုရင်၏အစွမ်းမှာ တုန်လှုပ်ဖွယ်ဖြစ်သည်။ လှေတစ်ခုလုံးတွင် နတ်ဘုရားစွမ်းအားများ ထည့်သွင်းထားပြီး လှေသည် နတ်မြှားတစ်စင်းကဲ့သို့ပင် စတင်ထွက်ခွာလေ၏။
လှေအဆုံးတွင် ကျောက်တုံးလေးသည် မြဲမြံစွာ ရပ်နေသည်။ သူ၏တစ်ကိုယ်လုံးသည် တောက်ပနေပြီး နတ်စွမ်းအားများသည် ပင်လယ်ရေကဲ့သို့ပင် လျှံကျနေကာ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ထိုကဲ့သို့ နတ်စွမ်းအားသည် အလွန်ကြောက်စရာကောင်းပေသည်။ ချန်းမန်၏မျက်နှာမှာ ဖြူဖျော့လာသည်။ သူတို့နှစ်ယောက်လုံးသည် ဘုရင်ပင်ဖြစ်သော်လည်း ကွာခြားမှုမှာ အဘယ်ကြောင့် ဤမျှ ကြီးသနည်း။
“သူ အဆင့်လွန်ကျွမ်းကျင်ပညာရှင် တွေနဲ့တိုက်နိုင်တာ အံ့ဩစရာ မရှိဘူး။ တစ်ယောက်ယောက်က ထာဝရတောင်က ပျက်သုန်းခြင်းစွမ်းအင် ကိုသုံးရင်တောင်မှ သူတို့ရဲ့ ပင်ကိုယ်အစွမ်းက အရမ်းမမြင့်ရင်…..”သူသည် စိတ်ထဲတွင်ပြောဆိုလိုက်သည်။
ထို့နောက် ချန်းမန်နောက်တစ်ခေါက် ထပ်ငိုရပြန်သည်။ လှေမှာအလွန်မြန်နေပြီး သူ၏ အမြန်နှုန်းကို ကျော်နေပြီဖြစ်သည်။ သူသည် အလင်းတန်းများသဖွယ် ကောင်းကင်တွင်ဖြတ်သန်းသွားနေသည်။
“ဒါက….” သူသည် ကြောက်လန့်တကြားအော်လိုက်သည်။ ဤနှုန်းအတိုင်းသာဆိုလျှင် သူတို့ တစ်နေ့ကို လီပေါင်း သိန်းပေါင်းများစွာ သွားနိုင်ပေမည်။
“ဒီလောက်အမြန်နှုန်းနဲ့ သွားလို့မရဘူး။ လှေက မထိန်းနိုင်ပဲ ပျက်စီးသွားလိမ့်မယ်” ချန်းမန်သည် ရူးတော့မည်။ လှေသာပေါက်ကွဲသွားလျှင် သူ၏ဘုရင်သိက္ခာလည်း ကျမည်ဖြစ်၏။
ထို့အပြင် ဤလှေသည် အလွန်အဖိုးတန်သည်။ ဤလှေကို ကလန်က သူ့ကို လက်ဆောင်ပေးထားခြင်းဖြစ်၏။ သူသာဤလှေကို ပျက်စီးအောင်လုပ်မိပါက သူ နောင်တရနေမည်ဖြစ်ပြီး သူ့အတွက်လည်း ကြီးမားသောဆုံးရှုံးမှုကြီးပင်။
အချိန်လျှော့ချရန်အတွက် ရှီဟောင်သည်သူ၏ နတ်စွမ်းအားအကုန်လုံးကို သုံးလိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် မီးပြင်းဖိုကဲ့သို့ ဖြစ်နေပြီး သူ၏ကိုယ်မှထွက်သော အလင်းရောင်သည် နေရောင်ထက်ပင် တောက်ပနေသည်။
“ထာဝရတောင်ကလည်း ငါတို့ကို စောစောရောက်စေချင်မှာသေချာတယ်။ မင်းဖြေးဖြေးသွားချင်လည်း ရတယ်။ ကိစ္စမရှိဘူး။”
ချန်းမန်သည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်ဓာတ်ကျသွားပြီး မည်သည့်စကားမျှ မပြောတော့ပေ။ အမှန်တကယ်တွင် သူသည် အမိန့်စာကို ကျောက်တုံးလေးအား စောစောပေးလိုက်သင့်သည်။
သူတို့သည် လီပေါင်း သိန်းပေါင်းများစွာဖြတ်သန်းပြီးသောအခါ ကျောက်တုံးတိုင်းပြည် နှင့်နီးသော မီးတိုင်းပြည်၏ မြို့တစ်ခုတွင်ရပ်လိုက်သည်။ သို့သော်လည်း ယခုအချိန်တွင် ထိုမြို့ကို ထာဝရတောင်က ထိန်းချုပ်ထား၏။ သူတို့လှေရပ်လိုက်သောအခါ လှေတွင် အက်ကွဲကြောင်းများပေါ်လာပြီး ပေါက်ကွဲတော့မည်ဖြစ်သည်။ လမ်းတွင် မပေါက်ကွဲသည်ပင် ကံကောင်းလှပေ၏။
ချန်းမန်လှေကိုဖွင့်ကြည့်လိုက်သောအခါ ငှက်အရိုးများမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။ သူငိုချင်သော်လည်း မျက်ရည်များ ထွက်မလာပေ။ သူ၏လှေသည် လုံးဝကို ပျက်စီးသွားပြီဖြစ်သည်။
ဤကြီးမားသော မြို့ကြီးတွင် နယ်မြေကြားမှတံတိုင်းများကို ဆက်နိုင်သော အစွမ်းရှိသောအရာတစ်ခု ပေါ်လာခဲ့သည်။ လူများသည် ဤနေရာတွင် နယ်မြေများကို ဖြတ်သန်းပြီး တစ်ခြားအဆုံးမရှိသောနယ်မြေများကို သွားလာနိုင်သည်။
နယ်မြေ ၈ ခုသည် ကျယ်ပြန့်လှ၏။ တစ်ယောက်ယောက်သာ နယ်မြေ ၈ ခုလုံးကို ခရီးသွားလိုလျှင် သူတို့သေဆုံးသွားသည့်တိုင်အောင်ပင် သူတို့အနှံ့ရောက်လိုက်မည် မဟုတ်ပေ။ ထို့အပြင် တံတိုင်းများကြောင့်လည်း နယ်မြေများကိုဖြတ်သန်းသွားလာရန် မလွယ်ပေ။ ထိုတံတိုင်းသည် ခိုင်ခန့်လှပြီး သာမန်လူများဖြတ်သန်းနိုင်ခြင်းမရှိချေ။
အရောင်စုံအလင်းတန်းများ ပေါ်ထွက်လာပြီး စွမ်းအင်ပမာဏများ သိပ်သည်းလာသည်။ ရှီဟောင်နှင့် ချန်းမန်သည်ထိပ်တွင် ရပ်စောင့်နေရင် စွမ်းအင်များအလုပ်လုပ်မည့်အချိန်ကို စောင့်နေလိုက်သည်။
‘ဝုန်း’ ဟူသောအသံနှင့်အတူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး အနည်းငယ် တုန်လှုပ်သွား၏။ ထို့နောက် သူတို့အောက်တွင် ငွေရောင်ဂိတ်ပေါက်လေး ဖြစ်ပေါ်လာသည်။
ထို့နောက် သူတို့နှစ်ယောက်သည် စင်္ကြံလမ်းအတွင်းသို့ လျှောက်သွားပြီး ပျက်သုန်းခြင်းနယ်မြေမှ ပျောက်သွား၏။
“ကျွန်တော် အဖေ အမေတို့ကို လာရှာပြီ။”
ရှီဟောင်သည် မရင်းနှီးသောမြေတွင် မတ်တပ်ရပ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ သူသည် စိတ်လှုပ်ရှားနေ၏။ သူတို့ ဆယ်နှစ်ကျော်ကွဲကွာပြီးသည့်နောက် ပြန်ဆုံတွေ့သည့်အခါ အရာရာအဆင်ပြေနိုင်ပါ့မလား။
သူသည် သူ၏မိဘများကို သတိရပြီး တွေ့ချင်လှသည်။ သိန္ဒိဆေးပညာကိုသုံးပြီးသူ့ကို မကယ်ခဲ့သည့်အတွက်လည်း သူ၏မိဘများကို အပြစ်တင်နေမည်မဟုတ်ပေ။ သူ၏မိဘများကိုသာ နောက်တစ်ခေါက် ပြန်တွေ့ချင်မိသည်။
“အဖိုး အဖိုးလည်း ဒီနယ်မြေထဲမှာပဲလား။ အဖိုး ထာဝရတောင်မှာရှိနေလား။ ကျွန်တော် အဖိုးကိုလည်း တွေ့ချင်တယ်။” ရှီယောင်၏စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေလေ၏။
သူ၏ ဒီမွန်းနတ်ဘုရားအဖိုးဆယ့်ငါး သည်သူ့အတွက် ကျောက်တုံးတိုင်းပြည်အင်ပါရီယာမြို့တော်ကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့သည်။ သူသည် သူ၏ပြိုင်ဘက်များကို ရှင်းလင်းခဲ့ပြီး ဂိုဏ်းသားများကိုလည်း မိသားစုဥပဒေဖြင့် အပြစ်ပေးခဲ့သည်။ မိုးဘုရင်ပိုင်နက်ကိုလည်း ဖျက်ဆီးပစ်ခဲ့၏။
သူ့ကို ထိုကဲ့သို့ ကာကွယ်ပေးကာ ချစ်ပေးခဲ့သော အဖိုးကို သူအရမ်းလေးစားခဲ့သည်။ သူသည် အဖိုးနှင့် အမြန်ဆုံးပြန်တွေ့ချင်လှပြီ။
ဤနေရာသည် ပြောင်မြောက်သောသူရကောင်းများ ထွက်ပေါ်သောနေရာ ဖြစ်သည်။ ဤနေရာသည် အနောက်ဘက်ကောင်းကင်နယ်မြေထက် ပိုလှ၏။ ရှီဟောင်သည် ဤနယ်မြေသို့ ဝင်လိုက်သည်နှင့် စိတ်စွမ်းအင်များကို ပိုမိုခံစားလိုက်ရသည်။
ဤနေရာသည် လျှို့ဝှက်ဆန်းကြယ်သောနေရာဖြစ်သော်လည်း ပြင်ပမှ အစွမ်းများကို လက်ခံရန်အတွက် တာအိုလမ်းကြောင်းများရှိသည်။ ဤနေရာတွင် နေထိုင်သော လူဦးရေပမာဏသည် မနည်းလှသော်လည်း အားလုံးသည် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သာမန်မဟုတ်သော ဤတာအိုလမ်းကြောင်းကို နယ်မြေအားလုံးသုံးကြရသည်။ ဤနေရာသည် ကျင့်ကြံသူများကို အိမ်ပြန်နိုင်ရန်ပြပေးသော အချက်ပြမီးပင်ဖြစ်၏။
ရှီးဟောင် ဤနေရာသို့ရောက်သည်နှင့် လူအများအပြား၏အာရုံကို စွဲဆောင်လိုက်သည်။ အချို့လူများသည် သူ့ကိုမှတ်မိပြီး ထိတ်လန့်သွားကြ၏။
“ငါမြင်လိုက်တာဟုတ်သလား”
“မင်းအသံကို တိုးဦး”
ချန်းမန်တစ်စုံတစ်ယောက်နှင့် ထိမိသည်နှင့် ကျွမ်းကျင်သူ ၁၀ ယောက်ကျော်သည် အလျင်အမြန်ပြေးလာကြပြီး ရှီဟောင်ကို ဝန်းရံလိုက်ကာ သူတို့၏ မှော်ပစ္စည်းများဖြင့် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။ ဤအရာသည် အပြင်လူများမမြင်ရအောင် ဟန့်တားပေးသော အရာဖြစ်သည်။
ခပ်ဝေးဝေးတွင် မြူများဆိုင်းလာပြီး နေရောင်သည်လည်း အလင်းရောင်ပေါင်းစုံဖြင့် ဖုံးကွယ်သွား၏။ ကျန်း ၁ သောင်းထက်ပင်ရှည်သော သင်္ဘောတစ်စင်း ရုတ်တရက်ပေါ်လာခဲ့သည်။
ရှီးဟောင်ပင်လျှင် အံ့ဩသွားရသည်။ ဤလှေကြီးသည် နတ်စွမ်းအင်များကိုသယ်ဆောင်ထားသည့် ကြောက်စရာကောင်းသော မှော်ဝင်ပစ္စည်းပင် ဖြစ်၏။
“ကျွန်တော့်တို့ ဒီလှေနဲ့သွားရင် လီပေါင်း သန်းပေါင်းများစွာကို တစ်နေ့အတွင်း သွားနိုင်တယ်။ အဲဒါဆို ကျွန်တော်တို့ ထာဝရတောင်ကို မြန်မြန်ရောက်နိုင်တယ်။ အခုအချိန်နည်းနည်းရှိတယ်ဆိုတော့ ကျွန်တော် ထာဝရတောင်ရဲ့ စည်းမျဉ်းနဲ့ ဓလေ့တွေကို ရှင်းပြပေးမယ်လေ” ချန်းမင်ပြောလိုက်သည်။ ထူးဆန်းသောနယ်မြေသို့ ရောက်သည်နှင့် သူ၏ယုံကြည်ချက်များ ပိုရှိလာ၏။
ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ အရောင်ပေါင်းစုံ လင်းလက်လာပြီး စွမ်းအားကြီးသော မှော်ဝင်ပစ္စည်းများအသက်ဝင်လာကာ လူအနည်းငယ်ကို ကာကွယ်ပေးထား၏။
“ဘာဖြစ်တာလဲ” ချန်းမန်မေးလိုက်သည်။
“အဆင့်မြင့်နယ်မြေက လူတွေရောက်လာတာ” လူကြီးတစ်ယောက်က တုန်လှုပ်စွာ ပြောလေ၏။
“ဘာ” ချန်းမန်လည်း ထိတ်လန့်သွားသည်။