သုခကမ္ဘာက ရှီဟောင် - Chapter - 738 ကျောက်တုံးလေး၏ ရည်မှန်းချက်များ
ကိစ္စများသည် ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူမထင်ခဲ့ပေ။ သူထင်ထားခဲ့သည့် အဆုံးသတ်နှင့် ကွာခြားနေလေသည်။
အံ့အားသင့်စရာကောင်းသည် တိုက်ပွဲများလည်း မဖြစ်သလို ကောင်းကင်နှင့် ကမ္ဘာမြေကြီးလည်း မပြိုကွဲလိုက်ပေ။ မသေမျိုးသက်ရှိတစ်ယောက်တည်းဖြင့်သာ တစ်ကမ္ဘာလုံးတွင်ရှိသည့် နတ်မီးတောက်နေသည့် ကျင့်ကြံသူများကို ရှင်းလင်းပစ်ခဲ့သည်။
“သူက ဒီတိုင်းပဲ ထွက်သွားတာလား… နည်းနည်း သာမန်ဆန်မနေဘူးလား” ရှီဟောင်သည် အင်ပါယာနန်းတော်တွင် မတ်တပ်ရပ်ပြီး လကို ငေးကြည့်ကာ ရေရွတ်လိုက်၏။ သူ၏ ပုံစံမှာအလွန် အားငယ်နေသည့် ပုံစံပင်။
ဖန်ကိုးသည် ချင်ဖန်းကို အင်ပါယာနန်းတော်တစ်ဝိုက်တွင် လိုက်လံပြသနေ၏။ သူသည် ခပ်ဝေးဝေးမှ မြင်ကွင်းကို မြင်ပြီး ရှီဟောင်ပြောနေသည့် စကားများကို ကြားလိုက်ရသည့်အချိန်တွင် သူဆွံ့အသွားသည်။ အပြင်ဘက်ကမ္ဘာတွင် ရှုပ်ထွေးပြီး မငြိမ်းချမ်းနေသည့်အချိန်တွင် သူတို့အရှင်မှာ အဖော်မဲ့၍ စိတ်အားငယ်နေလေသည်။
“ငါ ထင်ထားတာနဲ့ မတူဘူးပဲ” ရှီဟောင်သည် သက်ပြင်းလေးချကာ ပြောလိုက်၏။
လရောင်သည် ဖြာကျလျက်ရှိပြီး သူသည် အဆောက်အဦးထဲမှ နေ၍ ကောင်းကင်ကို မော့ကြည့်နေ၏။ သူသည် မိုးမခနတ်ဘုရားနှင့် စေတီလေးကို နှုတ်ဆက်ခဲ့ရသော်လည်း စိတ်ရှုပ်နေမိသည်။ သူ သူတို့ကို အသက်ရှင်လျက် ပြန်တွေ့နိုင်ပါဦးမလား…
မသေမျိုးသက်ရှိပြောသည့်အတိုင်းဆိုလျှင် မိုးမခနတ်ဘုရားနှင့် စေတီလေးတို့ နှစ်ယောက်လုံးသည် ရှေးဟောင်းမူလဂိတ်တံခါးအတွင်းသို ဝင်သွားပြီဖြစ်၏။ ထိုတံခါးမှ ထွက်လာသောသွေးများတွင် သူတို့နှစ်ယောက်၏ သွေးရော ပါသွားပြီလား…
သူတို့ အခု သေကွဲကွဲသွားပြီလား… ရှေးယခင်ကတည်းကပင် ထိုဂိတ်တံခါးအတွင်းသို့ ဝင်သွားသောသူများတွင် မည်သူမျှ ပြန်ပေါ်မလာခဲ့ပေ။ ထိုအကြောင်းကိုစဉ်းစားမိသွားသည့်အချိန်တွင် ရှီဟောင်သည် သက်ပြင်းချယုံသာ တတ်နိုင်တော့သည်။
လမင်းကြီးကို တိမ်မဲများ ဖုံးလွှမ်းသွားပြီး ကမ္ဘာကြီးသည် ပို၍ မှောင်မဲလာသည်။
“အဆင့်မြင့်နယ်မြေ… ငါ အဲဒီကို သွားမယ်” ရှီဟောင်သည် လက်သီးဆုပ်ကာ ပြောလိုက်၏။
“ငါ ထူးဆန်းတဲ့နယ်မြေကို လေ့လာမယ်… မိုးမခနတ်ဘုရား၊ စေတီလေး ကျွန်တော့်ကို စောင့်နေပါ… ကျွန်တော် သေချာပေါက် ရှင်သန်နေပြီးတော့ အဲဒီနေရာကို ရောက်အောင် လာခဲ့မယ်” သူသည် ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်၏။
အဆင့်မြင့်နယ်မြေတွင် မရေမတွက်နိုင်သည့် လူမျိုးစုများရှိပြီး ထိုလူမျိုးစုများသည် နေရာတစ်ခု ယူကာ သူတို့၏ နယ်မြေကို လွှမ်းမိုးထားကြပြီး ကိုယ်ပိုင် ဒဏ္ဍာရီများကို ဖန်တီးကြလေသည်။
ရှီဟောင်သည် အဆင့်မြင့်နယ်မြေကို သူကိုယ်တိုင်ကြည့်ပြီး သူ၏ လမ်းကြောင်းကို ဖောက်ချင်သည်။
ရှီဟောင်သည် တစ်ဖြည်းဖြည်း တည်ငြိမ်လာ၏။ သူ အဆင့်နိမ့်နယ်မြေရှိ အလုပ်များပြီးသည်နှင့် ကောင်းကင်ဘုံသို့တက်ကာ အဆင့်မြင့်နယ်မြေထဲသို့ သေချာပေါက် ဝင်ရောက်မည်ဖြစ်၏။
“အစ်ကိုလေး ကိစ္စ တစ်ခုခု ရှိလို့လား” ချင်ဖန်း လျှောက်လာကာ မေးလိုက်သည်။ ဖန်ကိုး၏ ညွှန်ကြားမှုနှင့်ကြောင့် သူသည် တော်တော်များများနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ပြီး ပြင်ပကမ္ဘာနှင့် ကျင့်သားရနေပြီဖြစ်၏။
ဂီဇောင်းသည်လည်း စစ်ဘုရင်နှင့် ဖီးဟိုတို့နောက်လိုက်ကာ ပြင်ပကမ္ဘာကို ကျေနပ်နေပြီဖြစ်သည်။
တစ်ယောက်သည် စစ်တပ်ဘက်သို့ ရောက်သွားပြီး အခြားတစ်ယောက်သည် နေရာအနှံ့သို့ လျှောက်သွားနေကာ ကျန်သောတစ်ယောက်သည် အဖိုးတန်သိုင်းပညာကို သင်ယူနေသောကြောင့် သူတို့ အားလုံး အကျိုးရှိကြလေသည်။
“ငါ အဆင်ပြေပါတယ်… ချင်ဖန်း မင်းကျောက်တုံးတိုင်းပြည်ကို အုပ်ချုပ်မလား” ရှီဟောင်သည် တိုက်ရိုက်ပင် မေးလိုက်၏။
“အာ… အစ်ကိုလေး… မင်းဘာတွေ ပြောနေတာလဲ” ချင်ဖန်းသည် ထိတ်လန့်သွားပြီး ရှီဟောင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ၏ အစ်ကိုလေးသည် ပျက်သုန်းခြင်းနယ်မြေကို စွန့်ခွာပြီး အဝေးကြီးကို သွားမလို့လား…
ရှီဟောင်သည် ဘာကိုမှ မကွယ်ဝှက်ပဲ ပြောလိုက်၏ “အဆင့်မြင့်နယ်မြေက သူတွေရဲ့ မျက်လုံးထဲမှာ နယ်မြေ ၈ ခုဆိုတာ လှောင်အိမ်သာသာပဲ… ငါ လှောင်အိမ်ထဲက ထွက်ပြီးတော့ မြင့်မြတ်တဲ့တာအိုလမ်းကြောင်းကို ရှာဖွေချင်တယ်”
“အစ်ကိုလေး မင်းတကယ်သွားတော့မှာလား… မင်းသွားရင် ငါတို့မင်းကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလား” ထိတ်လန့်မှုကြောင့် ချင်ဖန်း၏ မျက်လုံးများပင် ပြူးကျယ်လာ၏။
ရှီဟောင် သက်ပြင်းချက်လိုက်ပြီး သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်၏ “စိတ်မပူပါနဲ့… ငါတို့ ပြန်တွေ့ကြမှာပါ”
သူသည် ချင်ဖန်း၏ ဘဝတက်လမ်းကို မနှောင့်ယှက်ချင်ပေ။ သူသည် အလွန်ငယ်ရွယ်သောကြောင့် ကျောက်တုံးတိုင်းပြည်ကိုသာ သူ၏ပုခုံးပေါ်တင်ပေးလိုက်ပါက သူ့အတွက် ခက်ခဲလိမ့်မည်။ ဤကိစ္စကို သူထပ်စဉ်းစားရန် လိုအပ်သည်။
ရှီဟောင်စီစဉ်ရမည့်ကိစ္စများမှာ များပြားလှသည်။ ကျောက်တုံးတိုင်းပြည်၊ သူ၏မိဘများ၊ ကျောက်တုံးကျေးရွာ… ထိုပြဿနာများကို သူရှောင်လွဲ၍ မရနိုင်ပေ။
မနက်ခင်းတွင် အရှေ့ဘက်မှ ရွှေရောင်အလင်းတန်းများသည် အရပ်မျက်နှာအနှံ့တွင် ဖြာကျနေလေသည်။
နယ်မြေ ၈ ခုအတွင်းတွင်ရှိသော နတ်ဘုရားများအားလုံး သေဆုံးသွားပြီဖြစ်၏။ ရှီဟောင်တည်ငြိမ်နေသော်လည်း အပြင်ဘက်ကမ္ဘာတွင်မူ ဤကိစ္စကို စိုးရိမ်တကြီး ဆွေးနွေးနေကြသည်။
“ဟား ဟား… ဒီနေ့ကစပြီးတော့ ဒီကမ္ဘာမှာ နတ်ဘုရားတွေ မရှိတော့ဘူး… ငါတို့ကို ဘယ်သူမှ ဒုက္ခမပေးနိုင်တော့ဘူး”
ဂိုဏ်းကြီးများသာ တိတ်ဆိတ်နေကြလေသည်။ သူတို့၏ ဂိတ်တံခါးများသည် မသေမျိုးသက်ရှိကြောင့် ပျက်စီးသွားပြီး နတ်မီးတောက်ရနေပြီဖြစ်သည့် ကျွမ်းကျင်သူများအားလုံးလည်း အဖမ်းခံလိုက်ရသောကြောင့် သူတို့၏ ဆုံးရှုံးမှုမှာ ကြီးမားလှ၏။ ဤနေ့ရက်များသည် သူတို့အတွက် အမှောင်ဖုံးသော နေ့ရက်များပင်။
အချို့ ဂိုဏ်းကြီးများမှာ သူတို့၏ တောင်များကို ချိတ်ပိတ်ကာ သီးသန့်နေလိုက်ကြ၏။
အစပိုင်းတွင် ကျောက်တုံးတိုင်းပြည်အတွင်း၌ ရှီဟောင်ကို ဘုရင်အဖြစ် လက်မခံနိုင်သည့် ဘုရင်အဆင့်များရှိကြ၏။ သို့သော် ဤဖြစ်ရပ်ပြီးသည့်နောက်တွင် အားလုံးထိတ်လန့်သွားကြလေသည်။
ထိုမသေမျိုး သက်ရှိကို ရှီဟောင်ခေါ်ခဲ့သည်ဟူသော ကောလဟာလပင်ရှိလေသည်။
ကျောက်တုံးတိုင်းပြည်အတွင်းရှိ အချို့သူများ ရှီဟောင်ကို မယုံကြည်ရခြင်းမှာ ဂိုဏ်းကြီးများ၏ လွှမ်းမိုးမှုကို ခံရသောကြောင့်ပင်။ ယခု ထိုဂိုဏ်းကြီးများသည် အင်အားနည်းသွားကာ ချိတ်ပိတ်ပြီး နေလိုက်သည့်အချိန်တွင် သူတို့ ကြောက်လန့်လာကြ၏။
နောက် ၂ ရက်အတွင်းတွင် သူတို့သည် အင်ပါယာမြို့တော်ထဲသို့ ရောက်လာကာ ရှီဟောင်ကို လာတောင်းပန်ကြလေ၏။
ရှီဟောင်သည် ခန်းမထဲတွင်ထိုင်ကာ အားလုံးကို အပေါ်စီးမှ ကြည့်နေလိုက်သည်။ ပြဿနာကြီးများ ဖြစ်စေခဲ့သောသူများကို သူသည် သနားညှာတာခြင်းမရှိပဲ ချက်ချင်းပဲ သတ်ပစ်ခဲ့သည်။ အနည်းငယ် ကျိုးကြောင်းဆီလျော်သောသူများကို ခွင့်လွှတ်ပေးခဲ့လေ၏။
ထိုသတင်းကို ကြားလိုက်ရသည့်အခါ အခြားသူများသည် ပို၍ သတိထားလာကြ၏။ အချို့သူများသည် ခွင့်လွှတ်မှုကို ချက်ချင်းတောင်းခံကြသော်လည်း အချို့သူများမှာ အပြစ်ကို လက်မခံရဲပဲ ထွက်ပြေးသွားကြလေသည်။
ရှီဟောင်သည် ထွက်ပြေးသွားသော သူများကို ညှာတာခြင်းမရှိခဲ့ပေ။ စစ်ဘုရင်နှင့် အခြားသူများကို စေလွှတ်ကာ သူတို့ကို လိုက်စေ၏။ သူကိုယ်တိုင်သည်လည်း သစ္စာဖောက်များကို ရှင်းလင်းခဲ့သည်။ သူ၏ ယခုလက်ရှိ အာဏာနှင့်ဆိုလျှင် ဘုရင်အဆင့်များလည်း ဘာလုပ်နိုင်မည်နည်း…
ကျောက်တုံးတိုင်းပြည်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။ ပြဿနာရှာရန်ကြိုးစားသည့် သူများမှာလည်း သူတို့ကိုယ်သူတို့ ဆင်ခြင်ကာ တိတ်တိတ်ဆိတ်ဆိတ်ကာ နေကြတော့သည်။
ရှီဟောင်၏ တင်းကျပ်သော နည်းလမ်းများကြောင့် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားသည်။ ကျောက်တုံးတိုင်းပြည်သည် ယခုအချိန်မှသာ နာမည်အတိုင်း စည်းလုံးသွားပြီး အက်ကွဲရာများ မရှိသည့် တိုင်းပြည်ဖြစ်သွားသည်။
အခြားတိုင်းပြည်များတွင်လည်း ပြောင်းလဲမှုကြီးများ ဖြစ်သွား၏။ နတ်နန်းဂိုဏ်း၊ ထာဝရတောင်၊ အနောက်ဘက်ဂိုဏ်းနှင့် အခြားဂိုဏ်းကြီးများ ပြန်ဆုတ်သွားကြသောကြောင့် နိုင်ငံများစွာ ပြန်၍ ဦးမော့လာနိုင်သည်။
ရှီဟောင်သည် နတ်နန်းအိမ်တွင် ရပ်ကာ အတွေးထဲ နစ်မျောနေ၏။
သူဤကျောင်းကို စရောက်သည့်အချိန်တွင် သူသည် ပျော်ရွှင်သောကြောင့် မျက်ရည်ပင် ကျခဲ့သည်။
သူသည် သူ့အရွယ်ကလေးများနှင့် အတူတူ ကျင့်ကြံခဲ့ရသည်။ ပျက်သုန်းခြင်းနယ်မြေမှ ထွက်ခဲ့သောလူငယ်လေးသည် အတွေ့အကြုံအသစ်များကို စိတ်လှုပ်ရှားခဲ့ရ၏။
အကြီးအကဲ မုယွမ်သည် သူ့ကို လျှပ်စီးပညာ သင်ပေးခဲ့ပြီး အကြီးအကဲ လျိုသည် သူ၏ ရွှေရောင်ပန် သိုင်းပညာ ပြည့်စုံအောင် ကူညီပေးခဲ့သည်။ သို့သော် ရန်သူများရောက်လာကာ တိုက်ခိုက်ခဲ့သောကြောင့် ထိုကြည်နူးစရာကောင်းသည့် အရာများအားလုံး ပျက်ဆီးသွားခဲ့ရသည်။
ဂျူနီယာ ညီလေး ညီမလေးများ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် စီနီယာ အစ်ကို အစ်မများ တိုက်ပွဲအတွင်းတွင် သေခဲ့ရ၏။ အချို့အကြီးအကဲများသည်လည်း အနောက်တွင်နေခဲ့ကာ ကိုယ့်ကိုကိုယ် ဖျက်ဆီးလိုက်ပြီး အားလုံး ထွက်ပြေးနိုင်အောင် လုပ်ပေးခဲ့သည်။ ဤသည်မှာ အလွန် ဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်တစ်ခုပင်။
“ခွင့်မလွှတ်နိုင်ဘူး…. ဒီလိုကိစ္စမျိုးကို ငါက ဘယ်လိုလုပ်မေ့နိုင်မှာလဲ” ရှီဟောင်သည် နူးညံ့စွာပင် ပြောလိုက်၏။
နတ်နန်းဂိုဏ်း ဖြိုခွဲခံရသည့်အချိန်တွင် တစ်နေ့တွင် သူတို့သည် နတ်နန်းအိမ်ကို ပြန်ဆောက်ကာ သူတို့ဂိုဏ်းကို ပြန်အသက်သွင်းမည်ဟု လွတ်မြောက်လာသော အခြားလူငယ်များနှင့် ရှီဟောင် ကတိပြုခဲ့သည်။ ယခုအချိန်တွင် သူသည် ထိုသို့ပြုလုပ်နိုင်သည့်အစွမ်းရှိနေပြီ ဖြစ်၏။
အဆင့်မြင့်နယ်မြေသို့ မသွားမီတွင် ဤရည်မှန်းချက်ကို သူ ပြီးအောင် လုပ်ခဲ့မည်။
ထိုကျူးကျော်လာသူများ၏ မျက်နှာများနှင့် သူတို့၏ ရက်စက်သောအမူအရာများနှင့် စိတ်ကြီးဝင်နေသော ရယ်သံများကို သူမှတ်မိသေးသည်။ သူ၏ စီနီယာ အစ်ကိုအစ်မများ၏ ခေါင်းများ လေထဲတွင် လွင့်သွားသည်ကိုလည်း ပန်းချီကားတစ်ချပ်ကဲ့သို့ပင် သူမှတ်မိနေသေး၏။
သူလက်ကို မလိုက်ပြီး ကျောက်တောင်ကို ဖြိုခွဲလိုက်ပြီး ကျောက်တိုင်တစ်ခု ပြုလုပ်လိုက်၏။ ထိုကျောက်တိုင်ကို အပျက်အစီးပုံပေါ်တွင် ထောင်ထားလိုက်ပြီး ‘နတ်နန်းအိမ်” ဟူသော စကားလုံးကို ရေးထွင်းထားခဲ့သည်။
“မသွားခင် ငါ ကိစ္စတစ်ချို့ကို ပြီးအောင် လုပ်ခဲ့ဦးမယ်… နတ်နန်းအိမ်ကို ပြန်ပြီးတည်ထောင်မယ်” ရှီဟောင်၏ အော်သံသည် ကောင်းကင်ထက်တွင် ပဲ့တင်သွားလေသည်။
ထိုအချိန်တွင် သူ၏ကျောပေါ်တွင် သယ်ဆောင်ထားသည့် အနက်ရောင်ဓားပျက်လေးသည် နဂါးငိုသံကဲ့သို့ပင် အနည်းငယ်တုန်ခါသော အသံများ ထွက်လာ၏။ အလင်းရောင်များလည်း ထွက်ပေါ်လာကာ စွမ်းအင်လှိုင်းများမှာလည်း သူယခင်က ထုတ်လွှတ်ခဲ့ဖူးသည့် စွမ်းအင်လှိုင်းများထက် အဆများစွာ ကြောက်စရာကောင်းလေသည်။
ထိုဓားသည် စိတ်ဝိဉာဉ်ရှိနေသည့်အလား ရှီဟောင်လက်ထဲမှ ရုန်းထွက်ကာ လေဟာနယ်တွင် လှုပ်ရှားနေ၏။ အချိန်အတော်ကြာပြီးမှ ရှီဟောင်လက်ထဲသို့ ပြန်လာလေသည်။
“မင်းမှာ တကယ် ဝိဉာဉ်ရှိနေတာပဲ… အချိန်အကြာကြီး ကြာပြီးမှ ဒါကို လုပ်နိုင်ခဲ့တဲ့အတွက် မင်းငါ့ကို အပြစ်မတင်ဘူးမလား” ရှီဟောင်သည် ခေါင်းငုံ့ကာ ဓားပျက်လေးကို ကြည့်ပြီး ပြောလိုက်၏။ သူလုပ်ချင်သည်များကို လုပ်နိုင်ရန်အတွက် သူအာဏာရှိနေပြီဖြစ်၏။
ထိုနေ့တွင် နတ်နန်းအိမ်အပျက်အစီးပေါ်တွင် ရှိနေသည့် ကျောက်တိုင်လေးသည် ခန့်ညားစွာ တောက်ပနေလေသည်။
ရှီဟောင်သည် ကောင်းကင်ထက်သို့ ပျံသန်းပြီး လူများကို ရှာလိုက်သည်။ သူသည် ကန်ကြီးတစ်ခု အနားသို့ ရောက်လာ၏။ ထိုနေရာတွင် မျိုးနွယ်စု များစွာ နေထိုင်ကြလေသည်။
ဤလူမျိုးစုမှာ ရှောင်းမျိုးနွယ်စုပင်။ ဤနေရာသည် အမှန်တကယ်တွင် လူမျိုးစုများ စုပေါင်းနေသော နေရာဖြစ်ပြီး တိုင်းပြည်ငယ်တစ်ခုစာ အင်အားရှိ၏။
အရှေ့ဘက်တွင် ဗဟိုမျိုးနွယ်စု နေထိုင်ကြသည်။ ထိုနေရာတွင် လူဦးရေ တစ်သန်းရှိပြီး အခြားနေရာများရှိ လူဦးရေများနှင့် ပူးပေါင်းလိုက်ပါက မယုံကြည်နိုင်လောက်သည့် အရေအတွက် ဖြစ်သွားလိမ့်မည်။
လူငယ်လေးတစ်ယောက်သည် ရေကန်ဘေးတွင် ကျင့်ကြံနေ၏။ ငွေရောင်အလင်းတန်းများ ထွက်နေကာ သင်္ကေတများလည်း ထိုနေရာတစ်ခုလုံးကို သိပ်သည်းစွာ ဖုံးလွှမ်းနေသည်။ လေထဲတွင်ရှိသော သင်္ကေတများကြောင့် ရေကန်ထဲမှ ရေများပင် ပြန်၍ တုံ့ပြန်နေကြသည်။
သူ၏ ဘေးပတ်လည်တွင် စိမ်းလန်းသော သစ်ပင်များနှင့် မြက်ပင်များရှိသည်။ သူတို့သည်လည်း ပြန်၍တုံ့ပြန်နေကြသည်။
ထိုအချိန်တွင် မိန်းမပျိုလေးတစ်ယောက်သည် အမောတကာပြေးလာကာ ကျယ်လောင်စွာ ပြောလိုက်၏။
“ရှောင်ထျန်း နင့်ဧည့်သည်လာတယ်… ကလန်က အကြီးအကဲက အဲဒီသူတွေကို သတိထားပြီး လေးလေးစားစားဆက်ဆံနေကြတာ… သူတို့က နင့်ကို မြန်မြန်လာစေချင်နေတယ်”
“ဘယ်သူလဲ” ငွေရောင်ဝတ်စုံနှင့်လူငယ်သည် ကျင့်ကြံခြင်းကို ရပ်တန့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ငါမသိဘူး အကြီးအကဲတွေကတော့ နင်က ဘယ်လောက်တော်ကြောင်း နင်က ထက်မြက်ပြီးအလားအလာရှိကြောင် နောက်ကျရင် နင်က စွမ်းရည်ရှိတဲ့သူ ဖြစ်လာမယ့်အကြောင်း ဆက်တိုက်ကို ချီးမွမ်းနေကြတာ” မိန်းမပျိုလေးသည် ချစ်စရာကောင်းလှသည်။ သူမသည် ချွေးများကို သုတ်လိုက်ပြီး မျက်လုံး ပုတ်ခတ်ပုတ်ခတ်ဖြင့်စကားပြောနေ၏။
“ထက်မြက်ပြီး အလားအလာရှိတယ် ဟုတ်လား…” ငွေရောင်ဝတ်စုံနှင့်လူငယ်လေးသည် ထိုစကားကို ပြန်၍ ရေရွတ်ကာ အံကြိတ်ထားလိုက်၏။ ဤစကားလုံးများသည် သူ့အတွက် ကောင်းသော အတိတ်များကို မပေးနိုင်ပေ။
ဟောခန်းမထဲတွင် ကလန်မှ လူကြီးများအားလုံး ရောက်နေကြပြီး ထိုလူငယ်လေးကို စကားပြောပေးကာ တစ်ချက်တစ်ချက် ရယ်မောကြလေသည်။
ငွေရောင်ဝတ်စုံနှင့် လူငယ်လေးသည် ခန်းမထဲသို့ လျင်မြန်စွာရောက်လာပြီး အထဲတွင် ထိုင်နေသည့် လူငယ်လေးကို တွေ့လိုက်သည်နှင့် သူ၏ နှလုံးခုန်နှုန်းများ မြန်လာလေ၏။ နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်ဆုံတွေ့ရသောကြောင့် သူ၏ကိုယ်ထဲတွင် အပူတစ်မျိုး လှိုက်တက်လာသည်။
သူတို့သည် နတ်နန်းဂိုဏ်းအတွက် အတူတူ တိုက်ခိုက်ခဲ့သည့် သူများသာ။ ယခု ကပ်ဘေးကြီးပြီးသွားပြီးနောက်တွင်မှ ပြန်တွေ့ရသောကြောင့် စိတ်မလှုပ်ရှားပဲ နေမည်လား… သူတို့နှစ်ယောက်လုံးသည် စိတ်လှုပ်ရှားနေကြလေ၏။
သို့သော် အခြားတစ်ဖက်တွင်ရှိသော လူငယ်လေး စကားပြောလိုက်သည်နှင့် ငွေရောင်ဝတ်စုံနှင့်လူငယ်လေး၏ မျက်နှာမှာ အစိမ်းရောင်သို့ ပြောင်းသွားပြီး နဖူးကြောများပင် ထောင်ထလာ၏။
“ရှောင်ထျန်း… မတွေ့တာကြာပြီ… မင်းက ပိုပြီးတော့ ထက်မြက်ပြီး အလားအလာရှိလာတယ်… နောက်ကျရင် မင်းက သေချာပေါက်ကို ကောင်းကင်မှာ ဟစ်ကြွေးနိုင်မှာ”
“တော်တော့” ရှောင်ထျန်းသည် အံကြိတ်ကာ ပြောလိုက်၏။ ထိုအချိန်တုန်းက ဤလူငယ်သည် သူ၏ခေါင်းတွင် ဘုကြီးထွက်လာအောင် တူနှင့် ထုခဲ့လေသည်။ ထိုအမှတ်တရများသည် မေ့ရန်ခက်ခဲသော်လည်း ထိုအပိုင်းသည် သူ့ကို မျက်ရည်လည်လာစေ၏။ သူသည် ဒေါသထွက်လွန်းသောကြောင့် ရူးမတတ်ပင်။
“မင်းက ဒီကို ဘာလာလုပ်တာလဲ” ရှောင်ထျန်းသည် မပျော်ရွှင်သော ပုံစံဖြင့် ပြောလိုက်၏။
“ရန်သူတွေကို ပြန်တိုက်ပြီး နတ်နန်းအိမ်ပြန်ဆောက်ဖို့ အတွက် ငါနဲ့ ပျက်သုန်းခြင်းနယ်မြေကို လိုက်ခဲ့” ထိုလူငယ်လေးသည် သူ၏ ပုခုံးကို ဖက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုစကားလုံးလေးများပင်လျှင် ရှောင်ထျန်း၏ ရင်ဘတ်ထဲတွင် အပူလှိုင်းကြီးနောက်တစ်ခုကို ဖြစ်ပေါ်စေသည်။