သုခကမ္ဘာက ရှီဟောင် - Chapter - 64 နှိုင်းဆချင့်ချိန်မှု
Chapter – 64 နှိုင်းဆချင့်ချိန်မှု
ကျောက်ခေတ်ရွာဟာ တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်။ သည်လိုပါပဲ ရွာသားတစ်ယောက်စီတိုင်း တစ်ယောက်စီတိုင်းရဲ့ အမူအယာတွေဟာလည်း တဖြည်းဖြည်းလေးနက်လို့လာပါတယ်။ သူတို့တွေဟာ ယစ်ပူဇော်ရာပစ္စည်းအမျိုးမျိုးကို ယူဆောင်ပြီး မိုးမခပင်အိုကြီးရှေ့မှာ ရပ်တန့်လို့နေကြပါတယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ အရမ်းကိုအလေးအမြတ်ထားနေပြီး သူတို့ဟာ ကောင်းကင်နဲ့ မြေပြင်ကြားမှာ ထူးဆန်းပြီးအင်အားကြီးတဲ့ အရာတွေပေါ်ထွက်လာစေဖို့ပါပဲ။
ရွာသားတွေဟာ ပြောရမယ်ဆိုရင် ရွာအကြီးအကဲတစ်ချို့ကတော့ ခပ်လန့်လန့်ရယ်လေ။ သူတို့ဟာ ပထမဆုံးအကြိမ် နတ်ဘုရားတွေကို ပူဇော်တဲ့အခါမျိုးမှာ လျှိုံဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားတဲ့အရာတွေ ပေါ်ထွက်လာတတ်တယ်လို့ ကြားဖူးနား၀ရှိထားပါတယ်။
သူတို့ရဲ့ သည်နေ့လို ပူဇော်ခြင်းအခမ်းအနားမှာလည်း သည်လိုမျိုး လျှို့ဝှက်ဆန်းကြယ်မှုတွေပေါ်လာနိုင်တယ်ဆိုတာကို ရိုးတိုးရိပ့်တိတ်အာရုံရနေကြပါတယ်။ အဲ့ဒါက အတော်လေးကိုလည်း အားနည်းနေတယ်ဆိုတာပါ လူတိုင်းက ခံစားမိနေပြန်ပါတယ်။ အာ့ဒါတွေအပြင် သိပ်မကြာခင်မှာပဲ သူတို့ဘိုးဘေးတွေရဲ့ အမွေအနှစ်ရှေးဟောင်းကြေးနီအိုးနက်ကြီးဟာ စတင်လှုပ်ခပ်လာပါတယ်။ ရွာသားတွေအားလုံးဟာ အိုးနက်ကြီးပေါ်မှာ ထွင်းထုထားတဲ့ နေ, လ, တောင်ကြီးများ, မြစ်များနှင့်, အင်ဆက်တွေဟာ ပထမဆုံးအသက်၀င်လှုပ်ရှားလာကြပါတယ်။
ကံဆိုးတာတစ်ခုကတော့ ရွာသားတွေဟာ သည်လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို ဘယ်လိုအသုံးချရသလဲဆိုတာကို မသိတာကိုပါပဲ။
” အကျိုးမမျှော်ကိုးတဲ့ လုပ်ရပ်တွေမှာ ဘာရလာဒ်မျိုးမှ မရနိုင်ဘူး..။ အဲ့ဒါက မယုံနိုင်စရာပါပဲ..။ တိုင်ပြည်တခုလုံးကို အံတုဖက်ပြိုင်နိုင်တဲ့
အစွမ်းတွေကရော ဘယ်လိုအရာမျိုးဖြစ်နိုင်မလဲ..။”
ရွာအကြီးအကဲတစ်ယောက်ရဲ့ စိတ်တွေဟာ မွန်းကျပ်သွားပြီး သူဟာ နောက်ထပ်ဘယ်အရာကိုမှ မစဉ်းစားမတွေးတောချင်တော့လောက်အောင်ပါပဲ။
လက်ရှိမှာတော့ ယစ်ပူဇော်ခြင်းအခမ်းအနားဟာ ဆက်ရှိလို့နေပါတယ်။
ညဉ့်ဟာ နက်ရှိုင်းလာပါတယ်။ ကောင်းကင်ပြာကြီးလည်း မှောင်မိုက်သွားပြီပေါ့။ သြကာသလောကဓာတ်မြေကမ္ဘာတစ်ခွင်ဟာ အမှောင်ရာဇာကြီးက လွှမ်ခြုံသွားပေမယ့် တောင်တန်းဒေသကတော့ ခန့်ငြားနေဆဲပါပဲ။ ရှေးဟောင်းတောင်တန်းဒေသထဲက မတူညီပဲ ကွဲပြားခြားနားတဲ့ သားရဲအမျိုးမျိုးတွေရဲ့ ဟိန်းဟောက်သံတွေဟာ လူတိုင်းရဲ့ စိတ်ဝိညာဉ်ကိုပါ တုန်ခါစေပါတယ်။
တောင်တန်းဒေသရဲ့ နက်မှောင်နေတဲ့ လောကဓာတ်အတွင်းမှာ တစ်ကိုယ်တည်း ထီးတည်းကြီး ငြိမ်းချမ်းနေတဲ့ နေရာတစ်ခုရှိပါတယ်။ ဟိုးအဝေးကြီးဆိုသော အရပ်ကနေကြည့်ရင်တောင် မီးလောင်ထားတဲ့ မိုးမခပင်ကြီးကို မြင်နိုင်ပါတယ်။ ဒါဟာ ကျောက်ခေတ်ရွာကို ပြင်ပကမ္ဘာကနေ သီးခြားဖြစ်စေတဲ့ အော်ရာတွေကို ထုတ်ပေးပါတယ်။ တောင်တန်ဒေသရဲ့ ရှားရှားပါးပါးငြိမ်းချမ်းနေတဲ့ နေရာတွေက တစ်ခုလို့တောင် သတ်မှတ်လို့ရပါသေးတယ်။
လဲ့ကလန်၊ ခရမ်းရောင်တောင်ကလန် အပြင် မဟာရေပေါ်နန်းတော်ကလန်နဲ့ ရွှေဝံုလွေနယ်မြေက ကျင့်ကြံသူတွေဟာ အထီးကျန်တောင်တန်းမြို့ငယ်လေးမှာတောင် ခရီးတထောက်မနားနိုင်ဘဲ အရမ်းကို အလျှင်လိုနေပါတယ်။ သူတို့တွေဟာ အမှန်တကယ်ကို ကြောက်ရွံ့တုန်လှုပ်နေပါတယ်။ မိုးမခသစ်ပင်အိုကြီးဟာ လျှို့ဝှက်ဆန်းကြယ်သလို သူတို့တွေရဲ့ နှလုံးသားထဲကိုလည်း အကြောက်တရားတွေ နဲ့ တုန်လှုပ်ခြင်းတွေကို အပြည့်အဝမောင်းသွင်းပေးခြင်းခံလိုက်ရပါတယ်။
ဒါ့ကြောင့်ပဲ လက်ရှိအချိန်မှာ သူတို့တွေဟာ တခြားအန္တရာယ်တွေကို ကြောက်ရွံ့နေပြီး သည်နတ်ဆိုးနယ်မြေရှေးခေတ်တောင်တန်းကနေသာ ပြန်လည်ဆုတ်ခွာနေပါပြီ။
မီးတိမ်တိုက်ကြံံ့ကြီးဟာ ကဆုန်ဆိုင်းလို့ပြေးနေပါတယ်။ သူက မြင်းကနေ သန္ဓေပြောင်းလာတဲ့ သားရဲဖြစ်တာကြောင့် မယုံနိုင်လောက်အောင် မြန်ဆန်လို့နေပါတယ်။ သူ့ရဲ့ တကိုယ်လုံးသိပ့်သည်းတဲ့ အော်ရာတွေနဲ့ တလက်လက်တောက်ပနေဆဲ အကြေးခွံတွေ ဖုံးလွှမ်းနေတဲ့အပြင် ခေါင်းမှာလည်း ချိုတစ်ချောင်းပေါက်နေတာလေ။ သူတို့တွေဟာ တစ်နေ့တစ်နေ့ကို လီတစ်သောင်း ခရီးသွားလာနိုင်စွမ်းရှိကြပါတယ်။
ရွှေဝံပုလွေနယ်မြေဟာ အဆုံးမဲ့တောင်တန်းရဲ့ လီပေါင်း တစ်ထောင့်လေးဆယ်အကွာမှာ တည်ရှိပါတယ်။ မီးတိမ်တိုက်ကြံ့ပေါ်က လူတွေအားလုံးအနားယူဖို့ လိုအပ်နေပါတယ်။ သူတို့တွေဟာ ရက်အတော်ကြာ မရပ်မနားပြေးလာခဲ့ရတာကြောင့် အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီး မီးတိမ်တိုက်ကြံ့ပေါ်ကနေ ပြုတ်ကျလုမတတ်ပါပဲ။
မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးတဝ်ဖက်မှာတော့ အဆောက်အဦးအများကြီးကို မြင်လာရပါပြီ။ အဆောက်အဦးတွေအများကြီးထဲကမှ အလယ်ဗဟ်ိုမှာ ရှိနေတဲ့ အဆောက်အဦးကြီးက ကြီးမားလှပြီး ရွှေရောင်ရွှေဝါတွေ ဖုံးလွှမ်းလို့နေပါတယ်။ ပြီးတော့ ရွှေရောင်အဆောက်အဦးကြီးထဲကနေ ဝံပုလွေခေါင်းပုံရေးထိုးထားတဲ့ ၀တ်ရုံကို ၀တ်ဆင်ထားသူတစ်ယောက်ဟာ ခန့်ငြားစွာ ထွက်ပေါ်လာပါတယ်။
” ပူး…. ။”
အဆောက်အဦးတွေရှေ့မှာ စုရုံးနေကြတဲ့ လူတွေရှေ့ကို မရောက်ခင်မှာပဲ သက်လတ်ပိုင်းလူကြီးဟာ မီးတိမ်တိုက်ကြံ့ပေါ်ကနေ လိမ့်ဆင်းလိုက်ပါတယ်။ သူဟာ လက်တစ်ဖက်ပြတ်နေပြီး ဖြူ ဖပ်ဖြူ ရော်မျက်နှာပေးနဲ့ လူအားလုံးကို ကြည့်လိုက်ပါတယ်။
” မင်းတို့တွေ ဘာဖြစ်လာကြတာလဲ…။”
အသက်အရွယ်ကြီးရင့်နေတဲ့ အကြီးအကဲတွေကြားကနေ ရွှေဝံပုလွေခေါင်းကို ပန်းထိုးထားတဲ့ ၀တ်ရုံ၀တ် အရပ်ရှည်ရှည်လူကြီးဟာ ထွက်လာပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ချောက်ချားစရာကောင်းလှပြီး မျက်စိတမှိတ်လျပ်တပြက်လေးအတွင်းမှာကို အလင်းတန်းတစ်ခုလို ရောက်ရှိလာပါတယိ။
ဒီ့နောက်မှာ သူ့ရဲ့ လက်ဖဝါးအတွင်းကနေ တောက်ပတဲ့ သင်္ကေတတွေပေါ်ထွက်လာပြီး အက်ကွဲသွားတဲ့ လက်မောင်းကို ပြုပြင်ပေးလိုက်ပါတယ်။ ပြီးတော့ သိပ့်သည်းပြီးရောထွေးနေတဲ့ အော်ရာအလင်းတန်းတွေဟာ သူ့ကိုယ်ထဲကို ပြန်စီး၀င်သွားခဲ့ပါတယ်။
သက်လတ်ပိုင်းလူကြီးဟာ အိပ်မက်ဆိုးကနေ လန့်နိုးလာသလို အော်ဟစ်လိုက်ပြီး ပြောဆိုလိုက်ပါတယ်။
” ကလန်အကြီးအကဲ …။ ကျုပ်တို့အတွက် လက်စားချေပေးပါ..။”
” ဘာတွေဖြစ်ခဲ့တာလဲဆိုတာ တစ်ခုချင်း ပြောပြ..။”
” ကျုပ်တို့ ရွာတရွာကို ၀င်လိုက်တဲ့အခါမှာ ရှန်းနီရဲ့ အဖိုးတန်အရိုးကို တွေ့လိုက်တော့တာပဲ..။”
” ဒါပေမယ့် အာ့သည်ရွာမှာ မိုးကြိုးပစ်ခံရပြီး မီးလောင်ထားတဲ့ မိုးမခပင်အိုကြီး တစ်ပင်လည်း ရှိနေတာလေ..။ ဘယ်သူကထင်ထားမှာလဲ..။ ကျုပ်တို့တွေ တစ်ယောက်မှ သူ့ကို မနိုင်ခဲ့ဘူး..။ တစ်ချို့တွေက လက်တွေထိုးဖောက်ဖြတ်တောက်ခံရပြီး တစ်ချို့က အပိုင်းပိုင်း သတ်ဖြတ်ခံလိုက်ရတယ်..။”
ရွှေဝံပုလွေနယ်မြေရဲ့ ကလန်ခေါင်းဆောင်ဟာ အဖြစ်အပျက်တွေကို ကြားပြီးတဲ့နောက်မှာ တစ်ခုခုလုပ်ဖို့တောင် စိတ်ကူးထဲမရောက်လာသေးပါဘူး။
သူ့ရဲ့ ခံစားမှုသိစိတ်တွေအရ အဲ့သည် ဂါးဒီးယန်းဝိညာဉ်တော်ဟာ အရမ်းကို အလွန်အကွိံအစွမ်းထက်နေပြီဆိုတာပါပဲ။ သူတို့ဟာ မသေချာမရေရာပဲ တောင်ပေါ်ရွာတစ်ရွာကို သေချာပေါက်သိမ်းယူနိူင်မယ်လို့ ပြောလို့မရပါဘူး။ ပြောရရင် မိုးမခသစ်ပင်အိုကြီးဟာ သူတို့တွေရဲ့ လူဦးရေသန်းချီရှိနေတဲ့ ဂါးဒီးယန်ဝိညာဉ်တော်ထက်တောင် မညံ့လောက်နိုင်လောက်ဘူးလေ။
” ကလန်ခေါင်းဆောင်…။ အဲ့သည်မှာ ရှန်းနီရဲ့အဖိုးတန်အရိုးရှိသလို ရှေးဟောင်းနတ်မိစ္ဆာငှက်ရဲ့ သွေးမျိုးဆက်တွေလည်း ရှိနေတယ်..။ ကျုပ်တို့ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး…။”
တခြားသူတွေကလည်း သူတို့မြင်ခဲ့ရတာနဲ့ ပက်သက်ပြီး သူတို့ရဲ့ကလန်ခေါင်းဆောင်ကို တောင်းဆိုလိုက်ပါတယ်။
ရွှေရောင်ဝံပုလွေနယ်မြေရဲ့ ကလန်ခေါင်းဆောင်ဟာ အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ပါတယ်။
” မင်းတို့ပြောပုံအရဆိုရင် သူတို့ရဲ့ ဂါဒီးယန်းဝိညာဉ်တော်က မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ ပုံပဲ..။ သူဘယ်လောက်အထိ အစွမ်းထက်မလဲဆိုတာ ငါ့မျက်စိနဲ့ တပ်အပ်မြင်ချင်သေးတယ်..။ ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်တဲ့အနေနဲ့ ငါတို့ရွှေရောင်ဝံပုလွှေနယ်မြေရဲ့ ဂါးဒီးယန်းဝိညာဉ်တော်ကို သွားတွေ့ရလိမ့်မယ်…။”
လူအားလုံးရဲ့ နှလုံးသားတွေ တုန်ခါသွားကြပြီး သူတို့တွေ စကားတောင်မပြောနိုင်တော့ပါဘူး။ ကလန်ခေါင်းဆောင်က သူတို့တွေကလန်ထဲမှာ မရှိတဲ့အချိန် ကလန်သားတွေအကုန်လုံး အန္တရာယ်ကင်းစေဖို့ သူတို့ရဲ့အစွမ်းထက်ဆုံးဂါးဒီးယန်းဝိညာဉ်တော်ကို စောင့်ရှောက်ပေးဖို့ စီမံထားချင်တာလေ။ သူတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်ဟာ အစစ်အမှန်ဘယ်လောက်ကြောက်မက်ဖွယ်ရာကောင်းသလဲဆိုတာကို သိရှိတာကြောင့် ကလန်သားတိုင်းရဲ့ လေးစားချစ်ခင်မှုကို ရရှိထားပါတယ်။
ရွှေရောင်ဝံပုလွေနယ်မြေကလူတွေဟာ သူတို့ရဲ့ ကလန်အတွင်းပိုင်းထဲကို ပြန်လည်၀င်ရောက်သွားကြပါတယ်။
အလားတူပဲ တခြားအကြီးအကဲတွေလည်း သူတို့ရဲ့ ကိစ္စတွေကို စီမံဖို့ထွက်ခွာသွားကြပါပြီ။
ပြာလဲ့လဲ့သမုဒ္ဒရာကြီးဟာ ကျယ်ပြောလှတဲ့ ကန္တာပြင်တစ်ခုအလား ငြိမ်သက်တိတ်ဆိတ်ကာ မှောင်မိုက်လို့နေပါတယ်။ ဖုန်ကွမ်ချောင် နဲ့ ကျင့်ကြံသူအုပ်စုဟာ သန့်ရှင်းလှပတဲ့ ကျွန်းတကျွန်းထဲကို ၀င်ရောက်သွားကြပါတယ်။ သူတို့တွေဟာ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ကလန်ကို အစီရင်ခံတင်ပြပြီး ကလန်အကြီးအကဲတွေကြား ပွက်ပွက်ဆူစေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ရှေးဟောင်းဆန်ပြီး အရိုင်းအစိုင်းအော်ရာတွေဖြာထွက်နေတဲ့ မိုးနဂါးသားရဲတွေရဲ့ ဟိန်းဟောက်သံတွေဟာ ဆူနာမီတစ်ခုအလား လှုပ်ခပ်လို့လာပါတယ်။
ကြီးမားကျယ်ပြန့်ပြီး တော်၀င်မျိုးနွယ်တွေတည်ရှိရာနယ်မြေမှာလည်း လူဦးရေဆယ်သန်းအထိ ရောက်ရှိလာပါတယ်။ တခြားသောအတိုင်းတိုင်းအပြည်ပြည်တွေလိုပဲ မြို့ကြီးတွေတစ်မြို့ပြီး တစ်မြို့ဖြစ်ပေါ်လာပြီး သူတို့တွေဟာ အရမ်းအရမ်းကို သာယာစည်ပင်ဝပြောလာပါတော့တယ်။
ရှေးဟောင်းမြို့ကြီးတမြို့…။
အနက်ရောင်မြို့ရိုးကို သတ္တုရောင်တွေတဖိတ်ဖိတ်တောက်ပနေအောင် တည်ဆောက်ထားပြီး အဆုံးမရှိတဲ့ ခန့်ညားထည်ခြင်းအော်ရာတွေ ဖြာထွက်နေပါတယ်။ ခန့်ညားထည်ဝါလှတဲ့ သံမဏိမြို့ရိုးကြီးအတွင်းမှာတော့ မျက်စိတဆုံးကျယ်ပြန့်နေတဲ့ အဆောင်ဆောင်အခန်းခန်းသော အဆောက်အဦးတွေဟာ မြင်ရသူတွေကို အဆုံးမရှိတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။
” အရမ်းကို အစွမ်းထက်တဲ့ ဂါးဒီးယန်းဝိညာဉ်တော် … ”
ရှေးဟောင်းမြို့တော်ကြီးရဲ့ အလယ်က နန်းတော်ကြီးထဲကနေ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စကားသံပေါ်ထွက်လာပါတယ်။
တောက်ပတဲ့ နေရောင်ခြည်တွေဟာ နန်းတော်ခန်းမကြီးထဲကို ဖြာကျလို့နေပါတယ်။ နန်းတော်ခန်းမကြီးရဲ့ အတွင်းမှာတော့ အထွတိအထိပ်ကျင့်ကြံသူတစ်ယောက် ထိုင်နေပါတယ်။ သူ့ရဲ့ ပတ်ပတ်လည်မှာလည်း ဝေ့၀ဲနေတဲ့ ခရမ်းရောင်အလင်းတန်းတွေကို ရေးရေးလေးမြင်နေရပါတယ်။ သူ့ရဲ့ကိုယ်ပေါ်ကနေ ထွက်ပေါ်နေတဲ့ အော်ရာတွေဟာ နန်းတော်အတွင်းမှာ ရှိလို့နေတဲ့ သူတွေအပေါ်မှာ သမုဒ္ဒရာကြီးတစ်စင်း ပိကျနေသလို ဖိအားတွေကို ခံစားရစေပါတယ်။
သည်ရက်တွေထဲမှာ လီပေါင်း ငါးဆယ်ကနေ တစ်ထောင်ပတ်လည်အတွင်းမှာရှိလို့နေတဲ့ ကလန်ကြီးတွေအကုန်လုံး တုန်လှုပ်ခြောက်ခြားလို့နေပါတယ်။ အရမ်းကို အစွမ်းထက်ပြီးကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ဂါးဒီယန်းဝိညာဉ်တော်သတင်းနဲ့ ပတ်သက်ပြီး မိုးကြိုးပစ်ခံထားရတဲ့ မိုးမခသစ်ပင်အိုကြီးဟာ ဒေသအနှံ့အပြားမှာ ဧရာမလှိုင်းလုံးကြီးတွေလို ထင်ရှားနေပါတယ်။
တောင်တန်းဒေသရဲ့ အဆုံးမဲ့တောင်ထိပ်က ရတနာ၊ ကျောက်ခေတ်ရွာအတွင်းက ရှန်းနီရဲ့ အဖိုးတန်အရိုးနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ားဒီးယန်းဝိညာဉ်တော်တို့ဟာ ကျင့်ကြံသူတွေရဲ့ နှလုံးသားတွေကို ကိုင်လှုပ်နိင်တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ အစွမ်းထက်ကျင့်ကြံသူမှန်သမျှ အချိန်အခါကောင်းကို မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေကြပါပြီ။
” ကျုပ်တို့တွေ ဒီလောက်နှစ်တွေအများကြီး စုံစမ်းခဲ့ကြပြီးပြီ..။ အရင်တုန်းက ရထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတဲ့အချိန်ရောက်ပြီထင်တယ်…။”
ရက်ပေါင်းများစွာကြာပြီးနောက်မှာ အထီးကျန်တောင်တန်းမြို့ငယ်လေးဟာ ငြိမ်းချမ်းတယ်လို့ကို မရှိတော့ပါဘူး။ တစ်ချို့တစ်ချို့သော အင်အားကြီးပြီး အစွမ်းထက်တဲ့ ကလန်ခေါင်းဆောင်ပိုင်းတွေက အဆုံးမဲ့တောင်ထိပ်က ရတနာကို လာရောက်ရှာဖွေတတ်တာကို မြင်နေရပါတယ်။
” ခရက်… ။”
လဲ့ကလန်ရဲ့ ခေါင်းဆောင်ဟာ မြို့ရိုးထက်မှာ ရပ်တန့်နေပြီး သူ့ရဲ့ခေါင်းပေါ်မှာ မိုးကြိုးအော်ရာတွေ ဖြာထွက်နေပါတယ်။ သူဟာ အချိန်မရွေး မိုးကြိုးအော်ရာတွေကို သိပ့်သည်းစေပြီး သူ့ရဲ့ တကိုယ်လုံးကို ဖုံးလွှမ်းနိုင်စွမ်းရှိပုံရပါတယ်။ ဒါဟာ အမှန်တကယ်ကို ချောက်ချားဖွယ်ရာကောင်းနေပါတယ်။
“အရမ်းထူးဆန်းတယ်။ သာမန်လူတွေက ဘယ်လိုမှ သတိထားမိစရာ အကြောင်းမရှိဘူး..။ ဒါပေမဲ့ ကြည့်ရတာတော့ ပိုအစွမ်းထက်ပြီး ပိုပြီးမြန်ဆန်တဲ့ စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်ခံခဲ့ကြရတာ ဖြစ်မယ်…။ မိုးမခသစ်ပင်အိုကြီးက ထင်သလောက် မရိုးရှင်းဘူးပဲ..။”
လဲ့ကလန်ရဲ့ ခေါင်းဆောင်ဟာ ခေါင်းတဆတ်ဆတ်ငြိမ့်နေပါတယ်။ သူ့ရဲ့ အသံဟာ မိုးချုန်းသံလို လှိမ့်ထွက်လာတာကြောင့် သူ့နားပတ်ပတ်လည်က သစ်တောတစ်ခုလုံး တုန်ခါသွားပါတယ်။ ပြီးတော့ ရှေးဟောင်းသားရဲတွေအားလုံးဟာ သည်နေရာတစ်ဝိုက်မှည စုဝေးရောက်ရှိလာပါတယ်။ ပြီးတော့ ရေလွှမ်းမိုးနိုင်တဲ့ မိုးနဂါးသားရဲတွေရဲ့ ဟိန်းဟောက်သံတွေဟာ မသဲမကွဲပေါ်ထွက်လို့လာပါတယ်။ ရုတ်တရက်ဆိုသလိုပဲ အခိုးအငွေ့နဲ့့မြူ ခိုးတွေဝေ့၀ဲနေတဲ့ မြစ်ပြင်ထက်ကနေ အရိပ့်မည်းကြီးတစ်ခုရဲ့ အော်ရာတွေဟာ ကောင်းကင်ကို တဟုန်ထိုးထိုးထွက်သွားခဲ့ပါတယ်။
အဲ့သည်အခိုးအငွေ့နဲ့ မြူ ခိုးတွေကြားက အရိပ်မည်းဆီကနေ အရမ်းမပီမသအသံကြီးလည်း ပေါ်ထွက်လာပါတယ်။ အရိပ်မည်းကြီးဆီမှာ အရမ်းကို တောက်ပတဲ့ မီးမျက်လုံးတစ်စုံလည်း ရှိလို့နေပါတယ်။ မြူ ခိုးငွေ့တွေကြားကနေ အရိပ်မည်းကြီးရဲ့ ပုံရိပ်ဟာ တဖြည်းဖြည်း ပီပြင်လို့လာပါတယ်။ ဒီ့နောက်မှာ သိပ်မဝေးလှတဲ့ ကျောက်ခေတ်ရွာကို ကြည့်ပြီး အထင်အမြင်သေးဟန်နဲ့ ရေရွတ်လိုက်ပါတယ်။
” ငါတို့ကလန်ရဲ့ ကျင့်ကြံသူတွေ အများကြီးကိုတောင် သတ်ရဲတဲ့ ဂါးဒီယန်းဝိညာဉ်တော်…။”
နောက်ထပ်နှစ်ရက်ကြာသွားပြီးနောက်မှာ ငှက်မိစ္ဆာတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေဟာ မိုးမခသစ်ပင်အိုကြီးဆီကို ဦးတည်လို့ သွားကြပါတယ်။ တောင်တန်းဒေသဟာ ချက်ချင်းကိုပဲ သုဿ န်တစပြင်အလား တိတ်ဆိတ်လို့သွားပါတယ်။
အရပ်ရှည်ရှည် ဂုဏ်သိက္ခာကြီးမားဟန်ရှိတဲ့ အကြီးအကဲတစ်ယောက်ဟာ မြေပြင်မြင့်ကြီးတစ်ခုပေါ်မှာ ရပ်ပြီး ကျောက်ခေတ်ရွာကို စူးစိုက်ကြည့်နေပါတယ်။
” မိုးကြိုးလျှပ်စီးတွေနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်သွားတာတောင် ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်သေးတယ်..။ ဒီမိုးမခသစ်ပင်အိုကြီးက အမှန်တကယ်ကို ကြောက်စရာကောင်းတာပဲ ဖြစ်ရမယ်..။”
ရွှေဝံပုလွေနယ်မြေရဲ့ ဂါးဒီးယန်းဝိညာဉ်တော်ပါ လိုက်ပါလို့လာခဲ့ပါတယ်။ သူဟာ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေကာ ငါးမီတာ ရှည်လျားတဲ့ ဝံပုလွေကြီးဖြစ်ပြီး တောင်တန်းဒေသထဲမှာ ရှိတဲ့ ဘယ်ဝံပုလွှေထက်မဆို ၃ဆမက ကြီးမားလို့နေပါတယ်။ သို့သော်လည်း သူဟာ ကြောက်စရာကောင်းတဲ့ အော်ရာတွေ ထုတ်လွှတ်နေပါတယ်။ သူ့ရဲ့ တကိုယ်လုံးသာမက မျက်လုံးတွေပါ ရွှေရောင်တောက်လို့နေတာလေ။ အစွမ်းထက်တဲ့အော်ရာတွေ ဖုံးလွှမ်းနေတာကြောင့်ပဲ ကြောက်မက်ဖွယ်ရာကောင်းနေတာပါ။
ရွှေရောင်ဝံပုလွှေနယ်မြေက လူတွေရောက်ရှိလာပြီးနောက်မှာ တခြားသော ကလန်ကြီးတွေက ဘယ်မှာလာ နောက်ကျနေကြမှာလဲ။ သူတို့တွေရဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အားလုံးပဲ ရောက်ရှိလို့လာခဲ့ကြပါပြီ။ သူတို့တွေဟာ မကြာခင်ကျရောက်လိုလာမဲ့ မုန်တိုင်းကြီးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျောက်ခေတ်ရွာအပြင်ဘက်မှာ အချိန်အတော်ကြာရှိနေခဲ့ပါတယ်။
***