သုခကမ္ဘာက ရှီဟောင် - Chapter - 66 ကြီးမြတ်သော လှိုင်းတံပိုး
Chapter – 66 ကြီးမြတ်သော လှိုင်းတံပိုး
” ဟူး..။ ဘယ်လိုအရာက ကြောက်စရာကောင်းတဲ့ သားရဲတွေကို လွှမ်းမိုးနိုင်ရတာလဲ…။ အရင်က ငါ့ရဲ့ စိတ်ဝိညာဉ်ဟာ သည်လိုမျိုး ထူးခြားတဲ့သတ္တဝါပေါ်လာမယ်လို့ ဘာလို့ မခံစားရတာလဲ..။ ငါတောင် ဒီလောက်များတဲ့ မှော်သားရဲတွေကို လွှမ်းမိုးနိုင်ဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ဘူး..။”
ရွှေဝံပုလွေကလန်ခေါင်းဆောင်ဟာ ကျောက်တောင်ကြီးတတောင်ထက်မှာ ရပ်တန့်နေပါတယ်။ သူ့နဲ့ မလှမ်းမကမ်းမှာတော့ ရွှေဝံပုလွေကလန်ရဲ့ ဂါးဒီးယန်ဝိညာဉ်တော်ဟာ နတ်ဘုရားတွေရဲ့ ကြီးမြတ်မှုလိုမျိုး ခံ့ညားထည်ဝါစွာရှိနေပါတယ်။
” ရား…။ ဒီလောက်များတဲ့ သားရဲအုပ်ကြီးကို မောင်းထုတ်နိုင်တာ ရှေးဟောင်းသားရဲမျိုးဆက်ပဲ ဖြစ်ရမယ်..။”
ရွှေဝံပုလွေကလန်ရဲ့ အကြီးအကဲတစ်ယောက်ဟာ အံ့အားသင့်စွာရေရွတ်လိုက်ပါတယ်။
” ဒီလိုတခြားမှော်သားရဲတွေကို ကြောက်ရွံ့စေနိုင်တာက သေချာပေါက်အစွမ်းထက်တဲ့ သားရဲမျိုးဆက်က ဆင်းသက်လာကြောင့်ပဲလေ..။”
သူ့ရဲ့ကောက်ချက်ဆွဲမှု ပြီးဆုံးသွားပြီးနောက်မှာပဲ သူဟာ ရုတ်ချင်းကို အံ့သြသွားရပြန်ပါတယ်။ ပြောရရင် ရှေးဟောင်းသားရဲမျိုးဆက်တွေကပဲ သည်ကျယ်ပြန်တဲ့ တောင်တန်းဒေသနယ်မြေအတွင်းမှာ ပြိုင်ဘက်မရှိမင်းမူနိုင်ပြီး တခြားသူတွေကို သူတို့လက်အောက်သွပ်သွင်းထားနိုင်မှာလေ။
” အဆုံးမဲ့တောင်တန်းက ရတနာကြောင့် ထွက်လာတာလား..။ နက်ရှိုင်းတဲ့တောင်တန်းအတွင်းကနေတော့ ဘာအကျိုးမှမရှိဘဲ ထွက်လာမှာ မဟုတ်ဘူး..။”
တချိန်တည်းမှာပဲ လဲ့ကလန်နဲ့ မဟာရေပေါ်နန်းတော်ကလန်ရဲ့ အထွတ်အထိပ်အကြီးအကဲတွေဟာ ကောင်းကောင်းနားလည်သဘောပေါက်သွားကြပါတယ်။ သူတို့ဟာ သူတို့ရဒံ သက်ဆိုင်ရာနယ်မြေတွေအတွင်းမှာတော့ စွမ်းအားအကြီးဆုံးဖြစ်ပြီး သူတို့ရဲ့နယ်မြေတွေထဲ ကလန်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကတော့ သူတို့ကို သက်ပြင်းတွေ မသိမသာချသွားရစေပါတယ်။ သူတို့တွေသာ လုံလုံလောက်လောက်အစွမ်းထက်မနေဘူးဆိုရင် အဆုံးမဲ့တောင်တန်းက ရတနာကို လုယူနိူင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲဆိုတာ သိကြပါတယ်။
လေးနာရီခန့် ကြာပြီးသွားချိန်မှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ မှော်သားရဲတစ်ကောင်ဟာ သစ်တောထောင့်ကနေ ထွက်ပေါ်လာပါတယ်။ ကြည့်ရတာတော့ တောင်တန်းဒေသရဲ့ အနက်ရှိုင်းဆုံးအပိုင်းကနေ မှော်သားရဲကြီးတွေဟာ စက္ကန့်နဲ့မလပ်ဖယ်ရှားခံနေရပုံပါပဲ။ ဒါက ကြီးမားကျယ်ပြန့်တဲ့ တောင်တန်းဒေသဟာ ငြိမ်းချမ်းတဲ့အချိန်နေ့ရက်တွေ ကုန်ဆုံးသွားပြီဆိုတာ ထင်ရှားပါတယ်။
သူတို့ရဲ့ အခြေအနေဟာ ပိုပိုပြီး ဆိုးရွှားလာသလို ခံစားလိုက်ရတာကြောင့် ကျင့်ကြံသူတွေဟာ အထီးကျန်တောင်တန်းမြို့ငယ်လေးကိူ ပြန်လည်ဆုတ်ခွာလာကြပါတယ်။ သစ်တောကြီးထဲက အတော်အတန်ဝေးကွာတဲ့နေရာမှာ ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးဖြစ်ခဲ့တာကြောင့် အဲ့သည်နေရာအထိ ဘယ်သူမှသွားဖို့ စိတ်မကူးရဲကြပါဘူး။ သူတို့တွေဟာ မှော်သားရဲအသေကောင်တွေကိုတောင် သွားမကောက်ရဲတာကြောင့် အဆုံးမဲ့တောင်တန်းက ရတနာဆို မေ့လိုက်တာပိုကောင်းပါတယ်။
” အထီးကျန်တောင်တန်းမြို့ကို ငါတို့ရောက်လာတာ အလကားပဲ..။ တောင်တန်းဒေသက ဒီလောက်အထိ ကြောက်စရာကောင်းမယ်လို့ မထင်ထားမိဘူး..။ အစွမ်းထက်တဲ့ လူဝံနတ်ဆိုးကြီးတစ်ကောင်တည်းကတောင် မှော်သားရဲအုပ်လိုက်ကြီးကို မောင်းထုတ်ပစ်နိုင်တယ်..။ ဒါတောင် တောင်တန်းဒေသရဲ့ အနက်ရှိုင်းဆုံးအပိုင်း မဟုတ်သေးဘူး..။ ဘယ်လို ရတနာမျိုးကများ အဆုံးမဲ့တောင်တန်းမှာ ပေါ်လာရတာလဲ မသိဘူး..။”
“Perhaps a holy medicine or a heavenly bone from ancient myths?”
” ဖြစ်နိုင်တာတစ်ခုက သန့်စင်ခြင်းဆေးဝါး ဒါမှမဟုတ်ရင် ရှေးဟောင်းဒဏ္ဍာရီထဲက ကောင်းကင်အရိုးပဲ…။?”
” ငါတော့ ဘာမှမတွေးတတ်တော့ဘူး..။ ဒါပေမဲ့ ဒီနေ့ ငါတို့ဒီနေရာမှ တော်တော်လေးကို အချိန်ဖြုန်းမိပြီးပြီ..။ မနက်ဖြန် ပြန်ကြတာပေါ..။ ဒီလိုမှမဟုတ်ရင် ငါတို့ ဒီမှာပဲ သေကြလိမ့်မယ်..။”
လူအားလုံးဟာ စိတ်ဓာတ်ကျလာပါတယ်။ ကျင့်ကြံသူတော်တော်များများက အင်အားကြီကလန်တွေနဲ့ ပူးပေါင်းထားကြပေမယ့်လည်း အဆုံးသတ်အနေအထားအရ သူတို့သဘောတူထားတာတွေကို ပြန်ဖျက်သိမ်းလိုက်ကြပါတယ်။
” အာ..။ ဒီနယ်မြေထဲက အင်အားအကောင်းဆုံးဆိုတဲ့ ကလန်တွေက ဘာဖြစ်လို့ မလာကြတာလဲ..။ ငါ သူတို့တွေ ဘယ်လောက်အထိ အဆုံးအရှုံးကြီးသွားလဲဆိုတာ ကြားချင်နေပြီ…။”
” ဟာ ..။ ကြည့်လိုက်ဦး..။ အဲ့ဒါ ရွှေဝံပုလွေကလန်ရဲ့ တပည့်နဲ့ မဟာရေပေါ်နန်းတော်ကလန်ရဲ့ ကျင့်ကြံသူတယောက်မဟုတ်လား..။ သူတို့နဲ့ စကားသွားပြောကြရအောင်..။”
အထီးကျန်တောင်တန်းမြို့ငယ်လေးဟာ စည်ကားလို့နေပါတယ်။ အနယ်နယ်အရပ်ရပ်က ရောက်ရှိလာတဲ့ ဧည့်သည်တွေဟာ မြို့ခံလူထုနီးပါး ရှိလို့လာပြီလေ။ ရွှေဝံပုလွေကလန် ၊ လဲ့ကလန် နဲ့ တခြားကျင့်ကြံသူအမြောက်အမြားကလည်း အခြေအနေကောင်းကို စောင့်ကြည့်လို့နေပါတယ်။
” နေဦး..။ တောင်ပေါ်ရွာလေးတစ်ရွာက အင်အားကြီးကလန်တွေကို အဆုံးအရှုံးကြီးကြီး ခံစားသွားရစေတယ်တဲ့…။ ဒါက ရိုးရိုးသားသားတော့ ငါ မထင်ဘူး…။”
” မင်း ငါ့ကို ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ..။ ငါ ဖြစ်နိုင်ချေရှိတာကို စဉ်းစားနိုင်ပါတယ်..။ ရွှေဝံပုလွေကလန်နဲ့ မဟာရေပေါ်နန်းတော်ကလန်တို့ဆိုတာ တော်၀င်မျိူ းနွယ်တွေလေ..။ သူတို့က ဒီတောင်တန်းဒေသကို ကိုင်လှုပ်နိင်တဲ့ စွမ်းအားမရှိဘူးထင်နေတာလား..။”
သူတို့တွေထဲက ဘယ်သူကမှတော့ ရွာလေးတရွာက ကလန်ကြီးတွေကို အနိုင်ရတယ်ဆိုတာကို မယုံနိုင်ကြပါဘူး။ အာ့ဒီအတွက်လည်း သူတို့ဟာ ခန့်မှန်းပြောဆိုတာတွေလောက်ပဲ တတ်နိုင်ပါတယ်။
ရွှေဝံပုလွေကလန်က ကျင့်ကြံသူတစ်ယောက်ရဲ့ အေးစက်စက်စကားသံဟာ လေထဲကနေ ပြန့်လွှင့်လာပါတယ်။ သူဟာ တခြားသူတွေရဲ့ စကားတွေကို လျှစ်လျူ ရှုထားပြီး ရေခဲပြင်အလားအေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
” ဟွန့် …။ ရွာလေးတစ်ရွာပဲဟာ ..။ သူတို့ရဲ့ တည်ရှိမှုက ဖယ်ရှားခံရတော့မှာ..။”
ကျင့်ကြံသူဟာ သူတို့တွေနဲ့အတူ ရွှေဝံပုလွှေဂါးဒီးယန်းဝိညာဉ်တော်ပါလာတည်း ယုံကြည်ချက်တွေအရမ်းကို မြင့်မားနေပါတယ်။ သူတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်က လီ50000ပတ်လည်အတွင်းမှာ အင်အားအကြီးမားဆုံးအဖြစ် အချိန်တွေအကြာကြီးနေဖူးခဲ့ပြီးပါပြီ။ သူဟာ တောင်တန်းဒေသရဲ့ နံပါတ်တစ်အစွမ်းထက်ဆုံးမဟုတ်ရင်တောင် ရွှေဝံပုလွေကလန်ကို အစဉ်အဆက်စောင့်ရှောက်ခဲ့တဲ့ ဂါးဒီးယန်းဝိညာဉ်တော်တွေထဲမှာတော့ ကြောက်မက်ဖွယ်ရာအကောင်းဆုံးဖြစ်ပါတယ်။
..
လူအားလုံးအပြင် ကျင့်ကြံသူတွေပါ အုတ်အုတ်သဲသဲဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ရွှေဝံပုလွေကလန်အနေနဲ့ ရွာလေးတရွာကို ဘယ်လိုမြေလှန်ပစ်နိုင်မလဲဆိုတာကိုပေါ့.။
” တောင်တန်းဒေသထဲမှာ ရှေးဟောင်းသားရဲမျိုးဆက်ရှင်ဘုရင်ရှိနေခဲ့တာလေ…။ ငါတို့ရဲ့ ကလန်တွေက သေချာပေါက် ရတနာကို ရနိုင်မဲ့ နည်းလမ်းတွေရှိပါတယ်…။ ဒါပေမဲ့ မိုးကောင်းကင် ဘဟ်လောက်မြင့်ပြီး မြေကမ္ဘာဘယ်လောက်ထူသလဲဆိုတာကို မသိတဲ့ ရွာစုတ်ကိုတော့ ချေမှုန်းပစ်ရမယ်..။”
မဟာရေပေါ်နန်းတော်ကလန်ရဲ့ တပည့်တစ်ယောက်က နှာခေါင်းရှုံ့လိုက်ပါတယ်။
သူတို့လို အင်အားကြီးကလန်တွေက အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပါတယ်။ သူတို့ရဲ့ ကလန်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဖုန်ကွမ်ချောင်လည်း ကြီးကြီးမားမားကို ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ သူတို့တွေ စေလွှတ်လိုက်တဲ့ ကျင့်ကြံသူတွေအားလုံးဟာလည်း သတ်ဖြတ်ခံလိုက်ရပါတယ်။ သူတို့လို အင်အားကြီးကလန်သားတွေကို ရွာလေးတစ်ရွာက ပြင်းပြင်းထန်ထန်ကို နှိပ့်ကွက်ပစ်လိုက်ပါတယ်။
သည်တစ်ကြိမ်မှာတော့ သူတို့ကလန်တွေထဲက အစွမ်းထက်ဆုံးကျင့်ကြံသူတွေ ရောက်လာခဲ့ပါပြီ။ ဒါ့ကြောင့် သူတို့ကို ရွာလေးတရွာက ဘယ်လိုလုပ်ပြီး တွန်းလှန်နိုင်မှာတဲ့လဲ။ ရွာသားတွေဟာ သူတို့တွေဘယ်လိုသေသွားကြရသလဲဆိုတာကို အမှန်တကယ်ယုံနိုင်မှာတောင် မဟုတ်ပါဘူး။
” ဟွန့်..။ ငါတို့ အဆုံးမဲ့တောင်တန်းရဲ့ရတနာကို ရဖို့ အခွင့်အရေးသိပ်မရှိဘူး..။ ဒါ့ကြောင့် ငါတို့တွေ အာ့သည်ရွာအပေါ် လက်စားချေဖို့ အတူတူပူးပေါင်းကြရလိမ့်မယ်…။ သူတို့တွေက ရှန်းနီရဲ့အဖိုးတန်ခန္ဓာကိုယ်ကိုတောင် ရထားကြတယ်..။ ဘယ်လိုလုပ်ပြီး သည်လိုမျိုး ရွာစုတ်လေးက အဖိုးမဖြတ်နိုင်တဲ့ သားရဲတွေကို သိမ်းယူထားရဲရတာလဲ…။”
လဲ့ကလန်ရဲ့ ကျင့်ကြံသူတစ်ယောက်က ပြောဆိုလိုက်ပါတယ်။
” အာ…။ ဇီရှန်ဟန် ရောက်လာပြီ..။”
အထီးကျန်တောင်တန်းမြို့လေးတစ်မြို့လုံးဟာ သည်အချိန်မှာ အထိတ်တလန့်အသံတွေ ဖုံးလွှမ်းသွားပါတယ်။
နေရောင်ခြည်တွေအလား တောက်ပနေတဲ့ ခရမ်းရောင်အော်ရာတွေဟာ မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေပါတယ်။ ခရမ်းရောင်တောင်ကလန်ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေဟာ အထီးကျန်တောင်တန်းမြို့ရဲ့ အရှေ့ဘက်ကနေ ဖြတ်ပြီး ကျောက်ခေတ်ရွာကို ဦးတည်သွားနေကြပါပြီ။ လူတွေအားလုံးဟာ ခရမ်းရောင်တောင်ကလန်ဆိုတာ အတည်ပြုနိုင်ပေမယ့် သူတို့ဆီက ဖြာထွက်လာတဲ့ ကြောက်စရာအော်ရာတွေကတော့ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေပါတယ်။
အင်အားကြီးကလန်တွေထဲကမှ လျို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်ဘုံတိမ်တိုက်နန်းတော်လည်း ပါ၀င်ပါတယ်။ သို့ပေမယ့် လီ 50000 အတွင်းပတ်ပတ်လည်မှာတော့ ဇီရှန်ဟန်က အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက်အဖြစ် လက်ခံထားကြပါတယ်။
အခုဆို ဇီရှန်ဟန်ကိုယ်တိုင် ရောက်ရှိလာပြီလေ။ ဒါက သူဟာ ကျောက်ခေတ်ရွာကို အမှန်တကယ်ကွယ်ပျောက်သွားစေချင်ပုံရပါတယ်။
” ဒီလောက်များတဲ့ ကျင့်ကြံသူတွေ ရောက်လာတယ်..။ လဲ့ကလန်၊ ရွှေဝံပုလွေကလန်ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်အပြင် တခြားအစွမ်းထက် ကျင့်ကြံသူတွေပါ ပေါင်းလိုက်ရင် သူတို့ကို ခုခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး….။”
” OMG … ဒါဟာအမှန်တကယ် ဇီရှန်ဟန် ပဲ..။ သူက အရမ်းကို အစွမ်းထက်လွန်းတယ်..။ သူ ပါလာပြီဆိုတော့ အခွင့်အရေးမရှိသလောက် ဖြစ်နေပြီ..။”
တခြားကျင့်ကြံသူတစ်ယောက်ဟာ သက်ပြင်းမောကြီးချလိုက်ပါတယ်။ သူတို့တွေထဲ ကလန်တစ်ခုခုဟာ လှုပ်ရှားလိုက်တာနဲ့ အရမ်းကို ကြီးမားတဲ့ ဆူနာမီမုန်တိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။
” ကလန်ခေါင်းဆောင်က အာ့သည်ရွာကို ချေမှုန်းဖို့ ထွက်ပေါ်လာတာလေ..။ သူတို့က ငါတို့ကလန်ကြီးကို စော်ကားလိုက်တာ…။”
ခရမ်းရောင်တောင်ကလန်ရဲ့ ကလေးတစ်ယောက်က ဂုဏ်ယူစွာ ပြောဆိုလိုက်ပါတယ်။
” ဇီရှန်ဟန် ကိုယ်တိုင်ထွက်လာပြီးဆိုတော့ အပြောင်းအလဲတွေ ဖြစ်လာတော့မှာ..။ ငါတို့တွေ ထွက်သွားသင့်နေပြီ..။”
ကျင့်ကြံသူတွေထဲက တစ်ယောက်ဟာ ညီးတွားပြောဆိုလိုက်ပါတယ်။ သူတို့ဟာ အတွေ့အကြုံတွေ အများကြီးကို ရှိလို့နေပါတယ်။ အတိတ်ကာလတုန်းက ဇီရှန်ဟန်ဟာ အစွမ်းထက်ကလန်ကြီးတွေကိုတောင် သုတ်သင်ဖယ်ရှားပစ်ခဲ့တယ်လေ။
သည်အခိုက်အတန့်မှာပဲ ညွန်ကြားအမိန့်ပေးသံတွေပေါ်ထွက်လာပြီး လဲ့ကလန်၊ မဟာရေပေါ်နန်းတော်ကလန် နဲ့ ရွှေဝံပုလွေကလန်က လူတွေဟာ သစ်တောထဲကို တဟုန်ထိုးပြေး၀င်သွားကြပါတယ်။ သိပ်မကြာခင်မှာတော့ ခရမ်းရောင်တောင်ကလန်ရဲ့ လူတွေဟာလည်း စတင်လှုပ်ရှားလိုက်ကြပါတယ်။
အမှန်တကယ်ကိုပဲ အင်အားကြီးကလန်တွေဟာ တစ်နေရာတည်းကို ဦးတည်သွားနေကြပါတယ်။ သူတို့တွေရဲ့ ပစ်မှတ်က ဘာဖြစ်မယ်ထင်နေလဲ..။ ရှီဟောင် နေထိုင်ရာ ကျောက်ခေတ်ရွာကိုပါပဲ..။
” သူတို့တွေက အဆုံးမဲ့တောင်က ရတနာကို ရအောင်မယူနိုင်ခဲ့ကြဘူး..။ ဒါ့ကြောင့် သူတို့တွေက ရွာကို ဖျက်စီးဖို့ သွားနေကြတာ..။”
လူတစ်ယောက်က သက်ပြင်းချပြီး ပြောဆိုလိုက်ပါတယ်။
” တကယ်တော့ ဒီလောက်များတဲ့ ကလန်ကြီးတွေကို စုဝေးစေပြီး သူတို့ကို တိုက်ခိုက်လာအောင် လုပ်နိုင်တဲ့ တောင်ပေါ်ရွာလေးက ထင်သလောက် ရိုးရှင်းမှာတော့ မဟုတ်ဘူး..။”
လူတစ်ချို့ကလည်း တော်တော်လေးကို အံ့သြလို့နေပါတယ်။
ခရမ်းရောင်တောင်ကလန်၊ မဟာရေပေါ်နန်းတော်ကလန် နဲ့ ရွှေဝံပုလွေကလန်တို့က လူတွေဟာ တပြိုင်တည်းလှုပ်ရှားလို့ လာကြပါပြီ။ ဒါက ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲအခြေအနေဖြစ်နေတာကြောင့် သူတို့တွေဟာ သည်အခြေအနေကို စိတ်လှုပ်ရှားနေကြပါတယ်။ ဒါဟာ အမှန်တကယ်ကိုပဲ တိုက်ပွဲကြီးဖြစ်လာနိုင်တဲ့ အချိန်ပါပဲ။
တောင်တန်းဒေသရဲ့ နံပါတ်တစ်အစွမ်းထက်ကျင့်ကြံသူ ဇီရှန်ဟန် နဲ့ ရွှေဝံပုလွေကလန်ရဲ့ နတ်ဘုရားတစ်ပါးလို့ ပြောလို့ရတဲ့ ဂါးဒီးယန်းဝိညာဉ်တော်အပြင် တခြားကလန်တွေက အစွမ်းထက်ကျင့်ကြံသူတွေပါ ပါ၀င်လာပါတယ်။ ဒါက အရမ်းကို ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲကြီးကို အမှန်တကယ်ဖြစ်ပေါ်လာပါလိမ့်မယ်။
****