သုခကမ္ဘာက ရှီဟောင် - Chapter - 67 မဟာကျင့်ကြံသူ လေးစု
Chapter – 67 မဟာကျင့်ကြံသူ လေးစု
အထီးကျန်တောင်တန်းမြို့ငယ်လေးဟာ ချက်ချင်းပဲ တိတ်ဆိတ်သွားပါတယ်။ အစွမ်းထက်ဆုံးသော ကျင့်ကြံသူတွေအားလုံး ထွက်ခွာသွားတဲ့အပြင် အင်အားကြီးကလန်တွေကို ရွာလေးတရွာက ဘယ်လိုခုခံမလည်းဆိုတာကို သိချင်တာကြောင့် စပ်စုလိုသူတွေလည်း လိုက်ပါသွားပါတယ်။
တောင်တန်းဒေသရဲ့သစ်တောတွေဟာ စိမ်းလန်းစိုပြေနေပါတယ်။ နှစ်ပေါင်းများစွာကြာလာအောင် သစ်ရွက်ကြွေတွေ မြေပြင်ပေါ်ကြွေကျကုန်တာကြောင့် သစ်ရွက်တွေအောင် ထုတောင်တက်နေပါပြီ။ ဒါ့ကြောင့်ပဲ နေရောင်ထိတွေ့မခံရတဲ့ မြေပြင်ဟာ မယုံနိုင်လောက်အောင် ပျော့နေပေမယ့် သစ်ရွက်ထူတွေကြောင့် ကိစ္စတော့ မရှိပါဘူး။ လွန်လေပြီးသော နှစ်တွေတုန်းက ကြွေကျခဲ့တဲ့ သစ်ရွက်တွေကတော့ ဆွေးမြေ့သွားကြပြီလေ။ သည့်အတွက်ကြောင့်လည်း တောင်တန်းဒေသဟာ မြေသြဇာကောင်းမွန်လှပြီး သက်တမ်းရင့်သစ်ပင်ကြီးတွေက မိုးတိမ်တိုက်ကို ထိုးဖောက်မတတ် မြင့်မားနေပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ အဆင့်နိမ့်မှော်သားရဲတွေဖြစ်ဖြစ် ငှက်မိစ္ဆာသားရဲတွေပဲဖြစ်ဖြစ် သူတို့တွေဟာ တောင်တန်းဒေသထဲမှာ နေထိုင်တယ်ဆိုပေမယ့် သည်လောက်များပြားလှတဲ့ လူတွေတပြိုင်နက်တည်း လှုပ်ရှားလာတဲ့အခါမှာတော့ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်သွားကြပါတယ်။
“ဒီရွာ ဖြစ်မယ်ထင်တယ်…။?”
အစွမ်းထက်ကျင့်ကြံသူတွေအားလုံးဟာ ကျောက်ခေတ်ရွာနဲ့ နှစ်လီ သုံးလီခန့် ဝေးကွာတဲ့နေရာမှာ ရပ်တန့်လိုက်ကြပါတယ်။ သူတို့တွေအားလုံးဟာ မြေပြင်မြင့်ကြီးတစ်ခုပေါ် တက်ရောက်သွားကြပါတယ်။ သူတို့အတွက်တော့ ကျောက်ခေတ်ရွာက သတိမထားမိလေ ပိုကောင်းလေပါပဲ။
ကျောက်ခေတ်ရွာဟာ အရမ်းကို ရိုးရှင်းပုံရပါတယ်။ တောင်ကြီးတောင်ငယ်တွေကြားမှာ တည်ဆောက်ထားတဲ့ ကျောက်ခေတ်အိမ်တွေပေါ်မှာ သားရဲအရေခွံတွေနဲ့ အသားတွေကို အခြောက်လှန်းလို့ထားပါတယ်။ မြို့တွေ ကလန်ကြီးတွေနဲ့ ပြောင်းပြန်ပဲ သက်ကြီးရွယ်အိုတွေဟာ နေပူစာလှုံနေကြပြီး ကလေးအုပ်စုကလည်း လှည့်ပတ်ပြေးလွှားကစားနေကြပါတယ်။
” ဘာလား..။ ဒါမင်းတို့တွေပြောတဲ့ အရမ်းကိုအစွမ်းထက်တဲ့ ကလန်ကြီးတစ်ခုလို ရွာလား..။ ငါ့အမြင်တော့ မြင်းစီပြီး နင်းချေလိုက်ရင် တရွာလုံးတောင် ပြားချပ်ကုန်မယ်..။”
ရွှေဝံပုလွေကလန်ရဲ့ လူတစ်ယောက်က ပြောလိုက်ပါတယ်။ သူဟာ သံချပ်ကာမြင်းတပ်ဖွဲ့တစ်ဖွဲ့ဦးဆောင်ထားသူဖြစ်ပြီး သူ့ရဲ့နောက်က မြင်းပေါ်မှာ ရှိနေသူအပေါင်းရဲ့ လက်နက်တွေကလည်း အရောင်အဝါတွေတောက်ပနေပါတယ်။
” သူတို့တွေက ငါတို့မဟာရေပေါ်နန်းတော်ကလန်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးရဲတယ်ပေါ..။ ဒီကောင်တွေအတွက် ပြစ်ဒဏ်က သေခြင်းတရားပဲ..။ ဒီနေ့က စပြီး ဒီရွာက လုံး၀ကို ပျောက်ကွယ်သွားစေရမယ်..။”
လူငယ်အဖွဲ့တစ်ဖွဲ့ကလည်း အေးစက်စက်ပြောဆိုလိုက်ပါတယ်။ ဖုန်ကွမ်ချောင်ဟာ လက်တဖက်ဆုံးရှုံးပြီး ဒုက္ခိတဖြစ်လာပါတယ်။ အဲ့သည်အတွက် သူတို့ဟာ သေချာပေါက်လက်စားပြန်ချေရပါလိမ့်မယ်။
သို့ပေမဲ့လည်း ကလန်ကြီးလေးခုရဲ့ အကြီးအကဲတွေဟာ ဘယ်သူမှ မစဉ်းစားမဆင်ခြင်ပဲ ဆင်ကန်းတောတိုးမလုပ်ဖို့ အမိန့်ပေးထားပါတယ်။ သူတို့တွေဟာ လှုပ်ရှားဖို့အတွက် အထက်အမိန့်ကို စောင့်ဆိုင်းနေရပြီး ခွင့်ပြုချက်မရှိပဲမလုပ်ရဲကြပဲ အပြစ်အကြီးကြီးအပေးခံရနိုင်တာကြောင့်ပါပဲ။
” ကြည့်..။ ဒီရွာက အမှန်တကယ်ကို မရိုးရှင်ဘူးလေ..။ သူတို့ရဲ့ အင်အားအကြီးမားဆုံးလူတွေက အပြင်မှာ ရှိမနေတာလည်း ဖြစ်နိုင်တာပဲ..။ သတိမပြတ်ထားတာတော့ အကောင်းဆုံးပဲ..။”
” Yi..။ သူတို့တွေ ဘာလုပ်နေကြတာလဲ.။”
သူတို့တွေဟာ ကလန်ကြီးလေးခုရဲ့ ခေါင်းဆောင်တွေနောက်ကို အစဉ်အဆက်လိုက်ပါလာတဲ့ အစွမ်းထက်ကျင့်ကြံသူတွေဖြစ်ကြပါတယ်။ လက်ရှိမှာ သူတို့တွေဟာ အခြေအနေတွေအားလုံးကို အနီးကပ်စောင့်ကြည့်နေပါတယ်။
ကျောက်ခေတ်ရွာဟာ အေးချမ်းနေခဲ့ပါတယ်။ ရွာရဲ့ အရှေ့ဘက်ခြံ၀င်းထဲမှာတော့ ရှီဟောင်ဟာ အိုးတစ်လုံးနဲ့ သားရဲတချို့ရဲ့ နို့တွေကို ကျိုချက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ သူဟာ ခိုးကြောင်ခိုးဝှက် ကြိုးစားလုပ်ဆောင်နေရတာ ဖြစ်ပြီး တခြားကလေးကြီးတွေ သူ့ကိုရှာတွေ့သွားမှာကို ရှောင်ရှားတဲ့အနေနဲ့ ရွာအ၀င်၀ ခြံထောင့်မှာ လုပ်နေတာပါ။
” ဟဲဟဲ…။ အရမ်းချိုမဲ့ ပုံပဲ..။ “
မီးထိုးထားတဲ့ အိုးထဲကို သားရဲနို့တွေ ထည့်ပြီး စတင်ကျိုချက်လိုက်ပါပြီ။ သူဟာ သူ့နှာခေါင်းကို ပွတ်လိုက်ပြီး မျက်တောင် ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်ပါတယ်။
” ဖလပ်..။ ဖလပ်…။
” ဂီး…။ ဂေရာ… ။”
ရုတ်တရက်ဆို ငှက်အတောင်ပံခပ်သံတွေနဲ့ အော်ဟစ်သံတွေ ပေါ်ထွက်လာပါတယ်။ ရှီဟောင်ဟာ ချက်ချင်းပဲ ခေါင်းထောင်သွားပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။
” ဘယ်လိုဖြစ်ပြီး ဒီလောက်များတဲ့ သားရဲငှက်တွေ ပေါ်လာရတာလဲ..။ ဒါက တခြားသားရဲတစ်ကောင်ကောင်က သူတို့ကို ဖိအားပေးလို့ ဖြစ်ရမယ်…။”
ရှီဟောင်ဟာ မိုးကောင်းကင်ကို မော့ကြည့်ပြီး အပြင်းအထန်းစဉ်းစားလိုက်ပါတယ်။ သူဟာ မြန်မြန်ဆန်ဆန်ပဲ တစ်ခုခုထူးဆန်းနေတာကို ရှာတွေ့သွားပါတယ်။ သားရဲငှက်တွေအားလုံးဟာ သစ်တောနက်ထဲကနေ ကြောက်လန့်တကြားပျံသန်းထွက်လာပြီး နှစ်လီ သုံးလီအတွင်းမှာပဲ ပျောက်ကွယ်သွားကြပါတယ်။
” တစ်ခုခု မှားနေတာပဲ..။ ဖြစ်နိုင်တာက ငါတို့ရွာနားကို မှော်သားရဲကြီးတစ်ကောင်ကောင် ဒါမှမဟုတ်ရင် လူသားတွေရောက်လာတာ ဖြစ်ရမယ်…။”
ရှီဟောင်ရဲ့ ဦးဏှောက်ဟာမြန်မြန်ဆန်ဆန် အလုပ်လုပ်သွားပြီး သတင်းအချက်အလက်အဖြစ် ထုတ်ပေးလိုက်ပါပြီ။ သူဟာ ချက်ချင်းပဲ တခြားရွာသားတွေကို အော်ဟစ်သတိပေးလိုက်ပါတယ်။
တကယ်တော့ သည်အဖြစ်အပျက်ကို ရှီလင်းဟူ နဲ့ ရှီဖန်ကျင်းတို့ နှစ်ယောက်စလုံးကလည်း ကောင်းကောင်းခံစားမိကြပါတယ်။ ကျောက်ခေတ်ရွာသားတွေဟာ ရိုးရှင်းတဲ့စိတ်တွေရှိကြပါတယ်။ ဒါပေမဲ့ ဒါကသူတို့တွေနိုးနိုးကြားကြား ရှိမနေဘူးလို့ ဆိုလိုတာမှ မဟုတ်တာလေ။ သည်လိုမျိုး ကြောက်စရာကောင်းတဲ့ တောင်တန်းဒေသထဲမှာ နေနေသမျှကာလပတ်လုံး ခက်ခက်ခဲခဲအသက်ရှင်နေရတာကြောင့် သူတို့ရဲ့ အမြင်တွေဟာ စူးရှလို့နေပါပြီ။
” နောက်ဆုံးတော့ မိမစစ် ဖမစစ်ကောင်တွေ ရောက်လာကြပြီ..။”
အန်းမန်ရဲ့ အဖေက အော်ဟစ်လိုက်ပါတယ်။
တောင်ကုန်းထက်မှာ ရှိနေတဲ့ ကလန်ကြီးလေးခုလုံးက ကျင့်ကြံသူတွေအားလုံး အံ့သြသွားကြပါတယ်။ သည်ရွာရဲ့ တုန့်ပြန်မှုဟာ အရမ်းကို မြန်ဆန်ပြီး အမှန်တကယ်ကို အတော်လေးပုံမှန်မဟုတ်တဲ့ အခြေအနေပါပဲ။
” ရိ..။ ကလန်အကြီးအကဲ ရောက်လာပြီ..။”
ရွှေဝံပုလွေကလန်ရဲ့ လူတွေဟာ အော်ဟစ်လိုက်ပါတယ်။
ရဲရင့်တဲ့လူတစ်ယောက်နဲ့ အစွမ်းထက်ကျင့်ကြံသူလူအိုကြီးတွေပေါ်ထွက်လာပါတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာ တောက်ပနေကြပြီး ရွှေရောင်အလင်းတန်းတွေက လျှပ်စီးတွေအလား ဖြာထွက်နေပါတယ်။ ဒါက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ ကျင့်ကြံသူလူအိုကြီးတွေပဲ ဖြစ်ပါတယ်။
ရွှေဝံပုလွေကလန်ရဲ့ ဂါးဒီယန်းဝိညာဉ်တော် နတ်ဘုရားလည်း သူတို့ရဲ့အနားမှာ ရပ်တန့်နေပါတယ်။ သူဟာ သူ့ရဲ့ခေါင်းကို မော့ထားပြီး တခြားသူတွေကို အေးစက်စက်ငုံကြည့်လို့နေပါတယ်။ ဒါဟာ လူတိုင်းကို ကြောက်ရွံစေတဲ့အသိစိတ်ကို ဖြစ်ပေါ်စေပါတယ်။
ဂါးဒီးယန်းဝိညာဉ်တော်ဝံပုလွေကြီးရဲ့ ကိုယ်ပေါ်ကဖြာထွက်နေတဲ့ ရွှေရောင်အော်ရာတွေဟာ လူတိုင်းကို ကြောက်ရွံစေပြီး ဖိအားတွေဖြစ်ပေါ်စေပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ ခံစားချက်ကင်းမဲ့နေပြီး ဘယ်သူ့ကိုမဆို အချိန်မရွေးသတ်ဖြတ်ပစ်တော့မဲ့ပုံပါပဲ။ ဒါဟာ လူတိုင်းကို အသက်ရှူ ကြပ်သွားစေသလို လူအိုကြီးတွေထက်တောင် ခြောက်လန့်နိုင်နေပါတယ်။
” လီ 50000 ပတ်လည်အတွင်းမှာ ကြောက်စရာအကောင်းဆုံး ဂါးဒီးယန်းဝိညာဉ်တော်ပါလား..။”
လူတွေအားလုံးဟာ ရွှေရောက်ဝံပုလွေကြီးရဲ့ ဇစ်မြစ်သေချာသိလို့နေပါတယ်။
” ရွှေဝံပုလွေကလန်က လူတွေ မင်းတို့အဖွဲ့မြန်မြန် ထွက်ဖို့လုပ်ကြ..။ တခြားနောက်ကျောက ပတ်၀င်ပြီး ငါအမိန့်ကို စောင့်နေကြတော့..။”
သည်စကားကို ကြားပြီးနောက်မှာ ရဲရင့်ပြီးအစွမ်းထက်တဲ့ လူအိုကြီးတွေဟာ ရွှေရောင်အလင်းတန်းတွေလို သစ်တောနက်ထဲ ၀င်ရောက်ပျောက်ကွယ်သွားပါတယ်။
သူတို့ဟာ အရမ်းကို မြန်ဆန်စွာပဲ ခရီးအကွာအဝေးကို တိုပစ်လိုက်ပါတယ်။ သည်အချိန်မှာပဲ ဂါးဒီးယန်ဝိညာဉ်တော်ဟာ တောင်ကုန်းထိပ်မှာရပ်ပြီး ကျောက်ခေတ်ရွာကို စိုက်ကြည့်နေပါတယ်။
လက်ရှိမှာ ကလန်ကြီးသုံးခုရဲ့ အစွမ်းထက်ကျင့်ကြံသူတွေဟာလည်း လမ်းကြောင်းသုံးခုခွဲပြီး တပြိုင်တည်းလှုပ်ရှားလိုက်ကြပါတယ်။ သူ့တို့တွေလည်း တောင်ကုန်းထိပ်ကနေ ကျောက်ခေတ်ရွာကို လေ့လာခဲ့ကြသေးတယ်လေ။
လဲ့ကလန်၊ မဟာရေပေါ်နန်းတော်ကလန်၊ ခရန်းရောင်တောင်ကလန်နဲ့ ရွှေဝံပုလွှေကလန်တို့ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေအားလုံး ရောက်ရှိလာကြတာပါ။ သူတို့တစ်ယောက်ချင်းဆီကတောင် အရမ်းအစွမ်းထက်ပြီး ကျောက်ခေတ်ရွာကိုမျိုးဖြုတ်ချင်စိတ်တွေသာ ကြီးစိုးနေကြပါတယိ။
ကြီးမားပြင်းထန်တဲ့ အသံကြီးတစ်ခုဟာ မိုးချူန်းသံအလား ပေါ်ထွက်လာပါတယ်။ လက်ရှိမှာတော့ မဟာရေပေါ်နန်းတော်ကလန်ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေဟာ သစ်တောန်ထဲက အနောက်ဘက် မြေလိမ်မြွေကောက်လမ်းပေါ်ကို ရောက်နေကြပါပြီ။ သူတို့ရဲ့ တကိုယ်လုံး ရေခိုးရေငွေ့အော်ရာတွေ ဖုံးလွှမ်းနေပြီး အလင်းတန်းတွေကလည်း ခေါင်းအစခြေအဆုံးဖြာထွက်နေပါတယ်။ ပြောရရင် သူတို့တွေဟာ ရေလွှမ်မိုးနိုင်တဲ့ မိုးနဂါးကြီးအသွင်ပြောင်းလဲထားကြတာလေ။
ဒါက သူတို့သွေးဝိညာဉ်ကို အသက်သွင်းထားတာကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။ သူတို့တွေဟာ ကြီးမားပြီးအစွမ်းထက်တဲ့ မိုးနဂါးကြီးကို ဆင့်ခေါ်ဖို့ ကြိုးစားထားကြတာလေ။ မိုးနဂါးသားရဲကြီးရဲ့ အသွင်ဟာ တဖြည်းဖြည်းပီပြင်လာခဲ့ပြီး တရစ်ပြီးတရစ် ရစ်ခွေလာတညကြောင့် ခြောက်လန့်သက်သက်တော့ ဟုတ်ပုံမရပါဘူး။
သူတို့တွေဟာ အဖိုးတန်နည်းစနစ်ကို အသုံးပြု ပြီး အသက်သွင်းထားတာ ဆိုပေမယ့် သူတို့ရဲ့ နည်းစနစ်က နည်းနည်းတော့ ထူးဆန်းနေပါတယ်။
သည် ရေလွှမ်းမိုးနိုင်တဲ့ မိုးနဂါးကြီးဟာ သူတို့ရဲ့ ကျောရိုးထဲကနေ ဖြစ်ပေါ်လာတာကြောင့် အရမ်းကို မြန်ဆန်တဲ့နှုန်းနဲ့ ကြီးထွားလာပါတယ်။ သူ့ရဲ့အကြေးခွံတွေဟာ ပေဆယ်ချီထူထဲပြီး ပေထောင်ကျော် ရှည်လျားလို့နေတာကြောင့် သူ့ရဲ့ အော်ရာတွေဟာ မိုးကောင်းကင်ကိုတောင် ဖုံးလွှမ်းသွားမတတ်ပါပဲ။ မီးခိုးရောင်အခိုးအငွေ့တွေကလည်း ကောင်းကင်ပြာမှာ ကြီးမားတဲ့သင်္ကေတတွေအဖြစ် ဖြာထွက်လို့နေပါတယ်။
ရေလွှမ်းမိုးနိင်တဲ့ မိုးနဂါးကြီးဟာ တဟုန်းဟုန်းကြီးထွားလာပြီး သူထွက်ပေါ်လာတာတဲ့ မြေပြင်တစ်ခုလုံး ပရမ်းပတာဖြစ်သွားပါတယ်။ ကျောက်တုံးကျောက်ခဲတွေဟာလည်း သစ်ရွက်သစ်ခက်တွေအလား ပလူပျံလို့သွားပါတယ်။
” ဂူး … ။ “
ကျယ်လောင်ပြင်းထန်တဲ့အသံကြီးနဲ့အတူ မီးခိုးရောင်အော်ရာတွေဖုံးလွှမ်းနေတဲ့ မိုးနဂါးကြီးဟာ ကျောက်ခေတ်ရွာကို တိုက်ခိုက်ဖို့ မိုးတိမ်တိုက်တွေကြားကနေ ရုတ်တရက်ထိုးဆင်လာပါတယ်။ သူဟာ တိုက်ခိုက်လိုစိတ်တွေ အရမ်းကို ပြင်းထန်နေပုံရပါတယ်။ မိုးနဂါးကြီးဟာ ကောင်းကင်လေဟာပြင်ကို ပြည့်လုမတတ်ကြီးထွားလာပြီး သူ့ရဲ့ မွေးရာပါမီးခိုးရောင်အော်ရာတွေကလည်း မြင့်တက်လာပါတယ်။ သူဟာ ရှူ းရှူ းရှဲရှဲအော်သံကြီးပေါ်ထွက်လာပြီး
ကျောက်ဆောင်ကျောက်သားတွေကို ချိုးဖဲ့လိုက်ပါတယ်။
ကျောက်ခေတ်ရွာအပြင်ဘက်က ကျောက်ဆောင်ကျောက်တောင်တွေနဲ့ သစ်ပင်ကြီးတွေဟာ မိုးနဂါးကြီးရဲ့တိုက်ခိုက်ဖျက်စီးမှုကို ခံလိုက်ရပြီး မြေပြင်ဟာ အက်ကွဲလို့လာပါတယ်။ မိုးနဂါးကြီးရဲ့ စွမ်းအားဟာ အဆမတန်ကြီးမားလို့နေပြီး သူ့ရဲ့ကြောက်စရာကောင်းတဲ့ တိညက်ခိုက်မှုဟာ လူအားလုံးရဲ့ စိတ်ဝိညာဉ်ကို တုန်ခါသွားစေပါတယ်။
” ဘယ်လောက်တောင် အစွမ်းထက်တဲ့ အဖိုးတန်နည်းစနစ်လဲ..။”
နှစ်လီ သုံးလီအကွာမှာ ရှိနေတဲ့လူတိုင်းအ့ံ့သြသွားကြပါတယ်။ အဖိုးတန်နည်းစနစ်ဆိုတာ အများအားဖြင့် ရိုးရှင်းလှပေမဲ့လည်း သူတို့ရဲ့အစွမ်းထက်မြက်မှုက ဆံပင်မွှေးတွေတောင် ထောင်တက်စေပါတယ်။ သည်လိုအဖိုးတန်နည်းစနစ်မျိုးဆိုတာ ကလန်တစ်ခုလုံးကို ဖျက်စီးဖို့ လုံလောက်တဲ့ စွမ်အားတွေ ရှိပါတယ်။
” မိုးနဂါးကြီးက ကြောက်စရာကောင်းပေမယ့် ရွာကိုတော့ ဘာမှမလုပ်နိုင်သေးဘူး..။”
ကျောက်ခေတ်ရွာအ၀င်၀မှာ ရှိနေတဲ့ မိုးမခသစ်ပင်အိုကြီးဟာ မြစိမ်းရောင်အော်ရာတွေ ချက်ချင်းပဲ ဖြာထွက်လာပါတယ်။ ဒါဟာ မီးခိုးရောင်မိုးနဂါးကြီးရဲ့ တိုက်ခိုက်မှုကို တားဆီးပိတ်ဆို့ထားသလို ကျောက်ခေတ်ရွာကိုလည်း ကာကွယ်စောင့်ရှောက်ဖို့ရာ မြစိမ်းရောင်အလင်းမြူ တွေကို ထုတ်လွှတ်နေပါတယ်။
****