သုခကမ္ဘာက ရှီဟောင် - Chapter - 71 ကစဉ့်ကလျှား ဖြစ်ခြင်း
Chapter – 71 ကစဉ့်ကလျှား ဖြစ်ခြင်း
” ဝူး … “
ဟာရီကိန်းမုန်တိုင်းတိုက်ခိုက်လိုက်သလို တောင်တန်းဒေသတစ်ခုလုံး တုန်ခါသွားစေတဲ့ ရှေးဟောင်းသားရဲမျိုးဆက်နဲ့တူတဲ့ အော်ဟစ်သံကြီး ပေါ်ထွက်လာပါတယ်။ ရွှေဝံပုလွေကလန်ရဲ့ ကြီးမြတ်သော ကလန်ခေါင်းဆောင်ဟာ အလိုအလျှောက်ကို ဟစ်ကြွေးလိုက်တာလေ။
” ဘယ်သူမှ မလုပ်ရှားကြနဲ့..။ !”
ကြီးမြတ်သော ကလန်ခေါင်းဆောင်ဟာ အထိတ်တလန့်အော်ဟစ်လိုက်ပါတယ်။ သူဟာ အပြင်းအထန်တိုက်ခိုက်လိုက်ရင် သူ့ရဲ့ကလန်သားတစ်ချို့ သေဆုံးသွားနိုင်ပါတယ်။ သူ့လိုမျိုး အင်အားကြီးပြီး စွမ်းအားမတိမ်းမယိမ်းရှိနေတဲ့ သူတွေတောင် မိုးမခသစ်ပင်အိုကြီးရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင့်ခုခံကာကွယ်ဖို့ ခက်ခဲတယ်လေ။
” ရှူ း…။ “
မယုံနိုင်စရာကောင်းလောက်အောင် ရွှေရောင်အလင်းတန်းတွေဟာ ဒီရေတွေအလား တိုးထွက်လာပါတယ်။ ကြီးမြတ်တဲ့ အရှိန်အဝါတွေ ဖြစ်တည်နေတဲ့ အလင်းတန်းတွေဟာ ဟာရီကိန်းမုန်တိုင်းတစ်ခုလို စွမ်းအားကြီးမားနေတဲ့ မြစိမ်းရောင်ဝဲကတော့ကြီးဆီကို ဦးတည်သွားတာကြောင့် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေခဲ့ပါတယ်။
“ဘိုးဘွားပိုင် ရှေးဟောင်းပစ္စည်း!..။”
” ရွှေဝံပုလွေကလန်အရှင်သခင်က ဘိုးဘွားပိုင် ရှေးဟောင်းပစ္စည်းကို ယူဆောင်လာတာလား..။ !”
ရွှေဝံပုလွေကလန်က လူအားလုံးဟာ ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး စိတ်လှုပ်ရှားသွားကြပါတယ်။ သူတို့က ဟာရီကိန်းမုန်တိုင်းးတစ်ခုလို အဖျက်အဆီးစွမ်းအားကောင်တဲ့ မိုးမခသစ်ပင်အိုကြီးရဲ့ သတ်ဖြတ်ခြင်းကို ခံရဖို့ စောင့်ဆိုင်းနေရသလို ဖြစ်နေတာကြောင့်လေ။
ဒါပေမဲ့လည်း သူတို့ရဲ့ စိတ်လှုပ်ရှားခြင်းတွေဟာ အချိန်ခဏလေးပဲ အခွင့်အရေးရှိခဲ့ပြီး အရာအားလုံးက ပြောင်းလဲသွားပြန်ပါတယ်။ ရွှေရောင်အလင်းတန်းတွေဟာ မြစိမ်းရောင်ဝဲကတော့ကြီးနဲ့ ထိတွေ့လိုက်ချိန်မှာ ရွှေဝံပုလွေကလန်အရှင်သခင်ရဲ့ ထိန်းချုပ်နိုင်စွမ်းတွေ ဆုံးရှုံးသွားပါတယ်။ ရွှေရောင်အလင်းတန်းတွေဟာ မြစိမ်းရောင်ဝဲကတော့ကြီးရဲ့ စုပ်ယူခြင်းကို ခံလိုက်ရပါပြီ။
” အမ်..။ ဒါ က … “
ရွှေဝံပုလွေကလန်အရှင်သခင်ဟာ အသံကျယ်ကြီးနဲ့ အော်ဟစ်လိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဓားနဲ့အမွန်းခံရသလို သွေးတွေစိမ့်ထွက်လာပါတယ်။ သူ ထုတ်ဖော်လိုက်တဲ့ ရွှေရောင်အလင်းတန်းတွေဟာ မြစိမ်းရောင်ဝဲကတော့ကြီးကို ထိတွေ့လိုက်တာနဲ့ ကိုယ်တွင်းကလီစာတွေအားလုံး ဗြောင်းဆန်သွားသလို ခံစားလိုက်ရပါတယ်။
လူအားလုံးဟာ အရမ်းကိုကြောက်လန့်သွားပါတယ်။ သူတို့တွေဟာ အကြောက်တရားလှိုင်းတံပိုးတွေအောက် နှစ်မြုပ်သွားသလိုတောင် ခံစားလိုက်ရပါတယ်။
” ဖောက်..။!”
မြစိမ်းရောင်ဝဲကတော့စက်ကွင်းထဲကနေ လွှတ်ထွက်လာတဲ့ ဘိုးဘွားပိုင်ရှေးဟောင်းပစ္စည်းဟာ ရွှေဝံပုလွေကလန်သားတွေရဲ့ ရှေ့ကို ပြန်ရောက်လာပါတယ်။ ဒါက ရွှေရောင်အော်ရာတွေ ဖြာထွက်နေတဲ့ ဓားမြှောင်တစ်ချောင်းပဲ ဖြစ်ပါတယ်။ မြစိမ်းရောင်ဝဲကတော့ကြီးကို ရင်ဆိုင်ပြီးနောက်မှာ ဓားမြှောင်ပေါ်က သင်္ကေတတွေဟာ မှေးမှိန်သွားပြီးဖြစ်ပေမယ့် နောက်ဆုံးမှာတော့ လွှတ်မြောက်လာနိုင်ခဲ့ပါတယ်။
တစ်ဟောက်ယောက်ကသာ ဂရုတစိုက်နဲ့ လေ့လာကြည့်မယ်ဆိုရင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ ဘိုးဘွားပိုင် ရှေးဟောင်းပစ္စည်းဟာ ပွန်းပဲ့သွားတာကို မြင်ရနိုင်ပါတယ်။ ရွှေဝံပုလွေကလန်က အစွမ်းထက်ကျင့်ကြံသူတွေဟာ တုန်လှုပ်စပြုလာပါတယ်။ ကြီးမြတ်သော ကလန်ခေါင်းဆောင်ရဲ့ လက်ထဲက ဘိုးဘွားပိုင် ရှေးဟောင်းပစ္စည်းဟာ သွက်သွက်ခါအောင် ရမ်းခါနေတာကြောင့် သူ့ရဲ့ စိတ်ဝိညာဉ်တောင် သွေးထွက်သလား မှတ်ရပါတယ်။ ဘိုးဘွားပိုင်ရှေးဟောင်းပစ္စည်းတောင်မှ မိုးမခသစ်ပင်ကြီးကို အနိုင်ယူနိုင်ဖို့ မလုံလောက်ဘူးဆိုတာကို စိတ်ကူးထဲကိုတောင် မထည့်ထားမိကြပါဘူး။
သည် ဘိုးဘွားပိုင်ရှေးဟောင်းပစ္စည်းဟာ ရှေးဟောင်းတိုင်းပြည်တစ်ခုကနေ ရရှိလာတဲ့ အရာဖြစ်ပြီး သူတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်ဆီက ဆင်းသက်ရရှိလာတာ မဟုတ်ဘူးလေ။
ရွှေဝံပုလွေကလန်ဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက နှစ်စဉ်ကိုပဲ ရှေးဟောင်းတိုင်းပြည်ကို အခွန်ပဏာတွေ ဆက်သရပါတယ်။ သူတို့ရဲ့ ဘိုးဘေးတွေဟာ ကြီးမားလှတဲ့ လက်ဆောင်ပစ္စည်းတွေကို ရှေးဟောင်းတိုင်းပြည်ဆီမှာ ဆက်သလိုက်တဲ့အခါမှာ သူတို့တွေကို လက်ရှိရရှိလာတဲ့ ဓားမြှောင်ကို ပြန်လည်ရရှိလိုက်ပါတယ်။
အဲ့သည်အချိန်တည်းက စပြီး ရွှေဝံပုလွေကလန်ကြီးဟာ အရမ်းကို အစွမ်းထက်ပြီး ဘုန်းကြီးလာခဲ့ပါတယ်။ သည့်နောက်ပိုင်းကနေ နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာ အခုလိုမျိုး အစွမ်းထက်တဲ့ နယ်မြေအများကြီးကို ပိုင်ဆိုင်တဲ့ ကလန်ကြီးဖြစ်လာပါတယ်။
ဒါက ဘိုးဘွားပိုင် ရှေးဟောင်းအဖိုးတန်ပစ္စည်း သူတို့တွေရဲ့ လက်ထဲမှာ ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။
တကယ်တော့ ရွှေဝံပုလွေကလန်ရဲ့ ရှေးဟောင်းအဖိုးတန် ဓားမြှောင်ဟာ ရှေးဟောင်းတိုင်ပြည်ဆီက ဂါးဒီးယန်းဝိညာဉ်တော်ဆီကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေးဟောင်းတိုင်းပြည်က သူတို့ရဲ့ နတ်ဘုရားဝိတ်အာရုံကို ဓားမြှောင်ပေါ်ကနေ ဖယ်ရှားထားခဲ့ပေမယ့် သူ့ရဲ့အစွမ်းသတ္တိကတော့ အရမ်းကို အားကောင်းလို့နေဆဲပါပဲ။ ဒါပေမဲ့ မိုးမခသစ်ပင်အိုကြီးနဲ့ တွေ့သွားတာကတော့ အဖြစ်ဆိုးတွေ ကြုံသွားရတော့တာပါပဲ။ ဓားမြှောင်ပေါ်မှာ ကျန်ရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေဟာ တစက်မကျန်အောင် စုပ်ယူခံလိုက်ပြီလေ။
” ဇီရှန်ဟန်လည်း ထွက်ပြေးသွားပြီ…။”
သည်အခိုက်အတန့်မှာပဲ လီ 50000 ပတ်ပတ်လည်မှာ နံပါတ်တစ်အစွမ်းထက်ကျင့်ကြံသူကြီးဟာ ခရမ်းရောင်တိမ်တိုက်တစ်ခုအလား တောင်တန်းဒေသအတွင်းထဲကို ထွက်ပြေးသွားခဲ့ပါတယ်။
သူဟာ ရွှေဝံုလွေဂါးဒီးယန်းဝိညာဉ်တော်လိုပဲ ထွက်ပြေးသွားခဲ့ပြီး သူရပ်နေခဲ့တဲ့ နေရာမှာ ရှေးဟောင်းအဖိုးတန်ပစ္စည်းကျန်ရဝ်နေခဲ့ပါတယ်။ ဒါဟာ ရှေးဟောင်းအဖိုးတန်ပစ္စည်းကို အသုံးချလိုက်တာနဲ့ အသွင်ပြောင်းလဲနိုင်စွမ်းရှိတဲ့ သိပ့်သည်းခြင်းအော်ရာတွေ ဖုံးလွှမ်းနေတာလေ။
နောက်ဆုံးမှာတော့ မိုးမခသစ်ပင်အိုကြီးသာ ထီးတည်းကျန်ရစ်ခဲ့ပါတယ်။ ကလန်ကြီးလေးခုက အစွမ်းထက်ကျင့်ကြံသူတွေရော သာမန်ကျင့်ကြံသူတွေပါ ထွက်ပြေးသွားတာကြောင့် သူတို့ရဲ့ ရှေးဟောင်းအဖိုးတန်ပစ္စည်းတွေကို ဖျက်စီးဖို့ လုံလောက်တဲ့အချိန်ရသွားပါတယ်။ ပြောရရင် ရှေးဟောင်းအဖိုးတန်ပစ္စည်းကို ဖျက်စီးပစ်တယ်ဆိုတာကလည်း မိုးမခသစ်ပက်အိုကြီးအနေနဲ့ကတော့ စိတ်စွမ်းအားသင်္ကေတတွေကို စုပ်ယူဝါးမြိုပစ်လိုက်တာပဲဖြစ်ပါတယ်။ ဒါက သူ့ရဲ့ တကယ့် အစစ်အမှန်နတ်ဘုရားစွမ်းအားတွေကို တိုးတက်စေပြီး ထွက်ပြေးသွားတဲ့ အစွမ်းထက်ကျင့်ကြံသူတွေနောက်ကို လိုက်ပါသွားခြင်းမရှိပါဘူး။ မိုးကောင်းကောင်တခုလုံးကို ဖုံးလွှမ်းသွားမတတ် ကြီးမားကျယ်ပြန့်နေတဲ့ ဟာရီကိန်မုန်တိုင်းတစ်ခုအလား မြစိမ်းရောင်ဝဲကတော့ကြီးကလည်း မြန်မြန်ဆန်ဆန်ပဲ သေးငယ်ပျောက်ကွယ်သွားပါတယ်။ ကလန်ကြီးလေးခုက လူတွေအားလုံးရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အချည်းနှီး ဖြစ်သွားပြီး သူတို့တွေဟာ တောင်တန်းဒေသရဲ့ ပုန်းကွယ်နေတဲ့ အစစ်အမှန်စွမ်းအားရှင်ကိုမှ ရန်သွားစမိသလို ဖြစ်သွားကြပါတယ်။
တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ ကလန်ကြီးလေးခုက လူတွေဆီကို ကျရောက်သွားပါတယ်။ သူတို့တွေဟာ သည်နေရာကို လာပြီး သူတို့ရဲ့ စွမ်းအားတွေကို ပြသချင်ခဲ့တာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကြီးမြတ်သော ကလန်ခေါင်းဆောင်တစ်ယောက်သာ ခလတ်ြမထိ ဆူးမညှိပဲ လွှတ်မြောက်နိုင်ခဲ့ပါတယ်။ တခြားသူတွေက အဖမ်းခံရသလို တစ်ယောက်ကလည်း အသတ်ခံလိုက်ရပါတယ်။ ဒါ့ကြောင့်ပဲ သူတို့ရဲ့ မျက်နှာတွေဟာ ရှေစဟောင်းဘုရားကျောင်းပျက်ကြီးလို ယိုယွင်းသွားခဲ့ပါတယ်။
သူတို့တွေဟာ ကြီးမြတ်သော ကလန်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ သူတို့တွေကို ဘယ်သူမှ ရပ်တန့်နိုင်မယ်လို့ မယုံကြပါဘူး။ သူတို့တွေထဲက ကလန်တစ်ခုခုကသာ နည်းနည်းလောက် လှုပ်ရှားလိုက်တာနဲ့ ကလန်ငယ်လေးပေါင်းများစွာကို သိမ်းယူနိုင်မယ်လို့ ထင်ထားကြပါတယ်။ သည်အကြောင်းပြချက်တွေကြောင့် သူတို့ဟာ ကျောက်ခေတ်ရွာကို ရောက်ရှိလာပါတယ်။ ဒါပေမဲ့ သူတို့ရရှိသွားတဲ့ ရလာဒ်ကတော့ သူတို့မျှော်လင့်ထားတာနဲ့ ပြောင်းပြန်ပါပဲ။
ပြောရရင် သူတို့ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ရေးဆိုတဲ့ စစ်ဆင်ရေးခေါင်းစဉ်က အရမ်အရမ်းကို ဟာသဆန်သွားပုံရပါတယ်။ ဒီကြောက်မက်ဖွယ်ရာကောင်းလွန်းတဲ့ မိုးမခသစ်ပင်အိုကြီးရဲ့ ရှေ့မှာတော့ သူတို့တွေဟာ ဘာမှအရေးမပါတဲ့ အင်းဆက်လေးတွေပါပဲ။
လက်ရှိအချိန်မှာတော့ ကလန်ကြီးလေးခုဟာ ကြောက်လန့်နေသလို ဒေါသအမျက်လည်း ကြီးမားနေပါတယ်။ သူတို့ရဲ့ ကြီးမြတ်သော ကလန်ခေါင်းဆောင်တွေ သေဆုံးသွားကြတာ ာဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ရှုပ်ထွေးသွားစေခဲ့ပါတယ်။ သူတို့တွေဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပြီး သည်နေ့ရဲ့ အရှက်ရမှုကို ဘယ်တော့မှ မေ့ပစ်နိုင်မှာမဟုတ်တော့ပါဘူး။
” ကျွန်တော့်အဖေက သည်လိုမျိုး သေသွားလို့မရဘူး..။ ကျွန်တော့်ကို ရှင်းပြတာ လိုချင်တယ်..။”
ရွှေဝံပုလွေကလန်ရဲ့ ခန့်ငြားတဲ့လူငယ်လေးတစ်ယောက်ဟာ အော်ဟစ်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေ အရောင်တွေတလက်လက်ထွက်နေပြီး ဝံပုလွေတစ်ကောင်နဲ့ တူနေပါတယ်။
” သခင်လေး..။ စိတ်ကို ငြိမ်ငြိမ်ထားပါ..။ ကျုပ်တို့တွေ ဒီနတ်ဆိုးဆန်တဲ့ မိုးမခသစ်ပင်အိုကြီးကို တွန်းလှန်နိုင်တဲ့ အစွမ်းမရှိဘူး..။ ကျုပ်တို့ လူတွေထပ်လွှတ်လိုက်ရင်လည်း အကုန်လုံးကို သွားအသေခံခိုင်းတာနဲ့ အတူတူဖြစ်နေမယ်…။ အာ့ဒါဆိုရင် ကလန်ပါ ပျောက်ကွယ်သွားလိမ့်မယ်..။”
” ဝံပုလွေသွားဓားမြောင်က ဒီကို ပြန်ကျလာပေမယ့် မိစ္စာကောင်မိုးမခပင်က လိုက်ပြီး မတိုက်ခိုက်ခဲ့ဘူး…။ ငါသာဆိုရင် ထပ်ပြီး တိုက်ခိုက်မှာပဲ..။”
လူငယ်လေးရဲ့ အသံဟာ အေးစက်နေပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ တည်ငြိမ်နေပြီး တပ်သားတွေထပ်လွတ်ဖို့ ပြင်လိုက်ပါတယ်။
သည်အချိန်မှာပဲ လူအားလုံးအတွက် တုန်လှုပ်ချောက်ချားစရာအဖြစ်အပျက် ဖြစ်လာပါတယ်။
**