သုခကမ္ဘာက ရှီဟောင် - Chapter - 78 လီတစ်သိန်းနောက်ကို အပြေးလိုက်မယ်
Chapter – 78 လီတစ်သိန်းနောက်ကို အပြေးလိုက်မယ်
လဲ့ကလန်တစ်ခုလုံး အော်ဟစ်သံတွေနဲ့ ဖုံးလွှမ်းလို့နေပါတယ်။ ကောင်းကင်တိုက်စားခြင်းစာငှက် ရဲ့ တိုက်ခိုက်မှုဟာ လဲ့ကလန်ထဲက လူအားလုံးကို ရင်သပ်ရှုမောဖြစ်သွားစေပါတယ်။
သူတို့ကို ကယ်တင်နိုင်တဲ့ ဘယ်သူမှ မရှိတော့တာကြောင့် သူတို့တွေ ခုခံကာကွယ်နေလည်း အချည်းနှီးပါပဲ။ လဲ့ကလန်တည်ရှိရာနယ်မြေတစ်ခုလုံးဟာ အနက်ရောင်အလင်းတန်းတွေသာ လွှမ်းခြုံ ရစ်သိုင်းလို့နေပါတယ်။ အသားစားငှက်ကြီးရဲ့ နှုတ်သီးထဲကို လဲ့ကလန်သားတွေ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်ချောက်ခြားစွာ ပါသွားတာကိုသာ ကြည့်နေနိုင်ပါတော့တယ်။
ဒါဟာ အရမ်းကို အကျည်းတန်တဲ့ မြင်ကွင်းတစ်ခုပါပဲ။ သွေးနီရောင်တဖိတ်ဖိတ်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကောင်းကင်တိုက်စားခြင်း အသားစားငှက်ကြီးဟာ သူ့တကိုယ်လုံးအနက်ရောက်အော်ရာတွေ လွှမ်းလို့နေပါတယ်။ ပြီးတော့ ကောင်းကင်ကို အုပ်မိုးမတတ် အတောင်ပံကြီးတွေကို ဖြန့်ပြီး သူ့ရဲ့ ယက်သက် ( ငါးဖမ်းပိုက်ကွန် ) တစ်ခုလို ကြီးမားတဲ့ပါးသပ်ကြီးထဲကို သန်းဆယ်ချီတဲ့ ကလန်သားတွေ အဆက်မပြတ်စားသောက်ခံလိုက်ရပါတယ်။
ပူး….။! ပူး….။!
လဲ့ကလန်သားတွေဟာ ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးရဲ့ ပါးစပ်ထဲကို ကျရောက်သွားပြီးနောက်မှာ ဒီလူသားတွေဟာ သူ့ရဲ့၀မ်းဗိုက်ထဲမှာ ချက်ချင်းပဲ ပေါက်ကွဲသွားခဲ့ကြပါတယ်။
” ဒီလောက်များတဲ့ လူသားတွေရဲ့ သွေးစက်တွေ ..။ ဒါက နည်းနည်းတော့ကို ငါ့ကို စိတ်ကျေနပ်စေတာပဲ..။”
လဲ့ကလန်သားတွေရဲ့ အသွေးအသားတွေဟာ အထွတ်အထိပ်အဆင့်မှော်သားရဲကြီးတွေနဲ့ တိုက်ပွဲမှာ အားအင်ကုန်ခန်းမတတ်ဖြစ်နေတဲ့ အသားစားငှက်ကြီးကို နောက်တခါပြန်လည် အသက်သွင်းလိုက်သလိုပါပဲ။
” ဟူးလား…။”
မိုးကောင်းကင်ဟာ ချက်ချင်းပဲ နှစ်ခြမ်းကွဲသွားကာ သံမဏိလှံတံကြီးဟာ ကောင်းကင်တိုက်စားခြင်း အသားစားငှက်ကြီးပေါ်ကို ကျရောက်လာပါတယ်။ ဒါက တောင်ကြီးတစ်လုံးလောက် ကြီးမားလို့နေတဲ့ အသားစားငှက်ကြီးကိုတောင် နှစ်ပိုင်းဖြတ်နိုင်တဲ့အထိ စွမ်းအားတွေ ပြည့်နှက်နေပါတယ်။
ကံမကောင်းစွာနဲ့ပဲ ကောင်းကင်တိုက်စားခြင်း စာနီငှက်ကလည်း အရမ်းအရမ်းကို အစွမ်းထက်နေခဲ့ပါတယ်။ သူ့ရဲ့ တောင်ပံတစ်ချက်ခပ်လိုက်တာနဲ့ ကောင်းကင်ဟင်းလင်းပြင်ထဲကနေ မျက်စိတမှိတ်အတွင်းမှာကိုပဲ အဝေးကြီးကို ရောက်သွားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မယုံနိုင်လောက်အောင်ကြီးမားလွန်းလှပေမယ့်လည်း အရမ်းကို မြန်ဆန်သွက်လက်တဲ့ လျှပ်စီးလို အမြန်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
” မင်းက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ..။ သံမဏိလှံတံကို ရှောင်လိုက်နိုင်တယ်ဆိုရင်တောင် ကောင်းကင်ဘုံက အပြစ်ပေးမှာကို မကြောက်ဘူးလား..။”
မြူ ခိုးမြူ ငွေ့တွေ ရစ်သိုင်းနေတဲ့ နေရာကနေ အသံကြီးတစ်သံပေါ်ထွက်လာပါတယ်။
” ဘာဖြစ်လို့ ကောင်းကင်ဘုံကို ဂရုစိုက်နေရမှာလဲ..။ နတ်ဘုရားတွေတောင် ငါ့ကို ဘာမှမလုပ်နိုင်ဘူး..။”
ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးရဲ့ ကြီးမားလွန်းလှတဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ကောင်းကင်လေဟာပြင်မှာ ပြည့်နှက်လို့နေပါတယ်။ သူ့ရဲ့ ကြီးမားလွန်းလှတဲ့ တောင်ပံတွေကို တဖျပ်ဖျပ်ခပ်လိုက်တိုင်း မြေကမ္ဘာဟာ ပိုပိုတုန်ခါလာပါတယ်။ သည်လို မကောင်းဆိုးရွားဆန်တဲ့ အော်ရာတွေဟာ မြေကမ္ဘာတစ်ခုလုံးကို ပိတ်ဖုံးထားပါတယ်။
ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးဟာ ပြိုင်ဘက်ကင်းတဲ့ နတ်ဆိုးအဖိုးတန်နည်းစနစ်ကို အသုံးချနိုင်ပါတယ်။ ဒါကြောင့်လည်း အရိပ်မည်းကြီးကို ငရဲပြည်ကနေ တိုးထွက်လာတဲ့ အေးစိမ့်နေတဲ့ အသံကြီးနဲ့ ပြောဆိုလိုက်တာပါ။ မရေမတွက်နိုင်အောင် သိပ်သည်းပြီးကြောက်စရာသင်္ကေတစွမ်းအားတွေ ဖုံးလွှမ်းနေတဲ့ အနက်ရောင်တောင်ပံကြီးတွေရဲ့ တဟုန်းဟုန်းခပ်သံဟာ မြေကမ္ဘာကို ဖျက်ဆီးလိုတဲ့ အော်ရာတွေနဲ့ သံမဏိလှံကို ကိုင်ဆောင်ထားတဲ့ အရိပ်မည်းကြီးဆီကို ၀င်ရောက်သွားပါတယ်။
နောက်ထပ်တကြိမ် ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲကြီးတစ်ခု စတင်လာခဲ့ပြန်ပါတယ်။ မိုးနဲ့မြေကို ထိုးဖောက်နိုင်စွမ်းရှိတဲ့ သံမဏိလှံတံကြီးကို အနက်ရောင်တောင်ပံကြီးတွေက ဆန့်ကျင်တိုက်ခိုက်လိုက်တာပါ။ သူ့ရဲ့ ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ နတ်ဆိုးအဖိုးတန်နည်စနစ်ဟာ ကမ္ဘာကြီးကို ဇော်ထိုးဖြစ်သွားစေတဲ့အလား ထင်ယောင်ထင်မှား ဖြစ်သွားစေပါတယ်။
chi!
ကောင်းကင်လေဟာပြင်တစ်ခုလုံး အနက်ရောင်တောင်ပံကြီးနှစ်ဖက်နဲ့ ပြည့်သိပ့်နေပြီး အနက်ရောင်အလင်းစွမ်းအားတွေသာ ဖြာထွက်နေပါတယ်။ ရုတ်တရက်ဆိုသလို အနက်ရောင်အလင်းစွမ်းအားတွေဟာ တောင်ပံကြီးနှစ်ဖက်နဲ့ တစတစပေါင်းစည်းသွားပြီး အရမ်းကိုကြီးမားလွန်းလှတဲ့ မီးလျှံတွေအဖြစ်ပြောင်းလဲသွားပါတယ်။ မိုးနဲ့မြေကြားမှာ ရပ်တန့်နေတာတောင် သူ့ရဲ့သေးငယ်တဲ့အော်ရာတစ်စက်လေးကတောင် ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိနေပါတယ်။ ဒါဟာ ကြီးမြတ်သော မဟာ ကောင်းကင်ဘုံမှာ ရှိနေတဲ့ မြေကမ္ဘာပျော်ရည်မီးလျှံအိုးကြီးလိုပါပဲ။
ကောင်းကင်တိုက်စားခြင်းစာငှက်ရဲ့ နတ်ဆိုးဆန်တဲ့အမွေးအမျှင်တွေဟာ လှိုင်းထနေခဲ့ပြီး ကြောက်စရာကောင်းတဲ့ မီးလျှံသင်္ကေတတွေကလည်း သိပ်သည်းလာပါတယ်။ ဝုန်းခနဲ အလင်းတန်းကြီးတွေ ပေါ်ထွက်လာတာနဲ့ တပြိုင်နက် သံမဏိလှံတံကိုင်ဆောင်ထားတဲ့ အရိပ့်မည်းသတ္တဝါဆိုးကြီးကို စတင်လောင်မြိုက်ပါတော့တယ်။
” ဝုန်း..။”
အရိပ့်မည်းကြီးရဲ့ လက်ထဲက သံမဏိလှံတံကြီးကလည်း အရမ်းကို မြန်ဆန်စွာလှုပ်ရှားသွားခဲ့ပါတယ်။ ကောင်းကင်မီးလျှံအလားတဟုန်းဟုန်းတောက်လောင်နေတဲ့ အသားစားငှက်ကြီးဆီကို သံမဏိလှံတံကြီးဟာ ဓားတစ်ချောင်းအလား ကျဆင်းသွားပါတယ်။
ဒါက ဘ၀နဲ့သက်ဆိုင်သွားတဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကြီးဖြစ်ပါတယ်။ နောက်ဆုံးတော့ သူတို့တွေရဲ့ အစစ်အမှန်စွမ်းအားတွေကို ထုတ်ဖော်ပြီး စတင်တိုက်ခိုက်လိုက်ကြပါပြီ။
တခြားတဖက်မှာတော့ ကောင်းကင်မီးလျှံစာနီငှက်လေးဟာ ကြီးမားပြီးရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲကြီးတစ်ကောင်နဲ့ အပြင်းအထန်တိုက်ခိုက်လို့နေပါတယ်။ သူတို့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တချွင်ချွင်အသံတွေနဲ့အတူ မီးပွားစတွေဖြာထွက်နေပြီး မိုးမြေတစ်ခွင် ပဲ့တင်သံတွေ ပေါ်ထွက်နေပါတယ်။
သူတို့ဟာ အဆုံးမဲ့တောင်တန်းကို ကျော်လွန်ပြီး လမ်းတလျှောက်လုံးမှာ တိုက်ပွဲကြီးတစ်ပွဲပြီးတစ်ပွဲတိုက်ခိုက်နေပါတယ်။ သူတို့ရဲ့ တိုက်ပွဲနယ်နိမိတ်ဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ကြီးမားလာပါတယ်။
ကြီးမားကျယ်ပြောလွန်းလှတဲ့ နယ်မြေတွေထဲမှာ အကြီးအကျယ်ဒုက္ခတွေ့နေရတာကတော့ လဲ့ကလန်ဖြစ်ပါတယ်။ သူတို့ရဲ့ ကြီးကျယ်ခမ်းနားမှုဟာ အတိတ်တစ်ခုဖြစ်သွားခဲ့ပါပြီ။ လဲ့ကလန်ရဲ့ သောင်းချီတဲ့လူတွေဟာ ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးရဲ့ ဖမ်းယူဝါးမြိုစားသောက်ခြင်းကို ခံလိုက်ရပြီး သူတို့ရဲ့ မြို့ကြီးတွေကိုတောင် စွန့်ပစ်သွားခဲ့ရပါတယ်။
အထွတ်အထိပ်အဆင့် မှော်သားရဲကြီးလေးကောင်ရဲ့ တိုက်ပွဲဟာ ထပ်ခါထပ်ခါကို ဆက်လက်ဖြစ်ပွားနေပါတယ်။ သူတို့တွေရဲ့ ပွတ်တိုက်မှုတွေကြောင့် မြို့ကြီးတွေရဲ့ နေရာတိုင်းနဲ့ နံရံကြီးတွေ အဆက်မပြတ်ပြိုကျကုန်ပါတယ်။
သူတို့တွေကြောင့်ပဲ အတိတ်တချိန်တုန်းက ပိုက်နက်နယ်မြေများစွာကို ထိန်းချုပ်ထားပြီး ချမ်းသားအစွမ်းထက်လွန်းတဲ့ လဲ့ကလန်ဆိုတာဟာ လက်ရှိအချိန်မှာ သမိုင်းစာမျက်နှာပေါ်မှာသာ ကျန်ရစ်နေပါတော့မယ်။
” လီတစ်သိန်းပတ်လည် အတွင်းမှာ နောက်ထပ်လူသားတွေရှိနေဦးမှာလား..။ အသွေးအသားထဲမှာပဲ တောင်တန်းတွေနဲ့ လှပတဲ့ မြစ်တွေကို အာရုံခံစားနိုင်ကြတော့မယ်..။”
သိပ့်သည်းတဲ့အော်ရာတွေဖုံးလွှမ်းနေတဲ့ အရိပ်မည်းသတ္တဝါဆိုးကြီးဟာ မိုးနဲ့မြေကြားမှာ ရက်တန့်နေပါတယ်။ မြေကမ္ဘာလောကကို ကြည့်နေတဲ့ ရေကန်နက်လို မျက်လုံးစိမ်းတွေက သူ့ရဲ့ကြောက်မက်ဖွယ်ရာသတ်ဖြတ်မှုအရှိန်အဝါကို ရရှိစေပါတယ်။
ထောင်သောင်းချီတဲ့ မှော်သားရဲအုပ်ကြီးကတော့ ကျော်ဖြတ်သွားပြီး အရာရာကို နှင်းချေဖျက်စီးပစ်ခဲ့ပေမယ့် သူကတော့သူ နေရာမှာပဲ ရပ်တန့်နေပါတယ်။ ပြီးတော့ ဟိုးအဝေးတစ်နေရာက တောင်တန်းဒေသရဲ့ မိုးကုတ်စက်ဝိုင်းအပြင်ဘက်ကို လျှင်မြန်စွာ ပျံသန်းသွားတဲ့ ကောင်းကင်တိုက်စားခြင်း အသားစားငှက်ကို ကြည့်လိုက်ပါတယ်။
” OMG ..။ ဘယ်လို နတ်ဘုရားအဆင့်ရတနာမျိုးမို့ သည်လိုဖြစ်ရတာလဲ…။”
တခြားတော်၀င်မျိုးနွယ်တစ်ခုဖြစ်တဲ့ ခရမ်းရောင်တောင်ကလန်သားတွေဟာ အံ့အားသင့်နေခဲ့ပါတယ်။ သူတို့တွေဟာ အခိုးအငွေ့တွေကြားကနေ အရိပ်မည်းသတ္တဝါဆိုးကြီးကို ရှာဖွေနေပါတယ်။ အရိပ်မည်းကြီးရဲ့ ရေကန်နက်တွေအလား နက်နဲတဲ့ မျက်လုံးစိမ်းကြီးတွေဟာ
သူတို့ကလန်ရဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေကို အသက်ရှူ ရက်မတန့် ခံစားသွားရစေပါတယ်။
Xiu!
ကောင်းကင်တိုက်စားခြင်း အသားစားငှက်ကြီးဟာ ခရမ်းရောင်တောင်ကလန်နယ်မြေအပေါ်မှာ ချက်ချင်းပဲ ပေါ်ထွက်လာပြီး သူ့ရဲ့ ပါးစပ်ကြီးကို ဖွင့်လိုက်ပါတယ်။ ဒါက လဲ့ကလန်ကို တိုက်ခိုက်စဉ်တုန်းကနဲ့ အလားတူပဲ ကောင်းကင်ကိုပါ လောင်မြိုက်နိုင်တဲ့ ရောထွေးနေတဲ့ အလင်းတန်းစွမ်းအားတွေ ပေါ်ထွက်လာပါတယ်။ သူ့ရဲ့ အနောက်ကို ကောင်းကင်မီးလျှံစာနီငှက်လေးဟာ အပြေးအလွှားလိုက်ပါလာပါတယ်။
ကံမကောင်းစွာနဲ့ပဲ သူဟာ ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးကို မတားဆီးနိုင်ခဲ့ပါဘူး။ သူ့ရဲ့ ကြီးမားလွန်းလှတဲ့ ပါးစပ်ကြီးကို ဖွင့်လိုက်တိုင်း သူ့ရဲ့ ခန္ဓာကိုယ်ကြီးဟာ မိုးတိမ်တွေအလား ကြီးမားလာပါတယ်။ ပြီးတော့ သူဟာ ခရမ်းတောင်ကလန်ကို စတင်ပြီး သွေးလွှမ်းစေခဲ့ပါတယ်။
” OMG…။ ဘယ်လိုလုပ်ပြီး ဒီလောက်ရက်စက်ကြမ်းကြုတ်လွန်းတဲ့ မှော်သားရဲကြီးက အရမ်းအစွမ်းထက်နေရတာလဲ…။”
ခရမ်းရောင်တောင်ကလန်ဟာ ထိတ်လန့်ချောင်ခြားလာခဲ့ပါပြီ။ ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးရဲ့ အနက်ရောင်တောင်ပံတချက်ခပ်လိုက်တိုင်း ခရမ်းရောင်တောင်ကလန်ရဲ့ အဆောက်အဦးနံရံတွေပြိုကျပြီး မြို့တော်ရဲ့ လမ်းမတွေ အက်ကွဲကုန်ပါတယ်။ တော်၀င်အဆောက်အဦးတွေထဲကနေ ကြောက်လန့်တကြားပြေးထွက်လာတဲ့ ခရမ်းရောင်ကလန်သားတွေဟာ ကောင်းကင်တိုက်စားခြင်း အသားစား ငှက်ကြီးရဲ့ ပါးစပ်ထဲကိုကျရောက်သွားပါတယ်။ ပြောရရင် ခတွတ်၀ ကို ဆင်းလာတဲ့ ငါးတွေကို တကောင်ချင်းစောင့်ဆိုင်းပြီး ဖမ်းယူစားသောက်တတ်တဲ့ ခြောက်တောင်ဗျိုင်းကြီးတစ်ကောင်လိုပါပဲ။
ကောင်းကင်မီးလျံစာနီငှက်လေးဟာ သည်အဖြစ်အပျက်ဆိုးကြီးတွေကို တတ်နိုင်သလောက်ကာကွယ်လိုစိတ်ရှိပေမယ့်လည်း လူသားတွေက အရမ်းကို အားနည်းလွန်းနေပါတယ်။ သူဟာ ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးလိုပဲ အထွတ်အထိပ်အဆင့် မှော်သားရဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကောင်းကင်တိုက်စားခြင်အသားစားငှက်ကြီးကို ၀င်ရောက်တိုက်ခိုက်လိုက်ရင် ပြင်းထန်လွန်းတဲ့ တိုက်ပွဲအရှိန်အဟုန်ကြောင့် လူသားတွေဟာ အခုထက်ပိုပြီး နှစ်ဆလောက်မြန်မြန်ဆန်ဆန် သေကျေကြရပါလိမ့်မယ်။ တချို့တချို့သော အရာတွေဟာ နာကျင်ကြေကွဲစရာကောင်းလောက်အောင် ရွေးချယ်ခွင့်တွေ ပျောက်ဆုံးတတ်ပါတယ်။ ပြောရမယ်ဆိုရင် လူသားတွေအတွက် ဒီအထွတ်အထိပ်အဆင့်မှော်သားရဲကြီးရဲ့ နတ်ဆိုးအဖိုးတန်နည်းစနစ်က အလှမ်းကွာဝေးလွန်းလှပါတယ်။
ဒါကြောင့်ပဲ ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးဟာ သူ့ရဲ့လမ်းကြောင်းတလျှောက်နတ်ဆိုးတစ်ပါးလို ကြောက်မက်ဖွယ်ရာ ကောင်းနေပါတယ်။ ခရမ်းရောင်တောင်ကလန်ရဲ့ သန်းဆယ်ချီတဲ့လူတွေဟာ တစ်ယောက်ပြီး တစ်ယောက်ဇယ်ဆက်သလို ကောင်းကင်တိုက်စားခြင်းအသားစားငှက်ကြီးရဲ့ မြိုချခြင်းကို ခံကြရပါပြီ။
ခရမ်းရောင်တောင်ကလန်ရဲ့ အစွမ်းထက်ဂါးဒီးယန်းဝိညာဉ်တော်ကလည်း လက်စားချေနိုင်တဲ့ အစွမ်းတွေမလုံလောက်ပါဘူး။ သည်လိုမျိုးကြီးမားလှတဲ့ မှော်သားရဲကြီးကြောင့် လေဟာပြင်ထဲမှာ ခရမ်းရောင်ကလန်သားတွေရဲ့ သွေးတွေဖြာထွက်ကုန်ပါတယ်။
လူသားတွေအတွက်တော့ အစစ်အမှန်ဘေးကပ်ဆိုးကြီးပါပဲ။
***