သုခကမ္ဘာက ရှီဟောင် - Chapter - 815 ဖိုးဖိုး နတ်ဆိုးနတ်ဘုရားကို ရှာဖွေခြင်း
တောင်တစ်ခုအတွင်းတွင် မီးတောင်ချော်ရည်များ ဆူပွက်နေကာ တောအုပ်ကြီးကို ဖျက်ဆီးနေလေ၏။ ထိုနေရာတွင် စွမ်းအားကြီးသည့်သူများ တိုက်ခိုက်နေခြင်းပင်။
နောက်ရက်အနည်းငယ်အတွင်းတွင် ဤနေရာတွင် အငြင်းပွားမှုများ ထပ်ခါထပ်ခါဖြစ်ခဲ့ပြီး ထူးခြားစွမ်းရည်ရှိသည့်သူများမှာလည်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြလေသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် တွေ့ကြသည်နှင့် အရာအားလုံးကို တိုက်ပွဲဖြင့်သာ ဆုံးဖြတ်ကြသောကြောင့် တိုက်ပွဲမှာ ပြင်းထန်လှသည်။
“အာ..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူသည် ပို၍စွမ်းအားကြီးသည့်သက်ရှိများကို တွေ့ခဲ့ရလေသည်။ ယခုအချိန်တွင် သုံးကမ္ဘာအခေါင်းနှင့် အဆင့်လွန်ခန်းမသတင်းများမှာ ဂယက်ရိုက်နေသောကြောင့် နယ်မြေတိုင်းမှ စွမ်းအားကြီးသူများ ရောက်လာနေလေသည်။
အပြာရောင်မီးတောက်ကြီးပေါ်လာကာ ကြီးမားလှသည့် တီကောင်ကြီးပေါ်လာ၏။ ထိုတီကောင်ကြီးမှာ ကျန်း ၅၀ ခန့်ပင်ရှည်လျားလေသည်။ ဤသည်မှာ နတ်မီးတောက်ရရှိထားသည့် ကျွမ်းကျင်သူဖြစ်ပြီး ထိုသူသည် ရောက်လာသည်နှင့် ထာဝရနန်းတော်မှ သခင်လေးကို တိုက်ခိုက်လေသည်။
ဂျီးနီးယပ်စ်များကို လုပ်ကြံခြင်းသည် အဆင့်မြင့်နယ်မြေတွင် တွေ့မြင်နေကျအရာတစ်ခုပင်။
သို့သော် ယခုတစ်ယောက်သည် ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး မည်သည့်မျိုးဆက်မှ အဆင့်လွန်ကျွမ်းကျင်သူမဟုတ်ပေ။ သူသည် လေဟာနယ်ရဲဒင်းကို လိုချင်၍ အလစ်တိုက်ခြင်းပင်။
ထာဝရနန်းတော်မှ သခင်လေးသည် လေဟာနယ်တွင် ဝေ့ရမ်းလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားပြီး ထိုကျွမ်းကျင်သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်လေ၏။
ကျန်းပေါင်းများစွာ ရှည်လျားသောတီကောင်ကြီးမှာ မြွေကြီးကဲ့သို့ပင်။ သူသည် ကောင်းကင်ထဲတွင် ရစ်ခွေနေပြီး အပြာရောင်သင်္ကေတများကို ထုတ်လွှတ်ကာ မြေပြင်ထံသို့ တရှိန်ထိုးဆင်းလာလေသည်။ သူ၏လုပ်ကြံမှုရှုံးနိမ့်သွားသောကြောင့် သူဤနေရာတွင် ဆက်မနေလိုတော့ပေ။
“အာ .. မင်းက လက်လွတ်စပယ်လုပ်ရဲတယ်ပေါ့ မင်းက ငါ့ရဲ့တည်ရှိမှုကို လျစ်လျူရှုတာလား” သူ၏ ခန္ဓာကိုယ်တွင် အနက်ရောင်မီးတောက်များ လွှမ်းခြုံနေသည့် အကြီးအကဲတစ်ယောက် ထွက်ပေါ်လာကာ ကမ္ဘာမြေကြီးပေါ်သို့ သူ၏လက်တစ်ဖက် ရောက်လာလေသည်။
“အကြီးအကဲ” ယွဲ့ချန်၏ မူလခန္ဓာကိုယ်ပေါ်လာကာ ထိုသူကိုခေါ်လိုက်သည်။ ဤလူသည် နတ်မီးတောက်ရှိသည့် နတ်နန်းဂိုဏ်းမှသူပင်။ သူသည်လည်းဤနယ်မြေကို ရောက်နေလေသည်။
တီကောင်၏ ခန္ဓာကိုယ်တစ်ဝက်မှာ မြေကြီးထဲသို့ ဝင်နေပြီဖြစ်ပြီး သူ၏ လှုပ်ရှားမှုများမှာ အလွန်နူးညံ့ကာ ပြင်းထန်လှ၏။
“အကျဉ်းချစေ” အကြီးအကဲမှ အော်ဟစ်လိုက်၏။ ထို့နောက်တွင် သူသည် အဝါရောင်အလင်းများတောက်ပနေသည် နတ်ပုတီးစေ့ကို ထုတ်ယူလာကာ တီကောင်ကြီးမသွားနိုင်အောင် လုပ်လိုက်လေသည်။
ဤသည်မှာ ရိုးရိုးကျင့်ကြံသူနှင့် မြင့်မြတ်သည့်နယ်မြေမှသူတစ်ဦး၏ ကွာခြားချက်ပင်။ ရိုးရိုးကျင့်ကြံသူထံတွင် အထင်ကြီးစရာကောင်းလောက်သည့် အဖိုးတန်ပစ္စည်းများမရှိသော်လည်း မြင့်မြတ်သည့်နယ်မြေမှသူများတွင်မူ အဆင့်တူခြင်းကိုပင် ဖိနှိပ်နိုင်သည့် လက်နက်များရှိနေလေ၏။
ထိုပုတီးစေ့လေးမှာ ‘ကမ္ဘာမြေလမ်းလျှောက်ပုတီးစေ့’ ဟုခေါ်ပြီး မြေကြီးကို အမှီပြုသည့်သက်ရှိများအတွက် ရည်ရွယ်ကာ ပြုလုပ်ထားသည့်လက်နက်ပင်။ ထိုလက်နက်မှာ တီကောင်၏ လှုပ်ရှားနိုင်စွမ်းကို ချက်ချင်းပင် ဆုံးရှုံးသွားစေသည်။
ဝုန်း..
လေဟာနယ်ပြိုကွဲသွားကာ ထာဝရနန်းတော်မှ သခင်လေး ပြန်ပေါ်လာကာ သူ၏လက်ထဲတွင်ရှိသည့် လေဟာနယ်ရဲဒင်းဖြင့် ခုတ်ချလိုက်လေသည်။
သွေးရောင်အလင်းများ ထွက်လာကာ ရဲဒင်းကြီးသည် တီကောင်ကို နှစ်ပိုင်းပြတ်အောင် လုပ်လိုက်ပြီးနောက် စွမ်းအားကြီးသည့်သက်ရှိကြီးမှာ တွန့်လိမ်သွားကာ တစ်စစီဖြစ်သွားလေသည်။ နတ်မီးတောက်ရှိသည့်သက်ရှိတစ်ယောက်မှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။
နောက်တစ်ခဏကြာသည့်အချိန်တွင် အခြားစွမ်းအားကြီးသည် သက်ရှိများမှာ ဤနေရာသို့ ထပ်မံရောက်ရှိလာကြလေ၏။ သူတို့အားလုံးမှာ ဂိုဏ်းများစွာမှ စွမ်းအားကြီးသူများပင်။
“ဒီနေရာမှာပိုပြီးတော့ လူများလာပြီ ငါသွားသင့်ပြီ” ရှီဟောင်သူ့ကိုယ်သူ ပြောလိုက်၏။ ပြောပြီးသည်နှင့် သူသည် ငွေရောင်ကို တစ်ချက်ကြည့်လိုက်သည်။
ဤနယ်မြေသည် ပို၍ပင် ရှုပ်ထွေးလာ၏။ သုံးကမ္ဘာခေါင်းနှင့် အဆင့်လွန်ခန်းမအကြောင်း သတင်းပြန့်သွားသည့်အချိန်တွင် ဂိုဏ်းပေါင်းစုံမှာ အရေးကြီးပုဂ္ဂိုလ်များလည်း ထိုင်မနေနိုင်တော့ပေ။
ထွက်မသွားမှီတွင် ရှီဟောင်သည် လီတစ်ရာခန့်ဝေးသည် စပါးအုံးမြွေရွာသို့အလည်သွားရောက်ပြီး ဖိုးဖိုးသုံးပြောသည့်သူများကို ရှာကာ တိတ်တဆိတ်ပင်လုပ်ကြံလိုက်ကာ ဇာမဏီရွာ၏ မကျေနပ်ချက်ကို ဖြေရှင်းပေးလိုက်လေသည်။
“ငါ ပင်လယ်ထဲက ငါးလိုပဲ လွတ်လွတ်လပ်လပ်သွားချင်တယ် … ငါဒီကမ္ဘာကြီးမှာ ပုန်းလျှိုးကွယ်လျှိုးမသွားပဲနဲ့လွတ်လွတ်လပ်လပ်လျှောက်သွားချင်တယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူပို၍စွမ်းအားကြီးလာရန်လိုအပ်ပြီး ယခုကဲ့သို့ ကြောက်လန့်တကြားမနေလိုပေ။
သူသည်စွမ်းအားများကို ရှာဖွေကာ သူ့ကိုယ်သူ သန်မာလာအောင်လုပ်ရန်အတွက် ဤနယ်မြေမှ ယာယီထွက်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ငွေရောင်ကတော့ သူ၏ဘေးတွင်ရှိနေလေသည်။ ဤငွေရောင်ဖီးနစ်၏ ခန္ဓာကိုယ်ထဲတွင် သဘာဝအခွင့်အရေးများ ရှိနေလိမ့်မည်ကို သူသိသည်။
နှစ်ရက်ကြာပြီးသည့်နောက်တွင် ရှီဟောင်နှင့်ငွေရောင်တို့ ပျောက်ကွယ်သွားလေသည်။ သူတို့ သပြေပင်မြို့သို့ သွားတော့မည့်အချိန်တွင် သူသည် တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ သူတို့၏အရှေ့တွင် မြူများအုံ့ဆိုင်းနေပြီး အနည်းငယ် ထူးဆန်းနေလေသည်။
သူသည် သတိကြီးကြီးထားကာ သွားလိုက်သည့်အချိန်တွင် ထိုနေရာတစ်ခုလုံး မြူများဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ အစီအရင်တစ်ခု ဖန်တီးထားခြင်းပင်။
ငွေရောင်မှာအလွန်ပင် စိတ်လှုပ်ရှားနေပြီး သူမ၏ ကြီးမားလှသော မျက်လုံးများတွင် အနက်ရောင်အလင်းများ စီးဆင်းနေ၏။ သို့သော် သူသည်ဘာမှမပြောပဲ ရှီဟောင်ဘေးတွင်သာ ရပ်နေလေသည်။
“ဒီနယ်မြေကြီးတစ်ခုလုံးကို ချိတ်ပိတ်ဖို့ဆိုရင် တော်တော်ကုန်မှာပဲ” ရှီဟောင် အံ့အားသင့်စွာ ပြောလိုက်သည်။ ဆံပင်ဖြူနှင့်မိန်းကလေးကို ဖမ်းရန်အတွက် ဂိုဏ်းကြီးမှ ကျွမ်းကျင်သူရောက်လာပြီး ဤနေရာကို အလောတကြီးချိတ်ပိတ်လိုက်မှန်း သိသာလေသည်။
သူသည် နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးကို နှိုးလိုက်ပြီး သူတို့နှစ်ယောက် ထွက်နိုင်မည့်လမ်းကြောင်းကို အတူတကွ ရှာဖွေလိုက်ကြပြီး လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ကြ၏။ နှစ်ရက်ကြာပြီးသည့်နောက်တွင် မြူဆိုင်းနေသည့်နေရာမှ အက်ကွဲကြောင်းလေးပေါ်ထွက်လာကာ သူတို့နှစ်ယောက် တိတ်ဆိတ်စွာပင် ထွက်သွားလေသည်။
ရှီဟောင်အနောက်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ကျင့်ကြံသူများကြားမှ တိုက်ပွဲကြီးများ သေချာပေါက် ဖြစ်လိမ့်မည်။
“ငွေရောင် သုံးကမ္ဘာအခေါင်းက ဘယ်မှာရှိသလဲဆိုတာ မင်းသိလား .. မင်းငါ့ကို အဆင့်လွန်ခန်းမအကြောင်း ပြောပြရင်ရော” သူတို့အဝေးကြီးသို့ရောက်သွားသည့်အချိန်တွင် ရှီဟောင်ရုတ်တရက် ပြောလိုက်၏။
ငွေရောင်၏အမွေးများ ရုတ်တရက်ပင် တစ်ချောင်းပြီးတစ်ချောင်း ထောင်တက်သွားကာ သူ့ကို မျက်လုံးဝိုင်းများဖြင့် ကြည့်နေလေသည်။
“မလန့်ပါနဲ့ ငါက ဒီတိုင်းပဲမေးလိုက်တာ” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူ ပြီးပြည့်စုံခြင်းမြို့သို့ ရောက်ရှိလာလေသည်။
“နည်းနည်းပိုပြီးတော့ လုံခြုံအောင်လို့ ငါတို့တစ်ခြား ပြီးပြည့်စုံခြင်းမြို့ကိုသွားသင့်တယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။
လီပေါင်း ထောင်ပေါင်းများစွာ ထွက်ခွာလာပြီးသည့်နောက်မှသာ သူရပ်တန့်လိုက်သည်။ သူသည် မြို့ကြီးတစ်ခုထဲသို့ဝင်လိုက်ပြီး ဝင်ရောက်နေထိုင်လိုက်၏။ သူ၏အဓိကရည်ရွယ်ချက်မှာ လက်ရှိအခြေအနေများကို အနည်းငယ်ပို၍ လေ့လာချင်သောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ဇာမဏီရွာမှာ ဝေးလံလွန်းလှပြီး အပြင်ဘက်ကမ္ဘာတွင် ကျင့်ကြံခဲ့ဖူးသည့် ဖိုးဖိုးသုံးပင်လျှင် အပြင်ဘက်ကမ္ဘာအကြောင်း အနည်းအကျဉ်းသာသိလေသည်။
“ဒါက လျှပ်စီးစီရင်စုပဲ ပြီးတော့် သူက ဒြပ်စင်ငါးခုစီရင်စုနဲ့ နီးနီးလေးပဲ”
ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်မှာ စိတ်ကိုတည်ငြိမ်အောင်မထားနိုင်တော့ပေ။ ကျင့်ကြံခြင်းအပြင် သူလုပ်ချင်သည့်အခြားအရာတစ်ခုမှာ သူ၏အဖိုးကို ရှာရန်ပင်
ဒြပ်စင်ငါးခုစီရင်စုမှာ ထာဝရတောင်ရှိနေသည့်နေရာပင်။
သူ၏အဖိုးအကြောင်း စဉ်းစားလိုက်သည်နှင့် သူသည် နွေးထွေးမှုနှင့်အတူ နာကျင်မှုများကို ခံစားလိုက်ရသည်။ လူအိုကြီးမှာ သူ့အတွက် များစွာပေးဆပ်ခဲ့သော်လည်း သူတို့နောက်တစ်ကြိမ် ပြန်မတွေ့နိုင်သေးပေ။
“ဖိုးဖိုး .. ဖိုးဖိုးကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။
သူ၏မိဘများကို သူစိတ်မပူပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှင့် ချင်းကလန်၏ ဆက်ဆံရေးကြောင့် ထာဝရတောင်မှ လက်လွတ်စပယ်ပြုမူရဲမည်မဟုတ်ပေ။
ချင်းကလန်သည် ဖိုးဖိုး၁၅ ကို ခက်ခဲအောင်မလုပ်ပဲ သူ့ကို ထွက်သွားခွင့်ပြုခဲ့သည်ဟု ပြောခဲ့သော်လည်း သူစိုးရိမ်နေဆဲပင်။
ဤစီရင်စုနှစ်ခုမှာ အိမ်နီးနားချင်းဖြစ်ကြသော်လည်း သူတို့နှစ်ခုကြားမှာ အကွာအဝေးမှာ ဝေးကွာနေဆဲပင်။
ကျင့်ကြံသူတစ်ယောက်သာ ပျံသန်းခြင်းတစ်ခုတည်းကို အားကိုးပြီး နယ်မြေများကို ဖြတ်သန်းမည်ဆိုပါက သူတို့အခြားနယ်မြေတစ်ခုသို့ မရောက်မှီ နှစ်ပေါင်းများစွာ ကြာသွားလိမ့်မည်။
နယ်မြေများကို ဖြတ်သန်းချင်ပါက မြို့ကြီးများတွင်ရှိသည့် ဖြတ်သန်းသည့်အစီအရင်များကို ငှားရမ်းရသည်။
ရှီဟောင်သည် သူအဆင့်နိမ့်နယ်မြေမှ ယူလာခဲ့သည့် အဖိုးတန်းပစ္စည်းအနည်းငယ်ကို အသုံးပြုပြီးနောက် ရက်အနည်းငယ်တွင် ရှေးဟောင်းရွှေ့ပြောင်းအစီအရင်တစ်ခုပေါ်သို့ တက်ခွင့်ရခဲ့ပြီး ကျင့်ကြံသူအုပ်စုတစ်စုနောက်လိုက်ကာ ငါးဆင့်စီရင်စုသို့ လာခဲ့လိုက်၏။
နယ်မြေများကို ဖြတ်သန်းခြင်းမှာ အလွန်ပင်ခက်ခဲလှ၏။ ပြောင်းရွှေ့ခြင်းအစီအရင်များကို အသုံးပြုနိုင်အတွက် အသုံးပြုရသော အသုံးစရိတ်မှာပင် သာမန်လူများ မတတ်နိုင်သောအရာတစ်ခုပင်။
ထို့နောက်တွင် သူသည် ဤစီရင်စုအတွင်းတွင်ရှိသည့် အစီအရင်အနည်းငယ်အတွင်းသို့ထပ်မံဝင်ရောက်ခဲ့ပြီး အကြိမ်အနည်းငယ် သွားပြီသည့်နောက်တွင် ထာဝရတောင်ကို စတင်တွေ့လိုက်ရလေသည်။
“ငါ့အဖိုးကို ရှာနေတုန်း ငါ ကျင့်ကြံရမယ်” ဤသည်မှာ သူနောက်ဆုံး ပြုလုပ်လိုက်သည့် ဆုံးဖြတ်ချက်ပင်။
သူ၏ခရီးစဉ်တစ်လျှောက်လုံးတွင် ငွေရောင်လေးမှာ အိပ်ပျော်နေလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေကာ ပြန်လည်ကောင်းမွန်အောင်ကုသနေသကဲ့သို့ပင် သင်္ကေတပေါင်းစုံ တောက်ပနေလေသည်။ ရှီဟောင်သည် သူ့ကို ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်အတွင်းသို့ ထည့်ထားခဲ့ခြင်းပင်။
“ထာဝရတောင်ကိုရောက်ဖို့ လီပေါင်းတစ်သောင်းလိုသေးတယ်…” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။
သူ ဒြပ်စင်ငါးခုစီရင်စုထဲသို့ ရောက်ပြီး ထာဝရတောင်နှင့်နီးလာသည့်အချိန်တွင် ကောလဟာလတစ်ချို့ကို ကြားခဲ့ရသည်။
“ချင်းကလန်က တော်တော်ထူးခြားတာပဲ ဒီလိုလူငယ်လေးကို မွေးထုတ်ပေးနိုင်တယ် .. လူတစ်ယောက်တည်းက အဆင့်လွန်အရိုးနှစ်ခု ပိုင်ဆိုင်ထားပြီးတော့ သူ့နဲ့ကျင့်ကြံဆင့်တူတဲ့သူတွေ အားလုံးကို ရှင်းပစ်ခဲ့တာ”
ဤနှစ်များတွင် ချင်းဟောင်၏ အစွမ်းမှာ ငါးဆင့်စီရင်စုရှိ ပြိုင်ဘက်များအားလုံးကို တုန်လှုပ်စေခဲ့လေ၏။ သူနှင့်အတူတူ တိုက်သည့်သူတိုင်းမှာ သူ၏ တိုက်ကွက် သုံးကွက်ကိုပင် မကျော်နိုင်ကြပေ။
“ပြောကြတာကတော့ သူ့ရဲ့ထာဝရအရိုးတစ်ခုက အဆင့်နိမ့်နယ်မြေမှာရှိတဲ့ သူ့ရဲ့အစ်ကိုဟာတဲ့ .. ဒီသတင်းက မှားလားမှန်လားတော့ မသိဘူ”
“ရှူး မင်းအသံတိုးဦး .. ဒီလိုအကြောင်းအရာမျိုးက လျှောက်ပြောနေလို့မရဘူး .. ထာဝရတောင်ကနေပြီးတော့ သတိပေးခံထားရတဲ့လူတစ်ချို့တောင်ရှိသေးတယ် .. ဒီအကြောင်းကြောင့်ပဲ အသက်ဆုံးရှုံးသွားရတဲ့သူတွေတောင်ရှိသေးတယ်”
ရှီဟောင်မှာ ဆွံ့အသွားရသည်။ ကြည့်ရသည်မှာ ထာဝရတောင်သည် သူ၏နာမည်ကို ဖယ်ရှားပစ်ကာ ချင်းဟောင်၏ အောင်မြင်တောက်ပမှုများတွင် သူ၏အရိပ်ကြောင့် အစွန်းအထင်မဖြစ်လိုသည့်ပုံပင်။
“တစ်နေ့ကျရင်တော့ မင်းရဲ့အောင်မြင်တွေကို မင်းသူတို့ကို ပြနိုင်မှာပါ .. မင်းပြန်ရောက်လာခဲ့ပြီ .. မင်းမှာ အဆင့်လွန်အရိုးမရှိတော့ဘူးဆိုပေမယ့် မင်းနဲ့ သက်တူရွယ်တူတွေကို အုပ်ချုပ်လို့ရသေးတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ မကျေမနပ်ပြောလိုက်သည်။
လူအချို့မှာ ဤအကြောင်းကို ဆက်လက်ဆွေးနွေးနေကြသော်လည်း သူတို့သည် ချင်းဟောင်၏ အရိုး၏ မူလဇစ်မြစ်အကြောင်းကို မပြောကြတော့ပေ။
“ဒီတစ်ခေါက်တော့ စီရင်စု သုံးထောင်ကြားက ဂျီးနီးယပ်စ်တွေကြားထဲမှာ တိုက်ပွဲကြီးတွေ ဖြစ်တော့မယ် .. ဒါက အားလုံးစောင့်နေကြတဲ့ ပွဲကြီးပွဲကောင်းပဲ .. ထာဝရတောင်က ချင်းဟောင်က ဘယ်လောက်တော်လဲဆိုတာ ငါကြည့်ချင်နေပြီ”
“မြင့်မြတ်တဲ့မြေက တစ်ယောက်ယောက်လည်း ရောက်လာမှာ .. ချင်းဟောင်က ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူတွေဆိုတော့ တစ်ချို့ မြင့်မြတ်တဲ့နယ်မြေက ချင်းကလန်နဲ့ လက်ထပ်ပြီးတော့ အမျိုးတော်ချင်နေကြတယ် .. အဲဒီလူတွေအားလုံးကလည်း အရမ်းကို လှတဲ့ မိန်းကလေးတွေချည်းပဲ”
ရှီဟောင်မှာ တည်ငြိမ်နေလေ၏။ သူတို့၏ ဆွေးနွေးနေခြင်းမှ ထာဝရတောင်အကြောင်းကို သူပို၍ သိလာရသည်။
ထာဝရတောင်မှာ စွမ်းအားကြီးသည့်နေရာဖြစ်ပြီး ဤနေရာသည် သူတို့၏ နယ်မြေပင်။ သူသည် ပို၍အသေးစိတ်ကျသောအချက်အလက်များကို စုံစမ်းလိုသော်လည်း သူသေချာဂရုတစိုက် လုပ်ရမည်။
တစ်စုံတစ်ယောက်မှ ထာဝရတောင်အကြောင်းစုံစမ်းနေသည်ကို တစ်ယောက်ယောက်သာ သိသွားပါက ပြဿနာတက်လိမ့်မည်။
သူသည် လဝက်ခန့်ကိုနည်းလမ်းမျိုးစုံသုံးကာ အဖိုးတန်သည့်သတင်းများကို စုဆောင်းခဲ့သည်။ ထိုသတင်းများမှာ သူ့အား ထိတ်လန့်စေလေ၏။
တစ်စုံတစ်ယောက်မှာ ထာဝရတောင်အကြောင်းပြောလျှင် သူတို့သည် ရှီကျီလင်းကို ပြောကြ၏။ သူ အဆင့်မြင့်နယ်မြေသို့ တက်လာသည့်အချိန်တွင် သူသည် ထာဝရတောင်အတွင်းတွင် ဖရိုဖရဲဖြစ်စေခဲ့လေသည်။
ထိုသတင်းကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ချက်ချင်းပင် စိုးရိမ်မှုကို ခံစားလိုက်ရပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။
“ရှီကျီလင်းက ဘာလို့ ထာဝရတောင်ကို ပြဿနာရှာရဲတာလဲ” သူမနေနိုင်ပဲ မေးလိုက်သည်။
“သတင်းကြားတာတော့ သူအဆင့်နိမ့်နယ်မြေကလာတာတဲ့ ပြီးတော့ သူက ချင်းဟောင်ရဲ့အဖေတဲ့ .. ပြဿနာရှာတဲ့သူက သူနဲ့တစ်ခြားတစ်ယောက်သာမဟုတ်ရင် သူတို့ချက်ချင်း အသတ်ခံနေရလောက်ပြီ” တစ်စုံတစ်ယောက်မှာ ဆက်လက်ရှင်းပြနေ၏။
ရှီဟောင်သည်လည်း ကြားဖြတ်မပြောပဲ နားထောင်နေလေသည်။
ရှီကျီလင်း ထာဝရတောင်တွင်ပြဿနာရှာပြီးသည့်နောက်တွင် သူသည် လူအချို့ကိုခေါ်ဆောင်ကာ ဖိန်းကျွန်းသို့ ထွက်ခွာကာ တစ်စုံတစ်ခုကို ရှာဖွေခဲ့ကြသော်လည်း စိတ်ပျက်လက်ပျက်သာ ပြန်လာခဲ့ကြလေသည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်နှလုံးခုန်မြန်လာပြီး သူ၏လက်သီးကိုတင်းကြပ်စွာ ဆုပ်လိုက်သည်။
ဖိန်းကျွန်းတွင် နှစ်ပိုင်းရှိမှန်း သူသိပြီးသားပင်။ တစ်ခြမ်းမှာ အန္တရာယ်များသည့်နေရာဖြစ်ပြီး အခြားတစ်ခြမ်းမှာ ကျွမ်းကျင်သူများစွာကို ဖမ်းဆီးထားသည့်နေရာပင်။
ရှီဟောင်မှာ ချက်ချင်းပင် ဆက်စပ်နိုင်သွား၏။ ထို့နောက်တွင် သူ၏သွေးများ ပွက်ပွက်ဆူလာပြီး ဒေါသထွက်လာသည်။ သူသည် လက်သီးကိုတင်းနေအောင်ဆုပ်လိုက်ပြီး တုန်ယင်နေသောအသံဖြင့်ပင် “အဖိုးက ဘယ်မှာလဲ”
ထို့အပြင် ရှီကျီလင်း ထိုနေရာသို့ သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“အဖိုး အားမန်” ရှီဟောင်မှာ စိတ်လှုပ်ရှားသွားလိုက်ရပြီး မျက်ရည်များပင် စီးကျလာတော့မည်။ သူထိုမြို့ကြီးမှ လှည့်ထွက်လာခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်ကာ တောင်တန်းများကို ဖြတ်ကျော်လာခဲ့လေသည်။
“အဖိုး အားမန် အဖိုးတို့အဆင်ပြေပြေရှိနေရမယ်” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ရှိ သွေးများ ဆူပွက်နေပြီဖြစ်ပြီး သူ၏မျက်ရည်များကိုလည်း မတားဆီးနိုင်တော့ပေ။ သူသည် အံကြိတ်လိုက်ပြီး “ထာဝရတောင်၊ ချင်းကလန် ငါမင်းတို့နဲ့ စာရင်းရှင်းရဦးမယ်”
“အဖိုး အဖိုးဘယ်မှာလဲ” ရှီဟောင်၏ မျက်ဝန်းမှာ မျက်ရည်ပူများစီးကျလာပြီး သူသည် သူ၏အဖိုးကို အလွန်ပင် စိုးရိမ်ပူပန်နေလေသည်။
“ငါ ရှီဟောင်ဆိုတဲ့နာမည်ကို သုံးလို့မရတော့ဘူး .. ဒီနေ့ကစပြီးတော့ ငါက ဟွမ်ထျန်းပဲ .. ဒါက အဆင့်မြင့်နယ်မြေဆိုရင်တောင် ငါတိုးတက်လာအောင် မြန်မြန်လုပ်ရမယ်” ရှီဟောင် ကြွေးကြောလိုက်၏။
သူသည် ပျက်သုန်းခြင်းနယ်မြေမှ လာခြင်းဖြစ်ပြီး သူယခင်က ဟောင်ထျန်းဟူသောနာမည်ကို အသုံးပြုခဲ့သည်။ ယခုသူအဆင့်မြင့်နယ်မြေသို့ရောက်လာသည့်အချိန်တွင် သူ ဟွမ်ထျန်းဆိုသည့်နာမည်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။
ရှီဟောင်သည် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း သူ၏အဖိုး အသက်ရှင်နေသေးသည်ဟု သူခံစားနေရသည်။ ရှီကျီလင်း သူ့အဖိုးကို ရှာမတွေ့သော်လည်း သူ့မျှော်လင့်ချက်များအားလုံးကို အဆုံးမသတ်နိုင်ပေ။
“အဖိုး အားမန် အဖိုးတို့အားလုံး ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ .. ကျွန်တော်အဖိုးတို့ကို မကြာခင်တွေ့အောင် ရှာမှာပါ” ရှီဟောင်သည် ခံစားချက်အပြည့်အစုံဖြင့် ပြောလိုက်လေသည်။