သုခကမ္ဘာက ရှီဟောင် - Chapter - 845 ရင်သပ်ရှုမောဖွယ် ရေကန်အောက်ခြေ
“ကျွန်တော်ပြန်ဝင်သွားမယ်” ကျီရှောင်းခွန်သည် ယဇ်ပုလ္လင်ထက်တွင် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ သူ၏ခရမ်းရောင်ဆံပင်များမှာ လေထဲတွင် ဝဲလွင့်နေပြီး သူ၏မျက်လုံးတွင်လည်း နတ်အလင်းတန်းများ ထုတ်လွှတ်နေလေ၏။ သူ၏ပုံစံမှာ ရူးသွပ်သွားသည့် နတ်ဆိုးနှင့် တူနေသည်။
ထိုသူမှာ ဟုန်အစစ်ပင်။ အစက သူသည် ရှီဟောင်ကို သူ၏ အစေခံလုပ်စေချင်းသော်လည်း အဆုံးသတ်တွင် အခြားသူမှာ သူ့အား တက်ထိုင်သွားကာ သူ့အား စီးတော်ယာဉ်လုပ်ရန် မေးလေသည်။ ဤသည်မှာ ကျီရှောင်းခွန်အား ဒေါသထွက်စေ၏။
“ပြန်လာခဲ့” လျှို့ဝှက်နယ်မြေအပြင်ဘက်မှ လေဟာနယ်ထဲတွင်ထိုင်နေသည့် အကြီးအကဲမှ ပြောလိုက်သည်။ သူ၏အသားအရေမှာ ခြောက်သွေ့နေပြီး အရေးအကြောင်းများ ရှိနေပြီဖြစ်သော်လည်း သူ၏မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်သည့်အချိန်တွင် ခရမ်းရောင်အလင်းမှာ လျှပ်စီးကဲ့သို့ပင် ထွက်ပေါ်လာလေသည်။
သူ၏ဆံပင်များမှာ ပါးလျနေပြီး သိပ်မကျန်တော့ပေ။ သူသည် အလွန်ပင် အသက်ကြီးနေလေပြီ။ သူသည် ခရမ်းရောင်ဟုန်ကို တားဆီးလိုက်ကာ “မင်းသွားရင်တောင်မှ မင်းက တစ်ဖက်လူရဲ့ ပြိုင်ဘက် မဟုတ်ဘူး … အဲဒီတော့ လက်လွတ်စပယ် မလုပ်နဲ့ .. ဒီမှာ မင်းအတွက် ဘာအခွင့်အရေးမှ မရှိဘူး”
ကျီရှောင်းခွန်မှာ ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်နှာမှာ နီရဲသွားပြီး ပြန်ပြောလိုက်ချင်သော်လည်း သူ၏ပါးစပ်ကိုဟလိုက်သည့်အချိန်တွင် “ဘိုးဘေး” ဟူသော စကားလုံးသာ ထွက်လာလေသည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် အားလုံးထိတ်လန့်သွားရသည်။ ခရမ်းရောင်ဟုန်လူမျိုးစုတွင် အသက်ကြီးနေသည့် ဘိုးဘေးတစ်ယောက်သာ ရှိသည်။ အဲဒီတော့ သူက တကယ်လာတာလား ..
သူသည် တိုတိုင်းကျွမ်းကျင်သူကဲ့သို့ပင် နာမည်ကြီးသည့် ရှေးဟောင်းသားရဲပင်။ သူတို့ အပြင်ထွက်သည်မှာ ရှားပါးလွန်းသောကြောင့် သူတို့ကို မြင်ဖူးသည့်လူ အနည်းငယ်သာရှိသည်။
“အစ်ကို ကျီမင် … လူငယ်လေးတွေ အတွေ့အကြုံကနေ သင်ယူချင်ရင် ခွင့်ပြုလိုက်ပါ .. သူ့ကို နောက်ထပ် သားရဲသွား အသက်ကယ်သင်္ကေတ နောက်တစ်ခု ပေးလိုက်ရင်ရော” ထာဝရကောင်းကင်နတ်ဘုရားမှ ပြောလိုက်၏။ သူသည် သူ၏နာမည်အတိုင်းပင် အသက် ၁၈ ၁၉ နှစ်ခန့်သာ ရှိသေးပြီး ချောမောခန့်ညားသည့်သူပင်။ ထူးခြားသည့်အရာမှာ သူ၏ မျက်လုံးများပင်။
“ထားလိုက်တော့ အဲဒါက စည်းမျဉ်းနဲ့မကိုက်ဘူး .. သူ့ကိုယ်သူ ဟုန်အစစ် အဆင့်လွန်လို့ခေါ်နေပေမယ့် သူက ထူးခြားပါရမီရှိတဲ့သူထက် ခြေတစ်လှမ်းနောက်ကျနေတယ် .. ငါ့ရဲ့ဟုန်အစစ်လူမျိုးစုမှာ အရည်အချင်းပြည့်မှီတဲ့ ဆက်ခံသူ မရှိဘူးပဲ..” ဟုန်အစစ်မှ သက်ပြင်းချပြီး ပြောလိုက်၏။
ဘေးဘက်တွင်ရှိနေသည့် ကျီရှောင်းခွန်၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လည်း သူဘာမှ ပြန်မပြောရဲပေ။
“စိတ်ပျက်စရာကောင်းလိုက်တာ .. မင်းက တစ်ခြားလူရဲ့အစေခံနဲ့ အတူတူ သွားပြီးတော့ ထိပ်ဆုံးထိတောင်မရောက်နိုင်ခဲ့ဘူး .. ဒီလိုကိစ္စတွေဖြစ်ပြီးတာတောင် မင်းက တစ်ခြားသူတွေရှေ့မှာ မင်းကိုယ်မင်း အဆင့်လွန်လို့ ခေါ်ရဲသေးတယ်ပေါ့” ဟုန်အကြီးအကဲ ကျီမင်သည် ကျီရှောင်းခွန်အား ကြည့်ပြီး ပြောလိုက်လေသည်။
အဆုံးသတ်တွင် ကျီရှောင်းခွန်းသည် သူ့ကိုယ်သူစဉ်းစားလိုက်ပြီးနောက် “ကျွန်တော်အဲဒီမှာ သေသွားမယ်ဆိုရင်တောင် ကျွန်တော် သွားချင်တယ်”
သူနောက်လှည့်လိုက်ပြီး လျို့ဝှက်နယ်မြေဘက်သို့ မျက်နှာမူလိုက်သည်။
“သူ့ကို ငါ့ရဲ့ ချင်းကလန်နယ်မြေကို ပို့လိုက် .. အချိန်ကျလာရင် တစ်ယောက်ကိုတစ်ယောက် ကူညီကြ” ချင်းချန်းရှန် ပြောလိုက်၏။ သူသည်သာမန်အတိုင်းပြောလိုက်သော်လည်း ကျီရှောင်းခွန်အား အနည်းငယ်ကူညီလိုက်ခြင်းပင်။
“ကျွန်မ ပြန်မသွားဘူး” နဂါးစာကလေးလူမျိုးစုမှ မိန်းမပျိုလေးမှာ မျက်နှာဖြူဖျော့စွာဖြင့် ပြောလိုက်၏။ သူမသည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံလိုက်ရသောကြောင့် လျင်မြန်စွာပင် ယဇ်ပုလ္လင်မှ ထွက်သွားလေသည်။
လျှို့ဝှက်နယ်မြေရှိ အပြာရောင်ဝိဉာဉ်ရေကန်တွင် ..
မြူများမှာ တိမ်များကဲ့သို့ပင် ဖြူဆွတ်နေပြီး သူသည် ထာဝရနယ်မြေတွင် ရောက်နေသကဲ့သို့ပင်။
ရှီဟောင်သည် သူ၏လက်ထဲတွင်ရှိနေသည့် တောက်ပသည့် ငှက်မွေးကိုကြည့်ပြီး အလွန်ပင်ကျေနပ်နေ၏။ ထိုငှက်မွေးပေါ်တွင်ရှိသည့် သင်္ကေတများမှာ အလွန်ပင် သိပ်သည်းနေပြီး အနည်းငယ်ဝေ့ရမ်းလိုက်ယုံဖြင့်ပင် ထာဝရဓားတစ်ချောင်းကို လွဲရမ်းလိုက်သကဲ့သို့ပင်။ ဤသည်မှာ နဂါးစာကလေးလူမျိုးစုမှ ပိုင်ဆိုင်သည့် အဖိုးမဖြတ်နိုင်သည့် မူလငှက်မွေးပင်။
“အဲဒီ ဟုန်အစစ်နဲ့ နဂါးစာကလေး ပြန်ပေါ်လာဦးမလား မသိဘူး .. ဒါပေမဲ့ ငါ သူတို့ကို စောင့်နေဖို့အချိန်မရှိတော့ဘူး”
ရှီဟောင် ထိုငှက်မွေးကိုသိမ်းလိုက်ပြီး ကျောက်တုံးပေါ်တွင်ထိုင်လိုက်ကာ နှစ်ထပ်မျက်လုံးကို ထုတ်လိုက်၏။ ထို့နောက် သူသည် သန့်စင်ကာ တောက်ပနေသည့်ကန်ကြီးကို လေ့လာပြီး ငွေရောင်နဂါးကြာပန်းများကို ရှာဖွေလိုက်သည်။
“သူတို့က ဘာလို့ ပျောက်သွားတာလဲ”
ဤကန်မှာ သိပ်မကြီးသောကြောင့် သူ ကန်အောက်ခြေထိသို့ပင်မြင်ရ၏။ သူသည် ငါးနှင့်ပုစွန်မျိုးစုံကို တွေ့သော်လည်း ထိုအဖိုးတန်ဆေးပင်၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။
“မြင့်မြတ်ဆေး ဖြစ်ထိုက်ပါပေတယ်”
ထို့နောက်တွင် ပြဿနာကို ရှီဟောင်ရှာတွေ့သွား၏။ ကန်အောက်ခြေတွင် အခြားမြစ်တစ်ခုထဲသို့စီးဆင်းသွားသည့် မြစ်များရှိနေသည်။ ရှားပါးသည့်အဖိုးတန်ဆေးပင်ကို လက်မလွှတ်ချင်သောကြောင့် သူ ထိုမြစ်ကြောင်းအတိုင်း လိုက်သွားလိုက်သည်။
မြေအောက်မြစ်မှာ အလွန်ပင်ရှည်လျားလှပြီး ရေစီးနှုန်းလည်း မြန်ဆန်လှသည်။ မွှေးပျံ့သည့်ရနံ့ကို ရလိုက်သောကြောင့် ရှီဟောင်မှာ အံ့အားသင့်သွားရပြီး ထိုအနံ့အတိုင်း အမြန်ပင် လိုက်သွားလိုက်သည်။
လီပေါင်းများစွာ သွားပြီးသည့်နောက်တွင် ရေစီးနှုန်းမှာ တစ်ဖြည်းဖြည်းငြိမ်သက်လာပြီး ကြီးမားလှသည့် ရေကန်ထဲသို့ စီးဝင်သွားလေသည်။
ဝုန်..
ဓားစွမ်းအင်တစ်ခု ထွက်လာကာ ရှီဟောင်အား ထိတော့မလို့ပင်။ သူရောက်ရောက်ချင်းကို တစ်စုံယောက်ယောက်မှ တိုက်ခိုက်လိုက်သောကြောင့် သူ ဒေါသထွက်သွားရ၏။
အခြား အနီရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရေကိုပင် ခွဲလိုက်လေသည်။ ဤဓားအလင်းတန်းမှာ အလွန်ပင် ကြောက်စရာကောင်းသော်လည်း ယခုဓားစွမ်းအင်မှာ ပထမတစ်ခုထက် ဝေးသည့်နေရာမှ လာခြင်းပင်။
ဤသည်မှာ ရှီဟောင်အား ဆွံ့အသွားစေ၏။ တိကျမှုမှာ အနည်းငယ်လိုအပ်နေသေးသည်။ သူ ထိုဓားချက်ကို ရှောင်စရာပင် မလိုပေ။ အဲဒီဓားချက်က သူ့ကို ဦးတည်တာ မဟုတ်ဘူးလား..
သူ၏နတ်အာရုံများကို ဖြန့်ကျက်လိုက်သည့်အချိန်တွင် အပြင်ဘက်၌ တိုက်ပွဲဖြစ်ပွားနေကြောင်း သူသိလိုက်ရသည်။ ထိပ်တိုက်တိုက်ခိုက်နေကြသည့် ပုံရိပ်အနည်းငယ်ရှိနေ၏။ ထိုသူများမှာ ထူးခြားပါရမီရှိသူများနှင့် အဆင့်လွန်လူငယ်များပင်။
ထိုသူများအပြင် နတ်မီးတောက်ရရှိထားသည့်သူများပင် ပါသေးသည်။
တစ်စုံတစ်ယောက်မှ သူ့အား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းမဟုတ်ပဲ သူတို့၏ တိုက်ပွဲကြားတွင် သူညှပ်ပါသွားခြင်းပင်။
“မကောင်းတော့ဘူး … ငွေရောင်နဂါးကြာပန်းက မြင့်မြတ်ဆေးပဲ … ပြီးတော့ အရမ်းရှားတယ် .. တစ်ခြားလူလက်ထဲ ပါမသွားဖို့ မျှော်လင့်ရတာပဲ” ရှီဟောင် စိတ်ထဲတွင် ငိုကြွေးနေလေ၏။ သူသည် ကန်မျက်နှာပြင်မှ မခွာပဲ ရေထဲတွင် ရှာကြည့်လိုက်သည်။
ပင်လယ်လှိုင်းများမှာ ကောင်းကင်ထက်သို့ပင် မြှင့်တက်လာကာ သူ့ကို လွှမ်းခြုံသွားတော့မတတ်ပင်။
ကောင်းကင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ပြင်းထန်လွန်းလှသည်။ ဤကန်တွင်ရှိသည့် ရေလှိုင်းများမှာ လီပေါင်းများစွာ မြှင့်တက်သွားကာ ရေထဲတွင် သင်္ကေတများစွာရှိနေသည်။
သင်္ကေတများသာမက နတ်ခွန်အားများအပြင် တာအိုပုံစံများလည်း နေရာတိုင်းတွင်ရှိနေလေသည်။ နေရာတိုင်းတွင် အလွန်အန္တရာယ်များလှပြီး ဤနေရာတွင် အချိန်မရွေး သေဆုံးသွားနိုင်သည်။
ရှီဟောင် စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ ငွေရောင်နဂါးကြာပန်းနောက်လိုက်ရသည်မှာ သူ့အား ဒုက္ခများစွာ ရောက်စေလေသည်။
မြင့်မြတ်ဆေးကို တစ်စုံတစ်ယောက်သာ တွေ့သွားပါက ကြီးမားသည့်တိုက်ပွဲကြီးမှာ သေချာပေါက်ပင်ဖြစ်လာလိမ့်မည်။ အပေါ်ဘက်တွင် တိုက်ခိုက်နေသည့် သက်ရှိများ အောက်ဆင်းလာကာ ထိုဆေးပင်အတွက် တိုက်ခိုက်ကြလိမ့်မည်။
ကံကောင်းစွာဖြင့်ပင် သူ၏အရှိန်မှာအလွန်ပင် လျင်မြန်နေ၏။ သူသည် အဖိုးတန်ပညာများနှင့် သင်္ကေတများကို ရှောင်ရှားပြီး ကန်အောက်ခြေသို့သွားလိုက်သည်။
“တွေ့ပြီ”
နောက်ဆုံးတွင် ရှီဟောင် ငွေရောင်အလင်းလေးကို တွေ့လိုက်ရသည်။ ထိုအပင်များမှာ လက်မောင်းအရွယ်အစားခန့်သာရှိသော်လည်း သူတို့မှာအလွန်တောက်ပကာ အရှိန်မှာလည်းလျင်မြန်လွန်းလှသည်။ သူတို့သည် နဂါးအစစ်ကဲ့သို့ပင် ငွေဖြူရောင်တောက်ပနေ၏။
ဝုန်း..
ကောင်းကင်ထက်သို့ လှိုင်းမျာတက်သွားပြီး ဤနေရာတွင် လှုပ်ရှားမှုများ ပြည့်နှက်နေလေ၏။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်ပြီး အလွန်ပင်မကျေမနပ်ဖြစ်သွားရ၏။ မြင့်မြတ်ဆေးပင်ရှိနေသောကြောင့်သာ မဟုတ်ပါက သူ ဝင်တိုက်ပြီးလောက်ပြီ။ သူ ဓားစွမ်းအင်နှင့် ထိမိတော့မလို့ပင်။
ငွေရောင်နဂါးကြာပန်းများဆိုလျှင် ပြောစရာမရှိတော့ပေ။ သူတို့မှာ အလွန်ပင် ထိတ်လန့်နေကြလေသည်။
“အမ်..” ရှီဟောင် ထိတ်လန့်သွား၏။ တစ်ခဏအတွင်းပျောက်သွားကာ ငွေရောင်နဂါးနောက်သို့လိုက်နေသည့် ဖြူဖွေးနေသည့် ထာဝရခန္ဓာကိုယ်ကို သူတွေ့လိုက်ရသောကြောင့်ပင်။
တစ်ယောက်ယောက်က မြင့်မြတ်ဆေးကို တွေ့သွားပြီးတော့ သူတို့နောက်လိုက်နေတာလား..
လက်တစ်ဖက်ထွက်လာကာ ငွေရောင်နဂါးတစ်ကောင်ကို ချက်ချင်းပင် ဖမ်းလိုက်၏။ သေချာကြည့်ပြီးသွားသည့်နောက်တွင် ထိုလူ၏ ခန္ဓာကိုယ်တုန်လှုပ်သွားကာ အလွန်ပင် အံ့အားသင့်ကာ ပျော်ရွှင်သွားသည့်ပုံပင်။
ရှီဟောင်အရှေ့ဘက်သို့ သွားကြည့်လိုက်သည့်အချိန်တွင် ခန္ဓာကိုယ်ရှည်လျားပြီး ပိန်သွယ်သည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏ လှုပ်ရှားမှုများမှာ သိမ်မွေ့ကာ နတ်သမီးတစ်ပါးကဲ့သို့ပင်။
ထို့အပြင် သူမသည် ခြေရာဖျောက်သည့်နေရာတွင် ကျွမ်းကျင်လွန်းလှသည်။ သူမနား အရမ်းမနီးကပ်နေလျှင် သူမ ရှိနေမှန်း သိရမည် မဟုတ်ပေ။
သူမသည် နောက်ထပ် ငွေရောင်နဂါးတစ်ကောင်ကို ထပ်ဖမ်းလိုက်၏။
သူ နောက်ထပ် ထပ်စောင့်၍မရတော့မှန်း ရှီဟောင်သိသည်။ သူသည် လျှပ်စီးတစ်ခုကဲ့သို့ပင် အရှေ့ဘက်သို့ တရှိန်ထိုးပြေးတက်သွားပြီး လှပသည့်ခြေထောက်ကို ဖမ်းဆွဲလိုက်ကာ သင်္ကေတများနှင့် ချုပ်နှောင်ထားလိုက်သည်။
ထို့နောက်တွင် သူသည် လျင်မြန်စွာပင် သူမလက်ထဲတွင် ကိုင်ထားသည့်ငွေရောင်နဂါးကြာပွင့် နှစ်ပွင့်ကို ယူလိုက်လေသည်။
ထိုအမျိုးသမီးမှာ အလွန်ပင် ထိတ်လန့်သွားလေ၏။ ဆင်စွယ်ရောင်ကဲ့သို့ သန့်စင်သည့် သူမ၏ခန္ဓာကိုယ်တွင် ကြက်သီးများ ထလာသည်။ သူမသည် ချောင်းတိုက်ခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ခြင်းခံလိုက်ရ၏။
ထို့အပြင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ အဖိုးတန်ပညာကို အသုံးပြုကာ ရှီဟောင် လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။
ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေ၏။ ထိုကျောက်စိမ်းကဲ့သို့ ပြီးပြည့်စုံသည့်ခြေထောက်မှာ အဖိုးတန်ပညာများထက်ပင် ပို၍မာကျောပြီး ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းများကို ထုတ်လွှတ်လျက်ရှိသည်။ သာမန်လူသာဆိုလျှင် ထိုနေရာတွင်ပင် သေသွားလောက်လေပြီ။
ရှီဟောင်သည် အခြားသူ၏ ခြေချင်းဝတ်ကို ဆွဲပြီး သူမအား ဖမ်းဆီးရန် ပြင်ဆင်လိုက်သည်။
ထိုအမျိုးသမီး နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူမ၏ မျက်လုံးတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ပြည့်နှက်သွား၏။ သူမ ရှီဟောင်ကို မှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွေ့ခဲ့ကြသည်မှာ မကြာသေးပေ။
သူမ၏ အဝတ်ဖြူများမှာ ရေထဲတွင် တွန့်နေသောကြောင့် သူမ၏ ဖြူဖွေးနေသည့် အသားအရေများမှာ များစွာပင် ပေါ်လာသည်။ သူမတွင် ဘဲဥပုံစံမျက်နှာရှိကာ အသားအရေမှာလည်း ဖြူဝင်နေ၏။ သူမ၏ မျက်တောင်မွှေးများမှာ ရှည်လျားနေပြီး မျက်လုံးများမှာလည်း အသက်ဓာတ်ပြည့်ဝလှသည်။
ဤသည်မှာ နတ်သမီးယွဲ့ချန်ဖြစ်မှန်း ရှီဟောင် သတိထားမိသွားသည်။
ထို့နောက်တွင် သူသည် ချက်ချင်းပင် ကောင်းကင်လမ်းကြောင်းအား ဖွင့်လိုက်ပြီး သူမအား ပိတ်သိမ်းထားလိုက်၏။
နတ်သမီးယွဲ့ချန်မှာ မယုံကြည်နိုင်လောက်အောင်ပင် စွမ်းအားကြီးလှ၏။ သူမ၏ မျက်ခုံးကြားမှနေရာမှာ တောက်ပလာပြီး ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေ၏။
ရှီဟောင်မှာ သူ၏မျက်ခုံးကြားတွင် နာကျင်လာသည်ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးရှေ့တွင် ရှိသည့်အရာအားလုံးမှာ မှောင်မဲလာပြီး သူ သတိလစ်တော့မတတ်ပင်။ အခြား သာမန်အဆင့်လွန်ကျွမ်းကျင်သူများသာဆိုလျှင် သူတို့၏ နတ်အာရုံမှာ ပေါက်ကွဲသွားပြီး သူတို့လည်း သေဆုံးသွားလိမ့်မည်။
ယွဲ့ချန်၏ အသိစိတ်ပင်လယ်ထဲတွင် အိပ်ပျော်နေသည့်စွမ်းအားရှင်တစ်ယောက်ရှိနေသည်မှာ ပို၍ပင် သေချာသွားသည်။ နတ်ဘုရားမတစ်ပါးရှိနေလိမ့်မည်ဟု ရှီဟောင် သံသယဝင်မိသည်။
နောက်ဆုံးတွင် သူ၏ တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်း ပွင့်လာကာ ရောင်စုံအလင်းတန်းများ တောက်ပလာ၏။ ကြောက်စရာကောင်းသည့်နတ်အာရုံစွမ်းအားများလည်း အားနည်းသွားကာ သူ၏ဦးခေါင်းကို မထိုးဖောက်နိုင်တော့ပေ။
ယွဲ့ချန်၏ မူလခန္ဓာကိုယ်မှာ ထိတ်လန့်သွားရသည်။ သူမ၏ ဝိဉာဉ်စွမ်းအား၏ တစ်စိတ်တစ်ပိုင်းအား အသက်သွင်းလိုက်သည်နှင့် ဤမျှ နီးကပ်နေလျှင် ကောင်းကင်ဂျီးနီးယပ်စ်တစ်ယောက်ကိုပင် သတ်နိုင်သည်။ ဤသည်မှာ သူမ၏ ဝှက်ဖဲတစ်ခုပင်။
ဤစွမ်းအားကြောင့်ပင်လျှင် ထူးခြားပါရမီရှိသည့်သူများမှာ သူမနှင့် မတိုက်ခိုက်ရဲပေ။
ယခု သူမ၏ စွမ်းအားအကြီးဆုံးတိုက်ခိုက်မှု ရှုံးနိမ့်သွားသည့်အပြင် သူမ၏ ခြေထောက်ကို အခြားသူမှ ဖမ်းထားလေသည်။
” သတ် ….”
ရှီဟောင် တိုးတိတ်စွာ အော်ဟစ်လိုက်၏။ သူမကို မှတ်မိသွားသည့်အချိန်တွင် သူ၏ညာလက်တောက်ပလာကာ သင်္ကေတများဖြစ်ပေါ်လာပြီး ဓားလက်ဝါးဖြစ်လာလေသည်။ သူသည် ထိုဓားဖြင့် ရှည်လျားသွယ်လျသည့်ခြေထောက်ကို ရိုက်ချလိုက်သည်။
ယခင်က သူနှင့် ယွဲ့ချန်၏ကိုယ်ပွားကြားတွင် ‘ရင်းနှီးသည့် ဆက်ဆံရေး’ တစ်ခုရှိခဲ့သော်လည်းသူ၏အရှေ့တွင် ရှိနေသည့် နတ်သမီးနှင့်မူ မည်သည့်ခံစားချက်မှ မရှိပေ။ သူတို့ကြားတွင် သူသေကိုယ်သေ တိုက်ပွဲသာ ရှိသည်။
ထို့ကြောင့် သူသည် တွေဝေမနေပဲ တိုက်ခိုက်လိုက်ခြင်းပင်။