သုခကမ္ဘာက ရှီဟောင် - Chapter - 902 ကိုယ်ပိုင်ဖြစ်တည်ခြင်း
“သွား .. သူတို့အားလုံးကိုသွားဖမ်းခဲ့ကြ” လူငယ်လေးမှ အမိန့်ပေးသည့်အသံဖြင့် ပြောလိုက်လေသည်။
သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံသည်နှင့် ရှီဟောင် သတိလျော့နည်းသွားသည်။ သူ၏မှော်ခုခံနိုင်စွမ်းနှင့်ဆိုလျှင် ဤအစေခံအိုကြီးကို ချက်ချင်းရှင်းပစ်နိုင်ပြီး စစ်လူမျိုးစု မျိုးဆက်ကို ဖမ်းနိုင်လိမ့်မည်ဟု သူထင်ထားခဲ့ခြင်းပင်။
လူငယ်လေးမှာ သူ့ကို ချောင်းတိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ့ထံတွင် ဖြူဆွတ်နေသည့် ကျောက်စိမ်းပုလင်း ရှေးဟောင်းမှော်ပစ္စည်းတစ်ခု ရှိနေလေသည်။ ထိုပုလင်းသည် သူ့အား အထဲဘက်သို့ စုတ်ယူနေလေသည်။ သူ၏မှော်ခုခံနိုင်စွမ်းမှာ အသုံးမဝင်တော့ပေ။
ရှီဟောင်၏ခန္ဓာကိုယ်မှာ သိသိသာသာပင် ကျုံ့သွားလေ၏။ သူ၏ပုံမှန်အရပ်မှာ ယခုအချိန်တွင် နှစ်လက်မသာ ရှိတော့သည်။ သူသည် ထိုအဖိုးတန်အိုးထံသို့စုတ်ယူခုံလိုက်ရကာ ယခုအချိန်တွင် ပုလင်းအဝသို့ ရောက်နေလေပြီ။
ထိုအစေခံအိုကြီးမှာ ထိုပုလင်းကို အသက်သွင်းရန်အတွက် သူ့အား ကူညီပေးလေသည်။
ဤအဖိုးတန်ပုလင်းမှာ နွေးထွေးနေပြီး ကျောက်စိမ်းကဲ့သိုပင် ချောမွတ်နေလေသည်။ သူ၏တောက်ပနေသည့် မျက်နှာပြင်တွင် အလွန်ထူးဆန်သည့်သင်္ကေတရှိနေလေ၏။ ထိုပုလင်သည် တောင်များနှင့် မြစ်များကိုပင် သိမ်းဆည်းနိုင်လေသည်။
“မင်းတို့အားလုံး အဲဒီမိန်းမကိုဖမ်း .. ငါသူ့ကို သတ်လိုက်မယ်” လူငယ်လေးမှ ပြောလိုက်သည်။ ဤသည်မှာ သူပုလင်းကို ပထမဆုံးအကြိမ်အသက်သွင်းခြင်းဖြစ်ပြီး မထင်မှတ်ပဲ အောင်မြင်သွားလေသည်။
“ချိုးဖျက်မယ်..”
ရှီဟောင် အော်ဟစ်လိုက်၏။ ယခုအချိန်တွင် သူဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသင်္ကေတများတောက်ပလာပြီး ဆေးလုံးမီးဖိုမှ အဝါရောင်မြေကြီး ထွက်လာလေ၏။
“ဒါက ဘာကြီးလဲ..” လူငယ်လေးမှာ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအဝါရောင်မြေကြီးသည် ပုလင်းအဝတွင် ပိတ်နေပြီး ပုလင်းပေါ်တွင် ရှိနေသည့် သင်္ကေတများလည်း စတင်ပျက်စီးလာလေ၏။ ပုလင်းမှာ လျင်မြန်စွာဖြင့်ပင် အရောင်မှေးမှိန်သွားလေသည်။
ရှီဟောင်သည် ပုလင်းအဝနားတွင် ရောက်နေလေပြီ။ သူသည် အထဲသို့ အစုတ်ခံရလုနီးနီးပင်။
“မဖြစ်နိုင်တာ .. ဒီအဖိုးတန်ပစ္စည်းက ရှားပါးတဲ့လျှို့ဝှက်ရတနာ ပြီးတော့ ဒီပစ္စည်းက ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းဖြစ်တော့မှာ .. သူကဘယ်လိုလုပ် ရုတ်တရက်ကြီး အလုပ်မလုပ်တော့တာလဲ” လူငယ်လေးမှာ ရူးတော့မည်။
သူ့ကို အလွန်ချစ်ခင်သည့် အကြီးအကဲဟောင်းတစ်ယောက်မှ သူ့အား ဤပစ္စည်းပေးခဲ့ခြင်းဖြစ်ပြီး သူအတွေ့အကြုံရရန်အတွက် သွေးလွင်ပြင်သို့ပို့ခဲ့ခြင်းပင်။ ပြောရမည်ဆိုလျှင် ဤပစ္စည်းကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ပေ။ သို့သော်လည်းယခုအချိန်တွင် တစ်ဖြည်းဖြည်းနှင့် တိုက်စားနေလေပြီ။
ရှီဟောင်သည်လျင်မြန်စွာဖြင့်ပင် သူ၏နဂိုအရွယ်အစားသို့ ပြန်ရောက်သွားလေ၏။ မြေပြင်ပေါ်သို့ ခြေချသည်နှင့် ထိုနတ်မီးတောက်နယ်ပယ်အစေခံအိုကြီးကို တရစပ်ပင် တိုက်ခိုက်လေသည်။
သူ၏အမြင်တွင် ဤလူသည် ယခုအချိန်တွင်အန္တရာယ်အရှိဆုံးသူပင်။ သူ့ကိုသာ ရှင်းပစ်နိုင်သည်နှင့် အခြေအနေများကို ခန့်မှန်းရန် လွယ်ကူသွားလေပြီ။
ဝုန်း…
ယခုအချိန်တွင် မှော်ခုခံနိုင်စွမ်းမှာ ပျောက်ကွယ်မသွားသေးပေ။ နောက်ဆုံးအချိန်နည်းနည်းကျန်နေသေးသည်။ သူတို့နှစ်ဦးသည် အပြန်အလှန်တိုက်ခိုက်နေကြပြီး သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ လူအိုကြီး၏ လက်မောင်းတစ်ဖက်မှာ ပြုတ်ထွက်ကာ လွင့်ထွက်သွားလေပြီ။
“မင်း..” သူထိတ်လန့်သွားရသည်။
“ဒီကိုလာခဲ့” သူ၏ဘေးမှ လူငယ်လေးမှ အော်ဟစ်လိုက်သည်။ သူသည် ကျောက်စိမ်းပုလင်းကို အသက်သွင်းလိုက်သော်လည်း ကံမကောင်းစွာဖြင့်ပင် ထိုပုလင်းမှာ အသုံးမဝင်ပေ။ သူသည် အခြားမှော်ပစ္စည်းများဖြင့် ထိုအဝါရောင်မြေကြီးကိုဖယ်ရှားရန် ကြိုးစားလိုက်သော်လည်း ထိုပစ္စည်းများအားလုံးသာ ပျက်စီးသွားလေသည်။
ဖူး..
အစေခံအိုကြီးမှာ ရှီဟောင်၏ ပြိုင်ဘက်မဟုတ်ပေ။ သူသည် ရှီဟောင်သတ်သည်ကို ခံလိုက်ရလေ၏။
ယွမ်ရှီးကို ဝန်းရံထားသည့်အုပ်စုမှ သတိကြီးကြီးဖြင့် နေကြလေသည်။ သူတို့ထွက်ပြေးချင်သော်လည်း အရမ်းနောက်ကျသွားလေပြီ။ ရှီဟောင်သည် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ပင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေပြီး မည်သူမှ မလွတ်မြောက်နိုင်ပေ။
“အခု မင်းအလှည့်ပဲ” ရှီဟောင်သည် အရှေ့ဘက်သို့ တိုးသွားပြီးလူငယ်လေးကို တိုက်ခိုက်လိုက်သည်။
ဤစစ်လူမျိုးစုလူငယ်လေးမှာ ထူးခြားသည့်သူဖြစ်သော်လည်း ရှီဟောင်၏ တိုက်ခိုက်မှု ဒါဇင်အနည်းငယ်ခန့်သာ ခုခံနိုင်ပြီး နောက်ဆုံးတွင် သေဆုံးသွားလေသည်။
အမှန်တကယ်တွင် မျိုးဆက်တူသည့်လူများထဲတွင် ရှီဟောင်၏ တိုက်ခိုက်မှုကို များစွာခုခံနိုင်သည့်သူမရှိပေ။ သူရရှိခဲ့သည့်အရာများမှာ လူအနည်းစုသာ ရရှိနိုင်သည့်အရာများပင်။
ရှီဟောင်သည် အဝါရောင်မြေကြီးကို ဖယ်ရှားလိုက်ပြီး ကျောက်စိမ်းပုလင်းကို သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် သူအနည်းငယ် ဆွံ့အသွားရသည်။ဤသည်မှာ အတော်လေးကောင်းသည့် ရတနာတစ်ခုပင်။ သို့သော် သူ၏သင်္ကေတ အတော်များများမှာ ပျက်စီးသွားလေပြီ။
“နှမြောစရာပဲ…” ရှီဟောင်နောင်တရမိသည်။
“ရှင်က နတ်အဆင့်ပစ္စည်းကို တကယ်ရပ်တန့်နိုင်ခဲ့တာလား ..” ယွမ်ရှီးထိတ်လန့်သွားရသည်။
ဤတိုက်ပွဲမှ ရှီဟောင်အသိတရားရလိုက်သည်။ မှော်စွမ်းအားခုခံနိုင်စွမ်းမှာ ပြိုင်ဘက်ကင်းသော်လည်း သူနောက်ပြန်ဆုတ်ရုံသာ တတ်နိုင်ပြီး အဆင့်မြင့်သည့် မှော်ပစ္စည်းများကိုလည်းအကျိုးသက်ရောက်မှုမရှိပေ။
သူတို့နှစ်ဦးသည် လျင်မြန်စွာပင် ဆက်လက်ထွက်ခွာသွားလိုက်ကြသည်။
“ကျွန်မတို့ကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေတာလား .. ကျွန်မရှင့်ရဲ့အိုးထဲမှာ ပုန်းနေတာတောင်မှ သူတို့က ဘာလို့ကျွန်မတို့ကိုအမြဲတမ်းရှာတွေ့နေတာလဲ” ယွမ်ရှီးသည် စိုးရိမ်သည့်အမူအရာ ဖြစ်နေလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ခရီးဆက်လာသည့်တစ်လျှောက်လုံးတွင် ရှီဟောင်သည် အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရလေသည်။ ယွမ်ရှီးသည် အိုးထဲတွင် ပုန်းနေခြင်းဖြစ်သော်လည်း အပြင်ဘက်မှ တိုက်ပွဲ မည်မျှပြင်းထန်သည်ကို ခံစား၍ရနေဆဲပင်။
ထိုကဲ့သို့ အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပြီးသည့်နောက်တွင် သူမအိုးထဲမှ ထွက်လာလိုက်၏။ သူမအပြင်သို့ရောက်လာသည့်အချိန်တွင် ရှီဟောင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏အဝတ်အစားများမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို သူမတွေ့လိုက်ရသည်။
“ငါတို့ပစ်မှတ်ထားခံရတာမဟုတ်ဘူး .. ငါတို့ စစ်လူမျိုးစုအများကြီးကို သတ်ခဲ့လို့ .. စစ်လူမျိုးစုက မဟုတ်တဲ့သူတွေအားလုံးကို တွေ့တဲ့နေရာမှာ သတ်ဖို့ သူတို့အမိန့်ထုတ်ထားတာ” ရှီဟောင်၏ ပုံပန်းသွင်ပြင်မှာ သိပ်မဟန်တော့ပေ။ သူ၏မျက်နှာတွင် အရောင်အဆင်းမရှိတော့ပေ။ သိပ်မကြာခင်က သူသည် မထင်မှတ်ပဲ စစ်ဘုရင်တစ်ယောက်ကို တွေ့ခဲ့သေးသည်။ သို့သော် သူတို့ မတိုက်ခိုက်လိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် စစ်ဘုရင်အနားတွင် နတ်ဘုရားအစစ်တစ်ပါးပေါ်လာသောကြောင့်ပင်။ သူတို့နှစ်ဦးသည် ရှီဟောင်အားတစ်ချိန်လုံးလိုက်နေပြီး သူသေတာ့မလိုပင်။
ညသန်းခေါင်းပိုင်းတွင်သူအခြားဒဏ်ရာတစ်ခုထပ်ရခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သူ၏အရိုး ၁၀ ခုကျော်မှာ ကျိုးနေပြီဖြစ်ပြီး သူ၏မျက်ခုံးနှစ်ခုကြားတွင်လည်း အက်ကွဲကြောင်းကြီး ပေါ်လာလေသည်။
ရှီဟောင်၏ ဒဏ်ရာများမှာ အလွန်ပင် ပြင်းထန်လှသည်။ သူ၏ ကမ္ဘာမြေကိုလက်မများအဖြစ်သို့ကျုံ့ခြင်း အဖိုးတန်ပညာကြောင့်သာမဟုတ်ပါက သူသည် ထိုနေရာတွင် သေနေလောက်လေပြီ။
ထိုသို့ဆိုသော်လည်း သူ၏ဒဏ်ရာများမှာ ပြင်းထန်နေဆဲဖြစ်ပြီး သူ၏အခြေခံစွမ်းအင်လည်း ပျက်စီးသွားလေသည်။
ယွမ်ရှီးသည် အိုးထဲမှ ထွက်လာပြီး ဤအခြေအနေကို မြင်သည်နှင့် မျက်ရည်များကျဆင်းလာကာ “ကျွန်မတောင်းပန်ပါတယ် .. ကျွန်မရဲ့ပြဿနာထဲကို ရှင့်ကိုဆွဲသွင်းမိသွားပြီ …” သူမသည် ရှီဟောင်အားတစ်ယောက်တည်းဆက်သွားရန်၊ သူမအားစိုးရိမ်မနေရန် ပြောလိုက်လေသည်။
“မင်းကိုယ့်ကိုကိုယ်အပြစ်တင်စရာမလိုပါဘူး .. ငါတစ်ယောက်တည်းထွက်သွားရင်တောင်မှ စစ်လူမျိုးစုကငါ့ကိုအလွတ်ပေးမှာ မဟုတ်ဘူး” ရှီဟောင်ပြောလိုက်၏။
ရှီဟောင်ငြင်သာစွာပင် သက်ပြင်းချလိုက်သည်။ ဤကြင်နာမှုမှာ ကြီးမြတ်လွန်းလှသည်။ ရှီဟောင်သည် သူမနှင့် လီပေါင်းထောင်ပေါင်းများစွာ အတူရှိနေခဲ့သည်။ ဤလူငယ်ကြောင့်သာ မဟုတ်ပါက သူမသည် အဖမ်းခံရလျှင် ခံရ မဟုတ်လျှင်လည်း အသတ်ခံနေရလောက်ပြီ။
“ကျေးဇူးတင်ပါတယ်” သူမသည် ဘာပြောရမည်ကိုပင် မသိတော့ပေ။
“မင်းတို့နှစ်ယောက် အဝေးကြီးကို မသွားနိုင်တော့ပါဘူး” ရုတ်တရက်ပင် အေးခဲသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။ လူတန်းတစ်တန်းမှာ အရှေ့ဘက်သို့ ရောက်လာလေသည်။
သူတို့ထဲတွင် နှစ်ဆယ်ကျော်ခန့်သာရှိသည့် လူငယ်တစ်ယောက်ပါလာ၏။ သူ၏ရှည်လျားသည့် မျက်ခုံးမွေးမှာ နားသယ်စပ်သို့ပင် ရောက်နေပြီး သူ၏မျက်လုံးများမှာလည်း ဖီးနှစ်မျက်လုံးများ ကဲ့သို့ပင်။ သူ၏အသားအရေမှာ ကျောက်စိမ်းကဲ့သို့ပင် ဖြူဖွေးတောက်ပနေလေသည်။
စစ်ဘုရင်…
“မင်းတစ်ယောက်တည်း ငါ့ကို တိုက်ရဲလား” ရှီဟောင်၏ ခန္ဓာကိုယ်တွင် သွေးများဖုံးလွှမ်းနေလေသည်။ သူသည် မတ်တပ်ထရပ်လိုက်ပြီး ဒေါသမပါသည့် ခြိမ်းခြောက်မှုတစ်မျိုးကို ထုတ်လွှတ်လိုက်လေသည်။ ဤသည်မှာ ကျား သို့မဟုတ် နဂါးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ပင်။
“ငါ အစက တိုက်ချင်ပေမယ့် နှမြောစရာကောင်းတာက မင်းကအခု တိုက်ဖို့အတွက် မသင့်တော်သေးဘူး .. ဒီလိုမျိုး ပြင်းထန်တဲ့ဒဏ်ရာနဲ့ဆိုရင် ဘယ်အဆင့်လွန်ကျွမ်းကျင်သူမဆို မင်းကို သတ်သွားလို့ရတယ်” စစ်ဘုရင်သည် အေးစက်ကာ အညှာအတာမရှိစွာပင် ပြောလိုက်လေသည်။
“အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့ .. မင်းအသက်ကို ပေးလိုက်တော့” ရှီဟောင် အော်ဟစ်လိုက်သည်။
“ငါ ငါ့ရဲ့လက်ကို မညစ်ပတ်ချင်ဘူး” စစ်ဘုရင်သည် လက်များကို နောက်ပစ်ထားလေ၏။
ဤသည်မှာ စော်ကားနေခြင်းပင်။ သူသည် ရှီဟောင်၏လက်ရှိအခြေအနေကို အထင်သေးခြင်းပင်။ ဤလူသည် သူအချိန်ပေးရလောက်အောင် မထိုက်တန်ဘူးဟု ပြောနေခြင်းပင်။
“ငါ့အတွက်သူ့ကိုသတ်ပေး” သူသည် တစ်ဖက်သို့ လှည့်ကာ ပြောလိုက်၏။
အမိန့်ရသည်နှင့် ကျွမ်းကျင်သူအချို့ အပြေးတက်လာကြလေသည်။
ထိုနတ်ဘုရားအစစ်သည်လည်း တိတ်တဆိတ်ပင် ချဉ်းကပ်လာလေ၏။
ရှီဟောင်သက်ပြင်းချလိုက်၏။ သူသည် နောက်လှည့်ကာ မြေကြီးထဲသို့ ပြေးဝင်သွားလိုက်သည်။ နတ်ဘုရားအစစ်မှာ သူ့နောက်သို့ လိုက်လာနေဆဲပင်။
သူမြေပြင်ပေါ်သို့ ပြန်တက်လာသည့်အချိန်တွင် တောက်ပသည့် သွေးလ၏ အနီရောင်အလင်းတန်းသုံးခုသည် ရှေးဟောင်းစစ်မြေပြင်ကို ဖြတ်ပြေးသွားလေ၏။ သို့သော် ဤသည်မှာ ရှီဟောင်၏ ဖြူဖတ်ဖြူရော်ဖြစ်နေသည့် မျက်နှာကို မဖုံးကွယ်နိုင်သေးပေ။
သူ၏မူလဝိဉာဉ်ပင်ဖြစ်စေ အသွေးအသားများပင်ဖြစ်စေ အားလုံးမှာပြင်းထန်သည့် ဒဏ်ရာရရှိနေလေပြီ။ သူသာ ဤအတိုင်းဆက်သွားနေပါက သူတကယ်ပင် သေဆုံးသွားလိမ့်မည်။
“ရှင် .. ဘာဖြစ်တာလဲ” ယွမ်ရှီး စိုးရိမ်လာ၏။ သူမသည် ဝိဉာဉ်စမ်းချောင်းမှ ရေအနည်းငယ်ကို ထုတ်လိုက်ပြီး ရှီဟောင်အား တိုက်လိုက်သည်။ သူမ၏ လှပသည့်မျက်နှာထက်တွင် စိုးရိမ်မှုများ ပြည့်နှက်နေလေသည်။
“ငါခဏနားလိုက်ဦးမယ်” ရှီဟောင်အလွန်ပင် မောပန်းနေ၏။ ယခုလေးတင် သူသည် ခပ်ဝေးဝေးတွင်ရှိနေသည့် နတ်ဘုရားအစစ်ထံမှ ရိုက်ချက်တစ်ချက်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ တစ်စစီဖြစ်လုနီးပါးဖြစ်နေပြီး မူလဝိဉာဉ်မှာလည်း ထိုကဲ့သို့ပင်။
သူ၏အသက်ရှူသံများမှာ မတည်ငြိမ်ပဲ သူ၏ရင်ဘတ်မှာလည်း နိမ့်လိုက်မြင့်လိုက် ဖြစ်နေလေသည်။ သူသည် တစ်ချိန်လုံးအလိုက်ခံနေရခြင်းပင်။ ယခုအချိန်တွင် သူနောက်တစ်ကြိမ်မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။
“စိတ်မပူနဲ့ .. ရှင်ပြန်ကောင်းလာမှာ…” ယွမ်ရှီးသည် တစ်ခုခုကို တွေးမိပြီသွားသည့်နောက် ဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး သူ့အား စားခိုင်းလိုက်သည်။
“ဒါက ဘာကြီးလဲ” ရှီဟောင် ထိတ်လန့်သွားရ၏။ ဤဆေးလုံးသည် လိုင်ချီးသီးအရွယ်အစားရှိပြီး ခရမ်းရောင်အလင်းများရစ်သိုင်းနေလေသည်။ သင်္ကေတများလည်း လွှမ်းခြုံနေကာ ဆေးလုံးမှာ အသက်ရှိနေသကဲ့သို့ပင်။ ဆေးဗူးကို တဖုန်းဖုန်းဖြင့် ရိုက်နေလေသည်။
“ဒါက အာကာသဆေး … အဖိုးတန်တဲ့ဆေးလုံး .. ရှင့်ရဲ့ဒဏ်ရာတွေ ဘယ်လောက်ပဲပြင်းထန်နေပါစေ .. ရှင်ချက်ချင်း ပြန်ကောင်းလာနိုင်တယ်” ယွမ်ရှီး ရှင်းပြလိုက်သည်။
ရှီဟောင်ထိတ်လန့်သွားရ၏။ ထင်ထားသည့်အတိုင်းပင် ဤဆေးမှာ အဖိုးတန်လွန်းလှသည်။ ဤသည်မှာ ကောင်းကင်နတ်နန်းဆေးလံးကဲ့သို့ လူတစ်ယောက်၏အသက်ကို ကယ်နိုင်သည့်ဆေးလုံးပင်။
သူအဆင့်နိမ့်နယ်မြေတွင် ရှိနေသည့်အချိန်တုန်းက သူသည် ကောင်းကင်နတ်နန်းဆေးလုံးကို ယွဲ့ချန်ထံမှ ယူခဲ့ဖူးသည်။ သို့သော် နတ်ဘုရား ၇ ပါးနှင့် နောက်ဆုံးတိုက်ပွဲတိုက်ပြီးသည့်နောက်တွင် ရွာသားများမှာ သူ့အားထိုဆေးလုံးကို အတင်းစားခိုင်းခဲ့သည်။
သူပြန်ရှင်လာနိုင်ခြင်းမှာ မြင့်မြတ်ဆေးများ၊ ပြန်လည်မွေးဖွားခြင်းကန်များနှင့် သူ၏စွမ်းအားကြီးသည့် စိတ်ဆန္ဒများကြောင့် မဟုတ်လောက်ပေ။ ဤသည်မှာကောင်းကင်နတ်နန်းဆေးနှင့် ဆက်စပ်နေလောက်သည်။
“မြန်မြန်စားလိုက် .. ကျွန်မတို့အချိန်ဖြုန်းနေလို့မရဘူး” ယွမ်ရှီးသည် သွယ်လျနေသည့်လက်ဖြင့် အာကာသဆေးလုံးကို ကိုယ်တိုင်ထုတ်ကာ ရှီဟောင်နှုတ်ခမ်းနားတွင် တေ့ထားလိုက်သည်။
ရှီဟောင်ခေါင်းညိမ့်လိုက်ပြီး သူမ၏ ကြင်နာမှုကို ငြင်းမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဒဏ်ရာများမှာ အလွန်ပြင်းထန်လှပြီး သူဆက်ပြီးမတောင့်ခံနိုင်တော့ပေ။ နတ်ဘုရားအစစ်ထံမှ အသက်ရှင်လျက် ထွက်ပြေးနိုင်သည်မှာပင် အလွန်တော်လှပေပြီ။
သူသာချက်ချင်းပြန်ကောင်းမလာလျှင် သူတို့နောက်လိုက်လာသည့်သူများ ရောက်လာသည်နှင့် သူတို့နှစ်ဦးလုံးသေသွားလိမ့်မည်။
ခရမ်းရောင်အဖိုးတန်ဆေးလုံးမှာ သူ၏ပါးစပ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် သင်္ကေတများထွက်ပေါ်လာကာ သူ၏နံရိုးနှင့် အရိုးများထံသို့ ဦးတည်သွားကာသူ၏အသွေးအသားနှင့် မူလဝိဉာဉ်ကို အားဖြည့်ပေးလေသည်။ ဆေးအစွမ်းများမှာ အံ့အားသင့်စရာကောင်းလှသည်။
ဆေးမှာ မည်သည့်ဆိုးကျိုးမှမရှိပေ။ တစ်နာရီအတွင်းမှာပင် ရှီဟောင်သည် နောက်တစ်ကြိမ်မတ်တပ်ရပ်နိုင်ခဲ့ပြီး အလွန်ပင် ကျန်းမာသန်စွမ်းနေလေပြီ။ သူ၏သွေးစွမ်းအင်ထွက်ပေါ်လာပြီး ဝိဉာဉ်စွမ်းအားလည်း ပေါများနေလေပြီ။ သူ၏ထိပ်ဆုံးအခြေအနေသို့ သူပြန်ရောက်ရှိသွားလေပြီ။
“ဆေးအစွမ်းက ဒီလောက်တောင် ကောင်းတာလား” ရှီဟောင်သည် အလွန်ပင် ထိတ်လန့်နေလေ၏။
“ရှင်အဆင်ပြေသွားလို့ တော်သေးတာပေါ့” ယွမ်ရှီး၏ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် သူမပြုံးနိုင်သွားသည်။ သူမ၏လှပသည့်မျက်လုံးများ ရွေ့လျားနေပြီး သူမ၏အပြုံးမှာလှပလွန်းလှသည်။
ဤကဲ့သို့သော အဖိုးတန်ဆေးလုံးမှာ အလွန်ပင်အဖိုးတန်ပြီး သူမ၏ အဆင့်အတန်းကြောင့်သာ ဤကဲ့သို့သောဆေးလုံးကိုပိုင်ဆိုင်နိုင်ခြင်းပင်။
“သူတို့နောက်ထပ် ရောက်လာပြန်ပြီ” ရှီဟောင်သည် ယွမ်ရှီးကို ဆွဲလိုက်ကာ ချက်ချင်း ထွက်ပြေးသွားလိုက်သည်။
အချိန်များစွာကြာပြီးသည့်နောက်မှသာသူတို့သည် လျှို့ဝှက်နယ်မြေတွင် ရပ်တန့်လိုက်သည်။ ရှီဟောင်သည် အေးစက်နေသည့်အသံဖြင့်ပင် “သူတို့ရဲ့စစ်ဘုရင်ကို သတ်ပစ်ဖို့ ငါ့ကို ဖိအားပေးနေကြတာလား”
သူဒေါသထွက်လာ၏။ စစ်ဘုရင်မှာ ဆက်တိုက်ပင် သူ့နောက်သို့ လိုက်နေသောကြောင့် သူထွက်ပြေးနိုင်ရန် ခက်ခဲနေသည်။ ထို့ကြောင့် အနည်းငယ် စွန့်စားရန် သူဆုံးဖြတ်ချက်ချလိုက်၏။
“အရမ်းအလောတကြီးမလုပ်နဲ့” ယွမ်ရှီး ပြောလိုက်သည်။ သူမသည် အလွန်ပင် စိုးရိမ်နေခြင်းပင်။
“အဲဒီနတ်ဘုရားအစစ်က ငါ့နောက်ကို အမြဲတမ်းလိုက်နေပြီးတော့ စစ်ဘုရင်ကို ခဏခဏ ချန်ထားခဲ့လိမ့်မယ် .. ငါသူ့ကို သတ်ဖို့ အခွင့်အရေးရတယ်” ရှီဟောင် ပြောလိုက်၏။ သူ၏မျက်လုံးထဲတွင် အလင်းတန်းများ တောက်ပလာပြီး သက်တန့်တစ်ခုကဲ့သို့ပင် ထွက်ပေါ်လာလေသည်။
စစ်ကလန်မှာ အဆင့်မြင့်နယ်မြေတွင်ရှိသည့် အကြီးမြတ်ဆုံးဂိုဏ်းကြီး ၁၀ ခုမှ တစ်ဂိုဏ်းဖြစ်ပြီး ကြောက်စရာအကောင်းဆုံး စစ်ဧကရာဇ်ကလန်ပင်။ သူတို့၏ စစ်ဘုရင်များလည်း သေချာပေါက်ပင် ကောင်းကင်ကို တွန်းလှန်နိုင်သည့်သူဖြစ်ရမည်။
ယွမ်ရှီးသည် အမှတ်တမဲ့ပင် သူ့အား ငေးမောမိသွားလေ၏။ တစ်ခဏကြာပြီးသည့်နောက်တွင် သူမအသိပြန်ဝင်လာပြီး အကြည့်ပြန်လွှဲလိုက်သည်။ သူမ၏မျက်နှာလည်း နီရဲနေလေပြီ။
“ရှင် ကိုယ့်ကိုကိုယ် ဒုက္ခမရောက်စေနဲ့” ယွမ်ရှီး အကြံပေးလိုက်၏။ သူမသည် ရှီဟောင်၏လုံခြုံရေးကို စိတ်ပူနေခြင်းပင်။
“ငါကဘယ်သူမို့လို့လဲ .. ကောင်းကင်ကို လွှမ်းခြုံနိုင်တဲ့ ပါရမီရှီတဲ့သူပဲ .. အဲဒီစစ်ဘုရင်အစုတ်အပြတ်လေးများ .. ငါသူ့ကို သတ်ပစ်ရမယ်” ရှီဟောင် စိတ်ဓာတ်တက်ကြွနေလေသည်။
ယွမ်ရှီး ဆွံ့အသွားရသည်။ ဤကဲ့သိုသော ယုံကြည်မှုမျိုးမှာ အနည်းငယ် လွန်နေပြီး သူမအနည်းငယ် ရင်းနှီးနေသည်ဟုလည်း ခံစားနေရသည်။
“ဘာမှကြောက်စရာမလိုဘူး .. ငါသူ့ကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ထား” ရှီဟောင်သည် စွန့်စားရန်အတွက် ဆုံးဖြတ်ချက်ချပြီးသားပင်။ သူသည် ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်ကာ သူ၏ကိုယ်ပွားနှင့် ယွမ်ရှီးကို အဝေးသို့ သွားစေလိုက်ပြီး နတ်ဘုရားအစစ်၏ အာရုံကို ဆွဲဆောင်လိုက်သည်။
“သူလည်း နတ်ဘုရားအစစ်ပဲလေ အဲဒီတော့ သူမြန်မြန်ပဲရှာတွေ့သွားလိမ့်မယ် .. သူရှင့်ကို ပြန်လာသတ်လိမ့်မယ်” ယွမ်ရှီး စိုးရိမ်နေလေ၏။
“စိတ်မပူပါနဲ့ ငါအချိန်နည်းနည်းပဲလိုတာပါ .. လိုအပ်ရင်သူ့ကို ရွှေရောင်ဗောတိသီးကို ပြလိုက် .. သူတစ်ခဏလောက်တော့ တွေဝေပြီးတော့ မင်းတို့နောက်ကို ခဏလောက်တော့ လိုက်လာလိမ့်မယ်” ရှီဟောင်သည် ရွှေရောင်ဗောတိသီးကို သူ၏ကိုယ်ပွားအား ပေးလိုက်သည်။
ထို့နောက်တွင် သူသည် နောက်ပြန်လှည့်ပြီး စစ်ဘုရင်ကို သတ်ရန် သွားလိုက်သည်။
သွေးလသုံးစင်မှာလေထဲတွင် တွဲလဲဖြစ်နေပြီး ရှေးဟောင်းစစ်မြေပြင်အတွင်းပိုင်းတွင် နတ်ဆိုးနတ်ဘုရားများ၏ ကြွေးကြော်သံများကို အချိန်နှင့်အမျှ ကြားနေရသည်။ သို့သော် အရှေ့ပိုင်းတွင် အနည်းငယ် တိတ်ဆိတ်နေလေ၏။ မြေပြင်မှာ ကျတ်တီးမြေဖြစ်နေပြီး နင်းလျောက်လိုက်ရုံဖြင့်ပင် ခြေသံများကို ကြားနေရလေသည်။
ရှပ် ရှပ် ရှပ်…
တိတ်ဆိတ်နေသည့်နေရာတွင် ခြေသံများ ထွက်ပေါ်လာလေ၏။ သွေးလများမှာ ထိုသူ့အပေါ်သို့ ဖြာကျနေလေသည်။ သူသည် အုပ်စုတစ်ခုနှင့် မျက်နှာချင်းဆိုင် ရပ်နေခြင်းပင်။
ရှီဟောင်လှည့်လိုက်သည်နှင့် စစ်ဘုရင်အုပ်စုကို တွေ့လိုက်ရသည်။
“မင်းကတော်တော်သတ္တိရှိနေတာပဲ .. ငါ့ကို နောက်တစ်ခေါက် ထပ်တွေ့ရဲတယ်ပေါ့” စစ်ဘုရင်မှာ အလွန်ပင် ဝံ့ကြွားနေလေသည်။
“မင်းက တော်တော်တန်ဖိုးရှိတယ်လို့ ကိုယ့်ကိုကိုယ်ထင်နေတာလား .. မင်းကိုသတ်ဖို့ ငါပြန်လာတာ” ရှီဟောင် နူးညံ့စွာ ပြောနေသော်လည်း သူ၏ခြေလှမ်းတစ်လှမ်းစီတိုင်းတွင် ဖော်ပြ၍မရနိုင်သည့် ဖိအားများ ထုတ်လွှတ်နေလေသည်။
သူ၏ခြေလှမ်းများနှင့်အတူ ကမ္ဘာမြေကြီးလည်း တုန်ခါကာ သူ၏လှုပ်ရှားမှုကို ပြန်လည်တုံ့ပြန်နေလေသည်။ ကြီးမြတ်သည့်ဧကရာဇ်တစ်ပါး ဆင်းသက်သလာသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်မှ မြင့်မြတ်သည့်အလင်းတန်းများ ထွက်ပေါ်နေလေသည်။
“ငါကဘယ်သူလဲ .. ငါက စစ်ဧကရာဇ်ကလန်က လက်ရှိမျိုးဆက်ရဲ့ စစ်ဘုရင်ပဲ .. မင်းကိုယ်မင်းဘယ်သူလို့ ထင်နေတာလဲ” စစ်ဘုရင်၏ မျက်လုံးများမှာ အလွန်ပင် အေးစက်နေလေသည်။
“ငါက ဘာမှမဟုတ်ပါဘူး .. ဒါပေမဲ့ တစ်နေ့ကျရင်တော့ ငါတစ်ယောက်တည်းနဲ့ ဧကရာဇ်ကလန်တစ်ခုကို တည်ထောင်ပြီးတော့ ငါ့ရဲ့အစွမ်းအစနဲ့ ဧကရာဇ်လူမျိုးစုကို တည်ထောင်မှာ … ငါက ဘယ်သူ့ရဲ့အရိပ်အောက်မှာမှ ခိုလှုံစရာမလိုဘူး .. ငါ့ကိုယ်တိုင် ဧကရာဇ်တစ်ပါး ဖြစ်လာမှာ” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။