သုခကမ္ဘာက ရှီဟောင် - Chapter - 925 ထူးခြားဆန်းပြားသော နယ်မြေ
“ကလန်တွေ အမြဲတမ်းသတ်နေကြတဲ့ ဖရိုဖရဲဖြစ်နေတဲ့နယ်မြေ .. ဒီနေရာက ငါ့အတွက် သင့်တော်တယ်”
ထို့နောက် ရုတ်တရက်ပင် မြေအောက်ထဲမှ အပြာရောင်မီးတောက်များ ထွက်ပေါ်လာပြီး အလောင်းများအားလုံးကို လောင်ကျွမ်းလိုက်လေသည်။
ရှီဟောင်၏ သူငယ်အိမ်များကျုံ့သွားပြီး မီးစီရင်စုမှ အဘယ်ကြောင့် ဤနာမည်ကို ရရှိထားသည်ကို သူသိခဲ့လိုက်ရလေသည်။
အချိန်တိုင်းပင် မြေအောက်မှ မီးတောက်များထွက်ပေါ်နေလေ၏။ ထိုမီးတောက်များမှာ သေဆုံးသွားသည့် သက်ရှိများ၊ နတ်ပစ္စည်းများ ထွက်ပေါ်လာခြင်းနှင့် ဆက်စပ်နေသည်။ ထိုမီးတောက်များတွင်ထူးဆန်းသည့် အော်ရာလည်း ပိုင်ဆိုင်ထားလေ၏။
ထိုမျှသာမက ထူးဆန်းသည့်အဖြစ်အပျက်မျိုးစုံလည်း ဖြစ်ပေါ်နေကာ ဤသည်မှာ နတ်ဘုရားများကိုပင် သေဆုံးစေနိုင်လေသည်။
“တကယ်ကို ထူးဆန်းတာပဲ” ရှီဟောင် ထိုမီးတောက်များနှင့် ထိတွေ့ရန် ကြိုးစားလိုက်သည်။ မီးတောက်များမှာ သူ၏ဘေးနှစ်ဘက်လုံးမှ ဖြတ်သွားကာ အလောင်းအားလုံးကို လောင်ကျွမ်းပစ်လေသည်။ ထို့နောက်တွင် သူ့အလိုလို မြေကြီးထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
သူသည် အစက သီးသန့်ကျင့်ကြံနိုင်သည့်နေရာတစ်နေရာကို ရှာဖွေကာ သူ၏ဒဏ်ရာများ မပျောက်မချင်း ကုသလိုခြင်းပင်။ သို့သော် ဤနေရာတွင် အခြေအနေများမှ သိပ်မတည်ငြိမ်ဘူးဟု သူခံစားနေရသည်။ လူများနေသည့်နေရာကို သူ ရှာဖွေရမည်။
သေဆုံးသွားသည့် သူပုန်ထံမှ ရသည့်အချက်အလက်အတိုင်း ရှီဟောင်သည် နာမည်ကြီးသည့်မြို့ကို ရှာဖွေရန် အရှေ့ဘက်သို့ ဦးတည်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် သူသည် ကျတ်တီးမြေများစွာကို တွေ့ခဲ့ရသည်။ ထိုနေရာတွင် ကြီးမားလှသည့် စွန့်ပစ်သတ္တုတွင်းများ ရှိနေလေသည်။ ထိုတွင်းများတွင် ယခင်က နတ်ပစ္စည်းများရှိသော်လည်း ထိုပစ္စည်းများအားလုံးကို ဂိုဏ်းကြီးများမှ အားလုံးထုတ်ယူပြီးသွားလေပြီ။
“ဟေး လူငယ်လေး မင်းတစ်ယောက်တည်း ခရီးသွားနေတာလား” တောင်များကြားမှ အသက်ကြီးသည့်လူတစ်ယောက်ပေါ်လာလေ၏။ သူ၏ကျင့်ကြံခြင်းမှာ အတော်လေးပင် ထူးခြားလှသည်။
သူ၏လုံခြုံရေးအတွက် ရှီဟောင်သည် သူ၏ကျင့်ကြံဆင့်ကို အမိန့်အာဏာတည်ထောင်ခြင်းနယ်ပယ်သို့ လျှော့ချထားခဲ့သည်။ အခြားသူများအာရုံစိုက်လာမည်ကို သူ မလိုချင်ပေ။ သူသည်ပြုံးလိုက်ကာ ဖုဖုန်းမြို့သို့ ရောက်ရန် မည်မျှလိုသေးသည်ကို မေးလိုက်သည်။
ထိုလူအိုကြီးမှာ အတော်လေးပင် ရည်မွန်ကာ သူ့အား လက်ညှိုးထိုးပြပြီးနောက် “ဒီမှာရှိတဲ့ သူပုန်တွေမှာ ကပ်ဆိုးဝင်နေတာ … ပြီးတော့ ဒီမှာရှိတဲ့ သတ္တုတွေကို ဂိုဏ်းကြီးတွေက လက်ဝါးကြီးအုပ်ထားတယ် .. ဒီမှာ အရမ်းကို ရှုပ်ထွေးပြီးတော့ အန္တရာယ်များတယ် .. မင်းဂရုစိုက်သွားဦး”
“ကျေးဇူးတင်ပါတယ်ဆရာ .. ဆရာ ကျွန်တော်နဲ့ လိုက်လာစရာမလိုပါဘူး .. ကျွန်တော့်တစ်ယောက်တည်းလည်း အဆင်ပြေမှာပါ” ရှီဟောင် ပြောလိုက်သည်။
လူအိုကြီးမှာ နူးညံ့စွာ ပြုံးပြပြီးနောက် “စိတ်မပူပါနဲ့ .. ငါအခုလည်း ဘာမှ လုပ်စရာမရှိဘူးဆိုတော့ အခုက လျှောက်သွားဖို့ အချိန်ကောင်းပဲ”
ထို့နောက်တွင် တောင်ကြောတစ်ခုမှာ ပြန့်ဆင်းသွားကာ ထိုနေရာမှ သက်ရှိများ ထွက်ပေါ်လာကာ သူတို့နှစ်ဦးအား လူစုခွဲလိုက်ကြလေသည်။
“မိုကြီး ဒီနေ့လုပ်တာ သိပ်မကောင်းသေးဘူး .. အစေခံနှစ်ယောက်ကိုပဲ ပို့သေးတယ် နတ်မိုးတွင်းမှာ ငါတို့ ဒီထက်ပိုပြီးတော့ လူအားလိုသေးတယ် … များလေကောင်းလေပဲ” ထိုလူမှ ပြောလိုက်သည်။
ရှီဟောင်ဆွံ့အသွားကာ ထိုလူအိုကြီးအား ကြည့်လိုက်၏။ ဤသည်မှာ လူကုန်ကူးခြင်းလား ..သူ၏အမူအရာများ အေးစက်သွားပြီး သူ၏စိတ်ကောင်းများအားလုံးလည်း ပျောက်ကွယ်သွားလေ၏။
“လူငယ်လေး မြက်ခင်းပြင်မှာ တစ်ယောက်တည်း ခရီးသွားဖို့က အရမ်းအန္တရာယ်များတယ် .. နေရာတိုင်းမှာ မင်းကို ဝံပုလွေတွေနဲ့ သူပုန်တွေက မင်းကိုသတ်ဖို့ စောင့်နေကြတာ .. မစွန့်စားချင်ပါနဲ့ .. ငါမင်းအတွက် အလုပ်ကောင်းတစ်ခု တွေ့ထားတယ်” လူအိုကြီးမှ ပြုံးကာ ပြောလိုက်လေသည်။
စကားပြောနေရင်းဖြင့်ပင် ထိုလူကြီးမှာ လက်မအရွယ်အစားနတ်ပစ္စည်းတစ်ခုကို ရရှိပြီးနောက် ထိုလူသည် လက်ဝေ့ရမ်းကာ ထွက်ခွာသွားလေသည်။
“ခင်ဗျား လူအိုကြီး” ရှီဟောင်သည် ထိုသူနောက်သို့ တရှန်ထိုး ပြေးလိုက်သွားလိုက်သည်။
“ပြန်လာခဲ့…” သူ၏အနောက်မှ ထိုလူမှ အော်ဟစ်နေလေ၏။ အနီရောင်အလင်းတောက်ပနေသည့် ကြာပွတ်တစ်ခု ထွက်ပေါ်လာလေသည်။ အမှန်တကယ်တွင် ဤသည်မှာ နတ်ပစ္စည်းတစ်ခုပင်။ ထိုကြာပွတ်သည် ရေနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်အား ရစ်ပတ်နေလေသည်။
ထိုသူမှာလည်း အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်တွင်ရောက်နေခြင်းပင်ဖြစ်ပြီး သိပ်အားမကောင်းသော်လည်း သူအသုံးပြုသည့်ပစ္စည်းမှာ အလွန်ပင် အထင်ကြီးစရာကောင်းလှသည်။ ဤသည်မှာ အပို့ခံရသည့် ကျွန်များကို ဖိနှိပ်ရန်အတွက် သုံးသည့် ပစ္စည်းပင်။
ရှီဟောင်သည် ကမ္ဘာမြေကြီးကို လက်မအဖြစ်သို့ ပြောင်းလဲခြင်းပညာဖြင့် သူ၏မူလနေရာမှ ပျောက်ကွယ်သွားလေသည်။ ထို့နောက်တွင် ထိုလူအိုကြီးအနောက်တွင် ပေါ်လာကာ သူ၏လည်ပင်းကို ဆုတ်ကိုင်လိုက်သည်။
ထို့နောက်တွင် ဖူးဟူသည့်အသံနှင့်အတူ သူ၏လက်မှ နတ်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ထိုလူအိုကြီးအား တိုက်ခိုက်လိုက်လေသည်။
“ဟမ် .. မင်းမှာ အစွမ်းတွေ ရှိနေတာလား .. ဒီနေ့ ငါဆုံးဖြတ်ချက်မှားသွားတာပဲ .. မထင်မှတ်ပဲနဲ့ မင်းက အတော်ဆုံးအဆင့်လွန်ကျွမ်းကျင်သူဖြစ်နေတယ်” လူကုန်ကူးသည့်လူအိုကြီးမှာ အံ့အားသင့်သွားလေသည်။ သူ၏အနားတွင် မီးတောက်များခြံရံလျက် ရှီဟောင်ထံသို့ ပြေးသွားလိုက်လေသည်။
ထိုအချိန်တွင်သူသည် တောင်ကြောဘက်သို့ အော်ဟစ်လိုက်လေ၏။
“သိမ်းငှက်နက််.. မလာသေးဘူးလား .. ဒီမှာ ပြဿနာ နည်းနည်းတက်နေတယ် .. ဒီနေ့ ငါမင်းကို ကျွန်ကောင်းကောင်းလေးတစ်ယောက် ပို့ပေးမယ်”
လူသားခန္ဓာကိုယ်နှင့် အနက်ရောင်အတောင်ပံများရှိသည့် လူသားပုံရိပ်တစ်ခု ကျရောက်လာလေ၏။ သူသည် ရှီဟောင်ထံသို့ ဦးတည်လာနေလေ၏။ ဤသည်မှာ လက်ရွေးစင်သိမ်းငှက်နက်ပင်။
သူ၏နတ်အာရုံဖြင့် အာရုံခံလိုက်သည့်အချိန်တွင် ဤလူနှစ်ယောက်သည် ဤနေရာတွင် စွမ်းအားအကြီးဆုံးဖြစ်ပြီး ကျန်သည့်သူများမှာ ဘာမှစိတ်ပူစရာမလိုသည်ကို သူသိလိုက်ရသည်။
သူလျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ ထူးဆန်းသည့်အားတစ်ခု ထွက်ပေါ်လာလေ၏။ စွမ်းအားကြီးသည့်ကျွမ်းကျင်သူနှစ်ဦး သူ့အား တိုက်ခိုက်သည့်အချိန်တွင် သူတို့၏မှော်အားများအားလုံး ပျက်ပျယ်သွားလေ၏။
ဖူး..
သိမ်းငှက်နက် အံ့အားသင့်သွားရ၏။ သူ၏ရင်ဘတ် ထုတ်ချင်းပေါက်သွားသည်ကို သူအံ့အားသင့်စွာ တွေ့လိုက်ရသည်။ ဤလူငယ်လေး၏ အသွေးအသားမှာ သူ့ထက်ပင် အားကောင်းပြီး သူ့ကို သတ်နိုင်လေသည်။
“မင်း .. မင်းကဘယ်လိုလုပ် မှော်စွမ်းအားတွေကို ခုခံနေနိုင်တာလဲ” လူကုန်ကူးသည့်လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားလေ၏။ ထို့နောက်တွင် သူသည် လျင်မြန်စွာပင် နောက်ပြန်ဆုတ်သွားလေသည်။
ဖုန်း…
ရှီဟောင် သူ၏ခြေထောက်ကို လှုပ်ရှားလိုက်သည်နှင့် နဂါးတစ်ကောင်သူ၏အမြှီးကိုလှုပ်ရမ်းလိုက်သကဲ့သို့ပင်။ သူသည် ထိုလူအိုကြီးကို လွင့်ထွက်သွားအောင်လုပ်လိုက်ပြီး ထိုသူ၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲသွားပြီး သွေးများလည်း နေရာအနှံ့လွင့်စင်သွားလေ၏။
၁၅ မိနစ်ကြာပြီးသည့်နောက်တွင် ရှီဟောင်ထိုနေရာမှ ထွက်ခွာခဲ့လိုက်သည်။ သူသည် ဝိဉာဉ်ကျောက်တုံးအနည်းငယ်ကို သိမ်းယူလိုက်၏။ ဤသည်မှာ အကောင်းဆုံးနတ်ပစ္စည်းများပင်။ ထို့နောက်တွင် သူသည် ဤနေရာကို မီးလောင်တိုက်သွင်းလိုက်သည်။
တစ်နာရီကြာပြီးသည့်နောက်တွင် သူခပ်ဝေးဝေး၌ မြို့ကြီးတစ်မြို့ကို မြင်လိုက်ရသည်။ ရှီဟောင်မှာ ဖုဖုန်းမြို့နှင့် နီးနေလေပြီ။
မြို့ကြီးမှာ အလွန်ပင် မြင့်မားလှပြီး အစီအရင်များ ရှိနေလေ၏။ အဆောက်အဦးများတွင်လည်း အစီအရင်များရှိနေလေသည်။ အဆောက်အဦးများမှာ သတ္တုနက်ဖြင့် လုပ်ထားသကဲ့သို့ပင် ရှည်လျားမြင့်မားကြသည်။
“လူလိမ်ကောင် အဲဒီမှာရပ်လိုက် .. ဒါက ဘာအဖိုးတန်ပညာလဲ .. ဒါက ဘာမှလည်း အသုံးမဝင်ဘူး”
သူ ဂိတ်တံခါးသို့ ဖြတ်သန်းသွားသည်နှင့် ပြေးနေကြသည့် ကျင့်ကြံသူနှစ်ဦးကို သူမြင်လိုက်ရ၏။ တစ်ဦးက ပြေးပြီး နောက်တစ်ဦးက လိုက်နေခြင်းပင်။ သူတို့ဆက်တိုက် တိုက်ခိုက်နေကြပြီး သူတို့ခန္ဓာကိုယ်မှ သွေးများစီးကျနေလေ၏။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာမှာ အဘယ်ကြောင့် ဖရိုဖရဲဖြစ်နေသနည်း…
သူ ဆက်လျှောက်လာလိုက်ရာ လမ်းများတွင် တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများစွာကို သူ ထပ်တွေ့လိုက်ရသည်။ သူတို့သည် အဖိုးတန်ပစ္စည်းများဖြင့် တိုက်ခိုက်နေကြခြင်းပင်။ တစ်ခဏကြာပြီးသည့်နောက်တွင် လူတစ်ယောက်ခေါင်းပြတ်သွားပြီး သွေးများပန်းထွက်လာကာ ခေါင်းမရှိသည့်အလောင်းလည်း မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ဤသည်က သူ့ကို ထိတ်လန့်သွားစေသည်။ ဖုဖုန်းမြို့မှာ အတော်လေးပင် ရှုပ်ထွေးနေလေ၏။ သူမြို့ထဲသို့ ဝင်လာသည်နှင့် ဤဖြစ်ရပ်နှစ်ခု ဖြစ်ပျက်နေလေပြီ။ သို့သော် မည်သူမှပင် ဂရုမစိုက်ကြပေ။
ထို့အပြင် အားလုံးကို လှည့်ကြည့်လိုက်သည့်အချိန်တွင် သူတို့အားလုံးမှာ အလွန်ပင် တည်ငြိမ်နေကြပြီး တစ်ခွန်းမှပင် ဝင်မပြောသည်ကို တွေ့လိုက်ရသည်။
ဤကဲ့သို့သော ကိစ္စများမှာ မကြာခဏဖြစ်နေသည်မှာ သေချာသည်။
“အစ်ကို .. ဝိဉာဉ်ဆေးပင်တွေလိုလား .. ကျွန်တော့်ဆီမှာအရင်က မမြင်ဖူးတဲ့ အထူးဆေးပင်တစ်ခုရှိတယ်” တစ်စုံတစ်ယောက်မှ ရှီဟောင်အား ချဉ်းကပ်လာကာ တိုးတိတ်စွာ ပြောလေ၏။
ရှီဟောင်လှည့်ကြည့်လိုက်သည့်အချိန်တွင် ခြေထောက်တွင် ရွှံ့များ ညစ်ပေနေသည့် ရည်မွန်သည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူအခုမှ ဆေးပင်ခူးပြီး ပြန်လာပုံပင်။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားသည့် ပုံစံဖြစ်နေလေသည်။
“ဘာလို့ ဆေးမျှော်စင်မှာ သွားမရောင်းတာလဲ .. ဒီဆေးပင်ကို ကျွန်တော့်ကိုရောင်းရင် အစ်ကို့အတွက် ကောင်းပါ့မလား” ရှီဟောင် ပြောလိုက်၏။
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ထိုလူ၏မျက်လုံးများ နီရဲလာကာ “ဒီမြို့မှာ သူပုန်တွေ၊ သူခိုးတွေနဲ့ တစ်ခြားမကောင်းတဲ့သူတွေနဲ့ ပြည့်နေတာ .. နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်တော်သူတို့ကို ထူးဆန်းတဲ့ဆေးပင်ပေးလိုက်တာကို သူတို့က ဒါက သာမန်ဆေးမြက်ပဲဆိုပြီးတော့ ဆုနည်းနည်းပဲပေးတာ .. သူတို့တွေက တစ်ခြားသူတွေကို အနိုင်ကျင့်လွန်းတယ်”
ရှီဟောင် ထိတ်လန့်သွားရ၏။ သူ ဤလူကို ကိုယ်ချင်းစာပါသည်။
“ကျွန်တော်နဲ့လိုက်ခဲ့ ကျွန်တော်အစ်ကို့ကို ပြမယ် .. ဒီတစ်ခေါက် ကျွန်တော် သမိုင်းဝင်နယ်မြေတွေကို သွားခဲ့ပြီးတော့ အဖိုးတန်ဆေးပင်ကို ရခဲ့တာ .. ဒါက တော်တော်လေး ထူးဆန်းတယ် .. ကျွန်တော်တောင်မှ မမှတ်မိဘူး” သူသည် ရှီဟောင်ကို ထောင့်နားသို့ ဆွဲသွားပြီး သားရဲအရေခွံဖြင့် ချုပ်ထားသည့် ရှုံ့အိတ်လေးကို ထုတ်ကာ အဖိုးတန်ဆေးပင်ကို ပြလေသည်။
ထိုအချိန်တွင် ဆေးပင်မွှေးရနံ့မှာ လေထဲတွင် လှိုက်တက်လာသည့်အပြင် လစွမ်းအင်များလည်း ဖြာကျလာလေသည်။
ရှီဟောင် မျက်လုံးများပြူးကျယ်လာရ၏။ သူသည် ဆေးနံ့ခံပြီး ဆေးပင်ကို ကြည့်ပြီးသည့်နောက်တွင် သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ ဤသည်မှာ ဒဏ္ဍာရီလာ နှင်းလမြင့်မြတ်ဆေးပင် မဟုတ်ဘူးလား…
လက်သီးအရွယ်အစား ပန်းပွင့်မှာ ဖြူဖွေးနေပြီး အပြစ်အနာအဆာကင်းမဲ့နေလေ၏။ ထိုပန်းပွင့်မှအဖြူရောင်မြူများ ထုတ်လွှတ်နေလေသည်။ ဤသည်မှာကောင်းကင်ထက်တွင် ဖြူဖွေးနေသည့် လတစ်စင်းကို ချိတ်ဆွဲထားသကဲ့သို့ပင်။ ဤပန်း၏မွှေးရနံ့ကို ရှူရှိုက်လိုက်သည်နှင့် သူတို့သည် သက်တောင့်သက်သာ ဖြစ်သွားနိုင်လေသည်။
“ဟမ် .. ဒီမှာ အဖိုးတန်ဆေးပင်ရှိနေတယ် .. ဘယ်မှာလဲ” သိပ်မဝေးသည့်နေရာတစ်ခုမှ တစ်စုံတစ်ယောက်သည် အနံ့ရလိုက်ပြီးနောက် သူ၏မျက်လုံးများလှုပ်ရှားလာလေသည်။
“အစ်ကို ဘယ်လိုလဲ .. ဒီဆေးပင်ကို ယူမလား” ထိုလူသည် မျှော်လင့်ချက်ကြီးစွာဖြင့် မေးနေလေ၏။
ရှီဟောင်မှ အတော်လေးပင် ထိတ်လန့်နေလေသည်။ သူလမ်းပေါ်မှာ မြင့်မြတ်ဆေးပင်ကို တွေ့နေခြင်းပင်။ ဤသည်မှာ ရှားပါးလွန်းသည့်အခွင့်အရေးပင်။ ဤဆေးပင်မှာ မူလကောင်းကင်လျှို့ဝှက်နယ်မြေတွင်ပင်လျှင် ခူးယူရန် ခက်ခဲလိမ့်မည်။
“အစ်ကိုယူမှာလား .. အစ်ကိုမယူရင် ကျွန်တော်သွားတော့မယ်” ထိုလူသည် ရှုံ့အိတ်ကို လျင်မြန်စွာ ပိတ်လိုက်လေသည်။
“ကျွန်တော်ယူမှာပါ .. ကျွန်တော်သိချင်တာက ဘာလို့ ကျွန်တော့်ကို ဒီဆေးပင်လာရောင်းတာလဲ” ရှီဟောင် မေးလိုက်၏။
“ဖုဖုန်းမြို့က အရမ်းကို ဖရိုဖရဲဖြစ်နေတာ .. ပြီးတော့ ဒီမှာ မကောင်းတဲ့သူတွေ အများကြီးပဲ .. အစ်ကို အခုလေးတင်မှ ဝင်လာတာကို ကျွန်တော်တွေ့လိုက်တယ် ပြီးတော့ အစ်ကို့မျက်နှာက အဲဒီလူယုတ်မာတွေလိုမျိုးမဟုတ်ဘူး” ထိုလူမှာ သက်ပြင်းချလိုက်ပြီး သူ၏မျက်နှာထက်တွင် စိတ်ပျက်သည့်အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
“ကျွန်တော် နောက်တစ်ခေါက် ကြည့်ပါရစေ” ရှီဟောင်ပြောလိုက်၏။ ယခုတစ်ကြိမ်တွင် သူသည်နှစ်ထပ်မျက်လုံးကို အသုံးပြုကာ မြင့်မြတ်ဆေးပင်ကို သေချာစစ်ဆေးလိုက်သည်။ သူချက်ချင်းပင် ထိတ်လန့်သွားပြီး သူ၏စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
ဤလူပြောသည်မှာ မှန်ကန်သည့်အချက်တစ်ချက်တော့ရှိသည်။ ဖုဖုန်းမြို့မှာ နဂါးများ၊ မြွေများနှင့် ပြည့်နှက်နေခြင်ပင်။ ဤဆေးပင်မှာ ဆေးဆရာများပင်လျှင် အရူးလုပ်ခံရနိုင်သည်။
“ဟမ် .. ဒီမှာ အဖိုးတန်ဆေးတကယ်ရှိနေတယ် … ငါတို့လိုချင်တယ်” လူအချို့မှ သူတို့ထံသို့ လျှောက်လာလေသည်။
“အစ်ကို ယူဦးမှာလား .. မယူဘူးဆိုရင် ကျွန်တော်သူတို့ကို ရောင်းလိုက်တော့မယ်” ထိုလူသည် အခက်တွေ့နေသည့်ပုံစံ ပြုလုပ်လိုက်လေသည်။
“အာ.. အဲဒါဆိုရင်လည်း သူတို့ကိုပဲ ရောင်းလိုက်ပါတော့” ထို့နောက်တွင် ရှီဟောင်လှည့်ထွက်သွားလေ၏။
ဤနေရာတွင်ရှိနေသည့် မည်သူ့ကိုမှ မယုံကြည်ရဘူးဟု သူ ခံစားနေရသည်။ သူလမ်းတွင် လူကုန်ကူးသည့်သူနှင့် တွေ့ခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဤနေရာတွင်ရှိနေသည့် လေထုမှာ ရွံ့စရာ ကောင်းလွန်းလှသည်။
“မင်း…” ထိုလူမှာ ပြောစရာစကားများပင် ပျောက်ရှသွားလေသည်။ အခြားသူများ၏ အမူအရာများလည်း ပြောင်းလဲသွားလေသည်။
“အဲဒီမှာ မြင့်မြတ်ဆေးပင်ရှိတယ် .. ခင်ဗျားတို့လိုချင်လား .. ကျွန်တော်မဝယ်ဘူး” ရှီဟောင်သည် ရိုးသားသည့်အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။ သူသည် ဘေးပတ်လည်တွင်ရှိနေသည့်သူများကို ခေါ်လိုက်ပြီးနောက် လျင်မြန်စွာ ထွက်သွားလိုက်လေသည်။
“အဲဒါက ရွှေရောင်ဆေးခန်းမက လူတွေမလား .. သူတို့တွေက တစ်ခြားသူတွေကို လှည့်စားဖို့ ထပ်ထွက်လာတာလား” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။
“အား … သူခိုး…” ရုတ်တရက်ပင် တစ်စုံတစ်ယောက်အော်ဟစ်လိုက်ပြီး သူတို့အရှေ့မှလူကို ပြေးလိုက်လေသည်။ လမ်းများထက်တွင် ဖရိုဖရဲဖြစ်နေလေ၏။
ရှီဟောင် ပုန်းနေလိုက်ပြီး မျက်တောင်တစ်ချက်မခတ်ပဲ လူလတ်ပိုင်းအရွယ်ယောက်ျားလေးတစ်ဦး၏ လက်ကို ပုတ်ထုတ်လိုက်သည်။ တစ်ဖက်လူသည် အဖိုးတန်ပညာများကို အသုံးပြုကာ တစ်ဖက်လူ၏ခန္ဓာကိုယ်ကို စမ်းပြီး ပစ္စည်းများ ယူနေခြင်းပင်။
“ချီးပဲ .. ငါ့ရဲ့ ဝိဉာဉ်ဆေးအိတ်ထုတ် ပါသွားပြီ”
“အိုးနိုး … ငါ့ရဲ့ ရေနဂါးအရိုးလက်ကာ ဘယ်ရောက်သွားတာလဲ”
ထိုလူများမှာ ကျန်ဆဲနေကြလေသည်။
ရှီဟောင် ဆွံ့အသွားရသည်။ အခြားသူများထံမှ ခိုးယူနေသည့်သူမှာ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူပင်။ ဤမြို့တစ်ခုလုံးမှာ ထူးဆန်းနေပြီး ယဉ်ကျေးမှုမှာလည်း ဆိုးရွားလှသည်။
ဖုဖုန်းမြို့ထဲသို့ ဝင်လာသည်နှင့် ရှီဟောင်သည် တစ်ချိန်လုံးပင် ဆူပူအကြမ်းဖက်မှုများကို ကြုံတွေ့နေရသည်။ ဤနေရာတွင် အမိန့်အာဏာမရှိသကဲ့သို့ ကန့်သတ်ချက်များလည်း မရှိပေ။
ဝုန်း..
ရုတ်တရက်ပင် လေတိုးသံနှင့် လျှပ်စီးလျှပ်သည့်အသံများများ ထွက်ပေါ်လာကာ ခွာသံများမှာလည်း စစ်ဗုံသံကဲ့သို့ပင် ထွက်ပေါ်လာလေ၏။ ဤသည်မှာ သူတို့ကို သွေးဆူလာစေပြီး သူတို့၏နှလုံးသားများပင် ကွဲထွက်သွားတော့မည်ဟု ခံစားနေရသည်။
အနီရောင်နဂါးနှစ်ကောင် ဆင်းသက်လာသောကြောင့် အားလုံးအံ့အားသင့်သွားရသည်။
ထိုနဂါးနှစ်ကောင်သည် လမ်းပေါ်သို့ရောက်သည်နှင့် သူတို့၏နဂါးခန္ဓာကိုယ်များမှာ တစ်ဖြည်းဖြည်းကျုံ့လာပြီး သွေးနီရောင်မြင်းနှစ်ကောင် ဖြစ်သွားလေ၏။ သူတို့မှာ နတ်စီးတော်ယာဉ်များပင်။
လူများစွာမှာ အေးခဲသွားပြီးနောက် ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
“အဲဒါတွေက နတ်ချောက်ကမ်းပါးကျောင်းက မြင်းနဂါးနီတွေပဲ..
“နတ်ချောက်ကမ်းပါးကျောင်းမှာ မြင်းနဂါးနီ လေးငါးကောင်ပဲရှိတာမဟုတ်ဘူးလား .. ဒီနှစ်ကောင်ကဘာလို့ရုတ်တရက်ကြီး ပေါ်လာတာလဲ”
ဤနတ်စီးတော်ယာဉ်များတွင် အနီရောင်နဂါးသွေးများ ပါဝင်လေသည်။ သူတို့သည် နတ်ချောက်ကမ်းပါးကျောင်း၏ သီးသန့်သက်ရှိပင်။
နတ်တောင်ထိပ်ကျောင်းမှာ မီးစီရင်စုတွင် ရှိနေပြီး ဤသည်မှာ ကမ္ဘာအခမ်းနားဆုံးတာအိုအမွေအနှစ်နေရာတစ်ခုပင်။ ထိုနေရာတွင် ရှေးဟောင်း ချောက်ကမ်းပါး များစွာရှိပြီး ရှေးဟောင်းထာဝရများ၏ တာအိုလှိုဏ်ဂူများ ရှိသည်ဟုပင် ပြောကြသည်။
ထိုကျောင်းအတွင်းတွင် မျိုးဆက်တစ်ခုစီတိုင်းအတွက် မြင်းနဂါးနီအနည်းငယ်ကို မွေးထုတ်ပေးသည့် နဂါးသွေးရေကန်တစ်ခု ရှိနေလေသည်။ ထိုနဂါးမြင်းကြီးလာသည်နှင့် ဤသည်မှာ မိုးကောင်းကင်အောက်တွင်ရှိနေသည့် ကျင့်ကြံသူတိုင်း၏ မျက်လုံးများကို နီရဲသွားစေလိမ့်မည်။
မြင်းနဂါးနှစ်ကောင်ထက်တွင် အမျိုးသမီးနှင့် အမျိုးသားတစ်ယောက်စီ ရှိနေလေသည်။ အမျိုးသားမှာ အရပ်ရှည်ကာ သူရဲကောင်းဆန်ပြီး အနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလေ၏။ သူ၏အနားတွင် သင်္ကေတများနှင့် နတ်အလင်းများလည်း ရှိနေလေသည်။
“ချောမောခန့်ညားပြီးတော့ သူရဲကောင်းဆန်လိုက်တာ” လူများစွာမှာ အော်ဟစ်နေကြလေသည်။ သူ၏အနားတွင်ရှိနေသည့် သူ့ကို ကြည့်နေသည့် သက်တူရွယ်တူများမှာ ကြက်ပေါက်လေးများမှ ဖီးနှစ်ကို ကြည့်နေသည်နှင့် တူလေသည်။
အခြား မြင်းနဂါးနီတစ်ကောင်ထက်တွင်ရှိနေသည့် အမျိုးသမီးထံတွင် အထင်ကြီးလောက်သည့် သွင်ပြင်ရှိနေလေသည်။ သူမ၏ခရမ်းရောင်ဆံနွယ်များ လှုပ်ခါနေပြီး မျက်လုံးများမှာလည်း ဖီးနှစ်ကဲ့သို့ပင်။ သူမသည်လည်း အနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလေသည်။ သူမသည် ရဲစွမ်းသတ္တိရှိကာ ရှားပါလှသည့် အလှပဂေးလေးတစ်ယောက်ပင်။
သူမမှာ အားနည်းသည့်ပုံပေါက်သည့် အလှပိုင်ရှင်မဟုတ်ပဲ သူမထံတွင် စစ်နတ်ဘုရားမကဲ့သို့သော ရဲစွမ်းသတ္တိရှိသည့် အော်ရာရှိနေလေသည်။
ဤလူနှစ်ဦးမှာ လူများကြားမှ ဘီလူးများကဲ့သို့ဖြစ်နေ၏။
“သူတို့တွေက နတ်ချောက်ကမ်းပါးကျောင်းက ကောင်းကင်ဂျီးနီးယပ်စ်တွေပဲ သူတို့တကယ် ရောက်လာကြပြီ” တစ်စုံတစ်ဦးမှ သူတို့အား မှတ်မိသွားလေသည်။
ရှီဟောင် ထိုနှစ်ဦးကို ကြည့်လိုက်၏။ သူတို့သည် ထူးခြားလှပြီး သူတို့ထံတွင် မူလသွေးအစစ်အမှန်များ ရှိနေသည်။ သူတို့သည် ဤလောကတွင်ရှိသည့် ထူးခြားပါရမီရှိသူများထက် သေချာပေါက် သာလွန်မည်ပင်။ သူတို့နှစ်ဦးမှာ အလွန်ပင် စွမ်းအားကြီးလေသည်။
သူအံ့အားသင့်သွားသည်မှာ ထိုအရာမဟုတ်ပေ။ သူ၏အာရုံကို ဆွဲဆောင်သွားသည်မှာ သူရင်းနှီးနေသည့် အမျိုးသမီးတစ်ဦးကို ဤနေရာတွင် တွေ့လိုက်ရသောကြောင့်ပင်။ သူမသည် မထင်မှတ်ပဲ ဤနေရာတွင် ပေါ်လာကာ ထိုလူနှစ်ဦးကို ကြိုဆိုရန်အတွက် တက်သွားလေသည်။
ဤသည်မှာလည်း သူ၏နှစ်ထပ်မျက်လုံးကို အသုံးပြုပြီး မြင်ရခြင်းပင်။ ဤအမျိုးသမီးမှာ သူ၏ပုံစံအမှန်ကို ဖုံးကွယ်ထားလေသည်။