သုခကမ္ဘာက ရှီဟောင် - Chapter -100 ရှီကျိလင်း
Chapter -100 ရှီကျိလင်း
ရက်ပေါင်းများစွာအကြာမှာ သတင်းစကားတစ်ခု ထွက်ပေါ်လာပါတယ်။ ထွတ်မြတ်ခြင်းအဆင့်အရိုးဟာ ရှီရီရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်သွားစေတယ်ဆိုတာကိုပေါ့။ ဒါဟာ အင်အားအကြီးမားဆုံးသောသူဖြစ်ချင်ကြတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ ချည်နှောင်ခံရခြင်းတွေဖြစ်ပြီး လက်တွေ့မှာတော့ ခန္ဓာကိုယ်အတွင်းပေါင်းစည်းတယ်ဆိုတာ လွယ်တာမှ မဟုတ်တာ..။
” မုန်းစရာကောင်းလိုက်တာ..။”
စတုတ္ထအကြီးအကဲက အော်ဟစ်လိုက်ပါတယ်။ သူဟာ သူ့ရဲ့ပြိုင်ဘက်တွေလိုဖြစ်နေသူတွေကြောင့် အခြေအနေတွေကို တကယ်ပဲ ပြောင်းပြန်ဖြစ်သွားစေမှန်းထားပါတယ်။ သူ့ရဲ့ နောက်ကျိသွားခဲ့ပြီး အားနည်းနေတဲ့ ကလေလေးကို ကိုင်ကြည့်လိုက်ပါတယ်။
ရှီဟောင်ရဲ့ အော်ရာတွေဟာ အတော်လေးကို အားနည်းလို့နေပါတယ်။ သူတို့ကလန်ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေက ဝိညာဉ်အနှစ်သာရဆေးလုံးတွေ ကျွေးကြပေမဲ့ သူ့ကို နလန်ပြန်ထူစေဖို့က အရမ်းကို ခက်ခဲလှပါတယ်။ လူအားလုံးဟာ သူတို့ရဲ့ နှလုံးသားတွေ ဖျစ်ညှစ်ခံရတဲ့အလား ငြီးတွားလိုက်ကြပါတယ်။
ကျောက်ခေတ်ကလန်အတွင်းထဲက ကလန်သားတွေဟာ ဝိညာဉ်အနှစ်သာရဆေးလုံးတွေကို အများကြီးကို ထုတ်ပေးလာပေမဲ့ သူတို့အတွက် တကယ့်ကို အချည်းနှီးဖြစ်သွားခဲ့ကြပါတယ်။ ရှီဟောင်ရဲ့ ထွတ်မြတ်ခြင်းအဆင့် အရိုးစာသားတွေဟာ ခန်းခြောက်သွားပြီဖြစ်တာကြောင့် ပြန်လည်ထုတ်ဖော်ဖို့ ခက်ခဲနေတာပါ။ သူ့ရဲ့ မျက်နှာလေးဟာလည်း ဖြူ ဖပ်ဖြူ ရော်ဖြစ်လာပြီး နေ့စဉ်ရက်ဆက်ဆိုသလို အဆက်မပြတ် ချောင်းဆိုးလာခဲ့ပါတယ်။ မကြာခဏဆိုသလိုပဲ ရှီဟောင်ဟာ ရေခဲတ်ခုအလား အေးစက်လာတတ်ပါတယ်။
လ၀က်ခန့်ကြာပြီးနောက်မှာ သူ့ရဲ့ အခြေအနေဟာ ပိုပိုပြီး ဆိုးရွားလာပါတယ်။ သူ့ရဲ့ ထက်မြက်စူးရှလှတဲ့ မျက်လုံးရွဲကြီးတွေဟာ လုံး၀ကို ပျောက်ကွယ်သွားခဲ့ပြီး ကြည့်ရတာ အချိန်မရွေးသေဆုံးသွားကြတော့မဲ့ အနေအထားအတိုင်းပါပဲ။
ဒါ့အပြင် သန်းခေါင်ယံအချိန်ရောက်လာတိုင်း ရှီဟောင်ရဲ့ အရိုးတွေဟာ တကျွီကျွိ အသံတွေမြည်လာပြီး အရွယ်အစားတွေ သေးကုန်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကပါ ဝိညာဉ်အနှစ်သာရ တွေကို ဆုံးရှုံးသွားတာကြောင့် သည်လိုမျိုး ပြင်းပြင်းထန်ထန် ဒဏ်ရာဖြစ်သွားတာပါပဲ။
ရှီဟောင်ဟာ ရှစ်လကိုးလသားအရွယ်လေးသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သူ့ရဲ့ အရေးကြီးတဲ့ ဒဏ်ရာတွေကြောင့် မူလရှိရင်းစွဲထက် လပေါင်းများစွာ ငယ်နေသေးတဲ့ ကလေးလေးလို ဖြစ်သွားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားက တစ်နေ့တခြား ပ်ိုပိုဆိုးရွားလာပါတယ်။
“မင်းလား.. ငါ့ရဲ့ စတုတ္ထဘိုးဘိုး ရှိလား..”
ရှီဟောင်ဟာ အိပ့်ယာပေါ်ကနေ ချည့်ချည့်နဲ့နဲ့ မေးလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ ဖြူ ဖျော့နေကြပြီး ခံစားချက်တို့ ကင်းမဲ့နေပါတယ်။
သူ့ရဲ့ အသက်စွမ်းအားတွေဟာ ဆက်လက်ပြီး ခြောက်ခန်းလို့နေပါတယ်။ ရှီဟောင်ရဲ့ ကိုယ်တွင်းက အသွေးအသွားနဲ့ အရိုးတွေဟာ နောက်ဆုံးမှာ ဖြစ်တည်မှုအသက်စွမ်းအားတွေ ကုန်ဆုံးသွားတာနဲ့ သူ့ရဲ့ ဝိညာဉ်ပါ ချုပ်ငြိမ်းသွားရပါလိမ့်မယ်။ သူဟာ လသားအရွယ်ကလေးတစ်ယောက်ဖြစ်တာကြောင့်လည်း အသိဥာဏ်ပညာကောင်းမွန်စွာ ဖြစ်တည်လာခြင်းမရှိသေးတာကြောင့် ဆိုးရွားတဲ့ဒုက္ခကို ကြုံ လိုက်ရချိန်မှာတော့ သူ့အနားက လူတွေအားလုံးကို မှတ်မိနိုင်ဖို့ ခက်ခဲသထက် ခက်ခဲလာပါတယ်။
လူတော်တော်များများကလည်း ပြင်းထန်တဲ့ဝေဒနာတွေ ခံစားနေရတဲ့ သူ့အတွက် သူ အဆက်မပြတ်အိပ့်စက်နေမှာကိုပဲ လိုလားကြပါတော့တယ်။
” ဘာလိုဖြစ်ပြီး ငါ့အနားက လူတွေကို ငါ မေ့သွားရတာလဲ..။ ဒါဟာ ပိုပိုပြီး ဇဝေဇဝါဖြစ်လာစေတာပဲ..။”
ရှီဟောင်ဟာ သူ့ရဲ့ မှတ်ဥာဏ်တွေကို တတ်နိုင်သလောက် မှတ်မိနိုင်ဖို့ အကောင်းဆုံးကြို းစားခဲ့ပေမဲ့ သူ့မျက်လုံးတွေက ပိုပိုပြီး မိန်းမောတွေဝေလာခဲ့ပါတယ်။
သူဟာ အရင်တုန်းက သွက်သွက်လက်လက်နဲ့ ဥာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ တစ်ခုခုကိုတောင် မှတ်ရခက်ခဲလာပါတယ်။ ဒါဟာ အစေခံကလေးတွေကို ညိုးငယ်စေပြီး သူတို့ကလည်း ရှီဟောင်အနားမှာ နေဖို့ အခက်အခဲဖြစ်လာပါတယ်။
ရက်ပေါင်းများစွာကြာလာချိန်မှာ သူဟာ တက်ကြွမှုတွေ လုံး၀ကို ဆိတ်သုန်းသွားခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးထဲက ကြယ်ပွင့်တွေအလား တောက်ပမှုတွေကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ သူဟာ အိပ်ယာဘေးမှာ ရပ်ကြည့်နေတဲ့ ကလေးမလေးတစ်ယောက်ကို စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်ပါတယ်။
” အစ်မက ဘယ်သူလဲ..။”
အဆိုပါ ကလေးမလေးဟာ သူမရဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းလေး သုပ်ပစ်လိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။
” သခင်လေး.. ကျွန်မကိုတောင် မမှတ်မိတော့ဘူးလား.. ကျွန်မက သခင်လေး ခေါ်နေကျ အစ်မမိန်လေ..။”
” အစ်မ မိန် .. , သိသလိုလိုတော့ ရှိတော့တယ်.. ဒါပေမဲ့ ဘာမှ မမှတ်မိတော့ဘူး..။”
ရှီဟောင်ကလည်း သူ့ရဲ့ မှတ်ဥာဏ်တွေ ပြန်လည်နိုးထလာစေဖို့ အကောင်းဆုံးကြိုးစားလိုက်ပါတယ်။ သူက အတိတ်မှာ နေထိုင်ခဲ့ရတဲ့ လူနေမှုဘဝြဖစ်စဉ်အလုံးစုံကို ဆုံးရှုံးသွားခဲ့ပြီး သူ့ရဲ့ မျက်လုံးရွဲကြီးတွေကလည်း မျက်နှာကြက်ကို ခံစားချက်မဲ့စွာ ငေးကြည့်နေပါတယ်။
အဆိုပါ အစ်မမိန် ဆိုတဲ့ ကလေးမလေးကလည်း အသည်းအသန် ငိုကြွေးလိုက်ပါတယ်။ သူ့မရဲ့ င်ိုကြွေးသံကို တခြားသူတွေကြားသွားမှာစိုးရိမ်တာကြောင့် သူမရဲ့ ပါးစပ်ကို လက်ဝါးလေးနဲ့ အုပ်ထားလိုက်ပါတယ်။ သူမဟာ ရှီဟောင်ကို ငေးကြည့်လိုက်ပြီး တစ်ခွန်းချင်းပြောလိုက်ပါတယ်။
” စတုတ္ထအကြီးအကဲပြောတာကို ကျွန်မကြားလိုက်တယ်..။ သခင်လေးက သဘာ၀စွမ်းအား အပြင် ထွတ်မြတ်ခြင်းအဆင့် အရိုးစာသားတွေနဲ့ မွေးလာတာတဲ့..ဒါကြောင့် သခင်လေးကို ဘယ်သူမှ မယှဉ်နိုင်ပေမဲ့ အခုလိုဖြစ်သွားတဲ့ ထိခိုက်သွားရပြီ..။”
” ငါက သဘာ၀ စွမ်းအားပိုင်ရှင်လား..။”
ရှီဟောင်က မေးလိုက်ပါတယ်။
” အမှန်ပဲ.. သခင်လေးက သဘာ၀စွမ်းအားပိုင်ရှင်ပဲ.. ထွတ်မြတ်ခြင်းအဆင့်အရိုးစာသားတွေနဲ့ မွေးလာတာကြောင့် သခင်လေးက အများကြီးကို အစွမ်းထက်လာဦးမှာလေ..။”
အစေခံကလေးမလေးက င်ိုကြွေးလိုက်ပြန်ပါတယ်။
” ငါက သဘာ၀စွမ်းအားတွေ ပိုင်ဆိုင်ထားတာကြောင့် ပိုအစွမ်းထက်လာဦးမယ်ပေါ့..။”
ရှီဟောင်က ဖျော့တော့တော့လေး ပြောဆိုလိုက်ပါတယ်။
” ယ .. ငါ မှတ်မိပြီ.. နင်က အစ်မမိန် မလား .. နင် .. ငါ့ကို ပုံပြင်တွေအများကြီးကို ပြောပြတယ်လေ.. နောက်ပြီး ကြက်သွေးရောင်ကြိုးကြာငှက်တွေကို ခေါ်သွားမှာ မဟုတ်လား.. နင်က တကယ့်ကို ကောင်းတဲ့ တစ်ယောက်ပဲ..။”
ရှီဟောင်ဟာ ရုတ်တရက်ဆိုသလိုပဲ ကောင်မလေးကို မှတ်မိသွားတာကြောင့် ပြောလိုက်ပါတယ်။
” အမ် .. သခင်လေး နင် မှတ်မိလာပြီလား.. နင် က သဘာ၀စွမ်းအားတွေနဲ့ မွေးဖွားလာပဲလေ.. အစ်မ မိန် ဆိုတဲ့ ငါ့ကိုသာ မေ့မသွားပါနဲ့.. အရာအားလုံး ပိုကောင်းလာမှာပါ..”
ကလေးမလေးဟာ င်ိုကြွေးလိုက်ပြန်ပါတယ်။
” အမ်..”
ရှီဟောင်ဟာ သူ့ရဲ့ ခေါင်းကို ခပ်လေးလေးညိတ်ပြလိုက်ပြီး ပြောလိုက်ပါတယ်။
” တခြားအရာတွေကတော့ မေ့တဲ့ဟာတွေ မေ့ကုန်ပြီ.. အခုက အမှတ်တရတွေ အများကြီးရှိနေလို့ ပြန်မှတ်မိသွားတာနေမယ်.. ဒါနဲ့ တခြားသူတွေလည်း လာတာ မတွေ့ပါလား..”
” တခြားအစေခံကလေးတွေ မလာကြတော့ပါဘူး.. သခင်လေး..။ သူတို့ကို သခင်လေး ရှီဘိုင်က နောက်လိုက်လုပ်ဖို့ ခေါ်သွားပါပြီ..။”
ကလေးမလေးဟာ ခက်ခက်ခဲခဲ ပြုံးပြလိုက်ရပါတယ်။
ရှီဟောင် အ်ိပ်ယာထဲလဲသွားချိန်ကစပြီး ကလန်အတွင်းက အစေခံကလေးတွေဟာ တစ်ယောက်ပြီး တစ်ယောက်လျှော့နည်းသွားခဲ့ပါတယ်။ ပြောရရင် ကျောထောက်နောက်ခံကောင်းမရှိတော့တဲ့ ရှီဟောင်ဘေးကနေ တခြားရှီသခင်လေးတွေဆီကို ပြောင်းလဲရောက်ရှိသွားငြတာပါ။
ရှီဟောင်က မဲ့ရွဲ့သွားပါတယ်။ သူက အားနည်းတဲ့ သူတစ်ယောက်အဖြစ် ကြီးပြင်းလာရမှာလား။ ဝေးပါသေးတယ်။ သူက သဘာ၀စွမ်းအားအပြင် ထွတ်မြတ်ခြင်းအဆင့်အရိုးစာသားတွေနဲ့ မွေးလာတာလေ.။ အခုအဖြစ်အပျင်က အခိုက်အတန့်ပါပဲ။ သူ နောက်တစ်ကြိမ်ထပ်ပြီး ကြိုးစားလိုက်တာနဲ့ အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက်ဖြစ်မလာဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ..။
ကလန်ကြီးအတွင်းက လူတွေဟာ ဖြစ်တည်မှုတွေထက် အကျိုးအမြတ်ကို ပိုပြီးကြည့်ကြပါတယ်။ သူတို့ အပေါ်ယံရေပေါ်ဆီအလွှာလို စိတ်ထားတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ သူတို့က ရှီဟောင်ရဲ့ ပကတိအခြေအနေကို လုံး၀နားမလည်တာကြောင့်လည်း အစေခံကလေးတွေဟာ တစ်ယောက်ပြီး တစ်ယောက် လျှော့နည်းလာကာ နောက်ဆုံးမှာ သူဟာ ပိုပြီး တသီးတသန့် ဆန်သွားပါတယ်။
ရှီဟောင်ဟာ ကျန်းမာရေးချို့ယွင်းသွားတဲ့ သခင်လေးတစ်ယောက်ဖြစ်သွားချိန်မှာတော့ သူ့ရဲ့ကလန်အတွင်းက အရေးပါမှုဟာ ကျဆင်းသွားခဲ့ပါတယ်။ သူ့ကို စတုတ္ထအကြီးအကဲနဲ့ အစ်မမိန် က လွဲရင် ဘယ်သူကမှ အသိအမှတ်မပြုတော့ပါဘူး။
” သခင်လေး နင် မှတ်ထားရမှာက နင့်မှာ သဘာ၀စွမ်းအားတွေရှိတယ်.. နင့်ရဲ့ အစေခံဖြစ်တဲ့ အစ်မ မိန် ဆိုတဲ့ ငါ့ကိုလည်း မေ့မသွားနဲ့..။”
အစေခံမလေးဟာ နီရဲရောင်ရမ်းနေတဲ့ မျက်လုံးတွေကို ပွန်သပ်လိုက်ပါတယ်။
ဒါပေမဲ့ ရှီဟောင်ဟာ စကားပြောလိုစိတ်မရှိဟန်နဲ့ သူ့ရဲ့ ပါးစပ်က နည်းနည်းလေးတောင် ပွင့်မလာခဲ့ပါဘူး။
တစ်လကြာပြီးနောက်မှာတော့ ရှီကျိလောင် ပြန်လာခဲ့ပါတယ်။ သူဟာ အကြီးအကဲ ဆယ့်သုံးကို ရှာမတွေ့ခဲ့ပါဘူး။ သူဟာ စံအိမ်တော်ကြီးထဲကို ၀င်ရောက်လာလာခြင်းမှာပဲ စိတ်ထဲကနေ ထူးဆန်းတဲ့ ခံစားချက်တွေဖြစ်ပေါ်လာပြီး တစ်ခုခု မှားနေတာကို ချက်ချင်းပဲ ခံစားလိုက်ရပါတယ်။
” ဟောင်အယ် .. ဘယ်မှာလဲ..”
သူဟာ ပြင်းထန်စွာ အော်ဟစ်လိုက်ပါတယ်။
ရှီဟောင်ဟာ လူငယ်စုံတွဲကို မြင်လိုက်ရချိန်မှာ သူ့ရဲ့ မျက်လုံးတွေဟာ အံ့အားသင့်သွားခဲ့ပါတယ်။ သူက ကိုးလ ဆယ်လအရွယ် ကလေးတစ်ယောက်ဖြစ်ပေမယ့် အားနည်းသထက်နည်းလာပါတယ်။ သူ့ရဲ့ မျက်လုံးတွေကလည်း အရောင်တွေ ထွက်မနေတော့ပါဘူး။ တစ်ချိန်တုန်းက လျှင်မြန်လှတဲ့ အာရုံခံနိုင်စွမ်းနဲ့ ဝိညာဉ်အလင်းစွမ်းအားတွေဆိုတာ အရိပ်လို ကျန်နေခဲ့ပါပြီ။
ရှီဟောင်ဟာ အားမရှိပေမယ့်လည်း သူ့ဆီကို တရွေ့ရွေ့တ်ိုးကပ်လာကြတဲ့ ချောမောလှပကြတဲ့ လူငယ်စုံတွဲကြောင့် သူ့ရဲ့လက်ချောင်းလေးတွေဆီကနေတဆင့် ချစ်ခြင်းမေတ္တာတရားရဲ့ နွေးထွေးမှုကို ခံစားလိုက်ရပါတယ်။ သေချာတာပေါ့။ သူဟာ အမေနဲ့ အဖေတို့ရဲ့ ပွေ့ဖက်မှုကို ခံယူချင်လှပါပြီ။
” ဟောင်အယ် .. ဟောင်အယ်..”
ရှီကျိလောင် က ခေါ်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ ချစ်ခြင်းမေတ္တာတွေဖြာကျလာပါတယ်။ သူတို့ လင်မယားနှစ်ယောက်ဟာ အဖေပျောက်နေသလို သူတို့ရဲ့ ကလေးကလည်း နှောက်ယှက်ခံထားရတာလား။ ဒါက သူတို့ကို ရူးသွပ်သွားမတတ် နာကျင်စေပါတယ်။
” ကျွန်မသားလေး .. ဘာဖြစ်သွားတာလဲ..”
ရှီဟောင်ရဲ့ အမေဟာ အော်ဟစ်လို့ မေးမြန်းလိုက်ပါတယ်။ သူမဟာ ချက်ချင်းပဲ သူ့ကို ရင်ခွင်ထဲထည့်လိုက်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပါတယ်။
” ကျိလောင် .. မင်းတို့ လင်မယားကို ငါ မျက်နှာမဝံ့တော့ပါဘူး.. ငါ ဟောင်အယ်ကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး.. ငါ တခြားသူတွေ ဖိအားပေးတာကို ခံရပြီး သူ့ကို မကယ်နိုင်ခဲ့ဘူး… မင်းက ဒီလူအိုကြီး ကို အပြစ်ပေးနိုင်ပါတယ်..။”
ရွှေခြင်္သေလို စတုတ္ထအကြီးအကဲဟာ မချိတင်ကဲ ပြောဆိုလိုက်ပါတယ်။
” ဘာတွေ ဖြစ်ပျက်သွားတာလဲ..။”
ရှီကျိလောင်ဟာ အမှန်တရားတွေကို သိသွားချိန်မှာ ရူးသွပ်သွားမတတ်ပါပဲ။ သူ့ရဲ့ ခေါင်းပေါ်က ဆံပင်တွေတောင် ထောင်ထသွားပါတယ်။ သူ့ရဲ့ လက်ထဲက စွမ်းအားသင်္ကေတတွေ လှည့်ပတ်နေတဲ့ ရွှေလှံတံဟာ သတ်ဖြတ်လိုတဲ့ စိတ်ဝိညာဉ် နိုးထလာခဲ့ပါတယ်။ သူဟာ ရှီရီတို့ရဲ့ စံအိမ်တော်အထိ ဦးတည်သွားလိုက်ပြီ း တိုက်ပွဲဆာလောင်စိတ်ကို ထုတ်ဖော်တဲ့အနေနဲ့ ရွှေလှံတံကို ဆောင့်ချလိုက်ပါတယ်။
” ဆယ်တစ်ယောက်မြောက်အကြီးအကဲ.. ငြိမ်လှချည်လား.. ခင်ဗျားဆီက ဖြေရှင်းချက်တဝ်ခုခုများ ရှိမနေဘူးလား.. ခင်ဗျားတို့တွေ ကျုပ်တို့ကို အကောင်းဆုံး ရှင်းလင်းချက်ပေးဖို့ လိုအပ်နေပြီ..။”
ကလန်အတွင်းက လူတွေကလည်း အုန်းအုန်းကျက်ကျက်အသံတွေကို ကြားလိုက်ရတာကြောင့် အပြေးအလွှားကို လျှင်မြန်စွာ ရောက်ရှိလာကြပါတယ်။
ဆယ်တစ်ယောက်မြောက်အကြီးအကဲဆိုတာ အဆင့်ဆယ့်တစ်ဖြစ်နေတာကို ပြောတာမဟုတ်ပါဘူး။ ကလန်အတွင်းထဲမှာ ဆယ်တစ်ယောက်မြောက် သြဇာအာဏာအရှိဆုံးဖြစ်လို့ ဆယ်တစ်ယောက်မြောက်အကြီးအကဲလို့ ခေါ်တာပါ။ သူဟာ အရမ်းကို အစွမ်းထက်လှပြီး ကလန်ကြီးအတွင်းထဲမှာမှ သူဟာ အဆင့်တစ်ခုကို ထူထောင်တည်ဆောက်ထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။
” သွားကြစမ်း..။”
ရှီကျိလောင်ရဲ့ မျက်လုံးတွေက အခိုးအငွေ့တွေ လျှံတက်လာပါတယ်။ သူ့ရဲ့ လက်ထဲက ရွှေလှံတံဟာ စွမ်းအားသင်္ကေတွေ ဖုံးလွှမ်းလာပြီး မိုးကောင်းကင်ကို ဖျက်စီးပစ်တော့မဲ့အလား လှုပ်ရှားသွားခဲ့ပါတယ်။
” ဟူးလား..”
ကြောက်မက်ဖွယ်ရာအလင်းတန်းတွေဟာ လူအုပ်ကြီးဆီကို လျှင်မြန်စွာပဲ ပြေးထွက်သွားပါတယ်။ လူအုပ်ကြီးထဲက ဘယ်သူမှ ရွှေလှံတံရဲ့ ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေကို မတားဆီးနိုင်ကြပဲ လူတော်တော်များများကို ထိုးဖောက်သွားကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံတွေနဲ့ ပေါက်ကွဲထွက်သွားကြပါတယ်။
စစ်ပွဲကြီးထဲက နတ်ဘုရားတစ်ပါးလို ရှီကျိလောင်ရဲ့ လက်ထဲက ရွှေလှံတံကြီးက ကြောက်မက်ဖွယ်ရာကောင်းနေပြီး သူ့အရှေ့က အရာရာတိုင်းကို ထိုးဖောက်ဖျက်စီးပစ်တော့မဲ့အလား ထင်မှတ်ရပါတယ်။ သူ့ရဲ့ မျက်လုံးတွေက မီးလျှံတွေအလား တောက်လောင်နေပေမဲ့ အသံကတော့ မယုံကြည်နိုင်လောက်အောင် အေးချမ်းလို့နေပါတယ်။
” ငါသွားမဲ့ လမ်းကို ဘယ်သူပိတ်ထားရဲလဲ.. ငါ့ကိစ္စနဲ့ ငါ လာတာ.. မဆိုင်တဲ့သူတွေ ဝေးဝေးမှာနေ .. မဟုတ်ရင် အကုန်လုံးကို ငါသတ်ပစ်မယ်…”
” ဆယ်တစ်ယောက်မြောက်အကြီးအကဲ ..ကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ခွင့်မပေးနိုင်ဘူး..”
လူငယ်လေးတစ်ယောက်ဟာ လမ်းပိတ်ဆို့ထားရင်း ပြောဆိုလိုက်ပါတယ်။
“Impulse? Hahaha … ”
” စိတ်အနှောက်အယှက်ဖြစ်မယ်.. ဟုတ်လား .. ဟား…။”
ရှီကျိလောင်ဟာ ရယ်စရာဟာသတစ်ပုဒ်ကို ကြားလိုရသလို ရယ်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကလည်း ရေခဲတွေအလား အေးစက်လာပါတယ်။
” မင်းက ရှီရီရဲ့ ဦးလေးအရင်းမလား .. ငါ့မိသားစု၀င်တစ်ယောက်ကို နာကျင်စေတဲ့ တာ၀န်ရှိသူတစ်ယောက်ကို ငါလာတာ.. ထွက်သွားစမ်း..။”
ရှီကျိလောင်ဟာ သူ့လက်ထဲက ရွှေလှံတံနဲ့ ချက်ချင်ပဲ ထိုးချလိုက်ပါတယ်။ ရွှေလှံတံဟာ မရေမတွက်နိုင်တဲ့ စွမ်းအားသင်္ကေတတွေ ဖုံးလွှမ်းလာပြီး မယုံကြည်နိုင်လောက်အောင် သိပ်သည်းတဲ့ နတ်ဘုရားအလင်းတန်းတွေ ပေါ်ထွက်လာပါတယ်။ သူတို့ဟာ လေထုကို ဖြတ်သန်းပြီး လူငယ်လေးဆီကို အရှိန်အဟုန်ပြင်းပြင်း ၀င်ရောက်သွားကြပါတယ်။
ဟူး ….
လူငယ်လေးလည်း သူ့ဆီကို ၀င်ရောက်လာတဲ့ လှံအလင်းတန်းတွေကို ခုခံလိုက်ပေမဲ့ သူထင်ထားသလိုတော့ မရိုးရှင်းခဲ့ပါဘူး။ သူ့ရဲ့ လက်ထဲက အဖိုးတန်ရှေးဟောင်းပစ္စည်းကလည်း ပဲ့ထွက်သွားပြီး လှံတံအလင်းတန်းကလည်း အဝေးကြီးကို ရောက်သွားပါတယ်။ ပြီးတော့ စံအိမ်တံခါး၀ကိုတောင် ထိုးဖောက်သွားပါတယ်။ လူငယ်လေးဟာ ချက်ချင်းပဲ ပါးစပ်ထဲကနေ သွေးတစ်လုပ်အန်ထုတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ကြားက စွမ်းအားကွာခြားချက်က လူငယ်လေးကို အင်္ကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပါတယ်။
*****