သုခကမ္ဘာက ရှီဟောင် - Chapter - 86 အခြေအနေကို စုံစမ်းခြင်း
Chapter – 86 အခြေအနေကို စုံစမ်းခြင်း
လက်ရှိကျောက်ခေတ်ရွာတည်ရှိရာအရပ်ဟာ တကယ့်ကို အရင်းအမြစ်တွေ ပေါများကြွယ်ဝြကပါတယ်။ နဂါးပါးသိုင်းမွှေးရွှေငါးတွေအပြင် ရွာသားတွေဟာ နဂါးရွတ်မြွေကိုလည်း ရှာဖွေတွေ့ရှိသွားကြပါတယ်။ နဂါးရွတ်မြွေဟာ မြွေဆိုးဖြစ်ပေမဲ့လည်း သူ့ကို စားသောက်တဲ့အခါမှာတော့ ရွာသားတွေဟာ စွမ်းအားဆိုင်ရာမှာ သိသိသာသာတိုးတက်မှုတွေ ရှိလာကြပါတယ်။ ပြီးတော့ နဂါးရွတ်မြွေဟာ အရမ်းအရမ်းကို အဖိုးတန်တဲ့ ဆေးဝါးတွေကိုလည်း ဖော်စပ်အသုံးပြုနိုင်ပါသေးတယ်။
မဟုတ်ရင်တော့ ကလေးအုပ်စုဟာ အရွယ်ရောက်လာရင် မယုံကြည်နိုင်လောက်အောင် အကျိုးကျေးဇူးတွေ ရခဲ့ကြတာကြောင့် လျှင်မြန်စွာပဲ ကြီးပြင်းလာကြမှာပါ။ သူတို့တွေဟာ သူတို့ရဲ့ စွမ်းအားတွေကို ထုတ်ယူသုံးစွဲရာမှာ အထိအခိုက်မခံဖို့တော့ လိုအပ်ပါတယ်။
အချိန်တွေဟာ တရွေ့ရွေ့နဲ့ ကျော်ဖြတ်သွားကြပြီး မြန်မြန်ဆန်ဆန်ကိုပဲ တစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပါတယ်။ ရှီဟောင်ဟာ သူ့ရဲ့ မိဘတွေနဲ့ ခွဲခွာခဲ့ရစဉ်အချိန်တွေကိုပါ ပြန်လည်ရေတွက်ကြည့်လိုက်ရင်တော့ အသက်ငါးနှစ်မဟုတ်ပဲ ခြောက်နှစ်နီးပါးရှိနေပြီပဲ ဖြစ်ပါတယ်။
” ကျွန်တော့်အသက် အခုဆိုရင် ခြောက်နှစ်နီးပါးဖြစ်လာပြီ…။ အလေးချိန် ဂျင်သုံးသောင်းရှိတဲ့ ကျောက်တုံးကြီးကိုလည်း ချီမနေနိုင်ပြီ..။ မိုးမခနတ်ဘုရား…။ ခင်ဗျား ဘယ်တော့မှ နိုးထလာမှာလဲ..။”
ရှီဟောင်ဟာ မိုးမခသစ်ပင်အိုကြီးရှေ့မှာ ရပ်ပြီး တည်ကြည်လေးနက်စွာပြောဆိုလိုက်ပါတယ်။ သူဟာ တဖြည်းဖြည်းကြီးပြင်းလာပြီဖြစ်တာကြောင့် သူ့ရဲ့ မျက်လုံးရွဲကြီးတွေဟာ သောက်ရှူ းကြယ်အလား လင်းလက်လို့နေပါတယ်။ သူဟာ ပိုပြီး ကြီးပြင်းလာတာနဲ့အမျှ ပိုပိုပြီးတော့တောင် ချောမောခန့်ငြားလာပါတယ်။
ဂျူ း …။ ဂျု း … ။
ကောင်းကင်လေဟာပြင်ထဲမှာ ငှက်အော်သံကြီးတွေ ပေါ်ထွက်လာပါတယ်။ ဇီယန်၊ ရှောင်းရောင် နဲ့ အားဖုန်တို့ဟာ အရမ်းကို မြန်ဆန်စွာကြီးပြင်းလာကြပါတယ်။ သူတို့တွေဟာ အခုဆိုရင် လေးမီတာလောက်အထိကို ရှည်လျှားလို့နေပါပြီ။ ဒါပေမဲ့ သူတို့ဟာ ကောင်းကင်လေပြင်ထဲမှာ တောင်ပံတွေဖြန့်ပြီး ဝဲပျံနိုင်ကြသလို အရမ်းကို မြန်ဆန်စွာလည်း တိမ်တိုက်တွေကြားမှာ ချိုးကွေ့နေနိုင်ပါပြီ။
” ငါ .. မင်းတို့တွေနဲ့အတူ ကပ်ဘေးဖြစ်ခဲ့တဲ့နေရာကို လေ့လာဖို့ အကူအညီလိုတယ်..။ အပေါ်ကို လိုက်လာခဲ့..။”
ရှီဟောင်ဟာ သူ့ရဲ့ တစ်ကိုယ်လုံးကို စွမ်းအားတွေအဆက်မပြတ်လှည့်ပတ်လိုက်ပြီး ကောင်းကင်လေဟာပြင်ထဲကို ခုန်တက်လိုက်ပါတယ်။ ပြီးတော့ မြေပြင်မှာလိုပဲ ဇီယန်ရဲ့ ကျောပေါ်ကို အသာအယာကျရောက်လို့သွားခဲ့ပါတယ်။
Wu …
ကြမ်းတမ်းတဲ့ လေအဟုန်တွေပေါ်ထွက်လာပြီး မျက်စိတမှိတ်လျှပ်တပြက်အတွင်းမှာပဲ သူတို့တွေဟာ မြေပြင်နဲ့ အရမ်းကိုဝေးကွာသွားခဲ့ပြီး မိုးကုတ်စက်ဝိုင်းနောက်မှာ တိုး၀င်ပျောက်ကွယ်သွားပါတယ်။
တောင်တန်းဒေသဟာ ချိုင့်ဝှမ်းတွေပြိုကျခဲ့သလို မြေကြီးဟာ အက်ကွဲခဲ့ပြီး တောင်တွေ ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း တောင်တန်းဒေသဟာ မယုံကြည်နိုင်လောင်အောင် ငြိမ်သက်နေပြီး လေထုတစ်ခုလုံးတောင် တိတ်ဆိတ်လို့နေပါတယ်။
” ဒီတစ်ခါတော့ ငါတို့ အနောက်ဘက်ကို သွားမယ်..။ ငါတို့သွားရမဲ့ နေရာကို ပြောင်းပစ်သင့်နေပြီလေ..။”
ရှီဟောင်တို့ဟာ ကပ်ဘေးကြီးဖြစ်ခဲ့ရာနေရာကို ၀င်ရောက်လာပြီးနောက်မှာ အနောက်ဘက်အရပ်က ပြိုကျနေတဲ့တောင်တန်းတွေဘက်ကို ညွန်ပြလိုက်ပါတယ်။
သူတို့ရဲ့ လျှင်မြန်လှတဲ့ အမြန်နှုန်းကြောင့် တဟူးဟူးလေတိုးသံတွေ ထွက်ပေါ်နေပါတယ်။ မကြာခင်မှာပဲ သူတို့ဟာ ပြိုကျပျက်စီးနေတဲ့ တောင်တန်းကို ရောက်ရှိလာခဲ့ပါတယ်။ သူတို့ဟာ ဂရုတစိုက်ပဲ ကပ်ဘေးဖြစ်ခဲ့ရာအကြွင်းအကျန်တွေကို ကြည့်ရှုလိုက်ကြပါတယ်။
ဂျူ …။ ဂျူ …
ရှောင်းရောင်ဟာ အော်ဟစ်လိုက်ပြီး မြေပြင်က ချိုင့်ဝှမ်းထဲကို တဟုန်ထိုးဆင်းသွားခဲ့ပါတယ်။ သူဟာ ရှန်းနီမှော်သားရဲကြီးရဲ့ အသားကိုစားပြီးနောက်မှာ ရှေးဟောင်းသွေးမျိုးဆက်က နိုးထလာပြီဖြစ်တာကြောင့် နတ်မိစ္ဆာငှက်အလား အသွင်ပြောင်းလို့လာခဲ့ပါတယ်။
” ယီ…။ ဒါက ချိုင့်ဝှမ်းမဟုတ်ဘူးဟ..။ ကြီးမားလွန်းတဲ့ ရေကန်ကြီးတစ်ကန်ပဲ..။ ကပ်ဘေးကြီးကျရောက်လာတုန်းက ရေခန်းသွားတာနေမယ်..။ ”
ရှီဟောင်ဟာ အံ့သြသွားခဲ့ပါတယ်။
ရုတ်တရက်ဆိုသလို ဇီယန်ဟာ အော်ဟစ်လိုက်ပြီး အောက်မှာ ရှိနေတဲ့ အရာတစ်ခုကို ညွန်ပြလိုက်ပါတယ်။
အာ့ဒါက ရွှေရောင်အလင်းတန်းတွေ မှိန်ဖျော့ဖျော့လေး စီးဆင်းနေပြီး အတော်လေးလှမ်းနေသေးတာကြောင့် ရေကန်ကြီးထဲကို ဆင်းလိုက်ကြပါတယ်။
” လခွမ်း…။ ဘာသတ္တဝါကြီးလဲဟ..။”
ရှီဟောင်ဟာ အံ့အားသင့်ဆွံ့အသွားပါတယ်။
ခြောက်ခန်းနေတဲ့ ရေကန်ကြီးရဲ့ အောက်ခြေမှာ ရှိနေတာက အမျိုးအမည်မသိသေးတဲ့ သတ္တဝါကြီးတစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့တကိုယ်လုံးဟာ မြေကြီးတွေ ဖုံးအုပ်နေတာကြောင့် မလှုပ်နိုင်အောင် ရှိနေပါတယ်။ ဒါက သူ့ကို နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မြေကြီးတွေနဲ့ အဖုံးခံထားရသလိုပါပဲ။ သူ့ရဲ့ ရွှေရောင်တောက်ပနေတဲ့ မျက်လုံးတွေကြောင့်သာ မဟုတ်ရင် သူ့ကို သေဆုံးသွားပြီလို့ ထင်မှတ်ရပါလိမ့်မယ်။
” ယ..။ ခြေထောင်ရှည်တဲ့ မျောက်တစ်ကောင်ပါလား..။ ဒါဆို…။ ဘာဖြစ်လို့ ခေါင်းသုံးလုံး လက်ခြောက်ဘက် ရှိနေရတာလဲ..။”
ရှီဟောင်ရဲ့ အံ့သြမှုတွေဟာ အဆင်မပြတ်တော့ပါဘူး..။
သူ့ရဲ့ တကိုယ်လုံးဟာ မြေကြီးတွေ ဖုံးအုပ်နေပြီး သူ့ရဲ့ ခြေထောက်ဟာ ရှည်လျားလှသလို ခေါင်းသုံးလုံး လက်ခြောက်ဘက်ရှိနေပါတယ်။ ဒါဟာ မျောက်နဲ့တူပေမယ့်လည်း တစ်ချိန်တည်းမှာပဲ မတူတော့ပြန်ပါဘူး။ ဒီသတ္တဝါကြီးဟာ ဘယ်ကနေ ရောက်လာတာလဲ။ ရှီဟောင်ဟာ သံသယတွေ၀င်လာသလို စိုးရိမ်စိတ်တွေလည်း ဖြစ်လာပါတယ်။ လီ တသိန်းပတ်လည်အတွင်းမှာ ဘယ်သတ္တဝါတွေမှ အသက်ရှငါ ကျန်ရစ်တယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဘယ်လိုလုပ်ပြီး ဒီလောက်ထူးဆန်းတဲ့ သတ္တဝါဆန်ကြီးက အသက်ရှင် ကျန်ရစ်နေရတာလဲ။ ဒါဟာ သေချာပေါက် ရိုးရှင်းမှာတော့ မဟုတ်ပါဘူး.။
သည်ကြီးမားလွန်းတဲ့ရေကန်ကြီးကလည်း ရေတွေခန်းခြောက်နေပြီး အောက်ခြေမှာ ရွံ့တွေသာမက ကျောက်ဆောင်တွေပါ ရှိနေပါတယ်။ ဒီ သတ္တဝါကြီးရဲ့ ခြေထောက်တစ်ဖက်ဟာ ရွံ့အောက်မှာ မြုပ်နေပါတယ်။ ဒါဟာ မြေပြင်မှာ ပနက်ရိုက်ထားသလို ဆွဲထုတ်လို့ မရခဲ့ပါဘူး။
တစ်ယောက်ယောက်က တောင်တန်းဒေသကို ပျက်သုန်းစေနိုင်တဲ့ ကြီးမားလှတဲ့လက်နက်ကြီးကို သုံးခဲ့ရင် ပတ်၀န်းကျင်တစ်လျှောက်အပျက်အစီးတွေဟာ အခုလိုမျိုးပဲ အရမ်းကိုများပြားနေပါလိမ့်မယ်။ လူသားတွေဟာလည်း တောင်တန်းဒေသထဲက တောင်တန်းတွေလိုဖျက်စီးခံခဲ့ရပြီး တောင်တန်းတွေလိုတော့ အမှတ်အသားလေးတောင် မကျန်ရစ်တော့ပါဘူး။
သည်ကြီးမားလွန်းတဲ့ ရေအိုင်ကြီးကလည်း ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကြောင့် ရေတွေခမ်းခြောက်သွားခဲ့ပုံရပါတယ်။ ကောင်းကင်လေဟာပြင်ထဲမှာ ရှိနေတာတောင် ကြီးမားလှတဲ့ ရေကန်ကြီးရဲ့ တပြန်တပြောလှပြန်လှတာကို တွေရပါတယ်။
သားရဲငှက်သုံးကောင်နဲ့ ရှီဟောင်ဟာ တခါတရံမိုးတိမ်တိုက်တွေကြားထဲမှာ ပျံသန်းရင်း ရံဖန်ရံခါ ရေကန်ကြီးရဲ့ အောက်ခြေတဝိုက်ကို နီးကပ်တဲ့အထိ တိုးကပ်သွားတတ်ကြပါတယ်။ ရှီဟောင်ဟာ ဇီယန်ရဲ့ ကျောပေါ်မှာ ထိုင်ရင်း အောက်ကို ငုံ့ကြည့်နေပါတယ်။ ပြီးတော့ အစားအစာတွေ သိုလှောင်ထားတဲ့ အိတ်ထဲကနေ အစားအစာတစ်ချို့ကို အောက်ကို ပစ်ချလိုက်ပါတယ်။
အစာရေစာငတ်ပြတ်နေပုံရတဲ့ သတ္တဝါကြီးဟာ မျက်လုံးပင့်ကြည့်လိုက်ပါတယ်။ ဒီ့နောက်မှာတော့ သူ့ရဲ့ဘေးကို ကျလာတဲ့ အစားအစာတစ်ချို့ကို အနည်းငယ်ကိုက်စားလိုက်ပါတယ်။ ပြီးတော့ ကောင်းကင်လေဟာပြင်ကို မော့ကြည့်လိုက်ပြီး သူ့ရဲ့ခေါင်းကို ထောင်လိုက်ကာ ပိုပြီး လိုချင်သေးကြောင်း အမူအယာပြလိုက်ပါတယ်။
” ဒီသတ္တဝါကြီးက အန္တရာယ်မရှိလောက်ဘူး..။ ဒါပေမဲ့ သူက နည်းနည်းတော့ ထူးဆန်းနေတယ်..။ ဇီယန်.. ငါ .. သေချာကြည့်ရတာအဆင်ပြေအောင် အောက်ကို နည်းနည်းထပ်ဆင်းပေးဦး..။”
ရှီဟောင်က ပြောဆိုလိုက်ပါတယ်။
ဇီယန်ဟာ ခြောက်ခန်းနေတဲ့ရေကန်ကြီးထဲကို တဟုန်ထိုးဆင်းချလာပါတယ်။ ရှီဟောင်ရဲ့ လက်ထဲကနေ စွမ်းအားသင်္ကေတတွေကလည်း အရှိန်အဟုန်နဲ့ လှည့်ပတ်လာပါတယ်။ ပြီးတော့ သတ္တဝါကြီးအပေါ်ကို အလင်းတန်းတွေ မိုးရွာချသလို ပစ်ချလိုက်ပါတယ်။
ခြေတံရှည်ကြီးနဲ့ ခေါင်းသုံးလုံးလက်ခြောက်ဘက်မျောက်ကြီးဟာ သူ့ရဲ့မျက်လုံးကြီးတွေက ပြူ းကျယ်လာခဲ့ပါတယ်။ ပြောရရင် သူဟာ ဦးဏှောက်တွေ ပျက်သွားမတတ်ခံစားသွားရပုံပါပဲ။ မိုးရွာချသလို ကျဆင်းလာတဲ့ သူ့ကိုယ်ပေါ်က အလင်းတန်းတွေဟာ စကန်ဖတ်သလို အထက်အောက် တလက်လက်ကို တောက်ပလို့ လာပြီလေ။
ဒါက ရှီဟောင်က တစ်ဖက်သူရဲ့ အခြေအနေကို စုံစမ်းဖို့အတွက် အသုံးပြုရတဲ့ အရိုးစာသားနည်းစနစ်ဖြစ်ပါတယ်။
” အံ့သြစရာမဟုတ်ဘူးပဲ..။ သူ အပြင်းအထန်ဒဏ်ရာ ရထားတာကိုး..။”
ရှီဟောင်ဟာ ရေရွတ်လိုက်ပါတယ်။
” သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှုပ်ထွေးတဲ့ သင်္ကေတတွေ ဖုံးလွှမ်းနေတယ်..။ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို ပိတ်ဆို့ခံထားရတာလည်း ငါ သေသေချာချာ မြင်နေရပြီပဲ..။”
ရှီဟောင်ဟာ သူ့အတွက် အန္တရာယ်ရှိ မရှိ သေသေချာချာစစ်ဆေးပြီးတဲ့နောက်မှာတော့ မြေပြင်ပေါ်ကို ခုန်ဆင်းလိုက်ပါတယ်။ သားရဲငှက်သုံးကောင်ကလည်း စူးရှစွာအော်မြည်လှပြီး လေဟာပြင်ထဲမှာ ရှိလို့နေပါတယ်။ သူတို့ တကိုယ်လုံးဟာ စွမ်းအင်လှိုင်းတွေ တလက်လက်ဖြာထွက်လာပြီး တိုက်ခိုက်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားလိုက်ပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။
*****