သုခကမ္ဘာက ရှီဟောင် - Chapter - 95 အထွတ်အထိပ်သဘာ၀စွမ်းအားတစ်ခု မွေးဖွားလာခြင်း ( 3 )
Chapter – 95 အထွတ်အထိပ်သဘာ၀စွမ်းအားတစ်ခု မွေးဖွားလာခြင်း ( 3 )
လပေါင်းအတော်လေးကုန်ဆုံးသွားချိန်မှာ ရှီဟောင်ဟာ အတော်လေး အသက်အရွယ်ရလာသလို သူ့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကလည်း အရမ်းကိုကြီးမားလာပါတယ်။ မျက်စိတမှိတ်အတွင်းမှာကိုပဲ သူဟာ ရှစ်လ ကိုးလသား အရွယ်ဖြစ်လာတာပါ။ သူဟာ အချိန်အတော်ကြာ ယက်ကန်ယက်ကန်နဲ့ ပက်လက်အရွယ်လသားလေးဆိုပေမဲ့ အခုတော့ စကားစတင်ပြောဆိုလာတတ်ပါပြီ။ သူ့ရဲ့ မျက်လုံးတွေဟာ အာဟာရပြည့်၀မှုကြောင့် ရွှမ်းစိုနေပြီး အသားအရေကလည်း ကြွေရုပ်တစ်ခုလိုပါပဲ။ သူ့ကို မြင်သူတိုင်းက ထိန်းကျောင်းချောု့မြူ လိုကြပေမယ့်လည်း သူဟာ တကယ့်ဆတ်ဆတ်ထိမခံလေးဖြစ်ခဲ့ပါတယ်။
သည်အချိန်ကာလအပိုင်းအခြားအတောအတွင်းမှာတော့ ရှီရီတို့အမေက ရှီဟောင်ကို သေသေချာချာ စောင့်ကြည့်လေ့လာဖိူ့ အတွက်ခေါ်ယူသွားပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ နည်းလမ်းတွေကို ထင်သာမြင်သာ ရှိလှပါပေတယ်။ သူမက ရိုးရိုးလေးနဲ့ပဲ ရှီဟောင်ကို သူမရဲ့ စံအိမ်ဆီကို ခေါ်သွားပြီး ရှီရီနဲ့ အတူတူစောင့်ရှောက်ထားလိုက်ပါတယ်။
” ဒေါ်လေး…။ ကျွန်တော် ကြက်သွေးရောင်အမွေးရှိတဲ့ ကြိုးကြားငှက်တွေကို စောင့်ကြည့်ဖို့ ဥယျာဉ်ထဲ သွားချင်တယ်..။ အစ်မ မိန်ပြောတာ သူတို့က အတော်လေးကို လှပပြီး ကြီးတယ်တဲ့..။ သူတို့ရဲ့ တကိုယ်လုံးကလည်း နီမောင်းတဲ့ အရောင်တွေ ဖုံးလွှမ်းနေတယ်ဆိုပဲ..။ သူတို့အသံက နားထောင်ရတာ အတော်လေးကို သာယာနာပျော်ဖွယ်ရှိတာ နေမှာ..။”
လသားအရွယ်ကလေးလေးက သူ့ရဲ့ မျက်လုံးတွေကို ကလယ်ကလယ်လုပ်လိုက်ပြီး မျက်တောင်ရှည်တွေကို တဖျပ်ဖျပ်ခပ်လိုက်ပါတယ်။ သူ့ရဲ့အသံလေးဟာ တခြားလသားအရွယ်ကလေးတွေနဲ့ မတူပဲ ချစ်စရာကောင်းပြီး နူးညံ့နေပါတယ်။
သာမန်အားဖြင့်တော့ လသားအရွယ်ကလေးတစ်ယောက်အတွက် လမ်းလျှောက်ဖို့ နဲ့ စကားပြောဖို့က အတော်လေးကို ခက်ခဲလို့နေပြီး သူ့အတွက်တော့ ရိုးရှင်းလွန်းနေပုံပါပဲ။
” အစ်မမိန်လား…။ သူက ကျွန်မိသားစုက မိန်းကလေးတစ်ယောက်ပဲလေ..။ ဒေါ်လေးက မင်းကို ကြည့်ဖို့ ခေါ်သွားပေးမှာပါ..။ သူပြောတာတွေကို နားထောင်ပြီး ပေါက်ကရတွေ မုဖစ်စေနဲ့..။”
ရှီရီရဲ့ အမေက ပြောဆိုလိုက်ပါတယ်။
” အစ်မမိန် က အစ်မကောင်းတစ်ယောက်ပါ..။ သူ့က စိတ်ကောင်းနှလုံးကောင်းလည်း ရှိပါတယ်..။ နောက်ပြီး မကြာမကြာ ကျွန်တော့်ကို ပုံပြင်တွေ ပြောပြတယ်..။ ”
ရှီဟောင်ဟာ မျက်လုံးတွေ ကလယ်ကလယ်လုပ်လိုက်ပြီး စိတ်ရင်းအမှန်နဲ့ ပြောဆိုလိုက်ပါတယ်။
” ကောင်းပြီလေ..။ ညစာစားပြီးရင် ငါတို့ ကြက်သွေးရောင်အမွေးရှိတဲ့ ကြိုးကြာတွေကို သွားကြည့်ကြတာပေါ့..။ ပြီးရင် ငါးရောင်စပ် ဒေါင်းကို ကြည့်ဖို့ ခေါ်သွားပေးမယ်..။”
ရှီရီရဲ့ အမေက ပြုံးပြီးပြောလိုက်ပါတယ်။
” ဒေါ်လေး က အကောင်းဆုံးပါပဲ..။”
ရှင်္ီဟောင်ဟာ သူ့ ရဲ့ခေါင်းကို မော့ပြီး ပြောဆိုလိုက်ပါတယ်။ သူက လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး မျှော်လင့်ချက်တွေ စိတ်ဆန္ဒတွေကြောင့် မျက်လုံးရွဲကြီးတွေကလည်း သောက်ရှူ းကြယ်တွေအလား တောက်ပနေပါတယ်။
ဒီ့နောက်မှာ သူဟာ နောက်ကို လှည့်ပြီးပြောလိုက်ပါတယ်။
” အစ်ကို .. အိမ်နောက်မှာ သွားကစားရအောင်.. အဲ့မှာ ကလေးတော်တေ်ာများများ ရှိနေတယ်..။”
” ငါ.. မသွားဘူး..။”
ရှီရီက ငြင်းဆန်လိုက်ပြီး သူရဲ့မျက်လုံးတွေဟာ မြေပြင်ပေါ်သာ ပြန်ကြည့်နေလိုက်ပါတယ်။ သူဟာ အရမ်းကို ငယ်ရွယ်စဉ်အချိန်တည်းင အရိုးစာသားကို ကောင်းမွန်စွာ တိတ်တဆိတ် ပျိုးထောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ အရွယ်ရောက်သူ တစ်ယောက်လို တည်ငြိမ်နေပါတယ်။
” အယ်..။ ဒါဆိုလည်း ကျွန်တော်ပဲ သွားကစားမယ်..။”
ရှီဟောင်ဟာ သူနဲ့အတူ ကစားဖို့ ကျွန်မိသားစုက ကလေးတွေ ရှိရာ အိမ်နောက်ကို ပြေးသွားပါတယ်။ အဲ့သည်မှာ သူဟာ ပျော်ရွှင်စွာရယ်မောပြီး ကစားနေခဲ့ပါတယ်။
ရှီဟောင်ဟာ အတော်လေးကို ချစ်စရာကောင်းပြီး သူ့ရဲ့ စိတ်ကလည်း ကြင်နာတတ်သူတစ်ယောက်ပါ။ သူက အစေခံမိသားစုက ကလေးတွေကို အနိုင်ကျင့်ခြင်း လုံး၀မရှိပဲ မကြာခဏဆိုသလို သူတို့နဲ့ အတူတူ ကစားပါတယ်။ ဒါ့ကြောင့်ပဲ စံအိမ်တော်ကြီးထဲက လူတွေဟာ သူ့ကို သဘောကျကြပါတယ်။
ရက်အနည်းငယ်ကြာပြီးနောက်မှာ ရှီရီတို့ အမေဟာ စံအိမ်တော်ကြီးဆီကို သွားရောက်ဖို့ ရှီရီ နဲ့ ရှီဟောင်ကို ခေါ်သွားခဲ့ပါတယ်။ သူမဟာ ကြက်သွေးရောင် ကြိုးကြာငှက် .. ငါရောင်စပ် ဒေါင်းတို့လို ရှေးဟောင်နတ်မိစ္ဆာသားရဲငှက်ကနေ ဆင်းသက်လာတဲ့ မျိုးဆက်တွေကို ကြည့်ဖို့ တခြားခြံ၀န်းကျယ်ကြီးတစ်ခုကို ဖြတ်သန်းသွားကြရပါတယ်။
” ဒေါ်လေး … ဒါက ပရမ်းပတာဖြစ်နေတဲ့ နယ်မြေမဟုတ်လား..။”
ရှင်္ီဟောင်ဟာ သေချာတဲ့အသံနဲ့ မေးမြန်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ အတေ်ာလေးကို စိတ်ရှုပ်သွားပါတယ်။ သူတို့ဟာ ခြံ၀န်းကျယ်ကြီးတစ်ခုကို ဖြတ်သန်းပြီးနောက်မှာ မြေအောက်နန်းတော်တစ်ခုကိုပါ တိုက်ရိုက်ရောက်ရှိသွားပါတယ်။
” ငါတို့ သိပ်မကြာခင် သူတို့ကို မြင်ရပါလိမ့်မယ်..။”
ရှီရီတို့အမေဟာ အေးစက်စက်နဲ့ ခံစားချက်မဲ့စွာပြောဆိုလိုက်ပါတယ်။
သီးသန့်ဆန်တဲ့ အခန်းတစ်ခန်းထဲကို ရောက်လာချိန်မှာတော့ ရှီရီအမေဆီကနေ သူမရဲ့ လက်ချောင်းတွေဟာ ထူးဆန်းတ့ဲ့ သင်္ကေတတွေနဲ့ ကြိုးပုံစံပေါ်ထွက်လာပါတယ်။ ဒါက ရှီဟောင်ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ထဲက ထွတ်မြတ်ခြင်းအဆင့်အရိုးတွေဟာ ချက်ချင်းပဲ တောက်ပလာပါတယ်။ သည်အချိန်မှာတော့ သူဟာ နေသာထိုင်သာ ပြန်ဖြစ်သွားပါတယ်။
” တကယ့်ကို ထွတ်မြတ်ခြင်းအဆင့် အရိုးဖြစ်ထိုက်ပါပေတယ်..။”
ရှီရီတို့အမေရဲ့ မျက်လုံးတွေဟာ ဆုံးဖြတ်ချက်တွေ ပြတ်သားသွားတဲ့ ပုံပါပဲ။ သူမက ဘယ်မှာလာပြီး ထွတ်မြတ်ခြငးအဆင့်အရိုးတွေကို ဂရုမစိုက်ပဲ နေနိုင်မှာလဲ..။
သူမရဲ့ လက်တွေဟာ အသက်တရှိုက်စာအတွင်းမှာပဲ တစ္ဆေတစ်ကောင်လို အသံတိတ်လှုပ်ရှားသွားပါတယ်။ သူမဟာ ရှီဟောင်လေးကို ရေခဲကုတင်တစ်ခုပေါ်ကို ဖိချလိုက်တာပါ။
” ဒေါ်လေး..။ ဘာဖြစ်လို့လည်း ..။”
ရှီဟောင်ဟာ တွေဝေစွာ မေးမြန်းလိုက်ပါတယ်။ သူက ရှစ်လ ကိုးလအရွယ် လသားလေးပဲ ရှိသေးတာလေ။ သူက တခြားကလေးတွေထက် အနည်းငယ်လောက်ပိုပြီး သန်မာထက်မြက်ပေမယ့် အရာရာတိုင်းကို သိဖို့တော့ ငယ်ရွယ်လွန်းနေပါသေးတယ်။ ဒါပေမဲ့ သူက အပြစ်ကင်းပြီး ကြင်နာတတ်တဲ့စိတ်နှလုံးသားရှိပါတယ်။
မိန်းမပျိုလေးရဲ့ လက်ထဲကို အရမ်းတောက်ပပြီး အရည်အသွေးကောင်းမွန်ပုံရတဲ့ ငွေဓားတစ်ချောင်းဟာ လျှပ်တပြက်အတွင်းရောက်ရှိလာပါတယ်။ ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ ရှီဟောင်ရဲ့ ရင်ဘတ်ပေါ်ကို ငွေဓားလေး ကျရောက်သွားပြီး သွေးစိမ်းရှင်ရှင်တွေ ပေါ်ထွက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံအရှင်ရဲ့ နက်နဲတဲ့ သင်္ကေတတွေပါ၀င်တဲ့ စွမ်းအားအော်ရာတွေဟာ မြူဆိုင်းသလို အဆက်မပြတ်ဖြစ်ပေါ်လာပါတယ်။
” အား … နာတယ်..။”
ရှင်္ီဟောင်ဟာ နာကျင်စွာအော်ဟစ်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ အံ့သြစိတ်ကြောင့် ပြူ းကျယ်နေပါတယ်။ သူ့ကို ဒီလိုမျိုး လုပ်ကြမယ်လို့ မထင်ထားခဲ့ပါဘူး။ သူ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ .. သူက ရှစ်လ ကိုးလ အရွယ်လေးပဲ ရှိပါတယ်။
” မထင်ထားမိဘူး..။ ဒီလောက်ဖြစ်နေတာတောင် သူ ဘာဒုက္ခမှ ဖြစ်မသွားဘူး..။”
မိန်းမပျိုလေးကို ရှီဟောင်ဖြစ်ပျက်နေတာကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ပါဘူး။
ရွီရီ …။
တခြားတစ်ဖက်မှာတော့ ရှီရီလေးရှိနေပါတယ်။ သူက အေးဆးတည်ငြိမ်စွာပဲ တိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။ ဒါက သူ့ကို အမှန်တကယ်ပဲ သုံးနှစ်သားလေးမှ ဟုတ်ရဲ့လားဆိုတာကို မေးခွန်းထုတ်စရာပါပဲ။
သွေးစိမ်းရှင်ရှင်တွေဟာ ရှီဟောင်မျက်နှာပေါ်ထိ ဖိတ်စင်သွားပါတယ်။ သူ့ရဲ့ မျက်လုံးရွဲကြီးတွေဟာ အရောင်မှိန်လာပြီး နာကျင်မှုကြောင့် အဆက်မပြတ်အော်ဟစ်လို့နေပါတယ်။
” ဘာ မတော်တဆမှုမှ မဖြစ်ဘူးဆိုရင် ငါ ရှေးအရိုးကျမ်းစာထဲက အတိုင်း လေ့လာချက်က အောင်မြင်မယ်လို့ ထင်တယ်..။ ရီအော်..။ ငါ့သားလေး.. မင်းကို ကောင်းကင် နဲ့ မြေကြီးက အမှန်တကယ် ဂုဏ်ပြုပေးကြလိမ့်မယ်..။
မိန်းမပျိုလေးက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ပါတယ်။
” ဒေါ်လေး … ။ ”
ရှီဟောင်ဟာ မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်၀န်းတွေနဲ့ ခေါ်လိုက်ပါတယ်။ ရှီရီတို့သားအမိနှစ်ယောက်ကို သူက အတတ်နိုင်ဆုံး သက်ညှာစေချင်နေပါတယ်။
ဒါပေမဲ့ မိန်းမပျိုလေးက ဒါကို လျစ်လျူ ရှုလိုက်ပါတယ်။ သူမရဲ့ မျက်နှာဟာ ရေခဲပြင်အလား အေးစက်လို့ နေပါတယ်။ သူမဟာ လောကရဲ့ ထိပ်ဆုံးထဲက ထွတ်မြတ်ခြင်းအဆင့် အရိုးတွေကို လွဲပြောင်းယူနိုင်ရမယ်ဆိုရင် ဘာကိုပဲ ဖြစ်ဖြစ် ဆုံးရှုံးခံသွားမဲ့ အနေအထားဖြစ်နေပါတယ်။
” ပွင့်လာပြီပဲ..။”
နောက်ဆုံးမှာတော့ ရှီဟောင်ရဲ့ ရင်ဘတ်ထဲကနေ စိန်ပွင့်တွေအလား တောက်ပနေတဲ့ အလင်းတန်းတွေဟာ မှော်သားရဲတစ်ကောင်လို မာန်ဖီဟိန်းဟောက်သံကြီး ပေါ်ထွက်လာပါတယ်။ တဖြည်းဖြည်း လွှမ်းခြုံလာတဲ့ ဆန်းကြယ်တဲ့ စွမ်းအားတွေကလည်း ပြောပြဖိူ့ ခက်ခဲပြီး မကြာခင်မှာပဲ အဆက်မပြတ်ကြီးထွားလာတာကြောင့် စိတ်ဝိညာဉ်ကိုတောင် လှုပ်ခါလာစေပါတယ်။ သီးသန့်ခန်းတစ်ခုလုံးဟာ နတ်ဘုရားတွေရဲ့ အဆုံးမဲ့ အလင်းတန်းတွေလို ဖြာကျနေပါတယ်။
” ရီလေး..။ သား .. အလှည့်ပဲ ..။ သား .. သေချာကိုင်တွယ်ရမယ်နော်..။”
မိန်းမပျိုလေးဟာ သူမဘေးတစ်ဖက်ခြမ်းမှာ ရပ်ကြည့်နေတဲ့ ကလေးလေးတစ်ယောက်ကို စိတ်လှုပ်ရှားစွာ သတိပေးလိုက်ပါတယ်။
ရှီရီက ဘာတစ်ခွန်းမှ ပြောဆိုခြင်း မရှိပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။
သူဟာ ရေခဲကျောက်စိမ်ကုတင်နားကို တိုးကပ်သွားပါတယ်။ ပြီးတော့ ငွေဓားဟာ အရောင်တစ်ချက်လက်သွားပြီး သွေးစိမ်းရှင်ရှင်တွေပန်းထွက်လာပြန်ပါတယ်။
” ရီအော် .. အမှားလုပ်လို့ မရဘူး..။ သတိထားပါ..။”
မိန်းမပျိုလေးရဲ့ မျက်လုံးတွေဟာ သွေးဆာပြီး ရုပ်ဆိုးနေပေမယ့် သူမရဲ့ သားကိုတော့အရမ်းချစ်ပါတယ်။
ရေခဲကျောက်စိမ်းကုတင်ထက်က ရှီဟောင်ကတော့ နာကျင်မှုတွေကြောင့် ညိုးနွမ်းနေပါပြီ။ သူ့ရဲ့ မျက်လုံးရွဲကြီးတွေထဲမှာလည်း မျက်ရည်တွေ ပြည့်သိပ့်နေပါတယ်။ မျက်တောင်ကော့ကော့လေးတွေကို တစ်ချက်ခက်လိုက်တိုင်း မျက်ရည်စက်တွေဟာ ပါးပြင်ပေါ်ကို တလှိပ့်လှိပ့်ဆင်းကျသွားပါတယ်။ သူ့ရဲ့ ခံနိုင်ရည်စွမ်းအားတွေဟာ တရိပ်ရိပ်ကျဆင်းလို့လာခဲ့ပါပြီ။ သူဟာ နွေးထွေးတဲ့ ခံစားချက်လေး တစ်ချက်လောက်ကို ပြန်ရလိုက်ချင်ပါသေးပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ လေသံတိုးတိုးနဲ့ သနားခံတောင်းဆိုလိုက်ပါတယ်။
” ဒေါ်လေး … ”
မိန်းမပျိုလေးက သူ့ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး လျှစ်လျူ ရှုထားလိုက်ပါတယ်။
သူမဟာ ခေါင်းကို ရှီရီဘက်လှည့်လိုက်ပြီး ပြောဆိုညွန်ပြလိုက်ပါတယ်။
” ရီလေး…မင်းက ထွတ်မြတ်ခြင်းအဆင့် အရိုးတွေကြောင့် အနာဂတ်မှာ တုနှို်ုင်းမရတဲ့ သူဖြစ်လာပြီး အရာရာတိုင်းကို အုပ်စိုးနိုင်လိမ့်မယ်..။”
သူတို့သားအမိရဲ့ အနားမှာတော့ ထွတ်မြတ်ခြင်းအဆင့်အရိုးစာသားစွမ်းအားတွေ ဆုံးရှုံးသွားခဲ့ရတဲ့ ရှီဟောင်က ညိုးငယ်စွာ လဲနေပါတယ်။ သူဟာ တဖြည်းဖြည်းအသိစိတ်တွေကင်းလွှတ်လာပြီး သတိလစ်မတတ်ဖြစ်လာကာ လူသားတွေရဲ့ ထုံစံအတိုင်း ကိုယ်အနာကျင်ရဆုံးအချိန်မှာ ၀မ်းနည်းမှုတွေကို ဖောက်ထွက်တိုင်တည်ရာ အစစ်အမှန်အရှင်သခင်ကို တမ်းတလိုက်ပါတယ်။
“မေမေ … ”
**