သုခကမ္ဘာက ရှီဟောင် - Chapter - 97 နာကျင်မှုနံရံ နောက်တစ်ဖက်
Chapter – 97 နာကျင်မှုနံရံ နောက်တစ်ဖက်
အရိပ်လူဟာ စကားတစ်ခွန်းမှ မပြောတော့ပါဘူး။ ဒီ့နောက်မှာ သူဟာ ကျောက်စိမ်းအိုးလေးတစ်အိုးကို ထုတ်ယူလိုက်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းစနစ်တစ်ခုခုကို သုံးထားပုံရတာကြောင့် တောက်ပတဲ့ စွမ်းအားသင်္ကေတတွေ ဖြာထွက်နေပါတယ်။ သည်အချိန်မှာပဲ မြူ ဆိုင်းသယောင်ဖြစ်နေတဲ့ သီးသန့်ခန်းဟာ အလင်းတန်းအော်ရာတွေ တထိန်ထိန်ဖြစ်သွားပါတယ်။
” တတ်နိုင်သလောက် လျှင်မြန်ခြင်းနည်းစနစ်ကို သုံး..။ ရီလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ထွတ်မြတ်ခြင်းအဆင့်အရိုးတွေ နေသားတကျဖြစ်ဖို့ သူ့ရဲ့ အဖိုးတန်သွေးတွေကို ဖောက်ထုတ်ပြီး ကျောက်စိမ်းအိုးထဲ ထည့်ထားလိုက်..။”
အရိပ်လူဟာ မိန်းမပျိုလေးကို တိုက်တွန်းလိုက်ပါတယ်။
” ဒီအချိန်မှာ ငါတို့တွေက ခြေတလှမ်းတော့ ဦးထားပြီးပြီ..။ နောက်ဆိုရင် ဖြည်းဖြည်းချင်းသတိထားလုပ်တာ အကောင်းဆုံးပဲ..။”
အရိပ်လူက ထပ်မံ သတ်ိပေးလိုက်ပြန်ပါတယ်။
” ဘယ်သူက ထိခိုက်အောင် လုပ်နိုင်မှာလဲ.. ရီလေးက အမွှာစွမ်းအားတွေနဲ့ မွေးဖွားလာခဲ့တာလေ..။ ဒါ့ကြောင့် သာမန်ကလေးတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး..။ နောက်ပြီး သူက အရမ်းကို မြန်မြန်ဆန်ဆန်ကြီးပဲ ပေါင်းစည်းနိင်တာကို ငါ ခံစားမိနေတယ်..။ တစ်ယောက်ယောက်က သူ့ဆီမှာ ထွတ်မြတ်ခြင်အဆင့် အရိုးတွေကို တွေ့သွားရင်တောင် ဒါက သူ ကြိုးးစားအားထုတ်ထားတယ်လို့ ထင်သွားကြလိမ့်မယ်..။ ဟွန့်.. တခြားသူတွေ ထွတ်မြတ်ခြင်းအဆင့် အရိုးအတွက် အရူးအမူးလေ့ကျင့်ကြည့်ပါလား..။ သေခြင်းတရားက လည်ပင်းထိ ခုန်တက်လာလိမ့်မယ်..။”
” အရမ်း ချမ်းတယ်..။”
ရှီဟောင်ဆီကနေ နောက်တစ်ကြိမ်အသံထွက်လာခဲ့ပြီး သူဟာ အေးလွန်းတာကြောင့် ရေခဲကျောက်စိမ်းကုတင်ပေါ်မှာ ပုစွန်တုတ်ကွေးလေး ကွေးသွားပါတယ်။
အရာအားလုံးပြီးဆုံးသွားတဲ့နောက်မှာ သီးသန့်ခန်းဟာ နောက်တစ်ကြိမ်ပြန်လည် တိတ်ဆိတ်သွားပါတယ်။ အနက်ရောင်လူရိပ်ရဲ့ ပေါ်လိုက် ပျောက်လိုက် ရွေ့လျှားမှုတွေကြောင့် မြေအောက်နန်းတော်ဟာ အနည်းငယ်ကျောချမ်းစရာကောင်းနေပါတယ်။
မိန်းမပျိုလေးဟာ ရှေ့ရေးနောက်ရေးကို တွေးဆလိုက်ပါတယ်။ သူက တခြားသူတွေကို ရှင်းပြနိုင်ဖို့အတွက် စကားလုံးတွေကို လုံ့လဝိရိယစိုက် စဉ်းစားနေတာကြောင့် နဖူးကြောတွေတောင် တွန့်သွားပါတယ်။ ဒါက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားလာဖို့ နေ့စဉ်ကျင့်ကြံနေမယ်ဆိုရင် ဘယ်သူကမှတော့ ရှီရီရဲ့ ကိုယ်ထဲက ထွတ်မြတ်ခြင်းအဆင့်အရိုးတွေကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ သည်အခြေအနေမှာပဲ ရှီဟောင်ရဲ့ မိဘတွေဟာ ကျောက်ခေတ်ကလန်ကြီးထဲကို ပြန်မရောက်လာကြသေးသလို သူကိုယ်တိုင်ကလည်း ရှစ်လ ကိုးလသား အရွယ်လေးသာ ရှိပါသေးတယ်။ သူက ရှီရီတို့ကို ရှောင်ရှားချင်ရင်တောင် တစ်စုံတစ်ယောက်ရဲ့အကူအညီတော့ သေချာပေါက်လိုအပ်ပါတယ်။
” ပြောရရင် ရီလေးက အမွှာစွမ်းအားတွေနဲ့ မွေးလာတာကြောင့် သူရထားတဲ့ လုပ်ပိုင်ခွင့်အများကြီးထဲကနေ ကြည့်ရမယ်..။ တခြားဘယ်သူ့မှာမှ ဒီလိုစွမ်းအားမရှိနေဘူး..။ ဒါကြောင့် တခြားဘယ်သူကမှတော့ သတိထားမိမှာ မဟုတ်ဘူး..။”
မိန်းမပျိုလေးဟာ မျက်ခုံးနှစ်ခုကို ထိစပ်လုမတတ် ကျုံံ့ထားရင်း လျှော့ပေါ့စဉ်းစားလိုက်ပါတယ်။
” အဲ့ဒီလင်မယား ဖီးရှုံးမှော်သားရဲကောင်ရဲ့ ေုခသည်းအောက်မှာ သေသွားတာပဲ ဖြစ်ဖြစ် ပျောက်ဆုံးသွားတာပဲ အကြောင်းပြချက်အတွက် အရမ်းကို ပြည့်စုံသွားလိမ့်မယ်..။”
သူမဟာ နှုတ်ခမ်းတွန့်ရုံ မျက်နှာကို မဲ့လိုက်ပြီး အေးစက်စကိကြိမ်းဝါးလိုက်ပါတယ်။
၀ုန်း….။
ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းတဲ့ အသံတွေ ဆူညံစွာပေါ်ထွက်လာပြီး မြေအောက်နန်းတော်ဟာ ပြိုကျမတတ် သွက်သွက်ခါသွားပါတယ်။ အရမ်းကို အင်အားကြီးမားတဲ့ လူတစ်စုက ထွက်ပေါက်တစ်ခုကို ဖျက်ဆီးပစ်လိုက်ကြတာပါ။ အဖြူ ရောင်မုတ်ဆိတ်ရှည်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ ခန့်ခန်ငြားငြားအကြီးအကဲတစ်ယောက်ဟာ မြေအောက်နန်းတော်ထဲကို အပြေးအလွှား၀င်ရောက်လာပါတယ်။ သူ့ရဲ့ တကိုယ်လုံးဟာ မီးနတ်ဘုရားတစ်ပါးလို အဆုံးမဲ့တဲ့ အလင်းအော်ရာတွေ ဖုံးလွှမ်းနေပါတယ်။
မိန်းမပျိုလေးကလည်း အန္တရာယ်အချက်ပေးခေါင်းလောင်းသံတွေ အဆက်မပြတ်မြည်ဟိန်းသွားပါတယ်။ မြေအောက်နန်းတော်ရဲ့ တံခါး၀ဟာ အရမ်းအရမ်းကို ခိုင်မာလွန်းပါတယ်။ နန်းတော်တံခါးကို ချိုးဖြတ်ပြီး တော်ရုံတန်ရုံလူက ဘယ်လိုမှ ၀င်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါက ကျောက်ခေတ်ကလန်ကြီးရဲ့ အထွတ်အထိပ်အဆင့်က အစွမ်းထက်ဆုံး ကျင့်ကြံသူတွေ လုပ်ဆောင်နိုင်ပါတယ်။
နတ်ဘုရားတွေလို ရောင်စုံအလင်းတန်းတစ်သောင်းလောက်က နေရာတိုင်းကို ဖြာထွက်နေပါတယ်။ လူအိုကြီးတစ်ယောက်ဟာ ဒေါသထွက်နေတဲ့ ခြင်္သေ့တစ်ကောင်လို သီးသန့်ခန်းကို ချိုးဖဲ့ပစ်လိုက်ပါတယ်။ သူဟာ သူ့ရဲ့မျက်စိရှေ့က အရာတွေကို မြင်ပြီးနောက်မှာ လက်တွေ့ကျကျပဲ ကောက်ချက်ချလိုက်နိုင်ပါတယ်။
” မင်းက ယုတ်မာပြီး အဆိပ်တွေပြည့်နေတဲ့ မိန်းမပျက်တစ်ယောက်ပဲ..။”
လူအိုကြီးဟာ မြေကမ္ဘာကို တုန်လှုပ်သွားစေနိုင်တဲ့ အသံကြီးနဲ့ အော်ဟစ်လိုက်ပါတယ်။
သူဟာ ကလန်ကြီးအတွင်းမှာ အရှင်သခင်တစ်ပါးအဖြစ် ရပ်တည်နိုင်သူဖြစ်ပါတယ်။ ကလန်ကြီးတစ်ခုလုံးက သူ့ကို လေးစားအထင်ကြီးသလို သူကလည်း အရမ်းအရမ်းကို အစွမ်းထက်ပါတယ်။ များသောအားဖြင့်တော့ သူက လူတွေ ကြားမှာ ပေါ်ထွက်လာလေ့မရှိပဲ ဂူအောင်းကာ ဥာဏ်အလင်းရနိုင်ဖို့အတွက် သူ့ရဲ့ ကိုယ်နဲ့စိတ်ကို သုံးသပ်နေတတ်ပါတယ်။
ရှီဟောင်ရဲ့ မိဘတွေက သူ့ဆီကို ရောက်ရှိလာပြီး လျှို့ဝှက်ထားတဲ့ တခြားသတင်းအချက်အလက်တွေကိုလည်း ပြောပြခဲ့ပါတယ်။ အဲ့ဒါက ရှီဟောင်ရဲ့ ကိုယ်ထဲက ထွတ်မြတ်ခြင်းအဆင့် အရိုးတွေအကြောင်းပါပဲ။
အစကတော့ သူဟာ ရှီဟောင်ကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ဖို့ သူ့တို့ လူအိုကြီးများ အကြီးအကဲတွေက အကြိတ်အနယ်ဆွေးနွေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လိုလူအိုကြီးတွေက ကလေးတစ်ယောက်ကို အမှန်တကယ်ဘယ်လို ပြုစုရမလည်းဆိုတာကို မသိကြပါဘူး။ ဒီ့နောက်မှာတော့ သူတို့ဟာ သူတို့ရဲ့နောက်မျိုးဆက်လူငယ်တွေဆီကိုပဲ လက်လွဲချလိုက်ကြပါတယ်။
ဆွေမျိုးသားချင်းဆိုတာ အမြဲတမ်းကို သွေးစည်းပြီး ငြိမ်းချမ်းနေရမယ် မဟုတ်လား။ သူတို့နောက်မျိုးဆက်ရဲ့ ဇနီးတွေအားလုံးက ရှီဟောင်ကို စိုးရိမ်တကြီးနဲ့ ဂရုစိုက်ပေးကြတာကြောင့် သူတို့လည်း သက်မချနေနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ လအနည်းငယ်ကလည်း သူတို့ဟာ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတ်ို့ဟာ အမှန်တကယ်ပဲ ဒီနေ့လို ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
ဒီလူအိုကြီးက ရှီဟောင်ရဲ့ နောက်ကို အရိပ်လိုလိုက်ပါပြီး စောင့်ရှောက်ဖို့အတွက် အစွမ်းထက်ကျင့်ကြံသူတွေကို စေလွှတ်ခဲ့ပါတယ်။ သည်နေ့မှာတော့ ဒီလူငယ်အမျိုးသမီးလေးက ရှေးဟောင်းခေတ်က ကြီးမြတ်သော သားရဲငှက်ကို ကြည့်ဖို့ ကလေးနှစ်ယောက်ကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူတို့အနောက်မှာ အရိပ်လို လိုက်ပါလာသူတွေကလည်း မသင်္ကာစရာရှုပ်ထွေးမှုတွေကို ခံစားရတာကြောင့် မြေအောက်နန်းတော်ထဲကို ၀င်ရောက်သွားတာကို ပြန်လည် သတင်းပို့လိုက်ကြပါတယ်။ သူတို့ဟာ တံခါးကို ဖွင့်လို့မရပဲ စောင့်ဆိုင်းနေကြရကာ လူအိုကြီးရောက်လာချိန်မှာ အထဲက မြင်ကွင်းကို မြင်လိုက်သောအခါ သူတို့ဟာ အံ့အားသင်သွားကြပါတယ်။
” မင်းက ညစ်စုတ်တဲ့ မိန်းမပဲ.. ငါ မင်းကို သတ်ရလိမ့်မယ်..။”
လူအိုကြီးရဲ့ ဆံပင်နဲ့ မုတ်ဆိတ်တွဟာ အရောင်မထွက်တာတောင် ရွှေခြင်္သေ့ကြီးတစ်ကောင်လိုပါပဲ။ သူဟာ ချက်ချင်းပဲ ရှေ့ကိုလှမ်းတက်လာကာ မိန်းမပျိုလေးကို လည်ပင်းညှစ်ပြီး လေထဲဆွဲမြောက်လိုက်ပါတယ်။
လူငယ်အမျိုးသမီးရဲ့ အဆင့်အတန်းဟာ အရမ်းကို မြင့်မားပါတယ်။ ဒါပေမဲ့ ဒီအကြီးအကဲနဲ့ နှိုင်းယှဉ်တော့ ယုတ်စွအဆုံး ကျင့်ကြံခြင်းစွမ်းအင်အဆင့်မှာလည်း သူမက ဘာမှ မဟုတ်သေးပါဘူး။ သူမဟာ မျက်နှာဟာ မာန်မာနတွေကြီးမားတဲ့ အရိပ်အယောင်ပေါ်လာပြီး သူ့ကိုယ်ပေါ်မှာ ရှိသမျှ စွမ်းအားသင်္ကေတတွေ ပေါက်ကွဲထွက်သွားပါတယ်။
“စတုတ္ထအဘိုး…ငါ့အမေကို မသတ်ရဘူး..။!”
ရှီရီဟာ ဟိန်းဟောင်ပြောဆိုလိုက်ပါတယ်။
ရှီရီဟောက်အားဖြင့်တက်ရောက်ပြီးခဲ့သည်။ သူဟာ ကုတင်ပေါ်က ငွေဓားကို ကောက်ယူလိုက်ပြီး သူ့ရင်ဘတ်ပေါ်က သွေးတိတ်သွားတဲ့ ဒဏ်ရာကို ငုံ့ကြည့်လိုက်ပါတယ်။
” မင်း…. မိမစစ် ဖမစစ်လေး..။”
လူအိုကြီးဟာ ဒေါသထွက်သွားခဲ့ပါတယ်။
**