သုခကမ္ဘာက ရှီဟောင် - Chapter -113 ပြုစု ပျိုးထောင်ခြင်း
Chapter -113 ပြုစု ပျိုးထောင်ခြင်း
ကျောက်ခေတ်ရွာသားတွေအားလုံးဟာ လူစုခွဲလိုက်ကြပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကဲ ရှီယွီဖန်း ၊ ရှီဟောင် နဲ့ ကျူ ရန်မျောက်လေးတို့သာ ကျန်ရစ်ပါတော့တယ်။ အကြီးအကဲ ရှီယွီဖန်းဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီး မိုးမခသစ်ပင်အိုကြီးအောက်က ရှီဟောင်ကို ဆွဲထုတ်လိုက်ပါတယ်။
” ကလေး .. သူက မင်းကို လမ်းညွန်ပေးဖို့ အစီအစဉ် မရှိဘူးလား.. ။ ဒါပေမဲ့ ငါ့မှာ အဖိုးတန်အရိုးရှိတယ်..။ မင်းက စစ်မှန်တဲ့ ကောင်းကင်ဘုံက ပါရမီရှင်ပဲလေ..။ အာ့သည်အဖိုးတန် အရိုးပေါ်က ရှုပ်ထွေးတဲ့ သင်္ကေတတွေဟာ လူတစ်ယောက်က ကြည့်တာနဲ့တင် သွေးပွက်ပွက် အန်စေတယ်..။ ငါ မင်းကို မပြချင်သေးပေမဲ့ မင်းက ဒီကနေ ထွက်သွားရတော့မဲ့ အချိန်က နီးနီးလာပြီ..။ ငါက မင်း ဒဏ်ရာရသွားမှာကို ကြောက်နေတာရယ်..။ မင်း အာ့ဒါကို မြင်ရင် သတိထားရမယ်နော်..။”
ရွာအကြီးအကဲဟာ အရမ်းကို သတိဝိရိယထားဖို့ သတိပေးလိုက်ပါတယ်။ သူဟာ သူ့ရဲ့ ရင်ဘတ်ထဲကနေ တလက်လက်တောက်ပနေတဲ့ အရိုးတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ဒါက သန့်ရှင်းစင်ကြယ်တဲ့ အဖြူ ရောင်တလက်လက်တောက်ပနေပြီး ကျောက်စိမ်းအပိုင်းအစတစ်ခုအလား လှပလို့နေပါတယ်။
သန့်ရှင်းတဲ့ အဖိုးတန်အရိုးရဲ့အပေါ်မှာ ခြစ်ရာလေးနည်းနည်းတောင် မရှိပဲ သေးငယ်တဲ့ စွမ်းအားသင်္ကေတတွေဟာ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ဒါကို ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးပါးကသာ မြင်လိုက်ရရင် သေချာပေါက် နှလုံးသားတစ်ခုလုံး ကျင်တက်လို့ သွားနိုင်ပါတယ်။
သည်ဟာက စိတ်လှုပ်ရှားစရာကောင်းလွန်းပါတယ်။ သူဟာ အရိုးအပိုင်းအစလေးတစ်ခုသာ ဖြစ်တယ်ဆိုပေမဲ့လည်း သူ့ကို ထိလိုက်တာနဲ့ အမှန်တကယ်ကို အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်ကို ကြုံလိုက်ရပါတယ်။
” သူ့ကို အကြာကြီး စိုက်ကြည့်မနေနဲ့ .. ။ မင်း သူ့ကို ကြည့်မယ်ဆိုရင် နည်းနည်းဝေးဝေးကနေ ကြည့်ပေး .. ဒီလိုမှမဟုတ်ရင် မင်းကို ထိခိုက်စေလိမ့်မယ်..။”
ရွာအကြီးအကဲဟာ အလေးအနက်ထားကာ သတိပေးလိုက်ပါတယ်။
” အမ် .. အဘိုးအကြီးအကဲ .. ကျွန်တော် သိပါပြီ..။”
ရှီဟောင်ဟာ အဖိုးတန်အရိုးကို လက်ခံလိုက်ချိန်မှာ အဆုံးမရှိတဲ့ ခမ်းနားခြင်းမျိုးကို ခံဝားမိလိုက်ပါတယ်။ ဒါက အရမ်းကို အေးမြလန်းဆန်းစေတဲ့ အသိစိတ်ကို ရရှိစေပြီး အဖိုးတန်အရိုးကို ကိုင်ထားတဲ့ လက်ကနေ တစ်ဆင့် အရမ်းကို သက်သောက်သက်သာဖြစ်စေတဲ့ အသိကို ရလိုက်ပါတယ်။
ရှီယွီဖန်းက အသေးစိတ်ရှင်းပြခြင်း မရှိတာတောင် ဒီအဖိုးတန်အရိုးက မူလအစတည်းက ကျိန်းသေပေါက် အံသြစရာတစ်ခုခုရှိနေပါတယ်။ ပြောရရင် အထွတ်အထိပ်အဆင့် အရိုးတွေဟာ အရိုးကျမ်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေအရ အရမ်းကို ထူးခြားမှန်း သိသာပါတယ်။
” ကျွီ .. ကျီ …။”
လက်သီးဆုပ်အရွယ် ကျူ ရန်မျောက်လေးဟာ ရှီဟောင်ရဲ့ ပုခုံးနှစ်ဖက်ပေါ်မှာ ဟိုဟိုသည်သည် တက်လိုက်ဆင်းလိုက်နဲ့ ဂနာမငြိမ်ဖြစ်လာပါတယ်။ သူဟာ အဖိုးတန်အရိုးကို ချက်ချင်းပဲ လုယူတော့မဲ့ အတိုင်း သူ့ရဲ့ မျက်လုံးတွေက ပြူ းကျယ်ဝိုင်းစက်နေပါတယ်။ သူဟာ အဖိုးတန်အရိုးကို မြင်ပြီးမှ အရမ်း ဂနာမငြိမ်တော့သလို စိတ်မရှည်လည်း ဖြစ်လာပါတယ်။
” အဘိုး .. ဒါကို ဘယ်လိုရလာခဲ့တာလဲ..။ ဒီအဖိုးတန်အရိုးက အတော်လေးကို ထူးခြားတဲ့ပုံပဲ..။”
ရှီဟောင်က မေးလိုက်ပါတယ်။
” ထင်တဲ့ အတိုင်းပဲ ..။”
ရွာအကြီးအကဲဟာ အဖိုးတန်အရိုးကို ထုတ်ပြလိုက်ချိန်မှာ သူ့ရဲ့ ပါးစပ်ကနေ ကြောက်ရွံ့တုန်လှုပ်နေတဲ့ အသံပေါ်ထွက်လာပါတယ်။ သူဟာ မိုးမခသစ်ပင်အိုကြီးကို လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ နှလုံးသားတွေ ကယ်ကူရာမဲ့သလို ခံစားလိုက်ရပါတယ်။ ဒါပေမယ့် သူဟာ တော်တော်လေးကို စိုးရိမ်စိတ်ဖြစ်နေပါတယ်။
” မိုးမခနတ်ဘုရားနဲ့ ဆက်ဆံရေးတစ်ချို့ရှိနေတာလား ..။”
ရှီဟောင်ဟာ အံ့သြသွားခဲ့ပါတယ်။
အကြီးအကဲရှီယွီဖန်းက ခေါင်းညိတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ညတစ်ညမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာသွန်းနေသလို မိုးကြိုးလျှပ်စီးတွေလည်း ကြောက်စရာကောင်းအောင် မြည်ဟိန်းနေခဲ့တာပါ။ ဒါဟာ အရမ်းကို ကြမ်းတမ်းပြင်းထန်ခဲ့ပါတယ်။ ကြီးမားလှတဲ့ တောင်တွေဟာ မ်ိုးကြိုးလျှပ်စီးတွေရဲ့ ထိခိုက်မှုကို ခံကြရပြီး တောင်တန်းတွေဟာလည်း ပင်လယ်တစ်ခုအလား ရေလွှမ်းလို့ သွားခဲ့ပါတယ်။ မှော်သားရဲတွေဟာ ရေလွှမ်းလာတာကြောင့် ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြသလို လူသားတွေလည်း ကြောက်ရွံ့လွန်းလို့ သေမတတ်ဖြစ်သွားကြပါတယ်။
မိုးကြိုးလျှပ်စီးတွေ ပင်လယ်တစ်ခုအလား သောင်းကျန်းနေချိန်မှာ မိုးမခနတ်ဘုရားက ပေါ်ထွက်လာပါတယ်။ မိုးမခသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေဟာ လျှပ်ပန်းလျှပ်နွယ်အလင်းတန်းတွေ ဖြာထွက်နေပြီး တောင်တန်းဒေသတစ်ခုလုံးကို လင်းထိန်စေခဲ့တာပါ။ နောက်ဆုံးမှာတော့ မိုးမခသစ်ပင်ကြီးဟာ ပြင်းထန်ကြမ်းတမ်းတဲ့ မိုးကြိုးထိမှန်ခံရပြီး အနက်ရောင်မိုးမခသစ်ပင်ကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ပြီးတော့ ကောင်းကင်ကနေ တဟုန်ထိုး ကျဆင်းလာခဲ့ပြီး ကျောက်ခေတ်ရွာထိပ်ကို ရောက်ရှိလာပါတယ်။ အာ့သည်မှာပဲ မိုးမခသစ်ပင်အိုကြီးကို လှည့်ပတ်နေတဲ့ အဖိုးတန်အရိုးလည်း ပါ၀င်နေပါတယ်။
” ယ .. ဒါက မိုးမခနတ်ဘုရားနဲ့ အတူတူ ကောင်းကင်ကနေ ကျလာတာလား ..။”
ရှီဟောင်လည်း တော်တော်လေးကို အံ့သြသွားခဲ့ပါတယ်။
” အမှန်ပဲ..”
ရွာအကြီးအကဲလည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်ပါတယ်။ သူဟာ သည်ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ရချိန်က အရမ်းကို ငယ်ရွယ်လွန်းသေးပေမယ့်လည်း လက်ရှိအချိန်အထိ သူ့ရဲ့ စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်မှုကို ခံစားနေရပါတယ်။
နှစ်ပေါင်းများစွာအတွင်းမှာပဲ ရှီယွီဖန်းဟာ မိုးမခသစ်ပင်အိုကြီးကို အကြိမ်ပေါင်းများစွာ ယဇ်ပူဇော်မှုတွေ လုပ်ပေးခဲ့ပါတယ်။ သိုပေမဲ့ သူဟာ မိုးမခသစ်ပင်အိုကြီးဆီကနေ ဘာဆက်သွယ်ချက်မှ မရခဲ့သလို ဘယ်တုန်းကမှလည်း နတ်ဘုရားတွေရဲ့ ဆက်ဆံရေးကို လက်ခံမရရှိခဲ့ပါဘူး။
ရွာအကြီးအကဲရဲ့ အမြင်အရတော့ ဖြစ်နိုင်တာက မိုးမခနတ်ဘုရားဟာ ရှီဟောင်အတွက်ကိုပဲ စိတ်၀င်စားပုံရပါတယ်။ သူဟာ နှစ်ပေါင်မိားစွာ အသက်ရှင်နေထိုင်လာခဲ့ပြီးပြီဖြစ်ကြောင့် စကားနည်းနည်းလောက်ပြောလိုက်ရုံနဲ့ ဆက်စပ်တွေးတောနိုင်စွမ်းမြင့်မားလို့နေခဲ့ပါပြီ။
” မိုးမခနတ်ဘုရား .. ဒီဟာကို ဘယ်လို အသုံးချရတာလဲ..။”
ရှီဟောင်ဟာ အကူအညီတောင်းတဲ့ အနေနဲ့ မေမြန်းလိုက်ပါတယ်။
မိုးမခသစ်ပင်အိုကြီးကတော့ တိတ်ဆိတ်စွာပဲ စကားတစ်ခွန်းမှ အကြောင်းပြန်လာခြင်း မရှိပါဘူး။ သူဟာ အကြောင်းမပြန်ခဲ့ပေမယ့် သူ့ရဲ့ မီးလောင်ထားတဲ့ ပင်စည်တခြမ်းကို အနက်ရောင်ကျောက်တုံးအလားရှိနေဆဲပါပဲ။
ကြည့်ရတာတော့ မိုးမခသစ်ပင်အိုကြီးဟာတစ်ခုခုကို မှတ်မိဖို့ အသည်းအသန်ကြိုးစားလို့ နေရတာဖြစ်ပါလိမ့်မယ်။ ကျူ ရန်မျောက်ကလေးကလည်း တ ကျွီကျွီ အသံပေးပြီး သူ့ရဲ့ လောဘစိတ်ကို ပိုပြီး ထုတ်ဖော်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာလည်း အဖိုးတန်အရိုးပေါ်မှာသာ တဝဲ၀ဲလည်ရှိနေပါတယ်။ ဒီ အဖြူ ရောင်တောက်ပတဲ့ အဖိုးတန်အရိုးကို သူက လက်၀ယ်ပိုင်ပိုင် ရရှိချင်နေပုံရပါတယ်။
အချိန်ဘယ်လောက်တောင် ကုန်လွန်မှန်းမသိလိုက်ချိန်မှာပဲ မိုးမခသစ်ပင်အိုကြီးက လေးပင်တဲ့ အသံကြီးနဲ့ ပြောဆိုလိုက်ပါတယ်။
” အစစ်အမှန် ရှေးဟောင်း မှတ်တမ်း ..။”
…
” အစစ်အမှန် ရှေးဟောင်းမှတ်တမ်းလား ..။”
ဒီနာမည်က သာမန်ပါပဲ။ ဒါပေမဲ့ ရှီဟောင်အတွက်ကတော့ နားထဲမိုးချုန်းသံအလား မြည်ဟိန်းပြီး အံ့သြသွားပါတယ်။ အတိတ်ကာလတုန်းက မိုးမခသစ်ပင်အိုကြီးဟာ ကောင်းကင်ကနေ ကျဆင်းလာပြီး သူနဲ့ အတူတူ အဖိုးတန်အရိုးဟာ ပါလာခဲ့ပါတယ်။ ဒါ့ကြောင့် မိုးမခနတ်ဘုရားရဲ့ ဇစ်မြစ်က ကောင်းကင်ဘုံကတောင် တုန်လှုပ်နေရသူ ဖြစ်ပါလိမ့်မယ်။
ကျူ ရန်မျောက်လေးဟာ ပါးစပ်ကနေ အဆက်မပြတ်အော်ဟစ်နေပြီး သူ့ရဲ့ နားရွက်ကို ကိုင်လိုက် ပါးကို ပြန်ကုပ်လိုက် လုပ်နေပါတယ်။ သူဟာ ကြောက်စရာကောင်းတဲ့ လျှင်မြန်မှုနှုန်းကို ပိုင်ဆိုင်ထားပေမယ့်လည်း ရှီဟောင်ရဲ့ လက်ထဲက အဖြူ ရောင်အဖိုးတန်အရိုးကို လုယူဖို့အထိတော့ မဝံ့မရဲဖြစ်နေပါတယ်။ သူဟာ ဘာပဲဖြစ်ဖြစ် အဖိုးတန်အရိုးကို လက်မလွှတ်လိုပါဘူး။ ဒါပေမဲ့ ရှီဟောင်ရဲ့ လက်စလက်နဆိုရင်တော့ သူ ဘယ်လောက်မြန်မြန် သေချာပေါက် ဗြောတီးခံရပါလိမ့်မယ်။ နောက်ပြီး ရှီဟောင်က ကျောက်ခေတ်ရွာမှာ တကယ့်ကို ကလေးဗိုလ်ပါ။ နောက်တစ်ချက်က သူ့ရဲ့ အနောက်မှာ ဘယ်လောက်အထိအစွမ်းထက်သလဲ အတိအကျမသိနိုင်သေးတဲ့ အဖိုးတန်အရိုးရဲ့ မူလပိုင်ရှင် မိုးမခနတ်ဘုရားရှိနေပါတယ်။
” အစစ်အမှန် ရှေးဟောင်းမှတ်တမ်းကို ဘယ်လိုမျိုး ပျိုးထောင်ပေးရမှာလဲ .. မိုးမခနတ်ဘုရား .. ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးပါဦး..။”
ရှီဟောင်ဟာ အနာဂတ်မှာ စွမ်းအားအကြီးမားဆုံးသူ ဖြစ်ချင်စိတ်နဲ့ မေးမြန်းလိုက်ပါတယ်။
” အစစ်အမှန်ရှေးဟောင်းမှတ်တမ်းကို နားလည်ဖို့ အတွက် ပထမဆုံးအနေနဲ့ သွေးဆင့်ကဲ ပြောင်းလဲခြင်း ကနဦးနယ်ပယ်အဆင့်ကို ရောက်နေဖို့ လိုအပ်တယ်.. သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်စွမ်းအားကြောင့် မင်းက ကောင်းကင်အဆင့် ရှေးဟောင်းသားရဲတွေရဲ့ ကလေးလို သန်မာနေရမယ်..။ အာ့ဒါဆိုရင် မင်းက ခန္ဓာကိုယ်စွမ်းအား ဂျင်တွေကို သုံးစရာမလိုတော့ပဲ သံမဏိတွေထက်တောင် ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်တဲ့ စိတ်စွမ်းအားတွေကိုပဲ အသုံးချနိုင်ပြီ..။ အာ့သည်လို စွမ်းအားမျိုးကို မင်းပိုင်ဆိုင်လာရင် ရှေးဟောင်းမှတ်တမ်းကို နားလည်နိုင်ပြီ..။ ”
မိုးမခနတ်ဘုရားက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ရွာအကြီးအကဲကတော့ ဒီစကားတွေကို ကြားလိုက်ရချိန်မှာ သူ့ရဲ့နှလုံးသားထဲကနေတောင် ကြောက်ရွံ့တုန်လှုပ်စိတ်တွေ ဖြစ်ပေါ်သွားပါတယ်။
ဒါက ကလေးတစ်ယောက်က လုပ်ဆောင်နိုင်ဖို့ ဘယ်လောက်အထိ ခက်ခဲနေမလဲ..။ သည်လိုအရာကို ကျင့်ကြံသူလူကြီးတွေတောင် လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ အရိုးစာသားရဲ့ လုပ်ဆောင်နိုင်စွမ်း စွမ်းအားတွေမရှိရင်လည်း လူတ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ပိုပိုပြီး အစွမ်းထက်လာနိုင်မလဲ..။
” ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်..။ ဒါကို အချိန်တိုအတွင်း အောင်မြင်စေရမယ်..။”
ရှီဟောင်ဟာ အခိုင်အမာ ဆုံးဖြတ်ချက်ချထားဟန်နဲ့ ခေါင်းညိတ်ပြောဆိုလိုက်ပါတယ်။
***