သုခကမ္ဘာက ရှီဟောင် - Chapter -115 စဉ်ဆက်မပြတ် တိုးတက်လာခြင်း
Chapter -115 စဉ်ဆက်မပြတ် တိုးတက်လာခြင်း
သည်အချိန်ကာလအတွင်းမှာပဲ ရွာအကြီးအကဲရှီယွီဖန်းဟာ ရှီဟောင်အတွက် နေ့စဉ်ကို မှော်သားရဲတွေရဲ့ ဟင်းချိုကို ချက်ပြုတ်ပေးရတဲ့တာ၀န်ကို ယူထားရပါတယ်။ အဆိုပါ မှော်သားရဲ ဟင်းချိုဟာ လူတစ်ယောက်ရဲ့ အရိုးတွေကို သန်မာစေပြီး လူ့စွမ်းအားအရင်းအမြစ်ကိုလည်း နဂါးရွတ်မြွေတစ်ကောင်လို ဖန်တီးပေးနိုင်ပါတယ်။ ရှီယွီဖန်းကလည်း ခွန်အားတွေကို သိသိသာသာ တိုးတက်မြင့်မားစေတဲ့ ဆေးဝါးအမျိုးမျိုးကိုပါ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။
ကျောက်ခေတ်ကျေးရွာရဲ့ ဘေးက ကြည်လင်တောက်ပနေတဲ့ နက်ပြာရေအိုင်ထဲမှာ နဂါးပါးသိုင်းမွှေးရွှေငါးတွေ ရှိလို့နေပါတယ်။ သူတို့တွေဟာ စွမ်းအားအရင်းအမြစ်တွေကို ကြံ့ခိုင်စေတယ်လေ။ သည်လိုမျိုး ကောင်းခြင်းအချက်အလက်တွေကြောင့်ပဲ ရွာသားတွေဟာ နေ့စဉ်နေ့တိုင်း နက်ပြာရေအိုင်ထဲဆင်းပြီး ငါးဖမ်းနေတာကြောင့် အတော်လေးတောင် ရှားပါလာပါပြီ။ နဂါးပါးသိုင်းမွေးရွှေငါးတစ်ကောင်ဟာ တောက်ပတဲ့ အကြေးခွံတွေရှိသလို အလေးချိန် ဂျင်တစ်ဆယ်ကျော်လေးလံပါတယ်။ သူတို့တွေဟာ လူသားတွေရဲ့ သွေးအနှစ်သာရစွမ်းအားကို မြင့်တက်စေပါတယ်။ ဒါကြောင့် နဂါးပါးသိုင်းမွေးရွှေငါးတွေဟာ ကလန်ကြီးတွေကတောင် သာမန်လို့ မယူဆကြပါဘူး။
ပြောရရင် ရွာသားတွေဟာ နဂါးပါးသိုင်းမွေးရွှေငါးတွေကို စားသောက်လိုက်တာနဲ့ သူတို့ရဲ့ စွမ်းအားတွေဟာ လျှင်မြန်စွာပဲ တိုးတက်လာခဲ့ပါတယ်။
ဒါက ရွာသားတွေအတွက် သာမန်ပဲ ဆိုပေမဲ့ ကလေးတွေအတွက်တော့ အတော်လေးကို ထူးခြားခဲ့ပါတယ်။ ရွာသားတွေကလည်း သူတို့စွမ်းအင်ကျင့်ကြံခြင်းမှာ အထူးအာရုံစိုက်ထားပြီး သူတို့ရဲ့ စွမ်းအားတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြပါတယ်။ ကျောက်ခေတ်ရွာမှာ မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းနည်းစနစ်တွေအားလုံးကို သူတို့ဟာ အသုံးပြုခဲ့ကြပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ ရှေးဟောင်းနည်းစနစ်တွေက သာမန်မဟုတ်တာကို သိကြပါတယ်။ သူတို့ဟာ အတိတ်ကာလတုန်းက ဘာကိုမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ ရွာသားတွေဟာ လက်ရှိမှာတော့ အရာတော်တော်များများကို နားလည်လာကြပါတယ်။ သူတို့ရဲ့ အတိတ်ကာလဘိုးဘေးတွေခေတ်တုန်းကဆိုရင် ကျောက်ခေတ်ကလန်ထဲမှာ အရမ်းအစွမ်းထက်လွန်းတဲ့ နတ်ဘုရားတစ်ပါးပါ ရှိခဲ့ပါတယ်။ ဒါဟာ ရှေးဟောင်းနည်းစနစ်တွေဟာ နှစ်ပေါင်းများစွာအတွင်းမှာ မရေမတွက်နိုင်အောင် စုစည်းမိလာစေပါတယ်။ ဒါ့ကြောင့် ဘယ်လိုဖြစ်ပြီး သူတို့ရဲ့ စွမ်းအင်ကျင့်ကြံခြင်းအဆင့်တွေဟာ သာမန်ဖြစ်နိုင်တော့မှာလဲ..။
သည်လိုမျိုး ကံမ္မကံကောင်းမှုကြီးအဖြစ် မိုးမခနတ်ဘုရားဟာ သူတို့ရဲ့ ရှေးဟောင်းဘိုးဘွားပိုင်နယ်မြေကို ရှာတွေ့သွားခဲ့တာပါပဲ။ သူတို့တွေဟာ အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းကို ချို့တဲ့လွန်းတဲ့ အချိန်နာရီနေ့ရက်တွေကို ကြုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို တိုးတက်စေနိုင်တဲ့ မှော်သားရဲတွေရဲ့ အသားကိုလည်း စားသောက်နိင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့ဟာ မိုးမခနတ်ဘုရားအကူအညီနဲ့ ရှေးဟောင်းနည်းစနစ်တွေကို ပြနာလည်ရရှိလာချိန်မှာ မှော်သားရဲတွေကို ကောင်းမွန်စွာ ချက်ပြုတ်ကြပြီး အစွမ်းထက်တဲ့ ဆေးဝါးတွေကိုပါ ထည့်သွင်းလိုက်တဲ့အခါမှာ သန့်စင်တဲ့ စွမ်းအားတွေကို ခန္ဓာကိုယ်က ပိုပိုပီး စုပ်ယူလာနိုင်ခဲ့ပါတယ်။
သုံးလအကြာမှာတော့ ရှီဟောင်ဟာ အရိုးစာသားကို အသုံးမပြုပဲ ပြင်ပခွန်အားသက်သက်နဲ့တင် အလေးချိန် ဂျင် ငါးသောင်းရှိတဲ့ အရာတွေကို ကိုင်တွယ်နေနိုင်ခဲ့ပါပြီ။ သူဟာ ခြောက်နှစ်ကျော်အရွယ်လေးပဲ ရှိသေးပေမဲ့ ကြောက်မက်ဖွယ်ရာ ပြင်ပခွန်အားသက်သက်နဲ့တင် သူ့ရဲ့ နတ်ဘုရားဆန်တဲ့ စွမ်းအားတွေက တုန်လှုပ်စရာကောင်းနေပါတယ်။
” သည်နေရာကနေ လီ ၇၀ ဆယ် ကွာဝေးတဲ့ နေရာမှာ ရေတံခွန်တစ်ခုရှိတယ်..။ မင်းရဲ့ စွမ်းအင်လေ့ကျင့်ခြင်းအဆင့်တက်ဖို့ အတွက် အဲ့သည်ကို သွားရလိမ့်မယ်..။ ဒါ့အပြင် ငါက ကောင်းကင်အဆင့် ရှေးဟောင်းသားရဲရဲ့ ကလေးလို အလားအလာရှိတဲ့ မင်းအတွက် သွေးဆင့်ကဲ ပြောင်းလဲခြင်းကနဦး နယ်ပယ်မှာ အသုံးပြုန်ိင်တဲ့ ရှေးဟောင်းနည်းစနစ်လည်း ရှိနေတာ တွေ့ခဲ့တယ်..။”
မိုးမခသစ်ပင်အိုကြီးဟာ ရှေးဟောင်းနည်းစနစ်တွေနဲ့ ပတ်သက်တဲ့သတင်းကို ရှီဟောင်ဆီ အသိပေးလိုက်ပါတယ်။
သူငယ်လေး ရှီဟောင်ဟာ ချက်ချင်းပဲ တုန်လှုပ်သွားခဲ့ပါတယ်။ ကောင်းကင်အဆင့် ရှေးဟောင်းသားရဲလို အစွမ်းထက်စေတဲ့ နည်းစနစ် ဆေးဝါးဆိုတာက အရမ်းကို ချောက်ခြားစရာကောင်းပါတယ်။ ဖြစ်နိုင်တာကတော့ သည်လိုမျိုး ရတနာတွေကို လူဦးရေ ဘီလျှံနဲ့ချီပြီး ထ်ိန်းသိမ်းထားနိုင်တဲ့ ကလန်ကြီးတွေတောင် ရယူနိုင်ဖို့ ခက်ခဲပါတယ်။
မူလအစစ်အမှန်သွေးအဆီအနှစ် နဲ့ ရှေးဟောင်းအဖိုးတန် အရိုးတွေဟာ ရရှိနိုင်ဖို့ အတော်ကြီးကို ခက်ခဲပါတယ်။ ရှားပါးပြီး အဖိုးတန်လွန်းတဲ့ ဆေးဝါးတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ ဒါကပဲ လူတိုင်းဟာ အဖိုးတန်ဆေးဝါးတွေကို နေ့စဉ်ရက်ဆက်မသုံးနိုင်ကြတဲ့ အဓိကအချက်ဖြစ်စေပြီး အဖိုးတန်ဆေးဝါးလိုအပ်ချက်တွေဟာလည်း ကလန်တွေကြားမှာ မြင့်မားတဲ့ စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်။ ဘယ်လိုလုပ်ပြီး ကျောက်ခေတ်ရွာက သည်လိုရတနာမျိုးတွေကို သိမ်းကျုံးရယူနိုင်မှာတဲ့လဲ..။ သည်အရာမျိုးက အံ့သြတုန်လှုပ်စရာကောင်းလွန်းပြီး စိတ်ကူးနိုင်တာရဲ့ ဟိုမှာ တဝ်ဖက်ကမ်းကိုတောင် ရောက်သွားပါပြီ။
ရှေးဟောင်း မှော်သားရဲတွေဟာ ဘာဖြစ်လို့ အစွမ်းထက်ရတာလဲ..။ သူတို့တွေဟာ သာမန်မဟုတ်တဲ့ အခြေအနေတွေကို ပိုင်ဆိုင်ထားတာကြောင့်ပါပဲ။ ဒါဆိုရင် ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်တွေကရော ဘာဖြစ်လို့ အစွမ်းထက်ကြတာလဲ.။ သူတို့တွေဟာလည်း ဒဏ္ဍာရီဆန်တဲ့ စွမ်းအားတွေနဲ့ မွေးဖွားလာကြလို့လေ။
” မိုးမခနတ်ဘုရား .. သည်လောက် အဖိုးတန်တဲ့ ရတနာတွေ .. ကျွန်တော်တို့က သူတို့ကို ဘယ်လိုလုပ်ပြီး တွေ့နိုင်ပါ့မလဲ..။”
ရှီဟောင်ဟာ စိတ်ပျက်အားလျှော့စွာနဲ့ ခေါင်းခါသွားပါတယ်။
” ဘာလဲဟ .. အဲ့ဒါက အရှင်သခင်အဆင့်ဆေးဝါးတွေလေ .. မင်းက သူတို့တွေကို ဘယ်နေရာမှာမဆို ရေလဲအစားထိုး သုံးနိုင်တယ်..။”
မိုးမခနတ်ဘုရားက အရမ်းကို သေချာတဲ့အသံနဲ့ ပြောဆ်ိုလိုက်ပါတယ်။
” ဒါက အရှင်သခင်အဆင့် ဆေးဝါးလား ..။”
ရှီဟောင်လည်း မျက်လုံးပြူ းသွားပါတယ်။ သူဟာ မိုးမခနတ်ဘုရားရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကို နားလည်သွားပါတယ်။
” မင်း အောင်မြင်နိုင်မှာပါ .. ဒီ ကျုရန် မျောက်ကောင်က မင်းဘယ်သွားသွား သူက အရိပ်လို ပါနေတာပဲ..။ အရှင်သခင်အဆင့် ဆေးဝါးတွေအတွက် အစားထိုးတဲ့အရာအနေနဲ့ သွေးစက်နည်းနည်းလောက်တော့ ထုတ်ယူလိုက်ရလိမ့်မယ်..။”
မိုးမခနတ်ဘုရားက ပြောလိုက်ပါတယ်။
” အူး … ”
ကျုရန်မျောက်ကလေးရဲ့ အမွှေးအမျှင်တွေ ထောင်သွားကုန်ပါတယ်။ သူဟာ အဆက်မပြတ်ပဲ အသံဆိုးတွေကို မရပ်မနားအော်ဟသ်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေက မိုးမခသစ်ပင်အိုကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပါတယ်။
” ရွှေဘောလုံးလေး .. ငါ .. အရှင်သခင်အဆင့် ဆေးကို စားဖို့အတွက် မင်းကို ခေါ်သွားရလိမ့်မယ်… အခုတော့ ပထမဆုံးအနေနဲ့ မင်း ငါ့ကို အကူအညီပေးရတော့မယ်..။”
ကျူရန်မျောက်လေးဟာ ရှီဟောင်ရဲ့ ယက်ကန်ယက်ကန်ပါသွားပါတယ်။
” ကြီ် .. ကျြီ .. ”
ကျူရန်မျောက်လေးလည်း စိတ်ပျက်လက်ပျက်နဲ့ စီခနဲ မြည်အောင် အော်ဟစ်နေပါတယ်။ ဒါက သူ့ကို တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်းလောက်အထိကို မပျော်မရွှင်ဖြစ်သွားစေပါတယ်။
လီ ၇၀ ကွာဝေးသောအရပ်မှာ ကျောက်တောင်ကြီးတွေဟာ ဘေးချင်းကပ် ယှဉ်ချထားသလို ရှိနေပါတယ်။ ကျောက်တောင်ကြီးတွေပေါ်ကနေ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေတဲ့ ရေတံခွန်ကြီးတစ်ခုလည်း ရှိနေလို့ပါ။ ကျောက်တောင်ကြီးတွေပေါ်ကနေ စီးဆင်းနေတဲ့ ပြင်းထန်တဲ့ ရေစီးနှုန်းကြောင့် ဖြစ်ပေါ်လာတဲ့ တအုန်းအုန်း အသံတွေဟာ လူတွေကို နားအူသွားစေနိုင်ပါတယ်။
ကြီးမားလွန်းလှတဲ့ မြစ်ကြီးသုံးမြစ် ပေါင်းဆုံသွားပြီး မြစ်ဆုံတစ်ခုကနေ ရေတွေဟာ ကျောက်တောင်ကြီးတွေပေါ် တဟုန်ထိုးစီးဆင်းလာတာပါ။ ဒါ့ကြောင့်လည်း ကျောက်တောင်ကြီးပေါ်ကနေ အောက်ကို စီးဆင်းသွားတဲ့ ရေတွေဟာ ချောက်ကမ်းပါးနက်ကြီးတွေကို ဖြစ်ပေါ်လာစေပါတယ်။ ရေအလျှင်တွေဟာ ကောင်းပင်ကနေ စီးဆင်းကျသလိုဖြစ်တာကြောင့် သူ့ရဲ့ စွမ်းအားဟာ အရမ်းကို ကြီးမားလို့နေပါတယ်။ ရေတံခွန်ကြီးရဲ့ အနီးတဝိုက်က နယ်ပယ်တွေဟာ အဆက်မပြတ်ကို ကျိုးပဲ့ပျက်စီးလို့ နေကြပါတယ်။
ရေတံခွန်တည်ရှိရာနေရာကို ရောက်ရှိလာကြတဲ့ ရွာသားတွေဟာ ရေတံခွန်စီးဆင်းနေပုံကို ကြည့်ပြီး စိုးရိမ်ထိတ်လန့်စိတ်တွေ ကြီးစိုးသွားကြပါတယ်။ ကျောက်တောင်ကြီးတွေ ပေါ်ကနေ ဒလဟောအရှိန်အဟုန်နဲ့ စီးကျလာတဲ့ အောက်က ကျောက်ဆောင်တွေက အဆ်မပြတ်ကို ပဲ့ထွက်နေကြတာပါ။ ပဲ့ထွက်လာတဲ့ ကျောက်တုံးကြီးတွေကလည်း တစ်လုံးတစ်လုံးကို အနည်းဆုံးအလေးချိန် ဂျင် တစ်ထောင်ထက် မနည်းရှိနိုင်ပါတယ်။ သည်လိုမျိုး ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကို ဖြတ်သန်းပြီး မြင့်မြတ်တဲ့ ဘိုးဘွားပိုင်နယ်မြေကို သွားရောက်ဖို့ ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲလွန်းပါတယ်။ ဒါ့ကြောင့်ပဲ မိုးမခနတ်ဘုရားက ရှီဟောင်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင် ကြိုးစားဖို့ လမ်းညွန်ပေးခဲ့တာပါ။ ဒါက ရိုးရှင်းစွာပဲ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အချိန်မရွေး နှုတ်ယူသွားနိုင်တာကြောင့်ပါပဲ။
ရှီဟောင်ဟာ သူ့ရဲ့ စွမ်းအင်ကျင့်ကြံခြင်းအဆင့်ကို မြင့်တင်ဖို့နဲ့ ထွတ်မြတ်ခြင်းအဆင့် အရိုးစာသားတွေ ပြန်လည်နိုးထလာဖို့ အတွက် သေချာပေါက် မြင့်မြတ်ဘိုးဘွားပိုင် နယ်မြေကို ၀င်ရောက်ရမှာပါ။ သူဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အဆက်မပြတ်ကျဆင်းနေတဲ့ ရေအလျှင်တွေကို ဆန့်ကျင်သွားရမဲ့အပြင် အဆက်မပြတ် လွှင့်စင်ထွက်နေတဲ့ ကျောက်တုံးတွေကိုလည်း ရှောင်တိမ်းသွားရပါဦးမယ်.။ ဒါက သိသာထင်ရှားစွာပဲ အရမ်းအရမ်းကို အန္တရာယ်များလှပါတယ်။
” ဟူးလား …။”
ရှီဟောင်ဟာ ရေတံခွန်ထဲကို စတင်၀င်ရောက်လိုက်တာနဲ့ အဖြူ ရောင်လှိုင်းလုံးတွေက သူ့ကို အလုံးအရင်းနဲ့ ကြိုဆိုလိုက်ကြပါတယ်။ ရေတံခွန်ကြီးဟာ မီတာရာပေါင်းများစွာ မြင့်မားလှတဲ့ ကျောက်တောင်ကြီးတွေပေါ်ကနေ ကျဆင်းလာတာလေ။ သူ့ရဲ့ ရေအလျှင်ဟာ ဘယ်လောက်အထိတောင် စွမ်းအားကြီးမားနေမလဲဆိုတာ သူ့ဆီကို ၀င်ရောက်လာတဲ့ လှိုင်းလုံးတွေကို ကြည့်ပြီး ရှီဟောင် နားလည်လိုက်ပါတယ်။
ရှီဟောင်ဟာ မျက်နှာမဲ့သွားပါတယ်။ ဒီလှိုင်းလုံးတွေလောက်နဲ့တော့ သူဟာ နောက်ပြန်ဆုတ်စရာမလိုသေးပါဘူး။ သူဟာ နူးည့ံ့ပေမဲ့ သန်မာလွန်းလှတဲ့ လက်လေးတွေကို ဝေ့ရမ်းလိုက်ပါတယ်။ ဒါဟာ လှိုင်းလုံးတွေကြောင့် အသက်ရှူ ကြပ်တာကို ကာကွယ်နိုင်သလို ရှေ့ကိုလည်း ခြေတစ်လှမ်းတက်လှမ်းနိုင်ခဲ့ပါတယ်။
အဖြူရောင်လှိုင်းလုံးတွေဟာ သူ့ကို ဖုံးလွှမ်းသွားခဲ့ပြီး ကမ်းပါးပေါ်က ကြည့်လိုက်ရင် လှိုင်းလုံးတွေကိုပဲ မြင်တွေ့ရပါတော့တယ်။ ရေစီးအားဟာ ကြောက်မက်ဖွယ်ရာကောင်းအောင် သန်မာလွန်းတာကြောင့် သာမန်စွမ်းအင်ကျင့်ကြံတွေဟာ တွန်းလှန်ခုခံနိုင်ဖို့ ခက်ခဲလွန်းပါတယ်။
” ဒေါင် ..။”
အလေးချိန် ဂျင် တစ်ထောင်ကျော်ရှိတဲ့ ကျောက်တုံးကြီးဟာ သူ့ဆီကို လွှင့်စင်လာတာကြောင့် ရှီဟောင်ဟာ ရိုက်ချလိုက်ပါတယ်။ ကျောက်တုံးကြီးရဲ့ ရက်စက်လှတဲ့ အမြန်နှုန်းကြောင့် သူ့ရဲ့ နှလုံးသားတောင် တုန်ခါသွားပါတယ်။
သူဟာ အဖြူ ရောင်လှိုင်းလုံးတွေကြားမှာ နစ်မြုပ်နေပေမဲ့လည်း တစ်နေရာကနေ တစ်နေရာကို ရွေ့လျှားပြီး လျှင်မြန်စွာ တုံ့ပြန်နေနိုင်ဆဲပါပဲ။ သူဟာ ဒီ ဒုန်းပျံတစ်စင်းလို ၀င်ရောက်လာတဲ့ ကျောက်တုံးကြီးတွေကို ရှောင်တိမ်းနိုင်ပေမဲ့လည်း ကြောက်စရာကောင်းလှတဲ့ ရေစီးအားရဲ့ ဖိအားကြောင့် သူဟာ ရေထဲပြုတ်ကျသွားပါတော့တယ်။
ဒါဟာ ရေတံခွန်ကြီးရဲ့ အစအဦးနေရာလေးပဲ ရှိပါသေးတယ်။ သူဟာ အလေးချိန် ဂျင်တစ်ထောင်ကျော်တဲ့ ကျောက်တုံးကြီးတွေကို အဆက်မပြတ် ရိုက်ထုတ်နိုင်တဲ့ စွမ်းအားတွေကို ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ဒီကြောက်မက်ဖွယ်ရာ ရေဖိအား နဲ့ လွှင့်စင်လာတဲ့ ကျောက်တုံးကြီးတွေကို ကျော်ဖြတ်ပြီး ရေတံခွန်ထဲကို ဆက်လက်သွားရောက်နိုင်မှာ ဖြစ်ပါတယ်။
သူရိယနေမင်းကြီးဟာ မိုးကုတ်စက်ဝိုင်းရဲ့ အနောက်ယွင်းယွင်း၀င်ရောက်သွားခဲ့ပါပြီ။ ရှီဟောင်လည်း ဒဏ်ရာဒဏ်ချက်များစွာနဲ့ ရွာပြန်ခဲ့ရပါပြီ။ သူ့ဟာ လက်ရှိမှာ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ရေတံခွန်ကြီးထဲကို ၀င်ရောက်ဖို့ရာ ကြောက်စရာကောင်းတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။
ရှီဟောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အစိမ်းရောင် ၊ ခရမ်းရောင်အစရှိတဲ့ ဆေးဝါးတွေကို လိမ်းကျံထားရပြီး ကျပ်ထုတ်နေအောင် စည်းနှောင်လို့ထားရပါတယ်။ သူ့ရဲ့ ဆိုးရွားလှတဲ့ အခြေအနေကို မြင်တွေ့ရသူတိုင်းက စုတ်တသပ်သပ်နဲ့ နှလုံးသားတွေ နာကျင်စွာ ခံစားလိုက်ရပါတယ်။ သူဟာ အရင်တုန်းက လေ့ကျင့်ခဲ့ချိန်တွေ နဲ့ အသက်လုတိုက်ပွဲတွေမှာတောင် အခုလိုမျိုး ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။ တစ်ချို့ရွာသားတွေဟာ သူ့ရဲ့ အခြေအနေကို မြင်လိုက်ရတာနဲ့ ရေတံခွန်ကြီးကို သွားရောက်စူးစမ်းလေ့လာကြပါတော့မယ်။
သူတို့တွေဟာ ရေတံခွန်ကြီးကို မြင်လိုက်ရတာနဲ့တင် စစ်တပ်ကြီးတစ်တပ်နဲ့တောင် ပိုပြီး အန္တရာယ်ကြီးမားမှန်း သိသွားကြပါတယ်။ ကြည့်ဦးလေ..။ မီတာရာပေါင်းများစွာ အမြင့်ကနေ ကျဆင်းလာတဲ့ ရေဖိအားရယ် ..။ ရေဖိအားကြောင့် အလေးချိန် ဂျင်ထောင်ချီရှိတဲ့ ကျောက်တုံးကြီးတွေ လွင့်စင်လာတာတွေကို ကာကွယ်နိုင်မဲ့ ခွန်အားက ဘယ်လောက်ထိ ကြောက်စရာကောင်းနေမလဲ..။ သူတို့တွေဟာ ရေတံခွန်ကြီးထဲကို ၀င်ရောက်ရမယ်ဆိုရင်ဆိုတဲ့ အတွေးနဲ့တင် သွေးဆုတ်ဖြူ ရော်သွားကြပါတယ်။ ဆိုရိုးစကားရှိတာကလည်း ကြောက်ရင် လာဘ်လွဲ ၊ ရဲရင် မင်းဖြစ်လို့ ဆိုထားတာလေ။ ဒါပေါ့ .. လောကမှာ ကြီးမားတဲ့ အောင်မြင်မှုတိုင်းမှာ ကြီးကြီးမားမားကို ပေးဆပ်ခဲ့မှ ရရှိနိုင်မှာပါ။
” ဒါက အဆင်ပြေပါတယ်..။ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ..။ တတ်နိုင်သမျှ အမြန်ဆုံးတော့ ကောင်းကင်အဆင့် ရှေးဟောင်းသားရဲတွေလိုမျိုး အစွမ်းထက်မှ ဖြစ်မယ်..။”
ရှီဟောင်ဟာ ယိမ်းထိုးနေပေမဲ့လည်း သူ့ရဲ့ မျက်လုံးတွေဟာ ယုံကြည်ချက်တွေကြောင့် တောက်ပနေပါတယ်။
လက်ရှိမှာတော့ သူတို့ဘိုးဘေးတွေရဲ့ ရှေးဟောင်းအိုးကင်းကြီးကို ပြင်းပြင်းထန်ထန် မီးအပူပေးနေပါတယ်။ ဒီ ရှေးဟောင်းအိုးကင်းကြီးဟာ ပါ၀င်ပစ္စည်းအမျိုးမျိုးနဲ့ ပွက်ပွက်ဆူလို့ နေပါပြီ။ ရှေးဟောင်းဆေးဝါးတွေ၊ နဂါးရွတ်မြွေ၊ နဂါးပါသိုင်းမွှေးရွှေငါးတို့ကိုပါ ထည့်သွင်ထားတာကြောင့် ဟင်းချိုအိုးကြီးဟာ အရမ်းအရမ်းကို မွေးကြိုင်သင့်ပျံ့လို့နေပါတယ်။
” အရှင်သခင်အဆင့် ဆေးဝါးတစ်ခု ကျန်နေသေးတယ်..။”
ရွာအကြီးအကဲ ရှီယွီဖန်းဟာ လက်သီးဆုပ်အရွယ် ကျူရန်မျောက်လေးကို ကြည့်ပြီး ပြောဆိုလိုက်ပါတယ်။
ရွာအကြီးအကဲရဲ့ စကားကြောင့် ကျူရန်မျောက်လေးဟာ ကြက်သီးမွေးညင်းတွေ ထောက်ထသွားပြီး မျက်လုံးပြူ းသွားပါတယ်။ သူဟာ ချက်ချင်းပဲ ထွက်ပြေးဖို့ ကြိုးစားလိုက်ပေမဲ့ ရှီဟောင်ရဲ့ လက်က သူ့ထက် နှစ်ဆလောက်မြန်ဆန်နေတာကြောင့် အဖမ်းခံလိုက်ရပါတယ်။ ရှီဟောင်က အေးဆေးစွာ ပြောဆိုလိုက်ပါတယ်။
” ရွှေဘောလုံးလေး.. မင်းငါ့ကို ကူညီပေးနိုင်တယ်မလား ..။”
ကျူရန်မျောက်လေးဟာ ရုတ်တရက်ဆိုသလိုပဲ စိတ်ဆင်းရဲစွာ အော်မြည်လိုက်ပါတယ်။ သူဟာ ဒီ ကလိမ်ကကျစ် ကောင်လေးနဲ့ ရင်ဆိုင်ရတိုင်း အမြဲလိုလို အရှုံးနဲ့ ကြုံတွေ့နေရပါတယ်။ နောက်ဆုံးမှာ သူလည်း မတတ်သာတော့အဆုံး သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့ အရှင်သခင်အဆင့် သွေးစက်အနည်းငယ်ကို ဖောက်ထုတ်ပေးလိုက်ရပါတယ်။
လူအားလုံးဟာ ရယ်မောလိုက်ပါတယ်။ ကျူရန် မျောက်လေးကတော့ ကြက်နာကြီး လည်လိမ်ထားသလို အဆက်မပြတ်အော်ဟစ်နေပြီး သူ့ရဲ့ သွေးစက်တွေ ရှေးဟောင်းအိုးကင်းထဲ ၀င်ရောက်သွားတာကို ခွင့်ပြုလိုက်ရပါတယ်။
ဟုန်း ခနဲ အသံကြီးဟာ ရုတ်တရက်ဆိုသလိုပေါ်ထွက်လာပြီး အနက်ရောင်အိုးကင်းကြီးဟာ အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ ရှေးဟောင်းအိုးကင်းကြီးထဲကနေ နက်နဲလှတဲ့ အသံကြီးတွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒါဟာ ရွာသားတွေကို အရမ်းကို အံ့အားသင့်သွားစေပြီး စကားမပြောနိင်လောက်အောင် ဆွံ့အသွားစေပါတယ်။
***