သုခကမ္ဘာက ရှီဟောင် - Chapter -116 ထွတ်မြတ်ခြင်း အဆင့် ရတနာဆေးအိုး
Chapter -116 ထွတ်မြတ်ခြင်း အဆင့် ရတနာဆေးအိုး
အနက်ရောင်အိုးကင်းကြီးပေါ်မှာ ရုပ်ပုံလွှာတစ်ခုဟာ ထင်ရှားစွာ ပေါ်ထွက်လာပါတယ်။ အိုးကင်းကြီးရဲ့ နံရံပေါ်က တောင်တန်းနဲ့ မြစ်တွေဟာ ခန့်ညားနေသလို နေနဲ့လတို့ဟာလည်း ကောင်းကင်က ရှေးဟောင်း ယစ်ပလ္လင်တစ်ခုအလား..။ သူတို့ရဲ့ ကြီးကျယ်ခမ်းနားမှုတွေဟာ နတ်ဘုရားတွေရဲ့ တေးဂီတသံလို ခမ်းနားလှပါတယ်။
သူတို့ကို ကြည့်နေရတာဟာ ရှေးဟောင်းခေတ်ဦးကို ပြန်လည်ရောက်ရှိသွားသလိုပါပဲ။ သူတို့တွေ နတ်ဘုရားပေါင်းများစွာရဲ့ စကားသံကို ကြားဖူးခဲ့သလို ထင်ရပါတယ်။
အနက်ရောင်အိုးကင်းကြီးရဲ့ ထိပ်မှာတော့ ဦးချိုမဲ့နဂါး ၊ ဖီးရှုံး နဲ့ တခြားရှေးဟောင်းဆန်တဲ့ မှော်သားရဲတွေရဲ့ အော်ရာတွေဟာ ဖြာထွက်လို့လာပါတယ်။ သူတို့တွေဟာ အနက်ရောင်အိုးကြီးပေါ်ကနေ ရုန်းထွက်ကာ ချိုးဖျက်ဖို့ ကြိုးစားနေတာကြောင့် သူတို့ကို ကြည့်ရှုနေကြတဲ့ ရွာသားတွေရဲ့ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေပါတယ်။
ဒါဟာ အမှန်တကယ်ကို တုန်လှုပ်ဖွယ်ရာ ကာင်းပါတယ်။ ပြီးတော့ အနက်ရောင်အိုးကင်းကြီးက စိတ်ဝိညာဉ်ရှိလို့နေပါတယ်။
” အား .. ဒါက ထွတ်မြတ်ခြင်းအဆင့် ရတနာ ဟ ..။”
ရွာအကြီးအကဲ ရှီယွီဖန်းဟာ အကြီးအကျယ်တုန်ခါသွားပါတယ်။ သူတို့က ဒီပုံမှန်မဟုတ်တော့တဲ့ အနက်ရောင်အိုးကင်းကြီးကို သူတို့ရဲ့ ဘိုးဘေးတွေဆီကနေ ဆေးဖက်၀င်အိုးကင်းအဖြစ် အမွေဆက်ခံရရှိထားတာပါ။
ချိုမြတဲ့အရည်တွေဟာ ၀တ်ရည်တစ်ခုပေါက်သလို အိုးကင်းကြီးရဲ့ အတွင်းပို်င်းနံရံမှာ ဖြစ်ပေါ်လာပါတယ်။ ဆေးဖက်၀င်ပစ္စည်းပေါင်းများစွာနဲ့ ကြိုချက်ထားတဲ့ ဟင်းချိုတွေဟာ မွေးကြိုင်သင်းပျံ့လှပါတယ်။
ဒါဟာ အမှန်တကယ်ကိုပဲ သူတို့ဘိုးဘေးတွေဆီကနေ အမွေလက်ခံရရှိထားတဲ့ အနက်ရောင်အိုးကင်းကြီးရဲ့ စွမ်းအားအစစ်အမှန်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အရှင်သခင်အဆင့် ဆေးဝါးအတွက် ကျူရန်မျောက်လေးရဲ့ သွေးကို သုံးလို့ရတာကလည်း အရမ်းကို ချောက်ခြားစရာကောင်းပါတယ်။ ဒီထူးဆန်းလွန်းတဲ့ မြင်ကွင်းတွေဟာ လူအားလုံးကို အမှန်အကန်ဆွံ့အသွားစေပါတယ်။
ရွာအကြီးအကဲရှီယွီဖန်းဟာ အရင်တည်းက သူကြားသိထားတဲ့ ဒဏ္ဍာရီဆန်ဆန် လျှို့ဝှက်သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောပြလိုက်ပါတယ်။
” ဒီ အနက်ရောင် အိုးကင်းကြီးက အရမ်းကို အဖိုးတန်လွန်းသွားပြီ..။ သူက နှစ်ပေါင်းများစွာအတွင်းမှာ ရှားပါးပြီး အစွမ်းထက်တဲ့ အဖိုးတန်ဆေးဝါးတွေကို ပြန်လည် သန့်စင်ပေးနိုင်သလို ဆေးဖက်၀င်စွမ်းအားတွေကိုလည်း အိုးကင်းရဲ့ နံရံက စုပ်ယူပေးထားနိုင်တယ်လေ..။ ဒီနေ့ သုံးခဲ့တဲ့ ကျူ ရန်မျောက်လေးရဲ့ သွေးက အိုးကင်းကြီးရဲ့ စွမ်းအားအစစ်အမှန်ကို ပြန်လည်ထွက်ပေါ်လာစေတာပဲ..။”
အနက်ရောင်အိုးကင်းကြီးနဲ့ ချက်ပြုတ်လိုက်တဲ့ ဆေးဖက်၀င်ဟင်းချိုတွေဟာ မယုံကြည်နိ်ုင်လောက်အောင် မွေးကြိုင်လှပါတယ်။ နတ်ဘုရားတွေရဲ့ တေးဂီတသံလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားမှုတွေကို လူအားလုံးရလိုက်ပါတယ်။ ဒါဟာ အမှန်တကယ်ပဲ နတ်ဘုရားဆေးဝါးတွေကို ဖော်စပ်လိုနိုင်သလိုပါပဲ။
” ကောင်းတယ် .. ကောင်းတယ် .. အရမ်းကောင်းတယ် ..။”
အကြီးအကဲအုပ်စုဟာလည်း အရမ်းကို တုန်လှုပ်သွားခဲ့ပါတယ်။ သူတ်ုိ့တွေဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်လုံး အနက်ရောင်အိုးကင်းကြီးကို သာမန်လို့ပဲ ထင်ထားပေမဲ့ ဒီအိုးကင်းကြီးကတော့ မမျှော်လင့်ပဲ အရမ်းကို ဆန်းကြယ်လို့နေပါတယ်။
အနက်ရောင်အိုးကင်းကြီးပေါ်ကနေ ပွက်ပွက်ဆူတဲ့ ဆေးဖက်၀င်အရည်တွေဟာ ကြိုင်လှိုင်သင်းပျံ့စွာ ဖိတ်ကျလာပါတယ်။ ကျောက်ခေတ်ရွာသားတွေကလည်း မျက်လုံးပြူ းကျယ်စွာနဲ့ ဂရုတစိုက် စောင့်ကြည့်လိုက်ကြပါတယ်။
” ဒါ ဒါက ဆေးဖက်၀င် အခြေခံနည်းစနစ် .. ဆေးဖက်၀င်အရည်တွေက ဆေးအိုးတစာခုလုံးကို ပြန်နွေးစေနိုင်တာပဲ..။”
ဒီအနက်ရောင်အိုးကင်းကြီးဟာ အရင်တုန်းက အဖိုးတန်ဆေးဝါးအမြောက်အများကို သန့်စင်ပေးခဲ့ပြီး ဆေးဖက်၀င်ဓာတ်တွေဟာ အိုးကင်းကြီးထဲမှာ လုံလောက်စွာရှိနေခဲ့ပါပြီ။ အိုးကင်းနံရံတွေပေါ်ကို ဖိတ်ကျလာတဲ့ အရည်တွေဟာ ဆေးဖက်၀င် အခြေခံနည်းစနစ်ရဲ့ သန့်စင်ခြင်းကို ခံလိုက်ရပါတယ်။ သူတို့တွေဟာ အခုလို အစစ်ခံလိုက်ရတာကြောင့် ပိုပိုပြီး အရည်အသွေးတိုးတက်လာစေခဲ့ပါတယ်။
” ဆေးဖက်၀င် အခြေခံနည်းစနစ် ” ကို ထုတ်လုပ်ပေးနိုင်တာကြောင့် အနက်ရောင်အိုးကင်းကြီးဟာ မယုံနိုင်လောက်အောင် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဖြစ်လို့နေပါပြီ။ ဒါကြောင့်ပဲ ဒီအဆင့်ကို ရောက်ရှိလာနဲ့တပြိုင်နက် အိုးကင်းရဲ့နံရံပေါ်က စိတ်ဝိညာဉ်ဟာ နိုးထလာပါလိမ့်မယ်။ သူဟာ ကောင်းကင်နဲ့ မြေကြီးကြားက နတ်ဘုရားအမြူ တေတွေကို စုပ်ယူနိုင်ပါလိမ့်မယ်။ အိုးကင်းကြီးဟာ ထွတ်မြတ်ခြင်းအဆင့် စိတ်ဝိညာဉ်ရှိတဲ့ ရတနာဖြစ်တာကြောင့်လည်း အရမ်းကို အစွမ်ထက်ပါလိမ့်မယ်။
သေချာပါတယ်။ အိုးကင်းကြီးဟာ ဆေးဖက်၀င်အခြေခံနည်းစနစ်ကို အသုံးပြုပြီးနောက်မှာ ဆေးဖက်၀င်ဟင်းချိုတွေဟာ ပိုပိုပြီး မွေးလာပါတယိ။ သည်အမွေးနံ့ကို ရှူ ရှိုက်လိုက်ရတာနဲ့တင် အရိုးတွေဟာ သက်သာရာရသွားကြပြီး စိတ်ဝိညာဉ်ထဲမှာ လန်းဆန်းလာသလို ခံစားသွားရစေပါတယ်။
” ဒါကို အဖိုးတန်ဆေးဝါးတွေ သန့်စင်နိုင်တဲ့ ဆေးအိုးအဖြစ် ထည့်သွင်းစဉ်းစားလိုက်ကြတာပေါ့..။”
ရှီလင်းဟူ ဟာ အရမ်းကို အံ့အားသင့်လို့နေခဲ့ပါတယ်။ သည်လိုမျိုး ရွာလေးတစ်ရွာက ဆေးဝါးတွေကို ပြန်လည်သန့်စင်နိုင်တဲ့ ဆေးအိုးကြီးရှိနေတာကို မယုံနိုင်လောက်အောင် ဖြစ်နေပါတယ်။
ကလေးတွေအုပ်စုကတော့ အရမ်းကို သရေကျလို့နေပါပြီ။ အဆိုပါ ဆေးဖက်၀င်ဟင်းချိုတွေဟာ မွေးလွန်းပါတယ်။ သူတို့ဟာ ချက်ချင်းကို ကောက်သောက်ပစ်လိုက်ချင်ပါပြီ။ သူတို့ရဲ့ ဆာလောင်တဲ့ စိတ်ဆန္ဒကြောင့် အခုချိန်မှာ သူတို့ရဲ့ လျှာတွေတောင် အရည်ပျော်ကျမတတ် ခံစားနေရပါပြီ။
ကျွီ … ကျွီ …
ကျူ ရန်ရွှေမျောက်လေးဟာလည်း အတော်လေးကို စိတ်မရှည်နိုင်အောင် ဖြစ်လာပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ ခုန်ပျံလိုက်ပြီး ပွက်ပွက်ဆူနေတဲ့ အိုးကင်းကြီးထဲကို ခုန်ဆင်းလိုက်ပါတယ်။ ဒါပေမယ့် ရှီဟောင်ရဲ့ လက်ဟာ အရိပ်တစ်ခုလို လှုပ်ရှားသွားပြီး ကျူ ရန်မျောက်လေးကို ဖမ်းထားလိုက်ပါတယ်။
” ငါတ်ို့က ရှေးဟောင်းသားရဲမျိုးဆက်သွေး .. အဖိုးတန် သွေ့ခြောက်နေတဲ့ သားရဲအရိုး .. ဒါမှမဟုတ် ရှားပါးတဲ့ ဝိညာဉ်ဆေးလုံးတွေ မရှိလည်း စိုးရိမ်စရာမရှိတော့ဘူး.. ငါတို့အနေနဲ့ အဆင့်တစ်ခုရှိတဲ့ ဆေးလုံးတွေက်ို ုပန်လည်သန့်စင်နိုင်တဲ့ ထွတ်မြတ်ခြင်းအဆင့် အိုးကင်းကြီး အပြင် ကျူ ရန်ရဲ့ သွေးစက်တွေကိုလည်း အားကိုးနိုင်သေးတယ်..။”
ရှီဖန်ကျင်းဟာ စိတ်လှုပ်ရှားစွာပဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
ရွာသားတွေဟာ ရှီဟောင်ကို တစ်ခုမှ ဖုံးကွယ်ထားခြင်းမရှိပဲ သူတို့ရွာရဲ့ အတိတ်အကြောင်းတွေကို ထုတ်ဖော်ပြောဆိူကြပါတယ်။ ဒါဟာ သူတို့တွေအားလုံးကို ပင့်သက်ရှိုက်မိစေပါတယ်။ ကျောက်ခတ်ရွာသားတွေဟာလည်း အရင်းအမြစ်နည်းပါးလှတဲ့ ရွာသားတစ်ယောက်အဖြစ် ကြီးပြင်းရတဲ့ သူဖြစ်ပေမဲ့ အချိန်တိုအတွင်း စွမ်းအားတွေမြင့်တက်လာတာကြောင့် ရှီဟောင်အပေါ်ကို မျှော်လင့်ချက်တွေ စထားလာကြပါတယ်။
သူဟာ ထွတ်မြတ်ခြင်းအဆငိ့ အရိုးစာသားတွေနဲ့ မွေးဖွားလာပြီး သင်လွယ် တတ်လွယ်သူတစ်ယောက်ဖြစ်ပါတယ်။ ရှေးဟောင်းသူတော်စင်နတ်ဘုရားလိုမျိုး စွမ်းအားကျင့်ကြံသူဖြစ်ဖို့ အလားအလာရှိတဲ့ ရှီရီရဲ့ ပါရမီထက်ကို ကျော်လွန်နေပါတယ်။ ရှီရီဟာ ရှေးဟောင်းတိုင်းပြည်မှာ မွေးဖွားလာခဲ့သူဖြစ်ပြီး ရှီဟောင်နဲ့ ၀မ်းကွဲညီအစ်ကို တော်စပ်ပါတယ်။ နောက်ဆုံးမှာ သူဟာ အရမ်းကို ကြောက်စရာကောင်းတဲ့ သူဖြစ်လာပါလိမ့်မယ်။
ကျောက်ခေတ်ရွာသားတွေဟာလည်း သည်လိုမျိုး ကောင်းကင်ပါရမီရှင်တစ်ယောက်နဲ့ ပြိုင်ဘက်ဖြစ်ရတဲ့အတွက် ဘယ်သူမှတော့ သက်သောက်သက်သာ မခံစားရပါဘူး။ မိုးကောင်းကင်ကသာ မျက်နှာပေးရင်တော့ ရှီဟောင်ကို နိုင်စေချင်ကြပါတယ်။
” ရှီရီက မြင့်မြတ်တဲ့ မိသားစုထဲမှာ မွေးဖွားလာခဲ့တာပါ။ ဒါက သူ့ကို အဆုံးမဲ့ အရင်းအမြစ်တွေကို အသုံးပြုနိုင်စေပါတယ်။ သူ့အတွက်က ရှေးဟောင်းသားရဲမျိးဆက်သွေးတွေနဲ့ ရှားပါးတဲ့ ဝိညာဉ်ဆေးလုံးတွေဟာ မရှိဘူးဆိုတဲ့ စကားကိုတောင် ကြားဖူးမှာ မဟုတ်ပါဘူး။ သူဟာ ဒီလိုမျိူ းစွမ်းအင်ကျင့်ကြံရတာဖြစ်တဲ့အတွက် သေချာပေါက်ကို ကြောက်စရာကောင်းလို့ နေပါလိမ့်မယ်။
အခုဆိုရင် ရှီရီဟာ အသက်ကိုးနှစ်ဆယ်နှစ်နီးပါး ဖြစ်လာပါလိမ့်မယ်။ ဘာမှတောင် စဉ်းစားနေစရာမလိုပဲ ရှေးဟောင်းတိုင်းပြည်ရဲ့ လူတိုင်းက သူ့ရဲ့ ဘုန်းတန်ခိုးအရှိန်အဝါတွေအောက်မှာ ငြိမ်၀ပ်နေကြပါလိမ့်မယ်။
ရှီလင်းဟူကလည်း ပြောဆိုလိုက်ပါတယ်။
” ငါတို့ ကျောက်ခေတ်ရွာလည်း ချို့တဲ့နေမှာတော့ မဟုတ်တော့ပါဘူး..။ သိပ့်မကြာခင် ငါတို့လည်း အထွတ်အထိပ်ရောက်လာနိုင်ပါတယ်..။ ငါတို့မှာ ဆေးဝါးတွေကို ပြန်လည်သန့်စင်နိုင်တဲ့ ဆေးအိုးကြီး ရှိနေပြီလေ..။”
****